part -9

130 7 2
                                    

unicode

ထမင်းစားဝိုင်းဟာ ပုံမှန်ထက် တိတ်ဆိတ်နေပြီး ဇွန်းသံ၊ ပန်းကန်သံများသာ တိုးတိုးတစ်ဖုံ ခပ်စိတ်စိတ်သာ တစ်ချက်တစ်ချက် ပေါ်ထွက်လာသည်။

မိသားစုဝင်များကလဲ တိတ်ဆိတ်စွာသာ စားနေကြသည်မို့ ရှောင်းကျန့်လို တစ်စိမ်းတစ်ယောက်အနေဖြင့် နေရထိုင်ရခက်လှပါသည်။ ရှောင်းကျန့်မှာ ငုံ့ထားသည့်ခေါင်းအား ပြန်ပင်မဖော်ရဲပေ။

ထမင်းဖြူကိုသာ တူဖြင့်ထိုးစွလိုက် နည်းနည်းသီညှပ်စားလိုက်ဖြင့်သာ ဆိတ်ဆိတ်နေနေမိသည်။ ဒီလိုဝမ်တို့မိသားစုနဲ့ ထမင်းလက်စုံစားရတော့ ဟိုအရင်ချိန်များကို ပြန်၍ပင် သတိရမိသေးသည်။ တစ်ချိန်က ဝမ်ဟာသူ့ဘေးတွင်ထိုင်၍ဟင်းများကို ဂရုတစိုက်ထည့်ပေးပေမယ့် ယခုချိန်တွင်တော့ ထိုသို့မဟုတ်တော့ပါ။

သူ့ကိုမကြည်ဖြူတော့သည်မှာ သိသိသာသာ။ ဒါကလဲဖြစ်သင့်ပါသည်။ အရာအားလုံး ဒီလိုတေဖြစ်ကုန်အောင် တမင်လုပ်ခဲ့တာမဟုတ်ပေမယ့် ကံကြမ္မာကကို ဒီလိုဖြစ်စေခဲ့သည်မဟုတ်လား။ မကြည်ဖြူသာဟာ သူနှင့်မျက်ချင်းဆိုင်တွင် ထိုင်နေသည်မို့ ပို၍ပင် အနေခက်လှသည်။

"အယ်..အားကျန့်လေး..သား ထည့်စားလေ ဘာလို့ထမင်းဖြူတေပဲ စားနေရတာလဲသားရယ်"

"အာ..ဟုတ်ကဲ့စားပါတယ်..အားရီ"

ရှောင်းကျန့်ရဲ့ အခေါ်ဝေါ်ပြောင်းလိုက်မှုကြောင့် ဝမ်မားက မျက်နှာတော့ မကောင်းဖြစ်သွားသည်။ ဘယ်တက်နိုင်မလဲ ကိုယ့်သားကမှမကြည်ဖြူမှတော့ ဒီကလေးက ဘယ်လိုလုပ် အရင်လိုခေါ်ရဲပါ့မလဲ။

"သားကြီး..အားကျန့်လေးကို ဟင်းထည့်ပေးလိုက်​အုံးလေ"

ဝမ်မားရဲ့အပြောကြောင့် ရှောင်းကျန့်မှာ မျက်လုံးပြူးသွားရတဲ့အပြင် တဆက်ထဲ ဝမ့်အားကြည့်လိုက်မိသည်။ ထမင်းဝိုင်းမှာ စထိုင်ပါပြီဆိုထဲက စကားတစ်ခွန်းမှဟမလာသူသည် ဝမ်မားရဲ့ အပြောကြောင့် မေးရိုးများတင်းသွားရပြီ တူအားလက်ထဲမှချ၍ ရှောင်းကျန့်အားစူးစူးစိုက်စိုက်ကြည့်လာခဲ့သည်။

"အာ..ရပါတယ် အားရီ။ ကျွန့တော့်ဘာသာပဲ စားလိုက်ပါမယ် အလုပ်ပိုစေမိတယ်။"

You've reached the end of published parts.

⏰ Last updated: May 24 ⏰

Add this story to your Library to get notified about new parts!

Xiao-ရှောင်းWhere stories live. Discover now