သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.6K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-179/180

Ch-177/178

277 24 0
By Miracle_Phyu97

လင်းဖန် 177+178

အခန်း(၁၇၇) ဘယ်သူက နင့်မိန်းမလဲ

"LV နဲ့ Chanel စီအီးအိုတွေက ဘယ်လိုလုပ် သူ့ဆီကို ကိုယ်တိုင် လာလည်ရတာလဲ။"

"သူတို့က ကမ္ဘာကြီးပေါ်က ထိပ်တန်းကုမ္ပဏီကြီးတွေထိပ်မှာ ရပ်တည်နေတဲ့လူတွေပဲ။ ဒီဓာတ်ပုံတွေက အတုတွေဖြစ်မှာပါ။"

"ဒီဓာတ်ပုံက အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ်၊ ဒီဓာတ်ပုံထဲက လူတွေက တကယ်ပဲ ကုမ္ပဏီကြီးနှစ်ခုရဲ့ ဘော့စ်ဖြစ်မယ်ဆိုရင် လင်းဖန်ရဲ့ သရုပ်မှန်ကတော့ တော်တော်ကို အံ့သြဖို့ကောင်းမှာပဲ။"

"လင်းဖန်မှာ ကုမ္ပဏီကြီးနှစ်ခုရဲ့ စီအီးအိုတွေလိုပဲ အရေးကြီးတဲ့ သရုပ်မှန်ရှိလောက်တယ်။"

"ဒါ... မဖြစ်နိုင်တာ။ သူက အဲ့လောက် တော်တယ်ဆိုရင် လင်းဖန်ကို Alibaba ရဲ့ စီအီးအိုမာနဲ့တောင် ယှဥ်လို့ ရနေပြီ။"

"ဘာပဲဖြစ်ဖြစ် လင်းဖန်က ရှားဝမ်ချွေ့အတွက် LV နဲ့ Chanel ကုမ္ပဏီထောက်ခံချက်တွေကို အတည်ပြုပေးခဲ့တာ။ ဒါက ငါတို့တစ်ယောက်မှ လုပ်နိုင်တာမျိုး မဟုတ်ဘူး။"

အားလုံး ထိတ်လန့်ကုန်ကြပါသည်။

ဓာတ်ပုံကဝါးနေသဖြင့် လင်းဖန်က ကုမ္ပဏီနှစ်ခု၏ စီအီးအိုနဲ့ ရင်းနှီးကြောင်း အားလုံး မယုံချင်ကြသေးပါ။

ဒါတွေက ကမ္ဘာကြီးထဲက ထိပ်တန်း တန်ဖိုးကြီး ဘရန်း နှစ်ခု ဖြစ်သည်။ စီအီးအိုတွေက ဘာကြောင့် တရုတ်ကို လူကိုယ်တိုင် ရောက်လာကြတာလဲ။

စီအီးအိုနှစ်ယောက်၏ အရှိန်အဝါမှာ သာမန်လူတွေ ယှဥ်နိုင်တာမျိုး မဟုတ်ပါ။

လင်းဖန်၏ လက်ရှိ ရလဒ်များက ဒီလူတွေကို တုန်လှုပ်စေဖို့ မလုံလောက်သေးပါ။

စီအီးအိုလီက လူအုပ်ကိုကြည့်လိုက်ကာ ပြံးလိုက်ပါသည်။

"ဒါက လင်းဖန်ရဲ့ ပါဝါနဲ့ အဆင့်အတန်းပဲ။ အခုတော့ နားလည်ကြပြီပေါ့။"

"ငါတို့နိုင်ငံတော်ထဲမှာ ဒီလိုကုမ္ပဏီကြီးနှစ်ခုကို ကြော်ငြာပုဂ္ဂိုလ်တစ်ယောက်နဲ့စာချုပ်ချုပ်အောင် လုပ်နိုင်တာ သမိုင်းဝင် အောင်မြင်မှုတစ်ခုပဲ" စီအီးအိုလီက ပြုံးလိုက်ပါသည်။

လင်းဖန်ဘာကြောင့်အရမ်းတော်တာလဲဆိုတာကို သူရုတ်တရက်နားလည်သွားပါသည်။

ဒီတော့ လင်းဖန်နဲ့ နောက်ကြောင်းအစစ်က ဒါလား။

လင်းဖန်၏ ခွန်အားက တန်ဖိုးကြီး ဘရန်းကုမ္ပဏီနှစ်ခု၏ ဘော့စ်းများနဲ့ တန်းတူညီသည်။

တခြားသူတွေက လင်းဖန်ကို မယုံလောက်သော်လည်း စီအီးအိုလီကတော့ ယုံပါသည်။

"ဝမ်ချွေ့ကို နေ့လည်ခင်း ချိန်းထားတာတွေ အကုန်ဖျက်ပြီး LV နဲ့ Chanelတို့နဲ့ စာချုပ်ချုပ်ဖို့အတွက် ရုံးကို လာခိုင်းလိုက်" စီအီးအိုလီ ပြောလိုက်ပါသည်။

"ကောင်းပါပြီ" မန်နေဂျာဝမ်က ခေါင်းငြိမ့်လိုက်ပါသည်။

နေ့လည်ခင်း ၃ နာရီထိုးသောအခါ လင်းဖန်က ရုံးခန်းထဲမှာ ထိုင်နေပြီဖြစ်သည်။

တကယ်တော့ လင်းဖန်မှာ လုပ်စရာ ကိစ္စ များများစားစား မရှိပါ။ သူ ယွဲ့ဟွာမှာ ဒီတိုင်း ခဏ လာထိုင်ခြင်း ဖြစ်သည်။

အရေးအကြီးဆုံးက ရှားဝမ်ချွေ့နဲ့ ဒီမှာတွေ့နိုင်သောကြောင့် ဖြစ်ပါသည်။

နေ့လည်ခင်း ၃ နာရီကျော်သောအခါ ရှားဝမ်ချွေ့က စာချုပ်နှစ်ခုကို ကိုင်လျက် လင်းဖန်၏ ရုံးခန်းထဲသို့ တစ်ယောက်တည်း ဝင်လာခဲ့ပါသည်။

ဒီလိုအခွင့်ကောင်းမျိုးဖြင့် သူမ စာချုပ်များကို ချုပ်ဆိုလိုက်တာနဲ့ LV နဲ့ Chanel တို့၏ ကြော်ငြာပုဂ္ဂိုလ်တစ်ယောက် ရှားဝမ်ချွေ့ဖြစ်လာနိုင်သည်။ တစ်ချိန်တည်းမှာပဲ မြင့်မားသည့် ကုမ္ပဏီထောက်ခံချက်ကြေးလည်း ရရှိနိုင်ပါသည်။

သူမ စာချုပ်တွေကို မြင်ပြီးပြီဖြစ်ကာ ပြဿနာလည်း မရှိပါ။

ဒီလောက် ကောင်းမွန်သည့် အကျိုးခံစားခွင့်များနဲ့ ရင်ဆိုင်ရသဖြင့် ရှားဝမ်ချွေ့တစ်ယောက် စာချုပ်များကို တန်းပြီး လက်မှတ်မထိုးခဲ့ပါ။

"အရူးကောင်လင်းဖန် ငါ့ကိုပြောစမ်း နင် မဟုတ်တာ တစ်ခုခု လုပ်ထားတာလား။ ကုမ္ပဏီထောက်ခံချက် ကြေးက သန်း ၁၂၀ တောင်။ LV နဲ့ Chanelတို့က နိုင်ငံတကာမှာ နာမည်ကြီးတဲ့ ဘရန်းတွေချည်းပဲ။ နင်က ငါ့ကိုသူတို့လို ကုမ္ပဏီနှစ်ုခအတွက် ကုမ္ပဏီထောက်ခံချက် လုပ်စေချင်တာလား" ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကိုကြည့်လိုက်ပါသည်။

"မင့်ယောက်ျားက တော်တာကိုး" လင်းဖန်က ပြုံးလိုက်သည်။ ရှားဝမ်ချွေ့သူ့ကိုမေးမြန်းနေပုံကိုကြည့်ကာ အနည်းငယ်ချစ်ဖို့ကောင်းသည်ဟု ထင်မိပါသည်။

"တကယ်တော့ ကိုယ့်ကိုယ်ကို ရောင်းစားလိုက်တာပါ။ LV နဲ့ Chanel ရဲ့ ကောင်မလေးနှစ်ယောက်က ကိုယ့်ဆီ ရောက်လာတယ်လေ။ ကိုယ်အရမ်းချောတာကို မြင်သွားကြတော့ ကိုယ်သာ ကိုယ့်ကိုယ်ကို ရောင်းစားမယ်ဆိုရင် သူတို့က မင်းကို သူတို့ကုမ္ပဏီနှစ်ခုနဲ့ စာချုပ်ချုပ်နိုင်အောင် လုပ်ပေးမယ်တဲ့" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

ရှားဝမ်ချွေ့ ချိုသာစွာ ပြုံးလိုက်ကာ လင်းဖန်ရှေ့ကို လျှောက်လာပြီး သိမ်မွေ့စွာ ဆွဲဆိတ်လိုက်ပါသည်။ "နင့်ကိုယ်နင် ရောင်းစားလိုက်တော့ နာလား။"

လင်းဖန် စိတ်ဆိုးသွား၏။ ရှားဝမ်ချွေ့ သူ့ကို ဆွဲဆိတ်တာ ပထမဆုံးပဲဖြစ်သည်။ မနာသော်လည်း သူမ၏ ကြမ်းတမ်းသော ပုံစံလေးကြောင့် လင်းဖန် နှလုံးသားများ အရည်ပျော်သွားလုနီးပါးဖြစ်သွားခဲ့ပါသည်။ ရှားဝမ်ချွေ့ပြောတာကိုသာ လိုက်နာနိုင်တော့သည်။

"နာတယ်"

"အမှန်တိုင်းပြော" ရှားဝမ်ချွေ့က ဒေါသထွက်နေသည်။ သူမ ခြေထောက်ကို ဆောင့်နင်းကာ ရင်ဘတ်ကို ကော့လိုက်သည်။

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ "အကြီးကြီးပဲ။"

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး နောက်လှည့်သွားသည်။ "ငါနင့်ကို စကားမပြောတော့ဘူး။"

လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ဆွဲလိုက်သည်။ ရှားဝမ်ချွေ့ သူ့အတွက် စိတ်ပူနေတာကို သူသိပါသည်။

ဒီစာချုပ်နှစ်ခုနဲ့ အလွန်မြင့်မားသော စာချုပ်ကြေးတို့ကြောင့် တစ်ခုခု ဖြစ်ခဲ့မှာကို ရှားဝမ်ချွေ့ စိတ်ပူနေခြင်း ဖြစ်ပါသည်။

သူမ၏ ကုမ္ပဏီထောက်ခံချက် ကမ်းလှမ်းချက်များကို ရနိုင်ဖို့အတွက်နဲ့ လင်းဖန်က သူ့အတွက် အရေးနိမ့်မည့် သဘောတူညီချက်တစ်ခုကို ကုမ္ပဏီနှစ်ခုနဲ့ လုပ်ခဲ့မှာ စိုးရိမ်မိပါသည်။

