Xiao-ရှောင်း
By KrystalMoon8
1.9K 83 7
ဆယ်ကျော်သက်ကနေစခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးကနေ ပြောင်းလဲခဲ့တဲ့အချစ်တေကို သူခိုင်မြဲမယ်လို့ယုံတယ် start date - 28... More
part-1
part-2
part-3
part -4
part -5
part -6
part -7
part -9
part -8
200 11 0
By KrystalMoon8
unicode
  "ဝမ်....တောင်းပန်ပါတယ်..ငါ..တောင်းပန်ပါတယ်"
   " တော်စမ်းပါ။ မင်းဘက်က ဘယ်လောက်ပဲ မရည်ရွယ်ဘူးပြောနေပါစေ..အားလုံးက ဖြစ်ပြီးသွားပြီ။ နားလည်လား! အက်ဒါကိုမင်းနားလည်လား..!!"
  ဝမ်ဟာ သူ့ကိုကြည့်နေသည့် မျက်ဝန်းတေသည် ဟိုအရင်ချိန်များကဲ့သို့ နွေးထွေးမှုများရှိမနေတော့ပါ။ စိတ်ပျက်မှုတေ၊ နာကျည်းမှုတေသာ ပြည့်လျှံနေသော မျက်ဝန်းများဖြင့် ရှောင်းကျန့်အား ကြည့်နေခဲ့သည်။
"မဟုတ်ပါဘူး..ဝမ်ရယ်..ငါရှင်းပြပါ့မယ်..နော်။ ခဏလေးပဲလေ.. ခဏလေးပဲ နားထောင်ပေးလေ..နော်ပါ..ဝမ်ရယ်..တကယ်ကိုခဏလေးပါပဲ။"
ရှောင်းကျန့်က ဝမ့်ရဲ့အကြည့်တေကြောင့်ရူးတော့မလိုပဲ။ ဝမ်ကသူ့ကို အရမ်းပဲမုန်းနေပြီလား။ မဖြစ်နိုင်တာ ဘာကြောင့်ဝမ်ကသူ့ကို မုန်းရမှာလဲ။ ရှောင်းကျန့်မင်းအတွေးလွန်နေပြီ။
  "ဘာမှရှင်းပြစရာမလိုဘူး။ စရှင်းပြပြီဆိုထဲက မဟုတ်မမှန်လို့ပဲ။ မင်းဘက်ကမဟုတ်တာလဲမလုပ်ထားသလို မမှန်တာလဲမလုပ်ထားဘူး အက်ဒါကြောင့် ဘာမှရှင်းပြနေစရာမှမလိုပဲ..မင်းမှန်မယ်ထင်တဲ့ လမ်းကို ရွေးသွားတာပဲ။ အက်ဒါကြောင့် ဘာကိုမှနောင်တမရနေပဲ ရှေ့ဆက်ပါ။ မင်းနဲ့ငါရဲ့ ဇာတ်လမ်းကိုလဲ ဒီမှာပဲ အဆုံးသတ်ကြရအောင်။"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပြောပြီးလှည့်ထွက်သွားခဲ့သည်။ ရှောင်းကျန့်ဘယ်လောက်ပဲ အော်ခေါ်နေပါစေ လုံးဝကို လှည့်ကြည့်ခြင်းမရှိပေ။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို အော်ခေါ်တယ်။  နောက်ကနေပြေးလိုက်တယ် သူလိုက်လေဝမ်ဟာ သူနဲ့ပိုဝေးသွားလေပဲ။ ရှောင်းကျန့်က အော်ခေါ်နေရင်းနဲ့ပဲ မျက်ရည်တေ တသွင်သွင်သီးကျလာခဲ့သည်။
"ဝမ့်..!! မထားခဲ့ပါနဲ့..."
  "ဝမ့်!!!"
