彡Unexpected true love彡(Comple...

By Jkkimphyo

23.7K 1.5K 555

Kim Taehyung × Jeon jungkook Top-Jeon jungkook bottom -Taehyung start date-21.2.2024 end date-13.3.2024 More

🖤1🖤
🖤2🖤
🖤3🖤
🖤4🖤
🖤5🖤
🖤6🖤
🖤7🖤
🖤8🖤
🖤10🖤
🖤11🖤
🖤12🖤
🖤13🖤
🖤14🖤
🖤15🖤(final)

🖤9🖤

1.3K 102 31
By Jkkimphyo

Unicode

"မြင်လား ယော်ကျား ရှင့်သားအခြေအနေကို..."

"မြင်တာပေါ့ကွာ...ကိုယ်ကတော့ ဒီလိုမျိုးအမတွေ့ဖူးတော့ ထူးဆန်းနေပေမဲ့ ဟိုဘက်ကကောင်လေးက ကိုယ်တို့သားကို တကယ်ချစ်ပုံပဲ..."

"ဟုတ်တယ် ကျွန်မဆိုနှစ်ခါရှိပြီ တွေ့တာ နှစ်ခါလုံးအဲ့လိုပဲ..."

"သားကဝန်မခံဘားမလား မသိချင်ယောင်ဆောင်ပေးကြတာပေါ့...အချိန်တန်ရင်ပြောပြမှာပဲလေ..."

"အင်း ကျွန်မလဲအဲ့ဒါစောင့်နေတာ..."

ထိုညက Taehyung... jungkook ကြောင့်သိတ်တိုပြီးအိပ်မရသော်လည်း အောက်ထပ်ကမိဘနှစ်ပါးကတော့ ရှောက်တွေးနေတာကိုလဲ မသိလိုက်ပါ...။

ညဘက်နောက်ကျမှ အိပ်သောကြောင့် မနက်ကျမထနိုင်ဖြစ်ကာ jungkook လာခေါ်မယ်ပြောတာကို Taehyung မေ့ကာ အိပ်ပျော်နေလေသည်။

jungkook တစ်ယောက် ထိုဆရာဝန်အား ဉီးလေးစီကနေ ခွင့်ရက်တောင်းပေးကာ မနက်၈နာရီထဲက ထိုဆရာဝန်အိမ်ရှေ့တွင် စောင့်နေပါသော်လည်း...၁၀နာရီထိုးနေပီဖြစ်တာတောင်မဆင်းလာသေးသောကြောင့် ဉီးလေးပေးထားတဲ့ ထိုဆရာဝန်ဖုန်းနံပတ်အားဆက်ရန် ထုန်းထုတ်တုန်းရှိသေး...။

"သားက...ထယ်ယောင်းသူငယ်ချင်းလား...အိမ်ရှေ့မှာ ရပ်နေတာကြာနေပီမို့လေ..."

Taehyung နဲ့ရုပ်တူသော အန်တီက ထိုအိမ်ထဲမှထွက်လာသောကြောင့် Taehyung အမေဖြစ်ပုံရသည်။

"ဟုတ်...ဟုတ်ပါတယ်..."

"အဲ့ဒါဆိုအထဲဝင်လေ အပြင်မှာဘာရပ်လုပ်နေတာလဲသားရဲ့..."

"အဲ့ဒါ... ကျုပ်...ကျွန်တော်က Taehyung ကိုစောင့်နေတာပါ..."

သုံးနေကျအတိုင်း ကျုပ်ဟုသုံးနှုန်းဖို့လုပ်လိုက်ပေမဲ့ လူကြီးအား ရိုင်းပြသလိုဖြစ်မှာဆိုလို့ ပြောင်းသုံးနှုန်းလိုက်သည်။

jungkook သည် သူ့ဉီးလေးကအစ ကျုပ်လို့ပြောတာကို မေ့လျော့နေခဲ့သည်။

"အိမ်ထဲဝင်စောင့်မလား ဒီနေ့မှအလုပ်မသွားဘူးထင်တယ် အိပ်နေလို့သားရေ..."

