[Unicode]
သည်ကျောင်းက လူမှန်သမျှ လီချိန်ရှို့ကို သိကြသလို ရှောက်ချွင်ကိုလည်း သိကြသည်။ သူတို့နှစ်ယောက်မှာ တိမ်စိုင်နှင့် ရွှံ့စေးလို အနေအထားမျိုး ဖြစ်သော်ငြား။
ရှောက်ချွင်နှင့်အတူ ရှိနေတတ်သော အပေါင်းအသင်းတိုင်း၏ နောက်ခံက လူရှိန်စရာ အသိုင်းအဝိုင်းကတွေချည်း ဖြစ်သည်။ မည်မျှ လူရှိန်စရာကောင်းသည်ကိုတော့ လီချိန်ရှို့တွေးဆ၍မရပါ။ ထို သခင်လေး၊ သခင်မလေးများသည် အလွန့်အလွန် မောက်မာရိုင်းစိုင်းတတ်ကြပြီး တူရာတူရာ စုနေတတ်ကြသည်။ အချိန်ကြာ ဖယ်ကြဉ်ခံရမှုနှင့် အထင်သေးခံရမှုကြောင့် လီချိန်ရှို့မှာ ပတ်ဝန်းကျင်က လူတွေကို မော့ကြည့်ဖြစ်တာ ရှားသည်။ ထို့ကြောင့် ကျောင်းကလူများတွင် သူမှတ်မိသော မျက်နှာတွေကလည်း မရှိသလောက်ပင်။
သို့သော် ရှောက်ချွင်မှာ သိသိသာသာပင် သူများနှင့်မတူပေ။ သူသည်ကား အမှန်တကယ်ကို တောက်ပလွန်းပါ၏။
သူသည် တန်ဖိုးကြီးမားစွာ၊ မောက်မာစွာ၊ လှပစွာဖြင့် ဘယ်အချိန်မဆို လူကို မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်တတ်သော အငွေ့အသက်များကို ထုတ်လွှတ်လျက်ရှိသည်။
လီချိန်ရှို့သည် စာလုပ်ရန်နှင့် ငွေရှာရန်မှလွဲ ဘယ်ဟာမှ စိတ်မဝင်စားသော်လည်း ကျောင်းဖွင့်စ ထိုရက်က ကားနက်ကြီးပေါ်မှ ဆင်းသက်လာသော သခင်လေး၏ အနောက်တိုင်းဟန် ကျောင်းဝတ်စုံကို ဝတ်ထားသည့်ပုံစံ၊ မျက်နှာအင်္ဂါရပ်တို့၏ ပြစ်မျိုးမှဲ့မထင်သော အခြေအနေ၊ နွားနို့အလား ဖြူဖွေးနုအုနေသော မျက်နှာလေး၊ သူ့ထက် အသက်ငယ်ပါရက် လူကို နိုင်ထက်ကလူပြုသော အထက်စီးဆန်သည့် အငွေ့အသက်တို့ကို ဘာရယ်ကြောင့်မသိ ခဏအတွင်း မေ့မရနိုင်ခဲ့ချေ။
ထိုစဉ်ကမှစပြီး သူ့ကိုယ်သူ သက်တူရွယ်တူယောက်ျားလေးများနှင့် မတူမှန်း သတိထားမိခဲ့သည်။ နဂိုတည်းကရင်း မတူတာဆိုပေမဲ့ ဖုံးကွယ်ထားစရာ စိတ်သဘောထားလေးပါနေသည်။ အလွန့်အလွန်ကို မတူတာမျိုး။
သူ့ကို ဘယ်သူမှ စကားစမပြောကြသော်လည်း အတန်းထဲ ငြိမ်ငြိမ်လေး ထိုင်နေချိန်မှာ ယောက်ျားလေးများ စုဝေးမိပါက ဘယ်မိန်းကလေးက လှကြောင်း၊ မည်သူကဖြင့် ရင်သားကြီးကြောင်း ဆွေးနွေးသည်များကိုတော့ သူ ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သို့သော် ထူးဆန်းသည်က သူသည် ထိုအကြောင်းအရာများကို စိတ်မဝင်စားသည့်အပြင် သိမ်မွေ့လှပသော မိန်းကလေးများနှင့် ယှဥ်ပါက ကစားကွင်းထဲက ဘတ်စကတ်ဘော ကစားနေကြသည့် ကောင်ကလေးများကို ငေးရခြင်းကို ပိုနှစ်သက်သည်။ နေရောင်အောက်က ချွေးစက်များနှင့် ခန္ဓာကိုယ်၊ ဆံပင်တလွင့်လွင့်နှင့် မျက်နှာအမူအရာ၊ စကားပြောကြဟန်... ထိုအရာများက ကြည့်ရတာတန်သည်ဟု သူတွေးမိသည်။ သို့သော်ငြား သူ့မှာ စေ့စေ့မကြည့်ရဲ၊ တစ်ချက်လောက် ခိုးကြည့်ရုံသာ။ အသက်အရွယ်ကြီးပြင်းလာတာနှင့် အရင်ကလို သဘောနှင့်တော့ မတူတော့ပေ။
သို့သော် ထိုစဉ်က ရိုးစင်းကာ အူတူတူ အတတနှင့်မို့ သူကိုယ်တိုင်က ဘာမတူတာလဲဆိုတာ သူအဖြေမရှိခဲ့။
ထိုအကြောင်းကို ရှောက်ချွင်က သူ့ကို အဖြေတစ်ခုပေးလေသည်။
ထို့နေ့လယ်က နေသည် လူကိုပင် ခြောက်ကပ်စေတော့မတတ် ပြင်းသည်။ မလှုပ်မယှက် ငြိမ်နေလျှင်သော်မှ ခဏလှုပ်လိုက်သည်နှင့် ချွေးထွက်စေသည်။
နေ့လယ်ဆိုလျှင် ကျောင်းက ထူးကဲစွာပင် တိတ်ဆိတ်ကာ လူသူကင်းမဲ့လို့နေသည်။ ကျောင်းသားအများစုက အိမ်မှကြိုသော ကားများနှင့် ပြန်အနားယူကြသည်။ အိမ်မပြန်သူတို့ကလည်း ကျောင်းနားမှာ အခန်းငှားကာ အနားယူသည်။ သူကတော့ အိမ်ကလည်းဝေး အခန်းတွေက ဈေးကြီးနှင့်မို့ နေ့လည်ဆိုလျှင် ကျောင်းမှာပဲ နေနေရသည်။
မူလက ကျောင်းက ခွင့်မပြုချေ။ သို့သော် သူ့အခြေအနေကို လူတိုင်းသိကြပြီး ကျောင်းစာမှာလည်း ရှေ့ရောက်ကာ ကျောင်းက အလေးထားရသော ထိပ်တန်းကျောင်းသားပေမို့ မသိချင်ယောင်သာ ဆောင်ပေးကြသည်။ စာသင်ခန်းတွင်တော့ နေခွင့်မပြု။ မတော်၍ ပစ္စည်းတစ်ခုခုပျောက်လျှင် ဖြေရှင်းမရဖြစ်လိမ့်မည်။
သူကတော့ ပုံမှန်အားဖြင့် စာသင်ဆောင်ရဲ့ ခေါင်မိုးထပ်ကိုသာ သွားနေလေ့ရှိသည်။ ထိုနေရာကို ကျောင်းလုံခြုံရေးက အလွယ်တကူ ရှာမတွေ့နိုင်ပေ။ လုံခြုံရေးကအစ သူ့အပေါ် အများအမြင်နှင့် အတူတူဆိုသော်လည်း တွေ့လျှင် အနည်းအကျဉ်း မောင်းထုတ်ရုံမျှသာ ရှိသည်။ ထိပ်ဆုံးခေါင်မိုးထပ်မှာ လုံခြုံသလို အလင်းရောင်လည်းရပြီး အနားယူ၍လည်းရသည်။ သူစာလုပ်ဖို့လည်း အဆင်ပြေသည်။
သူ၏ သနားစရာဘဝထဲတွင် ကိုယ်ပိုင်အဖြစ် သတ်မှတ်နိုင်သော နေရာတစ်နေရာစာ ရှိလျှင်ပင် သူ့မှာ တိုးတိုးတိတ်တိတ် ပျော်နေရသည်။
ထိုနေ့က သူပုံမှန်အတိုင်းပင် ရေကန်၏ ကျယ်ပြန့်သော အရိပ်အောက်တွင် မှေးနေသည်။
ကျောင်းထဲ တိတ်ဆိတ်နေတာက ရှားသည်။ အေးမြသော အရိပ်အောက်မှာ ထိုင်နေပြီး လေတဖြူးဖြူးနှင့်မို့ သည်အချိန် မျက်လုံးမှိတ် အနားယူခြင်းက လီချိန်ရှို့၏ တစ်နေ့တာတွင် သက်တောင့်သက်သာအရှိဆုံး ခဏတာလေးပင် ဖြစ်ပါ၏။ သူ့အား စိတ်ရှုပ်၊ စိတ်ပူပန်စေနိုင်သော ကိစ္စရပ်တို့ကို သူခဏတာ မေ့ပျောက်ထားနိုင်ပြီး သူနှင့်သာ သက်ဆိုင်သော အေးချမ်းဆိတ်ငြိမ်သောအချိန်ကိုလည်း စိတ်နှစ်၍ ခံစားနိုင်သည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ"
ကြည်လင်သောအသံက ဦးခေါင်းထက်မှ ပျံ့လွင့်လာသည်။
လီချိန်ရှို့ ထိတ်လန့်သွားကာ မျက်လုံးဖွင့်ချိန် နေရောင်စူးစူးကြောင့် မူးမိုက်သွားရပြီး တဒင်္ဂအတွင်း မှိတ်လိုက်မိသော မျက်ဝန်းအစုံမှာ ကြည်ရှင်းနေသော အရိပ်တစ်ခုကို မြင်ယောင်သည်။ ထိုသူမှာ တစ်ကိုယ်လုံး တောက်ပြောင်ကာ ရွှေရောင်တောက်ပနေသလို သူ့တွင် ဖြူနုသောမျက်နှာ၊ နက်မှောင်တောက်ပြောင်နေသော ဆံသားတို့နှင့် ကြည်တောက်နေသော မျက်ဝန်းတို့ ပိုင်ဆိုင်သည်။
သူနောက်တစ်ခေါက် မျက်လုံးဖွင့်ချိန်တွင်လည်း ထိုသူက သူ့အား အထက်မှ အုပ်မိုးကာ ကြည့်နေဆဲပင်။
လီချိန်ရှို့ အထင် သူ့မျက်နှာက ပူနွေးလာကာ တစ်ခဏလေးအတွင်းမှာပင် အနွေးစီးကြောင်းတစ်ခုက ငယ်ထိပ်ထိ တရိပ်ရိပ်တက်လာပြီး မျက်နှာနှစ်ဖက်ကိုပါ နီနေစေတော့မည်ကို သူ့ကိုယ်သူသိသည်။
တည်ငြိမ်စွာနှင့် မတ်မတ်မားမားရပ်နေသည့် ထိုကောင်လေးက သူ့အား နီရဲသော မျက်နှာနှင့် ထိတ်လန့်အံ့သြသွားသည့် အမူအရာတို့ကို မျက်နှာချင်းဆိုင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး သူ၏ မျက်ခုံးတစ်ဖက်ကို တွန့်ချိုးရင်း သံသယအကြည့်နှင့် ကြည့်နေသည်။
"ငါ..."