ရှောင်းကျန့်က အိမ်မက်လန့်နိုးလာခဲ့သည်။ အိမ်မင်ဆိုးကနေနိုးထလာခြင်းကြောင့်လား သူဟာဝမ့်ရဲ့အမည်နာမအားအော်ခေါ်နေရခြင်းကြောင့်လားတော့ မသိ သူ့ရဲ့လည်ပင်းတစ်လျောက် ခြောက်ကပ်နေသည်မှာ နွေခေါင်ခေါင်မှာ ပေါက်တဲ့သစ်ပင်လေးလိုပင်။
အိပ်ယာဘေးက စားပွဲခုံပေါ်မှာ ညရေးညတာ အတွက်ထားရှိထားသည့် ရေဘူးထဲမှ ရေကို ဖန်ခွက်ထဲပင်မထည့်အား ကန္တာရထဲတွင်လျှောက်နေရင်းမှ အိုအေစစ်လေးရှာတွေ့သကဲ့သို့ အငမ်းမရသောက်နေမိသည်။
  လုံလောက်သည့်ရေဓာတ်အားရရှိမှသာ ရေဘူးအားအဖုံးပိတ်၍ ခုံပေါ်တွင်ပြန်ထားလိုက်သည်။ အနည့်ငယ်ခြောက်ခြားနေသည့်စိတ်ထား ပြန်လည်တည်ငြိမ်ရန်အတွက် ဝင်လေ ထွက်လေအားရှုမှတ်လိုက်တယ်။ စိတ်ပြန်လည်တည်ငြိမ်လာပြီဆိုမှ နာရီအားလှမ်ကြည့်မိတော့ မနက်နှစ်နာရီအား ညွှန်ပြနေသည်။
   အချိန်လဲစောသေးတာကြောင့် ပြန်အိပ်ရန်ကြိုးစားလိုက်ပေမယ့် ပြူးကျယ်သွားသည့်မျက်လုံးများကြောင့် ဘယ်လိုမှပြန်မှန်လို့မရတော့။ အိပ်မရသည့်အဆုံး တစ်ဖက်အခန်းဘက်ထွက်လာခဲ့လိုက်သည်။
စေ့ပိတ်ရုံ ပိတ်ထားသည့်အခန်းအား အသာဖွင့်ပြီး အထဲဝင်ခဲ့လိုက်သည်။ ကုတင်ပေါ်၌နှစ်ခြိုက်စွာ အိပ်ပျော်နေသော မားကိုတွေ့လိုက်ရသည်။ ဖြတ်သန်းခဲ့ရသည့်နှစ်တွေကလဲ ကြာခဲ့သည့်အလျောက် မားသည်အရင်လို မဟုတ်တော့ပဲ ဇရာကြောင့်အရေးကြောင်းများပင် ပေါ်လာခဲ့ပြီဖြစ်သည်။
  မားရဲ့ဘေးတွင် ခြေကားယားလက်ကားယားဖြင့်အိပ်ပျော်နေသော သုံးနှစ်သားပေါက်စလေးအား ကြည့်၍ သူ့စိတ်များချမ်းမြေ့ရသည်။ သားငယ်၏ လက်ကလေးအား ဖွဖွဆုပ်ကိုင်လိုက်ပြီ ပါးဖောင်းဖောင်းလေးအား ငုံ့နမ်းလိုက်သည်။
  "ပါးပါးရဲ့အသဲလေးက ပါးပါးအတွက် ကောင်းမွန်စွာ ရှင်သန်ပေးခဲ့လို့ ပါးပါးက ကျေးဇူးတင်ပါတယ်။ ဖောင်းဖောင်းလေးရှိနေလို့သာပေါ့... မဟုတ်ရင် ပါးပါးကပြိုလဲသွားတော့မှာ"
  "အားကျန့်..သား..အိမ်မက်ဆိုးတေမက်ပြန်ပြီလားကွယ်"
သားရဲ့တစ်ဖက်ခြမ်းမှာ အိပ်နေတဲ့ မားက ရှောင်းကျန့်ရဲ့အသံကြောင့်နိုးလာပုံပင်။ သားကလဲ အင်းအဲတစ်ချက်လှုပ်လာ၍ တင်ပါးလေးအား အသာပြန်ပုတ်ပေးလိုက်မှသာ ပြန်အိပ်သွားသည်။
"ဒီတိုင်း တစ်ရေးနိုးတာပါ။ အိပ်မပျော်တာကြောင့် သားစီခဏလာလိုက်တာ"
  ရှောင်မာက သူ့သားမျက်နှာလေးကို ငေးကြည့်နေမိသည်။ တစ်ချိန်က သိပ်ကိုပျော်တက်ခဲ့သည့်ကလေးဟာ ခုတော့သူ့ကြောင့်နဲ့ သူ့အတ္တတေကြောင့်သာ ခုလိုကလေးတစ်ယောက်အဖေဖြစ်လာခဲ့ရတာပင်။
"မားတောင်းပန်ပါတယ် ..သားရယ်..မားကြောင့်နဲ့..မားသာ..အတ္တမကြီးခဲ့ရင်ဖြင့်..."