တခြားသူသာဆို မျက်တောင်တောင်မခတ်ဘဲ သန်း ၁၂၀ တန် စာချုပ်များကို ချုပ်ဆိုလိုက်လိမ့်မည်။

ရှားဝမ်ချွေ့ကတော့ မဟုတ်ပါ။

သူမ လင်းဖန်အတွက် ပိုစိတ်ပူပါသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကိုကိုင်ကာ နူးညံ့စွာပြောလိုက်ပါသည်။ "တကယ်တော့ ညှိနှိုင်းရတာ အဲ့လောက်မခက်ပါဘူး။ မင်းက အရမ်းလှတာကိုး။ အရမ်းလည်းကြည့်ကောင်းတယ်။ အရမ်းလည်း ရေပန်းစားတယ်။ မင်း တစ်နှစ်ကို သန်း ၆၀ ရသင့်ပါတယ်။ သူတို့နဲ့ ၂ ရက် ၂ ညလောက် ညှိနှိုင်းခဲ့ရတယ်။ နည်းနည်းလောက် ပင်ပန်းခဲ့ပေမယ့် ကိုယ်တို့ သဘောတူညီချက်ရခဲ့တာပဲလေ။"

လင်းဖန်က ရှင်းပြလိုက်ပါသည်။ စနစ်ကြောင့် သူကုမ္ပဏီနှစ်ခု၏ အဓိကရှယ်ယာဝင်ဖြစ်လာသည်လို့တော့ ပြောလို့တော့မရပါ။ ပြောရင်တောင် ရှားဝမ်ချွေ့က ယုံမှာ မဟုတ်ပါ။ ထို့အပြင် လင်းဖန် နားလည်လွယ်အောင် ရှင်းမပြတတ်ပါ။

လွန်ခဲ့သည့် ၂ ရက်အတွင်း လင်းဖန် ကောင်းကောင်း အိပ်မရခဲ့ပေ။ တစ်ဖက်တွင် အိမ်မှာ ဇာတ်ညွှန်းအသစ်များ ရေးသားခြင်း သို့မဟုတ် ဂိမ်းများ ကစားနေသည်။ တစ်ဖက်မှာတော့ ရှားဝမ်ချွေ့ကို မွေးနေ့မှာ ဘယ်လို စပရိုက် လုပ်ပေးရမလဲဆိုတာ စီစဥ်နေဆဲ ဖြစ်သည်။

ထို့ကြောင့် လင်းဖန်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်မကောင်းပါ။ သူ တကယ်ပဲ အကြာကြီး ဆွေးနွေးခဲ့ရသည့်ပုံပင်။

ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်လိုက်ပြီး သူမ လက်ကိုကိုင်ထားခွင့်ပေးလိုက်ပါသည်။ သူမ သိမ်မွေ့စွာ မေးလိုက်သည်။ "နင်အရမ်းကြီးတော့ မပင်ပန်းဘူးမလား။ သူတို့ နင့်ကို အရမ်းလွန်တဲ့ တောင်းဆိုမှုတွေလုပ်ရင် ငါသူတို့နဲ့ စာချုပ်မချုပ်ဘူး။"

လင်းဖန်က ခေါင်းခါကာ ရှားဝမ်ချွေ့၏ တခြား လက်တစ်ဖက်ကို ကိုင်လိုက်ပါသည်။

သူတို့ မတွဲကြသေးသော်လည်း လင်းဖန်က ရှားဝမ်ချွေ့လက်ကို ကိုင်ထားသည်။

သူ့မိန်းမ သူ့ရှေ့မှာရှိနေသောအခါ လင်းဖန် ဘယ်လောက်ပဲ တည်ငြိမ်ပါစေ ခံနိုင်ရည် မရှိတော့ပါ။

"မတောင်းဆိုပါဘူး စိတ်ချပါ ကိုယ့်မိန်းမရယ်၊ ဒီကုမ္ပဏီထောက်ခံချက် နှစ်ခုကို မင်း လက်မှတ်ထိုးဖို့ ထိုက်တန်ပါတယ်" လင်းဖန်က အပြုံးဖြင့် ပြောလိုက်ပါသည်။

"အင်း ဒါဆိုလည်း ငါလက်မှတ်ထိုးလိုက်မယ်~"

"ပြီးတော့ ဘယ်သူက နင့်မိန်းမလဲ။ လင်းဖန် နင်ငါ့လက်ကို ဘာမှမဟုတ်သလိုကိုင်ထားတယ်။ အရင်တုန်းကော တခြားကောင်မလေး လက်တွေကိုင်နေကျလား" ရှားဝမ်ချွေ့က မျက်နှာနီကာ မေးလိုက်ပါသည်။

"မကိုင်ဖူးပါဘူး" လင်းဖန်ကပြောလိုက်ပါသည်။

"ဒါဆိုလည်း မြန်မြန်လွှတ်တော့လေ။ ဟွန်း နင် အခုနောက်ပိုင်း ပိုပိုဆိုးလာပြီနော်" ရှားဝမ်ချွေ့၏ ပါးလေးများက အနည်းငယ် နီရဲလာပြီး ခေါင်းငုံ့ကာပြောလိုက်ပါသည်။

"ကိုယ် ဘယ်လောက် ကြိုးစားထားလဲဆိုတာကို ကြည့်ဦးလေ။ ကိုယ့်ကို ဆုမချတော့ဘူးလား" လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို လွှတ်လိုက်ပြီး သူ့ရှေ့က ကောင်မလေးကိုကြည့်လိုက်ပါသည်။

"ဘာဆုလိုချင်လို့လဲ" ရှားဝမ်ချွေ့က သူမ၏ လှပသောမျက်နှာလေးကို ဖော်ကာ ပြန်ကြည့်လိုက်ပါသည်။

"ဆုအကုန်လုံး လိုချင်တယ်" လင်းဖန်ကပြုံးလိုင်ကာ ရှားဝမ်ချွေ့နား ပိုကပ်လိုက်ပါသည်။

"မပေးဘူး~" ရှားဝမ်ချွေ့က လှည့်ထွက်သွားကာ စာချုပ်ချုပ်ဖို့ ပြင်လိုက်ပါသည်။

ရှက်သွေးဖြာနေသော ရှားဝမ်ချွေ့၏ နောက်ကျောကို ကြည့်ရင်း လင်းဖန် အနည်းငယ် စိတ်ဆိုးသွားပါသည်။

ကောင်မစုတ်လေး။ ဆုမပေးတာ ကိစ္စမရှိဘူး ဒါပေမယ့် ဘာလို့ အရမ်းဆွဲဆောင်မှုရှိရတာလဲ။

သူမကို သူ မပိုင်ဆိုင်ရသေးပါ။ သူမကို ပိုင်ဆိုင်ပြီးပါက လင်းဖန်လည်း ရှားဝမ်ချွေ့ကို ဒီအတိုင်းပဲ ခံစားစေချင်ပါသေးသည်။

စာချုပ်များကို ချုပ်ဆိုပြီး သိပ်မကြာလိုက်ပေ။ လင်းဖန် ဖုန်းထဲတွင် ငွေလွှဲမက်ဆေ့ချ် ဝင်လာခဲ့ပါသည်။

LV နဲ့ Chanel တို့က တစ်ပြိုင်နက်တည်း ကုမ္ပဏီထောက်ခံချက်ကြေးများကို လင်းဖန် ဘဏ်အကောင့်ထဲကို လွှဲပေးလိုက်ပါသည်။

သန်း ၁၂၀ ကို ဒီလိုနဲ့ ရရှိခဲ့သည်။

လင်းဖန် တုန်လှုပ်သွားပါသည်။

ရှားဝမ်ချွေ့ကို ကုမ္ပဏီထောက်ခံချက်နှစ်ခု ရှာပေးဖို့ သူကူညီခဲ့သည်။ သို့သော် ရှားဝမ်ချွေ့က LV နဲ့ Chanel တို့ကို လင်းဖန်၏ အကောင့်ထဲ ငွေထည့်ပေးဖို့ ပြောခဲ့သည်။

လင်းဖန် ချက်ချင်းပဲ ရှားဝမ်ချွေ့ ရုံးခန်းထဲသို့ သွားခဲ့ပါသည်။

ရှားဝမ်ချွေ့က ရုံးခန်းထဲတွင်ထိုင်ကာ ခပ်လှမ်းလှမ်းက ရှုခင်းကို ငေးကြည့်နေသည်။

နေဝင်ဆည်းဆာအောက်တွင် သူမ၏ ဘေးဘက် မိန်းမလှလေးက ပြီးပြည့်စုံလှပါသည်။

နွေးထွေးသည့် နေရောင်က သူမကို ယိမ်းထိုးနေပြီး သူမ၏ သွေးသွယ်သော ကိုယ်လုံးကိုယ်ပေါက်လေးကို ဆွဲသားပေးနေ၏။ သူမ ထိုင်ခုံဘေးမှာ ထိုင်နေပြီး မိုးကုတ်စက်ဝိုင်းမှ ရှုခင်းကို တိတ်ဆိတ်စွာ ကြည့်နေပါသည်။

လင်းဖန်က ရှားဝမ်ချွေ့အနား လျှောက်သွားပြီး သူမ ပခုံးပေါ်တွင် လက်တင်လိုက်သည်။ သူမ မေးလိုက်သည်။ "ဘာဖြစ်လို့ ကိုယ့်ရဲ့ ဘဏ်အကောင့် အချက်အလက်တွေကို ဖြည့်လိုက်တာလဲ။"

ရှားဝမ်ချွေ့က မတ်တပ်ရပ်ကာ လင်းဖန်ကိုကြည့်လိုက်ပါသည်။ သူမ၏ အပြုံးတစ်ခုတည်းနဲ့ အရာရာကို သိမ်းပိုက်နိုင်ပါသည်။ "ဘာမှမဖြစ်ပါဘူး။ ငါ့အတွက် ဒီတိုင်း လုံခြုံအောင် သိမ်းထားတဲ့ ပိုက်ဆံပေါ့။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင်ညလည်း ငါ့ပိုက်ဆံက နင့်ပိုက်ဆံဖြစ်လာမှာပဲလေ~" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။

ထိုအချိန်တွင်... သူ တကယ် ခံနိုင်ရည် မရှိတော့ပါ။

ဒီလောက်လှပ၊ လိမ္မာပြီး ချစ်ဖို့ကောင်းသည့် ကောင်မလေးက ငွေရေးကြေးရေးလည်း စိတ်မဝင်စားပါ။

ဒီလိုကောင်မလေးမျိုးကို သူ ဘယ်မှာရှာနိုင်ဦးမည်နည်း။

အခန်း(၁၇၈) ငါ သူ့ကို မကြာခင် လက်ထပ်တော့မှာ

လင်းဖန် တစ်ခုခုပြောဖို့ ကြံလိုက်စဥ် တံခါးတွင် ရပ်နေသည့် ရှုယန် နောက်ခံကားချပ်ကြီး တစ်ခုလို ဖြစ်လာသည်။

