(Unicode)
ကားတံခါးကိုဖွင့်ကာ မောင့်ရဲ့လက်မောင်းတေကိုတွဲရင်းကားပေါ်ကဆင်းလာတဲ့ မိန်းကလေးတယောက်
အသားကပ်အမဲရောင် စကပ်ပေါင်တိုနှင့် ရင်ဟိုက်နေသည့် ဖဲသားအကျီလက်ရှည်ကိုဝတ်ထား၍ ပန်းနီရောင်ကာလဆံပင်အရောင်နှင့် မိန်းကလေးတယောက်က မောင့်လက်မောင်းတွေကို သူမပခုံးပေါ်တင်ရင်း သူမအား စေ့စေ့ ကြည့်လာသည်
"မတွေ့ရတာကြာပြီနော် မသွန်းဆက်မြိုင်"
"ဒါက အမယောက်ျားပါ အမလက်ထဲကို ပေးသင့်နေပြီထင်တယ်"
" Oh! ဒို့သတိလက်လွှတ်ဖစ်သွားတယ် Sorryနော် အကျင့်ဖစ်သွားလို့"
သွန်း၏ဘေးတေချထားသော လက်သီးနှစ်ဖက်အား တင်ကြပ်စွာ စုပ်ထားရင်း အံကိုတင်းတင်းကြိတ်ကာ သူမ၏ ဝမ်းနည်းမှုတို့အား ဖုံးကွယ်ထားနိုင်ရန် သူမ ကြိုးစားနေလေသည်
ရှင်းသန့်ဝတီက သွန်းဆက်မြိုင်ရဲ့အမှုအယာတို့အား တွေ့၍နီနီရဲရဲနူတ်ခမ်းထောင့်တနေရာမှာအပေါ်သို့ကော့တက်သွားတော့သည်
" မောင် အရက်တွေသောက်လာတာလား? "
သွန်း သူမဆီရောက်လာပါသော မောင်၏ခန္ဓာကိုယ်မှ အရက်နံ့ခပ်စူးစူးတို့ကို ရှူရှိတ်မိသွားလေသည်
သူမ၏အရှေ့မှ ရှင်းသန့်ဝတီအား ကြည့်ရင်း
"ကြီးပု ခြံရှေ့လိုက်ပို့လိုက်ပါအုံး"
"မသွန်းဆက်မြိုင်က ပညာသားပါပါ နှင်ထုတ်တက်သားနော် အိမ်ပိုင်ရှင်က နှင်နေပြီဆိုတော့ ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ ဂရုစိုက်မောင်းသွားပါ"
သွန်း ရှင်းသန့်ဝတီအား ပြုံးကာပြော၍ နောက်လှည့်မကြည့်တော့ပဲ အိမ်ထဲသို့ မောင်ကိုတွဲရင်းဝင်လာတော့သည်
မောင့်အားရေဘတ်ဝတ်တိုက်ကာ အဝတ်များလှဲပေးနေရင်း မောင့်လည်တိုင်ဘေးမှ နူတ်ခမ်းနီပေနေသည်ကို သွန်း တွေ့မိလိုက်ရတော့သည်
သွန်း မောင့်အားကြည့်၍ ချုပ်တည်းထားပါသော မျက်ရည်များမှာ ပြိုကျလာရတော့တယ် သွန်းမောင်နိုးသည်မည် ကြောက်၍ အသံပင် ကျယ်ကျယ်မထွက်ရဲ မောင့်မျက်ကိုတစိမ့်စိမ့်ကြည့်ရင်း သွန်းရင်ဘတ်တေ စူးအောင့်လာရတော့သည်
'မောင်က မလိမ်မာတော့ဘူးပဲ မောင်'