လီချိန်ရှို့ ကပျာကယာ ကုန်းရုန်းထပြီး အင်္ကျီကို ခါလိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် သူ့အားကြည့်နေမိကာ တံတွေးအထပ်ထပ် မျိုချပြီးမှ "မင်္ဂလာပါ" ဟု နှုတ်ဆက်လိုက်သည်။
သူစိတ်လှုပ်ရှားနေသည်မှာလည်း မဆန်းပေ။ သူ့ကို စကားစပြောတဲ့သူ မရှိသည်မှာ ကြာနေသည့်အပြင် ထိုသူကလည်း ချောမောလှပြီး ကျောင်းတွင် နာမည်ကြီးလှသူဖြစ်သည်။
သူပထမဆုံး ရှောက်ချွင်ကိုတွေ့တုန်းက ပုံစံကို တွေးမိသည်။ ထိုစဉ်က ရှောက်ချွင်သည် ထူးခြားတောက်ပြောင်သည့် မင်းသားလေးအသွင်နှင့် ဖြစ်သည်။ နောက်တော့ ထိုသဏ္ဌာန်မှာ အလိမ်အညာ အပေါ်ယံအခွံသာဖြစ်ကြောင်း သိလိုက်ရသည်။ တကယ်တမ်းကျတော့ ချော့မရခြောက်မရ လူဆိုးလေးဖြစ်ပြီး လူစုရန်ဖြစ်၊ ပြဿနာရှာ၊ ကျောင်းသားချင်း အနိုင်ကျင့်သည့် ဘယ်ကိစ္စမဆို သူပါဝင်သည်ချည်း။
သူထလာသည့် တစ်ခဏတွင် ရှောက်ချွင်ကာ ခြေတစ်လှမ်းဆုတ်သည်။ မျက်ခုံးတို့ တွန့်ချိုးလျက် ဆီချေးပေကာ နံနေသော သူ့ကိုယ်ပေါ်မှ ကြေမွမွအင်္ကျီကို ကြည့်သော အကြည့်တွေမှာ ဖုံးဖိမရသည့် ရွံရှာမှုအပြည့်။
လီချိန်ရှို့ ထိုရင်းနှီးနေသည့် အကြည့်တို့ကို လက်ခံရချိန်မှာ ခဏတာ စိတ်ဓာတ်ကျသွားသည်။ သို့သော် ချက်ချင်းပဲ ထိန်းလိုက်နိုင်သည်။ သူရင်းနှီးပြီးသား အမူအရာပဲ၊ ဘယ်လို တုန့်ပြန်ရမလဲဆိုတာလည်း သူရင်းနှီးနေပြီ။ ဆိတ်ဆိတ်နေလိုက်လျှင် ရပြီ။ သူတစ်ပါး၏ မုန်းတီးမှုကို ရင်ဆိုင်ဖို့ ဆိတ်ဆိတ်နေလျှင် ပြီးပြီ။ ထို့နောက်တွင်တော့ သူ့ကို ထပ်ပြဿနာမရှာကြတော့။
လီချိန်ရှို့ ခေါင်းငုံ့ကာ ကိုယ်ကို တစ်ဖက်ရွှေ့ပေးလိုက်ပြီး အရှေ့ဘက်မှ အုတ်နီခဲကိုသာ ကြည့်နေမိသည်။
"ဝေ့... မေးနေတယ်လေ။ ဒီမှာ ဘာလုပ်နေတာလဲလို့"
သခင်လေး ရှောက်ချွင်သည် တစ်ဖက်လူကို ကြည့်ရတာ သဘောကျပုံမရချေ။
"နေ့ခင်းနားတာ"
ရှောက်ချွင်သည် သူ့ရဲ့ ခြင်သံလို တိုးတိတိုးလျကို မကြား။ သို့နှင့် ကိုယ်ကို ကိုင်းချကာ မေးသည်။
"ဘာ"
လီချိန်ရှို့ ခေါင်းမော့ကာ သူ့ကိုကြည့်ရင်း ဖြေသည်။
"နေ့ခင်းနားတာ"
ပြောပြီးနောက် အတန်ငယ်ငေးသွားရ၏။ စိတ်ထဲတွင်တော့ အသံတိုးတိုးတစ်ခုက ပြောနေသည်။ ဘယ်လိုလုပ် လူက ဒီလောက်တောင် ချောမောရတာလဲ။ အဲ့သည်မျက်တောင်ရှည်နက်နက်တွေက ပုတ်ခတ်ပုတ်ခတ်နှင့် သူ့နှလုံးသားကို ယားယံစေလိုက်တာ။
"ကျောင်းမှာ နေ့လည် နေခွင့်မပြုဘူးမဟုတ်လား... မင်းကို ဘယ်သူက ပေးနေလို့လဲ"
လီချိန်ရှို့မှာ ခဏတာ မဖြေနိုင်ဖြစ်သွားသည်။
"မင်း... မင်းလည်း ဒီရောက်နေတာပဲ မဟုတ်လား"
"မင်းနဲ့ငါ တူသလား"
ရှောက်ချွင်၏ စကားတွင် မကျေနပ်မှုတွေ ပါသည်။ သူ ပျင်းလွန်လွန်း၍သာ သည်ကျောင်းဆောင်ပေါ်မှာ တူတူပုန်းတမ်း လာကစားခြင်းဖြစ်သည်။ မူလကတော့ နေ့လည်နေ့ခင်း အိပ်စရာနေရာတစ်ခု ရှာလို့ပြီဟု ထင်ထားတာဖြစ်၏။ မထင်မှတ်စရာက အခုတော့ နေရာယူထားသူ ရှိနေသည်။ ထိုသူကလည်း သည်ရွံစရာအခြောက်လေး။
လီချိန်ရှို့ နှုတ်ခမ်းကို ဖိကိုက်ကာ ခေါင်းငုံ့သည်။
"မင်းပစ္စည်းတွေ ခုချက်ချင်းယူပြီး မြန်မြန်လစ်စမ်း။ မင်းရှိနေတဲ့နေရာက နံကိုနံတယ်"
လီချိန်ရှို့ စာအုပ်တွေကို လွယ်အိတ်ထဲ ထိုးထည့်ပြီး ခေါင်းမဖော်တမ်း တံခါးရှိရာသို့ ပြေးသည်။
"ရပ်စမ်း။ ပြန်လာခဲ့"
လီချိန်ရှို့ နာခံစွာ ရပ်လိုက်ပြီး ခေါင်းငုံ့မြဲ ပြန်လာသည်။
ရှောက်ချွင်သည် သူ့ကို အောက်မှာ ရှာနေတဲ့သူတွေ ရှိနေသေးသည်ကို သတိရလိုက်သည်။ အခြောက်လေးက သည်လိုနဲ့ဆင်းသွားရင် သူ့ကို ဖော်ထုတ်သလို ဖြစ်သွားလိမ့်မည်။ သူ သည်ကစားပွဲကို ဂရုမစိုက်သော်ငြား သူက ရှုံးရတာကို အမုန်းဆုံးပင်။
"မင်း ဒီမှာနေနေ။ ငါသွားပြီးမှ သွားရမယ်"
လီချိန်ရှို့မှာ သူနှင့်အတူ ရှိမနေချင်ပါ။ သို့သော် ရှောက်ချွင်ဦးဆောင်သော အပေါင်းအသင်းများမှာ တစ်ချက်ကြည့်မရသည်နှင့် လူကို ရိုက်နှက်တတ်ကြကာ နှိပ်စက်တတ်သည့် နည်းလမ်းများလည်း ပေါကြွယ်လှသည်မို့ ကျောင်းတွင် စည်းမဲ့ကမ်းမဲ့ လုပ်ချင်တာ လုပ်နိုင်ကြကြောင်းကို တွေးမိသည်။ သူကတော့ ဘွဲ့ကောင်းကောင်းရချင်ပါသေးသည်။ သူ့ကို သွားမထိရဲပါ။
သို့နှင့် လွယ်အိတ်ကို တင်းတင်းဆုပ်ကာ ထိုအရိပ်အောက် တကုတ်ကုတ် ပြန်လျှောက်သွားရသည်။
"အဲ့နားမှာ ရပ်နေ... မလှုပ်နဲ့။ မင်းမေကလွှား ဘယ်သူကမင်းကို ဒီနားလာဖို့ပြောလဲ... ငါ့ကို မွှန်သေစေချင်နေတာလား"
ဖြူနုသန့်စင်သော ကောင်ကလေးသည် ပါးစပ်မှ အော်ကျယ်အော်ကျယ်ဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်သည်။ သူ၏ ချောမောသော အသွင်နှင့် ဆန့်ကျင်လှစွာသော အယုတ္တ အနတ္တ ကျိန်ဆဲစကားများကိုမူ ပါးစပ်မှမချ။ မျက်လုံးအကြည့်တွေကတော့ စောင်းငဲ့လျက် လီချိန်ရှို့ ကိုယ်ပေါ်တွင်သာ။
သူ့ကို သည်မှာ နေခဲ့ခိုင်းတာလည်း မဆိုးဘူးဟု တွေးမိသည်။ ပျင်းရိစရာ နေ့ခင်းအချိန်ကို ဖြုန်းနေလို့ရသည်။ အရင်က သည်အခြောက်ကောင်ကိုတွေ့လျှင် အမြဲ ကွေ့ရှောင်သွားလေ့ရှိသည်။ ညစ်ပတ်လွန်းလို့ အနိုင်ကျင့်ချင်သည့် စိတ်ဆန္ဒလေးပင် မဖြစ်ထွန်းခဲ့။
လီချိန်ရှို့မှာ သူ့ကို အူလည်လည်ငေးကြည့်ရင်း မလှုပ်မယှက်ရပ်နေရုံသာ တတ်နိုင်သည်။
"ဟုတ်တယ်။ အဲ့တိုင်းရပ်နေ။ နေရောင်က ပိုးသတ်ပေးအောင်လို့။ မင်းပုံက လောက်ပါ ထွက်တော့မလိုပဲ"
လီချိန်ရှို့ ထိုနေရာမှာသာ ကြောင်တောင်တောင်ရပ်နေရသည်။ လွယ်အိတ်ကို ဖက်ထားသော လက်နှစ်ဖက်မှာလည်း နာကျင်လာသည်။ မကြာပါ၊ သူ့ကိုယ်မှ ချွေးပေါက်တို့က မိုးရွာသလို တစ်ကိုယ်လုံး စီးကျလာတော့၏။ ၃၈ ဒီဂရီ အပူရှိန်ကို အရွယ်ရောက်ပြီးသူတို့ပင် ခံနိုင်ရည်မရှိ။ အထူးသဖြင့် သူ့လို အာဟာရချို့တဲ့သော ကလေးငယ်သာဆို ပိုဆိုးတော့ပေမည်။
ရှောက်ချွင်အစကတော့ ခဏလောက် မှေးမည်ကြံသည်။ သို့သော် သူ့လို လေအေးပေးခန်းထဲသာ နေလေ့ရှိသူအဖို့ သည်နေရာက အတော့်ကိုပူ၍ မျက်လုံးမှိတ်သည်နှင့် တိုက်ခတ်သော လေပူတွေက နေရခက်စေသည်။ သူမျက်လုံးဖွင့်ကာ အပြစ်ပေးခံရသူလို ရပ်နေသည့်ဘက် အတန်ငယ် ရွံရှာစွာ လှမ်းကြည့်လိုက်သည်။
"ဝေ့... ဒီကိုလာ။ ဒီမှာလာရပ်"
ရှောက်ချွင်က သူနှင့် လက်တစ်ကမ်းအကွာက မြေပြင်ကို လက်ထိုးပြသည်။
နာရီဝက်နီးပါး ရပ်ပြီးနောက် လီချိန်ရှို့မှာ မူးဝေနေပြီး လည်ချောင်းတွေပါ ခြောက်ကပ်ကာ တံတွေးမျိုလျှင်ပင် နာကျင်နေပြီဖြစ်သောကြောင့် သူက လာခဲ့ဆိုသည်နှင့် ရေစင်အရိပ်ရှိရာ လက်ဖျံနှင့် မျက်နှာနှင့်ခေါင်းမှ ချွေးများကိုသုတ်ရင်း ကျားကန်၍ အမြန်ဆုံးနှုန်းနှင့် လာရှာသည်။
ရှောက်ချွင်က မြေပြင်မှထကာ သူ့ကိုယ်ကို နှစ်ပတ်ခန့်ပတ်ပြီး နောက်ဆုံးမှ သူ့မျက်နှာရှေ့မှာ ရပ်သည်။
လီချိန်ရှို့က စိတ်လှုပ်ရှားစွာဖြင့် သူ့ကို ကြည့်နေမိသည်။ ရှောက်ချွင်၏ ကြီးထွားမှုနှုန်းက သူ့ထက် အတော်ပင် သာလွန်သည်။ သူ့ထက် နှစ်နှစ်ငယ်သော်လည်း ခန္ဓာကိုယ်အချိုးအစားက သူ့ထက်ထွားသည်။
ရှောက်ချွင်မှာ အလွန်တရာ အားနာခြင်းကင်းမဲ့ဟန်ဖြင့် သူ့အား ရည်ညွှန်း၍...
