သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

64.2K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178

Ch-179/180

605 42 2
By Miracle_Phyu97

လင်းဖန် 179+180

အခန်း(၁၇၉) ဒီနေ့ ငါဖွင့်ပြောမယ်

"အင်း ကျွန်တော့်ကို နည်းနည်းလောက် ပြပေးပါဦး" လင်းဖန်က ပြုံးလိုက်ပါသည်။

"ဒီလည်ဆွဲလေးက Bulgari ကပါ။ Bulgari က အီတလီမှာ ၁၈၈၄ ခုနှစ်က စတင်ခဲ့တာလေ။ ကမ္ဘာကျော် အဆင့်မြင့် လက်ဝတ်ရတနာ ဘရန်းတစ်ခုပေါ့။ အဲ့ဒီဘရန်းနာမည်အောက်က လက်ဝတ်ရတနာတွေက ဒီဇိုင်းဆန်းသစ်မှုနဲ့ အရောင်အသွေးစုံလင်မှုတို့ကြောင့် လူသိများကြတယ်။ ကောင်မလေးတွေ ဝတ်ဖို့ အရမ်းလိုက်ဖတ်တယ်။ မစ္စတာလင်း ရှင့်ရဲ့ ကောင်မလေးသာ ဒီလည်ဆွဲကို ဝတ်လိုက်ရင် သေချာပေါက် အရမ်းလှသွားမှာပါ" ဆိုင်ဝန်ထမ်းက ပြုံးကာ ပြောလိုက်ပါသည်။ဓ

လင်းဖန်ရဲ့ ကောင်မလေး ဘယ်သူဘယ်ဝါဖြစ်သည်ဆိုတာကိုတော့ ဆိုင်ဝန်ထမ်းက မေးမှာ မဟုတ်ပေ။

ဒါတွေက လင်းဖန်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြစ်သည်။

"အင်း ကြည့်ပါရစေ။ မဆိုးပါဘူး။ ကျွန်တော် ယူလိုက်မယ်။ ဘယ်လောက်လဲ။" လင်းဖန်က မေးလိုက်၏။

"ဒီ  Bulgari လည်ဆွဲလေးက ၁၃၈,၀၀၀ ယွမ် တန်ပါတယ်။ မစ္စတာလင်း အမြင်ရှိသားပဲ။ ရှင့်ကောင်မလေးကတော့ ရှင့်လိုကောင်လေးမျိုး ရထားလို့ အရမ်းဝမ်းသာနေတော့မှာပဲ" အမျိုးသမီးဝန်ထမ်းက ပြုံးလိုက်ပါသည်။

"ကျွန်တော် ယူမယ်။ ထုတ်ပိုးလိုက်ပါ။"

"ကျွန်တော် စိန်လက်စွပ်တွေ ကြည့်ဦးမယ်...  အင်း... ဒီတစ်ခုက ဘယ်လိုလဲ" လင်းဖန်က မေးလိုက်ပါသည်။ သူ စိန်လက်စွပ် တစ်ကွင်းကို ကြည့်လိုက်၏။ အဆိုပါ စိန်လက်စွပ်က တောက်ပနေကာ အလွန် ဆွဲဆောင်မှုရှိလွန်းနေပါသည်။

"မစ္စတာလင်း အမြင်ရှိလိုက်တာရှင်။ ဒီစိန်လက်စွပ်လေးက ကျွန်မတို့ဆိုင်ရဲ့ ရတနာလိုပါပဲ။ နာမည်အပြည့်အစုံက Van Cleef & Arpels Bonheur မင်္ဂလာလက်စွပ် လို့ ခေါ်ပါတယ်။"

"ဒီစိန်လက်စွပ်လေးမှာ အရမ်း လေးနက်တဲ့ အဓိပ္ပာယ်ရှိတယ်။ Bonheur ဆိုတာက စိန်လို မာကျောပြီး ထာဝရတည်မြဲတဲ့အချစ်ကို ကိုယ်စားပြုတယ်။ Bonheur လက်စွပ်တွေရဲ့ သွန်းလုပ်တဲ့နည်းလမ်းက Van Cleef & Arpels ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေနဲ့ အရည်အသွေးတွေကို သဘောကျတဲ့လူတွေ အတွက်ပါ။ သူ့ရဲ့ ရိုးရှင်းတဲ့စတိုင်ကို Bonheur လက်စွပ်က ဖော်ပြထားတယ်။ စိန်ရဲ့ မျက်နှာပြင်ပေါ်က အပေါက်ပါတဲ့ ဒီဇိုင်းကြောင့် စိန်ရဲ့ အလင်းကို ပိုပြီး တောက်ပစေတယ်။ ဘေးမှာလည်း ကျောက်မျက်ရတနာတွေနဲ့ ခြယ်ထားတဲ့ ဘောင်လေးခုက စိန်ရဲ့ တောက်ပမှုကို ပိုလေးနက်စေတယ်" အမျိုးသမီး ဝန်ထမ်းက ပြောလိုက်ပါသည်။

"ဒီစိန်လက်စွပ်စျေးက ၃၄၈,၀၀၀ ပါ။ လက်ခံနိုင်မယ်လို့ ထင်လား။" အမျိုးသမီးဝန်ထမ်းက ပြောလိုက်ပါသည်။

"ထုပ်လိုက်ပါ။ ကျွန်တော် ကတ်နဲ့ ရှင်းမယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ သူ ဒီနေ့ စိတ်ရွှင်နေသဖြင့် စျေးတောင် မဆစ်ချင်တော့ပါ။ လည်ဆွဲနဲ့ စိန်လက်စွပ်တို့နှစ်ခုပေါင်း ၅၀၀,၀၀၀ အောက် ရှိသည်။

လင်းဖန် စိန်လက်စွပ်အတွက် စျေးမဖြတ်ချင်ပေ။ သူ့မိန်းမအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ငွေနည်းနည်းလောက် ပိုသုံးရလည်း ကိစ္စမရှိပါ။ သူ ငွေဆုံးရှုံးသွားရင်တောင် အများကြီး မဟုတ်လောက်ပေ။

ထို့အပြင် အဆင့်မြင့် လက်ဝတ်ရတနာဆိုင်များတွင် ပုံမှန်အားဖြင့် အလိမ်ခံရမှာလည်း မဟုတ်ပေ။ လင်းဖန်က စိတ်မပူပါ။

"ကောင်းပါပြီ မစ္စတာလင်း။ ရှင်က ကျွန်မတို့ လက်ဝတ်ရတနာဆိုင်ရဲ့ မန်ဘာဝင် ဖြစ်သွားပါပြီ။ ကျွန်မတို့ ၁၀ ရာခိုင်နှုန်းလျှော့စျေး ပေးပါ့မယ်။ ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။"

"ပရိုပို့စ်လုပ်တာ အောင်မြင်ပြီး ကောင်မလေးနဲ့ တစ်သက်တာ ပျော်ရွှင်မှုကို ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။" အမျိုးသမီးဝန်ထမ်းက တောက်ပစွာ ပြုံးလိုက်ပြီး လင်းဖန်အတွက် အားလုံးကို ထုပ်ပိုးပြင်ဆင်ပေးလိုက်ပါသည်။

"ကျေးဇူးတင်ပါတယ်" လင်းဖန်ကခေါင်းငြိမ့်လိုက်သည်။

ရှားဝမ်ချွေ့နဲ့ တစ်သက်လုံး ပျော်ရုံနဲ့ မလုံလောက်သေးပါ။

သူမနဲ့ ကလေး နည်းနည်းလောက် မွေးရပါဦးမည်။

သူ့မှာ ရွေးချယ်စရာ မရှိပေ။ သူက အလွန်ချောကာ ရှားဝမ်ချွေ့ကလည်း အလွန်လှပ၏။ သူတို့မွေးမည့် ကလေးများက သေချာပေါက် မိန်းမလှလေးလေးများ၊ သို့မဟုတ် ကောင်ချောလေးများ ဖြစ်လာနိုင်ပါသည်။

သို့သော်လည်း လင်းဖန်က သမီးလေး ပိုလိုချင်သည်။ ဘာပဲဖြစ်ဖြစ် သမီးများက အရင်ဘဝတုန်းက အဖေများ၏ ချစ်သူများ ဖြစ်ကြသည်။ သားတစ်ယောက်သာ ရလိုက်ပါက သားက သူနဲ့ ပြိုင်ပြီး သူ့မိန်းမကို လုနေနိုင်ပါသည်။

နောက်ပိုင်း သူ နာမည်ကျော် ထပ်မလုပ်ချင်တော့လျှင် သူတို့ အိမ်မှာပဲနေပြီး ဘဝကို ပျော်ပျော်နေလို့ ရပါသည်။ ဒီလိုလှပသည့် မိန်းမ၊ ချစ်ဖို့ကောင်းသည့် ကလေးမျိုးနဲ့ဆို သူ့ဘဝက အလွန်ပျော်ရွှင်ဖွယ် ကောင်းလိမ့်မည်။

ဒီလိုဘဝကောင်းကောင်းမျိုး ရနိုင်ဖို့ လိုအပ်ချက်တော့ ရှိပါသည်။

မနက်ဖြန် သူချစ်ခွင့်ပန်ရာမှာ အောင်မြင်မှ ရပါမည်။

အနည်းဆုံးတော့ သူ့ကောင်မလေးဖြစ်လာအောင် အရင်လုပ်နိုင်ရမည်။

နောက်ပိုင်း သူ့ရဲ့ ပရိုပို့စ်ကိစ္စကို ဖြည်းဖြည်းချင်း စီစဥ်သွားနိုင်ပါသည်။

သို့သော်လည်း လင်းဖန် သည်းမခံနိုင်ဘဲ ရှားဝမ်ချွေ့ကို ချက်ချင်း ပရိုပို့စ်လုပ်လိုက်တာလည်း ဖြစ်နိုင်သည်။