"မား..မဟုတ်တာ မားအပြစ်တေမှမဟုတ်ပဲ..ဖြစ်ချိန်တတ်လို့ဖြစ်တာပါပဲ...သားကလဲ..ခုလိုဖြစ်ရမယ့်ကံပါလို့ပေါ့"
ရှောင်းကျန့်က သူ့အပြစ်တေလို့ယူဆပြီး သိတ်မကောင်းဖြစ်နေတဲ့ မားကို ပွေ့ဖက်ထားလိုက်တယ်။ ဘယ်လိုမားပယောဂမကင်းဘူးဆိုစေဦးတော့ ဒီလိုပြိုလဲနေတဲ့မားကိုတော့ သူမမြင်ချင်ပါ။ ဖြစ်ချိန်တန်လို့ဖြစ်သွားတယ်လို့ပဲ သူတော့ခံယူထားလိုက်တယ်။
"မားလဲ အချိန်မရှိတော့ဘူးဆိုတော့ ပြန်အိပ်တော့လေ..သားလဲ မနက်အလုပ်ရှိသေးတော့ ပြန်အိပ်တော့မယ်။"
ရှောင်မားပြန်အိပ်သွားတာနဲ့ စောင်သေချာခြုံပေးခဲ့ပြီး သားရဲ့ပါးလေးအား နမ်းလိုက်ကာ သူ့အခန်းကို ပြန်လာခဲ့လိုက်တယ်။ အခန်းထဲရောက်တာနဲ့အိပ်ယာဘေးက ခုံလေးရှေ့မှာ သူထိုင်လိုက်တယ်။ အံဝှက်ထဲကဓာတ်ပုံလေးကို အပြင်ထုန်ကြည့်နေမိတာ အကြာကြီးပင်။
ရှောင်းကျန့်ရဲ့ မျက်ဝန်းတေမှာ အရည်ကြည်တေတဖန်ပြန်ဝေ့လာရတော့တယ်။ သူဒီလူသားအား ပြောမပြတက်အောင် လွမ်းနေတာ။ ငါးနှစ်ဆိုတဲ့အချိန်အတောတွင်းမှာ ဘာသတင်းမှမကြားရလောက်အောင်ကိုပင် ပျောက်သွားခဲ့တာ။
  ရှောင်းကျန့်က ဓာတ်ပုံလေးကိုရင်မှာပိုက်ပြီးတော့ အိပ်ယာပေါ်ပို လှဲချလိုက်တယ်။ ပြီးတော့ သူ့ရဲ့မျက်ဝန်းထောင့်ကနေလဲ မျက်ရည်တေက ခေါင်းအုံးပေါ်ကို စီးကျကုန်တယ်။
  "လွမ်း..တယ်..ဝမ်"
ထိုစကားတစ်ခွန်းသာလျှင် သူ့ရဲ့နှုတ်ကနေ ခဲရာခဲစစ်ထွက်လာနိုင်တယ်။ ငိုရှိုက်နေရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့တယ်။
~~~~~~~~~~
  "ပါပါး..ရေခဲမုန့်စားချင်ရယ်"
   " စားလို့မရသေးဘူးလေ ဖော​င်းဖောင်းလေးရဲ့။ ချောင်းဆိုးနေတာ မပျောက်သေးဘူးလေ.. ဟုတ်တယ်ဟုတ်"
ရှောင်းကျန့်အပြော​ကြောင့် သားကချစ်စဖွယ် နှုတ်ခမ်းလေးဆူလျက် စိတ်ကောက်ကြောင်းပြတော့သည်။ ရှောင်းကျန့်မှာ သားရဲ့အမူရာလေးကြောင့် ချစ်မဝဖြစ်ရပြန်တယ်။
"ဟေ့..ကလေးလေး ပါပါးကို စိတ်ကောက်နေတာပေါ့ ဟုတ်လား"
"ဟွန့်.. ဟုတ်ရယ်..ပါပါးတို ထော်ပူး.."