"မင်းယောက်ျားလေးဖြစ်ပြီး ဘယ်လိုလုပ် မိန်းမပုံပေါက်နေတာတုန်း။ မင်းရဲ့ အောက်ကဟာရော စုံပြီလား"
အမှန်တကယ်တော့ သူလည်း အောက်က စုံလျှင် ဘာတွေရှိတတ်သည်လဲ မသိသော်လည်း သူတို့ လူဆိုးလေးတွေကြား ဆဲဆိုကြလျှင် တစ်ဖက်လူ၏ မျိုးပွားအင်္ဂါအကြောင်း မေးကြပြီး တစ်ဖက်လူ၏ အမွေးမစုံသေးခြင်းအား လှောင်ပြောင်လေ့ရှိကြသည်။ တကယ်တော့ သူတို့အားလုံး အမွေးအတောင် မစုံကြသေးပေ။
လီချိန်ရှို့ မျက်နှာမှာ နီရဲသွားရသည်။
သူထပ်ပြီး သတိပေးစရာမလိုအောင် သူ့ကိုယ်သူ အရမ်း ယောက်ျားလေးမဆန်မှန်း သိပါသည်။ ပတ်ဝန်းကျင်ကသူတွေကလည်း ထိုသို့ပဲ မှတ်ချက်ပေးကြသည်။ သူလည်း သူဘာလို့ သည်လိုဖြစ်နေရလဲ မသိ။ ငယ်စဉ်က မိန်းကလေးများနှင့်သာ အမြဲကစား၍ပေလား? အကြောင်းက သူသာ ယောက်ျားလေးများနှင့် ကစားလျှင် အဝတ်အစားတို့ အမြဲပေပွ စုတ်ပြဲလာတတ်သည်။ သူ့အမေက သူညစ်ပတ်လာတာ အမုန်းဆုံးမို့ပင်။ ပြီးတော့ ယောက်ျားလေးများ ကစားလျှင် အလွန်ကြမ်းရမ်းကြ၍ သူကြည့်ရုံနှင့်တင် ကြောက်ပါသည်။ သူက မိန်းကလေးများနှင့် ညီညီစီစီ ကစားရတာမျိုး သဘောကျလေ့ရှိပြီး ကြာတော့ မိန်းကလေးများနှင့်သာ ပေါင်းသင်းဖြစ်သွားတာ ဖြစ်သည်။
ကြီးလာ၍ ယောက်ျားလေး၊ မိန်းကလေး ကွဲကွဲပြားပြား သိတတ်သည့်အချိန်တွင် မိမိကိုယ်ကို ယောက်ျားလေးနှင့် သိပ်မတူကြောင်း သိရှိပြီးနောက် မိမိ၏ အပြုအမူ စကားပြောပုံတို့ကို အရမ်းမထူးခြားစေရန် သတိထားပြီး ထိန်းချုပ်တတ်လာသည်။ သို့သော် အရိုးအသားထဲက ဗီဇဆိုသည်ကား ဖုံးဖိမရပေ။ ယခု သူ့အနေနှင့် ဘာမှမလုပ်၊ ဘာမှမပြောခြင်းက သူ့ကို အမြင်မှာ သာမန်ဆန်စေသည့်နည်းလမ်းပင်။
"ဘာလုပ်နေတာလဲ။ တစ်နေကုန် အမှိုက်ကောက်သမားလိုပဲ။ တမင် လူကို ရွံသေအောင်လို့လား?"
လီချိန်ရှို့ နှုတ်ကို တင်းတင်းစေ့လျက် စကားမပြော။
ရှောက်ချွင်က သူ့ကို တစ်ချက်ကန်သည်။
"စောက်အ,လား?"
လီချိန်ရှို့ ခြေထောက်တို့ မခိုင်တော့ဘဲ မြေပြင်ပေါ် ပုံကျသွားတော့သည်။ သို့သော် သူထပ်ပြီး သည်းခံသည်။ ကလေးငယ်တို့၏ ထုံးစံအတိုင်း သူ့အား ကန်ကျောက်သူကို ခေါင်းအနည်းငယ် မော့ကြည့်လိုက်သေးသည်။
"တကယ်ကို စောက်ခြောက်ပဲ။ တစ်ချက်ကန်တာနဲ့လဲရော"
ရှောက်ချွင် ကိုယ်တစ်ဝက်ကိုင်းချကာ...
"ဝေ့... ဘာအကြည့်ကြည့်တာလဲ။ မကျေနပ်ဘူး ဟုတ်စ။ ဒီကျောင်းရဲ့ လောင်တာ့က ဘယ်သူလဲ သိလား။ ဟမ်!"
လောင်တာ့ဟု ပြောချိန်၌ ရှောက်ချွင် အနည်းငယ် ကျေနပ်နေသည်။
သူဒီနှစ်မှ အလယ်တန်းပထမနှစ် စတက်တာဖြစ်သည်။ ကျောင်းဖွင့်စနေ့က သူ့ကို အထက်စီးဆန်လှသဖြင့် အထက်တန်းကျောင်းသားတွေက ဝိုင်းတွယ်ကြသည်။ သူက သူတို့ထဲမှ သုံးလေးယောက်လောက်ကို တစ်ပတ်ခန့် ပေါ်မလာနိုင်အောင်ထိ ပြန်လုပ်ခဲ့သည့်အပြင် လာကတည်းက တစ်ကျောင်းလုံးကို ကမောက်ကမဖြစ်အောင် လုပ်လိုက်သေးသည်။ သူ့အိမ်နောက်ခံကလည်း မသေး၊ ဆရာတွေကလည်း မပြောရဲနှင့် လအနည်းငယ်အတွင်းမှာပဲ သူ့ကို ထိရဲစရဲတဲ့သူ မရှိတော့ချေ။
အထက်တန်းမှ ကျောင်းသားများကပင် သူ့ကို ဝေးဝေးက ရှောင်သည်။ ဒီလို အားလုံးက ကြောက်ရသည့် ခြိမ်းခြောက်မှုနှင့် "နေရာ" က လူငယ်ဖြစ်စ ကောင်ကလေးအတွက်တော့ အကြွင်းမဲ့ ဂုဏ်ယူဖွယ်ရာဖြစ်အင်ပင်။
ရှောက်ချွင်သည် ငယ်စဉ်တည်းက မိသားစု၏ စည်းလွတ်ဝါးလွတ် အလိုလိုက်ခံရခြင်းဖြင့် ကြီးပြင်းခဲ့သည်။ အားလုံးက သူ့ကို အောက်ကျို့၍ အလိုလိုက် အကြိုက်ဆောင်တာမျိုးကို နှစ်သက်သည်။ ထို့ပြင် မူလအစတွင် သူ့အပေါ် မရိုးကျိုးပါက အပျော်သဘော ထိုးနှက်ရာမှာလည်း ပျော်ရွှင်သည်။ သို့သော် သူ့အပေါ် မရိုကျိုးသည့်သူကိုလည်း အားအားနေရင်း ပြသနာမရှာဘဲ အလွတ်ပေးတာမျိုးမရှိ။ ဥပမာပေးရလျှင် မျက်စိရှေ့မှ ဟော့သည် ညစ်တီးညစ်ပတ် ခပ်နွဲ့နွဲ့ကောင်လေး။
လီချိန်ရှို့က သူ့ကြောင့် သတိပေးခံလိုက်ရသလို ဒီကျောင်းက လူဆိုးလေးတွေရဲ့ ပြောပုံလုပ်ပုံတို့ကို တွေးမိကာ ဖြေသည်။
"မင်းပါ"
"သိရင်ပြီးရော"
ရှောက်ချွင်က အားရစွာ မေးကိုမော့သည်။
ရှောက်ချွင်က ခေါင်းငုံ့ကာ နှုတ်ဆိတ်ရင်း မြေပြင်ပေါ် ထိုင်နေသည့် လီချိန်ရှို့ကို ဘယ်လိုနေနေ ကြည့်မရချေ။ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ထိုင်တာတောင် ဘာလို့ ဒီလောက် နွဲ့နှောင်းနှောင်းဖြစ်နေရသလဲ။ ရွံစရာကောင်းချက်။
သည်လို လီချိန်ရှို့က သူ့မျက်လုံးထဲ အရိုက်ခံဖို့လိုနေတယ်ဆိုတာ အသိသာကြီး။ မနေနိုင် မထိုင်နိုင် လက်ကိုမြှောက်ကာ ပါးတစ်ချက် ရိုက်ပစ်လိုက်သည်။
လီချိန်ရှို့က သူ့ကို ကြောင်ကြည့်နေဆဲဖြစ်ကာ မျက်နှာမှာ နီရောင်သန်းလာပြီး မျက်ဝန်းတွေက နီရဲနေသော်လည်း အသံတစ်စက်မထွက်။
ရှောက်ချွင်သည် သူ၏ဖြူလွလွပါးမို့ထက်တွင် အနီနုနုဖြတ်ပြေးသွားသည်ကို ကြည့်ရင်း သူ့ယခင်က သူ၏နှိပ်စက်ကလူပြုခြင်းတို့ကြောင့် သေလုမျောပါးဖြစ်နေသော ယုန်ငယ်လေးအလား သူ့အား အထူးတလည်ပင် ကစား၍ကောင်းသည်ဟု ခံစားရစေသည်။
ထပ်ပြီး မနေနိုင်စွာဘဲ သူ့ပါးပြင်ကို လက်နှင့် ဆွဲညှစ်မိသည်။ အင်း... ပြောင်ချောချောနှင့် ထိတွေ့ရ သိပ်ကောင်းသည်။ ဒီအခြောက်လေးက စကားပြောတာရော၊ အမူအရာရော၊ အမည်ရော၊ ခန္ဓာကိုယ်ကပါ နွဲ့လျနေသည်။
လီချိန်ရှို့မှာ သူ့ပါးနှစ်ဖက်လုံး ညှစ်ခံနေရသည်မှာ နာပင်နာနေချေပြီ။ သူ ဝံပုလွေထံမှ ပစ်မှတ်ထားခံရသလို ခံစားရသောကြောင့် သူ့အလယ်တန်းပညာရေးလေး အဆင်မှ ပြေပါဦးမလား ထိတ်လန့်လာသည်။
ရှောက်ချွင်သည် သူ့၏ လေပင်မရှူရဲသော သတ္တိနည်းသည့် ပုံစံအား ကြည့်ရသည်ကို ပျင်းရိလာသည်။ နောက်တစ်နာရီကြာမှ ကျောင်းကို လူတွေရောက်လာမှာဆိုတော့ သူဘယ်အချိန်ထိ ဒီလိုနေရာမှာ နေနေရမှာလဲ။ တစ်ခုတည်းသော အပျင်းပြေစရာမှာ ဤအခြောက်လေးသာဖြစ်ပြီး သူ့နွဲ့တီးနွဲ့တဲ့ပုံစံမှာ လူကို ရွံရှာစေသည်။ စိတ်ထဲ ရွံလာလေလေ နှိပ်စက်ချင်လေလေ ဖြစ်သည်။
ရှောက်ချွင်က သက်တောင့်သက်သာ အနေအထားဆီ ပြောင်းထိုင်လိုက်ကာ...
"ဝေ့... မင်းအဖေက မင်းနဲ့ မင်းအမေကိုပစ်ပြီး မြေခွေးမနဲ့ ပြေးသွားတာဆို... ဟုတ်လား?"
လီချိန်ရှို့ အံ့ဩစွာ မော့ကြည့်လိုက်သည်။ ထိုလူက မထင်ရက်လောက်စွာ တစ်ဖက်လူရဲ့ အမာရွတ်ကို တည့်တည့်ကိုပဲ အသစ်တစ်ဖန် နာကျင်စေတတ်သေးသည်။ သူ့မျက်ဝန်းတွေ တစ်ဖန် ပြန်လည်နီရဲလာသည်။
ရှောက်ချွင်က ပိုအားရသွားကာ...
"မင်းအဖေက တကယ် ထွက်ပြေးသွားတာပေါ့။ ပြီးတော့ မင်းအမေက အရက်သမားဆို။ သူမင်းကို ဂရုမစိုက်ဘူးလား။ မင်းကိုကြည့်တိုင်း ညစ်ပတ်ပေတူးနေတာပဲ။ အပြင်ထွက်လာတာ မရှက်ဘူးလား"
လီချိန်ရှို့ရဲ့ နီရဲနေသော မျက်ဝန်းထဲတွင် မဖော်ပြရဲသော ဒေါသနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေပြီး ရှောက်ချွင်ကို စိုက်ကြည့်နေသည်။ သူကြည့်လေ မှုန်ဝါးလေဖြစ်လာရကာ စိတ်ထဲမှာ ဖော်မပြနိုင်အောင် နာကျင်နေရသည်။ စိတ်ထဲက ဒဏ်ရာကို ပြန်ဆွသည့်အပြင် ဟာသတစ်ခုလို လှောင်ပြောင်ခံရတာတောင်မှ သူ့မှာ ဒေါသထွက်ခွင့်၊ ပေါက်ကွဲခွင့်ပင်မရတာကြောင့် ပိုပြီး ဝမ်းနည်းရကာ မခံမရပ်နိုင်ဖြစ်ရသည်။
"ငို ငို ငို... ငိုတာကလွဲ ဘာမှမရဘူးလား။ ယောက်ျားမဟုတ်ဘူးလား?"
