သခင်ကြီးရဲ့အသည်းတုံးလေး

By moonpielay

11.9K 1.5K 107

ဖုလွေ့အန်း + ချိုးချိုး More

1
နို့တစ်စာ
(2)
(3)
(4)
(5)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)

(6)

705 107 5
By moonpielay

Unicode

(6)

ချိုးချိုးက သူ့ဦးလေးရဲ့ မက်စေ့တွေကို ဖျက်ပစ်ပြီးမှ သူ့အဖေကိုဖုန်းပြန်ပေးပြီး ဝီချက်သုံးနည်းသင်ပေးလိုက်တယ်။

သူ့အဖေက သိပ်မကျေနပ်ချင်ဘူး "ငါ့နာမည်က ဘာဖြစ်လို့ လောင်ချိုးဖြစ်နေတာလဲ၊ ခေတ်မမီလိုက်တာ၊ ဒီနေ့ခေတ် အင်တာနက်ပေါ်လှန်ကြည့်ရင် ဘယ်သူမှ ဒီလိုနာမည်မသုံးဘူး..."

"အဖေ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ အင်တာနက်ပေါ်လှန်ကြည့်တယ်လို့ မပြောကြဘူး"

"......"

ကလေးတွေ ကြီးပြင်းလာတာနဲ့ ပြန်ခံပြောတော့တာပါပဲ။

ချိုးပါးပါးက သူ့နာမည်ကို "ငါကလောင်ချိုး" လို့ပြောင်းလိုက်ပြီး ပရိုဖိုင်နေရာမှာ တစ်လက်မဓါတ်ပုံကို ထားလိုက်တယ်။ အားလုံးအသင့်ဖြစ်သွားမှ ချိုးမားမားဆီ ဗီဒီယိုကောလ်ခေါ်တယ်။

သူတို့ဆီမှာက နေ့လည်ခင်းဆိုပေမယ့် ဥရောပမှာရှိတဲ့ ချိုးမားမားဘက်မှာက ညသန်းခေါင်ကြီး။ ဒါပေမယ့် ဗီဒီယိုကောလ် တစ်ခါပဲမြည်ရသေးတယ်၊ ဟိုဘက်ကလက်ခံလိုက်ပြီ။

ဟုတ်တာပေါ့.. နှစ်ပေါင်း(၃၀) အတူနေလာတဲ့ ဒီစုံတွဲက ကြင်စဦးမောင်နှံတွေလို ကြက်သီးထလောက်စရာ ချစ်စကားတွေ ပြောတော့မှာမဟုတ်ပေမယ့် သူတို့ပြောဆိုဆက်ဆံပုံက အတော်လေးချိုမြနေတုန်းပဲ။

ဒီလင်မယားအတွဲက တစ်ယောက်ကိုတစ်ယောက် "ဆရာ၊ ဆရာမ" လို့ခေါ်ကြတယ်။ ချိုးပါးပါးက ဆရာချိုးဖြစ်ပြီး ချိုးမားမားက ဆရာမသုန် ပါ။

ဆရာချိုးက သူနောက်ဆုံးရေးထားတဲ့ဆောင်းပါးကို ထုတ်လာပြီး ဆရာမသုန်ကို အကဲဖြတ်ခိုင်းတယ်။ ဆရာမသုန်က ဆရာချိုးကို အင်္ဂလိပ်ကဗျာတစ်ပုဒ် ပို့လိုက်တယ်။ တစ်မြေစီဝေးကွာနေတဲ့ လင်မယားနှစ်ယောက်က သူတို့ပုံစံနဲ့သူတို့ အလွမ်းသယ်ကြပါတော့တယ်။

ချိုးချိုးက ဘေးနားကထိုင်ခုံတစ်ခုံပေါ်ထိုင်ရင်း လက်ကလည်းအငြိမ်မနေဘူး၊ စာအုပ်ထဲမှာ တစ်ခုခုရေးနေတယ်။