ရှုယန် : "ငါ့လခွီးထဲမှ... ဒီကို အရေးကြီးတာ တစ်ခုခုလုပ်ဖို့ လာခဲ့တာ ငါ့ကို ဒီလိုမျက်နှာပူအောင် လုပ်ရသလား။"

ရှုယန် စိတ်ဓာတ်များ ပြိုလဲသွားသည်။

ဒီလိုမျက်နှာပူစရာတွေနဲ့ ရုံးထဲမှာ နောက်ကို ဘယ်လို ရှင်သန်ရတော့မလဲ။

လင်းဖန်က ရှုယန်ကို ပခုံးပုတ်ကာ ပြောလိုက်ပါသည်။ "မင်းအသားကျသွားမှာပါ။"

ရှုယန်က လင်းဖန်ကို တိုးတိတ်စွာ ကြည့်လိုက်သည်။ "ငါ အရင်သွားနှင့်တော့မယ်။ ငါတစ်ယောက်တည်း နေချင်တယ်။"

ရှုယန်ထွက်သွားပြီးနောက် လင်းဖန်က ရုံးခန်း တံခါးကို ပိတ်လိုက်ပါသည်။

ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကိုကြည့်လိုက်သည်။ "မနက်ဖြန်က ထူးခြားတဲ့နေ့နော်။။ ငါ Keep Running နောက်ဆုံးပိုင်း ရိုက်ရမှာလေ။"

မနက်ဖြန်က ရှားဝမ်ချွေ့၏ မွေးနေ့မှန်း လင်းဖန် သိပါသည်။

အခု ဖွင့်ပြောချင်သော်လည်း လင်းဖန် စိတ်ထိန်းထားလိုက်ပါသည်။

မနက်ဖြန်က သူ့မိန်းမ၏ မွေးနေ့ ဖြစ်သည်။ ထို့ကြောင့် သူမကို စပရိုက် လုပ်ပေးရမည်။

လင်းဖန်က ခေါင်းငြိမ့်လျက်် ပြောလိုက်၏။ "အင်းပါ။ Variety Show တွေရိုက်တဲ့အခါ သတိထားဦး။"

ရှားဝမ်ချွေ့ အနည်းငယ် စိတ်ဆိုးသွားပါသည်။ သူမ လင်းဖန်ကိုကြည့်လိုက်၏။ "ဒါပဲလား"

လင်းဖန်က ပြန်မေးလိုက်သည်။ "ဘာကျန်သေးလို့လဲ"

ရှားဝမ်ချွေ့က စိတ်ဆိုးကာ လှည့်ထွက်သွားပါသည်။

မနက်ဖြန်က သူမ မွေးနေ့ဖြစ်သည်။ သို့သော်လည်း လင်းဖန်က မေ့နေပါသည်။

ဟွန်း။ သူမ နောက်ကို လင်းဖန်အား အရေးစိုက်မှာ မဟုတ်တော့ပါ။

ရှားဝမ်ချွေ့ ထွက်သွားပြီးနောက် လင်းဖန် ပြုံးလိုက်ပါသည်။

သူမ ပိုပြီးစိတ်ပျက်သွားလေလေ စပရိုက် ပိုပြီးဖြစ်လေလေပင်။

မနက်ဖြန်အတွက် အစီအစဥ်တွေ တန်းစီပြီး သူ ချထားပြီးပါပြီ။

Kepp Running နောက်ဆုံးပိုင်းသို့ သူသွားမည်ဖြစ်သည်။ မနက်ဖြန် နောက်ဆုံးပိုင်းအား တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်။

ထို့နေ့က အလွန်မျှော်လင့်ထားခဲ့ရသောနေ့ တစ်နေ့ ဖြစ်သည်။

လင်းဖန် ဆုံးဖြတ်ချက်ချပြီးပါပြီ။

ဒီနှစ်ပေါင်းများစွာအတွင်း ရှားဝမ်ချွေ့ရဲ့မွေးနေ့မှာ သူမနဲ့ အတူ မကျင်းပခဲ့ဖူးပေ။

မနက်ဖြန်က အကောင်းဆုံး အခွင့်အရေးဖြစ်၏။

သူမနဲ့ မွေးနေ့ပွဲတူတူကျင်းပသည့်အပပြင် လင်းဖန်က ရှားဝမ်ချွေ့ကို သူ့ကောင်မလေးလည်း ဖြစ်စေချင်ပါသည်။

ဒီလိုသာဆို သူတို့ နောက်ပိုင်း သတင်းဆိုးများ ထွက်မှာ စိုးရိမ်စရာ မလိုတော့ပါ။

မနက်ဖြန်ကစပြီး Keep Running ကို တိုက်ရိုက်ထုတ်လွှင့်ပြသတော့မည်။ လင်းဖန်က ရှားဝမ်ချွေ့မှာ သူ့ကောင်မလေးဖြစ်မှန်း ပရိတ်သတ်အားလုံးကို အသိပေးလိုက်ပါမည်။

ကောင်မလေးတစ်ယောက်ကို ပိုးပန်းသည့်အခါ သူမနဲ့ ဆက်ဆံရေးက ဒီလောက်ထိ ရောက်နေပြီ ဆိုပါက ပိုးပန်းဖို့ အလွန်လွယ်ကူပါသည်။

ရှားဝမ်ချွေ့နဲ့ သူတို့ တဖြည်းဖြည်း နီးစပ်လာနေသည်ဟု လင်းဖန်ခံစားမိသည်။

ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်လာရသဖြင့် သူမကို တစ်ချက်တည်းနဲ့ အရယူရပါမည်။

ကြောင်မလေးက ချစ်ဖို့ကောင်းလွန်းသဖြင့် သူသည်းမခံချင်တော့ပါ။

တစ်ဖက်တွင်တော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ အတူတူ ထိုင်နေကြသည်။ ရှားဝမ်ချွေ့က အလွန် စိတ်ပျက်ကာ စုရှောင်းယွီကို ပြောလိုက်ပါသည်။ "ရှောင်းယွီ သူငါ့မွေးနေ့ကို မေ့သွားလိမ့်မယ်လို့ မထင်ထားဘူး။"

"လင်းဖန်ရင်ထဲမှာ ငါ့နေရာက အရမ်းမြင့်တယ် ထင်ထားတာ။ ဒါပေမယ့် ဒီလိုမျိုး မထင်ထားဘူး...." ရှားဝမ်ချွေ့က ခေါင်းငုံ့လိုက်ပါသည်။

လင်းဖန်က အားလုံးကို မေ့သွားခဲ့သည်။ သူမ စိတ်ပျက်သင့်ပါသည်။

ကိုယ့်မိန်းမနဲ့ နှစ်ပတ်လည်နေ့ကို မေ့သွားလည်း ထိုနည်းလည်းကောင်း ဖြစ်နိုင်ပါသည်။ အသေတောင် အသတ်ခံရနိုင်ပါသည်။

ရှားဝမ်ချွေ့ အရင်တုန်းက တစ်ခါမှ စိတ်မဆိုးဖူးပါ။ သို့သော်လည်း ဒီတစ်ခေါက်တော့ သူမ တကယ် စိတ်ဆိုးပါသည်။

သို့သော်လည်း ရှားဝမ်ချွေ့ ထုတ်မပြချင်ပါ။ သူမ စိတ်ဆိုးတာထက် စိတ်ပျက်သွားမိတာ ဖြစ်ပါသည်။

လင်းဖန်ရင်ထဲမှာ သူမနေရာက အရမ်းမြင့်မားတယ် ထင်နေတာလား။

လင်းဖန်က သူမအပေါ်ထားတဲ့ ခံစားချက်တွေကို အထင်သေးခဲ့မိတာလား။

ဒီဆိုသာဆို လင်းဖန်က ဘာကြောင့် သူမ လက်ကို ကိုင်ပြီး ကုမ္ပဏီထောက်ခံချက်တွေကို ရှာပေးခဲ့တာလဲ။

"အစ်မဝမ်ချွေ့ စိတ်မဆိုးပါနဲ့။"

"ဆရာက အခုတလော အရမ်းအလုပ်များနေတာ။ သူမေ့သွားတာ သာမန်ပါပဲ။ သူ့ရင်ထဲမှာ နင်မရှိဘူးလို့ ထင်နေတာလား။ နင်မသိလောက်ပေမယ့် သူနင့်ကို ကြည့်တဲ့အချိန်တိုင်း သူ့မျက်လုံးတွေ အရောင်လက်နေတာပဲ~" စုရှောင်းယွီက ပြောလိုက်ပါသည်။

မနက်ဖြန် ဘာတွေဖြစ်မလဲဆိုတာ သူမ သိပါသည်။ သို့သော်လည်း ရှားဝမ်ချွေ့ကိုတော့ ပြောလို့ မဖြစ်သေးပေ။

လင်းဖန်လုပ်ထားသည့် အစီအစဥ်အားလုံးကို သူမ သိပါသည်။ သို့သော်လည်း ရှားဝမ်ချွေ့ကို ကြိုပြောလိုက်လို့ မရပေ။

လင်းဖန် သူမအတွက် ပြင်ဆင်ထားပေးသည့် စပရိုက် များစွာ ရှိပါသည်။

"ဟွန်း သူများတွေဆို မွေးနေ့အတွက် Crystal စားသောက်ဆိုင်မှာတောင် ဘိုကင်လုပ်ထားပေးသေးတယ်။ Crystal စားသောက်ဆိုင်တစ်ဆိုင်လုံးကို တစ်ယောက်ယောက်က ဘိုကင်လုပ်ထာားမှန်း ရှန်ဟိုင်းမြို့တစ်မြို့လုံးသိကြတယ်။ ငါ့မှာတော့ ဘာမှ မရဘူး" ရှားဝမ်ချွေ့က အနည်းငယ် အားကျစွာဖြင့် နူးညံ့စွာပြောလိုက်ပါသည်။

သိပ်မကြာသေးခင်က တစ်ယောက်ယောက် Crystal စားသောက်ဆိုင်ကို ဘိုကင်လုပ်ခဲ့သည်။

ထိုအချိန်တုန်းက ဝေ့ပေါ် ပေါ်မှာတောင် နာမည်ကြီးလာ၏။

သူမမွေးနေ့တွင် တစ်ယောက်ယောက်က Crystal စားသောက်ဆိုင်ကြီး တစ်ဆိုင်လုံးကို ဘိုကင်လုပ်ထားသည်။

သို့သော်လည်း လင်းဖန်ကတော့ ဒီလို ရိုမန့်တစ်ဆန်တာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်တာကို သူမ သိပါသည်။

သူမ လင်းဖန်ကို စမ်းသပ်နေခြင်းသာ ဖြစ်ပြီး လင်းဖန်က သူမ၏ မွေးနေ့ကို တကယ်ကြီး မေ့သွားခဲ့ပါသည်။

