ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

347 46 0
By phyolay1991

Chapter 37
December 24, 2023
🍬Chapter 37

------------

အားလုံးပြီးသည့်အခါ၊ ရွှီလော့ယန်က ဘာကြောင့် ချီချန်အန်းက ဒါရိုက်တာချူးရိုက်ကူးတဲ့ပုံစံက ကိုယ်ပိုင်အသိစိတ်၏ စီးဆင်းမှုနှင့်ညီကြောင်း ပြောခဲ့လဲဆိုတာ ‌အမှန်နားလည်သွားရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်ညွှန်းမှာ လုံးဝကို အတုအယောင်ပင်။ အခြေခံအားဖြင့် ရိုက်ကူးရေးစတင်သည်နှင့် မူလဇာတ်ညွှန်းမှာ မမှတ်မိနိုင်လောက်သည်အထိ ပြင်ဆင်ခြင်းခံလိုက်ရပြီး ရွှီလော့ယန်ကိုယ်တိုင်ပင် သူမည်သည့်အခန်းကို ရိုက်ကူးနေမှန်းမသိတော့သည်အထိ ရှုပ်ထွေးနေရသည်။ အချုပ်အားဖြင့်ဆိုသော်၊ ဒါရိုက်တာချူးက ဇာတ်ဝင်ခန်းကို နှုတ်ဖြင့်ဖော်ပြကာ ဘယ်လိုသရုပ်ဆောင်ရမည်ဆိုတာကို သူ့ဘာသာသူ သဘောပေါက်စေ၏။

သို့သော် ကောင်းသည့်အချက်မှာ၊ ချီချန်အန်းပြောခဲ့သလိုပင်၊ ဒါရိုက်တာချူးက အင်မတန်ပင် စိတ်ရှည်လှပြီး သူ့သရုပ်ဆောင်များအား သင်ကြားပို့ချပေးကာ၊ အရောင်တင်ပေးရတာကို သဘောကျလေသည်။ ရွှီလော့ယန်ကိုယ်တိုင်လည်း သူ့သရုပ်ဆောင်အရည်အချင်းများက သိသိသာသာပင် တိုးတက်လာတာကို ခံစားမိလေသည်။

ငါးရက်ကြာဆက်တိုက်၊ ရွှီလော့ယန်က နေ့ရောညပါ ကြိုးစားပမ်းစား သူ့အခန်းများအား အလျင်မီ‌အောင် ရိုက်ကူးနေရသည်။ ယခင်က ရိုက်ကူးထားသည့် ကျစ်ချူး၏ဇာတ်ဝင်ခန်းသုံးခန်းလုံးကို ဖျက်လိုက်သဖြင့် အားလုံး ပြန်လည်ရိုက်ကူးရမည်ဖြစ်သည်။ သို့နှင့် အရန်ဇာတ်ကောင်သာဖြစ်သော သူ့မှာ ဇာတ်လိုက်မင်းသားနှင့်မင်းသမီးတို့ထက်ပင် ပို၍အလုပ်များနေရသည်။

သို့သော် မည်မျှပင်အလုပ်များနေပါစေ၊ သူက တစ်နေ့ကို သုံးနပ်စားရမည့်အချိန်ဇယားကို အတိအကျလိုက်နာဆဲပင်။ ချီချန်အန်းထံ မက်ဆေ့ပို့ကာ အစားစားရန် မမေ့ဖို့နှင့်၊ ညနေခင်းများတွင်လည်း ကောင်းသောညပါဟု နှုတ်ဆက်ကာ၊ ပင်ပန်းစွာဖြင့် အိပ်ယာထက်လှဲကာ အိပ်ရန်ပြင်လေသည်။

ရိုက်ကူးရေးလုပ်နေသည့် ရက်နှစ်ဆယ်အတွင်း ရွှီလော့ယန်မှာ လေးကီလိုဂရမ်ပင် ကျသွားပြီး သူ့ကိုယ်အလေးချိန်မှာ (ကီလို)ခြောက်ဆယ်အောက်သို့ ရောက်သွားလေသည်။ သို့မှသာ ဒါရိုက်တာချူးက စိတ်ကျေနပ်သွားရသည်။