မျက်စိလျင်တဲ့ချိုးမားမားက ဒါကိုတွေ့ပြီးပြောတယ် "ချိုးချိုး အိမ်စာလုပ်စရာရှိရင် အဆောင်ပြန်ပြီးလုပ်လေ၊ အမေတို့နှစ်ယောက် စကားပြောနေတော့ သားကိုအနှောင့်အယှက်ဖြစ်တာပေါ့"

ချိုးချိုးကပြောတယ် "ကျွန်တော်အိမ်စာလုပ်နေတာ မဟုတ်ဘူး၊ အမေတို့ပြောတဲ့ ချစ်စကားတွေကို လိုက်ရေးနေတာ၊ နောက်ပိုင်းကျရင် ကျွန်တော့်အိမ်ထောင်ဖက်ဖြစ်လာမယ့်သူကို ဖတ်ပြမလို့"

ဒီကိစ္စက မပြောလိုက်ရင်အကောင်း၊ အစဖော်မိလိုက်တာနဲ့ ချိုးပါးပါးက ချက်ဆိုနားခွက်ကမီးတောက်ပြီ "ဟုတ်သားပဲ.. ဟိုတစ်နေ့က မင်းတို့စာပေဌာနက ပါမောက္ခဝမ်နဲ့ လမ်းမှာတွေ့တော့ သူကပြောတယ် မင်း ကောင်မလေးရနေပြီတဲ့၊ ဘာလို့ ဖေဖေကြည့်ရအောင် မခေါ်လာတာလဲ"

သူတို့မိသားစုသုံးယောက်လုံးက A တက္ကသိုလ်ထွက်တွေချည်းပါ။ ချိုးပါးပါးနဲ့ ပါမောက္ခဝမ်က အတိတ်မှာ အတန်းဖော်တွေ ဖြစ်ခဲ့ဖူးတယ်။ သူတို့ခေတ်မှာတော့ သူတို့က ကျောင်းရဲ့ကျော်ကြားတဲ့ နှစ်ထပ်ကွမ်းဉာဏ်ကြီးရှင်တွေ။ ဒါပေမယ့် ဆယ်စုနှစ်အနည်းငယ်အကြာမှာ ဒီဉာဏ်ကြီးရှင်နှစ်ယောက်လည်း ဆံပင်ပါးပြီး ဗိုက်တွေပူလာကြတယ်။

ချိုးချိုးက ရင်တုန်ပန်းတုန်ဖြစ်သွားလို့ ခေါင်းငုံ့ပြီး အသာပြောလိုက်တယ် ".... ပြတ်သွားပြီ"

ချိုးမားမားက အမြန်ဖာထေးရပြီလေ "ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ ခံစားချက်က လုပ်ယူလို့မှမရပဲ၊ အမေ့သား ဒီလောက်ချောတာ၊ ကောင်မလေးရှာမတွေ့ဘူးဆိုတာ မဖြစ်နိုင်ဘူး"

ချိုးပါးပါးက အမြန်အဆန် စကားလမ်းကြောင်းလွှဲတယ် "မင်းက ကျောင်းသားပဲရှိပါသေးတယ်၊ ကျောင်းစာပဲအာရုံနှစ်ထား၊ လောလောဆယ် တစ်ယောက်တည်းနေတာကောင်းတယ်၊... ဒါနဲ့ အရင်တစ်ခေါက်ကပြောတော့ သီးသန့်စကော်လားရှစ်ပေးချင်နေတဲ့ သူဌေးတစ်ယောက်ရှိတယ်ဆို၊ မွေးစားအဖေအဖြစ်တောင် လက်ခံလိုက်ပြီလို့ ပြောတယ်မလား၊ ဖေဖေ မင်းကို အိမ်ဖိတ်ခိုင်းထားတယ်လေ၊ ဘာဖြစ်လို့ခေါ်မလာသေးတာလဲ"

ချိုးချိုးက ပိုလို့တောင်ဝမ်းနည်းသွားပြီပေါ့ ".... မရှိတော့ဘူး"

"ဘာ.. ကောင်မလေးလည်း မရှိတော့ဘူး၊ မွေးစားအဖေလည်း မရှိတော့ဘူးလား"