"ရှောင်းယွီ ငါ့ကို မနှစ်သိမ့်ပါနဲ့တော့။"

"သူ့ရင်ထဲက ငါ့နေရာကို အကြမ်းဖျင်း သိလိုက်ရပြီ" ရှားဝမ်ချွေ့က ပြောလိုက်ကာ မတ်တပ်ရပ်လိုက်ပါသည်။ သူမ အရင်တုန်းကလို ချစ်ဖို့ကောင်းအောင် မနေတော့ဘဲ အနည်းငယ် စိတ်ဓာတ်ကျနေ၏။

စုရှောင်းယွီက အမြန်လိုက်သွားပြီး ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်လိုက်ပါသည်။ "ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ အစ်မဝမ်ချွေ့ စိတ်မဆိုးပါနဲ့တော့။ ဆရာ့မျက်လုံးထဲမှာ နင်က အရမ်းလှပါတယ်။ ယောက်ျားတစ်ယောက်ကို အကဲခတ်တဲ့အခါ သူပြောတာကို မကြည့်နဲ့၊ သူလုပ်တာကိုပဲ ကြည့်တဲ့။"

စုရှောင်းယွီ၏ စကားလုံးများက ရှားဝမ်ချွေ့ ရင်ကို ထိသွားစေပါသည်။

ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်သည်။

သူမ ဆုံးဖြတ်ပြီးပါပြီ။

မနက်ဖြန် လင်းဖန် သူမကို လာမတွေ့ပါက နေ့တိုင်း လင်းဖန်ကို ကိုက်ပစ်မည်။

ရှားဝမ်ချွေ့ စိတ်မဆိုးတော့တာကို မြင်ပြီး စုရှောင်းယွီ သူမ ရင်ဘတ်ကို ထိကာ သက်ပြင်းချလိုက်ပါသည်။

သူမ ဉာဏ်ကောင်းလို့ ကံကောင်းသွားပါသည်။ မဟုတ်ပါက အစ်မဝမ်ချွေ့ တကယ် စိတ်ဆိုးသွားနိုင်ပါသည်။

သူမ ဘယ်လောက်ကြိုးစားထားသလဲဆိုတာကိုကြည့်ပြီး နောက်ပိုင်း သူမ ဆရာဆီကို ကျေးဇူး ပြန်ဆပ်ခိုင်းရမည်။

...

ထိုနေ့ညက လင်းဖန်တစ်ယောက် Bugatti La Voiture ကြီးနဲ့ ရှန်ဟိုင်းမြို့လမ်းမများတစ်လျှောက် မောင်းနှင်လာခဲ့သည်။

လင်းဖန် ရှားဝမ်ချွေ့ကို ပိုးပန်းဖို့ ဆုံးဖြတ်လိုက်ပြီးနောက် အလွန်အရေးကြီးသည့်ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပါသည်။

သူမကို ပိုးပန်းရုံနဲ့ မလုံလောက်သေးပါ။

လင်းဖန် ပရိုပို့စ် လုပ်ချင်ပါသေးသည်။

ဒါမှ ကြောင်မလေးက သူ့အနာဂတ်ထဲ ဝင်ရောက်လာမှာဖြစ်ပြီး ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ပေ။

ကောင်မလေးမှ ဇနီးလောင်းအဖြစ် တိုးတက်ဖို့ မြန်မြန်လုပ်ရမည်။

လင်းဖန်၏ Bugatti ကြီးက ရှန်ဟိုင်းမြို့ လမ်းမများတစ်လျှောက် လှပသောမြင်ကွင်း တစ်ခုကို ဖန်တီးလို့နေလေသည်။

"အားးး ပြိုင်ကာားကြီး Bugatti ကြီးဟဲ့"

"Bugatti ဆိုတာ ဘယ်လို ဘရန်းမျိုးလဲ။ သန်းချီပြီးတန်မယ့်ပုံပဲ"

"နင် နားမလည်ပါဘူး။ အဲ့တာ Limited Edition Bugatti ကြီးဟဲ့။ Bugatti La Voiture Noire က သန်းရာနဲ့ချီပြီး တန်ဖိုးရှိတယ်။"

"ငါမှတ်မိသွားပြီ။ ဒီပြိုင်ကားမျိုးပိုင်တာ တစ်ယောက်ပဲရှိတယ်။ အဲ့တာ လင်းဖန်ပဲ။"

"ဝိုး လင်းဖန်က ပြိုင်ကားကြီး မောင်းလာတာပဲ။ လင်းဖန်က ငွေကြယ်ပွင့်လည်း ဟုတ်တယ်။ အရမ်းလည်း ချောတယ်။"

"လင်းဖန် လင်းဖန် လင်းဖန်"

လမ်းတစ်လျှောက်တွင် ကောင်မလေးများစွာက အော်ဟစ်နေကြပါသည်။

သို့သော်လည်း ရှန်ဟိုင်းမြို့တွင်် Bugatti La Voiture Noire ကားကို သိသည့်လူက နည်းပါသည်။

လင်းဖန် ဇာတ်နိမ့်သာ နေခဲ့သည်။

လင်းဖန်က လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ရှေ့တွင် ကားကို  ပါကင်ထိုးလိုက်သည်။ ရှန်ဟိုင်းမြို့က အလွန်အဆင့်မြင့်သော လက်ဝတ်ရတနာဆိုင်ကြီး ဖြစ်၏။

လင်းဖန်ဝင်သွားတော့ ဆိုင်ဝန်ထမ်းများစွာ၏ မျက်လုံးများ ဝိုင်းစက်သွားကြပြီး အားလုံး အနည်းငယ် စိတ်လှုပ်ရှားကုန်ကြပါသည်။

အဲ့တာ.... စူပါစတား လင်းဖန်ပဲ။

လင်းဖန်က ချောလွန်းပါသည်။

ဝင်ပေါက်မှာလည်း သန်းရာချီတန်ဖိုးရှိတဲ့ ပြိုင်ကားကြီးနဲ့။

ကောင်မလေးများ အနည်းငယ်  စွဲလမ်းသွားကြ၏။

သို့သော်လည်း သူမတို့က  အဆင့်မြင့် လက်ဝတ်ရတနာဆိုင်ကြီးမှ ဝန်ထမ်းများဖြစ်သဖြင့် ဣန္ဒြေရှိကြပါသည်။ ဘာမှ ထုတ်မပြဘဲ လင်းဖန် ဘေးကိုသာ တိုးတိတ်စွာ လျှောက်သွားကြသည်။

"မစ္စတာလင်း ကြိုဆိုပါတယ်ရှင်။ စိန်လက်စွပ် ကြည့်ချင်ပါသလား၊ စိန်လည်ဆွဲ ကြည့်ချင်ပါသလား။ ကျွန်မတို့မှာ ရှင့်ကောင်မလေးနဲ့ အရမ်း လိုက်ဖက်မယ့် အဆင့်မြင့် လက်ဝတ်ရတနာဘရန်းတွေ အများကြီး ရှိပါတယ်။"

ဆိုင်ဝန်ထမ်းမလေးက ချိုမြိန်စွာ ပြောလိုက်၏။

သူ အဆင့်မြင့် လက်ဝတ်ရတနာဆိုင်ထဲသို့ ဝင်လာတော့  ဝန်ဆောင်မှု ဆက်ဆံပုံများက အလွန်ကောင်းမွန်ပါသည်။

လင်းဖန်က ပြုံးလိုက်သည်။ မနက်ဖြန် ရှားဝမ်ချွေ့ ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာကို ကြိုတင် စိတ်ကူးယဥ်ကြည့်နိုင်ပါပြီ။

လည်ဆွဲတွေနဲ့ စိန်လက်စွပ်တွေကို အချိန်မရွေး သုံးနိုင်သည်။

ဘာပဲဖြစ်ဖြစ် သူမကို မကြာခင်မှာပဲ လက်ထပ်တော့မှာ မဟုတ်လား။

Zawgyi

လင္းဖန္ 177+178

အခန္း(၁၇၇) ဘယ္သူက နင့္မိန္းမလဲ

"LV နဲ႔ Chanel စီအီးအိုေတြက ဘယ္လိုလုပ္ သူ႕ဆီကို ကိုယ္တိုင္ လာလည္ရတာလဲ။"

"သူတို႔က ကမ႓ာႀကီးေပၚက ထိပ္တန္းကုမၸဏီႀကီးေတြထိပ္မွာ ရပ္တည္ေနတဲ့လူေတြပဲ။ ဒီဓာတ္ပုံေတြက အတုေတြျဖစ္မွာပါ။"

"ဒီဓာတ္ပုံက အတုျဖစ္ျဖစ္ အစစ္ျဖစ္ျဖစ္၊ ဒီဓာတ္ပုံထဲက လူေတြက တကယ္ပဲ ကုမၸဏီႀကီးႏွစ္ခုရဲ႕ ေဘာ့စ္ျဖစ္မယ္ဆိုရင္ လင္းဖန္ရဲ႕ သ႐ုပ္မွန္ကေတာ့ ေတာ္ေတာ္ကို အံ့ၾသဖို႔ေကာင္းမွာပဲ။"

"လင္းဖန္မွာ ကုမၸဏီႀကီးႏွစ္ခုရဲ႕ စီအီးအိုေတြလိုပဲ အေရးႀကီးတဲ့ သ႐ုပ္မွန္႐ွိေလာက္တယ္။"

"ဒါ... မျဖစ္ႏိုင္တာ။ သူက အဲ့ေလာက္ ေတာ္တယ္ဆိုရင္ လင္းဖန္ကို Alibaba ရဲ႕ စီအီးအိုမာနဲ႔ေတာင္ ယွဥ္လို႔ ရေနၿပီ။"

"ဘာပဲျဖစ္ျဖစ္ လင္းဖန္က ႐ွားဝမ္ေခြၽ႕အတြက္ LV နဲ႔ Chanel ကုမၸဏီေထာက္ခံခ်က္ေတြကို အတည္ျပဳေပးခဲ့တာ။ ဒါက ငါတို႔တစ္ေယာက္မွ လုပ္ႏိုင္တာမ်ိဳး မဟုတ္ဘူး။"

အားလုံး ထိတ္လန္႔ကုန္ၾကပါသည္။

ဓာတ္ပုံကဝါးေနသျဖင့္ လင္းဖန္က ကုမၸဏီႏွစ္ခု၏ စီအီးအိုနဲ႔ ရင္းႏွီးေၾကာင္း အားလုံး မယုံခ်င္ၾကေသးပါ။

ဒါေတြက ကမ႓ာႀကီးထဲက ထိပ္တန္း တန္ဖိုးႀကီး ဘရန္း ႏွစ္ခု ျဖစ္သည္။ စီအီးအိုေတြက ဘာေၾကာင့္ တ႐ုတ္ကို လူကိုယ္တိုင္ ေရာက္လာၾကတာလဲ။