jungkook လဲအပြင်မှာပဲရပ်စောင့်နေပေမဲ့ အန်တီက jungkook လက်ကိုဆွဲကာ အိမ်ထဲခေါ်သွားကာ ဆိုဖာပေါ်ထိုင်စေသည်။

jungkook လဲခပ်တည်တည်နဲ့ပင်ဝင်ထိုင်ရင်း အမှတ်မထင် နံရံပေါ်ကဓာတ်ပုံအားအကြည့်ရောက်မိတော့ min Hoon ဆိုတဲ့ကောင်ပုံ...။

ထိုပုံထဲတွင် ထိုဆရာဝန်ဘွဲ့ဝတ်စုံဖြင့် min Hoonက Taehyung ပါးကနမ်းနေကာ Taehyung ကပြုံးနေသောပုံဖစ်လေသည်။

ထိုပုံဖြင့် jungkook မျက်ခုံးတွေမြင့်တက်သွားရပြီး ထိုပုံကိုသာ စိုက်ကြည့်နေမိသည်။

ဒီကောင်က ဆရာဝန်ရဲ့ရည်းစားများလား...။

"သား...ကော်ဖီသောက်ပါအုံး Taehyung ကိုအန်တီသွားနိုးလိုက်မယ်နော်..."

"ခန...ကျွန်တော်သွားနိုးလို့ရလား..."

"အင်း အပေါ်ထပ်တက်သွားရင် ပထမဆုံးအခန်းပဲ..."

"ဟုတ်ကဲ့..."

jungkook လဲအပေါ်ထပ်တက်သွားလိုက်ပြီ ပထမဆုံးအခန်းက အညို​ေရာင်တံခါးအား ခေါက်လိုက်သည်။

အထဲကဘာမှပြန်မထူးသဖြင့် စိတ်မရှည်တော့တဲ့jungkookမှာ ဖွင့်ကာ ဝင်သွားလိုက်သည်။

အထဲရောက်တော့ တစ်ခန်းလုံးက အဖြူရောင်တွေနဲ့သာလုပ်ထားတာ သပ်သပ်ရပ်ရပ်လေးဖြစ်သည်။

jungkook အခန်းနဲ့တော့ဆန့်ကျင်ဘက်ပေါ့...။

ကုတင်ပေါ်ကိုကြည့်လိုက်တော့ ထိုဆရာဝန်က ဗိုက်တွေပါပေါ်နေကာ ဖြဲကားအိပ်နေလေသည်။

jungkook နှာခေါင်းရှုံမိသွားသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဘယ်လိုတောင် အအိိပ်ကြမ်းရတာပါ့လိမ့်...။

"အဟမ်း...အဟမ်း..."

jungkook သည် လုပ်ချောင်းဆိုးကာ နိုးနေပါသော်လည်း ချောင်းဆိုးရလွန်းလို့ လည်ချောင်းပါနာနေပြီ မထသေးသော ထိုဆရာဝန်အား ကိုင်ပေါက်ချင်လာသည်။

"ခင်ဗျားအခုချက်ချင်းထစမ်း..."

jungkook သည် အိပ်နေသော Taehyung ခြေ​ထောက်အား ဆွဲချလေသည်။

"အားးးး မေမေ..."

"ပါးစပ်ပိတ်ထား အော်မနေနဲ့..."

jungkook လက်တစ်ဖက်က Taehyung ပါးစပ်ကိုပိတ်ထားလေသည်။

အိပ်ချင်မူးတူးဖြစ်နေတဲ့ Taehyung တစ်ယောက်အခုမှ လက်ရှိအခြေအနေကို သတိထားမိကာ သူ့ပါးစပ်ပေါ်က jungkook လက်အားကိုက်ပါတော့သည်။

"အား...ခင်ဗျားလွှတ်နော်..."

သူတို့ရဲ့ဆူညံသံကြောင့် အောက်မဆင်းလာသေးလိုလာခေါ်တဲ့ Taehyung အမေမှာ ထပ်မံသူများသားအားကိုက်နေသော ကိုယ့်သားဖြစ်သူကြောင့် တစ်ဖက်က အံ့ကြိတ်ကာတောင့်ခံနေသော ကောင်လေးအား အားနာသွားကာ...။

"Kim Taehyung! !အိပ်နေလို့လာနိုးတဲ့ သူငယ်ချင်းကိုအဲ့လိုလုပ်စရာလား..."