သူ့ကောင်မလေးဆိုတာထက် ဇနီးသည် ဖြစ်လာရင် ပိုမကောင်းဘူးလား။

ဘာမှန်း မသိလိုက်ဘဲ နောက်တစ်နေ့သို့ ရောက်လာခဲ့ပါသည်။

ဒီနေ့က ရှားဝမ်ချွေ့၏ မွေးနေ့ ဖြစ်သည်။

ရှားဝမ်ချွေ့က နေ့ဘက်တွင် Keep Running နောက်ဆုံးပိုင်းကို ရိုက်ကူးဖို့ ထွက်သွားခဲ့ပါသည်။

ညဘက်မှာတော့ Keep Running ကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထိုအချိန်တွင် လင်းဖန်၏ ဖုန်းမြည်လာခဲ့၏။

"ညီလေးဖန် ကျုပ်က Keep Running ဒါရိုက်တာ လင်းဟုန်ပါ။ ကျုပ်တို့ ဒီနေ့ည ၂၁:၃၀ လောက်မှာ Crystal စားသောက်ဆိုင်နား ရောက်လိမ့်မယ်။"

"အဲ့အချိန်ကျရင် ရှားဝမ်ချွေ့ရဲ့ မွေးနေ့ပွဲကို ကျင်းပဖို့အတွက် အင်တာနက်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်မယ်။ မင်းက  Crystal စားသောာက်ဆိုင် တစ်ဆိုင်လုံးကို ဘိုကင်လုပ်ထားပြီးပြီ မဟုတ်လား။ ဒါပေမယ့် ရှားဝမ်ချွေ့ကို စပရိုက် လုပ်ဖို့ Crystal စားသောက်ဆိုင်ကိုတော့ ကြိုသွားထားရမယ်" လင်းဟုန်က ပြောလိုက်ပါသည်။

"ကိစ္စမရှိပါဘူး။ ဒါပေမယ့် သူ့ကိုတော့ ကြိုမသိစေနဲ့နော်" လင်းဖန်က ပြုံးလိုက်ပါသည်။

"ဟုတ်ပါပြီ ညီလေးဖန် နားလည်ပါပြီ” လင်းဟုန်က ခေါင်းငြိမ့်လိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့က ရှားဝမ်ချွေ့ မွေးနေ့ဖြစ်သည်။ သူမအတွက်တော့ အလွန့်အလွန်အရေးပါပါသည်။

သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မည်ဆိုတာက ရှားဝမ်ချွေ့၏ မွေးနေ့ပွဲကို ကျင်းပပေးဖို့ လင်းဖန်ကိုယ်တိုင် အခမ်းအနားမှာ ရောက်နေမည်ဟု ဆိုလိုသည်။

ထိုအချိန်တွင် တီဗီကြည့်နေသူတိုင်းကို သူနဲ့ ရှားဝမ်ချွေ့တို့ တွဲကြတော့မည်ဖြစ်ကြောင်း ကြေညာလိုက်တာနဲ့ ညီမျှပါသည်။

လင်းဖန်က ဒီနေ့ရောက်လာဖို့ စောင့်မျှော်နေခဲ့တာ ကြာပါပြီ။

ထို့နောက် စုရှောင်းယွီ၏ ဖုန်းသံမြည်လာသည်။

"ဆရာ နင်စိန်လက်စွပ် ဝယ်ပြီးပြီလား" စုရှောင်းယွီက မေးလိုက်ပါသည်။

"အားလုံး ဝယ်ပြီးပြီ" လင်းဖန်က ပြုံးလိုက်သည်။

"ဟီးဟီး ဆရာ နင်ငါ့ကို ကျေးဇူးတင်သင့်တယ်နော်။"

"ဒီနေ့ အစ်မဝမ်ချွေ့ မွေးနေ့ပွဲကို ကျင်းပပေးပြီး စိန်လက်စွပ်ကို ထုတ်လိုက်တာနဲ့ နင့်ကောင်မလေးဖြစ်ဖို့ကို အသာထားဦး။ သူ့ကို ပရိုပို့စ်လုပ်ရင်တောင် အောင်မြင်လောက်တယ်~" စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်ပါသည်။

"ဉာဏ်ကောင်းလိုက်တဲ့ဟာမလေး။ နင်ဘာလိုချင်လဲသာ ပြောလိုက်။ ငါ့ကိုကူညီတာ အလကား မဖြစ်စေရဘူး" လင်းဖန်က အပြုံးဖြင့် ပြောလိုက်ပါသည်။

စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဆရာ နင်ချက်ကျွေးတာ စားချင်တယ်။ နင်ချက်ကျွေးတာ စားရရင် ကျေနပ်ပြီ။"

လင်းဖန်က ခေတ္တ စဥ်းစားလိုက်သည်။ "နင့်ကို ငွေတွေ အများကြီးပေးမယ့် ကုမ္ပဏီထောက်ခံချက် တချို့ ရှာပေးရမလား။"

လင်းဖန်က ရှာထုတ်ကာ ခေါင်းခါလိုက်သည်။ "ဆရာ ငါငွေမလိုဘူး။ နောက်ပိုင်း ငါ့ကောင်လေး ဖြစ်လာတဲ့ ဘယ်သူ့ကိုမဆို ခန်းဝင်ပစ္စည်းအနေနဲ့ ၁ ဘီလီယံယွမ်ပေးမျာတဲ့။ အဲ့ဒီကောင်လေးကတော့ တင်တောင်းဖို့ တစ်ပြားတစ်ချပ်မှ ထုတ်စရာ မလိုဘူး။"

လင်းဖန် "..."

သူ့ကိုယ်သူ ချမ်းသာလွန်းနေပြီဟု ထင်ခဲ့မိသည်။

တကယ့်သူဌေးတွေနှင့်ယှဉ်လျှင် အလွန် ခြားနားနေသေးမှန်း မသိခဲ့ပါ။

နောက်ပိုင်း စုရှောင်းယွီကို လက်ထပ်နိုင်မည့်လူကတော့ အလွန်ပျော်ရွှင်ပါလိမ့်မည်။

အရေးအကြီးဆုံးက စုမိသားစုက  မိသားစုကြီး တစ်ခု ဖြစ်သည်။ စုရှောင်းယွီ၏ အဖေကလည်း ယောက်ျားလေးမိသားစုအတွက် မည်သည့် တောင်းဆိုချက်မှ မရှိလောက်ပါ။

ဒီကမ္ဘာကြီးတွင် စုရှောင်းယွီအဖေ၏ ကြွယ်ဝမှုက Bill Gates ထက် ကျော်လွန်ပြီး ကမ္ဘာပေါ်က အချမ်းသာဆုံးလူ ဖြစ်လာခဲ့သည်။

ယောက်ျားလေးဘက်က မိသားစုက ဘယ်လောက်ပဲ ချမ်းသာနေပါစေ စုရှောင်းယွီတို့၏ မိသားစုကိုတော့ ယှဥ်နိုင်မှာ မဟုတ်ပေ။

စုရှောင်းယွီကိုသာ ယောက်ျားလေး တစ်ယောက် လက်ထပ်လိုက်ပါက ချစ်ဖို့ကောင်းသည့် မိန်းမလှလေးလေး တစ်ယောက်ကို ဇနီးအဖြစ် ရရုံသာမကဘဲ လက်ထပ်ပြီးနောက် အလွန်အမင်း ပျော်ရွှင်ရနိုင်ပါသည်။

ထို့အပြင် စုရှောင်းယွီတို့မိသားစုက သူ့ကို ခန်းဝင်ငွေ ၁ ဘီလီယံယွမ်လည်း ပေးဦးမည်။

ဘယ်သူမဆို မက်မောသွားချင်စရာပင်။ လင်းဖန်ကတော့ ခြွင်းချက် ဖြစ်၏။

လင်းဖန် သက်ပြင်းချလိုက်ပါသည်။ သနားရာ ရှုယန်လေး။ သူသာ စုရှောင်းယွီလို့ ကောင်မလေးမျိုးကို ရှာနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

နောက်ဆုံးမှာတော့ ရှုယန်က လင်းကျင်းကျင်းနဲ့ တွဲနေသည့်ပုံပင်။ ဒါလည်း မဆိုးလှပါ။

စုရှောင်းယွီ အနာဂတ်မှာ ဘယ်သူ့ကို လက်ထပ်ရမလဲဆိုတာကတော့ အနည်းငယ် ဒုက္ခများစရာ ဖြစ်ပါသည်။

လင်းဖန် ခေါင်းခါလိုက်သညသ်။ ဒါက သူတွေးနေရမည့်အရာ မဟုတ်ပေ။

လင်းဖန် သတင်းတွေကို မြင်ဖူးပါသည်။ အာဖရိကန်နိုင်ငံတစ်ခုက သူဌေးတစ်ယောက်၏ သမီးက အလွန်ချမ်းသာသည်ဟုဆိုသည်။ သို့သော်လည်း သူ့သမီးက အနည်းငယ် ဝနေ၏။ တက်ထိုင်လိုက်လျှင် ကျိုးကြေနိုင်သော ဝခြင်းမျိုး ဖြစ်၏။

ဒီသူဌေးက သူ့သမီးကို လက်ထပ်မည့် ဘယ်သူ့ကိုမဆို မီလီယံဆယ်နဲ့ ချီပြီး ပေးလိမ့်မည်။

သူတို့ ငွေအများကြီး ရနိုင်သော်လည်း ထိုလူ့၏ အိမ်ထောင်ရေးဘဝကတော့ အနည်းငယ် နာကျင်စရာ ဖြစ်ပါသည်။