စီအီးအိုႏွစ္ေယာက္၏ အ႐ွိန္အဝါမွာ သာမန္လူေတြ ယွဥ္ႏိုင္တာမ်ိဳး မဟုတ္ပါ။

လင္းဖန္၏ လက္႐ွိ ရလဒ္မ်ားက ဒီလူေတြကို တုန္လႈပ္ေစဖို႔ မလုံေလာက္ေသးပါ။

စီအီးအိုလီက လူအုပ္ကိုၾကည့္လိုက္ကာ ျပံးလိုက္ပါသည္။

"ဒါက လင္းဖန္ရဲ႕ ပါဝါနဲ႔ အဆင့္အတန္းပဲ။ အခုေတာ့ နားလည္ၾကၿပီေပါ့။"

"ငါတို႔ႏိုင္ငံေတာ္ထဲမွာ ဒီလိုကုမၸဏီႀကီးႏွစ္ခုကို ေၾကာ္ျငာပုဂၢိဳလ္တစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္ေအာင္ လုပ္ႏိုင္တာ သမိုင္းဝင္ ေအာင္ျမင္မႈတစ္ခုပဲ" စီအီးအိုလီက ျပဳံးလိုက္ပါသည္။

လင္းဖန္ဘာေၾကာင့္အရမ္းေတာ္တာလဲဆိုတာကို သူ႐ုတ္တရက္နားလည္သြားပါသည္။

ဒီေတာ့ လင္းဖန္နဲ႔ ေနာက္ေၾကာင္းအစစ္က ဒါလား။

လင္းဖန္၏ ခြန္အားက တန္ဖိုးႀကီး ဘရန္းကုမၸဏီႏွစ္ခု၏ ေဘာ့စ္းမ်ားနဲ႔ တန္းတူညီသည္။

တျခားသူေတြက လင္းဖန္ကို မယုံေလာက္ေသာ္လည္း စီအီးအိုလီကေတာ့ ယုံပါသည္။

"ဝမ္ေခြၽ႕ကို ေန႔လည္ခင္း ခ်ိန္းထားတာေတြ အကုန္ဖ်က္ၿပီး LV နဲ႔ Chanelတို႔နဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔အတြက္ ႐ုံးကို လာခိုင္းလိုက္" စီအီးအိုလီ ေျပာလိုက္ပါသည္။

"ေကာင္းပါၿပီ" မန္ေနဂ်ာဝမ္က ေခါင္းၿငိမ့္လိုက္ပါသည္။

ေန႔လည္ခင္း ၃ နာရီထိုးေသာအခါ လင္းဖန္က ႐ုံးခန္းထဲမွာ ထိုင္ေနၿပီျဖစ္သည္။

တကယ္ေတာ့ လင္းဖန္မွာ လုပ္စရာ ကိစၥ မ်ားမ်ားစားစား မ႐ွိပါ။ သူ ယြဲ႕ဟြာမွာ ဒီတိုင္း ခဏ လာထိုင္ျခင္း ျဖစ္သည္။

အေရးအႀကီးဆုံးက ႐ွားဝမ္ေခြၽ႕နဲ႔ ဒီမွာေတြ႕ႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။

ေန႔လည္ခင္း ၃ နာရီေက်ာ္ေသာအခါ ႐ွားဝမ္ေခြၽ႕က စာခ်ဳပ္ႏွစ္ခုကို ကိုင္လ်က္ လင္းဖန္၏ ႐ုံးခန္းထဲသို႔ တစ္ေယာက္တည္း ဝင္လာခဲ့ပါသည္။

ဒီလိုအခြင့္ေကာင္းမ်ိဳးျဖင့္ သူမ စာခ်ဳပ္မ်ားကို ခ်ဳပ္ဆိုလိုက္တာနဲ႔ LV နဲ႔ Chanel တို႔၏ ေၾကာ္ျငာပုဂၢိဳလ္တစ္ေယာက္ ႐ွားဝမ္ေခြၽ႕ျဖစ္လာႏိုင္သည္။ တစ္ခ်ိန္တည္းမွာပဲ ျမင့္မားသည့္ ကုမၸဏီေထာက္ခံခ်က္ေၾကးလည္း ရ႐ွိႏိုင္ပါသည္။

သူမ စာခ်ဳပ္ေတြကို ျမင္ၿပီးၿပီျဖစ္ကာ ျပႆနာလည္း မ႐ွိပါ။

ဒီေလာက္ ေကာင္းမြန္သည့္ အက်ိဳးခံစားခြင့္မ်ားနဲ႔ ရင္ဆိုင္ရသျဖင့္ ႐ွားဝမ္ေခြၽ႕တစ္ေယာက္ စာခ်ဳပ္မ်ားကို တန္းၿပီး လက္မွတ္မထိုးခဲ့ပါ။

"အ႐ူးေကာင္လင္းဖန္ ငါ့ကိုေျပာစမ္း နင္ မဟုတ္တာ တစ္ခုခု လုပ္ထားတာလား။ ကုမၸဏီေထာက္ခံခ်က္ ေၾကးက သန္း ၁၂၀ ေတာင္။ LV နဲ႔ Chanelတို႔က ႏိုင္ငံတကာမွာ နာမည္ႀကီးတဲ့ ဘရန္းေတြခ်ည္းပဲ။ နင္က ငါ့ကိုသူတို႔လို ကုမၸဏီႏွစ္ုခအတြက္ ကုမၸဏီေထာက္ခံခ်က္ လုပ္ေစခ်င္တာလား" ႐ွားဝမ္ေခြၽ႕က သူမ၏ လွပေသာ မ်က္လုံးေလးမ်ားျဖင့္ လင္းဖန္ကိုၾကည့္လိုက္ပါသည္။

"မင့္ေယာက်္ားက ေတာ္တာကိုး" လင္းဖန္က ျပဳံးလိုက္သည္။ ႐ွားဝမ္ေခြၽ႕သူ႕ကိုေမးျမန္းေနပုံကိုၾကည့္ကာ အနည္းငယ္ခ်စ္ဖို႔ေကာင္းသည္ဟု ထင္မိပါသည္။

"တကယ္ေတာ့ ကိုယ့္ကိုယ္ကို ေရာင္းစားလိုက္တာပါ။ LV နဲ႔ Chanel ရဲ႕ ေကာင္မေလးႏွစ္ေယာက္က ကိုယ့္ဆီ ေရာက္လာတယ္ေလ။ ကိုယ္အရမ္းေခ်ာတာကို ျမင္သြားၾကေတာ့ ကိုယ္သာ ကိုယ့္ကိုယ္ကို ေရာင္းစားမယ္ဆိုရင္ သူတို႔က မင္းကို သူတို႔ကုမၸဏီႏွစ္ခုနဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ေအာင္ လုပ္ေပးမယ္တဲ့" လင္းဖန္က ျပဳံးကာ ေျပာလိုက္သည္။

႐ွားဝမ္ေခြၽ႕ ခ်ိဳသာစြာ ျပဳံးလိုက္ကာ လင္းဖန္ေ႐ွ႕ကို ေလွ်ာက္လာၿပီး သိမ္ေမြ႕စြာ ဆြဲဆိတ္လိုက္ပါသည္။ "နင့္ကိုယ္နင္ ေရာင္းစားလိုက္ေတာ့ နာလား။"

လင္းဖန္ စိတ္ဆိုးသြား၏။ ႐ွားဝမ္ေခြၽ႕ သူ႕ကို ဆြဲဆိတ္တာ ပထမဆုံးပဲျဖစ္သည္။ မနာေသာ္လည္း သူမ၏ ၾကမ္းတမ္းေသာ ပုံစံေလးေၾကာင့္ လင္းဖန္ ႏွလုံးသားမ်ား အရည္ေပ်ာ္သြားလုနီးပါးျဖစ္သြားခဲ့ပါသည္။ ႐ွားဝမ္ေခြၽ႕ေျပာတာကိုသာ လိုက္နာႏိုင္ေတာ့သည္။

"နာတယ္"

"အမွန္တိုင္းေျပာ" ႐ွားဝမ္ေခြၽ႕က ေဒါသထြက္ေနသည္။ သူမ ေျခေထာက္ကို ေဆာင့္နင္းကာ ရင္ဘတ္ကို ေကာ့လိုက္သည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို ၾကည့္လိုက္ပါသည္။ "အႀကီးႀကီးပဲ။"

႐ွားဝမ္ေခြၽ႕ ႐ွက္ေသြးျဖာသြားၿပီး ေနာက္လွည့္သြားသည္။ "ငါနင့္ကို စကားမေျပာေတာ့ဘူး။"

လင္းဖန္က ႐ွားဝမ္ေခြၽ႕၏ လက္ကို ဆြဲလိုက္သည္။ ႐ွားဝမ္ေခြၽ႕ သူ႕အတြက္ စိတ္ပူေနတာကို သူသိပါသည္။

ဒီစာခ်ဳပ္ႏွစ္ခုနဲ႔ အလြန္ျမင့္မားေသာ စာခ်ဳပ္ေၾကးတို႔ေၾကာင့္ တစ္ခုခု ျဖစ္ခဲ့မွာကို ႐ွားဝမ္ေခြၽ႕ စိတ္ပူေနျခင္း ျဖစ္ပါသည္။

သူမ၏ ကုမၸဏီေထာက္ခံခ်က္ ကမ္းလွမ္းခ်က္မ်ားကို ရႏိုင္ဖို႔အတြက္နဲ႔ လင္းဖန္က သူ႕အတြက္ အေရးနိမ့္မည့္ သေဘာတူညီခ်က္တစ္ခုကို ကုမၸဏီႏွစ္ခုနဲ႔ လုပ္ခဲ့မွာ စိုးရိမ္မိပါသည္။

တျခားသူသာဆို မ်က္ေတာင္ေတာင္မခတ္ဘဲ သန္း ၁၂၀ တန္ စာခ်ဳပ္မ်ားကို ခ်ဳပ္ဆိုလိုက္လိမ့္မည္။

႐ွားဝမ္ေခြၽ႕ကေတာ့ မဟုတ္ပါ။

သူမ လင္းဖန္အတြက္ ပိုစိတ္ပူပါသည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕၏ လက္ကိုကိုင္ကာ ႏူးညံ့စြာေျပာလိုက္ပါသည္။ "တကယ္ေတာ့ ညႇိႏိႈင္းရတာ အဲ့ေလာက္မခက္ပါဘူး။ မင္းက အရမ္းလွတာကိုး။ အရမ္းလည္းၾကည့္ေကာင္းတယ္။ အရမ္းလည္း ေရပန္းစားတယ္။ မင္း တစ္ႏွစ္ကို သန္း ၆၀ ရသင့္ပါတယ္။ သူတို႔နဲ႔ ၂ ရက္ ၂ ညေလာက္ ညႇိႏိႈင္းခဲ့ရတယ္။ နည္းနည္းေလာက္ ပင္ပန္းခဲ့ေပမယ့္ ကိုယ္တို႔ သေဘာတူညီခ်က္ရခဲ့တာပဲေလ။"