မင်းထိုက်ဝဿန် အိပ်ယာနိုးနိုးချင်း ခေါင်းထဲမှ ထိုးကိုက်မှုကို ပြင်းထန်စွာခံစားလာရခြင်းနှင့်အတူ ဗိုက်ထဲမှာ စူးခနဲ အောင့်နေသည်ကိုလဲ ခံစားလိုက်ရသည်
မင်းထိုက်ဝဿန် မထချင်တော့၍ အိပ်ယာအနီးတဝိုက်ဝေ့ဝဲကြည့်ရင်း စားပွဲခုံလေးပေါ်တွင် တင်ထားသည့် စွတ်ပြုတ်ထည့်ထားသည့် ပန်းကန်နှင့် ဆေးများကို ချထားသည်ကိုတွေ့လိုက်ရတယ်
ထိုသည်တွေကို မြင်မှ မင်းထိုက်ဝဿန် ညကဖ်ပျက်ခဲ့သော ကိစ္စများအား ဖြေးဖြေးချင်းဆီ ပြန်တွေးဖော်နေမိသည်
မင်းထိုက်ဝဿန်၏ အတွေးထဲတွင် အရက်ခွက် ငှဲ့ပေးတဲ့ သွယ်လျတဲ့လက်ချောင်းလေးတွေရယ် သူ့အားဘားထဲမှ မိန်းကလေးတယောက် တွဲခေါ်လာ၍ ကားထဲခေါ်လာပုံတွေ သူလည်ပင်းရဲ့ နွေးအိနေတဲ့ အရာတခု ထိမိသလိုခံစားမိသလိုများရောက်ရှိလာသည်
မင်းထိုက်ဝဿန် သူ့လည်ပင်းသူကိုင်ကြည့်ရင်း တွေးတောနေသည်ကို အခန်းထဲ ဝင်လာသည့် သွန်းကမြင်သွားလေသည်
"မောင်"
သွန်းဆက်မြိုင်ရဲ့အသံကိုကြား၍ တွန့်တက်ကာ အနည်းငယ်ပုံစံ ပျက်သွားသော မောင့်အား သူမ ဝမ်းနည်းရိမ်သမ်းနေသော မျက်လုံးများဖြင့်စိုက်ကြည့်နေလေရဲ့
မောင်ဟာ သူမရဲ့အကြည့်တွေကို အတင်းရှောင်ဖယ်ရင်း တခုခုပြောဖို့ မောင်ကြိုးစားနေသည်
" မ ညက မောင်နည်း"လေးသောက်မိသွားတယ် ကုမ္ပဏီကအလုပ်ကိစ္စတွေက ပင်ပန်းတော့ သိတယ်မလား စိတ်ပြေလက်ပျောက်ပါ "
"မောင့် ကျန်းမာရေးကို မောင်ဂရုမစိုက်တော့ဘူးလား"
သွန်းဟာ မောင့်အားအပြစ်မယူရက် မစွတ်စွဲရက်ပေ သွန်းဟာမောင့်၏စကားလုံးလေးတလုံးနဲ့တောင် ချုပ်နိုင်တဲ့ မိန်းမပါ
"ဟို....မောင် သတိလက်လွတ်ဖစ်သွားတယ်"
"အွန်းပါ မောင်နောက်တခေါက် သတိလွတ်လို့မဖြစ်ဘူးနော် မျက်နှာသွားသစ်လိုက်ပါအုံး အမူးပြေစွတ်ပြုတ်လေး အေးတော့မယ်"
"ဟုတ်ကဲ့ပါခဗျာ ဘယ်နာရီရှိပြီလဲ မ မောင်အလုပ်"
"ဒီနေ့ပိတ်ရက်လေ မောင်"
" အ အာ ဟုတ်သားပဲ ဒီမောင်ကတော့ သတိလက်လွတ်တေဖစ်ကုန်ပါပြီ"
မောင်ဟာ သူမအား ကလေးတယောက်လို ပြုံးရယ်ကာ ပြောနေလေသည် တနေ့ညကမောင့်ပုံစံနဲ့ သိပ်ကွာလွန်းလှသည်