သာမန်ယောက်ျားလေးတွေကတော့ ခံနိုင်ရည် မရှိလောက်ပါ။

ဒါမျိုးကို ကြိုမြင်သဖြင့် စုရှောင်းယွီ လက်ထပ်နိုင်မှာတောင် မဟုတ်လောက်ဘူးဟု လင်းဖန် ခံစားမိပါသည်။

စုရှောင်းယွီတို့ မိသားစုက ချမ်းသာလွန်း၏။ သူမကို မည်သူက လက်ထပ်ရဲမည်နည်း။ သူမကို ညဘက်မှာ နာကျင်အောင် လုပ်ပါက သူမအဖေက နောက်တစ်နေ့ကျလျှင် သူ့နောက်လိုက်ပြီး အစိတ်အစိတ် အမွှာမွှာ ခုတ်ထစ်ပစ်နိုင်သည်။ ဘာမှန်း မသိလိုက်ဘဲ ညနေခင်း ၆ နာရီပင် ထိုးနေပါပြီ။ လင်းဖန်က Bugatti ကားကြီးကို မောင်းကာ ထွက်လာခဲ့သည်။

ဒီနေ့ည ရှားဝမ်ချွေ့နဲ့တူတူ သူမ၏ မွေးနေ့ကို ကျင်းပမည်။

လင်းဖန် ဒီနေ့အတွက် ပြင်ဆင်ထားခဲ့တာ ကြာပါပြီ။

နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီဖြစ်သည်။

သူနဲ့ ရှားဝမ်ချွေ့တို့ ရင်းနှီးခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။

ဒီနေ့တော့  လင်းဖန် တရားဝင် ခြေလှမ်းလှမ်းတော့မည်။

သူ့တစ်ဘဝလုံးကို သူမတစ်ယောက်တည်းနဲ့သာ ဖြတ်သန်းတော့မည်ဖြစ်သည်။

အခန်း(၁၈၀) ဒီမွေးနေ့ကို နင်နဲ့ အတူ ကျင်းပမှာပါ

Keep Running ရိုက်ကူးရေးနေရာတွင်…

တစ်နေကုန် အလုပ်များနေခဲ့သော ရှားဝမ်ချွေ့တစ်ယောာက် ကားထဲတွင် အိပ်ပျော်နေပါသည်။ နောက်ဆုံးမှာတော့ သူမ တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်ပျက်သွားမိ၏။

အရင်တုန်းက လင်းဖန်နဲ့ အတူ သူမ၏ မွေးနေ့ပွဲကို မဖြတ်သန်းနိုင်ခဲ့ပါ။

ဒီနှစ်လည်း အတူတူပဲ ဖြစ်သည်။

သူမရင်ထဲမှာတော့ လင်းဖန်နဲ့ မွေးနေ့ပွဲကို အတူတူ ကျင်းပနိုင်ဖို့ မျှော်လင့်မိနေဆဲ ဖြစ်ပါသည်။

မွေးနေ့ပွဲတစ်ခုလောက်က အရေးမကြီးသော်လည်း ဒါက ရှားဝမ်ချွေ့နှစ်ပေါင်းများစွာ စွဲလမ်းခဲ့ရသော အရာ ဖြစ်ပါသည်။

Keep Running ကို ရိုက်ကူးနေကြသည့် ဧည့်သည်နဲ့ နာမည်ကျော်များစွာ ရှိနေသည်။

ရှားဝမ်ချွေ့နဲ့ ကားထဲမှာ အတူထိုင်နေသည့်လူက စူပါစတား လင်းခယ့်ရှင်း ဖြစ်ပါသည်။

"အစ်မဝမ်ချွေ့ Happy Birthday ပါ~" လင်းခယ့်ရှင်းက ပြုံးလိုက်ပါသည်။

"ကျေးဇူးတင်ပါတယ်"  ရှားဝမ်ချွေ့က ပြန်ပြုံးပြလိုက်ပါသည်။

"အစ်မဝမ်ချွေ့ လင်းဖန်က ဒီနေ့ မွေးနေ့ပွဲအတူ လာကျင်းပပေးမှာလား" လင်းခယ့်ရှင်းက မေးလိုက်ပါသည်။

တခြားသူတွေသာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးကို မသိလောက်မည်။ လင်းခယ့်ရှင်းကတော့ သိပါသည်။

သူတို့ စုံတွဲတွေ မဖြစ်သေးရင်တောင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးက အလွန်ကောင်းသည်။

ထို့အပြင် Keep Running မှ လူတိုင်းကလည်း လင်းဖန် လာမှာကို သိနေကြပါသည်။

ရှားဝမ်ချွေ့နဲ့ လင်းခယ့်ရှင်းတို့သာ မသိခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဒီနေ့ Keep Running ကို ရိုက်ကူးနေစဥ် လင်းခယ့်ရှင်းနဲ့ ရှားဝမ်ချွေ့တို့ တစ်ချိန်လုံးနီးပါး အတူတူ ရှိနေခဲ့ကြသည်။

"သူ... မလာလောက်ပါဘူး။"

"မွေးနေ့တစ်ခုပါပဲ။ ဘာမှ အရေးမကြီးပါဘူး" ရှားဝမ်ချွေ့က ပေါ့ပါးစွာ ပြုံးလိုက်ပါသည်။ အပြင်ပိုင်းမှာ ဂရုမစိုက်ချင်ယောာင်ဆောင်လိုက်သည်။

မိန်းကလေးတစ်ယောက်အနေနဲ့ သူမ သဘောကျသည့် ကောင်လေးက မွေးနေ့ကို မေ့သွားလျှင် အနည်းဆုံးတော့ အနည်းငယ် စိတ်ပျက်သွားပါလိမ့်မည်။

လင်းခယ့်ရှင်းက ရှားဝမ်ချွေ့ကိုကြည့်ကာ ပြုံးလိုက်ပါသည်။ "အစ်မဝမ်ချွေ့ မိန်းမတွေရဲ့ ဆဌမအာရုံနဲ့ ကြည့်လိုက်ရင် သူ မမေ့လောက်ဘူးလို့ ကျွန်မ ထင်တယ်။"

"အစ်ကိုလင်းဖန်က ဘယ်လိုလူမျိုးမို့လို့လဲ။ သူက ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ပဲ။ သူ့ဇာတ်ညွှန်းတွေက အရမ်းကောင်းပြီး ဒါရိုက်တာကောင်းတစ်ယောက်လည်း ဖြစ်တယ်။ ဒီလောက် စေ့စပ်တိကျတဲ့ ကောင်လေးတစ်ယောက်က အစ်မမွေးနေ့ကို မေ့ပါ့မလား" လင်းခယ့်ရှင်းက ပြောလိုက်သည်။

"ဒါမှမဟုတ်... သူ အစ်မရှေ့မှာ တမင်သက်သက် မေ့ချင်ယောင်ဆောင်လိုက်တာ နေမှာပေါ့" လင်းခယ့်ရှင်း၏ အပြုံးက ချစ်ဖို့ကောင်းပါသည်။ သူမက ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ  ဘွဲ့ရထားသူ ဖြစ်သည်။ သူမ တစ်ခါမှ ရည်းစား မထားဖူးသော်လည်း အလွန်ဉာဏ်ထက်ပါသည်။

"နင့်ကို မယုံပါဘူး။ များများ မျှော်လင့်ထားရင် များများ စိတ်ပျက်ရတတ်တယ်" ရှားဝမ်ချွေ့က လျှာထုတ်ကာ ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ။ အဲ့အကြောင်း မပြောကြရအောင်။ ဒီမှာ ကင်မရာကြီးလည်း ရှိတယ်။ ဒီလိုမြင်ကွင်းသာ ထုတ်လွှင့်တဲ့အထဲ ပါသွားရင် လင်းဖန်နဲ့ ငါနဲ့ကြား တစ်ခုခု ရှိနေတယ်လို့ အားလုံး ထင်မသွားနိုင်ဘူးလား။" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။

လင်းခယ့်ရှင်းက ရှားဝမ်ချွေ့၏ ပခုံးပေါ်တွင် မှီကာ ပြောလိုက်ပါသည်။ "အစ်မဝမ်ချွေ့ အစ်မနဲ့ သူကြား တကယ်လည်း တစ်ခုခု ရှိနေတာာပဲကို။ အစ်မတို့က အရမ်းလိုက်ဖက်လွန်းလို့ ကျွန်မတောင် နည်းနည်း အားကျလာပြီ။"

ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားသည်။ "ဖယ်စမ်းပါ~"

လင်းခယ့်ရှင်းက ပို၍ပင် ကပ်လာပါသည်။  "ဂရုမစိုက်ဘူး။ ဂရုမစိုက်ဘူး~"

ရှားဝမ်ချွေ့၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။

သူသာ တကယ်ရောက်လာနိုင်ခဲ့လျှင်...။

တိုက်ရိုက်ထုတ်လွှင့်မှုရှေ့မှာ သူတို့နှစ်ယောက်ကို မြင်သွားလည်း ဘာဖြစ်လဲ။

သူနဲ့ သူမ မွေးနေ့ပွဲကို အတူတူ ကျင်းပနိုင်လျှင် အကောင်းဆုံးပဲ မဟုတ်လား။

ရုတ်တရက်ကြီး ရှားဝမ်ချွေ့ အနည်းငယ် ပျာယာခတ်သွားပါသည်။

သူမ မော့ကြည့်လိုက်ပြီး ရင်ထဲတွင် စူးခနဲ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