စကားပြောပြီးတာနဲ့ တစ်ဖက်လှည့်သွားတဲ့ သားကြောင့် ရှောင်းကျန့် သဘောကျစွာရယ်လိုက်ပြီး သားလှည့်သွားတဲ့ဘက်ကို လိုက်သွားပြီး သားရှေ့မှာ ငုတ်တုတ်ထိုင်ချလိုက်တယ်။
  "ပါပါးမှာက ဖောင်းဖောင်းလေးပဲရှိတာကို သားသားကမခေါ်တော့ဘူးဆိုရင် သိပ်ဝမ်းနည်းရမှာပဲကွာ..ဟင်..ပါပါးကို ဖောင်းဖောင်းလေးက ခေါ်တော့ဘူးပေါ့.."
ရှောင်းကျန့်စကားကြောင့် သားကမျက်တောင်လေးတေ တစ်ဖျက်ဖျက်ခက်ပြီး မျက်လုံးဝိုင်းဝိုင်းလေးတေနဲ့ကြည့်လာတယ်။ ရှောင်းကျန့်သိတာပေါ့ သားကသူစိတ်မကောင်းဖြစ်မှာ အရမ်းကြောက်တယ်ဆိုတာ။ အသက်လေးကသာ သုံးနှစ်ပဲရှိသေးတာ သားက အရာရာကို သူနားလည်သင့်သလောက်နားလည်သည်။
သားကတစ်ခြားကလေးတေထက်လဲ နဲနဲပိုထွားသည်။ ယခုချိန်ထိသူ့မှာ အဖေတစ်ယောက်ပဲရှိလို့လဲ အမေရောလို့မမေးပေ။ ဒါတေက မသင်ပေးပဲနဲ့ သူ့ဟာသူ နားလည်နေတာပင်။
  "ပါပါး..စိတ်ကောင်းဖြစ်ရဲ့..ဝမ်ဝမ်က ပါးပါးကို ချစ်"
သားသုံးလိုက်တဲ့ အသုံးနှုန်းကြောင့် ရှောင်းကျန့်မှာ မျက်လုံးပြူး မျက်စံပြူး။ သားက စကားမတောက်တစ်ခေါက်ပြောတက်တဲ့ အရွယ်ထဲက သူ့ကိုသူ ဝမ်ဝမ်ဟုသာသုံးတာ။ ရှောင်းကျန့်က ဖောင်းဖောင်းလို့ ပြောင်းသုံးခိုင်းလဲ လုံးဝမရပေ။
သားကတစ်ခြားစကားသာ နားထောင်တာ သူ့ကိုယ်သူ သုံးနှုန်းသော စကားနဲ့ပတ်သတ်ရင် ပြောင်းပေးလို့ကိုမရ။ နာမ်မည်အရင်းကို ဘယ်သူမေးမေးထုတ်မပြောတာပင် ကျေးဇူးတင်ရမည်။
"သား..ဝမ်ဝမ်လို့ အပြင်ရောက်နေရင် မသုံးရဘူးလို့ ပါပါးနဲ့ကတိပေးထားတယ် ဟုတ်"
သားမျက်နှာလေးက တည်တည်လေးဖြစ်သွားရတယ်။ ပြီးမှ ဟီးကနဲပြန်ရယ်ပြတယ်။
"ချောရီး..သားမေ့တွားရယ်"
ရှောင်းကျန့်သားကို ဒေါသမပါတဲ့ မျက်စောင်းလေးပဲထိုးလိုက်နိုင်တော့တယ်။ သားချွဲရင် သူတကယ်မခံနိုင်ပါ။
"ကဲ..ခုပါးပါးတို့ ကစားကွင်းသွားကြမယ်..Let's go!!"