ချိုးချိုးက ထုတ်မပြောနိုင်ဘူး၊ ဝမ်းနည်းနေတဲ့မျက်နှာနဲ့ပဲ ခေါင်းညိတ်ပြနိုင်တယ်။

ချိုးမားမားက ချိုးပါးပါးကို အရိပ်အကဲမသိရကောင်းလားဆိုပြီး အပြစ်တင်လိုက်တယ်။

"ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ ပိုက်ဆံချမ်းသာတဲ့မွေးစားအဖေတစ်ယောက်ပဲဟာကို၊ အမေ့သားက ဒီလောက်ချောတာ၊ မွေးစားအဖေရှာမတွေ့ဘူးဆိုတာ မဖြစ်နိုင်ဘူး"

"အမေ.. ခုနက လေးတင်ပဲ ပြောပြီးပြီလေ....."

"မတူဘူး မတူဘူး၊ ခုဏပြောတာက ကောင်မလေး၊ အခုပြောတာက မွေးစားအဖေ"

...... ဆရာမသုန်ရေ တလေသံတည်းပဲလေ။

ချိုးချိုးက တွန့်ဆုတ်တွန့်ဆုတ်နဲ့မေးတယ် "အမေ... ကျွန်တော် အမေ့ကို တစ်ခုလောက်မေးကြည့်ချင်လို့"

"မေး"

"အမေ..." ချိုးချိုးက အံကြိတ်ပြီး ဖျစ်ညှစ်ပြောတယ် "ကျွန်တော့်ကို မှန်မှန်ပြောနော်၊ ငယ်ငယ်ကတည်းက အခုထိ ကျွန်တော့်အန်ပေါင်းတွေ သိမ်းထားပေးမယ်ပြောတာ.. လိမ်ပြောခဲ့တာလား"

ချိုးမားမားက ကြားကြားချင်း ကြောင်သွားပေမယ့် ချက်ချင်းသဘောပေါက်သွားပြီး ပြုံးပြုံးရယ်ရယ်ပြောလာတယ် "အမေ့သားက ဘယ်တုန်းက ပိုက်ဆံမက်သွားတာလဲဟေး၊ မေမေက ကတိတည်ပါတယ်၊ မင်းရဲ့အန်ပေါင်းတွေ မေမေ တပြားမှမထိဘူး၊ အိပ်ခန်းထဲက မီးခံသေတ္တာထဲမှာထည့်ထားတယ်၊ အမေ့သားလေးကြီးလာပြီ ကိုယ်ပိုင်ပိုက်ဆံလေးရှိသင့်ပြီပေါ့၊ ခဏနေရင် သားအဖေကို ယူခိုင်းလိုက်လေ"

ဗီဒီယိုကောလ် ပြီးသွားခဲ့အချိန်မှာ ချိုးချိုးက ပျော်ပျော်ရွှင်ရွှင်နဲ့ အခန်းထဲပြန်ဝင်လာတယ်။ အန်ပေါင်းပိုက်ဆံတွေပါတဲ့ ဘဏ်စာအုပ်လေးနဲ့ပေါ့။

သူ့အိမ်ရဲ့ဘဏ္ဍာရေးအခြေအနေက ကောင်းတယ်။ နှစ်တိုင်းမှာ အန်ပေါင်းက မနည်းလှဘူး။ အကုန်လုံးပေါင်း ငါးသောင်းကျော်ကျော်ရှိတယ်။ သူက ခဏစဉ်းစားပြီး ဘဏ်အကောင့်ကိုဓါတ်ပုံရိုက်ပြီး ဒယ်ဒီအိုကြီးဆီ ပို့လိုက်တယ်။

ဆောင်းဦးရဲ့ချိုး : [ဓါတ်ပုံ]jpg

ဆောင်းဦးရဲ့ချိုး : ဒီမှာကြည့် ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့်အမေသိမ်းပေးထားတဲ့အန်ပေါင်းတွေ

ဆောင်းဦးရဲ့ချိုး : ပိုက်ဆံတွေအကုန်ဒီမှာရှိတယ်၊ တစ်ပြားမှမလျော့ဘူး

ဆောင်းဦးရဲ့ချိုး : လူကိုလာလိမ်တယ် [ဒေါသထွက်တဲ့အီမိုဂျီ]