ဒီလိုရုတ်ခြည်းဆန်သည့် နိမိတ်ကြောင့် ရှားဝမ်ချွေ့မျက်နှာ ဖြူရော်သွားခဲ့ပါသည်။

တခြား နေရာတစ်ခုမှာတော့။

ရှန်ဟိုင်းမြို့ လမ်းမပေါ်တွင်။

ရှန်ဟိုင်းမြို့ လမ်းမတစ််ခုပေါ်တွင်....။

ညနေ ၆ နာရီ ၂၃ မိနစ်။

ကားအက်စီးဒင့်တစ်ခု ဖြစ်သွားခဲ့သည်။

Bugatti La Voiture Noire ကြီး နှစ်ပိုင်း ကျိုးသွားခဲ့သည်။

လေအိတ်ကြီးလည်း ထွက်နေ၏။

လင်းဖန်တစ်ယောက် ကားထဲမှာ သတိလစ်နေပါပြီ။

သူ့ခေါင်းပေါ်က သွေးများက မြေပေါ်သို့ စီးကျနေ၏။

လွန်ခဲ့သည့် ၁ မိနစ်လောက်က လင်းဖန် Crystal စာားသောက်ဆိုင်ဆီသို့ ကြိုရောက်အောင် မောင်းနှင်နေခဲ့သည်။ သို့သော်လည်း အက်စီးဒင့်တစ်ခု ဖြစ်ပွားခဲ့၏။

လူကူးမျဥ်းကြားပေါ်တွင် ချစ်စရာကောင်းသည့် ကလေးမလေးတစ်ယောက် ရှိခဲ့၏။ သူမက အသက် ၈ နှစ်လောက်သာ ရှိဦးမည်။ သူမ လူကူးမျဥ်းကြားတွင် ဖြတ်ကူးနေစဥ် သူမရှေ့က ကားတစ်စီးက အထိန်းအကွပ် ကင်းမဲ့သွားခဲ့၏။ ဘရိတ်နဲ့ စတီယာရင်လည်း အလုပ် မလုပ်တော့ပေ။ ထိုကားက ကလေးမလေးဆီသို့ တဟုန်ထိုး ပြေးလွှားနေသည်။

ကလေးမလေးက ကြောက်လန့်သွားပြီး ဘယ်ကို ပြေးရမှန်းတောာင် မသိတော့ပေ။

လမ်းမပေါ်တွင် ၆၀km/h နှုန်းဖြင့် မောင်းနှင်နေသဖြင့် ကလေးမလေး သေသွားနိုင်ပါသည်။

အရေးပေါ်အချိန်တွင် လင်းဖန်၏ Bugatti ကားကြီးက ပြေးဝင်လာပြီး ဗန်ကားကြီးနဲ့ တိုက်သွားပါသည်။

လင်းဖန်က ဗန်ကားထဲက ဒရိုင်ဘာနဲ့ ကလေးမလေးကို ကယ်တင်လိုက်ခြင်းဖြစ်သည်။

သူ ဆုံးဖြတ်ချက်ချလိုက်သည့် အချိန်တွင် လင်းဖန် လုံးဝ နောင်တမရခဲ့ပေ။

သူက သူတော်စင်လည်း မဟုတ်သလို  နတ်ဘုရားလည်း မဟုတ်ပါ။ ဗန်ကားကို စိတ်နဲ့ ရပ်တန့်သွားအောင် မလုပ်နိုင်ပေ။

လူကူးမျဥ်းကြားပေါ်က ကလေးမလေးက သက်ရှိလူသားတစ်ယောက်ဖြစ်သောကြောင့်ပင်။

လင်းဖန်က သူမကို အန္တရာယ်ထဲ ပစ်ထားခဲ့လို့ မဖြစ်ပေ။

ဒါက လူသားတစ်ယောက်အနေနဲ့ သူ့ခံယူချက် ဖြစ်သည်။ အဘွားအိုတစ်ယောက် လမ်းမပေါ် လဲကျသွားတာကို လျစ်လျူရှုမည် မဟုတ်ပါ။

လင်းဖန်လို လူမျိုး ကမ္ဘာကြီးထဲမှာ အများကြီး ရှိနိုင်ပါသည်။

ဥပမာအားဖြင့် အချိန်တစ်ခုတွင်၊ မြို့တော်တစ်ခု၌ ကြီးမားသော မတော်တဆမှုကြီးတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူရဲကောင်းပေါင်းများစွာက  လူတွေကို တွန့်ဆုတ်မှု မရှိဘဲ ကယ်တင်ခဲ့ကြသည်။

လင်းဖန်က သူ့ကိုယ်သူ မြင့်မြတ်သူ၊ သူရဲကောင်းတစ်ယောက်ဟု တစ်ခါမှ မထင်ဖူးပါ။

သူ လုပ်သင့်တာကိုပဲ လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုအချိန်တုန်းက ကလေးမလေးကို ကယ်တင်နိုင်တာ သူတစ်ယောက်သာ ရှိသည်။

ည ၈ နာရီခွဲအချိန်။

လင်းဖန် ရှန်ဟိုင်းမြို့က ဆေးရုံတစ်ခုကို ရောက်နေပါသည်။

အပြင်ဘက်မှာ စောင့်နေသည့် ကလေးမလေးက ကယ်တင်ခံလိုက်ရသည့် ကောင်မလေး ဖြစ်ပါသည်။

ကလေးမလေး၏ နာမည်က ထျန်ရှင်းရန် ဖြစ်သည်။ သူမ မိဘနှစ်ယောက်စလုံးက ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့ရ၏။ သူမ၏ ဆွေမျိုးများနဲ့ သူငယ်ချင်းများက သူမကို ဝန်ထုပ်ဝန်ပိုးလို သဘောထားခဲ့ကြသည်။ သူမ မိဘများကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

သူမ တံခါးအပြင်ဘက်မှာ ဆိုးဆိုးရွားရွား ငိုကြွေးခဲ့ရ၏။

သူမက ဂြိုဟ်ဆိုးတစ်ခုလိုပင်။

သူမ မိဘများ သေဆုံးသွားခဲ့သည်။

သူမကို ကယ်တင်ခဲ့သည့် အစ်ကိုကြီးလင်းဖန်ကိုလည်း ထိခိုက်အောင် လုပ်မိခဲ့၏။

ကလေးမလေးက အရပ်မရှည်ပါ။ သူမ မျက်နှာပေါ်မှာလည်း ဖုန်မှုန့်သဲမှုန့်များ ကပ်နေသည်။ သူမ အဝတ်အစားများက ဖာထေး၊ စုတ်ပြဲနေကာ အနည်းငယ် ညစ်ပေနေသည်။ သို့သော်လည်း ထျန်ရှင်းရန်က အလွန်လှပပါသည်။

ထျန်ရှင်းရန်ဘေးမှာတော့ ကောင်မလေးတစ်ယောက်က စိတ်သောကများဖြင့် လောင်ကျွမ်းကာ ထိုင်နေခဲ့ပါသည်။

Zawgyi

လင္းဖန္ 179+180

အခန္း(၁၇၉) ဒီေန႔ ငါဖြင့္ေျပာမယ္

"အင္း ကြၽန္ေတာ့္ကို နည္းနည္းေလာက္ ျပေပးပါဦး" လင္းဖန္က ျပဳံးလိုက္ပါသည္။

"ဒီလည္ဆြဲေလးက Bulgari ကပါ။ Bulgari က အီတလီမွာ ၁၈၈၄ ခုႏွစ္က စတင္ခဲ့တာေလ။ ကမ႓ာေက်ာ္ အဆင့္ျမင့္ လက္ဝတ္ရတနာ ဘရန္းတစ္ခုေပါ့။ အဲ့ဒီဘရန္းနာမည္ေအာက္က လက္ဝတ္ရတနာေတြက ဒီဇိုင္းဆန္းသစ္မႈနဲ႔ အေရာင္အေသြးစုံလင္မႈတို႔ေၾကာင့္ လူသိမ်ားၾကတယ္။ ေကာင္မေလးေတြ ဝတ္ဖို႔ အရမ္းလိုက္ဖတ္တယ္။ မစၥတာလင္း ႐ွင့္ရဲ႕ ေကာင္မေလးသာ ဒီလည္ဆြဲကို ဝတ္လိုက္ရင္ ေသခ်ာေပါက္ အရမ္းလွသြားမွာပါ" ဆိုင္ဝန္ထမ္းက ျပဳံးကာ ေျပာလိုက္ပါသည္။ဓ

လင္းဖန္ရဲ႕ ေကာင္မေလး ဘယ္သူဘယ္ဝါျဖစ္သည္ဆိုတာကိုေတာ့ ဆိုင္ဝန္ထမ္းက ေမးမွာ မဟုတ္ေပ။

ဒါေတြက လင္းဖန္၏ ကိုယ္ေရးကိုယ္တာ ကိစၥမ်ား ျဖစ္သည္။

"အင္း ၾကည့္ပါရေစ။ မဆိုးပါဘူး။ ကြၽန္ေတာ္ ယူလိုက္မယ္။ ဘယ္ေလာက္လဲ။" လင္းဖန္က ေမးလိုက္၏။

"ဒီ  Bulgari လည္ဆြဲေလးက ၁၃၈,၀၀၀ ယြမ္ တန္ပါတယ္။ မစၥတာလင္း အျမင္႐ွိသားပဲ။ ႐ွင့္ေကာင္မေလးကေတာ့ ႐ွင့္လိုေကာင္ေလးမ်ိဳး ရထားလို႔ အရမ္းဝမ္းသာေနေတာ့မွာပဲ" အမ်ိဳးသမီးဝန္ထမ္းက ျပဳံးလိုက္ပါသည္။

"ကြၽန္ေတာ္ ယူမယ္။ ထုတ္ပိုးလိုက္ပါ။"