~~~~~
"မောပြီလား..သားသား"
"ရီလောက်ရေးပဲ..မောရာပါ.."
သားက သူ့လက်သေးသေးလေးနဲ့ နဲနဲလေးပဲဆိုတဲ့ပုံလေး လုပ်ပြနေတာမို့ ရှောင်းကျန့်မှာ အသဲယားစွာ ဘေးမှသားကို ပေါင်ပေါ်ဆွဲတင်လိုက်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်အား နမ်းမွှေးလိုက်တယ်။
" ခိ..ခိ..ယားရယ်..ခိခိ..ယားရယ်..ပါးပါး"
"ယားတယ်ပေါ့ ဟုတ်လား..ဟမ်..ယားတယ်ပေါ့..ဟုတ်လား..ပေါက်စနလေး..ဟမ်"
ရှောင်းကျန့်က ပြောလဲပြော သားကို ကလိထိုးပြီးစနေတော့ သားရဲ့ရယ်သံလေးတေက ပန်းခြံလေးထဲမှာ ပျံ့လွင့်လျက်။ ရှောင်းကျန့်နဲ့ သား တစ်ယောက်ကို တစ်ယောက် စနောက်နေမှုက သူတို့ဘေးနားကို ရောက်လာတဲ့ လူရိပ်ကြောင့် ရပ်တန့်သွားရတယ်။
"အဝေးကနေ လှမ်းကြည့်နေတာ တူပါတယ်လို့..တကယ်ပဲ ရှောင်းကျန့်ကော ဖြစ်နေတာပဲ"
ထိုလူရွယ်ရဲ့စကားကြောင့် ရှောင်းကျန့်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရတယ်။ သူဒီလူငယ်လေးကို မြင်ဖူးနေသလို ရှိပေမယ့် ဘယ်သူဘယ်ဝါရယ်လို့ အတိကျမသိပေ။
သားကလဲ ရင်ခွင်ထဲကနေ ထိုကောင်လေးကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြည့်နေတယ်။
ရှောင်းကျန့်ရဲ့ အူတူတူပုံစံကို ကြည့်ပြီး ထိုလူငယ်က ရယ်လိုက်တယ်။ ရယ်လိုက်တဲ့ပုံစံက တစ်စုံတစ်ယောက်နှင့် တူနေသလိုပင်။
"ရှောင်းကျန့်ကောက မမှတ်မိဘူးထင်တယ်။ အက်ဒါဆိုလဲ ကိစ္စတော့မရှိပါဘူး ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်လိုက်ပါ့မယ်။ ပြန်တွေ့ရတာဝမ်းသာပါတယ် ရှောင်းကျန့်ကော ကျွန်တော့်က ဝမ်ရိရယ်ပါ..တနည်းအားဖြင့် ရိပေါ်ကောရဲ့ ညီလေးဆိုပါတော့"
  ထိုလူရွယ်ရဲ့ နှုတ်ဆက်စကားအဆုံးမှာ အံ့သြမင်တက်သွားရတာက ရှောင်းကျန့်ပင်။ သူတို့မိသားစု ဝမ်တို့နေတဲ့မြို့ကနေပြောင်းပြီး ခုလက်ရှိနေတဲ့ မြို့လေးမှာ အခြေချ နေခဲ့တာပင်။ ထိူအချိန်ထဲက အဆက်သွယ်မရှိတော့တာ။