လင္းဖန္က ႐ွင္းျပလိုက္ပါသည္။ စနစ္ေၾကာင့္ သူကုမၸဏီႏွစ္ခု၏ အဓိက႐ွယ္ယာဝင္ျဖစ္လာသည္လို႔ေတာ့ ေျပာလို႔ေတာ့မရပါ။ ေျပာရင္ေတာင္ ႐ွားဝမ္ေခြၽ႕က ယုံမွာ မဟုတ္ပါ။ ထို႔အျပင္ လင္းဖန္ နားလည္လြယ္ေအာင္ ႐ွင္းမျပတတ္ပါ။

လြန္ခဲ့သည့္ ၂ ရက္အတြင္း လင္းဖန္ ေကာင္းေကာင္း အိပ္မရခဲ့ေပ။ တစ္ဖက္တြင္ အိမ္မွာ ဇာတ္ၫႊန္းအသစ္မ်ား ေရးသားျခင္း သို႔မဟုတ္ ဂိမ္းမ်ား ကစားေနသည္။ တစ္ဖက္မွာေတာ့ ႐ွားဝမ္ေခြၽ႕ကို ေမြးေန႔မွာ ဘယ္လို စပ႐ိုက္ လုပ္ေပးရမလဲဆိုတာ စီစဥ္ေနဆဲ ျဖစ္သည္။

ထို႔ေၾကာင့္ လင္းဖန္၏ စိတ္ပိုင္းဆိုင္ရာ အေျခအေနက သိပ္မေကာင္းပါ။ သူ တကယ္ပဲ အၾကာႀကီး ေဆြးေႏြးခဲ့ရသည့္ပုံပင္။

႐ွားဝမ္ေခြၽ႕က လင္းဖန္ကိုၾကည့္လိုက္ၿပီး သူမ လက္ကိုကိုင္ထားခြင့္ေပးလိုက္ပါသည္။ သူမ သိမ္ေမြ႕စြာ ေမးလိုက္သည္။ "နင္အရမ္းႀကီးေတာ့ မပင္ပန္းဘူးမလား။ သူတို႔ နင့္ကို အရမ္းလြန္တဲ့ ေတာင္းဆိုမႈေတြလုပ္ရင္ ငါသူတို႔နဲ႔ စာခ်ဳပ္မခ်ဳပ္ဘူး။"

လင္းဖန္က ေခါင္းခါကာ ႐ွားဝမ္ေခြၽ႕၏ တျခား လက္တစ္ဖက္ကို ကိုင္လိုက္ပါသည္။

သူတို႔ မတြဲၾကေသးေသာ္လည္း လင္းဖန္က ႐ွားဝမ္ေခြၽ႕လက္ကို ကိုင္ထားသည္။

သူ႕မိန္းမ သူ႕ေ႐ွ႕မွာ႐ွိေနေသာအခါ လင္းဖန္ ဘယ္ေလာက္ပဲ တည္ၿငိမ္ပါေစ ခံႏိုင္ရည္ မ႐ွိေတာ့ပါ။

"မေတာင္းဆိုပါဘူး စိတ္ခ်ပါ ကိုယ့္မိန္းမရယ္၊ ဒီကုမၸဏီေထာက္ခံခ်က္ ႏွစ္ခုကို မင္း လက္မွတ္ထိုးဖို႔ ထိုက္တန္ပါတယ္" လင္းဖန္က အျပဳံးျဖင့္ ေျပာလိုက္ပါသည္။

"အင္း ဒါဆိုလည္း ငါလက္မွတ္ထိုးလိုက္မယ္~"

"ၿပီးေတာ့ ဘယ္သူက နင့္မိန္းမလဲ။ လင္းဖန္ နင္ငါ့လက္ကို ဘာမွမဟုတ္သလိုကိုင္ထားတယ္။ အရင္တုန္းေကာ တျခားေကာင္မေလး လက္ေတြကိုင္ေနက်လား" ႐ွားဝမ္ေခြၽ႕က မ်က္ႏွာနီကာ ေမးလိုက္ပါသည္။

"မကိုင္ဖူးပါဘူး" လင္းဖန္ကေျပာလိုက္ပါသည္။

"ဒါဆိုလည္း ျမန္ျမန္လႊတ္ေတာ့ေလ။ ဟြန္း နင္ အခုေနာက္ပိုင္း ပိုပိုဆိုးလာၿပီေနာ္" ႐ွားဝမ္ေခြၽ႕၏ ပါးေလးမ်ားက အနည္းငယ္ နီရဲလာၿပီး ေခါင္းငုံ႔ကာေျပာလိုက္ပါသည္။

"ကိုယ္ ဘယ္ေလာက္ ႀကိဳးစားထားလဲဆိုတာကို ၾကည့္ဦးေလ။ ကိုယ့္ကို ဆုမခ်ေတာ့ဘူးလား" လင္းဖန္က ႐ွားဝမ္ေခြၽ႕၏ လက္ကို လႊတ္လိုက္ၿပီး သူ႕ေ႐ွ႕က ေကာင္မေလးကိုၾကည့္လိုက္ပါသည္။

"ဘာဆုလိုခ်င္လို႔လဲ" ႐ွားဝမ္ေခြၽ႕က သူမ၏ လွပေသာမ်က္ႏွာေလးကို ေဖာ္ကာ ျပန္ၾကည့္လိုက္ပါသည္။

"ဆုအကုန္လုံး လိုခ်င္တယ္" လင္းဖန္ကျပဳံးလိုင္ကာ ႐ွားဝမ္ေခြၽ႕နား ပိုကပ္လိုက္ပါသည္။

"မေပးဘူး~" ႐ွားဝမ္ေခြၽ႕က လွည့္ထြက္သြားကာ စာခ်ဳပ္ခ်ဳပ္ဖို႔ ျပင္လိုက္ပါသည္။

႐ွက္ေသြးျဖာေနေသာ ႐ွားဝမ္ေခြၽ႕၏ ေနာက္ေက်ာကို ၾကည့္ရင္း လင္းဖန္ အနည္းငယ္ စိတ္ဆိုးသြားပါသည္။

ေကာင္မစုတ္ေလး။ ဆုမေပးတာ ကိစၥမ႐ွိဘူး ဒါေပမယ့္ ဘာလို႔ အရမ္းဆြဲေဆာင္မႈ႐ွိရတာလဲ။

သူမကို သူ မပိုင္ဆိုင္ရေသးပါ။ သူမကို ပိုင္ဆိုင္ၿပီးပါက လင္းဖန္လည္း ႐ွားဝမ္ေခြၽ႕ကို ဒီအတိုင္းပဲ ခံစားေစခ်င္ပါေသးသည္။

စာခ်ဳပ္မ်ားကို ခ်ဳပ္ဆိုၿပီး သိပ္မၾကာလိုက္ေပ။ လင္းဖန္ ဖုန္းထဲတြင္ ေငြလႊဲမက္ေဆ့ခ်္ ဝင္လာခဲ့ပါသည္။

LV နဲ႔ Chanel တို႔က တစ္ၿပိဳင္နက္တည္း ကုမၸဏီေထာက္ခံခ်က္ေၾကးမ်ားကို လင္းဖန္ ဘဏ္အေကာင့္ထဲကို လႊဲေပးလိုက္ပါသည္။

သန္း ၁၂၀ ကို ဒီလိုနဲ႔ ရ႐ွိခဲ့သည္။

လင္းဖန္ တုန္လႈပ္သြားပါသည္။

႐ွားဝမ္ေခြၽ႕ကို ကုမၸဏီေထာက္ခံခ်က္ႏွစ္ခု ႐ွာေပးဖို႔ သူကူညီခဲ့သည္။ သို႔ေသာ္ ႐ွားဝမ္ေခြၽ႕က LV နဲ႔ Chanel တို႔ကို လင္းဖန္၏ အေကာင့္ထဲ ေငြထည့္ေပးဖို႔ ေျပာခဲ့သည္။

လင္းဖန္ ခ်က္ခ်င္းပဲ ႐ွားဝမ္ေခြၽ႕ ႐ုံးခန္းထဲသို႔ သြားခဲ့ပါသည္။

႐ွားဝမ္ေခြၽ႕က ႐ုံးခန္းထဲတြင္ထိုင္ကာ ခပ္လွမ္းလွမ္းက ႐ႈခင္းကို ေငးၾကည့္ေနသည္။

ေနဝင္ဆည္းဆာေအာက္တြင္ သူမ၏ ေဘးဘက္ မိန္းမလွေလးက ၿပီးျပည့္စုံလွပါသည္။

ေႏြးေထြးသည့္ ေနေရာင္က သူမကို ယိမ္းထိုးေနၿပီး သူမ၏ ေသြးသြယ္ေသာ ကိုယ္လုံးကိုယ္ေပါက္ေလးကို ဆြဲသားေပးေန၏။ သူမ ထိုင္ခုံေဘးမွာ ထိုင္ေနၿပီး မိုးကုတ္စက္ဝိုင္းမွ ႐ႈခင္းကို တိတ္ဆိတ္စြာ ၾကည့္ေနပါသည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕အနား ေလွ်ာက္သြားၿပီး သူမ ပခုံးေပၚတြင္ လက္တင္လိုက္သည္။ သူမ ေမးလိုက္သည္။ "ဘာျဖစ္လို႔ ကိုယ့္ရဲ႕ ဘဏ္အေကာင့္ အခ်က္အလက္ေတြကို ျဖည့္လိုက္တာလဲ။"

႐ွားဝမ္ေခြၽ႕က မတ္တပ္ရပ္ကာ လင္းဖန္ကိုၾကည့္လိုက္ပါသည္။ သူမ၏ အျပဳံးတစ္ခုတည္းနဲ႔ အရာရာကို သိမ္းပိုက္ႏိုင္ပါသည္။ "ဘာမွမျဖစ္ပါဘူး။ ငါ့အတြက္ ဒီတိုင္း လုံျခဳံေအာင္ သိမ္းထားတဲ့ ပိုက္ဆံေပါ့။ ဘာပဲျဖစ္ျဖစ္ ေနာက္ပိုင္းက်ရင္ညလည္း ငါ့ပိုက္ဆံက နင့္ပိုက္ဆံျဖစ္လာမွာပဲေလ~" လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို ၾကည့္လိုက္သည္။

ထိုအခ်ိန္တြင္... သူ တကယ္ ခံႏိုင္ရည္ မ႐ွိေတာ့ပါ။

ဒီေလာက္လွပ၊ လိမၼာၿပီး ခ်စ္ဖို႔ေကာင္းသည့္ ေကာင္မေလးက ေငြေရးေၾကးေရးလည္း စိတ္မဝင္စားပါ။

ဒီလိုေကာင္မေလးမ်ိဳးကို သူ ဘယ္မွာ႐ွာႏိုင္ဦးမည္နည္း။

အခန္း(၁၇၈) ငါ သူ႕ကို မၾကာခင္ လက္ထပ္ေတာ့မွာ

လင္းဖန္ တစ္ခုခုေျပာဖို႔ ၾကံလိုက္စဥ္ တံခါးတြင္ ရပ္ေနသည့္ ႐ႈယန္ ေနာက္ခံကားခ်ပ္ႀကီး တစ္ခုလို ျဖစ္လာသည္။