မောင့်ရဲ့အပြုံးလေးတွေကို သူမတွေ့မိတော့ သူမရင်ထဲ စူးအောင့်လာသလိုခံစားချက်အား ရလိုက်လေသည်
'ဘာလို့လဲမောင် မောင်က မခံစားချက်တွေကိုပါ ချယ်လှယ်နေပြန်ပြီ'
"ဒီနေ့ မောင့်မိဘတွေနဲ့ ထမင်းစားဖို့ မောင်ပြောထားတာရော "
"ဟုတ်သားပဲ မောင်မေ့နေတာ"
သွန်းမောင့်အဖြေကို ကြိုသိနေပါသည် ထို့ကြောင့်လဲ မေးလိုက်ခြင်းသာ
"အခု ၉နာရီထိုးနေပြီ မောင်ရေမိုးချိုးတော့လေ"
သွန်း မင်းထိုက်ဝဿန်အား ပြောရင်း သူ့အနားနေလျှင် သူမ၏စိတ်တွေ အလွန်ကိုဝမ်းနည်းနေစေသောကြောင့် အောက်ထပ်သွားရန် ပြန်လှည့်လာခဲ့တော့သည်
"မ"
" မောင့်ကို စိတ်မဆိုးပါနဲ့တော့နော် ဟောဒီ့ကမောင် အရူးကောင်ကြီးကိုကမှားတာပါ မ ကိုစိတ်ပူစေမိခဲ့လို့ မကိုစွတ်စွဲမိလို့ မောင် တောင်းပန်ပါတယ်နော်"
"မောင်ကိုယ့်အမှားကိုယ်သိပါတယ် မောင်က မကိုသိပ်ချစ်လွန်းလို့ သဝန်တိုမိတာပါ မ ကို သူများလက်ထဲအပါမခံနိုင်လို့ပါ ပြီးတော့ မောင်နဲ့ ရှင်းသန့်ဝတီကို မ စိတ်ခုနေတာမလား"
"မောင်က အိမ်ထောင်သယ်ပါ မောင်မှာ ဒီလောက် လှပတဲ့အမျိုးသမီးတယောက်လုံးရှိနေတာကို မောင်ကအရူးလား"
မင်းထိုက်ဿန် ထွက်ခွာသွားတော့မည့် မ ရဲ့ခါးသွယ်သွယ်လေးအား သိုင်းဖက်ရင်း သူ့အပြစ်များကို ဝန်ချတောင်းပန်မိသည်
မ က သူ့ဖက်သို့လှည့်လိုက်ရင်း သူ့ရင်ခွင်ထဲရောက်သွားတော့သည် မ က သူ့အားမော့ကြည့်ပြီး သူ့နှာခေါင်းလေးအား ဆက်ခနဲ ဆွဲလိုက်တော့တယ်
"အ အ နာ နာတယ် မ လွှတ်ပေးပါ"
"ကိုယ့်အပြစ်ကို သိပြီပေါ့ ကောင်စုတ်လေး ထားပါတော့ မင်း ကို ဒီ မမ ကဘယ်လိုစိတ်ဆိုးရက်မှာလဲ"
မ က သူ့နှာခေါင်းလေးအား လိမ်ဆွဲနေရာမှ ဖြေးဖြေးချင်းလွှတ်ပေးရင်း ပါးလေးနှစ်ဖက်ကိုပြောင်းကိုင်ထားကာ ဆိုသည်
" မ ကသိပ်ချစ်ဖို့ကောင်းတာပဲဗျာ "
"ဟိုးနော် သွားမျက်နှာလဲမသစ်ရသေးပဲနဲ့ လာမနမ်းနဲ့"
" မ က မောင့်ကို ရွံနေပြီပေါ့ အင်းပါ"
" မောင်နော် အမေတို့ဆီသွားရပါမယ်ဆို သွားလုပ်စရာရှိတာလုပ်ပါတော့"