ဆောင်းဦးရဲ့ချိုး : စာတွေဖတ်နေတာသိပါတယ်

ဆောင်းဦးရဲ့ချိုး : မနက်ဖြန်ကျရင် ရှောင်လိနဲ့ချိန်းထားတယ်၊ သူ့ကို ဒီငါးသောင်း ပေးလိုက်မှာ၊ စဉ်းစားကြည့်တော့ ကျွန်တော်ကအရင်လမ်းခွဲခဲ့တာ၊ အစကတည်းက သူနဲ့တွဲဖို့ သဘောမတူလိုက်သင့်ဘူး၊ အဲ့ဒါကြောင့် အခုဒီဟာကို တာဝန်ယူပြီး တစ်ဝက်လျော်ပေးမှာ

ဆောင်းဦးရဲ့ချိုး : ပြီးတော့ မနေ့ညက ကျွန်တော်တစ်ချိန်လုံးနှာရည်တွေကျနေတာ၊ သူ ကျွန်တော့်ကို သတိရနေတာသေချာတယ် [ပြုံးနေတဲ့အီမိုဂျီ]

ဒီတစ်ကြိမ်မှာ ဖုလွေ့အန်းက ပြန်ပြောလာတယ်။

မွေးစားအဖေရဲ့ဒယ်ဒီ : မှားတယ်

ဆောင်းဦးရဲ့ချိုး : ဘာမှားလို့လဲ

မွေးစားအဖေရဲ့ဒယ်ဒီ : မင်းနှာရည်ကျတာ သူသတိရနေလို့ မဟုတ်ဘူး

ဆောင်းဦးရဲ့ချိုး : [သိချင်နေတဲ့အီမိုဂျီ] အာ့ဆို ဘယ်သူသတိရနေလို့လဲ

မွေးစားအဖေရဲ့ဒယ်ဒီ : မင်းဖာသာ အအေးမိနေတာ

ချိုးချိုးက တအားဒေါသထွက်သွားခဲ့တယ်လေ။ သူက ဒယ်ဒီကို ဘလော့လိုက်တယ်။ ဒါဆို ဒယ်ဒီက ဘယ်သောအခါမှ သူ့ပို့စ်တွေမှာ အသည်းပေးလို့မရတော့ဘူး။

ဖုလွေ့အန်းကလည်း တအားဒေါသထွက်သွားခဲ့တယ်လေ။ ဒီအရူးကောင်လေးက ပိုက်ဆံငါးသောင်းရှိလာတော့ ဗီလာကိုလာပြီး ဂစ်တာလာရွေးရလာမယ့်အစား ရှောင်လိကိုပေးချင်နေတယ်။ လူကြီးသူမကို မရိုမသေမလေးမစားလုပ်လွန်းတာ မလား။

ရှူးဂါးဒယ်ဒီက သူ့ရှူးဂါးဘေဘီလေး သူ့ကိုဘလော့လိုက်တာကို သိသွားတဲ့အကြောင်းကတော့ နောက်တစ်နေ့စာ နောက်ထပ်ထပ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

........

.

.

Zawgyi

(6)

ခ်ိဳးခ်ိဳးက သူ႔ဦးေလးရဲ့ မက္ေစ့ေတြကို ဖ်က္ပစ္ျပီးမွ သူ႔အေဖကိုဖုန္းျပန္ေပးျပီး ဝီခ်က္သံုးနည္းသင္ေပးလိုက္တယ္။

သူ႔အေဖက သိပ္မေက်နပ္ခ်င္ဘူး "ငါ့နာမည္က ဘာျဖစ္လို႔ ေလာင္ခ်ိဳးျဖစ္ေနတာလဲ၊ ေခတ္မမီလိုက္တာ၊ ဒီေန႔ေခတ္ အင္တာနက္ေပၚလွန္ၾကည့္ရင္ ဘယ္သူမွ ဒီလိုနာမည္မသံုးဘူး..."

"အေဖ ဒီေန႔ေခတ္မွာ ကၽြန္ေတာ္တို႔ အင္တာနက္ေပၚလွန္ၾကည့္တယ္လို႔ မေျပာၾကဘူး"

"......"