မှန်ထဲတွင် သူ့ကိုယ်သူကြည့်ကာ၊ သူ့ကိုယ်ပေါ်တွင် အနည်းငယ်ချောင်ချိနေသော နဂါးဝတ်ရုံကိုကြည့်ရင်း ရွှီလော့ယန်က ချီချန်အန်းပြောခဲ့တာကို စိတ်ထဲတွင် ပြန်လည်ရေရွတ်နေမိသည်။

ဇာတ်ကောင်အတွက် ပေးဆပ်ရသည်မှာ ဖြစ်သင့်၏။

သို့သော်လည်း သူက တကယ်၊တကယ်ကြီးကို အသားစားချင်မိ‌သည်။

Bမြို့။

ချီချန်အန်းက မှောင်ရိပ်သန်းသည့်အချိန်မှ နိုးလာလေသည်။ နေ့လယ်က သူ့ဝမ်းဗိုက်မှာ နာကျင်လာသည်မှာ သူ့အနေနှင့် ဆန့်တငင်ငင်ဖြစ်ကာအကြောဆွဲပြီး မေ့မျောသွားရသည်အထိပင်။ သူ့မျက်လုံးများကိုဖွင့်လိုက်သည့်အခါ သူ့ညာဘက်မျက်လုံးက ထပ်မံ၍ အမြင်အာရုံပျောက်ဆုံးသွားတာကို သိလိုက်ရသည်။ သူ့အနေနှင့် ဖြစ်နေကျဖြစ်ကာ၊ ခဏသာကြာမည်ကိုသိသော်လည်း စိတ်ထဲတွင် ထိတ်လန့်မှုလှိုင်းလုံးများ ဆန်တက်လာလေသည်။

သူ့နံဘေးတွင် တစ်စုံတစ်ယောက်ရှိနေတာကို သတိထားမိသဖြင့် မသိလိုက်ဘာသာနှင့် သူက "လော့ယန်..." ဟု ခေါ်မိလိုက်သည်။

"သခင်လေးချီ ကျွန်တော် လျန်ချိုးပါ"

"မင်းပဲ"

ချီချန်အန်းက ပက်လက်လှဲနေကာ သူ့အဝတ်များက ချွေးစေးများနှင့် ရွဲနစ်နေလေသည်။ ခက်ခက်ခဲခဲဖြင့် အားထုတ်ကာ ထိုင်လိုက်ပြီးနောက်၊ သူက ညွှန်ကြားလိုက်သည်။

"သွားပြီးတော့ ရေဖြည့်ထားပေး ငါ ရေစိမ်ချင်တယ်။"

လျန်ချိုးက နာခံလိုက်ပြီး ထပ်မေးလာခဲ့သည်။

"တစ်ခုခုရော စားချင်သေးလား ကျွန်တော် စားဖိုဆောင်ကို လုပ်ခိုင်းလိုက်မယ်"

ချီချန်အန်းထံမှ အငြင်းစကားသာကြားရလိမ့်မည်ဟု သူထင်နေချိန်တွင် ပြန်ပြောသံကို ကြားလိုက်ရသည်။

"ခရမ်းချဉ်သီးနဲ့ကြက်ဥမွှေကြော်လုပ်ပေး"

ချီချန်အန်းက ပြောနေရင်းခဏလောက်ရပ်သွားကာ သူ့လေသံကလည်း အနည်းငယ်နူးညံ့သွားလေသည်။

"ပြီးတော့ ခရမ်းချဉ်သီးနဲ့ကြက်ဥဟင်းရည်ရောပဲ"

လျန်ချိုးက အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့ ကျွန်တော် စားဖိုဆောင်ကို လုပ်ခိုင်းလိုက်ပါ့မယ်။" ပြောကာ သူက အိပ်ခန်းထဲမှ အမြန်ထွက်သွားလေသည်။

မကြာမီပင် သူ့ခြေသံများကို မကြားရတော့ပေ။ ချီချန်အန်းက Brighton ဟိုတယ်ရှိ တိုက်ခန်းတွင် နေလေသည်။ အတွင်းခန်းမှာ ကျယ်ဝန်းလှပြီး ပရိဘောဂအနည်းငယ်သာရှိသဖြင့် အင်မတန်မှ လစ်ဟာနေသလို ထင်ရသည်။ တိတ်ဆိတ်နေသည့်အခါတွင် အလယ်ဗဟိုမှ အဲကွန်းသံကိုပင် နားစွန်နားဖျားကြားနိုင်လေသည်။