"ဟုတ်ကဲ့ပါ မောင့်အိမ်သူချစ်ဇနီးလေးအလိုကျ"
မောင့်ကြောင့် သွန်း စိတ်ထဲကဝမ်းနည်းမှုတွေကို ခတ္တခနလေးအတွင်း ပျောက်ကွယ်သွားစေခဲ့တယ်
'မောင်က အနာပေးလိုက်ဆေးပေးလိုက်နဲ့ မကိုကစားနေတာပဲ'
ကားတစီးဟာ လှပလွန်းတဲ့ ခြံကြီးအတွင်းသို့ တဖြေးဖြေးဝင်ရောက်လာခဲ့တယ် ခြံကြီးထဲဝင်လိုက်သည်နှင့် ပန်းပန်များစွာကို မျက်စိပဏာနဖြစ်အောင် တွေ့ရလေသည်
ခြံကြီးကို ငေးကြည့်ရင်း သွန်းရဲ့မျက်နှာကလေးက ပိုပိုညိုးလာနေလေရဲ့
"မ အဆင်ပြေရဲ့လား နေမကောင်းဘူးလား"
"အာ မဟုတ်ပါဘူး"
သူ့အမေးကို ဖြေယုံသာဖြေပြီး ကားပြတင်းပေါက်ကို ပြန်၍ငေးငိုင်ကြည့်နေသော မ အား သူအနည်းငယ်စိတ်ပူမိသည် ဘယ်ရယ်ကြောင့်မှန်းမသိ တခုခုပေါ်မှာကို သူကြောက်နေမိသည်
' ဘာကြောက်စရာလိုလဲ ငါနဲ့ရှင်းနဲ့က ဘာမှမဟုတ်တာ'
အမဲရောင်ကားတစီးသည် ကြီးမားလှသည့် စံအိမ်ကြီးအရှေ့တွင်ရပ်ထားပြီး အထဲမှ အသားဖြူဖြူ အရပ်ခတ်လတ်လတ် ကြည့်ကောင်းလှသည့် အမျိုးသမီးတယောက်ထွက်လာသည်
"အမေက လာမှလာမလားလို့မျော်နေတာ"
"အမေ့သားက အိမ်ယာထနောက်ကျနေတာလေ"
"ဟော သမီးမြိုင် ကြည့်ပါအုံး အသက်၃၀နားကပ်နေပြီလို့ ပြောရင်ဘယ်သူမှ ယုံမှာမဟုတ်ဘူး"
"အမေကလည်း မြှောက်နေပြန်ပါပြီ သမီးက အမေ့အိမ်မှာထမင်းလာစားတာပါနော်"
"မာမီ ကျနော်ကသားအရင်းနော် "
"ဟေ ဟုတ်လား "
"ဟာ မာမီနော်"
"သမီး ဒီကောင်ဒီလောက်ဆိုးသွမ်းနေတာ ငါ့သမီးလေးပင်ပန်းရှာမှာပဲ"
"မဟုတ်ပါဘူးအမေရယ် မောင်က လိမ္မာပါတယ် "
"လာလာ သမီးအမေဟင်းတွေအများကြီး ချက်ထားတယ်"
"ဟုတ်ကဲ့မာမီ"
" သားကိုမခေါ်ပါဘူး ချွေးမလေးကိုခေါ်တာ"
"ဟာ ဗျာ"
မောင့်အမေက သွန်းရဲ့ယောက်ခမဆိုပေမဲ့ အမေအရင်းတယောက်လို သွန်းအပေါ်သိက်ဂရုစိုက်ရှာသည်
သွန်း ဒီကိုရောက်တိုင်းသိပ်ကိုပျော်မိတယ် သွန်းစိတ်လွတ်လပ်လွတ်ပြုံးရီနိုင်တဲ့ နေရာတခုပဲလေ
"ဪ ဒါနဲ့အမေပြောမလို့ မေ့နေတာ သားသူငယ်ချင်းလေ ရှင်းကို အမေတခါထဲဖိတ်ထားတယ်"
"..."
