𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...

By SuuNanChal

680K 33.2K 2.6K

စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... More

အမှာစာ / အမွာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
44
45
47
48
ဖတ်ပေးကြပါ
49
50
51

46

5K 371 50
By SuuNanChal

Unicode









၃နှစ်ခန့်ကြာပြီးနောက်. . .

အချိန်တွေကုန်တာ ၃နှစ်တာကာလကြာခဲ့ပေမဲ့ စိုင်းဟာ မြူဒေါင်းငယ်အား ရှာမတွေ့ခဲ့ချေ။ သို့ပေမယ့် စိုင်းကအခုချိန်ထိ မြို့အနှံ့ရှာနေတုန်းပါဘဲ။ မြူဒေါင်းငယ်ကအပုန်းကောင်းနေပေမဲ့ စိုင်းကအခုထိဇွဲမလျှော့သေး။ ဒါပေမယ့် ရှာမတွေ့တဲ့ရက်ကြာလာလေလေ စိုင်းဟာတုန်လှုပ်လာလေဘဲ။

မိမိကွယ်ရာ တစ်ခုခုများဖြစ်နေမလားဆိုတဲ့စိတ်နှင့် စိုင်းညဘက်တွေတောင်အိပ်မရတော့တဲ့အခြေအနေဖြစ်လို့ မိသားစုဆရာဝန်နဲ့ပါ ကြိတ်ကုနေရသည့်အဖြစ်။ အရင်ကလို ဆိုးသွမ်းမနေတော့ပေမဲ့ ပိုပြီးအေးစက်ခက်ထန်လာသည့်စိုင်းက အရင်ကထက်အလုပ်တွေလည်း ဖိလုပ်တတ်လာခဲ့သည်။ မိန်းမတွေနဲ့လည်း မရှုပ်တော့ဘဲ ညတိုင်းမြူဒေါင်းငယ်၏ ဓာတ်ပုံတွေကိုသာ မျက်ရည်တွေနဲ့ စိုက်ကြည့်နေတတ်သည်။

မြူဒေါင်းငယ်ကို ရှာမရသေးပါဘူးပြောမိတဲ့ သူ့အလုပ်သမားတိုင်းကိုလည်း စုတ်ပြတ်သတ်အောင်ထိုးကြိတ်တတ်သေး၏။ စိုင်းဟာ အရင်ကထက်တောင် ဒေါသပိုကြီးလာသည်။ အလုပ်ကလူတွေမှာလည်း သူဌေးဖြစ်သူကြောင့် အသက်တောင်ဝဝမရှူရဲခဲ့တာ အခုဆို ၃နှစ်တာလောက် ရှိပြီ။ အလုပ်ကထွက်ချင်ကြပေမဲ့ ရနေတဲ့လစာကမက်လောက်စရာဖြစ်လို့ ဘယ်သူမှမထွက်ချင်ကြပြန်ပါ။ ဒါကြောင့်ဘဲ သူတို့သူဌေး၏ ဒဏ်ကိုကြိတ်မှိတ်ခံနေကြရသည်။

''သီဟ ငါစီစဥ်ခိုင်းထားတာတွေ လုပ်ပြီးပြီလား ''

''ဟုတ်ကဲ့ Boss၊ တည်းဖို့ Hotel ကိုလည်း ဘိုကင်ကြိုချိတ်ထားပြီးသွားပါပြီ။ project သစ်အတွက်လည်း အကုန်စီစဥ်ပြီးသွားပါပြီ။ Boss ပုဂံကိုသွားပြီး ကြည့်ရုံပါဘဲ''

''အင်း.... ညနေကျ စထွက်မယ်၊ မင်းဘဲ ကားပြင်ထားလိုက်''

''ဟုတ်ကဲ့ Boss ''

ပြောစရာရှိတာပြောပြီး ရုံးခန်းထဲပြန်ဝင်သွားသည့် boss ကို သီဟ စိတ်မကောင်းစွာဘဲ ကြည့်ဖြစ်သည့်အကြိမ်ရေမနည်းတော့ချေ။ မိမိ၏ boss ဟာအပြင်ပိုင်းမာကျောချင်ယောင်ဆောင်နေပေမဲ့ အတွင်းစိတ်က ဘယ်လောက်ထိပြိုလဲနေပြီလဲဆိုတာ သီဟသိနေခဲ့၏။ boss က စိတ်ရောလူရောပင်ပန်းနေပါပြီ။

စိုင်း ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး မျက်လုံးတွေကို မှေးမှိတ်လိုက်ရာ ပေါ်လာတဲ့ မျက်ဝန်းအပြာရောင်တွေ။ စိုင်းအခုထိ မေ့မရနိုင်သော မျက်ဝန်းလေး ။ ရုန်းထွက်ဖို့ မဖြစ်နိုင်တော့တဲ့ အဲ့မျက်ဝန်းတွေက စိုင်းကိုအခုထိ ပြစ်ဒဏ်ချမှတ်ထားတုန်းပါပဲ။

လွမ်းတယ် ကလေးရယ်။ မင်းလေးက အပုန်းကောင်းလွန်းနေလိုက်တာ။ ကိုယ့်မှာတော့ ရူးမတက်ဘဲ။

စိုင်းမျက်နှာက ထင်ရှားသည့်မေးရိုးပြင်တွေဟာ ကိုယ့်ကိုယ်ကို ဒေါသကြောင့် မသိမသာတုန်နေခဲ့သည်။ ရှည်လျားသည့် ရွှေရောင်ဆံပင်တွေအစား ခပ်တိုတိုအနက်ရောင်ဆံသားတွေအဖြစ် ပြောင်းလဲထားခဲ့၏။ အနောက်ကိုလှန်ဖီထားသည်မို့ အရင်ကပို၍ ခန့်ညားလာပြီး ဂျစ်ကန်ကန်ပုံစံအစား ရင့်ကျက်လာသည့်စိုင်းကြောင့် ဒယ်ဒီကအတော်လေး ပျော်ရွှင်နေတော့သည်။

ဒါပေမယ့် စိုင်းကတော့. . . .။

တူ.....တူ.....