သူက မျက်လူံများကိုမှိတ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာမှာ ပြန်ဖွင့်လိုက်ကာ သူပလက်ထဲတွင်မူ ဖုန်းကို ကိုင်ထားလေသည်။ ဖုန်းစခရင်ကိုဖွင့်လိုက်သည်နှင့်၊ အသေအချာကိုပင်၊ ရွှီလော့ယန်က သူ့အားမက်စေ့ပို့ထားခဲ့၏။

"ချန်အန်း ဒီနေ့က အရမ်းအေးတာပဲ ကျွန်တော်နှင်းကျမယ်လို့ ခန့်မှန်းထားတယ် ဒါပေမယ့် ဒါရိုက်တာချူးက နှင်းတွေကြားထဲ ရိုက်ကူးရေးလုပ်ရမှာကောင်းတာပေါ့ ပိုက်ဆံကုန်သက်သာတယ်တဲ့ မင်း ညစာရော စားပြီးပြီလား အစားအစာကို ပူပူလေးစားဖို့ မမေ့နဲ့နော် မဟုတ်ရင် မင်းဗိုက်နာလိမ့်မယ် ခဏနေ ငါဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာဆီဇာတ်ညွှန်းအကြောင်းပြောဖို့ သွားရဦးမယ်။ ဒါရိုက်တာချူးက တအားကြောက်ဖို့ကောင်းတာပဲ QAQ"

ထိုမက်ဆေ့ချ်အား ဆယ့်နှစ်ကြိမ်မျှ အကြိမ်ကြိမ်ကြိမ်အခါခါ ပြန်ဖတ်နေပြီးနောက်၊ ချီချန်အန်းမှာ မိန်းမောနေမိကာ၊ ရွှီလော့ယန်မှာ သူ့ဘေးနားတွင် ရပ်နေပြီး ထွက်မသွားသေးသကဲ့သို့ ခံစားလိုက်ရသည်။

လက်စသတ်တော့ ဒီကမ္ဘာကြီးပေါ်မှာ အထီးကျန်မှုတစ်မျိုးတည်းသာ ရှိသည်ပင်။ ထို့ပြင် ယင်းမှာ 'မင်း ငါ့အနားမရှိသည့်အချိန်'တွင်သာ။

သူ သူ့ကို လွမ်းတယ်။

ချီချန်အန်းက အချိန်ကို ခန့်မှန်းလိုက်သည်။ ရွှီလော့ယန်က ဇာတ်ညွှန်း‌အကြောင်းဆွေးနွေးနေဆဲဖြစ်နိုင်ပြီး သူ့ဖုန်းခေါ်ဆိုမှုကို မကိုင်နိုင်လောက်သေးပေ။ စဉ်းစားကြည့်ပြီးနောက် သူကထကာ ရေချိုးလိုက်ပြီး ညစာစားလိုက်လေသည်။ နှစ်မျိုးလုံးလုပ်ပြီးသွားသော်လည်း အချိန်မှာ မိနစ်ငါးဆယ်သာ ကုန်သေးသည်။

ခဏလောက် ချိတုံချတုံဖြစ်နေပြီး‌နောက်၊ ချီချန်အန်းက ဝေးပေါ်ထဲဝင်ကာ၊ ရွှီလော့ယန်တင်ထားခဲ့သည့် ဆယ်လ်ဖီများအားလုံး တစ်ပုံချင်းစီ ထပ်မံကြည့်ရှုလိုက်သည်။ ဒါရိုက်တာချူးက ရွှီလော့ယန်ကို ပြန်လွှတ်လောက်ပြီဟုတွေးကာ၊ မိနစ်အနည်းငယ်ခန့်စောင့်ပြီးနောက်၊ ရွှီလော့ယန်အား ဖုန်းခေါ်လိုက်သည်။

"ချန်အန်း..." ရွှီလော့ယန်က ချက်ချင်းပင် ဖုန်းကိုင်သည်။ သူ့အသံက ရယ်မောသံတို့ စွက်နေလေ၏။