ရှောက်ချွင်က ကြမ်းတမ်းစွာ သူ့နားထင်ကို သုံးချက်လောက် လက်နှင့် ဆက်တိုက်တွန်းသည်။ တွန့်ဆုတ်ဆုတ် သူ့ပုံစံကို မြင်တိုင်း ရူးသွပ်စွာ ဆုပ်ချေပစ်ချင်သည်။
လီချိန်ရှို့ မျက်ရည်တွေက ရေလိုစီးဆင်းလာကာ အသံလည်းမထွက်ရဲ၊ ခေါင်းငုံ့၍ မြေပြင်ကိုသာ ကြည့်ကာ လက်နှင့် မျက်ရည်တွေ သုတ်နေရသည်။
ရှောက်ချွင်က တစ်ခုခုပြောမည့်ဟန် နှုတ်ဟတုန်း သံတံခါးကို တွန်းတိုက်၍ နံရံကိုရိုက်သည့် အသံကျယ်ကြီးထွက်လာရာ နှစ်ယောက်လုံး လန့်သွားပြီး လှည့်ကြည့်ကြသည်။
အဝတွင်ရပ်နေသည့် လူငယ်လေးတို့သည် ရှောက်ချွင်ကို ကြည့်ပြီး ရယ်ကာမောကာဖြင့်...
"ဟား ဟား... ရှာလိုက်ရတာကွာ။ အပုန်းကောင်းချက်"
ရှောက်ချွင်၏ အထင်သေးသော နှုတ်ခမ်းတို့ အနည်းငယ် တွန့်တက်ကာ...
"ဒီလောက်ကြာမှ တွေ့တယ်လို့။ ငါ့ကို နောက်ဆုံးမှ တွေ့တာမလား"
"အေးလေ... ငါတို့ ဒီကောင့်ကို ကူရှာပေးတာ။ အေး... ဒါဘယ်သူလေးလဲ"
ပြောရင်း အသားအလွန်မည်းသည့် ကောင်လေးက ရှောက်ချွင်ဘေး တရှုံ့ရှုံ့ ငိုကြွေးနေသော ကောင်လေးကို တအံ့တသြကြည့်နေသည်။
လီချိန်ရှို့ ဝင်လာသူများကို ကြည့်နေသည်။ သူသည်လူတွေကို သိသည်။ အမြဲလို ရှောက်ချွင်နှင့် ပေါင်းသင်းနေသူများဖြစ်ပြီး နာမည်တွေကိုတော့ မသိပေ။
"အိုင်း... ဒါ ဟို စောက်ခြောက်လေးမလား။ ရှောက်ချွင် မင်းသူနဲ့ရှိနေတာ ကူးမှာမကြောက်ဘူးလား?"
အားလုံးက တဟားဟားအော်ရယ်ကြ၏။
"ငါဒီမှာပုန်းတာနဲ့ သူ့ကိုတွေ့တာပဲ။ အောက်လည်း ပေးဆင်းလို့မဖြစ်ဘူးလေ"
"ယိုး ယိုး... ကြည့်စမ်း။ မင်းကတော့ ကောင်မလေးကို ငိုအောင်လုပ်လိုက်ပြီကွာ။ ဟား ဟား ဟား ဟား ..."
ဆံပင်အနီနှင့် အနည်းငယ်ပိန်သော ကောင်လေးက လီချိန်ရှို့ရှိရာ လျှောက်လာကာ အတန်ငယ်ကိုင်းကြည့်သည်။
လီချိန်ရှို့က လိပ်ကလေးလို ခေါင်းကိုဖွက်ကာ လက်ကြားထဲ ငုံ့ထားလိုက်သည်။ ကြောက်လွန်း၍ အသက်ပင်ဝဝမရှူရဲ။ သည်လူတွေအားလုံးက ကျောင်းမှာ နာမည်ကြီးသည့် လူဆိုးလေးတွေဖြစ်ပြီး သူတစ်ယောက်နှင့် သူတို့တစ်ဖွဲ့လုံးဆိုတော့ ကြောက်လွန်း၍ နှလုံးပင်ခုန်ထွက်တော့မည်။
"အိုင်းရ်... ကိုကို့ကို ပြပါဦး။ ဟားဟား... ငိုပါငိုနေလိုက်သေး။ ရှောက်ချွင် မင်းဘာလို့ သူများကို အနိုင်ကျင့်တာလဲ။ သူများကဖြင့် အဖေကလည်း မလိုချင်၊ အမေကလည်း ဂရုမစိုက်တဲ့ သူတောင်းစားသာသာလေးကို။ မင်း ဘာလို့ အနိုင်ကျင့်ရတာလဲကွာ"
သူပြောလိုက်သည်နှင့် ပတ်ဝန်းကျင်က လူတွေအားလုံး ပြဇာတ်ကောင်းကြည့်ရပြီဟု နှလုံးသွင်းလိုက်ကြသည်။
"ငါလည်း ပျင်းလို့လေ။ ဒီမှာပုန်းပြီး လုပ်စရာမရှိတာနဲ့ သူ့ကို ငါနဲ့ အချိန်ဖြုန်းခိုင်းတာ။ အဲ့လောက် အငိုသန်မှန်း ဘယ်လိုသိမှာလဲ။ မိန်းမကျနေရော... ရွံစရာကောင်းသေပြီ"
"သတင်းတွေ အတိုင်းပါလား"
ဆံပင်နီနီကောင်လေးက လီချိန်ရှို့ ဆံပင်ကို ဆွဲဆုပ်ပြီး မျက်နှာကို ဆွဲမော့ရာ လီချိန်ရှို့မှာ ဦးရေပြားကအစ နာကျင်သွားရပြီး မဖြစ်မနေ ခေါင်းမော့ရတော့သည်။
သူ့မျက်နှာတစ်ခုလုံး မျက်ရည်အပြည့်နှင့် နီရဲနေသည်ကို လူတစ်စုလုံးက လှောင်ပြောင်ရယ်မောကြပြန်သည်။
ဘေးမှ ကြယ်သီးနှစ်လုံးသာ တပ်ထားသည့် ကောင်လေးက မိန်းမလိုအသံဖြင့်...
"အိုက်ယား... မင်းမရွံဘူးလား။ သူက ဘယ်တော့မှ ရေမချိုးတာ မသိဘူးလား။ ရောဂါကူးမှာ မကြောက်ဘူးလားကွာ"
ဆံနီကောင်လေးက အပူလောင်သွားသလိုမျိုး အကဲပိုစွာ လီချိန်ရှို့ကို လွှတ်ချပြီး တစ်ချက်ပါ အဆစ်ကန်လိုက်သေးသည်။
"မင်းတကယ် မင်းကိုယ်ပေါ်က ပိုးမွှားတွေ ငါ့ဆီကူးအောင်လုပ်ကြည့်။ မင်းကို မြစ်ထဲမျှောပြီး ငါးစာကျွေးပစ်မယ်"
ရှောက်ချွင်သည် လူတစ်စုက လီချိန်ရှို့အနား ဝိုင်းဝန်းနေသည်ကို စိတ်မရှည်စွာကြည့်ပြီး နေရာသစ်တွေ့ဟန်နှင့်...
"ကစားလို့ ဝပြီလား။ ငါတစ်ခုခုသောက်ချင်တယ်။ ဒီပေါ်က ပူသေပြီ။ သွားမယ် သွားမယ်... ဒီအခြောက်လေးက ဒီလောက် ရွံစရာကောင်းတာကို။ ဝိုင်းပြီး ဘာလုပ်နေတာလဲ"
လူတစ်စုက ခဏလေးမှာပင် ရှင်းရှင်းလင်းလင်း ဖြစ်သွားသည်။ လွန်ခဲ့သော တစ်စက္ကန့်က ဆူညံပွက်နေသော ဤနေရာသည် ချက်ချင်းလက်ငင်း အေးချမ်းသွားကာ သူဖြတ်သန်းနေကျ နေ့လယ်ခင်းတွေလိုပင် ပြောင်းလဲသွားပြန်သည်။
လီချိန်ရှို့သည် လက်တုန်တုန်ယင်ယင်ဖြင့် နာကျင်နေသော ခေါင်းဆီ လက်လှမ်းလိုက်သည်။ ထို့နောက် ဒူးထက်သို့ မျက်နှာအပ်ချကာ ပခုံးတို့က ထိန်းမရနိုင်အောင် တသိမ့်သိမ့် တုန်လာရပြီးနောက် ငိုသံသဲ့သဲ့က ပျံ့လွင့်သွားတော့သည်။
--------------------------------------------------------------------------------------------------------------------------------
[Zawgyi]
သည္ေက်ာင္းက လူမွန္သမွ် လီခ်ိန္ရႈိ႕ကို သိၾကသလို ေရွာက္ခြၽင္ကိုလည္း သိၾကသည္။ သူတို႔ႏွစ္ေယာက္မွာ တိမ္စိုင္ႏွင့္ ႐ႊံ႕ေစးလို အေနအထားမ်ိဳး ျဖစ္ေသာ္ျငား။
ေရွာက္ခြၽင္ႏွင့္အတူ ရွိေနတတ္ေသာ အေပါင္းအသင္းတိုင္း၏ ေနာက္ခံက လူရွိန္စရာ အသိုင္းအဝိုင္းကေတြခ်ည္း ျဖစ္သည္။ မည္မွ် လူရွိန္စရာေကာင္းသည္ကိုေတာ့ လီခ်ိန္ရႈိ႕ေတြးဆ၍မရပါ။ ထို သခင္ေလး၊ သခင္မေလးမ်ားသည္ အလြန႔္အလြန္ ေမာက္မာ႐ိုင္းစိုင္းတတ္ၾကၿပီး တူရာတူရာ စုေနတတ္ၾကသည္။ အခ်ိန္ၾကာ ဖယ္ၾကဥ္ခံရမႈႏွင့္ အထင္ေသးခံရမႈေၾကာင့္ လီခ်ိန္ရႈိ႕မွာ ပတ္ဝန္းက်င္က လူေတြကို ေမာ့ၾကည့္ျဖစ္တာ ရွားသည္။ ထို႔ေၾကာင့္ ေက်ာင္းကလူမ်ားတြင္ သူမွတ္မိေသာ မ်က္ႏွာေတြကလည္း မရွိသေလာက္ပင္။