လက်ထဲကဖုန်းဟာ မြည်လာတော့ စိုင်းဆက်မတွေးတော့ဘဲ ဖုန်းကိုင်လိုက်တယ်။ ဒယ်ဒီက စိုင်းကအရင်လို ဥပက္ခာပြုတာတွေမလုပ်တော့ဘဲ စိုင်း၏နေရေး၊စားရေး၊ ကျန်းမာရေး အခြေအနေပါမကျန် ဂရုတစိုက်ရှိလာခဲ့သည်။ မေမေအပေါ်ကိုတော့ အရင်လိုခက်တန်းတန်းဘဲနေသည်။

''ဟယ်လို....ဒယ်ဒီ''

''...........''

''အင်း......ကျွန်တော် ညနေဘဲသွားတော့မယ်''

''.......''

''အင်း....ဒယ်ဒီ ။ ကျွန်တော် သေချာစီစဥ်ပြီးပြီ''

ဒယ်ဒီနဲ့ဖုန်းခဏပြောပြီး စိုင်းကျန်အလုပ်တွေကို ဆက်လုပ်နေမိသည်။ ခဏလေးနားမိရင်ကို မြူဒေါင်းငယ်က မိမိ၏အသိစိတ်ထဲနေရာယူနေတတ်သည်ကြောင့် သူခဏလေးတောင်မှနားမနေချင်ခဲ့ဘူး။

~~~~~~

ပုဂံမြို့( Sweet Coffee) ဆိုတဲ့ ကဖေးဆိုင်လေးတွင် ဆိုင်ရှင်လေး မြူဟာ ကိတ်အသစ်အတွက် ကိုယ်တိုင်တီထွင်နေခဲ့၏။ ကြည်လင်တဲ့မျက်ဝန်း လှလှလေးတွေအစက နှုတ်ခန်းပါးပါးလေးတွေအဆုံး ချိုမြသည့်အပြုံးလှလှလေးနဲ့ အေးချမ်းလွန်းနေသည်။

မြူဒေါင်းငယ် ပုဂံမြို့မှာ အခြေချနေခဲ့တာ အခုဆို ၄လ ကျော်၊ ၅လ လောက်ရှိပြီ။ ရန်ကုန်ကနေ ပုဂံကိုရိုက်ကူးရေးရှိတဲ့ အစ်ကိုရာဇာလွှမ်းခေါင်နဲ့ အဖော်လိုက်ဖြစ်ခဲ့ရာက သူဒီမြို့လေးကို သဘောကျမိခဲ့၏။ အစ်ကို့ကိုပြောပြတော့ အစ်ကိုသူ့ကိုနေချင်လာမေးလာခဲ့၍ သူဒီမှာ အခြေချဖြစ်ခဲ့သည်။

အစ်ကိုက သူ့အပေါ်အတော်လေးကောင်းပါသည်။ သူ့လုပ်ချင်တဲ့ coffee ဆိုင်အသေးစားလေးအတွက်လည်း အရင်းအနှီးထုတ်ပေးခဲ့တာကြောင့်ဘဲ မြူပုဂံမှာဘဲ coffee ဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်း နေနေခဲ့တာ။

အစ်ကိုကလည်း ရန်ကုန်ကနေ တစ်ခါတလေမြူ့ဆီအလည်လာပေးနေတော့ အလုပ်တစ်ဖက်နဲ့ မြူဆီလာတာနဲ့ပါ အလုပ်ရှုပ်နေရမှာစိုးတာကြောင့် တစ်လတစ်ခါမှလာဖို့ ပြောထားရသေးသည်။ ဒါတောင် အစ်ကိုကသူ့ကိုမလာစေချင်ဘူးလားဆိုပြီး တစ်ပတ်လောက်စိတ်ဆိုးသွားသေးတာ ။

''မြူရေ.....ဖုန်းလာတယ်''

''ဗျာ....ဟုတ်ကဲ့ မမသီရိ ''

မသီရိမေယူလာပေးတဲ့ ဖုန်းလေးကိုယူကိုင်လိုက်တော့ အစ်ကိုရာဇာလွှမ်းဆီကဖြစ်၏။

''ဟယ်လို.....အစ်ကို''

''ပူတင်းရေ....အကို ခဏနေကျ ပုဂံကိုရောက်တော့မယ်နော်''

''ဗျာ.....ချက်ချင်းကြီး အစ်ကိုရယ်''

''ကိုယ်က ရိုက်ကူးရေးရှိလို့ ပူတင်းကိုတမင်မပြောတာ အံ့ဩစေချင်လို့''

''အစ်ကိုကတော့ လုပ်ပြီ''

''အစ်ကိုက ပုဂံမှာရိုက်ကူးရေး ရှိတယ်ဆိုတော့ ဒီတစ်ခေါက်အကြာကြီးနေမှာ ပူတင်းချက်တဲ့ဟင်းတွေလွမ်းနေတာနဲ့ အတော်ပဲကွာ''

''အစ်ကို ကြိုပြောတော့ ကျွန်တော်က ကြိုစီစဥ်လို့ရတယ်လေ။ အစ်ကိုက ကြိုလည်းမပြောဘူး''

''ကိစ္စမရှိဘူး ပူတင်းချက်ရင် အစ်ကိုကငပိရည်ကျိုနဲ့လည်း ဖြစ်တယ် ''

''နာမည်ကြီးမင်းသားကို ငပိရည်ကျွေးရင် အစ်ကို့ fanတွေက ကျွန်တော့်ကို လာသတ်လိမ့်မယ်''

''ဟား! ဟား! ပူတင်းတောင် ဟာသလုပ်တတ်နေပြီ။ နေရတာအဆင်ပြေနေတဲ့ပုံဘဲ''

''အင်း ပြေတယ်။ မသီရိတို့၊ မမသဇင်တို့က ကျွန်တော့်ကို ဂရုစိုက်ကြပါတယ်''

''ဟုတ်ပါပြီဗျာ....ပူတင်းအဆင်ပြေဖို့အရေးကြီးတာပါ။ မနက်ဖြန်ကျ ကိုယ် ပခုက္ကူဘက်သွားစရာရှိတယ် အဲ့တာပူတင်းလိုက်ခဲ့ပေး''

''ဟုတ်ပါပြီ အခုအစ်ကိုကားပေါ်မှာမလား ရောက်မှပြောလေနော်''

''Okပါ ဒါကိုကိုယ်ဖုန်းချပြီနော်''

''ဟုတ်ကဲ့......''

ဖုန်းလိုင်းပြတ်တောက်သွားတော့ မသီရိက မြူ့အနားကပ်လာကာ.....

''မြူ....မမကိုလေ ဒီတစ်ခါ ရာဇာလွှမ်းနဲ့ မိတ်ဆက်ပေးရမယ်နော်''

''ဟုတ်မမ ကိုရာဇာလာတဲ့အခါကျ မြူမမနဲ့ မိတ်ဆက်ပေးပါ့မယ်''

''အမလေး ပျော်လိုက်တာ နောက်ဆုံးတော့ idolနဲ့အနီးကပ်စကားပြောခွင့်ရတော့မှာပေါ့နော် ။ မြူရယ် မမလေ ရာဇာလွှမ်းကို အသေကြိုက်တာသိလား''

''သိပါတယ် အစ်ကို့ဇာတ်လမ်းတွေဆို မမကအလွတ်မခံဘူးလေ''

''ဟီး....ဟီး ဒါပေါ့လို့ ရာဇာလွှမ်းခေါင်လို အရမ်းချော၊အရမ်းမိုက်ပြီးသရုပ်ဆောင်ကောင်းတဲ့သူကို မကြိုက်တဲ့လူက ဘယ်လိုလုပ်ရှိမှာလဲ မြူရယ်''

''ကဲပါ.....အဲ့တာတွေနောက်မှပြော မြူပြန်လိုက်အုံးမယ်။ အစ်ကို့ဖို့ ချက်စရာပြင်ရအုံးမှာမလို့။ မမနဲ့ မသဇင်တို့ဘဲ ဆိုင်သိမ်းခဲ့လိုက်တော့နော်''

''ဟုတ်ပါပြီရှင် စိတ်ချပြီးသာသွား ဆိုင်ဖို့မပူနဲ့ မမရဲ့ မင်းသားလေးကိုသာ သေချာချက်ကျွေးလိုက်နော် အကူလိုရင် မမပါညလာကူမယ်လေ အဟိ''

''မမနော်....အရမ်းဖြစ်နေတော့တာဘဲ။ မြူသွားပြီ သိလား''

မြူဆိုင်ကနေ သူ့အိမ်လေးဆီပြန်လာပြီး ခဏနားကာ ဟင်းစချက်တော့၏။