ကေလးေတြ ၾကီးျပင္းလာတာနဲ႔ ျပန္ခံေျပာေတာ့တာပါပဲ။

ခ်ိဳးပါးပါးက သူ႔နာမည္ကို "ငါကေလာင္ခ်ိဳး" လို႔ေျပာင္းလိုက္ျပီး ပရိုဖိုင္ေနရာမွာ တစ္လက္မဓါတ္ပံုကို ထားလိုက္တယ္။ အားလံုးအသင့္ျဖစ္သြားမွ ခ်ိဳးမားမားဆီ ဗီဒီယိုေကာလ္ေခၚတယ္။

သူတို႔ဆီမွာက ေန႔လည္ခင္းဆိုေပမယ့္ ဥေရာပမွာရွိတဲ့ ခ်ိဳးမားမားဘက္မွာက ညသန္းေခါင္ၾကီး။ ဒါေပမယ့္ ဗီဒီယိုေကာလ္ တစ္ခါပဲျမည္ရေသးတယ္၊ ဟိုဘက္ကလက္ခံလိုက္ျပီ။

ဟုတ္တာေပါ့.. ႏွစ္ေပါင္း(၃၀) အတူေနလာတဲ့ ဒီစံုတြဲက ၾကင္စဦးေမာင္ႏွံေတြလို ၾကက္သီးထေလာက္စရာ ခ်စ္စကားေတြ ေျပာေတာ့မွာမဟုတ္ေပမယ့္ သူတို႔ေျပာဆိုဆက္ဆံပံုက အေတာ္ေလးခ်ိဳျမေနတုန္းပဲ။

ဒီလင္မယားအတြဲက တစ္ေယာက္ကိုတစ္ေယာက္ "ဆရာ၊ ဆရာမ" လို႔ေခၚၾကတယ္။ ခ်ိဳးပါးပါးက ဆရာခ်ိဳးျဖစ္ျပီး ခ်ိဳးမားမားက ဆရာမသုန္ ပါ။

ဆရာခ်ိဳးက သူေနာက္ဆံုးေရးထားတဲ့ေဆာင္းပါးကို ထုတ္လာျပီး ဆရာမသုန္ကို အကဲျဖတ္ခိုင္းတယ္။ ဆရာမသုန္က ဆရာခ်ိဳးကို အဂၤလိပ္ကဗ်ာတစ္ပုဒ္ ပို႔လိုက္တယ္။ တစ္ေျမစီေဝးကြာေနတဲ့ လင္မယားႏွစ္ေယာက္က သူတို႔ပံုစံနဲ႔သူတို႔ အလြမ္းသယ္ၾကပါေတာ့တယ္။

ခ်ိဳးခ်ိဳးက ေဘးနားကထိုင္ခံုတစ္ခံုေပၚထိုင္ရင္း လက္ကလည္းအျငိမ္မေနဘူး၊ စာအုပ္ထဲမွာ တစ္ခုခုေရးေနတယ္။

မ်က္စိလ်င္တဲ့ခ်ိဳးမားမားက ဒါကိုေတြ႔ျပီးေျပာတယ္ "ခ်ိဳးခ်ိဳး အိမ္စာလုပ္စရာရွိရင္ အေဆာင္ျပန္ျပီးလုပ္ေလ၊ အေမတို႔ႏွစ္ေယာက္ စကားေျပာေနေတာ့ သားကိုအေႏွာင့္အယွက္ျဖစ္တာေပါ့"

ခ်ိဳးခ်ိဳးကေျပာတယ္ "ကၽြန္ေတာ္အိမ္စာလုပ္ေနတာ မဟုတ္ဘူး၊ အေမတို႔ေျပာတဲ့ ခ်စ္စကားေတြကို လိုက္ေရးေနတာ၊ ေနာက္ပိုင္းက်ရင္ ကၽြန္ေတာ့္အိမ္ေထာင္ဖက္ျဖစ္လာမယ့္သူကို ဖတ္ျပမလို႔"