"ကျွန်တော် အခုလေးတင်ပဲ ဒါရိုက်တာဆီကပြန်လာတာ မင်းကို အခုပဲဖုန်းခေါ်တော့မလို့ ကျွန်တော်တို့ အတွေးတူနေလိမ့်မယ်လို့ မထင်ထားလိုက်ဘူး"

"အမ်း" ချီချန်အန်းက မျက်လုံးများမှိတ်ကာ သူ့ပုံစံကို သူ့စိတ်ထဲတွင် ပုံဖော်နေမိသည်။

"မင်း ဒီနေ့ အလုပ်တွေ ရှုပ်နေတာလား"

"အဆင်ပြေပါတယ် ဒါရိုက်တာရဲ့စတိုင်နဲ့ စည်းချက်နဲ့အညီ ကျွန်တော်လိုက်နိုင်သွားပြီး အသားကျနေပါပြီ ပြောကာမှပဲ၊ ကျွန်တော်ဒီနေ့ အပြင်ထွက်စားတုန်းက‌ တော်တော်လေးစားလို့ကောင်းတဲ့နေရာတစ်နေရာကို ရှာတွေ့ခဲ့တယ် ကျွန်တော်စားနေရင်းလည်း မင်းလည်း ‌ကြိုက်မှာပဲလို့ စဉ်းစားမိသွားတယ် ကျွန်တော် လိပ်စာချမှတ်ထားတယ် အဲ့ဒါဆို နောင်တစ်နေ့ကျ ကျွန်တော်တို့အတူတူ ကောင်းယွီရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့ကို လာခဲ့အခါ မင်းကို အဲ့ဒီကိုခေါ်သွားမယ်လေ"

"အင်း" ချီချန်အန်း၏မျက်နှာမှာ ဖြူလျော်နေပြီး သွေးဆုပ်နေသေးသည်။

နှုတ်ခမ်းကိုသွားဖြင့် ဖိကိုက်ထားသဖြင့်  အရောင်ရင့်ရင့်သွေးများက စီးကျလာလေသည်။ သို့သော် ရွှီလော့ယန်၏အသံကိုနားထောင်နေရင်း သူ့ခန္ဓာကိုယ်ကဖြည်းဖြည်းချင်း ပြေလျော့လာသည်။

"မင်း ဒီနေ့ နေလို့မကောင်းဖြစ်သေးလား ညစာရော စားပြီးသွားပြီလား"

ချီချန်အန်း၏လက်များမှာ သူ့ဗိုက်ပေါ်တင်လျက်ရှိနေသေး၏။ သို့သော် သူ့လေသံက ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။

"မဖြစ်ပါဘူး ပြီးတော့ ကိုယ်ညစာစားပြီးပြီ ဟင်းတစ်မျိုးရယ် ဟင်းရည်တစ်မျိုးရယ်"

"အင်း ကောင်းတာပေါ့။"

ရွှီလော့ယန်က ယနေ့ဘာတွေဖြစ်ခဲ့သလဲဆိုသည်ကို တိုတောင်းသည့်ဟာသပြက်လုံးလေးများသဖွယ် ဟိုဟိုဒီဒီပြောပြလာသည်။ ထို့နောက် နေ့လည်စာကို သူမှလွဲ၍ ကျန်သည့်ရုပ်ရှင်အဖွဲ့သားအားလုံးက ကြက်ခြေထောက်များစားခဲ့ရသဖြင့် သူက ဝမ်းနည်းပူဆွေးမှုကိုခံစားခဲ့ရကြောင်း စသည်ဖြင့်မကျေမနပ်ဖြစ်ရသည့်အချက်လေးများလည်း သူကပြောပြလာခဲ့သည်။

ချီချန်အန်းက သူ့အားချော့မော့လိုက်သည်။

"နောက်တစ်ခါကျရင် မင်းစားချင်သလောက်စားရဖို့ ကိုယ် မင်းကို ခေါ်သွားပေးမယ်လေ"

သူ့နှလုံးသားထဲမှ ကွဲဟနေသည့်ဒဏ်ရာက ချက်ချင်းပင် သက်သာသွားရသဖြင့် ရွှီလော့ယန်က ပျော်ရွှင်စွာနှင့် "ချန်အန်းကောက အကောင်းဆုံးပဲ" ဟု ဆိုလာသည်။