အများကြီးနောက်ကျသွားလို့ တောင်းပန်ပါတယ် စာဖတ်သူလေးတွေ
========================================================
(Zawgyi)
ကားတံခါးကိုဖြင့္ကာ ေမာင့္ရဲ့လက္ေမာင္းေတကိုတြဲရင္းကားေပၚကဆင္းလာတဲ့ မိန္းကေလးတေယာက္
အသားကပ္အမဲေရာင္ စကပ္ေပါင္တိုႏွင့္ ရင္ဟိုက္ေနသၫ့္ ဖဲသားအက်ီလက္ရွည္ကိုဝတ္ထား၍ ပန္းနီေရာင္ကာလဆံပင္အေရာင္ႏွင့္ မိန္းကေလးတေယာက္က ေမာင့္လက္ေမာင္းေတြကို သူမပခံုးေပၚတင္ရင္း သူမအား ေစ့ေစ့ ၾကၫ့္လာသည္
"မေတြ့ရတာၾကာၿပီေနာ္ မသြန္းဆက္ၿမိဳင္"
"ဒါက အမေယာက္်ားပါ အမလက္ထဲကို ေပးသင့္ေနၿပီထင္တယ္"
" Oh! ဒို႔သတိလက္လႊတ္ဖစ္သြားတယ္ Sorryေနာ္ အက်င့္ဖစ္သြားလို႔"
သြန္း၏ေဘးေတခ်ထားေသာ လက္သီးႏွစ္ဖက္အား တင္ၾကပ္စြာ စုပ္ထားရင္း အံကိုတင္းတင္းႀကိတ္ကာ သူမ၏ ဝမ္းနည္းမႈတို႔အား ဖံုးကြယ္ထားႏိုင္ရန္ သူမ ႀကိဳးစားေနေလသည္
ရွင္းသန႔္ဝတီက သြန္းဆက္ၿမိဳင္ရဲ့အမႈအယာတို႔အား ေတြ့၍နီနီရဲရဲႏူတ္ခမ္းေထာင့္တေနရာမွာအေပၚသို႔ေကာ့တက္သြားေတာ့သည္
" ေမာင္ အရက္ေတြေသာက္လာတာလား? "
သြန္း သူမဆီေရာက္လာပါေသာ ေမာင္၏ခႏၶာကိုယ္မွ အရက္နံ႔ခပ္စူးစူးတို႔ကို ရႉရိွတ္မိသြားေလသည္
သူမ၏အေရ႔ွမွ ရွင္းသန႔္ဝတီအား ၾကၫ့္ရင္း
"ႀကီးပု ၿခံေရ႔ွလိုက္ပို႔လိုက္ပါအံုး"
"မသြန္းဆက္ၿမိဳင္က ပညာသားပါပါ ႏွင္ထုတ္တက္သားေနာ္ အိမ္ပိုင္ရွင္က ႏွင္ေနၿပီဆိုေတာ့ ခြင့္ျပဳပါအံုး"
"ဟုတ္ကဲ့ ဂရုစိုက္ေမာင္းသြားပါ"
သြန္း ရွင္းသန႔္ဝတီအား ၿပံဳးကာေျပာ၍ ေနာက္လွၫ့္မၾကၫ့္ေတာ့ပဲ အိမ္ထဲသို႔ ေမာင္ကိုတြဲရင္းဝင္လာေတာ့သည္
ေမာင့္အားေရဘတ္ဝတ္တိုက္ကာ အဝတ္မ်ားလွဲေပးေနရင္း ေမာင့္လည္တိုင္ေဘးမွ ႏူတ္ခမ္းနီေပေနသည္ကို သြန္း ေတြ့မိလိုက္ရေတာ့သည္
သြန္း ေမာင့္အားၾကၫ့္၍ ခ်ဳပ္တည္းထားပါေသာ မ်က္ရည္မ်ားမွာ ၿပိဳက်လာရေတာ့တယ္ သြန္းေမာင္ႏိုးသည္မည္ ေၾကာက္၍ အသံပင္ က်ယ္က်ယ္မထြက္ရဲ ေမာင့္မ်က္ကိုတစိမ့္စိမ့္ၾကၫ့္ရင္း သြန္းရင္ဘတ္ေတ စူးေအာင့္လာရေတာ့သည္