"ကြၽန္ေတာ္ စိန္လက္စြပ္ေတြ ၾကည့္ဦးမယ္...  အင္း... ဒီတစ္ခုက ဘယ္လိုလဲ" လင္းဖန္က ေမးလိုက္ပါသည္။ သူ စိန္လက္စြပ္ တစ္ကြင္းကို ၾကည့္လိုက္၏။ အဆိုပါ စိန္လက္စြပ္က ေတာက္ပေနကာ အလြန္ ဆြဲေဆာင္မႈ႐ွိလြန္းေနပါသည္။

"မစၥတာလင္း အျမင္႐ွိလိုက္တာ႐ွင္။ ဒီစိန္လက္စြပ္ေလးက ကြၽန္မတို႔ဆိုင္ရဲ႕ ရတနာလိုပါပဲ။ နာမည္အျပည့္အစုံက Van Cleef & Arpels Bonheur မဂၤလာလက္စြပ္ လို႔ ေခၚပါတယ္။"

"ဒီစိန္လက္စြပ္ေလးမွာ အရမ္း ေလးနက္တဲ့ အဓိပၸာယ္႐ွိတယ္။ Bonheur ဆိုတာက စိန္လို မာေက်ာၿပီး ထာဝရတည္ၿမဲတဲ့အခ်စ္ကို ကိုယ္စားျပဳတယ္။ Bonheur လက္စြပ္ေတြရဲ႕ သြန္းလုပ္တဲ့နည္းလမ္းက Van Cleef & Arpels ရဲ႕ ေျပာင္ေျမာက္တဲ့ လက္ရာေတြနဲ႔ အရည္အေသြးေတြကို သေဘာက်တဲ့လူေတြ အတြက္ပါ။ သူ႕ရဲ႕ ႐ိုး႐ွင္းတဲ့စတိုင္ကို Bonheur လက္စြပ္က ေဖာ္ျပထားတယ္။ စိန္ရဲ႕ မ်က္ႏွာျပင္ေပၚက အေပါက္ပါတဲ့ ဒီဇိုင္းေၾကာင့္ စိန္ရဲ႕ အလင္းကို ပိုၿပီး ေတာက္ပေစတယ္။ ေဘးမွာလည္း ေက်ာက္မ်က္ရတနာေတြနဲ႔ ျခယ္ထားတဲ့ ေဘာင္ေလးခုက စိန္ရဲ႕ ေတာက္ပမႈကို ပိုေလးနက္ေစတယ္" အမ်ိဳးသမီး ဝန္ထမ္းက ေျပာလိုက္ပါသည္။

"ဒီစိန္လက္စြပ္ေစ်းက ၃၄၈,၀၀၀ ပါ။ လက္ခံႏိုင္မယ္လို႔ ထင္လား။" အမ်ိဳးသမီးဝန္ထမ္းက ေျပာလိုက္ပါသည္။

"ထုပ္လိုက္ပါ။ ကြၽန္ေတာ္ ကတ္နဲ႔ ႐ွင္းမယ္" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။ သူ ဒီေန႔ စိတ္႐ႊင္ေနသျဖင့္ ေစ်းေတာင္ မဆစ္ခ်င္ေတာ့ပါ။ လည္ဆြဲနဲ႔ စိန္လက္စြပ္တို႔ႏွစ္ခုေပါင္း ၅၀၀,၀၀၀ ေအာက္ ႐ွိသည္။

လင္းဖန္ စိန္လက္စြပ္အတြက္ ေစ်းမျဖတ္ခ်င္ေပ။ သူ႕မိန္းမအတြက္ ျပင္ဆင္ထားျခင္း ျဖစ္သည္။

ေငြနည္းနည္းေလာက္ ပိုသုံးရလည္း ကိစၥမ႐ွိပါ။ သူ ေငြဆုံး႐ႈံးသြားရင္ေတာင္ အမ်ားႀကီး မဟုတ္ေလာက္ေပ။

ထို႔အျပင္ အဆင့္ျမင့္ လက္ဝတ္ရတနာဆိုင္မ်ားတြင္ ပုံမွန္အားျဖင့္ အလိမ္ခံရမွာလည္း မဟုတ္ေပ။ လင္းဖန္က စိတ္မပူပါ။

"ေကာင္းပါၿပီ မစၥတာလင္း။ ႐ွင္က ကြၽန္မတို႔ လက္ဝတ္ရတနာဆိုင္ရဲ႕ မန္ဘာဝင္ ျဖစ္သြားပါၿပီ။ ကြၽန္မတို႔ ၁၀ ရာခိုင္ႏႈန္းေလွ်ာ့ေစ်း ေပးပါ့မယ္။ ဝယ္ယူအားေပးမႈအတြက္ ေက်းဇူးတင္ပါတယ္႐ွင္။"

"ပ႐ိုပို႔စ္လုပ္တာ ေအာင္ျမင္ၿပီး ေကာင္မေလးနဲ႔ တစ္သက္တာ ေပ်ာ္႐ႊင္မႈကို ရ႐ွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။" အမ်ိဳးသမီးဝန္ထမ္းက ေတာက္ပစြာ ျပဳံးလိုက္ၿပီး လင္းဖန္အတြက္ အားလုံးကို ထုပ္ပိုးျပင္ဆင္ေပးလိုက္ပါသည္။

"ေက်းဇူးတင္ပါတယ္" လင္းဖန္ကေခါင္းၿငိမ့္လိုက္သည္။

႐ွားဝမ္ေခြၽ႕နဲ႔ တစ္သက္လုံး ေပ်ာ္႐ုံနဲ႔ မလုံေလာက္ေသးပါ။

သူမနဲ႔ ကေလး နည္းနည္းေလာက္ ေမြးရပါဦးမည္။

သူ႕မွာ ေ႐ြးခ်ယ္စရာ မ႐ွိေပ။ သူက အလြန္ေခ်ာကာ ႐ွားဝမ္ေခြၽ႕ကလည္း အလြန္လွပ၏။ သူတို႔ေမြးမည့္ ကေလးမ်ားက ေသခ်ာေပါက္ မိန္းမလွေလးေလးမ်ား၊ သို႔မဟုတ္ ေကာင္ေခ်ာေလးမ်ား ျဖစ္လာႏိုင္ပါသည္။

သို႔ေသာ္လည္း လင္းဖန္က သမီးေလး ပိုလိုခ်င္သည္။ ဘာပဲျဖစ္ျဖစ္ သမီးမ်ားက အရင္ဘဝတုန္းက အေဖမ်ား၏ ခ်စ္သူမ်ား ျဖစ္ၾကသည္။ သားတစ္ေယာက္သာ ရလိုက္ပါက သားက သူနဲ႔ ၿပိဳင္ၿပီး သူ႕မိန္းမကို လုေနႏိုင္ပါသည္။

ေနာက္ပိုင္း သူ နာမည္ေက်ာ္ ထပ္မလုပ္ခ်င္ေတာ့လွ်င္ သူတို႔ အိမ္မွာပဲေနၿပီး ဘဝကို ေပ်ာ္ေပ်ာ္ေနလို႔ ရပါသည္။ ဒီလိုလွပသည့္ မိန္းမ၊ ခ်စ္ဖို႔ေကာင္းသည့္ ကေလးမ်ိဳးနဲ႔ဆို သူ႕ဘဝက အလြန္ေပ်ာ္႐ႊင္ဖြယ္ ေကာင္းလိမ့္မည္။

ဒီလိုဘဝေကာင္းေကာင္းမ်ိဳး ရႏိုင္ဖို႔ လိုအပ္ခ်က္ေတာ့ ႐ွိပါသည္။

မနက္ျဖန္ သူခ်စ္ခြင့္ပန္ရာမွာ ေအာင္ျမင္မွ ရပါမည္။

အနည္းဆုံးေတာ့ သူ႕ေကာင္မေလးျဖစ္လာေအာင္ အရင္လုပ္ႏိုင္ရမည္။

ေနာက္ပိုင္း သူ႕ရဲ႕ ပ႐ိုပို႔စ္ကိစၥကို ျဖည္းျဖည္းခ်င္း စီစဥ္သြားႏိုင္ပါသည္။

သို႔ေသာ္လည္း လင္းဖန္ သည္းမခံႏိုင္ဘဲ ႐ွားဝမ္ေခြၽ႕ကို ခ်က္ခ်င္း ပ႐ိုပို႔စ္လုပ္လိုက္တာလည္း ျဖစ္ႏိုင္သည္။

သူ႕ေကာင္မေလးဆိုတာထက္ ဇနီးသည္ ျဖစ္လာရင္ ပိုမေကာင္းဘူးလား။

ဘာမွန္း မသိလိုက္ဘဲ ေနာက္တစ္ေန႔သို႔ ေရာက္လာခဲ့ပါသည္။

ဒီေန႔က ႐ွားဝမ္ေခြၽ႕၏ ေမြးေန႔ ျဖစ္သည္။

႐ွားဝမ္ေခြၽ႕က ေန႔ဘက္တြင္ Keep Running ေနာက္ဆုံးပိုင္းကို ႐ိုက္ကူးဖို႔ ထြက္သြားခဲ့ပါသည္။

ညဘက္မွာေတာ့ Keep Running ကို တိုက္႐ိုက္ထုတ္လႊင့္ျပသမည္ျဖစ္သည္။

ထိုအခ်ိန္တြင္ လင္းဖန္၏ ဖုန္းျမည္လာခဲ့၏။

"ညီေလးဖန္ က်ဳပ္က Keep Running ဒါ႐ိုက္တာ လင္းဟုန္ပါ။ က်ဳပ္တို႔ ဒီေန႔ည ၂၁:၃၀ ေလာက္မွာ Crystal စားေသာက္ဆိုင္နား ေရာက္လိမ့္မယ္။"