  "အားရယ်..ဝတုတ်လေး..မင်းတောင်ဒီအရွယ်ရောက်လာပြီလား"
ဝမ်ရိရယ်က ရယ်သာရယ်နေပြီးဘာမှ ပြန်မပြောပေ။
"မာမားတို့လဲ..ရှောင်းကျန့်ကောတို့ကို သတိရနေတာ။ ကျွန်တော်တို့ ဒီမြို့ကို ပြောင်းလာတာ ခုနှစ်လလောက်ပဲရှိသေးတယ်။ ပါးအလုပ်ကြောင့်ပဲဆိုပါတော့။ ကျဲကတော့ မနှစ်ကပဲ အိမ်ထောင်ကျသွားတယ်။ သူ့အမျိုးသားရှိတဲ့ မြို့မှာပဲ လိုက်နေဖြစ်တယ်လေ။ ကောကောကတော့ အရင်လိုပါပဲ တစ်ယောက်ထဲပေါ့။ မားကအိမ်ထောင်ချပေးဖို့ ကြိုးစားပေမယ့်..အဆုံးမှာတော့ မအောင်မြင်ခဲ့ဘူး"
ရှောင်းကျန့်က အားရယ်ရဲ့စကားတေကိုပဲ နှုတ်ဆိတ်ပြီးနားထောင်နေမိတယ်။ သူ့ရဲ့အကြည့်တေကတော့ မလှမ်းမကမ်းက ရွယ်တူကလေးလေးတေနဲ့ ဆော့ကစားနေတဲ့ သားဆီမှာပဲ ရောက်နေခဲ့တယ်။
"သူ့နှလုံးသားထဲက တစ်စုံတစ်ယောက်ကို မမေ့နိုင်သေးဘူးထင်ပါရဲ့။ ကောက ဒီငါးနှစ်လုံးမှာ သူက အက်ဒိတစ်ယောက်ကိုပဲ သစ္စာရှိရှိနဲ့စောင့်နေတာ။ ဒါပေမယ့်ဘယ်လိုလုပ်မလဲ သူစောင့်နေတဲ့သူက ကလေးတစ်ယောက်တောင်ရနေပြီဆိုတာသာ သိသွားရင် ရူးသွားမယ်ထင်ပါရဲ့..ရှောင်းကျန့်ကောရော..အက်လိုထင်လား"
အားရယ်က ပြောနေရင်းမှ ရှောင်းကျန့်ဘက်ကို လှည့်လာခဲ့တယ်။ ပေါင်ပေါ်မှာ တင်ထားတဲ့ ရှောင်းကျန့်ရဲ့ လက်သီးဆုပ်လေးက ပိုပြီးတင်းကျပ်သွားတယ်။ သူဘယ်လိုပြန်ဖြေရမလဲ မသိဘူး။
" မားတို့က ကောကို သတိရနေတာ အိမ်ကို လိုက်ခဲ့ပါလားခု။ ကျွန်တော်လဲ အိမ်ပြန်မှာဆိုတော့လေ။"
ရှောင်းကျန့်အတော်ကြာကြာ နှုတ်ဆိတ်နေပြီးမှ လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူလဲ ဝမ်မားတို့ကို လွမ်းနေတာမဟုတ်လား။ ပြီးတော့ တစ်စုံတစ်ယောက်ကိုရောပေါ့။
~~~~~~