~~~~~~

Ruby True Hotel အတွင်းသို့ ဝင်လာသည့်အကောင်းစားကားတစ်စီး။ ဧည့်ကြိုဝန်ထမ်းများက အဆင်သင့်ရောက်လာပြီး ကားထဲကဆင်းလာတဲ့ စိုင်းအား မင်္ဂလာပါလို့ နှုတ်ဆက်ကြသည်။ ဘိုကင်ကြိုယူပြီးသားဖြစ်လို့ စိုင်းအတွက်အခန်းကို ဝန်ထမ်းတစ်ယောက်က လိုက်ပို့ပေးသည်။

စိုင်းအခန်းအတွင်းအပြင်အဆင်တွေသေချာလိုက်စစ်ဆေးကြည့်တော့ အတော်လေးသေသပ်လှပသည်လို့ မှတ်ချက်ကောင်းပေးမိသည်။ စိုင်းပုဂံကိုရောက်ရောက်ခြင်း စိတ်ရှုပ်ထွေးစရာတွေအနည်းကျဥ်းပြေလျော့သွားရသည်။ မိမိတို့မြို့လိုမျိုး ကားတွေနဲ့ ကြပ်သိပ်နေတာမျိုးလည်းမရှိဘူး လမ်းတိုင်းမှာ ဘုရားစေတီများနဲ့ ကြည်ညိုစရာ စိတ်အပန်းပြေစရာ ကောင်းလှသည့်မြို့ပေ။

နောက်မှ မြို့ကိုလည်ပတ်ကြည့်ဖို့ စိတ်ကူးထားလိုက်ပြီး ပင်ပန်းနေတာကြောင့် ခဏအိပ်ပစ်လိုက်တော့၏။

နောက်တစ်နေ့မနက်. . .

''bossကားအဆင်သင့် ဖြစ်ပါပြီ''

''အင်း ပုခုက္ကူဘက်က လူတွေကရော ဆွေးနွေးဖို့အဆင်ပြေပြီတဲ့လား''

''ဟုတ်ကဲ့ ပြေပါပြီ bossရောက်တာနဲ့ဆွေးနွေးပွဲလုပ်ရုံပါပဲ''

''အင်း ဒါဆို ငါဘဲသွားလိုက်တော့မယ် ။ မင်းဒီက အလုပ်တွေဘဲ ကြည့်ထားလိုက်''

''ဖြစ်ပါ့မလား bossတစ်ယောက်ထဲ''

''အင်း ''