႐ႈယန္ : "ငါ့လခြီးထဲမွ... ဒီကို အေရးႀကီးတာ တစ္ခုခုလုပ္ဖို႔ လာခဲ့တာ ငါ့ကို ဒီလိုမ်က္ႏွာပူေအာင္ လုပ္ရသလား။"

႐ႈယန္ စိတ္ဓာတ္မ်ား ၿပိဳလဲသြားသည္။

ဒီလိုမ်က္ႏွာပူစရာေတြနဲ႔ ႐ုံးထဲမွာ ေနာက္ကို ဘယ္လို ႐ွင္သန္ရေတာ့မလဲ။

လင္းဖန္က ႐ႈယန္ကို ပခုံးပုတ္ကာ ေျပာလိုက္ပါသည္။ "မင္းအသားက်သြားမွာပါ။"

႐ႈယန္က လင္းဖန္ကို တိုးတိတ္စြာ ၾကည့္လိုက္သည္။ "ငါ အရင္သြားႏွင့္ေတာ့မယ္။ ငါတစ္ေယာက္တည္း ေနခ်င္တယ္။"

႐ႈယန္ထြက္သြားၿပီးေနာက္ လင္းဖန္က ႐ုံးခန္း တံခါးကို ပိတ္လိုက္ပါသည္။

႐ွားဝမ္ေခြၽ႕က သူမ၏ လွပေသာ မ်က္လုံးေလးမ်ားျဖင့္ လင္းဖန္ကိုၾကည့္လိုက္သည္။ "မနက္ျဖန္က ထူးျခားတဲ့ေန႔ေနာ္။။ ငါ Keep Running ေနာက္ဆုံးပိုင္း ႐ိုက္ရမွာေလ။"

မနက္ျဖန္က ႐ွားဝမ္ေခြၽ႕၏ ေမြးေန႔မွန္း လင္းဖန္ သိပါသည္။

အခု ဖြင့္ေျပာခ်င္ေသာ္လည္း လင္းဖန္ စိတ္ထိန္းထားလိုက္ပါသည္။

မနက္ျဖန္က သူ႕မိန္းမ၏ ေမြးေန႔ ျဖစ္သည္။ ထို႔ေၾကာင့္ သူမကို စပ႐ိုက္ လုပ္ေပးရမည္။

လင္းဖန္က ေခါင္းၿငိမ့္လ်က္္ ေျပာလိုက္၏။ "အင္းပါ။ Variety Show ေတြ႐ိုက္တဲ့အခါ သတိထားဦး။"

႐ွားဝမ္ေခြၽ႕ အနည္းငယ္ စိတ္ဆိုးသြားပါသည္။ သူမ လင္းဖန္ကိုၾကည့္လိုက္၏။ "ဒါပဲလား"

လင္းဖန္က ျပန္ေမးလိုက္သည္။ "ဘာက်န္ေသးလို႔လဲ"

႐ွားဝမ္ေခြၽ႕က စိတ္ဆိုးကာ လွည့္ထြက္သြားပါသည္။

မနက္ျဖန္က သူမ ေမြးေန႔ျဖစ္သည္။ သို႔ေသာ္လည္း လင္းဖန္က ေမ့ေနပါသည္။

ဟြန္း။ သူမ ေနာက္ကို လင္းဖန္အား အေရးစိုက္မွာ မဟုတ္ေတာ့ပါ။

႐ွားဝမ္ေခြၽ႕ ထြက္သြားၿပီးေနာက္ လင္းဖန္ ျပဳံးလိုက္ပါသည္။

သူမ ပိုၿပီးစိတ္ပ်က္သြားေလေလ စပ႐ိုက္ ပိုၿပီးျဖစ္ေလေလပင္။

မနက္ျဖန္အတြက္ အစီအစဥ္ေတြ တန္းစီၿပီး သူ ခ်ထားၿပီးပါၿပီ။

Kepp Running ေနာက္ဆုံးပိုင္းသို႔ သူသြားမည္ျဖစ္သည္။ မနက္ျဖန္ ေနာက္ဆုံးပိုင္းအား တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမည္။

ထို႔ေန႔က အလြန္ေမွ်ာ္လင့္ထားခဲ့ရေသာေန႔ တစ္ေန႔ ျဖစ္သည္။

လင္းဖန္ ဆုံးျဖတ္ခ်က္ခ်ၿပီးပါၿပီ။

ဒီႏွစ္ေပါင္းမ်ားစြာအတြင္း ႐ွားဝမ္ေခြၽ႕ရဲ႕ေမြးေန႔မွာ သူမနဲ႔ အတူ မက်င္းပခဲ့ဖူးေပ။

မနက္ျဖန္က အေကာင္းဆုံး အခြင့္အေရးျဖစ္၏။

သူမနဲ႔ ေမြးေန႔ပြဲတူတူက်င္းပသည့္အပျပင္ လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို သူ႕ေကာင္မေလးလည္း ျဖစ္ေစခ်င္ပါသည္။

ဒီလိုသာဆို သူတို႔ ေနာက္ပိုင္း သတင္းဆိုးမ်ား ထြက္မွာ စိုးရိမ္စရာ မလိုေတာ့ပါ။

မနက္ျဖန္ကစၿပီး Keep Running ကို တိုက္႐ိုက္ထုတ္လႊင့္ျပသေတာ့မည္။ လင္းဖန္က ႐ွားဝမ္ေခြၽ႕မွာ သူ႕ေကာင္မေလးျဖစ္မွန္း ပရိတ္သတ္အားလုံးကို အသိေပးလိုက္ပါမည္။

ေကာင္မေလးတစ္ေယာက္ကို ပိုးပန္းသည့္အခါ သူမနဲ႔ ဆက္ဆံေရးက ဒီေလာက္ထိ ေရာက္ေနၿပီ ဆိုပါက ပိုးပန္းဖို႔ အလြန္လြယ္ကူပါသည္။

႐ွားဝမ္ေခြၽ႕နဲ႔ သူတို႔ တျဖည္းျဖည္း နီးစပ္လာေနသည္ဟု လင္းဖန္ခံစားမိသည္။

ဒီလိုအေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္လာရသျဖင့္ သူမကို တစ္ခ်က္တည္းနဲ႔ အရယူရပါမည္။

ေၾကာင္မေလးက ခ်စ္ဖို႔ေကာင္းလြန္းသျဖင့္ သူသည္းမခံခ်င္ေတာ့ပါ။

တစ္ဖက္တြင္ေတာ့ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ အတူတူ ထိုင္ေနၾကသည္။ ႐ွားဝမ္ေခြၽ႕က အလြန္ စိတ္ပ်က္ကာ စုေ႐ွာင္းယြီကို ေျပာလိုက္ပါသည္။ "ေ႐ွာင္းယြီ သူငါ့ေမြးေန႔ကို ေမ့သြားလိမ့္မယ္လို႔ မထင္ထားဘူး။"

"လင္းဖန္ရင္ထဲမွာ ငါ့ေနရာက အရမ္းျမင့္တယ္ ထင္ထားတာ။ ဒါေပမယ့္ ဒီလိုမ်ိဳး မထင္ထားဘူး...." ႐ွားဝမ္ေခြၽ႕က ေခါင္းငုံ႔လိုက္ပါသည္။

လင္းဖန္က အားလုံးကို ေမ့သြားခဲ့သည္။ သူမ စိတ္ပ်က္သင့္ပါသည္။

ကိုယ့္မိန္းမနဲ႔ ႏွစ္ပတ္လည္ေန႔ကို ေမ့သြားလည္း ထိုနည္းလည္းေကာင္း ျဖစ္ႏိုင္ပါသည္။ အေသေတာင္ အသတ္ခံရႏိုင္ပါသည္။

႐ွားဝမ္ေခြၽ႕ အရင္တုန္းက တစ္ခါမွ စိတ္မဆိုးဖူးပါ။ သို႔ေသာ္လည္း ဒီတစ္ေခါက္ေတာ့ သူမ တကယ္ စိတ္ဆိုးပါသည္။

သို႔ေသာ္လည္း ႐ွားဝမ္ေခြၽ႕ ထုတ္မျပခ်င္ပါ။ သူမ စိတ္ဆိုးတာထက္ စိတ္ပ်က္သြားမိတာ ျဖစ္ပါသည္။

လင္းဖန္ရင္ထဲမွာ သူမေနရာက အရမ္းျမင့္မားတယ္ ထင္ေနတာလား။

လင္းဖန္က သူမအေပၚထားတဲ့ ခံစားခ်က္ေတြကို အထင္ေသးခဲ့မိတာလား။

ဒီဆိုသာဆို လင္းဖန္က ဘာေၾကာင့္ သူမ လက္ကို ကိုင္ၿပီး ကုမၸဏီေထာက္ခံခ်က္ေတြကို ႐ွာေပးခဲ့တာလဲ။

"အစ္မဝမ္ေခြၽ႕ စိတ္မဆိုးပါနဲ႔။"

"ဆရာက အခုတေလာ အရမ္းအလုပ္မ်ားေနတာ။ သူေမ့သြားတာ သာမန္ပါပဲ။ သူ႕ရင္ထဲမွာ နင္မ႐ွိဘူးလို႔ ထင္ေနတာလား။ နင္မသိေလာက္ေပမယ့္ သူနင့္ကို ၾကည့္တဲ့အခ်ိန္တိုင္း သူ႕မ်က္လုံးေတြ အေရာင္လက္ေနတာပဲ~" စုေ႐ွာင္းယြီက ေျပာလိုက္ပါသည္။

မနက္ျဖန္ ဘာေတြျဖစ္မလဲဆိုတာ သူမ သိပါသည္။ သို႔ေသာ္လည္း ႐ွားဝမ္ေခြၽ႕ကိုေတာ့ ေျပာလို႔ မျဖစ္ေသးေပ။

လင္းဖန္လုပ္ထားသည့္ အစီအစဥ္အားလုံးကို သူမ သိပါသည္။ သို႔ေသာ္လည္း ႐ွားဝမ္ေခြၽ႕ကို ႀကိဳေျပာလိုက္လို႔ မရေပ။

လင္းဖန္ သူမအတြက္ ျပင္ဆင္ထားေပးသည့္ စပ႐ိုက္ မ်ားစြာ ႐ွိပါသည္။

"ဟြန္း သူမ်ားေတြဆို ေမြးေန႔အတြက္ Crystal စားေသာက္ဆိုင္မွာေတာင္ ဘိုကင္လုပ္ထားေပးေသးတယ္။ Crystal စားေသာက္ဆိုင္တစ္ဆိုင္လုံးကို တစ္ေယာက္ေယာက္က ဘိုကင္လုပ္ထာားမွန္း ႐ွန္ဟိုင္းၿမိဳ႕တစ္ၿမိဳ႕လုံးသိၾကတယ္။ ငါ့မွာေတာ့ ဘာမွ မရဘူး" ႐ွားဝမ္ေခြၽ႕က အနည္းငယ္ အားက်စြာျဖင့္ ႏူးညံ့စြာေျပာလိုက္ပါသည္။