"အားကျန့်လေးရယ်..ကြည့်စမ်းပါအုံး မားသားလေး ပိန်သွားလိုက်တာ။ မားသိပ်လွမ်းနေခဲ့တာ သားရယ်"
ဝမ်မားက ရှောင်းကျန့်ကိုလဲမြင်ရော မျက်ရည်တေကျပြီး ရှိုတ်ကြီးတငင်ငိုတော့တာပင်။ ခုမှအငိုတိတ်ကာစပင်ရှိသေး ရှောင်းကျန့်ရဲ့ မျက်နှာကို ကိုင်လိုက် လကအဖျားလေးတေကို ဖိညစ်လိုက်ဖြင့် အလုပ်ရှုတ်နေပြီး မျက်ရည်တေဝဲလာပြန်သည်။
"သားလဲ မားတို့ကိုလွမ်းပါတယ်။ မာမားကလဲ မားတို့ကို သတိရနေတာ။"
"ဘယ်လိုဖြစ်လို့များ ဟိုအိမ်လေးကနေ ပြောင်းသွားကြတာလဲ သားရယ်။ မားတို့ခရီးကလဲ ပြန်ရောက်ရော ဘေးအိမ်မှာ လူသစ်တေရောက်နေလို့ ဧည့်သည်တေထင်ပြီး စကားသွားပြောမှ သားတို့ပြောင်သွားတယ်ဆိုတာ သိခဲ့ရတာ။ အက်အချိန်တုန်းက သားကြီးဆို ရူးတော့မလိုပဲ။ မစားမသောက်တေဖြစ်ကုန်လို့။"
ရှောင်းကျန့်က ဝမ်မားရဲ့အပြောကြောင့် မျက်ရည်တေစီးကျလာရတယ်။ သူလဲဘယ်ထားခဲ့ချင်ပါ့မလဲ။ အခြေနေအရထိုသို့ဖြစ်သွားခဲ့လို့သာပင်။ ဝမ်အက်လောက်ကြီး ခံစားရလိမ့်မယ်လို့ မထင်ခဲ့တာလဲပါသည်။
"သား ဖိုးဖိုးနေတဲ့ နယ်ကိုလိုက်သွားးတဲ့နှစ်မှာပဲ ဖိုးဖိုးဆန်စက်မီးလောင်မှုဖြစ်ခဲ့တယ်။ အက်ထဲမှာပဲ ပါပါးရော၊ဖိုးဖိုးပါ မီးနောက်ပါသွားခဲ့တာ။ မားကအက်စိတ်နဲ့ပဲ အိပ်ယာထဲလဲခဲ့တာအချိန်အတော်ကြာပဲ။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားတာတေနဲ့ တခြားအရာတေအတွက်လဲ လျော်ပေးလိုက်ရတော့ နယ်က ဖိုးဖိုးပိုင်ဆိုင်သမျှက မရှိသလောက်ပဲ။ ဒီကြားထဲမားရဲ့ ဆေးရုံစရိတ်အရေးပေါ်လိုအပ်မှုကြောင့် အရင်နေခဲ့တဲ့ အိမ်လေးကို ရောင်းလိုက်ရတယ်။"
ဝမ်မားက ရှောင်းကျန့်ရဲ့မျက်နှာလေးကို ဂရုဏာသက်စွာ တွေတွေလေးကြည့်နေမိတယ်။ ပြီးမှ
"အက်ဒါတေထားပါတော့ ဒီကိုလာတုန်းလေး ထမင်းစားပြီးမှပြန်နော်။ ဒါနဲ့ဒီကလေးလေးက.."