သို႔ေသာ္ ေရွာက္ခြၽင္မွာ သိသိသာသာပင္ သူမ်ားႏွင့္မတူေပ။ သူသည္ကား အမွန္တကယ္ကို ေတာက္ပလြန္းပါ၏။
သူသည္ တန္ဖိုးႀကီးမားစြာ၊ ေမာက္မာစြာ၊ လွပစြာျဖင့္ ဘယ္အခ်ိန္မဆို လူကို မၾကည့္ဘဲ မေနႏိုင္ေအာင္ ဆြဲေဆာင္တတ္ေသာ အေငြ႕အသက္မ်ားကို ထုတ္လႊတ္လ်က္ရွိသည္။
လီခ်ိန္ရႈိ႕သည္ စာလုပ္ရန္ႏွင့္ ေငြရွာရန္မွလြဲ ဘယ္ဟာမွ စိတ္မဝင္စားေသာ္လည္း ေက်ာင္းဖြင့္စ ထိုရက္က ကားနက္ႀကီးေပၚမွ ဆင္းသက္လာေသာ သခင္ေလး၏ အေနာက္တိုင္းဟန္ ေက်ာင္းဝတ္စုံကို ဝတ္ထားသည့္ပုံစံ၊ မ်က္ႏွာအဂၤါရပ္တို႔၏ ျပစ္မ်ိဳးမွဲ႔မထင္ေသာ အေျခအေန၊ ႏြားႏို႔အလား ျဖဴေဖြးႏုအုေနေသာ မ်က္ႏွာေလး၊ သူ႔ထက္ အသက္ငယ္ပါရက္ လူကို ႏိုင္ထက္ကလူျပဳေသာ အထက္စီးဆန္သည့္ အေငြ႕အသက္တို႔ကို ဘာရယ္ေၾကာင့္မသိ ခဏအတြင္း ေမ့မရႏိုင္ခဲ့ေခ်။
ထိုစဥ္ကမွစၿပီး သူ႔ကိုယ္သူ သက္တူ႐ြယ္တူေယာက္်ားေလးမ်ားႏွင့္ မတူမွန္း သတိထားမိခဲ့သည္။ နဂိုတည္းကရင္း မတူတာဆိုေပမဲ့ ဖုံးကြယ္ထားစရာ စိတ္သေဘာထားေလးပါေနသည္။ အလြန႔္အလြန္ကို မတူတာမ်ိဳး။
သူ႔ကို ဘယ္သူမွ စကားစမေျပာၾကေသာ္လည္း အတန္းထဲ ၿငိမ္ၿငိမ္ေလး ထိုင္ေနခ်ိန္မွာ ေယာက္်ားေလးမ်ား စုေဝးမိပါက ဘယ္မိန္းကေလးက လွေၾကာင္း၊ မည္သူကျဖင့္ ရင္သားႀကီးေၾကာင္း ေဆြးေႏြးသည္မ်ားကိုေတာ့ သူ ရွင္းရွင္းလင္းလင္း ၾကားေနရသည္။ သို႔ေသာ္ ထူးဆန္းသည္က သူသည္ ထိုအေၾကာင္းအရာမ်ားကို စိတ္မဝင္စားသည့္အျပင္ သိမ္ေမြ႕လွပေသာ မိန္းကေလးမ်ားႏွင့္ ယွဥ္ပါက ကစားကြင္းထဲက ဘတ္စကတ္ေဘာ ကစားေနၾကသည့္ ေကာင္ကေလးမ်ားကို ေငးရျခင္းကို ပိုႏွစ္သက္သည္။ ေနေရာင္ေအာက္က ေခြၽးစက္မ်ားႏွင့္ ခႏၶာကိုယ္၊ ဆံပင္တလြင့္လြင့္ႏွင့္ မ်က္ႏွာအမူအရာ၊ စကားေျပာၾကဟန္... ထိုအရာမ်ားက ၾကည့္ရတာတန္သည္ဟု သူေတြးမိသည္။ သို႔ေသာ္ျငား သူ႔မွာ ေစ့ေစ့မၾကည့္ရဲ၊ တစ္ခ်က္ေလာက္ ခိုးၾကည့္႐ုံသာ။ အသက္အ႐ြယ္ႀကီးျပင္းလာတာႏွင့္ အရင္ကလို သေဘာႏွင့္ေတာ့ မတူေတာ့ေပ။
သို႔ေသာ္ ထိုစဥ္က ႐ိုးစင္းကာ အူတူတူ အတတႏွင့္မို႔ သူကိုယ္တိုင္က ဘာမတူတာလဲဆိုတာ သူအေျဖမရွိခဲ့။
ထိုအေၾကာင္းကို ေရွာက္ခြၽင္က သူ႔ကို အေျဖတစ္ခုေပးေလသည္။
ထို႔ေန႔လယ္က ေနသည္ လူကိုပင္ ေျခာက္ကပ္ေစေတာ့မတတ္ ျပင္းသည္။ မလႈပ္မယွက္ ၿငိမ္ေနလွ်င္ေသာ္မွ ခဏလႈပ္လိုက္သည္ႏွင့္ ေခြၽးထြက္ေစသည္။
ေန႔လယ္ဆိုလွ်င္ ေက်ာင္းက ထူးကဲစြာပင္ တိတ္ဆိတ္ကာ လူသူကင္းမဲ့လို႔ေနသည္။ ေက်ာင္းသားအမ်ားစုက အိမ္မွႀကိဳေသာ ကားမ်ားႏွင့္ ျပန္အနားယူၾကသည္။ အိမ္မျပန္သူတို႔ကလည္း ေက်ာင္းနားမွာ အခန္းငွားကာ အနားယူသည္။ သူကေတာ့ အိမ္ကလည္းေဝး အခန္းေတြက ေဈးႀကီးႏွင့္မို႔ ေန႔လည္ဆိုလွ်င္ ေက်ာင္းမွာပဲ ေနေနရသည္။
မူလက ေက်ာင္းက ခြင့္မျပဳေခ်။ သို႔ေသာ္ သူ႔အေျခအေနကို လူတိုင္းသိၾကၿပီး ေက်ာင္းစာမွာလည္း ေရွ႕ေရာက္ကာ ေက်ာင္းက အေလးထားရေသာ ထိပ္တန္းေက်ာင္းသားေပမို႔ မသိခ်င္ေယာင္သာ ေဆာင္ေပးၾကသည္။ စာသင္ခန္းတြင္ေတာ့ ေနခြင့္မျပဳ။ မေတာ္၍ ပစၥည္းတစ္ခုခုေပ်ာက္လွ်င္ ေျဖရွင္းမရျဖစ္လိမ့္မည္။
သူကေတာ့ ပုံမွန္အားျဖင့္ စာသင္ေဆာင္ရဲ႕ ေခါင္မိုးထပ္ကိုသာ သြားေနေလ့ရွိသည္။ ထိုေနရာကို ေက်ာင္းလုံၿခဳံေရးက အလြယ္တကူ ရွာမေတြ႕ႏိုင္ေပ။ လုံၿခဳံေရးကအစ သူ႔အေပၚ အမ်ားအျမင္ႏွင့္ အတူတူဆိုေသာ္လည္း ေတြ႕လွ်င္ အနည္းအက်ဥ္း ေမာင္းထုတ္႐ုံမွ်သာ ရွိသည္။ ထိပ္ဆုံးေခါင္မိုးထပ္မွာ လုံၿခဳံသလို အလင္းေရာင္လည္းရၿပီး အနားယူ၍လည္းရသည္။ သူစာလုပ္ဖို႔လည္း အဆင္ေျပသည္။
သူ၏ သနားစရာဘဝထဲတြင္ ကိုယ္ပိုင္အျဖစ္ သတ္မွတ္ႏိုင္ေသာ ေနရာတစ္ေနရာစာ ရွိလွ်င္ပင္ သူ႔မွာ တိုးတိုးတိတ္တိတ္ ေပ်ာ္ေနရသည္။
ထိုေန႔က သူပုံမွန္အတိုင္းပင္ ေရကန္၏ က်ယ္ျပန႔္ေသာ အရိပ္ေအာက္တြင္ ေမွးေနသည္။
ေက်ာင္းထဲ တိတ္ဆိတ္ေနတာက ရွားသည္။ ေအးျမေသာ အရိပ္ေအာက္မွာ ထိုင္ေနၿပီး ေလတျဖဴးျဖဴးႏွင့္မို႔ သည္အခ်ိန္ မ်က္လုံးမွိတ္ အနားယူျခင္းက လီခ်ိန္ရႈိ႕၏ တစ္ေန႔တာတြင္ သက္ေတာင့္သက္သာအရွိဆုံး ခဏတာေလးပင္ ျဖစ္ပါ၏။ သူ႔အား စိတ္ရႈပ္၊ စိတ္ပူပန္ေစႏိုင္ေသာ ကိစၥရပ္တို႔ကို သူခဏတာ ေမ့ေပ်ာက္ထားႏိုင္ၿပီး သူႏွင့္သာ သက္ဆိုင္ေသာ ေအးခ်မ္းဆိတ္ၿငိမ္ေသာအခ်ိန္ကိုလည္း စိတ္ႏွစ္၍ ခံစားႏိုင္သည္။
"မင္းဒီမွာ ဘာလုပ္ေနတာလဲ"
ၾကည္လင္ေသာအသံက ဦးေခါင္းထက္မွ ပ်ံ႕လြင့္လာသည္။
လီခ်ိန္ရႈိ႕ ထိတ္လန႔္သြားကာ မ်က္လုံးဖြင့္ခ်ိန္ ေနေရာင္စူးစူးေၾကာင့္ မူးမိုက္သြားရၿပီး တဒဂၤအတြင္း မွိတ္လိုက္မိေသာ မ်က္ဝန္းအစုံမွာ ၾကည္ရွင္းေနေသာ အရိပ္တစ္ခုကို ျမင္ေယာင္သည္။ ထိုသူမွာ တစ္ကိုယ္လုံး ေတာက္ေျပာင္ကာ ေ႐ႊေရာင္ေတာက္ပေနသလို သူ႔တြင္ ျဖဴႏုေသာမ်က္ႏွာ၊ နက္ေမွာင္ေတာက္ေျပာင္ေနေသာ ဆံသားတို႔ႏွင့္ ၾကည္ေတာက္ေနေသာ မ်က္ဝန္းတို႔ ပိုင္ဆိုင္သည္။
သူေနာက္တစ္ေခါက္ မ်က္လုံးဖြင့္ခ်ိန္တြင္လည္း ထိုသူက သူ႔အား အထက္မွ အုပ္မိုးကာ ၾကည့္ေနဆဲပင္။
လီခ်ိန္ရႈိ႕ အထင္ သူ႔မ်က္ႏွာက ပူေႏြးလာကာ တစ္ခဏေလးအတြင္းမွာပင္ အေႏြးစီးေၾကာင္းတစ္ခုက ငယ္ထိပ္ထိ တရိပ္ရိပ္တက္လာၿပီး မ်က္ႏွာႏွစ္ဖက္ကိုပါ နီေနေစေတာ့မည္ကို သူ႔ကိုယ္သူသိသည္။
တည္ၿငိမ္စြာႏွင့္ မတ္မတ္မားမားရပ္ေနသည့္ ထိုေကာင္ေလးက သူ႔အား နီရဲေသာ မ်က္ႏွာႏွင့္ ထိတ္လန႔္အံ့ၾသသြားသည့္ အမူအရာတို႔ကို မ်က္ႏွာခ်င္းဆိုင္လိုက္ရေသာအခါ အံ့အားသင့္သြားၿပီး သူ၏ မ်က္ခုံးတစ္ဖက္ကို တြန႔္ခ်ိဳးရင္း သံသယအၾကည့္ႏွင့္ ၾကည့္ေနသည္။
"ငါ..."