ကားကို အေးဆေးမောင်းထွက်ခဲ့ပြီး မနက်ခင်းစောစောဖြစ်လို့ လမ်းမှာ ဆိုင်ကယ်တစ်စီး၊ နှစ်စီးလောက်သာ တွေ့ရသေးသည်။ လမ်းဘေးက ဓာတ်ဆီဆိုင်တွေ့တော့ ဝင်ဖြည့်ရ၏။ မိမိရှေ့မှာ ကားတစ်စီးရှိနေတော့ စောင့်ပေးနေရသေးသည်။ ဝန်ထမ်းကောင်လေးက ရှေ့ကားကို ဆီဖြည့်ပြီးတော့ မိမိကားကို ဘယ်လောက်ဖိုးလဲဗျ မေးလာလို့ အပြည့်ဖြည့်ခိုင်းလိုက်တာ။ သူ့ကားဆီဖြည့်လို့ပြီးလို့ ငွေရှင်းနေတဲ့ချိန်ထိတောင် ရှေ့ကားကအခုထိ မောင်းမထွက်သေးပေ။

ငွေရှင်းလို့ပြီးသွားတော့ မျက်လုံးက ဆိုင်ထဲကိုလှမ်းကစားမိရာ သူ့အသက်ရှူသံတွေရော နှလုံးခုန်သံတွေပါ မြန်လာရသည်။ မသေချာမှာ စိုးသည့်ခံစားချက်ကြောင့် ကားမှန်ဖွင့်ပြီးပါကြည့်တော့ ထိုအရိပ်ပါးလေးက သူ့ကိုမြင်သွား၏။

သေချာပြီ ဒါဟာ မိမိသိပ်ချစ်ရသည့် မြူဒေါင်းငယ်ဆိုတာ။ ကိုယ့်ကိုမြင်လို့ ထိတ်လန့်သွားတဲ့မျက်နှာလေးက သက်သေ။ ကားပေါ်က ဆင်းဖို့လုပ်တော့ မြူဒေါင်းငယ်က ရှေ့ကားထဲ လစ်ကနဲဝင်ပြေးသွားသည်။

ရပ်နေတဲ့ကားက ထိုမှသာ အလောတကြီးမောင်းထွက်သွားသည်။ စိုင်းလည်း ထိုကားနောက်မမှီမှီအောင် မောင်းလိုက်နေတယ်။

ဒီတစ်ခါ မင်းကိုအလွတ်မပေးတော့ဘူး ကိုယ့်ကလေးရဲ့။

''အ အစ်ကို သူလိုက်လာပြီ။ ကျွန်တော်နောက်ကို လိုက်လာနေပြီ ကျွန်တော်ကြောက်တယ် ဟင့်!''

''မကြောက်ပါနဲ့ စိတ်ကိုအေးအေးထားနော် ကိုယ်မင်းကို သူ့လက်ထဲထည့်မပေးဘူး''

''ဟင့်အင်း သူ သူက ကျွန်တော့်ကို အလွတ်ပေးမှာမဟုတ်ဘူး။ ကျွန်တော့်ကို မရရအောင်ခေါ်ပြီး နှိပ်ဆက်တော့မှာ''

ရာဇာလွှမ်းက တရှုံ့ရှုံ့ရှိုက်ရင်းကြောက်နေတဲ့ပူတင်းကြောင့် ကားကိုတတ်နိုင်သမျှ အရှိန်တင်မောင်းသည်။ ဒါပေမဲ့ သူတို့နောက်ကကားကလည်း အရှိန်မြှင့်ပြီးပါလာနေတုန်းပဲ။ တဖြည်းဖြည်းမှီလာတဲ့ကားကြောင့် ရာဇာလွှမ်း ချွေးပြန်နေရပြီ။

ဒါက သတ်မှတ်နှုန်းထက် အရမ်းများနေပြီ။ ဒီလူသေမှာ မကြောက်ဘူးလားဟ။ သူတွေးနေတုန်း ကျော်တက်သွားတဲ့ကားက သူ့ကိုပါ ရင်ထိတ်စေပြီ။

ကြှိီ............!

#TBC

အခုအပိုင်းတွေက ပျင်းစရာကောင်းနေမှာပေမဲ့ ဆူးနန်းနောက်အပိုင်းတွေ ဇာတ်ရှိန်လေး ပြန်ထိန်းပေးပါ့မယ်နော်။ မနေ့ကတင်မလို့စာကို မမှီတော့လို့။ ဆူးနန်း ficလေးသဘောကျရင် မန့်လေးရေးပေးခဲ့ပါအုံးနော် ဆူးနန်း view တွေ vote တွေမမက်ပါဘူး မန့်ဖတ်ရတာနဲ့တင် စာရေးရတာ အားရှိလို့ပါ







Zawgyi














၃ႏွစ္ခန့္ၾကာၿပီးေနာက္. . .

အခ်ိန္ေတြကုန္တာ ၃ႏွစ္တာကာလၾကာခဲ့ေပမဲ့ စိုင္းဟာ ျမဴေဒါင္းငယ္အား ရွာမေတြ႕ခဲ့ေခ်။ သို႔ေပမယ့္ စိုင္းကအခုခ်ိန္ထိ ၿမိဳ႕အႏွံ႕ရွာေနတုန္းပါဘဲ။ ျမဴေဒါင္းငယ္ကအပုန္းေကာင္းေနေပမဲ့ စိုင္းကအခုထိဇြဲမေလွ်ာ့ေသး။ ဒါေပမယ့္ ရွာမေတြ႕တဲ့ရက္ၾကာလာေလေလ စိုင္းဟာတုန္လႈပ္လာေလဘဲ။

မိမိကြယ္ရာ တစ္ခုခုမ်ားျဖစ္ေနမလားဆိုတဲ့စိတ္ႏွင့္ စိုင္းညဘက္ေတြေတာင္အိပ္မရေတာ့တဲ့အေျခအေနျဖစ္လို႔ မိသားစုဆရာဝန္နဲ႕ပါ ႀကိတ္ကုေနရသည့္အျဖစ္။ အရင္ကလို ဆိုးသြမ္းမေနေတာ့ေပမဲ့ ပိုၿပီးေအးစက္ခက္ထန္လာသည့္စိုင္းက အရင္ကထက္အလုပ္ေတြလည္း ဖိလုပ္တတ္လာခဲ့သည္။ မိန္းမေတြနဲ႕လည္း မရႈပ္ေတာ့ဘဲ ညတိုင္းျမဴေဒါင္းငယ္၏ ဓာတ္ပုံေတြကိုသာ မ်က္ရည္ေတြနဲ႕ စိုက္ၾကည့္ေနတတ္သည္။