ရှောင်းကျန့်က ရင်ခွင်ထဲက အိပ်ပျော်နေရှာတဲ့သားကို ချစ်မြတ်နိုးမဝစွာ ငုံ့ကြည့်လိုက်ပြီး
"သားရဲ့ သားလေးပါ။ သုံးနှစ်ရှိပြီ လေးနှစ်ထဲရောက်နေပြီဆိုပါတော့"
"ဘုရားရေ..အားကျန့်ရဲ့သား..ဟုတ်သလား"
"ဟုတ်ကဲ့..ကျွန်တော့ရဲ့သားလေးပါ"
"ကလေးရဲ့ အမေကရော"
ရှောင်းကျန့်က ထိုမေးခွန်းကို ပြန်ဖြေဖို့ အတန်ကြာ နှုတ်ဆိတ်နေပြီးမှ
"သားကို မွေးပြီးပြီးချင်းပဲ ဆုံးသွားပါတယ်"
ဝမ်မားက ထိုအဖြေကြောင့် စိတ်မကောင်းဖြစ်သွားရတယ်။
"မားကို ခဏလောက်ပေးချီပါလား..မားချီကြည့်ချင်လို့"
ရှောင်းကျန့်က မားရဲ့အပြောကို သဘောတူလိုက်တယ်။ ရင်ခွင်ထဲက အိပ်နေတဲ့သားကို မနိုးသွားအောင် ဂရုတစိုက်နဲ့မားရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။ သားကလက်အပြောင်းလွှဲကြောင့် အင်းအဲ တစ်ချက်သာ လှုပ်ပြိီး ပြန်အိပ်ပျော်သွားတယ်။
ဝမ်မားက သူမလက်ထဲကိုရောက်လာတဲ့ ကလေးငယ်ကို ငုံ့ကြည့်ပြီး ဝမ်ပါးနဲ့အကြည်ခြင်းဆုံသွားခဲ့တယ်။ သူတို့ချင်း အလာပ သလာပအနည်းငယ်ပြောပြီး ရှောင်းကျန့်နှုတ်ကနေ အမေးစကားထွက်လာတယ်။ ဒီကို စရောက်ထဲကထိုလူအားမမြင်သေးသောကြောင့်ပင်။
"မား..ရိပေါ်ရော။ သူ့ကိုစရောက်ထဲကမတွေ့မိလို့ပါ။"
ရှောင်းကျန့်က မျက်နှာပူပူနဲ့ပဲ မေးလိုက်ရတယ်။ သူ့စကားအဆုံးဖြတ်ပြောလာတဲ့ စကားကြောင့် ရှောင်းကျန့်ရဲ့ကိုယ်လေးမှာတုန်ခနဲ။
"မင်းပါးစပ်ကနေ ငါ့နာမ်မယ်ကို ထွက်ရအောင် တန်တယ့ထင်လို့လား!!"
"သားကြီး!!"
"ကော!!"
2992 words
Moon
Wang's
အားလုံးပဲ ကျန်းမာရွှင်လန်း စိတ်ကြည်လန်းကြပါစေရှင်။
ကြာသွားတဲ့အတွက် သွေ့ပုချိပါ။
~~~~~~~~~~
zawgi
"ဝမ့်..!! မထားခဲ့ပါနဲ့..."
"ဝမ့်!!!"
"လွမ်း..တယ်..ဝမ်"
~~~~~~~~~~
~~~~~
"မောပြီလား..သားသား"
"ရီလောက်ရေးပဲ..မောရာပါ.."
~~~~~~
"ကလေးရဲ့ အမေကရော"
"သားကြီး!!"
"ကော!!"
2992 words
Moon
Wang's
Continue Reading
You'll Also Like
11.3K 221 19
An alternate ending to the legendary series Ask-i Memnu, focusing on Bihter Yöreoglu & Behlül Haznedar! Being a B&B lover, watching the tragic end to...
1.8K 183 14
ဒီficလေးက မတူညီတဲ့ကမ္ဘာနှစ်ခုပံုစံမျိုးပါ Xiao Zhanက2023ခုနှစ်က ဆရာဝန်ပါ Yibo က ရှန်ဟိုင်လို့ခေါ်တဲ့နေရာက ဂိုဏ်းတစ်ခုရဲ့ဒုတိယသခင်လေးပါ အချိန်အနေတစ်ခု...
29.3K 322 18
(boy x boy) thank you for reading. if you hate it could you f*cking leave please
3.2K 250 36
Lost ones are sometimes found back again. Like the bond they shared was found back through the decade of their yearning but could a lost love be foun...