ဒီကိစၥက မေျပာလိုက္ရင္အေကာင္း၊ အစေဖာ္မိလိုက္တာနဲ႔ ခ်ိဳးပါးပါးက ခ်က္ဆိုနားခြက္ကမီးေတာက္ျပီ "ဟုတ္သားပဲ.. ဟိုတစ္ေန႔က မင္းတို႔စာေပဌာနက ပါေမာကၡဝမ္နဲ႔ လမ္းမွာေတြ႔ေတာ့ သူကေျပာတယ္ မင္း ေကာင္မေလးရေနျပီတဲ့၊ ဘာလို႔ ေဖေဖၾကည့္ရေအာင္ မေခၚလာတာလဲ"

သူတို႔မိသားစုသံုးေယာက္လံုးက A တကၠသိုလ္ထြက္ေတြခ်ည္းပါ။ ခ်ိဳးပါးပါးနဲ႔ ပါေမာကၡဝမ္က အတိတ္မွာ အတန္းေဖာ္ေတြ ျဖစ္ခဲ့ဖူးတယ္။ သူတို႔ေခတ္မွာေတာ့ သူတို႔က ေက်ာင္းရဲ့ေက်ာ္ၾကားတဲ့ ႏွစ္ထပ္ကြမ္းဥာဏ္ၾကီးရွင္ေတြ။ ဒါေပမယ့္ ဆယ္စုႏွစ္အနည္းငယ္အၾကာမွာ ဒီဥာဏ္ၾကီးရွင္ႏွစ္ေယာက္လည္း ဆံပင္ပါးျပီး ဗိုက္ေတြပူလာၾကတယ္။

ခ်ိဳးခ်ိဳးက ရင္တုန္ပန္းတုန္ျဖစ္သြားလို႔ ေခါင္းငံု႔ျပီး အသာေျပာလိုက္တယ္ ".... ျပတ္သြားျပီ"

ခ်ိဳးမားမားက အျမန္ဖာေထးရျပီေလ "ဘာမွမျဖစ္ဘူး၊ ဘာမွမျဖစ္ဘူး၊ ခံစားခ်က္က လုပ္ယူလို႔မွမရပဲ၊ အေမ့သား ဒီေလာက္ေခ်ာတာ၊ ေကာင္မေလးရွာမေတြ႔ဘူးဆိုတာ မျဖစ္ႏိုင္ဘူး"

ခ်ိဳးပါးပါးက အျမန္အဆန္ စကားလမ္းေၾကာင္းလႊဲတယ္ "မင္းက ေက်ာင္းသားပဲရွိပါေသးတယ္၊ ေက်ာင္းစာပဲအာရံုႏွစ္ထား၊ ေလာေလာဆယ္ တစ္ေယာက္တည္းေနတာေကာင္းတယ္၊... ဒါနဲ႔ အရင္တစ္ေခါက္ကေျပာေတာ့ သီးသန္႔စေကာ္လားရွစ္ေပးခ်င္ေနတဲ့ သူေဌးတစ္ေယာက္ရွိတယ္ဆို၊ ေမြးစားအေဖအျဖစ္ေတာင္ လက္ခံလိုက္ျပီလို႔ ေျပာတယ္မလား၊ ေဖေဖ မင္းကို အိမ္ဖိတ္ခိုင္းထားတယ္ေလ၊ ဘာျဖစ္လို႔ေခၚမလာေသးတာလဲ"

ခ်ိဳးခ်ိဳးက ပိုလို႔ေတာင္ဝမ္းနည္းသြားျပီေပါ့ ".... မရွိေတာ့ဘူး"

"ဘာ.. ေကာင္မေလးလည္း မရွိေတာ့ဘူး၊ ေမြးစားအေဖလည္း မရွိေတာ့ဘူးလား"

ခ်ိဳးခ်ိဳးက ထုတ္မေျပာႏိုင္ဘူး၊ ဝမ္းနည္းေနတဲ့မ်က္ႏွာနဲ႔ပဲ ေခါင္းညိတ္ျပႏိုင္တယ္။

ခ်ိဳးမားမားက ခ်ိဳးပါးပါးကို အရိပ္အကဲမသိရေကာင္းလားဆိုျပီး အျပစ္တင္လိုက္တယ္။

"ဘာမွမျဖစ္ဘူး၊ ဘာမွမျဖစ္ဘူး၊ ပိုက္ဆံခ်မ္းသာတဲ့ေမြးစားအေဖတစ္ေယာက္ပဲဟာကို၊ အေမ့သားက ဒီေလာက္ေခ်ာတာ၊ ေမြးစားအေဖရွာမေတြ႔ဘူးဆိုတာ မျဖစ္ႏိုင္ဘူး"

"အေမ.. ခုနက ေလးတင္ပဲ ေျပာျပီးျပီေလ....."