လီခ်ိန္ရႈိ႕ ကပ်ာကယာ ကုန္း႐ုန္းထၿပီး အက်ႌကို ခါလိုက္ရင္း စိတ္လႈပ္ရွားစြာျဖင့္ သူ႔အားၾကည့္ေနမိကာ တံေတြးအထပ္ထပ္ မ်ိဳခ်ၿပီးမွ "မဂၤလာပါ" ဟု ႏႈတ္ဆက္လိုက္သည္။
သူစိတ္လႈပ္ရွားေနသည္မွာလည္း မဆန္းေပ။ သူ႔ကို စကားစေျပာတဲ့သူ မရွိသည္မွာ ၾကာေနသည့္အျပင္ ထိုသူကလည္း ေခ်ာေမာလွၿပီး ေက်ာင္းတြင္ နာမည္ႀကီးလွသူျဖစ္သည္။
သူပထမဆုံး ေရွာက္ခြၽင္ကိုေတြ႕တုန္းက ပုံစံကို ေတြးမိသည္။ ထိုစဥ္က ေရွာက္ခြၽင္သည္ ထူးျခားေတာက္ေျပာင္သည့္ မင္းသားေလးအသြင္ႏွင့္ ျဖစ္သည္။ ေနာက္ေတာ့ ထိုသဏၭာန္မွာ အလိမ္အညာ အေပၚယံအခြံသာျဖစ္ေၾကာင္း သိလိုက္ရသည္။ တကယ္တမ္းက်ေတာ့ ေခ်ာ့မရေျခာက္မရ လူဆိုးေလးျဖစ္ၿပီး လူစုရန္ျဖစ္၊ ျပႆနာရွာ၊ ေက်ာင္းသားခ်င္း အႏိုင္က်င့္သည့္ ဘယ္ကိစၥမဆို သူပါဝင္သည္ခ်ည္း။
သူထလာသည့္ တစ္ခဏတြင္ ေရွာက္ခြၽင္ကာ ေျခတစ္လွမ္းဆုတ္သည္။ မ်က္ခုံးတို႔ တြန႔္ခ်ိဳးလ်က္ ဆီေခ်းေပကာ နံေနေသာ သူ႔ကိုယ္ေပၚမွ ေၾကမြမြအက်ႌကို ၾကည့္ေသာ အၾကည့္ေတြမွာ ဖုံးဖိမရသည့္ ႐ြံရွာမႈအျပည့္။
လီခ်ိန္ရႈိ႕ ထိုရင္းႏွီးေနသည့္ အၾကည့္တို႔ကို လက္ခံရခ်ိန္မွာ ခဏတာ စိတ္ဓာတ္က်သြားသည္။ သို႔ေသာ္ ခ်က္ခ်င္းပဲ ထိန္းလိုက္ႏိုင္သည္။ သူရင္းႏွီးၿပီးသား အမူအရာပဲ၊ ဘယ္လို တုန႔္ျပန္ရမလဲဆိုတာလည္း သူရင္းႏွီးေနၿပီ။ ဆိတ္ဆိတ္ေနလိုက္လွ်င္ ရၿပီ။ သူတစ္ပါး၏ မုန္းတီးမႈကို ရင္ဆိုင္ဖို႔ ဆိတ္ဆိတ္ေနလွ်င္ ၿပီးၿပီ။ ထို႔ေနာက္တြင္ေတာ့ သူ႔ကို ထပ္ျပႆနာမရွာၾကေတာ့။
လီခ်ိန္ရႈိ႕ ေခါင္းငုံ႔ကာ ကိုယ္ကို တစ္ဖက္ေ႐ႊ႕ေပးလိုက္ၿပီး အေရွ႕ဘက္မွ အုတ္နီခဲကိုသာ ၾကည့္ေနမိသည္။
"ေဝ့... ေမးေနတယ္ေလ။ ဒီမွာ ဘာလုပ္ေနတာလဲလို႔"
သခင္ေလး ေရွာက္ခြၽင္သည္ တစ္ဖက္လူကို ၾကည့္ရတာ သေဘာက်ပုံမရေခ်။
"ေန႔ခင္းနားတာ"
ေရွာက္ခြၽင္သည္ သူ႔ရဲ႕ ျခင္သံလို တိုးတိတိုးလ်ကို မၾကား။ သို႔ႏွင့္ ကိုယ္ကို ကိုင္းခ်ကာ ေမးသည္။
"ဘာ"
လီခ်ိန္ရႈိ႕ ေခါင္းေမာ့ကာ သူ႔ကိုၾကည့္ရင္း ေျဖသည္။
"ေန႔ခင္းနားတာ"
ေျပာၿပီးေနာက္ အတန္ငယ္ေငးသြားရ၏။ စိတ္ထဲတြင္ေတာ့ အသံတိုးတိုးတစ္ခုက ေျပာေနသည္။ ဘယ္လိုလုပ္ လူက ဒီေလာက္ေတာင္ ေခ်ာေမာရတာလဲ။ အဲ့သည္မ်က္ေတာင္ရွည္နက္နက္ေတြက ပုတ္ခတ္ပုတ္ခတ္ႏွင့္ သူ႔ႏွလုံးသားကို ယားယံေစလိုက္တာ။
"ေက်ာင္းမွာ ေန႔လည္ ေနခြင့္မျပဳဘူးမဟုတ္လား... မင္းကို ဘယ္သူက ေပးေနလို႔လဲ"
လီခ်ိန္ရႈိ႕မွာ ခဏတာ မေျဖႏိုင္ျဖစ္သြားသည္။
"မင္း... မင္းလည္း ဒီေရာက္ေနတာပဲ မဟုတ္လား"
"မင္းနဲ႔ငါ တူသလား"
ေရွာက္ခြၽင္၏ စကားတြင္ မေက်နပ္မႈေတြ ပါသည္။ သူ ပ်င္းလြန္လြန္း၍သာ သည္ေက်ာင္းေဆာင္ေပၚမွာ တူတူပုန္းတမ္း လာကစားျခင္းျဖစ္သည္။ မူလကေတာ့ ေန႔လည္ေန႔ခင္း အိပ္စရာေနရာတစ္ခု ရွာလို႔ၿပီဟု ထင္ထားတာျဖစ္၏။ မထင္မွတ္စရာက အခုေတာ့ ေနရာယူထားသူ ရွိေနသည္။ ထိုသူကလည္း သည္႐ြံစရာအေျခာက္ေလး။
လီခ်ိန္ရႈိ႕ ႏႈတ္ခမ္းကို ဖိကိုက္ကာ ေခါင္းငုံ႔သည္။
"မင္းပစၥည္းေတြ ခုခ်က္ခ်င္းယူၿပီး ျမန္ျမန္လစ္စမ္း။ မင္းရွိေနတဲ့ေနရာက နံကိုနံတယ္"
လီခ်ိန္ရႈိ႕ စာအုပ္ေတြကို လြယ္အိတ္ထဲ ထိုးထည့္ၿပီး ေခါင္းမေဖာ္တမ္း တံခါးရွိရာသို႔ ေျပးသည္။
"ရပ္စမ္း။ ျပန္လာခဲ့"
လီခ်ိန္ရႈိ႕ နာခံစြာ ရပ္လိုက္ၿပီး ေခါင္းငုံ႔ၿမဲ ျပန္လာသည္။
ေရွာက္ခြၽင္သည္ သူ႔ကို ေအာက္မွာ ရွာေနတဲ့သူေတြ ရွိေနေသးသည္ကို သတိရလိုက္သည္။ အေျခာက္ေလးက သည္လိုနဲ႔ဆင္းသြားရင္ သူ႔ကို ေဖာ္ထုတ္သလို ျဖစ္သြားလိမ့္မည္။ သူ သည္ကစားပြဲကို ဂ႐ုမစိုက္ေသာ္ျငား သူက ရႈံးရတာကို အမုန္းဆုံးပင္။
"မင္း ဒီမွာေနေန။ ငါသြားၿပီးမွ သြားရမယ္"
လီခ်ိန္ရႈိ႕မွာ သူႏွင့္အတူ ရွိမေနခ်င္ပါ။ သို႔ေသာ္ ေရွာက္ခြၽင္ဦးေဆာင္ေသာ အေပါင္းအသင္းမ်ားမွာ တစ္ခ်က္ၾကည့္မရသည္ႏွင့္ လူကို ႐ိုက္ႏွက္တတ္ၾကကာ ႏွိပ္စက္တတ္သည့္ နည္းလမ္းမ်ားလည္း ေပါႂကြယ္လွသည္မို႔ ေက်ာင္းတြင္ စည္းမဲ့ကမ္းမဲ့ လုပ္ခ်င္တာ လုပ္ႏိုင္ၾကေၾကာင္းကို ေတြးမိသည္။ သူကေတာ့ ဘြဲ႕ေကာင္းေကာင္းရခ်င္ပါေသးသည္။ သူ႔ကို သြားမထိရဲပါ။
သို႔ႏွင့္ လြယ္အိတ္ကို တင္းတင္းဆုပ္ကာ ထိုအရိပ္ေအာက္ တကုတ္ကုတ္ ျပန္ေလွ်ာက္သြားရသည္။
"အဲ့နားမွာ ရပ္ေန... မလႈပ္နဲ႔။ မင္းေမကလႊား ဘယ္သူကမင္းကို ဒီနားလာဖို႔ေျပာလဲ... ငါ့ကို မႊန္ေသေစခ်င္ေနတာလား"
ျဖဴႏုသန႔္စင္ေသာ ေကာင္ကေလးသည္ ပါးစပ္မွ ေအာ္က်ယ္ေအာ္က်ယ္ျဖင့္ ေျမျပင္ေပၚ ထိုင္ခ်လိုက္သည္။ သူ၏ ေခ်ာေမာေသာ အသြင္ႏွင့္ ဆန႔္က်င္လွစြာေသာ အယုတၱ အနတၱ က်ိန္ဆဲစကားမ်ားကိုမူ ပါးစပ္မွမခ်။ မ်က္လုံးအၾကည့္ေတြကေတာ့ ေစာင္းငဲ့လ်က္ လီခ်ိန္ရႈိ႕ ကိုယ္ေပၚတြင္သာ။
သူ႔ကို သည္မွာ ေနခဲ့ခိုင္းတာလည္း မဆိုးဘူးဟု ေတြးမိသည္။ ပ်င္းရိစရာ ေန႔ခင္းအခ်ိန္ကို ျဖဳန္းေနလို႔ရသည္။ အရင္က သည္အေျခာက္ေကာင္ကိုေတြ႕လွ်င္ အၿမဲ ေကြ႕ေရွာင္သြားေလ့ရွိသည္။ ညစ္ပတ္လြန္းလို႔ အႏိုင္က်င့္ခ်င္သည့္ စိတ္ဆႏၵေလးပင္ မျဖစ္ထြန္းခဲ့။
လီခ်ိန္ရႈိ႕မွာ သူ႔ကို အူလည္လည္ေငးၾကည့္ရင္း မလႈပ္မယွက္ရပ္ေန႐ုံသာ တတ္ႏိုင္သည္။
"ဟုတ္တယ္။ အဲ့တိုင္းရပ္ေန။ ေနေရာင္က ပိုးသတ္ေပးေအာင္လို႔။ မင္းပုံက ေလာက္ပါ ထြက္ေတာ့မလိုပဲ"
လီခ်ိန္ရႈိ႕ ထိုေနရာမွာသာ ေၾကာင္ေတာင္ေတာင္ရပ္ေနရသည္။ လြယ္အိတ္ကို ဖက္ထားေသာ လက္ႏွစ္ဖက္မွာလည္း နာက်င္လာသည္။ မၾကာပါ၊ သူ႔ကိုယ္မွ ေခြၽးေပါက္တို႔က မိုး႐ြာသလို တစ္ကိုယ္လုံး စီးက်လာေတာ့၏။ ၃၈ ဒီဂရီ အပူရွိန္ကို အ႐ြယ္ေရာက္ၿပီးသူတို႔ပင္ ခံႏိုင္ရည္မရွိ။ အထူးသျဖင့္ သူ႔လို အာဟာရခ်ိဳ႕တဲ့ေသာ ကေလးငယ္သာဆို ပိုဆိုးေတာ့ေပမည္။
ေရွာက္ခြၽင္အစကေတာ့ ခဏေလာက္ ေမွးမည္ႀကံသည္။ သို႔ေသာ္ သူ႔လို ေလေအးေပးခန္းထဲသာ ေနေလ့ရွိသူအဖို႔ သည္ေနရာက အေတာ့္ကိုပူ၍ မ်က္လုံးမွိတ္သည္ႏွင့္ တိုက္ခတ္ေသာ ေလပူေတြက ေနရခက္ေစသည္။ သူမ်က္လုံးဖြင့္ကာ အျပစ္ေပးခံရသူလို ရပ္ေနသည့္ဘက္ အတန္ငယ္ ႐ြံရွာစြာ လွမ္းၾကည့္လိုက္သည္။
"ေဝ့... ဒီကိုလာ။ ဒီမွာလာရပ္"
ေရွာက္ခြၽင္က သူႏွင့္ လက္တစ္ကမ္းအကြာက ေျမျပင္ကို လက္ထိုးျပသည္။
နာရီဝက္နီးပါး ရပ္ၿပီးေနာက္ လီခ်ိန္ရႈိ႕မွာ မူးေဝေနၿပီး လည္ေခ်ာင္းေတြပါ ေျခာက္ကပ္ကာ တံေတြးမ်ိဳလွ်င္ပင္ နာက်င္ေနၿပီျဖစ္ေသာေၾကာင့္ သူက လာခဲ့ဆိုသည္ႏွင့္ ေရစင္အရိပ္ရွိရာ လက္ဖ်ံႏွင့္ မ်က္ႏွာႏွင့္ေခါင္းမွ ေခြၽးမ်ားကိုသုတ္ရင္း က်ားကန္၍ အျမန္ဆုံးႏႈန္းႏွင့္ လာရွာသည္။
ေရွာက္ခြၽင္က ေျမျပင္မွထကာ သူ႔ကိုယ္ကို ႏွစ္ပတ္ခန႔္ပတ္ၿပီး ေနာက္ဆုံးမွ သူ႔မ်က္ႏွာေရွ႕မွာ ရပ္သည္။
လီခ်ိန္ရႈိ႕က စိတ္လႈပ္ရွားစြာျဖင့္ သူ႔ကို ၾကည့္ေနမိသည္။ ေရွာက္ခြၽင္၏ ႀကီးထြားမႈႏႈန္းက သူ႔ထက္ အေတာ္ပင္ သာလြန္သည္။ သူ႔ထက္ ႏွစ္ႏွစ္ငယ္ေသာ္လည္း ခႏၶာကိုယ္အခ်ိဳးအစားက သူ႔ထက္ထြားသည္။
ေရွာက္ခြၽင္မွာ အလြန္တရာ အားနာျခင္းကင္းမဲ့ဟန္ျဖင့္ သူ႔အား ရည္ၫႊန္း၍...
