part -7

210 11 1
                                    

unicode

  "အွန်း...ဝမ်"

ရှောင်းကျန့် အသက်ရှုကျပ်လာမှုကြောင့် ဝမ့်ကို တွန်းထုတ်နေမိတယ်။ ဒါပေမယ့် ဝမ်ဟာ သူရဲ့တွန်းထုတ်နေမှုကို မသိကျေးကျွံပြုပြီး သူ့ကို အငမ်းမရဆက်နမ်းနေ သည်။ ဝမ့်ရဲ့အနမ်းတေ အရင်အကြိမ်တေလို နူးညံ့မနေပါ။ ရှောင်းကျန့်ခေါင်းနောက်ကို လက်တဖက်နဲ့ ရုန်းမရအောက်ဖိကိုင်ထားပြီး တဖက်ကခါးကို ဖက်ထားတာ ဖြစ်သည်။

  "ဟင့်...ဝမ်..အသက်ရှု..အွင့်"

ဝမ်ရိပေါ်က ရင်ဘက်ကို အဆက်မပြတ်ထုရိုက်လာတဲ့ လက်တေကိုဆုပ်ကိုင်လိုက်တယ်။ ရှောင်းရဲ့အသက်ရှုသံတေ နှေးလာမှ နောက်ဆုံးတချက်ဖိနမ်းပြီး နှုတ်ခမ်းတေကို အနားပေးလိုက်တယ်။

  ရှောင်းကျန့်က ဝမ်သူ့နှုတ်ခမ်းတေကို လွှတ်ပေးလိုက်မှသာ ရေထဲကငါး ကုန်းပေါ်ရောက်သလိုမျိုး ရင်ဘက်လေး နိမ့်ချည်မြင့်ချည်နဲ့ အသက်ကိုအငမ်းမရရှုနေမိတယ်။

  "အာ့...ဟင့်..နာတယ်"

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ နှုတ်ခမ်းတေကို အလွှတ်ပေးလိုက်ပေမယ့် သူ့ရဲ့ခေါင်းကတော့ ရှောင်းကျန့်ရဲ့ လည်တိုင်ကြားမှာ တိုးဝေ့ပြီး ကိုက်ခဲနေခဲ့တယ်။ သွားတေနဲ့ကိုက်လိုက် လျှာဖျားနဲ့လျက်လိုက်နဲ့ မအားလပ်နိုင်။ တစ်ချက်တစ်ချက် နှုတ်ခမ်းတေနဲ့ ပွတ်ဆွဲသွားရင်ဖြင့် ရှောင်းကျန့်မှာ အူတေအသဲတေ ပြုတ်ထွက်သွားတော့မလိုပဲ။

  "အမောပြေပြီလား..ဟင်"

  "......"

ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့်မှာ မျက်နှာလေးကို ရဲခနဲ။ ရွယ်တူချင်းအတူတူတောင် အနမ်းတေကို ဦးဆောင်တဲ့ ဝမ်က ဘယ်လိုမှမနေပဲ သူကသာ အထိမခံနိုင်ဖြစ်နေတဲ့အတွက် ရှက်စိတ်တေက ထိန်းမရ။ ရုတ်တရက်ကြီး မပြောမဆိုကောက်ချီလိုက်တာမို့သူ့မှာ အသဲကိုအေးခနဲ။

  "ဟင်! ဝမ့်..ဘာလုပ်တာလဲ.. ချပေး..ခုချပေးလို့"

  "အင်း..ခဏစောင့်..ချပေးတော့မှာ"

  "ဘာစကားတေပြောနေတာလဲ..အောက်ချပေးလို့ ပြုတ်ကျလိမ့်မယ်မယ်"

Xiao-ရှောင်းUnde poveștirile trăiesc. Descoperă acum