"အဲ့အခ်ိန္က်ရင္ ႐ွားဝမ္ေခြၽ႕ရဲ႕ ေမြးေန႔ပြဲကို က်င္းပဖို႔အတြက္ အင္တာနက္ေပၚမွာ တိုက္႐ိုက္ထုတ္လႊင့္မႈကို လုပ္မယ္။ မင္းက  Crystal စားေသာာက္ဆိုင္ တစ္ဆိုင္လုံးကို ဘိုကင္လုပ္ထားၿပီးၿပီ မဟုတ္လား။ ဒါေပမယ့္ ႐ွားဝမ္ေခြၽ႕ကို စပ႐ိုက္ လုပ္ဖို႔ Crystal စားေသာက္ဆိုင္ကိုေတာ့ ႀကိဳသြားထားရမယ္" လင္းဟုန္က ေျပာလိုက္ပါသည္။

"ကိစၥမ႐ွိပါဘူး။ ဒါေပမယ့္ သူ႕ကိုေတာ့ ႀကိဳမသိေစနဲ႔ေနာ္" လင္းဖန္က ျပဳံးလိုက္ပါသည္။

"ဟုတ္ပါၿပီ ညီေလးဖန္ နားလည္ပါၿပီ” လင္းဟုန္က ေခါင္းၿငိမ့္လိုက္ပါသည္။

ဘာပဲျဖစ္ျဖစ္ ဒီေန႔က ႐ွားဝမ္ေခြၽ႕ ေမြးေန႔ျဖစ္သည္။ သူမအတြက္ေတာ့ အလြန္႔အလြန္အေရးပါပါသည္။

သို႔ေသာ္လည္း တိုက္႐ိုက္ထုတ္လႊင့္မည္ဆိုတာက ႐ွားဝမ္ေခြၽ႕၏ ေမြးေန႔ပြဲကို က်င္းပေပးဖို႔ လင္းဖန္ကိုယ္တိုင္ အခမ္းအနားမွာ ေရာက္ေနမည္ဟု ဆိုလိုသည္။

ထိုအခ်ိန္တြင္ တီဗီၾကည့္ေနသူတိုင္းကို သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔ တြဲၾကေတာ့မည္ျဖစ္ေၾကာင္း ေၾကညာလိုက္တာနဲ႔ ညီမွ်ပါသည္။

လင္းဖန္က ဒီေန႔ေရာက္လာဖို႔ ေစာင့္ေမွ်ာ္ေနခဲ့တာ ၾကာပါၿပီ။

ထို႔ေနာက္ စုေ႐ွာင္းယြီ၏ ဖုန္းသံျမည္လာသည္။

"ဆရာ နင္စိန္လက္စြပ္ ဝယ္ၿပီးၿပီလား" စုေ႐ွာင္းယြီက ေမးလိုက္ပါသည္။

"အားလုံး ဝယ္ၿပီးၿပီ" လင္းဖန္က ျပဳံးလိုက္သည္။

"ဟီးဟီး ဆရာ နင္ငါ့ကို ေက်းဇူးတင္သင့္တယ္ေနာ္။"

"ဒီေန႔ အစ္မဝမ္ေခြၽ႕ ေမြးေန႔ပြဲကို က်င္းပေပးၿပီး စိန္လက္စြပ္ကို ထုတ္လိုက္တာနဲ႔ နင့္ေကာင္မေလးျဖစ္ဖို႔ကို အသာထားဦး။ သူ႕ကို ပ႐ိုပို႔စ္လုပ္ရင္ေတာင္ ေအာင္ျမင္ေလာက္တယ္~" စုေ႐ွာင္းယြီက တခစ္ခစ္ ရယ္ေမာလိုက္ပါသည္။

"ဉာဏ္ေကာင္းလိုက္တဲ့ဟာမေလး။ နင္ဘာလိုခ်င္လဲသာ ေျပာလိုက္။ ငါ့ကိုကူညီတာ အလကား မျဖစ္ေစရဘူး" လင္းဖန္က အျပဳံးျဖင့္ ေျပာလိုက္ပါသည္။

စုေ႐ွာင္းယြီက မ်က္ေတာင္ခတ္လိုက္ၿပီး ျပန္ေျပာလိုက္ပါသည္။ "ဆရာ နင္ခ်က္ေကြၽးတာ စားခ်င္တယ္။ နင္ခ်က္ေကြၽးတာ စားရရင္ ေက်နပ္ၿပီ။"

လင္းဖန္က ေခတၱ စဥ္းစားလိုက္သည္။ "နင့္ကို ေငြေတြ အမ်ားႀကီးေပးမယ့္ ကုမၸဏီေထာက္ခံခ်က္ တခ်ိဳ႕ ႐ွာေပးရမလား။"

လင္းဖန္က ႐ွာထုတ္ကာ ေခါင္းခါလိုက္သည္။ "ဆရာ ငါေငြမလိုဘူး။ ေနာက္ပိုင္း ငါ့ေကာင္ေလး ျဖစ္လာတဲ့ ဘယ္သူ႕ကိုမဆို ခန္းဝင္ပစၥည္းအေနနဲ႔ ၁ ဘီလီယံယြမ္ေပးမ်ာတဲ့။ အဲ့ဒီေကာင္ေလးကေတာ့ တင္ေတာင္းဖို႔ တစ္ျပားတစ္ခ်ပ္မွ ထုတ္စရာ မလိုဘူး။"

လင္းဖန္ "..."

သူ႕ကိုယ္သူ ခ်မ္းသာလြန္းေနၿပီဟု ထင္ခဲ့မိသည္။

တကယ့္သူေဌးေတြႏွင့္ယွဥ္လွ်င္ အလြန္ ျခားနားေနေသးမွန္း မသိခဲ့ပါ။

ေနာက္ပိုင္း စုေ႐ွာင္းယြီကို လက္ထပ္ႏိုင္မည့္လူကေတာ့ အလြန္ေပ်ာ္႐ႊင္ပါလိမ့္မည္။

အေရးအႀကီးဆုံးက စုမိသားစုက  မိသားစုႀကီး တစ္ခု ျဖစ္သည္။ စုေ႐ွာင္းယြီ၏ အေဖကလည္း ေယာက်္ားေလးမိသားစုအတြက္ မည္သည့္ ေတာင္းဆိုခ်က္မွ မ႐ွိေလာက္ပါ။

ဒီကမ႓ာႀကီးတြင္ စုေ႐ွာင္းယြီအေဖ၏ ႂကြယ္ဝမႈက Bill Gates ထက္ ေက်ာ္လြန္ၿပီး ကမ႓ာေပၚက အခ်မ္းသာဆုံးလူ ျဖစ္လာခဲ့သည္။

ေယာက်္ားေလးဘက္က မိသားစုက ဘယ္ေလာက္ပဲ ခ်မ္းသာေနပါေစ စုေ႐ွာင္းယြီတို႔၏ မိသားစုကိုေတာ့ ယွဥ္ႏိုင္မွာ မဟုတ္ေပ။

စုေ႐ွာင္းယြီကိုသာ ေယာက်္ားေလး တစ္ေယာက္ လက္ထပ္လိုက္ပါက ခ်စ္ဖို႔ေကာင္းသည့္ မိန္းမလွေလးေလး တစ္ေယာက္ကို ဇနီးအျဖစ္ ရ႐ုံသာမကဘဲ လက္ထပ္ၿပီးေနာက္ အလြန္အမင္း ေပ်ာ္႐ႊင္ရႏိုင္ပါသည္။

ထို႔အျပင္ စုေ႐ွာင္းယြီတို႔မိသားစုက သူ႕ကို ခန္းဝင္ေငြ ၁ ဘီလီယံယြမ္လည္း ေပးဦးမည္။

ဘယ္သူမဆို မက္ေမာသြားခ်င္စရာပင္။ လင္းဖန္ကေတာ့ ႁခြင္းခ်က္ ျဖစ္၏။

လင္းဖန္ သက္ျပင္းခ်လိုက္ပါသည္။ သနားရာ ႐ႈယန္ေလး။ သူသာ စုေ႐ွာင္းယြီလို႔ ေကာင္မေလးမ်ိဳးကို ႐ွာႏိုင္ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ။

ေနာက္ဆုံးမွာေတာ့ ႐ႈယန္က လင္းက်င္းက်င္းနဲ႔ တြဲေနသည့္ပုံပင္။ ဒါလည္း မဆိုးလွပါ။

စုေ႐ွာင္းယြီ အနာဂတ္မွာ ဘယ္သူ႕ကို လက္ထပ္ရမလဲဆိုတာကေတာ့ အနည္းငယ္ ဒုကၡမ်ားစရာ ျဖစ္ပါသည္။

လင္းဖန္ ေခါင္းခါလိုက္သညသ္။ ဒါက သူေတြးေနရမည့္အရာ မဟုတ္ေပ။

လင္းဖန္ သတင္းေတြကို ျမင္ဖူးပါသည္။ အာဖရိကန္ႏိုင္ငံတစ္ခုက သူေဌးတစ္ေယာက္၏ သမီးက အလြန္ခ်မ္းသာသည္ဟုဆိုသည္။ သို႔ေသာ္လည္း သူ႕သမီးက အနည္းငယ္ ဝေန၏။ တက္ထိုင္လိုက္လွ်င္ က်ိဳးေၾကႏိုင္ေသာ ဝျခင္းမ်ိဳး ျဖစ္၏။

ဒီသူေဌးက သူ႕သမီးကို လက္ထပ္မည့္ ဘယ္သူ႕ကိုမဆို မီလီယံဆယ္နဲ႔ ခ်ီၿပီး ေပးလိမ့္မည္။

သူတို႔ ေငြအမ်ားႀကီး ရႏိုင္ေသာ္လည္း ထိုလူ႕၏ အိမ္ေထာင္ေရးဘဝကေတာ့ အနည္းငယ္ နာက်င္စရာ ျဖစ္ပါသည္။