သူ့အားဆူသောမေမေကြောင့် jungkook လက်ကိုလွှတ်ပေးလိုက်ပြီး jungkook ကို မျက်စောင်းထိုးနေတုန်း...။

jungkook သည် Taehyung ကိုမဲ့ပြုံးပြုံးပြကာ...။

" Taehyung နဲ့ကျွန်တော်က တွဲနေတဲ့ဆက်ဆံရေးပါ အန်တီ..."

jungkook အပြောကြောင့် အန်တီက ပါးစပ်အဟောင်းသားဖြစ်သွားပြီး...။

Taehyung ကတော့မယုံနိုင်သော မျက်လုံးများဖြင့် jungkook အားကြည့်နေလေသည်။

jungkook သည် မျက်ခုံးတစ်ဖက်ပင့်ပြကာ Taehyung အားဘာတက်နိုင်သေးလဲဟု အသံတိတ်ပြောနေဟန်...။

"အဲ့ဒါအခု ကျွန်တော်အမေတွေနဲ့ Taehyung ကိုပေးတွေ့ဖို့ လာခေါ်တာပါ အန်တီ..."

"မင်း... မင်းသေချင်လို့လား...ဘာမဟုတ်တာတွေပြောနေတာလဲ..."

"Taehyung ရေသွားချိုးပြီး ပြင်ဆင်ထားတော့..."

မေမေကလှမ်းပြောသောကြောင့် Taehyung ပြန်ပြောမလို့လုပ်လိုက်ပေမဲ့ မီးဝင်းဝင်းတောက်နေသော မေမေနဲ့အကြည့်ချင်းဆုံချိန်တွင်တော့ ဘာမှဆက်မပြောတော့ပဲ...ရေချိုးခန်းထဲသာဝင်သွားလိုက်ပြီး jkအား ထုရိုက်ချင်စိတ်တွေအား မျိုသိပ်ထားရသည်။

အဓိကက မေမေတလွဲထင်သွားမှာပဲ...။

Taehyung သည်ဆက်မတွေးတော့ပဲ ရေအမြန်ချိုးကာ နို့နှစ်ရောင် ဆွယ်တာလေးအား ဘောင်းဘီအဖြူလေးဖြင့် တွဲဝတ်လိုက်ကာ အောက်ထပ်သို့ဆင်းလာလိုက်လေသည်။

မေမေက Jungkookအား တစ်ခုခုမေးနေပုံရကာ jungkook သည် သူ့လည်ဂုတ်အားသူပွတ်ကာ ရှက်နေပုံရသည်။

မူယာမာယာတွေ မ​ျားနေသော jkရဲ့ဇာတ်ပိုးအား တစ်ချက်တီးလိုက်တော့...Kim Taehyung ဆိုတဲ့ မေမေ့ရဲ့အော်သံကြီးထွက်ပေါ်လာတော့သည်။
.

.

.to be continued

A/N)အပြင်တွေဒီရက်ပိုင်းဆက်တိုက်ထွက်နေတာနဲ့ daily မupဖစ်ဘူးဖစ်နေတယ်ရော notiမတက်တာမို့ဝင်ကြည့်ပေးပါနော်။

Taekook is real for me

jkkimphyo

Zawgyi











"ဟုတ်...ဟုတ်ပါတယ်..."














"ဟုတ်ကဲ့..."

jungkook လဲအပေါ်ထပ်တက်သွားလိုက်ပြီ ပထမဆုံးအခန်းက အညိုရောငျတံခါးအား ခေါက်လိုက်သည်။





jungkook နှာခေါင်းရှုံမိသွားသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဘယ်လိုတောင် အအိပ်ကြမ်းရတာပါ့လိမ့်...။

"အဟမ်း...အဟမ်း..."




"အားးးး မေမေ..."




"အား...ခင်ဗျားလွှတ်နော်..."





" Taehyung နဲ့ကျွန်တော်က တွဲနေတဲ့တက်ဆံရေးပါ အန်တီ..."











မူယာမာယာတွေ မြားနသေော jkရင်ဇာတ်ပိုးအား တစ်ချက်တီးလိုက်တော့...Kim Taehyung ဆိုတဲ့ မေမေ့ရဲ့အော်သံကြီးထွက်ပေါ်လာတော့သည်။
.

.

.to be continued


Taekook is real for me

jkkimphyo

Continue Reading