'ေမာင္က မလိမ္မာေတာ့ဘူးပဲ ေမာင္'
မင္းထိုက္ဝႆန္ အိပ္ယာႏိုးႏိုးခ်င္း ေခါင္းထဲမွ ထိုးကိုက္မႈကို ျပင္းထန္စြာခံစားလာရျခင္းႏွင့္အတူ ဗိုက္ထဲမွာ စူးခနဲ ေအာင့္ေနသည္ကိုလဲ ခံစားလိုက္ရသည္
မင္းထိုက္ဝႆန္ မထခ်င္ေတာ့၍ အိပ္ယာအနီးတဝိုက္ေဝ့ဝဲၾကၫ့္ရင္း စားပြဲခံုေလးေပၚတြင္ တင္ထားသၫ့္ စြတ္ျပဳတ္ထၫ့္ထားသၫ့္ ပန္းကန္ႏွင့္ ေဆးမ်ားကို ခ်ထားသည္ကိုေတြ့လိုက္ရတယ္
ထိုသည္ေတြကို ျမင္မွ မင္းထိုက္ဝႆန္ ညကဖ္ပ်က္ခဲ့ေသာ ကိစၥမ်ားအား ေျဖးေျဖးခ်င္းဆီ ျပန္ေတြးေဖာ္ေနမိသည္
မင္းထိုက္ဝႆန္၏ အေတြးထဲတြင္ အရက္ခြက္ ငွဲ႔ေပးတဲ့ သြယ္လ်တဲ့လက္ေခ်ာင္းေလးေတြရယ္ သူ႔အားဘားထဲမွ မိန္းကေလးတေယာက္ တြဲေခၚလာ၍ ကားထဲေခၚလာပံုေတြ သူလည္ပင္းရဲ့ ေနြးအိေနတဲ့ အရာတခု ထိမိသလိုခံစားမိသလိုမ်ားေရာက္ရိွလာသည္
မင္းထိုက္ဝႆန္ သူ႔လည္ပင္းသူကိုင္ၾကၫ့္ရင္း ေတြးေတာေနသည္ကို အခန္းထဲ ဝင္လာသၫ့္ သြန္းကျမင္သြားေလသည္
"ေမာင္"
သြန္းဆက္ၿမိဳင္ရဲ့အသံကိုၾကား၍ တြန႔္တက္ကာ အနည္းငယ္ပံုစံ ပ်က္သြားေသာ ေမာင့္အား သူမ ဝမ္းနည္းရိမ္သမ္းေနေသာ မ်က္လံုးမ်ားျဖင့္စိုက္ၾကၫ့္ေနေလရဲ့
ေမာင္ဟာ သူမရဲ့အၾကၫ့္ေတြကို အတင္းေရွာင္ဖယ္ရင္း တခုခုေျပာဖို႔ ေမာင္ႀကိဳးစားေနသည္
" မ ညက ေမာင္နည္း"ေလးေသာက္မိသြားတယ္ ကုမၸဏီကအလုပ္ကိစၥေတြက ပင္ပန္းေတာ့ သိတယ္မလား စိတ္ေျပလက္ေပ်ာက္ပါ "
"ေမာင့္ က်န္းမာေရးကို ေမာင္ဂရုမစိုက္ေတာ့ဘူးလား"
သြန္းဟာ ေမာင့္အားအျပစ္မယူရက္ မစြတ္စြဲရက္ေပ သြန္းဟာေမာင့္၏စကားလံုးေလးတလံုးနဲ႔ေတာင္ ခ်ဳပ္ႏိုင္တဲ့ မိန္းမပါ
"ဟို....ေမာင္ သတိလက္လြတ္ဖစ္သြားတယ္"
"အြန္းပါ ေမာင္ေနာက္တေခါက္ သတိလြတ္လို႔မျဖစ္ဘူးေနာ္ မ်က္ႏွာသြားသစ္လိုက္ပါအံုး အမူးေျပစြတ္ျပဳတ္ေလး ေအးေတာ့မယ္"
"ဟုတ္ကဲ့ပါခဗ်ာ ဘယ္နာရီရိွၿပီလဲ မ ေမာင္အလုပ္"
"ဒီေန့ပိတ္ရက္ေလ ေမာင္"
" အ အာ ဟုတ္သားပဲ ဒီေမာင္ကေတာ့ သတိလက္လြတ္ေတဖစ္ကုန္ပါၿပီ"