ျမဴေဒါင္းငယ္ကို ရွာမရေသးပါဘူးေျပာမိတဲ့ သူ႕အလုပ္သမားတိုင္းကိုလည္း စုတ္ျပတ္သတ္ေအာင္ထိုးႀကိတ္တတ္ေသး၏။ စိုင္းဟာ အရင္ကထက္ေတာင္ ေဒါသပိုႀကီးလာသည္။ အလုပ္ကလူေတြမွာလည္း သူေဌးျဖစ္သူေၾကာင့္ အသက္ေတာင္ဝဝမရႉရဲခဲ့တာ အခုဆို ၃ႏွစ္တာေလာက္ ရွိၿပီ။ အလုပ္ကထြက္ခ်င္ၾကေပမဲ့ ရေနတဲ့လစာကမက္ေလာက္စရာျဖစ္လို႔ ဘယ္သူမွမထြက္ခ်င္ၾကျပန္ပါ။ ဒါေၾကာင့္ဘဲ သူတို႔သူေဌး၏ ဒဏ္ကိုႀကိတ္မွိတ္ခံေနၾကရသည္။

''သီဟ ငါစီစဥ္ခိုင္းထားတာေတြ လုပ္ၿပီးၿပီလား ''

''ဟုတ္ကဲ့ Boss၊ တည္းဖို႔ Hotel ကိုလည္း ဘိုကင္ႀကိဳခ်ိတ္ထားၿပီးသြားပါၿပီ။ project သစ္အတြက္လည္း အကုန္စီစဥ္ၿပီးသြားပါၿပီ။ Boss ပုဂံကိုသြားၿပီး ၾကည့္႐ုံပါဘဲ''

''အင္း.... ညေနက် စထြက္မယ္၊ မင္းဘဲ ကားျပင္ထားလိုက္''

''ဟုတ္ကဲ့ Boss ''

ေျပာစရာရွိတာေျပာၿပီး ႐ုံးခန္းထဲျပန္ဝင္သြားသည့္ boss ကို သီဟ စိတ္မေကာင္းစြာဘဲ ၾကည့္ျဖစ္သည့္အႀကိမ္ေရမနည္းေတာ့ေခ်။ မိမိ၏ boss ဟာအျပင္ပိုင္းမာေက်ာခ်င္ေယာင္ေဆာင္ေနေပမဲ့ အတြင္းစိတ္က ဘယ္ေလာက္ထိၿပိဳလဲေနၿပီလဲဆိုတာ သီဟသိေနခဲ့၏။ boss က စိတ္ေရာလူေရာပင္ပန္းေနပါၿပီ။

စိုင္း ဆိုဖာေပၚ ေျခပစ္လက္ပစ္ထိုင္ခ်လိဳက္ၿပီး မ်က္လုံးေတြကို ေမွးမွိတ္လိုက္ရာ ေပၚလာတဲ့ မ်က္ဝန္းအျပာေရာင္ေတြ။ စိုင္းအခုထိ ေမ့မရနိုင္ေသာ မ်က္ဝန္းေလး ။ ႐ုန္းထြက္ဖို႔ မျဖစ္နိုင္ေတာ့တဲ့ အဲ့မ်က္ဝန္းေတြက စိုင္းကိုအခုထိ ျပစ္ဒဏ္ခ်မွတ္ထားတုန္းပါပဲ။

လြမ္းတယ္ ကေလးရယ္။ မင္းေလးက အပုန္းေကာင္းလြန္းေနလိုက္တာ။ ကိုယ့္မွာေတာ့ ႐ူးမတက္ဘဲ။

စိုင္းမ်က္ႏွာက ထင္ရွားသည့္ေမးရိုးျပင္ေတြဟာ ကိုယ့္ကိုယ္ကို ေဒါသေၾကာင့္ မသိမသာတုန္ေနခဲ့သည္။ ရွည္လ်ားသည့္ ေ႐ႊေရာင္ဆံပင္ေတြအစား ခပ္တိုတိုအနက္ေရာင္ဆံသားေတြအျဖစ္ ေျပာင္းလဲထားခဲ့၏။ အေနာက္ကိုလွန္ဖီထားသည္မို႔ အရင္ကပို၍ ခန့္ညားလာၿပီး ဂ်စ္ကန္ကန္ပုံစံအစား ရင့္က်က္လာသည့္စိုင္းေၾကာင့္ ဒယ္ဒီကအေတာ္ေလး ေပ်ာ္႐ႊင္ေနေတာ့သည္။

ဒါေပမယ့္ စိုင္းကေတာ့. . . .။

တူ.....တူ.....

လက္ထဲကဖုန္းဟာ ျမည္လာေတာ့ စိုင္းဆက္မေတြးေတာ့ဘဲ ဖုန္းကိုင္လိုက္တယ္။ ဒယ္ဒီက စိုင္းကအရင္လို ဥပကၡာျပဳတာေတြမလုပ္ေတာ့ဘဲ စိုင္း၏ေနေရး၊စားေရး၊ က်န္းမာေရး အေျခအေနပါမက်န္ ဂ႐ုတစိုက္ရွိလာခဲ့သည္။ ေမေမအေပၚကိုေတာ့ အရင္လိုခက္တန္းတန္းဘဲေနသည္။

''ဟယ္လို....ဒယ္ဒီ''

''...........''

''အင္း......ကြၽန္ေတာ္ ညေနဘဲသြားေတာ့မယ္''

''.......''