သူက ပြောပြီးပြီးချင်း အံ့ဩတကြီးနှင့် မှတ်ချက်ချလာသည်။

"ချန်အန်းကော၊ ဒီမှာ နှင်းတွေကျနေတယ်"

"နှင်းကျနေတာလား" ချီချန်အန်းက မသိလိုက်ပါဘဲ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။

ထို့နောက် သူက ရွှီလော့ယန်နှင့် အင်မတန်ဝေးကွာသည့်နေရာသည့်ရှိနေသည့်အတွက် ရာသီဥတုကပင် မတူညီကြောင်း သတိရသွားရသည်။

"အင်း နှင်း နည်းနည်းကျနေတယ်"ရွှီလော့ယန်က တက်ကြစွာနှင့် ပြောလာသည်။

"လော့ယန်မြို့မှာဒီနေ့နှင်းကျမယ်လို့ ရာသီဥတုကြေငြာချက်ထုတ်ထားတော့ လူတွေအများကြီးက ကျွန်တော်ကို ဝေးပေါ်မှာ @ မန်းရှင်းထားကြတယ်လေ ကျွန်တော်နှင်းလူသား လုပ်ပြီးသွားတဲ့အခါကျ မင်းကို ပို့ပေးမယ်လေ"

သူတို့နှစ်ဦးက ဖုန်းမချခင်နောက်ထပ် နာရီဝက်လောက် စကားစမြည်ဆက်‌လက်ပြောဆိုခဲ့ကြသည်။

သူ့ဆေးကို သောက်သုံးပြီးသည်နောက်၊ ချီချန်အန်းက မျက်မှောင်ကြုတ်ထားကာ၊ သူ့လက်မောင်းထဲတွင် ရွှီလော့ယန်ပေးထားသည့်မွှေးပွရုပ်လေးကိုဖက်ထားပြီး တဖြည်းဖြည်းအိပ်စက်ခြင်းသို့ ကျရောက်သွားသည်။ မည်မျှလောက်ကြာအောင် အိပ်ပျော်သွားသည်မသိ၊ သူ့ဖုန်းမှ ရုတ်တရက် 'တင်း'ခနဲ အသံမြည်လာလေသည်။ ဖွင့်ကြည့်လိုက်သည့်အခါ၊ ရွှီလော့ယန်က သူ၏ဝေးပေါ်အား အသစ်တင်ထားခြင်းဖြစ်ပြီး သူ့အား @ ပင်တွဲထားသေးသည်ကို ချီချန်အန်းမြင်လိုက်ရသည်။

နောက်ဆုံးတင်ထားသည့်ပို့စ်မှာ နွေးထွေးသည့်အဝါရောင်လမ်းမီးများအောက်ရပ်နေသည့် ရွှီလော့ယန်၏ဆယ်လ်ဖီပုံဖြစ်သည်။ သူက အအေးကြောက်သဖြင့် အဖြူရောင်ကုတ်အင်္ကျီအရှည်ကိုဝတ်ဆင်ထားပြီး ကော်လာမှအမွေးဖွားဖွားလေးများက သူ့မျက်နှာအားအနည်းငယ်ဖုံးနေကာ မျက်ခုံးများက ကွေးညွတ်နေပြီး ကင်မရာကို ကြည့်နေလေသည်။

"ရွှီလော့ယန် : လော့ယန်မှာ နှင်းကျနေတယ် ချန်အန်း မင်းကရော @ချီချန်အန်း"

____

ရွှီနျောင်နျောင်၏ စိတ်ချက်စားချက်သေးသေးလေး :

နှင်းတွေကျနေပြီ ပြီးတော့ ရုတ်တရက်ကြီး ငါသူ့ကို လွမ်းလာတယ်။

____

Translated By IQ-Team.

Continue Reading

You'll Also Like

28.7K 3.5K 83
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
4K 298 8
Type- Web Novel Author(s) 拉棉花糖的兔子 Artist(s) 歐拉 Associated Names ผมแค่อยากปลูกผักส่วนความรักน่ะ... 我愛種田 我爱种田 English Title-I Love Farming Status in CO...
623K 59.9K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
17K 2.2K 54
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...