ေမာင္ဟာ သူမအား ကေလးတေယာက္လို ၿပံဳးရယ္ကာ ေျပာေနေလသည္ တေန့ညကေမာင့္ပံုစံနဲ႔ သိပ္ကြာလြန္းလွသည္
ေမာင့္ရဲ့အၿပံဳးေလးေတြကို သူမေတြ့မိေတာ့ သူမရင္ထဲ စူးေအာင့္လာသလိုခံစားခ်က္အား ရလိုက္ေလသည္
'ဘာလို႔လဲေမာင္ ေမာင္က မခံစားခ်က္ေတြကိုပါ ခ်ယ္လွယ္ေနျပန္ၿပီ'
"ဒီေန့ ေမာင့္မိဘေတြနဲ႔ ထမင္းစားဖို႔ ေမာင္ေျပာထားတာေရာ "
"ဟုတ္သားပဲ ေမာင္ေမ့ေနတာ"
သြန္းေမာင့္အေျဖကို ႀကိဳသိေနပါသည္ ထို႔ေၾကာင့္လဲ ေမးလိုက္ျခင္းသာ
"အခု ၉နာရီထိုးေနၿပီ ေမာင္ေရမိုးခ်ိဳးေတာ့ေလ"
သြန္း မင္းထိုက္ဝႆန္အား ေျပာရင္း သူ႔အနားေနလ်ွင္ သူမ၏စိတ္ေတြ အလြန္ကိုဝမ္းနည္းေနေစေသာေၾကာင့္ ေအာက္ထပ္သြားရန္ ျပန္လွၫ့္လာခဲ့ေတာ့သည္
"မ"
" ေမာင့္ကို စိတ္မဆိုးပါနဲ႔ေတာ့ေနာ္ ေဟာဒီ့ကေမာင္ အရူးေကာင္ႀကီးကိုကမွားတာပါ မ ကိုစိတ္ပူေစမိခဲ့လို႔ မကိုစြတ္စြဲမိလို႔ ေမာင္ ေတာင္းပန္ပါတယ္ေနာ္"
"ေမာင္ကိုယ့္အမွားကိုယ္သိပါတယ္ ေမာင္က မကိုသိပ္ခ်စ္လြန္းလို႔ သဝန္တိုမိတာပါ မ ကို သူမ်ားလက္ထဲအပါမခံႏိုင္လို႔ပါ ၿပီးေတာ့ ေမာင္နဲ႔ ရွင္းသန႔္ဝတီကို မ စိတ္ခုေနတာမလား"
"ေမာင္က အိမ္ေထာင္သယ္ပါ ေမာင္မွာ ဒီေလာက္ လွပတဲ့အမ်ိဳးသမီးတေယာက္လံုးရိွေနတာကို ေမာင္ကအရူးလား"
မင္းထိုက္ႆန္ ထြက္ခြာသြားေတာ့မၫ့္ မ ရဲ့ခါးသြယ္သြယ္ေလးအား သိုင္းဖက္ရင္း သူ႔အျပစ္မ်ားကို ဝန္ခ်ေတာင္းပန္မိသည္
မ က သူ႔ဖက္သို႔လွည့္လိုက္ရင္း သူ႔ရင္ခြင္ထဲေရာက္သြားေတာ့သည္ မ က သူ႔အားေမာ့ၾကၫ့္ၿပီး သူ႔ႏွာေခါင္းေလးအား ဆက္ခနဲ ဆြဲလိုက္ေတာ့တယ္
"အ အ နာ နာတယ္ မ လႊတ္ေပးပါ"
"ကိုယ့္အျပစ္ကို သိၿပီေပါ့ ေကာင္စုတ္ေလး ထားပါေတာ့ မင္း ကို ဒီ မမ ကဘယ္လိုစိတ္ဆိုးရက္မွာလဲ"
မ က သူ႔ႏွာေခါင္းေလးအား လိမ္ဆြဲေနရာမွ ေျဖးေျဖးခ်င္းလႊတ္ေပးရင္း ပါးေလးႏွစ္ဖက္ကိုေျပာင္းကိုင္ထားကာ ဆိုသည္
" မ ကသိပ္ခ်စ္ဖို႔ေကာင္းတာပဲဗ်ာ "
"ဟိုးေနာ္ သြားမ်က္ႏွာလဲမသစ္ရေသးပဲနဲ႔ လာမနမ္းနဲ႔"
" မ က ေမာင့္ကို ရြံေနၿပီေပါ့ အင္းပါ"
" ေမာင္ေနာ္ အေမတို႔ဆီသြားရပါမယ္ဆို သြားလုပ္စရာရိွတာလုပ္ပါေတာ့"