သာမန္ေယာက်္ားေလးေတြကေတာ့ ခံႏိုင္ရည္ မ႐ွိေလာက္ပါ။

ဒါမ်ိဳးကို ႀကိဳျမင္သျဖင့္ စုေ႐ွာင္းယြီ လက္ထပ္ႏိုင္မွာေတာင္ မဟုတ္ေလာက္ဘူးဟု လင္းဖန္ ခံစားမိပါသည္။

စုေ႐ွာင္းယြီတို႔ မိသားစုက ခ်မ္းသာလြန္း၏။ သူမကို မည္သူက လက္ထပ္ရဲမည္နည္း။ သူမကို ညဘက္မွာ နာက်င္ေအာင္ လုပ္ပါက သူမအေဖက ေနာက္တစ္ေန႔က်လွ်င္ သူ႕ေနာက္လိုက္ၿပီး အစိတ္အစိတ္ အမႊာမႊာ ခုတ္ထစ္ပစ္ႏိုင္သည္။ ဘာမွန္း မသိလိုက္ဘဲ ညေနခင္း ၆ နာရီပင္ ထိုးေနပါၿပီ။ လင္းဖန္က Bugatti ကားႀကီးကို ေမာင္းကာ ထြက္လာခဲ့သည္။

ဒီေန႔ည ႐ွားဝမ္ေခြၽ႕နဲ႔တူတူ သူမ၏ ေမြးေန႔ကို က်င္းပမည္။

လင္းဖန္ ဒီေန႔အတြက္ ျပင္ဆင္ထားခဲ့တာ ၾကာပါၿပီ။

ေနာက္ဆုံးေတာ့ ဒီေန႔ကို ေရာက္လာခဲ့ၿပီျဖစ္သည္။

သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ရင္းႏွီးခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာပါၿပီ။

ဒီေန႔ေတာ့  လင္းဖန္ တရားဝင္ ေျခလွမ္းလွမ္းေတာ့မည္။

သူ႕တစ္ဘဝလုံးကို သူမတစ္ေယာက္တည္းနဲ႔သာ ျဖတ္သန္းေတာ့မည္ျဖစ္သည္။

အခန္း(၁၈၀) ဒီေမြးေန႔ကို နင္နဲ႔ အတူ က်င္းပမွာပါ

Keep Running ႐ိုက္ကူးေရးေနရာတြင္…

တစ္ေနကုန္ အလုပ္မ်ားေနခဲ့ေသာ ႐ွားဝမ္ေခြၽ႕တစ္ေယာာက္ ကားထဲတြင္ အိပ္ေပ်ာ္ေနပါသည္။ ေနာက္ဆုံးမွာေတာ့ သူမ တျဖည္းျဖည္းနဲ႔ ပိုၿပီး စိတ္ပ်က္သြားမိ၏။

အရင္တုန္းက လင္းဖန္နဲ႔ အတူ သူမ၏ ေမြးေန႔ပြဲကို မျဖတ္သန္းႏိုင္ခဲ့ပါ။

ဒီႏွစ္လည္း အတူတူပဲ ျဖစ္သည္။

သူမရင္ထဲမွာေတာ့ လင္းဖန္နဲ႔ ေမြးေန႔ပြဲကို အတူတူ က်င္းပႏိုင္ဖို႔ ေမွ်ာ္လင့္မိေနဆဲ ျဖစ္ပါသည္။

ေမြးေန႔ပြဲတစ္ခုေလာက္က အေရးမႀကီးေသာ္လည္း ဒါက ႐ွားဝမ္ေခြၽ႕ႏွစ္ေပါင္းမ်ားစြာ စြဲလမ္းခဲ့ရေသာ အရာ ျဖစ္ပါသည္။

Keep Running ကို ႐ိုက္ကူးေနၾကသည့္ ဧည့္သည္နဲ႔ နာမည္ေက်ာ္မ်ားစြာ ႐ွိေနသည္။

႐ွားဝမ္ေခြၽ႕နဲ႔ ကားထဲမွာ အတူထိုင္ေနသည့္လူက စူပါစတား လင္းခယ့္႐ွင္း ျဖစ္ပါသည္။

"အစ္မဝမ္ေခြၽ႕ Happy Birthday ပါ~" လင္းခယ့္႐ွင္းက ျပဳံးလိုက္ပါသည္။

"ေက်းဇူးတင္ပါတယ္"  ႐ွားဝမ္ေခြၽ႕က ျပန္ျပဳံးျပလိုက္ပါသည္။

"အစ္မဝမ္ေခြၽ႕ လင္းဖန္က ဒီေန႔ ေမြးေန႔ပြဲအတူ လာက်င္းပေပးမွာလား" လင္းခယ့္႐ွင္းက ေမးလိုက္ပါသည္။

တျခားသူေတြသာ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ဆက္ဆံေရးကို မသိေလာက္မည္။ လင္းခယ့္႐ွင္းကေတာ့ သိပါသည္။

သူတို႔ စုံတြဲေတြ မျဖစ္ေသးရင္ေတာင္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ဆက္ဆံေရးက အလြန္ေကာင္းသည္။

ထို႔အျပင္ Keep Running မွ လူတိုင္းကလည္း လင္းဖန္ လာမွာကို သိေနၾကပါသည္။

႐ွားဝမ္ေခြၽ႕နဲ႔ လင္းခယ့္႐ွင္းတို႔သာ မသိျခင္း ျဖစ္၏။

ဘာပဲျဖစ္ျဖစ္ ဒီေန႔ Keep Running ကို ႐ိုက္ကူးေနစဥ္ လင္းခယ့္႐ွင္းနဲ႔ ႐ွားဝမ္ေခြၽ႕တို႔ တစ္ခ်ိန္လုံးနီးပါး အတူတူ ႐ွိေနခဲ့ၾကသည္။

"သူ... မလာေလာက္ပါဘူး။"

"ေမြးေန႔တစ္ခုပါပဲ။ ဘာမွ အေရးမႀကီးပါဘူး" ႐ွားဝမ္ေခြၽ႕က ေပါ့ပါးစြာ ျပဳံးလိုက္ပါသည္။ အျပင္ပိုင္းမွာ ဂ႐ုမစိုက္ခ်င္ေယာာင္ေဆာင္လိုက္သည္။

မိန္းကေလးတစ္ေယာက္အေနနဲ႔ သူမ သေဘာက်သည့္ ေကာင္ေလးက ေမြးေန႔ကို ေမ့သြားလွ်င္ အနည္းဆုံးေတာ့ အနည္းငယ္ စိတ္ပ်က္သြားပါလိမ့္မည္။

လင္းခယ့္႐ွင္းက ႐ွားဝမ္ေခြၽ႕ကိုၾကည့္ကာ ျပဳံးလိုက္ပါသည္။ "အစ္မဝမ္ေခြၽ႕ မိန္းမေတြရဲ႕ ဆဌမအာ႐ုံနဲ႔ ၾကည့္လိုက္ရင္ သူ မေမ့ေလာက္ဘူးလို႔ ကြၽန္မ ထင္တယ္။"

"အစ္ကိုလင္းဖန္က ဘယ္လိုလူမ်ိဳးမို႔လို႔လဲ။ သူက ဇာတ္ၫႊန္းေရးဆရာ တစ္ေယာက္ပဲ။ သူ႕ဇာတ္ၫႊန္းေတြက အရမ္းေကာင္းၿပီး ဒါ႐ိုက္တာေကာင္းတစ္ေယာက္လည္း ျဖစ္တယ္။ ဒီေလာက္ ေစ့စပ္တိက်တဲ့ ေကာင္ေလးတစ္ေယာက္က အစ္မေမြးေန႔ကို ေမ့ပါ့မလား" လင္းခယ့္႐ွင္းက ေျပာလိုက္သည္။

"ဒါမွမဟုတ္... သူ အစ္မေ႐ွ႕မွာ တမင္သက္သက္ ေမ့ခ်င္ေယာင္ေဆာင္လိုက္တာ ေနမွာေပါ့" လင္းခယ့္႐ွင္း၏ အျပဳံးက ခ်စ္ဖို႔ေကာင္းပါသည္။ သူမက ေပက်င္း႐ုပ္႐ွင္တကၠသိုလ္မွ  ဘြဲ႕ရထားသူ ျဖစ္သည္။ သူမ တစ္ခါမွ ရည္းစား မထားဖူးေသာ္လည္း အလြန္ဉာဏ္ထက္ပါသည္။

"နင့္ကို မယုံပါဘူး။ မ်ားမ်ား ေမွ်ာ္လင့္ထားရင္ မ်ားမ်ား စိတ္ပ်က္ရတတ္တယ္" ႐ွားဝမ္ေခြၽ႕က လွ်ာထုတ္ကာ ေျပာလိုက္ပါသည္။

"ဟုတ္ပါၿပီ။ အဲ့အေၾကာင္း မေျပာၾကရေအာင္။ ဒီမွာ ကင္မရာႀကီးလည္း ႐ွိတယ္။ ဒီလိုျမင္ကြင္းသာ ထုတ္လႊင့္တဲ့အထဲ ပါသြားရင္ လင္းဖန္နဲ႔ ငါနဲ႔ၾကား တစ္ခုခု ႐ွိေနတယ္လို႔ အားလုံး ထင္မသြားႏိုင္ဘူးလား။" ႐ွားဝမ္ေခြၽ႕က ေျပာလိုက္ပါသည္။

လင္းခယ့္႐ွင္းက ႐ွားဝမ္ေခြၽ႕၏ ပခုံးေပၚတြင္ မွီကာ ေျပာလိုက္ပါသည္။ "အစ္မဝမ္ေခြၽ႕ အစ္မနဲ႔ သူၾကား တကယ္လည္း တစ္ခုခု ႐ွိေနတာာပဲကို။ အစ္မတို႔က အရမ္းလိုက္ဖက္လြန္းလို႔ ကြၽန္မေတာင္ နည္းနည္း အားက်လာၿပီ။"