"မတူဘူး မတူဘူး၊ ခုဏေျပာတာက ေကာင္မေလး၊ အခုေျပာတာက ေမြးစားအေဖ"

...... ဆရာမသုန္ေရ တေလသံတည္းပဲေလ။

ခ်ိဳးခ်ိဳးက တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ေမးတယ္ "အေမ... ကၽြန္ေတာ္ အေမ့ကို တစ္ခုေလာက္ေမးၾကည့္ခ်င္လို႔"

"ေမး"

"အေမ..." ခ်ိဳးခ်ိဳးက အံၾကိတ္ျပီး ဖ်စ္ညွစ္ေျပာတယ္ "ကၽြန္ေတာ့္ကို မွန္မွန္ေျပာေနာ္၊ ငယ္ငယ္ကတည္းက အခုထိ ကၽြန္ေတာ့္အန္ေပါင္းေတြ သိမ္းထားေပးမယ္ေျပာတာ.. လိမ္ေျပာခဲ့တာလား"

ခ်ိဳးမားမားက ၾကားၾကားခ်င္း ေၾကာင္သြားေပမယ့္ ခ်က္ခ်င္းသေဘာေပါက္သြားျပီး ျပံဳးျပံဳးရယ္ရယ္ေျပာလာတယ္ "အေမ့သားက ဘယ္တုန္းက ပိုက္ဆံမက္သြားတာလဲေဟး၊ ေမေမက ကတိတည္ပါတယ္၊ မင္းရဲ့အန္ေပါင္းေတြ ေမေမ တျပားမွမထိဘူး၊ အိပ္ခန္းထဲက မီးခံေသတၱာထဲမွာထည့္ထားတယ္၊ အေမ့သားေလးၾကီးလာျပီ ကိုယ္ပိုင္ပိုက္ဆံေလးရွိသင့္ျပီေပါ့၊ ခဏေနရင္ သားအေဖကို ယူခိုင္းလိုက္ေလ"

ဗီဒီယိုေကာလ္ ျပီးသြားခဲ့အခ်ိန္မွာ ခ်ိဳးခ်ိဳးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အခန္းထဲျပန္ဝင္လာတယ္။ အန္ေပါင္းပိုက္ဆံေတြပါတဲ့ ဘဏ္စာအုပ္ေလးနဲ႔ေပါ့။

သူ႔အိမ္ရဲ့ဘ႑ာေရးအေျခအေနက ေကာင္းတယ္။ ႏွစ္တိုင္းမွာ အန္ေပါင္းက မနည္းလွဘူး။ အကုန္လံုးေပါင္း ငါးေသာင္းေက်ာ္ေက်ာ္ရွိတယ္။ သူက ခဏစဥ္းစားျပီး ဘဏ္အေကာင့္ကိုဓါတ္ပံုရိုက္ျပီး ဒယ္ဒီအိုၾကီးဆီ ပို႔လိုက္တယ္။

ေဆာင္းဦးရဲ့ခ်ိဳး : [ဓါတ္ပံု]jpg

ေဆာင္းဦးရဲ့ခ်ိဳး : ဒီမွာၾကည့္ ကၽြန္ေတာ္ငယ္ငယ္ကတည္းက ကၽြန္ေတာ့္အေမသိမ္းေပးထားတဲ့အန္ေပါင္းေတြ

ေဆာင္းဦးရဲ့ခ်ိဳး : ပိုက္ဆံေတြအကုန္ဒီမွာရွိတယ္၊ တစ္ျပားမွမေလ်ာ့ဘူး

ေဆာင္းဦးရဲ့ခ်ိဳး : လူကိုလာလိမ္တယ္ [ေဒါသထြက္တဲ့အီမိုဂ်ီ]