''အင္း....ဒယ္ဒီ ။ ကြၽန္ေတာ္ ေသခ်ာစီစဥ္ၿပီးၿပီ''

ဒယ္ဒီနဲ႕ဖုန္းခဏေျပာၿပီး စိုင္းက်န္အလုပ္ေတြကို ဆက္လုပ္ေနမိသည္။ ခဏေလးနားမိရင္ကို ျမဴေဒါင္းငယ္က မိမိ၏အသိစိတ္ထဲေနရာယူေနတတ္သည္ေၾကာင့္ သူခဏေလးေတာင္မွနားမေနခ်င္ခဲ့ဘူး။

~~~~~~

ပုဂံၿမိဳ႕( Sweet Coffee) ဆိုတဲ့ ကေဖးဆိုင္ေလးတြင္ ဆိုင္ရွင္ေလး ျမဴဟာ ကိတ္အသစ္အတြက္ ကိုယ္တိုင္တီထြင္ေနခဲ့၏။ ၾကည္လင္တဲ့မ်က္ဝန္း လွလွေလးေတြအစက ႏႈတ္ခန္းပါးပါးေလးေတြအဆုံး ခ်ိဳျမသည့္အၿပဳံးလွလွေလးနဲ႕ ေအးခ်မ္းလြန္းေနသည္။

ျမဴေဒါင္းငယ္ ပုဂံၿမိဳ႕မွာ အေျခခ်ေနခဲ့တာ အခုဆို ၄လ ေက်ာ္၊ ၅လ ေလာက္ရွိၿပီ။ ရန္ကုန္ကေန ပုဂံကိုရိုက္ကူးေရးရွိတဲ့ အစ္ကိုရာဇာလႊမ္းေခါင္နဲ႕ အေဖာ္လိုက္ျဖစ္ခဲ့ရာက သူဒီၿမိဳ႕ေလးကို သေဘာက်မိခဲ့၏။ အစ္ကို႔ကိုေျပာျပေတာ့ အစ္ကိုသူ႕ကိုေနခ်င္လာေမးလာခဲ့၍ သူဒီမွာ အေျခခ်ျဖစ္ခဲ့သည္။

အစ္ကိုက သူ႕အေပၚအေတာ္ေလးေကာင္းပါသည္။ သူ႕လုပ္ခ်င္တဲ့ coffee ဆိုင္အေသးစားေလးအတြက္လည္း အရင္းအႏွီးထုတ္ေပးခဲ့တာေၾကာင့္ဘဲ ျမဴပုဂံမွာဘဲ coffee ဆိုင္ေလးဖြင့္ၿပီး ေအးေအးခ်မ္းခ်မ္း ေနေနခဲ့တာ။

အစ္ကိုကလည္း ရန္ကုန္ကေန တစ္ခါတေလျမဴ႕ဆီအလည္လာေပးေနေတာ့ အလုပ္တစ္ဖက္နဲ႕ ျမဴဆီလာတာနဲ႕ပါ အလုပ္ရႈပ္ေနရမွာစိုးတာေၾကာင့္ တစ္လတစ္ခါမွလာဖို႔ ေျပာထားရေသးသည္။ ဒါေတာင္ အစ္ကိုကသူ႕ကိုမလာေစခ်င္ဘူးလားဆိုၿပီး တစ္ပတ္ေလာက္စိတ္ဆိုးသြားေသးတာ ။

''ျမဴေရ.....ဖုန္းလာတယ္''

''ဗ်ာ....ဟုတ္ကဲ့ မမသီရိ ''

မသီရိေမယူလာေပးတဲ့ ဖုန္းေလးကိုယူကိုင္လိုက္ေတာ့ အစ္ကိုရာဇာလႊမ္းဆီကျဖစ္၏။

''ဟယ္လို.....အစ္ကို''

''ပူတင္းေရ....အကို ခဏေနက် ပုဂံကိုေရာက္ေတာ့မယ္ေနာ္''

''ဗ်ာ.....ခ်က္ခ်င္းႀကီး အစ္ကိုရယ္''

''ကိုယ္က ရိုက္ကူးေရးရွိလို႔ ပူတင္းကိုတမင္မေျပာတာ အံ့ဩေစခ်င္လို႔''

''အစ္ကိုကေတာ့ လုပ္ၿပီ''

''အစ္ကိုက ပုဂံမွာရိုက္ကူးေရး ရွိတယ္ဆိုေတာ့ ဒီတစ္ေခါက္အၾကာႀကီးေနမွာ ပူတင္းခ်က္တဲ့ဟင္းေတြလြမ္းေနတာနဲ႕ အေတာ္ပဲကြာ''

''အစ္ကို ႀကိဳေျပာေတာ့ ကြၽန္ေတာ္က ႀကိဳစီစဥ္လို႔ရတယ္ေလ။ အစ္ကိုက ႀကိဳလည္းမေျပာဘူး''

''ကိစၥမရွိဘူး ပူတင္းခ်က္ရင္ အစ္ကိုကငပိရည္က်ိဳနဲ႕လည္း ျဖစ္တယ္ ''

''နာမည္ႀကီးမင္းသားကို ငပိရည္ေကြၽးရင္ အစ္ကို႔ fanေတြက ကြၽန္ေတာ့္ကို လာသတ္လိမ့္မယ္''

''ဟား! ဟား! ပူတင္းေတာင္ ဟာသလုပ္တတ္ေနၿပီ။ ေနရတာအဆင္ေျပေနတဲ့ပုံဘဲ''

''အင္း ေျပတယ္။ မသီရိတို႔၊ မမသဇင္တို႔က ကြၽန္ေတာ့္ကို ဂ႐ုစိုက္ၾကပါတယ္''

''ဟုတ္ပါၿပီဗ်ာ....ပူတင္းအဆင္ေျပဖို႔အေရးႀကီးတာပါ။ မနက္ျဖန္က် ကိုယ္ ပခုကၠဴဘက္သြားစရာရွိတယ္ အဲ့တာပူတင္းလိုက္ခဲ့ေပး''

''ဟုတ္ပါၿပီ အခုအစ္ကိုကားေပၚမွာမလား ေရာက္မွေျပာေလေနာ္''

''Okပါ ဒါကိုကိုယ္ဖုန္းခ်ၿပီေနာ္''

''ဟုတ္ကဲ့......''

ဖုန္းလိုင္းျပတ္ေတာက္သြားေတာ့ မသီရိက ျမဴ႕အနားကပ္လာကာ.....

''ျမဴ....မမကိုေလ ဒီတစ္ခါ ရာဇာလႊမ္းနဲ႕ မိတ္ဆက္ေပးရမယ္ေနာ္''

''ဟုတ္မမ ကိုရာဇာလာတဲ့အခါက် ျမဴမမနဲ႕ မိတ္ဆက္ေပးပါ့မယ္''

''အမေလး ေပ်ာ္လိုက္တာ ေနာက္ဆုံးေတာ့ idolနဲ႕အနီးကပ္စကားေျပာခြင့္ရေတာ့မွာေပါ့ေနာ္ ။ ျမဴရယ္ မမေလ ရာဇာလႊမ္းကို အေသႀကိဳက္တာသိလား''

''သိပါတယ္ အစ္ကို႔ဇာတ္လမ္းေတြဆို မမကအလြတ္မခံဘူးေလ''

''ဟီး....ဟီး ဒါေပါ့လို႔ ရာဇာလႊမ္းေခါင္လို အရမ္းေခ်ာ၊အရမ္းမိုက္ၿပီးသ႐ုပ္ေဆာင္ေကာင္းတဲ့သူကို မႀကိဳက္တဲ့လူက ဘယ္လိုလုပ္ရွိမွာလဲ ျမဴရယ္''

''ကဲပါ.....အဲ့တာေတြေနာက္မွေျပာ ျမဴျပန္လိုက္အုံးမယ္။ အစ္ကို႔ဖို႔ ခ်က္စရာျပင္ရအုံးမွာမလို႔။ မမနဲ႕ မသဇင္တို႔ဘဲ ဆိုင္သိမ္းခဲ့လိုက္ေတာ့ေနာ္''

''ဟုတ္ပါၿပီရွင္ စိတ္ခ်ၿပီးသာသြား ဆိုင္ဖို႔မပူနဲ႕ မမရဲ႕ မင္းသားေလးကိုသာ ေသခ်ာခ်က္ေကြၽးလိုက္ေနာ္ အကူလိုရင္ မမပါညလာကူမယ္ေလ အဟိ''

''မမေနာ္....အရမ္းျဖစ္ေနေတာ့တာဘဲ။ ျမဴသြားၿပီ သိလား''

ျမဴဆိုင္ကေန သူ႕အိမ္ေလးဆီျပန္လာၿပီး ခဏနားကာ ဟင္းစခ်က္ေတာ့၏။