႐ွားဝမ္ေခြၽ႕က ႐ွက္ေသြးျဖာသြားသည္။ "ဖယ္စမ္းပါ~"

လင္းခယ့္႐ွင္းက ပို၍ပင္ ကပ္လာပါသည္။  "ဂ႐ုမစိုက္ဘူး။ ဂ႐ုမစိုက္ဘူး~"

႐ွားဝမ္ေခြၽ႕၏ ရင္ထဲတြင္ ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ျပည့္ႏွက္သြားခဲ့သည္။

သူသာ တကယ္ေရာက္လာႏိုင္ခဲ့လွ်င္...။

တိုက္႐ိုက္ထုတ္လႊင့္မႈေ႐ွ႕မွာ သူတို႔ႏွစ္ေယာက္ကို ျမင္သြားလည္း ဘာျဖစ္လဲ။

သူနဲ႔ သူမ ေမြးေန႔ပြဲကို အတူတူ က်င္းပႏိုင္လွ်င္ အေကာင္းဆုံးပဲ မဟုတ္လား။

႐ုတ္တရက္ႀကီး ႐ွားဝမ္ေခြၽ႕ အနည္းငယ္ ပ်ာယာခတ္သြားပါသည္။

သူမ ေမာ့ၾကည့္လိုက္ၿပီး ရင္ထဲတြင္ စူးခနဲ နာက်င္မႈတစ္ခုကို ခံစားလိုက္ရ၏။

ဒီလို႐ုတ္ျခည္းဆန္သည့္ နိမိတ္ေၾကာင့္ ႐ွားဝမ္ေခြၽ႕မ်က္ႏွာ ျဖဴေရာ္သြားခဲ့ပါသည္။

တျခား ေနရာတစ္ခုမွာေတာ့။

႐ွန္ဟိုင္းၿမိဳ႕ လမ္းမေပၚတြင္။

႐ွန္ဟိုင္းၿမိဳ႕ လမ္းမတစ္္ခုေပၚတြင္....။

ညေန ၆ နာရီ ၂၃ မိနစ္။

ကားအက္စီးဒင့္တစ္ခု ျဖစ္သြားခဲ့သည္။

Bugatti La Voiture Noire ႀကီး ႏွစ္ပိုင္း က်ိဳးသြားခဲ့သည္။

ေလအိတ္ႀကီးလည္း ထြက္ေန၏။

လင္းဖန္တစ္ေယာက္ ကားထဲမွာ သတိလစ္ေနပါၿပီ။

သူ႕ေခါင္းေပၚက ေသြးမ်ားက ေျမေပၚသို႔ စီးက်ေန၏။

လြန္ခဲ့သည့္ ၁ မိနစ္ေလာက္က လင္းဖန္ Crystal စာားေသာက္ဆိုင္ဆီသို႔ ႀကိဳေရာက္ေအာင္ ေမာင္းႏွင္ေနခဲ့သည္။ သို႔ေသာ္လည္း အက္စီးဒင့္တစ္ခု ျဖစ္ပြားခဲ့၏။

လူကူးမ်ဥ္းၾကားေပၚတြင္ ခ်စ္စရာေကာင္းသည့္ ကေလးမေလးတစ္ေယာက္ ႐ွိခဲ့၏။ သူမက အသက္ ၈ ႏွစ္ေလာက္သာ ႐ွိဦးမည္။ သူမ လူကူးမ်ဥ္းၾကားတြင္ ျဖတ္ကူးေနစဥ္ သူမေ႐ွ႕က ကားတစ္စီးက အထိန္းအကြပ္ ကင္းမဲ့သြားခဲ့၏။ ဘရိတ္နဲ႔ စတီယာရင္လည္း အလုပ္ မလုပ္ေတာ့ေပ။ ထိုကားက ကေလးမေလးဆီသို႔ တဟုန္ထိုး ေျပးလႊားေနသည္။

ကေလးမေလးက ေၾကာက္လန္႔သြားၿပီး ဘယ္ကို ေျပးရမွန္းေတာာင္ မသိေတာ့ေပ။

လမ္းမေပၚတြင္ ၆၀km/h ႏႈန္းျဖင့္ ေမာင္းႏွင္ေနသျဖင့္ ကေလးမေလး ေသသြားႏိုင္ပါသည္။

အေရးေပၚအခ်ိန္တြင္ လင္းဖန္၏ Bugatti ကားႀကီးက ေျပးဝင္လာၿပီး ဗန္ကားႀကီးနဲ႔ တိုက္သြားပါသည္။

လင္းဖန္က ဗန္ကားထဲက ဒ႐ိုင္ဘာနဲ႔ ကေလးမေလးကို ကယ္တင္လိုက္ျခင္းျဖစ္သည္။

သူ ဆုံးျဖတ္ခ်က္ခ်လိုက္သည့္ အခ်ိန္တြင္ လင္းဖန္ လုံးဝ ေနာင္တမရခဲ့ေပ။

သူက သူေတာ္စင္လည္း မဟုတ္သလို  နတ္ဘုရားလည္း မဟုတ္ပါ။ ဗန္ကားကို စိတ္နဲ႔ ရပ္တန္႔သြားေအာင္ မလုပ္ႏိုင္ေပ။

လူကူးမ်ဥ္းၾကားေပၚက ကေလးမေလးက သက္႐ွိလူသားတစ္ေယာက္ျဖစ္ေသာေၾကာင့္ပင္။

လင္းဖန္က သူမကို အႏၲရာယ္ထဲ ပစ္ထားခဲ့လို႔ မျဖစ္ေပ။

ဒါက လူသားတစ္ေယာက္အေနနဲ႔ သူ႕ခံယူခ်က္ ျဖစ္သည္။ အဘြားအိုတစ္ေယာက္ လမ္းမေပၚ လဲက်သြားတာကို လ်စ္လ်ဴ႐ႈမည္ မဟုတ္ပါ။

လင္းဖန္လို လူမ်ိဳး ကမ႓ာႀကီးထဲမွာ အမ်ားႀကီး ႐ွိႏိုင္ပါသည္။

ဥပမာအားျဖင့္ အခ်ိန္တစ္ခုတြင္၊ ၿမိဳ႕ေတာ္တစ္ခု၌ ႀကီးမားေသာ မေတာ္တဆမႈႀကီးတစ္ခု ျဖစ္ပ်က္ခဲ့သည္။ သူရဲေကာင္းေပါင္းမ်ားစြာက  လူေတြကို တြန္႔ဆုတ္မႈ မ႐ွိဘဲ ကယ္တင္ခဲ့ၾကသည္။

လင္းဖန္က သူ႕ကိုယ္သူ ျမင့္ျမတ္သူ၊ သူရဲေကာင္းတစ္ေယာက္ဟု တစ္ခါမွ မထင္ဖူးပါ။

သူ လုပ္သင့္တာကိုပဲ လုပ္ခဲ့ျခင္း ျဖစ္ပါသည္။

ထိုအခ်ိန္တုန္းက ကေလးမေလးကို ကယ္တင္ႏိုင္တာ သူတစ္ေယာက္သာ ႐ွိသည္။

ည ၈ နာရီခြဲအခ်ိန္။

လင္းဖန္ ႐ွန္ဟိုင္းၿမိဳ႕က ေဆး႐ုံတစ္ခုကို ေရာက္ေနပါသည္။

အျပင္ဘက္မွာ ေစာင့္ေနသည့္ ကေလးမေလးက ကယ္တင္ခံလိုက္ရသည့္ ေကာင္မေလး ျဖစ္ပါသည္။

ကေလးမေလး၏ နာမည္က ထ်န္႐ွင္းရန္ ျဖစ္သည္။ သူမ မိဘႏွစ္ေယာက္စလုံးက ကင္ဆာေရာဂါေၾကာင့္ ေသဆုံးသြားခဲ့ရ၏။ သူမ၏ ေဆြမ်ိဳးမ်ားနဲ႔ သူငယ္ခ်င္းမ်ားက သူမကို ဝန္ထုပ္ဝန္ပိုးလို သေဘာထားခဲ့ၾကသည္။ သူမ မိဘမ်ားကို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆုံး႐ႈံးခဲ့ရျခင္းျဖစ္သည္။

သူမ တံခါးအျပင္ဘက္မွာ ဆိုးဆိုး႐ြား႐ြား ငိုေႂကြးခဲ့ရ၏။

သူမက ၿဂိဳဟ္ဆိုးတစ္ခုလိုပင္။

သူမ မိဘမ်ား ေသဆုံးသြားခဲ့သည္။

သူမကို ကယ္တင္ခဲ့သည့္ အစ္ကိုႀကီးလင္းဖန္ကိုလည္း ထိခိုက္ေအာင္ လုပ္မိခဲ့၏။

ကေလးမေလးက အရပ္မ႐ွည္ပါ။ သူမ မ်က္ႏွာေပၚမွာလည္း ဖုန္မႈန္႔သဲမႈန္႔မ်ား ကပ္ေနသည္။ သူမ အဝတ္အစားမ်ားက ဖာေထး၊ စုတ္ၿပဲေနကာ အနည္းငယ္ ညစ္ေပေနသည္။ သို႔ေသာ္လည္း ထ်န္႐ွင္းရန္က အလြန္လွပပါသည္။

ထ်န္႐ွင္းရန္ေဘးမွာေတာ့ ေကာင္မေလးတစ္ေယာက္က စိတ္ေသာကမ်ားျဖင့္ ေလာင္ကြၽမ္းကာ ထိုင္ေနခဲ့ပါသည္။

Continue Reading

You'll Also Like

234K 17K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
369K 25.1K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
1.7M 92.6K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...