"မင္းေယာက္်ားေလးျဖစ္ၿပီး ဘယ္လိုလုပ္ မိန္းမပုံေပါက္ေနတာတုန္း။ မင္းရဲ႕ ေအာက္ကဟာေရာ စုံၿပီလား"
အမွန္တကယ္ေတာ့ သူလည္း ေအာက္က စုံလွ်င္ ဘာေတြရွိတတ္သည္လဲ မသိေသာ္လည္း သူတို႔ လူဆိုးေလးေတြၾကား ဆဲဆိုၾကလွ်င္ တစ္ဖက္လူ၏ မ်ိဳးပြားအဂၤါအေၾကာင္း ေမးၾကၿပီး တစ္ဖက္လူ၏ အေမြးမစုံေသးျခင္းအား ေလွာင္ေျပာင္ေလ့ရွိၾကသည္။ တကယ္ေတာ့ သူတို႔အားလုံး အေမြးအေတာင္ မစုံၾကေသးေပ။
လီခ်ိန္ရႈိ႕ မ်က္ႏွာမွာ နီရဲသြားရသည္။
သူထပ္ၿပီး သတိေပးစရာမလိုေအာင္ သူ႔ကိုယ္သူ အရမ္း ေယာက္်ားေလးမဆန္မွန္း သိပါသည္။ ပတ္ဝန္းက်င္ကသူေတြကလည္း ထိုသို႔ပဲ မွတ္ခ်က္ေပးၾကသည္။ သူလည္း သူဘာလို႔ သည္လိုျဖစ္ေနရလဲ မသိ။ ငယ္စဥ္က မိန္းကေလးမ်ားႏွင့္သာ အၿမဲကစား၍ေပလား? အေၾကာင္းက သူသာ ေယာက္်ားေလးမ်ားႏွင့္ ကစားလွ်င္ အဝတ္အစားတို႔ အၿမဲေပပြ စုတ္ၿပဲလာတတ္သည္။ သူ႔အေမက သူညစ္ပတ္လာတာ အမုန္းဆုံးမို႔ပင္။ ၿပီးေတာ့ ေယာက္်ားေလးမ်ား ကစားလွ်င္ အလြန္ၾကမ္းရမ္းၾက၍ သူၾကည့္႐ုံႏွင့္တင္ ေၾကာက္ပါသည္။ သူက မိန္းကေလးမ်ားႏွင့္ ညီညီစီစီ ကစားရတာမ်ိဳး သေဘာက်ေလ့ရွိၿပီး ၾကာေတာ့ မိန္းကေလးမ်ားႏွင့္သာ ေပါင္းသင္းျဖစ္သြားတာ ျဖစ္သည္။
ႀကီးလာ၍ ေယာက္်ားေလး၊ မိန္းကေလး ကြဲကြဲျပားျပား သိတတ္သည့္အခ်ိန္တြင္ မိမိကိုယ္ကို ေယာက္်ားေလးႏွင့္ သိပ္မတူေၾကာင္း သိရွိၿပီးေနာက္ မိမိ၏ အျပဳအမူ စကားေျပာပုံတို႔ကို အရမ္းမထူးျခားေစရန္ သတိထားၿပီး ထိန္းခ်ဳပ္တတ္လာသည္။ သို႔ေသာ္ အ႐ိုးအသားထဲက ဗီဇဆိုသည္ကား ဖုံးဖိမရေပ။ ယခု သူ႔အေနႏွင့္ ဘာမွမလုပ္၊ ဘာမွမေျပာျခင္းက သူ႔ကို အျမင္မွာ သာမန္ဆန္ေစသည့္နည္းလမ္းပင္။
"ဘာလုပ္ေနတာလဲ။ တစ္ေနကုန္ အမႈိက္ေကာက္သမားလိုပဲ။ တမင္ လူကို ႐ြံေသေအာင္လို႔လား?"
လီခ်ိန္ရႈိ႕ ႏႈတ္ကို တင္းတင္းေစ့လ်က္ စကားမေျပာ။
ေရွာက္ခြၽင္က သူ႔ကို တစ္ခ်က္ကန္သည္။
"ေစာက္အ,လား?"
လီခ်ိန္ရႈိ႕ ေျခေထာက္တို႔ မခိုင္ေတာ့ဘဲ ေျမျပင္ေပၚ ပုံက်သြားေတာ့သည္။ သို႔ေသာ္ သူထပ္ၿပီး သည္းခံသည္။ ကေလးငယ္တို႔၏ ထုံးစံအတိုင္း သူ႔အား ကန္ေက်ာက္သူကို ေခါင္းအနည္းငယ္ ေမာ့ၾကည့္လိုက္ေသးသည္။
"တကယ္ကို ေစာက္ေျခာက္ပဲ။ တစ္ခ်က္ကန္တာနဲ႔လဲေရာ"
ေရွာက္ခြၽင္ ကိုယ္တစ္ဝက္ကိုင္းခ်ကာ...
"ေဝ့... ဘာအၾကည့္ၾကည့္တာလဲ။ မေက်နပ္ဘူး ဟုတ္စ။ ဒီေက်ာင္းရဲ႕ ေလာင္တာ့က ဘယ္သူလဲ သိလား။ ဟမ္!"
ေလာင္တာ့ဟု ေျပာခ်ိန္၌ ေရွာက္ခြၽင္ အနည္းငယ္ ေက်နပ္ေနသည္။
သူဒီႏွစ္မွ အလယ္တန္းပထမႏွစ္ စတက္တာျဖစ္သည္။ ေက်ာင္းဖြင့္စေန႔က သူ႔ကို အထက္စီးဆန္လွသျဖင့္ အထက္တန္းေက်ာင္းသားေတြက ဝိုင္းတြယ္ၾကသည္။ သူက သူတို႔ထဲမွ သုံးေလးေယာက္ေလာက္ကို တစ္ပတ္ခန႔္ ေပၚမလာႏိုင္ေအာင္ထိ ျပန္လုပ္ခဲ့သည့္အျပင္ လာကတည္းက တစ္ေက်ာင္းလုံးကို ကေမာက္ကမျဖစ္ေအာင္ လုပ္လိုက္ေသးသည္။ သူ႔အိမ္ေနာက္ခံကလည္း မေသး၊ ဆရာေတြကလည္း မေျပာရဲႏွင့္ လအနည္းငယ္အတြင္းမွာပဲ သူ႔ကို ထိရဲစရဲတဲ့သူ မရွိေတာ့ေခ်။
အထက္တန္းမွ ေက်ာင္းသားမ်ားကပင္ သူ႔ကို ေဝးေဝးက ေရွာင္သည္။ ဒီလို အားလုံးက ေၾကာက္ရသည့္ ၿခိမ္းေျခာက္မႈႏွင့္ "ေနရာ" က လူငယ္ျဖစ္စ ေကာင္ကေလးအတြက္ေတာ့ အႂကြင္းမဲ့ ဂုဏ္ယူဖြယ္ရာျဖစ္အင္ပင္။
ေရွာက္ခြၽင္သည္ ငယ္စဥ္တည္းက မိသားစု၏ စည္းလြတ္ဝါးလြတ္ အလိုလိုက္ခံရျခင္းျဖင့္ ႀကီးျပင္းခဲ့သည္။ အားလုံးက သူ႔ကို ေအာက္က်ိဳ႕၍ အလိုလိုက္ အႀကိဳက္ေဆာင္တာမ်ိဳးကို ႏွစ္သက္သည္။ ထို႔ျပင္ မူလအစတြင္ သူ႔အေပၚ မ႐ိုးက်ိဳးပါက အေပ်ာ္သေဘာ ထိုးႏွက္ရာမွာလည္း ေပ်ာ္႐ႊင္သည္။ သို႔ေသာ္ သူ႔အေပၚ မ႐ိုက်ိဳးသည့္သူကိုလည္း အားအားေနရင္း ျပသနာမရွာဘဲ အလြတ္ေပးတာမ်ိဳးမရွိ။ ဥပမာေပးရလွ်င္ မ်က္စိေရွ႕မွ ေဟာ့သည္ ညစ္တီးညစ္ပတ္ ခပ္ႏြဲ႕ႏြဲ႕ေကာင္ေလး။
လီခ်ိန္ရႈိ႕က သူ႔ေၾကာင့္ သတိေပးခံလိုက္ရသလို ဒီေက်ာင္းက လူဆိုးေလးေတြရဲ႕ ေျပာပုံလုပ္ပုံတို႔ကို ေတြးမိကာ ေျဖသည္။
"မင္းပါ"
"သိရင္ၿပီးေရာ"
ေရွာက္ခြၽင္က အားရစြာ ေမးကိုေမာ့သည္။
ေရွာက္ခြၽင္က ေခါင္းငုံ႔ကာ ႏႈတ္ဆိတ္ရင္း ေျမျပင္ေပၚ ထိုင္ေနသည့္ လီခ်ိန္ရႈိ႕ကို ဘယ္လိုေနေန ၾကည့္မရေခ်။ ေယာက္်ားေလးတစ္ေယာက္ျဖစ္ၿပီး ထိုင္တာေတာင္ ဘာလို႔ ဒီေလာက္ ႏြဲ႕ေႏွာင္းေႏွာင္းျဖစ္ေနရသလဲ။ ႐ြံစရာေကာင္းခ်က္။
သည္လို လီခ်ိန္ရႈိ႕က သူ႔မ်က္လုံးထဲ အ႐ိုက္ခံဖို႔လိုေနတယ္ဆိုတာ အသိသာႀကီး။ မေနႏိုင္ မထိုင္ႏိုင္ လက္ကိုေျမႇာက္ကာ ပါးတစ္ခ်က္ ႐ိုက္ပစ္လိုက္သည္။
လီခ်ိန္ရႈိ႕က သူ႔ကို ေၾကာင္ၾကည့္ေနဆဲျဖစ္ကာ မ်က္ႏွာမွာ နီေရာင္သန္းလာၿပီး မ်က္ဝန္းေတြက နီရဲေနေသာ္လည္း အသံတစ္စက္မထြက္။
ေရွာက္ခြၽင္သည္ သူ၏ျဖဴလြလြပါးမို႔ထက္တြင္ အနီႏုႏုျဖတ္ေျပးသြားသည္ကို ၾကည့္ရင္း သူ႔ယခင္က သူ၏ႏွိပ္စက္ကလူျပဳျခင္းတို႔ေၾကာင့္ ေသလုေမ်ာပါးျဖစ္ေနေသာ ယုန္ငယ္ေလးအလား သူ႔အား အထူးတလည္ပင္ ကစား၍ေကာင္းသည္ဟု ခံစားရေစသည္။
ထပ္ၿပီး မေနႏိုင္စြာဘဲ သူ႔ပါးျပင္ကို လက္ႏွင့္ ဆြဲညႇစ္မိသည္။ အင္း... ေျပာင္ေခ်ာေခ်ာႏွင့္ ထိေတြ႕ရ သိပ္ေကာင္းသည္။ ဒီအေျခာက္ေလးက စကားေျပာတာေရာ၊ အမူအရာေရာ၊ အမည္ေရာ၊ ခႏၶာကိုယ္ကပါ ႏြဲ႕လ်ေနသည္။
လီခ်ိန္ရႈိ႕မွာ သူ႔ပါးႏွစ္ဖက္လုံး ညႇစ္ခံေနရသည္မွာ နာပင္နာေနေခ်ၿပီ။ သူ ဝံပုေလြထံမွ ပစ္မွတ္ထားခံရသလို ခံစားရေသာေၾကာင့္ သူ႔အလယ္တန္းပညာေရးေလး အဆင္မွ ေျပပါဦးမလား ထိတ္လန႔္လာသည္။
ေရွာက္ခြၽင္သည္ သူ႔၏ ေလပင္မရႉရဲေသာ သတၱိနည္းသည့္ ပုံစံအား ၾကည့္ရသည္ကို ပ်င္းရိလာသည္။ ေနာက္တစ္နာရီၾကာမွ ေက်ာင္းကို လူေတြေရာက္လာမွာဆိုေတာ့ သူဘယ္အခ်ိန္ထိ ဒီလိုေနရာမွာ ေနေနရမွာလဲ။ တစ္ခုတည္းေသာ အပ်င္းေျပစရာမွာ ဤအေျခာက္ေလးသာျဖစ္ၿပီး သူ႔ႏြဲ႕တီးႏြဲ႕တဲ့ပုံစံမွာ လူကို ႐ြံရွာေစသည္။ စိတ္ထဲ ႐ြံလာေလေလ ႏွိပ္စက္ခ်င္ေလေလ ျဖစ္သည္။
ေရွာက္ခြၽင္က သက္ေတာင့္သက္သာ အေနအထားဆီ ေျပာင္းထိုင္လိုက္ကာ...