~~~~~~

Ruby True Hotel အတြင္းသို႔ ဝင္လာသည့္အေကာင္းစားကားတစ္စီး။ ဧည့္ႀကိဳဝန္ထမ္းမ်ားက အဆင္သင့္ေရာက္လာၿပီး ကားထဲကဆင္းလာတဲ့ စိုင္းအား မဂၤလာပါလို႔ ႏႈတ္ဆက္ၾကသည္။ ဘိုကင္ႀကိဳယူၿပီးသားျဖစ္လို႔ စိုင္းအတြက္အခန္းကို ဝန္ထမ္းတစ္ေယာက္က လိုက္ပို႔ေပးသည္။

စိုင္းအခန္းအတြင္းအျပင္အဆင္ေတြေသခ်ာလိုက္စစ္ေဆးၾကည့္ေတာ့ အေတာ္ေလးေသသပ္လွပသည္လို႔ မွတ္ခ်က္ေကာင္းေပးမိသည္။ စိုင္းပုဂံကိုေရာက္ေရာက္ျခင္း စိတ္ရႈပ္ေထြးစရာေတြအနည္းက်ဥ္းေျပေလ်ာ့သြားရသည္။ မိမိတို႔ၿမိဳ႕လိုမ်ိဳး ကားေတြနဲ႕ ၾကပ္သိပ္ေနတာမ်ိဳးလည္းမရွိဘူး လမ္းတိုင္းမွာ ဘုရားေစတီမ်ားနဲ႕ ၾကည္ညိုစရာ စိတ္အပန္းေျပစရာ ေကာင္းလွသည့္ၿမိဳ႕ေပ။

ေနာက္မွ ၿမိဳ႕ကိုလည္ပတ္ၾကည့္ဖို႔ စိတ္ကူးထားလိုက္ၿပီး ပင္ပန္းေနတာေၾကာင့္ ခဏအိပ္ပစ္လိုက္ေတာ့၏။

ေနာက္တစ္ေန႕မနက္. . .