"ဟုတ္ကဲ့ပါ ေမာင့္အိမ္သူခ်စ္ဇနီးေလးအလိုက်"
ေမာင့္ေၾကာင့္ သြန္း စိတ္ထဲကဝမ္းနည္းမႈေတြကို ခတၲခနေလးအတြင္း ေပ်ာက္ကြယ္သြားေစခဲ့တယ္
'ေမာင္က အနာေပးလိုက္ေဆးေပးလိုက္နဲ႔ မကိုကစားေနတာပဲ'
ကားတစီးဟာ လွပလြန္းတဲ့ ၿခံႀကီးအတြင္းသို႔ တေျဖးေျဖးဝင္ေရာက္လာခဲ့တယ္ ၿခံႀကီးထဲဝင္လိုက္သည္ႏွင့္ ပန္းပန္မ်ားစြာကို မ်က္စိပဏာနျဖစ္ေအာင္ ေတြ့ရေလသည္
ၿခံႀကီးကို ေငးၾကၫ့္ရင္း သြန္းရဲ့မ်က္ႏွာကေလးက ပိုပိုညိုးလာေနေလရဲ့
"မ အဆင္ေျပရဲ့လား ေနမေကာင္းဘူးလား"
"အာ မဟုတ္ပါဘူး"
သူ႔အေမးကို ေျဖယံုသာေျဖၿပီး ကားျပတင္းေပါက္ကို ျပန္၍ေငးငိုင္ၾကၫ့္ေနေသာ မ အား သူအနည္းငယ္စိတ္ပူမိသည္ ဘယ္ရယ္ေၾကာင့္မွန္းမသိ တခုခုေပၚမွာကို သူေၾကာက္ေနမိသည္
' ဘာေၾကာက္စရာလိုလဲ ငါနဲ႔ရွင္းနဲ႔က ဘာမွမဟုတ္တာ'
အမဲေရာင္ကားတစီးသည္ ႀကီးမားလွသၫ့္ စံအိမ္ႀကီးအေရ႔ွတြင္ရပ္ထားၿပီး အထဲမွ အသားျဖဴျဖဴ အရပ္ခတ္လတ္လတ္ ၾကၫ့္ေကာင္းလွသၫ့္ အမ်ိဳးသမီးတေယာက္ထြက္လာသည္
"အေမက လာမွလာမလားလို႔ေမ်ာ္ေနတာ"
"အေမ့သားက အိမ္ယာထေနာက္က်ေနတာေလ"
"ေဟာ သမီးၿမိဳင္ ၾကၫ့္ပါအံုး အသက္၃၀နားကပ္ေနၿပီလို႔ ေျပာရင္ဘယ္သူမွ ယံုမွာမဟုတ္ဘူး"
"အေမကလည္း ေျမႇာက္ေနျပန္ပါၿပီ သမီးက အေမ့အိမ္မွာထမင္းလာစားတာပါေနာ္"
"မာမီ က်ေနာ္ကသားအရင္းေနာ္ "
"ေဟ ဟုတ္လား "
"ဟာ မာမီေနာ္"
"သမီး ဒီေကာင္ဒီေလာက္ဆိုးသြမ္းေနတာ ငါ့သမီးေလးပင္ပန္းရွာမွာပဲ"
"မဟုတ္ပါဘူးအေမရယ္ ေမာင္က လိမၼာပါတယ္ "
"လာလာ သမီးအေမဟင္းေတြအမ်ားႀကီး ခ်က္ထားတယ္"
"ဟုတ္ကဲ့မာမီ"
" သားကိုမေခၚပါဘူး ေခြၽးမေလးကိုေခၚတာ"
"ဟာ ဗ်ာ"
ေမာင့္အေမက သြန္းရဲ့ေယာက္ခမဆိုေပမဲ့ အေမအရင္းတေယာက္လို သြန္းအေပၚသိက္ဂရုစိုက္ရွာသည္
သြန္း ဒီကိုေရာက္တိုင္းသိပ္ကိုေပ်ာ္မိတယ္ သြန္းစိတ္လြတ္လပ္လြတ္ၿပံဳးရီႏိုင္တဲ့ ေနရာတခုပဲေလ
"ဪ ဒါနဲ႔အေမေျပာမလို႔ ေမ့ေနတာ သားသူငယ္ခ်င္းေလ ရွင္းကို အေမတခါထဲဖိတ္ထားတယ္"
"..."