သိပ္မၾကာေသးခင္က တစ္ေယာက္ေယာက္ Crystal စားေသာက္ဆိုင္ကို ဘိုကင္လုပ္ခဲ့သည္။

ထိုအခ်ိန္တုန္းက ေဝ့ေပၚ ေပၚမွာေတာင္ နာမည္ႀကီးလာ၏။

သူမေမြးေန႔တြင္ တစ္ေယာက္ေယာက္က Crystal စားေသာက္ဆိုင္ႀကီး တစ္ဆိုင္လုံးကို ဘိုကင္လုပ္ထားသည္။

သို႔ေသာ္လည္း လင္းဖန္ကေတာ့ ဒီလို ႐ိုမန္႔တစ္ဆန္တာမ်ိဳး ဘယ္ေတာ့မွ လုပ္မွာ မဟုတ္တာကို သူမ သိပါသည္။

သူမ လင္းဖန္ကို စမ္းသပ္ေနျခင္းသာ ျဖစ္ၿပီး လင္းဖန္က သူမ၏ ေမြးေန႔ကို တကယ္ႀကီး ေမ့သြားခဲ့ပါသည္။

"ေ႐ွာင္းယြီ ငါ့ကို မႏွစ္သိမ့္ပါနဲ႔ေတာ့။"

"သူ႕ရင္ထဲက ငါ့ေနရာကို အၾကမ္းဖ်င္း သိလိုက္ရၿပီ" ႐ွားဝမ္ေခြၽ႕က ေျပာလိုက္ကာ မတ္တပ္ရပ္လိုက္ပါသည္။ သူမ အရင္တုန္းကလို ခ်စ္ဖို႔ေကာင္းေအာင္ မေနေတာ့ဘဲ အနည္းငယ္ စိတ္ဓာတ္က်ေန၏။

စုေ႐ွာင္းယြီက အျမန္လိုက္သြားၿပီး ႐ွားဝမ္ေခြၽ႕၏ လက္ေမာင္းကို ကိုင္လိုက္ပါသည္။ "ဟုတ္ပါၿပီ။ ဟုတ္ပါၿပီ။ အစ္မဝမ္ေခြၽ႕ စိတ္မဆိုးပါနဲ႔ေတာ့။ ဆရာ့မ်က္လုံးထဲမွာ နင္က အရမ္းလွပါတယ္။ ေယာက်္ားတစ္ေယာက္ကို အကဲခတ္တဲ့အခါ သူေျပာတာကို မၾကည့္နဲ႔၊ သူလုပ္တာကိုပဲ ၾကည့္တဲ့။"

စုေ႐ွာင္းယြီ၏ စကားလုံးမ်ားက ႐ွားဝမ္ေခြၽ႕ ရင္ကို ထိသြားေစပါသည္။

႐ွားဝမ္ေခြၽ႕ ေခါင္းၿငိမ့္လိုက္သည္။

သူမ ဆုံးျဖတ္ၿပီးပါၿပီ။

မနက္ျဖန္ လင္းဖန္ သူမကို လာမေတြ႕ပါက ေန႔တိုင္း လင္းဖန္ကို ကိုက္ပစ္မည္။

႐ွားဝမ္ေခြၽ႕ စိတ္မဆိုးေတာ့တာကို ျမင္ၿပီး စုေ႐ွာင္းယြီ သူမ ရင္ဘတ္ကို ထိကာ သက္ျပင္းခ်လိုက္ပါသည္။

သူမ ဉာဏ္ေကာင္းလို႔ ကံေကာင္းသြားပါသည္။ မဟုတ္ပါက အစ္မဝမ္ေခြၽ႕ တကယ္ စိတ္ဆိုးသြားႏိုင္ပါသည္။

သူမ ဘယ္ေလာက္ႀကိဳးစားထားသလဲဆိုတာကိုၾကည့္ၿပီး ေနာက္ပိုင္း သူမ ဆရာဆီကို ေက်းဇူး ျပန္ဆပ္ခိုင္းရမည္။

...

ထိုေန႔ညက လင္းဖန္တစ္ေယာက္ Bugatti La Voiture ႀကီးနဲ႔ ႐ွန္ဟိုင္းၿမိဳ႕လမ္းမမ်ားတစ္ေလွ်ာက္ ေမာင္းႏွင္လာခဲ့သည္။

လင္းဖန္ ႐ွားဝမ္ေခြၽ႕ကို ပိုးပန္းဖို႔ ဆုံးျဖတ္လိုက္ၿပီးေနာက္ အလြန္အေရးႀကီးသည့္ဆုံးျဖတ္ခ်က္ တစ္ခုကို ခ်ခဲ့ပါသည္။

သူမကို ပိုးပန္း႐ုံနဲ႔ မလုံေလာက္ေသးပါ။

လင္းဖန္ ပ႐ိုပို႔စ္ လုပ္ခ်င္ပါေသးသည္။

ဒါမွ ေၾကာင္မေလးက သူ႕အနာဂတ္ထဲ ဝင္ေရာက္လာမွာျဖစ္ၿပီး ဘယ္ေတာ့မွ လြတ္ေျမာက္ႏိုင္မွာ မဟုတ္ေတာ့ေပ။

ေကာင္မေလးမွ ဇနီးေလာင္းအျဖစ္ တိုးတက္ဖို႔ ျမန္ျမန္လုပ္ရမည္။

လင္းဖန္၏ Bugatti ႀကီးက ႐ွန္ဟိုင္းၿမိဳ႕ လမ္းမမ်ားတစ္ေလွ်ာက္ လွပေသာျမင္ကြင္း တစ္ခုကို ဖန္တီးလို႔ေနေလသည္။

"အားးး ၿပိဳင္ကာားႀကီး Bugatti ႀကီးဟဲ့"

"Bugatti ဆိုတာ ဘယ္လို ဘရန္းမ်ိဳးလဲ။ သန္းခ်ီၿပီးတန္မယ့္ပုံပဲ"

"နင္ နားမလည္ပါဘူး။ အဲ့တာ Limited Edition Bugatti ႀကီးဟဲ့။ Bugatti La Voiture Noire က သန္းရာနဲ႔ခ်ီၿပီး တန္ဖိုး႐ွိတယ္။"

"ငါမွတ္မိသြားၿပီ။ ဒီၿပိဳင္ကားမ်ိဳးပိုင္တာ တစ္ေယာက္ပဲ႐ွိတယ္။ အဲ့တာ လင္းဖန္ပဲ။"

"ဝိုး လင္းဖန္က ၿပိဳင္ကားႀကီး ေမာင္းလာတာပဲ။ လင္းဖန္က ေငြၾကယ္ပြင့္လည္း ဟုတ္တယ္။ အရမ္းလည္း ေခ်ာတယ္။"

"လင္းဖန္ လင္းဖန္ လင္းဖန္"

လမ္းတစ္ေလွ်ာက္တြင္ ေကာင္မေလးမ်ားစြာက ေအာ္ဟစ္ေနၾကပါသည္။

သို႔ေသာ္လည္း ႐ွန္ဟိုင္းၿမိဳ႕တြင္္ Bugatti La Voiture Noire ကားကို သိသည့္လူက နည္းပါသည္။

လင္းဖန္ ဇာတ္နိမ့္သာ ေနခဲ့သည္။

လင္းဖန္က လက္ဝတ္ရတနာဆိုင္တစ္ဆိုင္ေ႐ွ႕တြင္ ကားကို  ပါကင္ထိုးလိုက္သည္။ ႐ွန္ဟိုင္းၿမိဳ႕က အလြန္အဆင့္ျမင့္ေသာ လက္ဝတ္ရတနာဆိုင္ႀကီး ျဖစ္၏။

လင္းဖန္ဝင္သြားေတာ့ ဆိုင္ဝန္ထမ္းမ်ားစြာ၏ မ်က္လုံးမ်ား ဝိုင္းစက္သြားၾကၿပီး အားလုံး အနည္းငယ္ စိတ္လႈပ္႐ွားကုန္ၾကပါသည္။

အဲ့တာ.... စူပါစတား လင္းဖန္ပဲ။

လင္းဖန္က ေခ်ာလြန္းပါသည္။

ဝင္ေပါက္မွာလည္း သန္းရာခ်ီတန္ဖိုး႐ွိတဲ့ ၿပိဳင္ကားႀကီးနဲ႔။

ေကာင္မေလးမ်ား အနည္းငယ္  စြဲလမ္းသြားၾက၏။

သို႔ေသာ္လည္း သူမတို႔က  အဆင့္ျမင့္ လက္ဝတ္ရတနာဆိုင္ႀကီးမွ ဝန္ထမ္းမ်ားျဖစ္သျဖင့္ ဣေႁႏၵ႐ွိၾကပါသည္။ ဘာမွ ထုတ္မျပဘဲ လင္းဖန္ ေဘးကိုသာ တိုးတိတ္စြာ ေလွ်ာက္သြားၾကသည္။

"မစၥတာလင္း ႀကိဳဆိုပါတယ္႐ွင္။ စိန္လက္စြပ္ ၾကည့္ခ်င္ပါသလား၊ စိန္လည္ဆြဲ ၾကည့္ခ်င္ပါသလား။ ကြၽန္မတို႔မွာ ႐ွင့္ေကာင္မေလးနဲ႔ အရမ္း လိုက္ဖက္မယ့္ အဆင့္ျမင့္ လက္ဝတ္ရတနာဘရန္းေတြ အမ်ားႀကီး ႐ွိပါတယ္။"

ဆိုင္ဝန္ထမ္းမေလးက ခ်ိဳၿမိန္စြာ ေျပာလိုက္၏။

သူ အဆင့္ျမင့္ လက္ဝတ္ရတနာဆိုင္ထဲသို႔ ဝင္လာေတာ့  ဝန္ေဆာင္မႈ ဆက္ဆံပုံမ်ားက အလြန္ေကာင္းမြန္ပါသည္။

လင္းဖန္က ျပဳံးလိုက္သည္။ မနက္ျဖန္ ႐ွားဝမ္ေခြၽ႕ ဘယ္လိုပုံစံျဖစ္သြားမလဲဆိုတာကို ႀကိဳတင္ စိတ္ကူးယဥ္ၾကည့္ႏိုင္ပါၿပီ။

လည္ဆြဲေတြနဲ႔ စိန္လက္စြပ္ေတြကို အခ်ိန္မေ႐ြး သုံးႏိုင္သည္။

ဘာပဲျဖစ္ျဖစ္ သူမကို မၾကာခင္မွာပဲ လက္ထပ္ေတာ့မွာ မဟုတ္လား။

Continue Reading

You'll Also Like

471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
731K 41.5K 26
Jk - Possessive type #Warning Cv_ Pinterest
171K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
376K 68.8K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...