ေဆာင္းဦးရဲ့ခ်ိဳး : စာေတြဖတ္ေနတာသိပါတယ္

ေဆာင္းဦးရဲ့ခ်ိဳး : မနက္ျဖန္က်ရင္ ေရွာင္လိနဲ႔ခ်ိန္းထားတယ္၊ သူ႔ကို ဒီငါးေသာင္း ေပးလိုက္မွာ၊ စဥ္းစားၾကည့္ေတာ့ ကၽြန္ေတာ္ကအရင္လမ္းခြဲခဲ့တာ၊ အစကတည္းက သူနဲ႔တြဲဖို႔ သေဘာမတူလိုက္သင့္ဘူး၊ အဲ့ဒါေၾကာင့္ အခုဒီဟာကို တာဝန္ယူျပီး တစ္ဝက္ေလ်ာ္ေပးမွာ

ေဆာင္းဦးရဲ့ခ်ိဳး : ျပီးေတာ့ မေန႔ညက ကၽြန္ေတာ္တစ္ခ်ိန္လံုးႏွာရည္ေတြက်ေနတာ၊ သူ ကၽြန္ေတာ့္ကို သတိရေနတာေသခ်ာတယ္ [ျပံဳးေနတဲ့အီမိုဂ်ီ]

ဒီတစ္ၾကိမ္မွာ ဖုေလြ႔အန္းက ျပန္ေျပာလာတယ္။

ေမြးစားအေဖရဲ့ဒယ္ဒီ : မွားတယ္

ေဆာင္းဦးရဲ့ခ်ိဳး : ဘာမွားလို႔လဲ

ေမြးစားအေဖရဲ့ဒယ္ဒီ : မင္းႏွာရည္က်တာ သူသတိရေနလို႔ မဟုတ္ဘူး

ေဆာင္းဦးရဲ့ခ်ိဳး : [သိခ်င္ေနတဲ့အီမိုဂ်ီ] အာ့ဆို ဘယ္သူသတိရေနလို႔လဲ

ေမြးစားအေဖရဲ့ဒယ္ဒီ : မင္းဖာသာ အေအးမိေနတာ

ခ်ိဳးခ်ိဳးက တအားေဒါသထြက္သြားခဲ့တယ္ေလ။ သူက ဒယ္ဒီကို ဘေလာ့လိုက္တယ္။ ဒါဆို ဒယ္ဒီက ဘယ္ေသာအခါမွ သူ႔ပို႔စ္ေတြမွာ အသည္းေပးလို႔မရေတာ့ဘူး။

ဖုေလြ႔အန္းကလည္း တအားေဒါသထြက္သြားခဲ့တယ္ေလ။ ဒီအရူးေကာင္ေလးက ပိုက္ဆံငါးေသာင္းရွိလာေတာ့ ဗီလာကိုလာျပီး ဂစ္တာလာေရြးရလာမယ့္အစား ေရွာင္လိကိုေပးခ်င္ေနတယ္။ လူၾကီးသူမကို မရိုမေသမေလးမစားလုပ္လြန္းတာ မလား။

ရွဴးဂါးဒယ္ဒီက သူ႔ရွဴးဂါးေဘဘီေလး သူ႔ကိုဘေလာ့လိုက္တာကို သိသြားတဲ့အေၾကာင္းကေတာ့ ေနာက္တစ္ေန႔စာ ေနာက္ထပ္ထပ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါတယ္။

........

Continue Reading

You'll Also Like

1.9M 69.8K 70
"it's like i love everything about her and i don't want to, because i'm scared." "at least you're not ...
1.6K 190 5
Author - 长生君 Title - The Black Cat's Tail (黑猫的尾巴) စိတျကူးယဥျပုံပြင်အတိုလေးတစ်ပုဒ်။ ကောင်မလေးတစ်ယောက်နဲ့ အနက်ရောငလကြောင်ကလေး။ စိတ်ကူးယဥ်ပုံပြင်အတိုလေး...