''bossကားအဆင္သင့္ ျဖစ္ပါၿပီ''

''အင္း ပုခုကၠဴဘက္က လူေတြကေရာ ေဆြးႏြေးဖို႔အဆင္ေျပၿပီတဲ့လား''

''ဟုတ္ကဲ့ ေျပပါၿပီ bossေရာက္တာနဲ႕ေဆြးႏြေးပြဲလုပ္႐ုံပါပဲ''

''အင္း ဒါဆို ငါဘဲသြားလိုက္ေတာ့မယ္ ။ မင္းဒီက အလုပ္ေတြဘဲ ၾကည့္ထားလိုက္''

''ျဖစ္ပါ့မလား bossတစ္ေယာက္ထဲ''

''အင္း ''

ကားကို ေအးေဆးေမာင္းထြက္ခဲ့ၿပီး မနက္ခင္းေစာေစာျဖစ္လို႔ လမ္းမွာ ဆိုင္ကယ္တစ္စီး၊ ႏွစ္စီးေလာက္သာ ေတြ႕ရေသးသည္။ လမ္းေဘးက ဓာတ္ဆီဆိုင္ေတြ႕ေတာ့ ဝင္ျဖည့္ရ၏။ မိမိေရွ႕မွာ ကားတစ္စီးရွိေနေတာ့ ေစာင့္ေပးေနရေသးသည္။ ဝန္ထမ္းေကာင္ေလးက ေရွ႕ကားကို ဆီျဖည့္ၿပီးေတာ့ မိမိကားကို ဘယ္ေလာက္ဖိုးလဲဗ် ေမးလာလို႔ အျပည့္ျဖည့္ခိုင္းလိုက္တာ။ သူ႕ကားဆီျဖည့္လို႔ၿပီးလို႔ ေငြရွင္းေနတဲ့ခ်ိန္ထိေတာင္ ေရွ႕ကားကအခုထိ ေမာင္းမထြက္ေသးေပ။

ေငြရွင္းလို႔ၿပီးသြားေတာ့ မ်က္လုံးက ဆိုင္ထဲကိုလွမ္းကစားမိရာ သူ႕အသက္ရႉသံေတြေရာ ႏွလုံးခုန္သံေတြပါ ျမန္လာရသည္။ မေသခ်ာမွာ စိုးသည့္ခံစားခ်က္ေၾကာင့္ ကားမွန္ဖြင့္ၿပီးပါၾကည့္ေတာ့ ထိုအရိပ္ပါးေလးက သူ႕ကိုျမင္သြား၏။

ေသခ်ာၿပီ ဒါဟာ မိမိသိပ္ခ်စ္ရသည့္ ျမဴေဒါင္းငယ္ဆိုတာ။ ကိုယ့္ကိုျမင္လို႔ ထိတ္လန့္သြားတဲ့မ်က္ႏွာေလးက သက္ေသ။ ကားေပၚက ဆင္းဖို႔လုပ္ေတာ့ ျမဴေဒါင္းငယ္က ေရွ႕ကားထဲ လစ္ကနဲဝင္ေျပးသြားသည္။

ရပ္ေနတဲ့ကားက ထိုမွသာ အေလာတႀကီးေမာင္းထြက္သြားသည္။ စိုင္းလည္း ထိုကားေနာက္မမွီမွီေအာင္ ေမာင္းလိုက္ေနတယ္။

ဒီတစ္ခါ မင္းကိုအလြတ္မေပးေတာ့ဘူး ကိုယ့္ကေလးရဲ႕။

''အ အစ္ကို သူလိုက္လာၿပီ။ ကြၽန္ေတာ္ေနာက္ကို လိုက္လာေနၿပီ ကြၽန္ေတာ္ေၾကာက္တယ္ ဟင့္!''

''မေၾကာက္ပါနဲ႕ စိတ္ကိုေအးေအးထားေနာ္ ကိုယ္မင္းကို သူ႕လက္ထဲထည့္မေပးဘူး''

''ဟင့္အင္း သူ သူက ကြၽန္ေတာ့္ကို အလြတ္ေပးမွာမဟုတ္ဘူး။ ကြၽန္ေတာ့္ကို မရရေအာင္ေခၚၿပီး ႏွိပ္ဆက္ေတာ့မွာ''

ရာဇာလႊမ္းက တရႈံ႕ရႈံ႕ရွိုက္ရင္းေၾကာက္ေနတဲ့ပူတင္းေၾကာင့္ ကားကိုတတ္နိုင္သမွ် အရွိန္တင္ေမာင္းသည္။ ဒါေပမဲ့ သူတို႔ေနာက္ကကားကလည္း အရွိန္ျမႇင့္ၿပီးပါလာေနတုန္းပဲ။ တျဖည္းျဖည္းမွီလာတဲ့ကားေၾကာင့္ ရာဇာလႊမ္း ေခြၽးျပန္ေနရၿပီ။

ဒါက သတ္မွတ္ႏႈန္းထက္ အရမ္းမ်ားေနၿပီ။ ဒီလူေသမွာ မေၾကာက္ဘူးလားဟ။ သူေတြးေနတုန္း ေက်ာ္တက္သြားတဲ့ကားက သူ႕ကိုပါ ရင္ထိတ္ေစၿပီ။

ကြှိီ............!

#TBC

အခုအပိုင္းေတြက ပ်င္းစရာေကာင္းေနမွာေပမဲ့ ဆူးနန္းေနာက္အပိုင္းေတြ ဇာတ္ရွိန္ေလး ျပန္ထိန္းေပးပါ့မယ္ေနာ္။ မေန႕ကတင္မလို႔စာကို မမွီေတာ့လို႔။ ဆူးနန္း ficေလးသေဘာက်ရင္ မန့္ေလးေရးေပးခဲ့ပါအုံးေနာ္ ဆူးနန္း view ေတြ vote ေတြမမက္ပါဘူး မန့္ဖတ္ရတာနဲ႕တင္ စာေရးရတာ အားရွိလို႔ပါ




Continue Reading

You'll Also Like

348K 18.1K 20
ဧကရာဇ်ပိုင်မှူး ကျူရိုးကိုးဆစ် Normal ficမဟုတ်ပါ။ BL fic Both Z+U
988K 51.8K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
80.4K 3.4K 29
ကံကောင်းတဲ့သူတွေမှ အချစ်ဦးနဲ့ညားတာတဲ့ ဘယ်လိုလုပ်မလဲ ငါမယုံဆုံးကလည်းကံပဲ။ ကံေကာင္းတဲ့သူေတြမွ အခ်စ္ဦးနဲ႔ညားတာတဲ့ ဘယ္လိုလုပ္မလဲ ငါမယုံဆုံးကလည္းကံပဲ။
775K 8.2K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...