"ေဝ့... မင္းအေဖက မင္းနဲ႔ မင္းအေမကိုပစ္ၿပီး ေျမေခြးမနဲ႔ ေျပးသြားတာဆို... ဟုတ္လား?"
လီခ်ိန္ရႈိ႕ အံ့ဩစြာ ေမာ့ၾကည့္လိုက္သည္။ ထိုလူက မထင္ရက္ေလာက္စြာ တစ္ဖက္လူရဲ႕ အမာ႐ြတ္ကို တည့္တည့္ကိုပဲ အသစ္တစ္ဖန္ နာက်င္ေစတတ္ေသးသည္။ သူ႔မ်က္ဝန္းေတြ တစ္ဖန္ ျပန္လည္နီရဲလာသည္။
ေရွာက္ခြၽင္က ပိုအားရသြားကာ...
"မင္းအေဖက တကယ္ ထြက္ေျပးသြားတာေပါ့။ ၿပီးေတာ့ မင္းအေမက အရက္သမားဆို။ သူမင္းကို ဂ႐ုမစိုက္ဘူးလား။ မင္းကိုၾကည့္တိုင္း ညစ္ပတ္ေပတူးေနတာပဲ။ အျပင္ထြက္လာတာ မရွက္ဘူးလား"
လီခ်ိန္ရႈိ႕ရဲ႕ နီရဲေနေသာ မ်က္ဝန္းထဲတြင္ မေဖာ္ျပရဲေသာ ေဒါသႏွင့္ ဝမ္းနည္းမႈတို႔ ျပည့္ႏွက္ေနၿပီး ေရွာက္ခြၽင္ကို စိုက္ၾကည့္ေနသည္။ သူၾကည့္ေလ မႈန္ဝါးေလျဖစ္လာရကာ စိတ္ထဲမွာ ေဖာ္မျပႏိုင္ေအာင္ နာက်င္ေနရသည္။ စိတ္ထဲက ဒဏ္ရာကို ျပန္ဆြသည့္အျပင္ ဟာသတစ္ခုလို ေလွာင္ေျပာင္ခံရတာေတာင္မွ သူ႔မွာ ေဒါသထြက္ခြင့္၊ ေပါက္ကြဲခြင့္ပင္မရတာေၾကာင့္ ပိုၿပီး ဝမ္းနည္းရကာ မခံမရပ္ႏိုင္ျဖစ္ရသည္။
"ငို ငို ငို... ငိုတာကလြဲ ဘာမွမရဘူးလား။ ေယာက္်ားမဟုတ္ဘူးလား?"
ေရွာက္ခြၽင္က ၾကမ္းတမ္းစြာ သူ႔နားထင္ကို သုံးခ်က္ေလာက္ လက္ႏွင့္ ဆက္တိုက္တြန္းသည္။ တြန႔္ဆုတ္ဆုတ္ သူ႔ပုံစံကို ျမင္တိုင္း ႐ူးသြပ္စြာ ဆုပ္ေခ်ပစ္ခ်င္သည္။
လီခ်ိန္ရႈိ႕ မ်က္ရည္ေတြက ေရလိုစီးဆင္းလာကာ အသံလည္းမထြက္ရဲ၊ ေခါင္းငုံ႔၍ ေျမျပင္ကိုသာ ၾကည့္ကာ လက္ႏွင့္ မ်က္ရည္ေတြ သုတ္ေနရသည္။
ေရွာက္ခြၽင္က တစ္ခုခုေျပာမည့္ဟန္ ႏႈတ္ဟတုန္း သံတံခါးကို တြန္းတိုက္၍ နံရံကို႐ိုက္သည့္ အသံက်ယ္ႀကီးထြက္လာရာ ႏွစ္ေယာက္လုံး လန႔္သြားၿပီး လွည့္ၾကည့္ၾကသည္။
အဝတြင္ရပ္ေနသည့္ လူငယ္ေလးတို႔သည္ ေရွာက္ခြၽင္ကို ၾကည့္ၿပီး ရယ္ကာေမာကာျဖင့္...
"ဟား ဟား... ရွာလိုက္ရတာကြာ။ အပုန္းေကာင္းခ်က္"
ေရွာက္ခြၽင္၏ အထင္ေသးေသာ ႏႈတ္ခမ္းတို႔ အနည္းငယ္ တြန႔္တက္ကာ...
"ဒီေလာက္ၾကာမွ ေတြ႕တယ္လို႔။ ငါ့ကို ေနာက္ဆုံးမွ ေတြ႕တာမလား"
"ေအးေလ... ငါတို႔ ဒီေကာင့္ကို ကူရွာေပးတာ။ ေအး... ဒါဘယ္သူေလးလဲ"
ေျပာရင္း အသားအလြန္မည္းသည့္ ေကာင္ေလးက ေရွာက္ခြၽင္ေဘး တရႈံ႕ရႈံ႕ ငိုေႂကြးေနေသာ ေကာင္ေလးကို တအံ့တၾသၾကည့္ေနသည္။
လီခ်ိန္ရႈိ႕ ဝင္လာသူမ်ားကို ၾကည့္ေနသည္။ သူသည္လူေတြကို သိသည္။ အၿမဲလို ေရွာက္ခြၽင္ႏွင့္ ေပါင္းသင္းေနသူမ်ားျဖစ္ၿပီး နာမည္ေတြကိုေတာ့ မသိေပ။
"အိုင္း... ဒါ ဟို ေစာက္ေျခာက္ေလးမလား။ ေရွာက္ခြၽင္ မင္းသူနဲ႔ရွိေနတာ ကူးမွာမေၾကာက္ဘူးလား?"
အားလုံးက တဟားဟားေအာ္ရယ္ၾက၏။
"ငါဒီမွာပုန္းတာနဲ႔ သူ႔ကိုေတြ႕တာပဲ။ ေအာက္လည္း ေပးဆင္းလို႔မျဖစ္ဘူးေလ"
"ယိုး ယိုး... ၾကည့္စမ္း။ မင္းကေတာ့ ေကာင္မေလးကို ငိုေအာင္လုပ္လိုက္ၿပီကြာ။ ဟား ဟား ဟား ဟား ..."
ဆံပင္အနီႏွင့္ အနည္းငယ္ပိန္ေသာ ေကာင္ေလးက လီခ်ိန္ရႈိ႕ရွိရာ ေလွ်ာက္လာကာ အတန္ငယ္ကိုင္းၾကည့္သည္။
လီခ်ိန္ရႈိ႕က လိပ္ကေလးလို ေခါင္းကိုဖြက္ကာ လက္ၾကားထဲ ငုံ႔ထားလိုက္သည္။ ေၾကာက္လြန္း၍ အသက္ပင္ဝဝမရႉရဲ။ သည္လူေတြအားလုံးက ေက်ာင္းမွာ နာမည္ႀကီးသည့္ လူဆိုးေလးေတြျဖစ္ၿပီး သူတစ္ေယာက္ႏွင့္ သူတို႔တစ္ဖြဲ႕လုံးဆိုေတာ့ ေၾကာက္လြန္း၍ ႏွလုံးပင္ခုန္ထြက္ေတာ့မည္။
"အိုင္းရ္... ကိုကို႔ကို ျပပါဦး။ ဟားဟား... ငိုပါငိုေနလိုက္ေသး။ ေရွာက္ခြၽင္ မင္းဘာလို႔ သူမ်ားကို အႏိုင္က်င့္တာလဲ။ သူမ်ားကျဖင့္ အေဖကလည္း မလိုခ်င္၊ အေမကလည္း ဂ႐ုမစိုက္တဲ့ သူေတာင္းစားသာသာေလးကို။ မင္း ဘာလို႔ အႏိုင္က်င့္ရတာလဲကြာ"
သူေျပာလိုက္သည္ႏွင့္ ပတ္ဝန္းက်င္က လူေတြအားလုံး ျပဇာတ္ေကာင္းၾကည့္ရၿပီဟု ႏွလုံးသြင္းလိုက္ၾကသည္။
"ငါလည္း ပ်င္းလို႔ေလ။ ဒီမွာပုန္းၿပီး လုပ္စရာမရွိတာနဲ႔ သူ႔ကို ငါနဲ႔ အခ်ိန္ျဖဳန္းခိုင္းတာ။ အဲ့ေလာက္ အငိုသန္မွန္း ဘယ္လိုသိမွာလဲ။ မိန္းမက်ေနေရာ... ႐ြံစရာေကာင္းေသၿပီ"
"သတင္းေတြ အတိုင္းပါလား"
ဆံပင္နီနီေကာင္ေလးက လီခ်ိန္ရႈိ႕ ဆံပင္ကို ဆြဲဆုပ္ၿပီး မ်က္ႏွာကို ဆြဲေမာ့ရာ လီခ်ိန္ရႈိ႕မွာ ဦးေရျပားကအစ နာက်င္သြားရၿပီး မျဖစ္မေန ေခါင္းေမာ့ရေတာ့သည္။
သူ႔မ်က္ႏွာတစ္ခုလုံး မ်က္ရည္အျပည့္ႏွင့္ နီရဲေနသည္ကို လူတစ္စုလုံးက ေလွာင္ေျပာင္ရယ္ေမာၾကျပန္သည္။
ေဘးမွ ၾကယ္သီးႏွစ္လုံးသာ တပ္ထားသည့္ ေကာင္ေလးက မိန္းမလိုအသံျဖင့္...
"အိုက္ယား... မင္းမ႐ြံဘူးလား။ သူက ဘယ္ေတာ့မွ ေရမခ်ိဳးတာ မသိဘူးလား။ ေရာဂါကူးမွာ မေၾကာက္ဘူးလားကြာ"
ဆံနီေကာင္ေလးက အပူေလာင္သြားသလိုမ်ိဳး အကဲပိုစြာ လီခ်ိန္ရႈိ႕ကို လႊတ္ခ်ၿပီး တစ္ခ်က္ပါ အဆစ္ကန္လိုက္ေသးသည္။
"မင္းတကယ္ မင္းကိုယ္ေပၚက ပိုးမႊားေတြ ငါ့ဆီကူးေအာင္လုပ္ၾကည့္။ မင္းကို ျမစ္ထဲေမွ်ာၿပီး ငါးစာေကြၽးပစ္မယ္"
ေရွာက္ခြၽင္သည္ လူတစ္စုက လီခ်ိန္ရႈိ႕အနား ဝိုင္းဝန္းေနသည္ကို စိတ္မရွည္စြာၾကည့္ၿပီး ေနရာသစ္ေတြ႕ဟန္ႏွင့္...
"ကစားလို႔ ဝၿပီလား။ ငါတစ္ခုခုေသာက္ခ်င္တယ္။ ဒီေပၚက ပူေသၿပီ။ သြားမယ္ သြားမယ္... ဒီအေျခာက္ေလးက ဒီေလာက္ ႐ြံစရာေကာင္းတာကို။ ဝိုင္းၿပီး ဘာလုပ္ေနတာလဲ"
လူတစ္စုက ခဏေလးမွာပင္ ရွင္းရွင္းလင္းလင္း ျဖစ္သြားသည္။ လြန္ခဲ့ေသာ တစ္စကၠန႔္က ဆူညံပြက္ေနေသာ ဤေနရာသည္ ခ်က္ခ်င္းလက္ငင္း ေအးခ်မ္းသြားကာ သူျဖတ္သန္းေနက် ေန႔လယ္ခင္းေတြလိုပင္ ေျပာင္းလဲသြားျပန္သည္။
လီခ်ိန္ရႈိ႕သည္ လက္တုန္တုန္ယင္ယင္ျဖင့္ နာက်င္ေနေသာ ေခါင္းဆီ လက္လွမ္းလိုက္သည္။ ထို႔ေနာက္ ဒူးထက္သို႔ မ်က္ႏွာအပ္ခ်ကာ ပခုံးတို႔က ထိန္းမရႏိုင္ေအာင္ တသိမ့္သိမ့္ တုန္လာရၿပီးေနာက္ ငိုသံသဲ့သဲ့က ပ်ံ႕လြင့္သြားေနေတာ့သည္။
--------------------------------------------------------------------------------------------------------------------------------