''ပိုးသားလို...အချစ်''(comple...

By lae0327

6K 783 130

ချယ်နဲ့ ဂျီဆူးတို့ရဲ့ နူးညံ့ပြီးတောက်ပတဲ့ချစ်ခြင်းတရား More

Ep(1)💛
2💛
Ep(3)
Ep(4)💛
Ep(5)
Ep(6)❤
Ep(7)
Ep(8)
Ep(9)
Ep(10)💛💛
11 Ro💛
Ep(12)
Ep(14)🔞
Ep(15)💛
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep(21)
final

Ep(13)💛

234 35 6
By lae0327

''အာ့နဲ့လေငါ့ကိုလီလီလို့ခေါ်လို့လည်းရတယ်နော် အချို့ခင်တဲ့လူတွေကတော့အဲ့လိုခေါ်ကြတယ် လီလီပန်းလေးလိုဖြူစင်ပြီးချစ်စရာကောင်းလို့တဲ့ ဟဲဟဲ

သူ့ဘာသာပြောပြီးရယ်နေသောလီဆာကြောင့်ချယ်လည်းရယ်မိ၏။

''ဒါနဲ့နင်တစ်နေ့လုံးဘယ်သွားနေတာလဲ

''ပျင်းလို့လေမြို့ထဲလျှောက်သွားနေတာ နင်တွေ့တဲ့အတိုင်းပဲဒီမှာဘာရှိလို့လဲ သိပ်ပျင်းစရာကောင်းတာပဲ

ဟုတ်တော့လည်းဟုတ်ပါသည်။ ခြောက်ကပ်ကပ်နဲ့ပျင်းစရာကောင်းလွန်းသည်။ ရောက်ကာစမို့ပဲလားတော့မပြောတတ်ပါ။

''နင်ဒါတွေစားပြီးဗိုက်ပြည့်လို့လား အပြင်သွားစားမလား ဒါတွေက ငါညဗိုက်ဆာရင်ထစားဖို့ဝယ်လာတာ

သူ့စကားကြောင့်ချယ့်မှာလက်ထဲကမုန့်ကိုဆက်ပဲစားရမလား ရပ်ပဲရပ်လိုက်ရမလား လမ်းပျောက်သွားရ၏။

''အပြင်သွားမလား

''သွားမယ်လေ

သူ့စကားကိုချယ်လက်ခံလိုက်၏။ ဘာပဲပြောပြော အပြင်သွားပြီဆိုစိတ်တော့လန်းဆန်းသွားနိုင်သည်လေ။

''ငါဒီရောက်နေတာနှစ်ရက်တောင်ရှိပြီဟ သိချင်တာရှိရင်ငါ့ကိုမေးလို့ရတယ်နော်

အခန်းပြင်မှာသူ့ဦးဆောင်မှုအတိုင်းလိုက်လာစဥ် သူကခပ်ကြွားကြွားလေးပြော၏။ တစ်ကယ်လည်းအကုန်သိလောက်မည့်ပုံပင်။ လမ်းလျှောက်တာတောင် မြောက်ကြွမြောက်ကြွနဲ့အကုန်နှံ့နှံ့စပ်စပ်သိမယ့်ပုံမျိုး။

အနားကဆိုင်တစ်ဆိုင်ကိုအငှားကားလေးဖြင့်လိုက်သွားလိုက်၏။ ဆိုင်ရောက်တော့လည်းသူကပဲ မှာပေးပါသည်။

''အဆောင်ကညခုနစ်နာရီဆိုပိတ်တယ် အဲ့အချိန်ထက်နောက်ကျလို့တော့မရဘူး

ချယ်ခေါင်းညိမ့်၍အသိအမှတ်ပြု၏။

''နင့်အကောင့်နဲ့ငါ့လာအပ်လိုက်လေ fbမှာလည်းသူငယ်ချင်းလုပ်ရမှာပေါ့

''နင့်အကောင့်နာမည်က

''ပေး ပေး ငါရှာပေးမယ်

ချယ့်လက်ထဲကဖုန်းကိုယူကာ သူ့ဘာသာရှာပြီးသူ့ဘာသာပင် Request ပို့လိုက်လေ၏။

''လက်ခံလိုက်ပြီနော်

လောလောလတ်လတ်fri ဖြစ်သွားသောအကောင့်ကို ဘာရယ်လို့တော့မဟုတ်ပဲ အပေါ်အောက်ဆွဲကြည့်ကာ စပ်စုမိ၏။

shareထားပုံတွေအရတော့ ရည်းစားရှိသည့်ပုံပင်။ ဟင်..။

''ဒါက..

နှုတ်ကနေပါ ချယ်အံ့အားတသင့်ပြောမိတော့ သူ့အကြည့်ကချယ့်ဆီရောက်လာသည်။

''ဒါ နင့်ရည်းစားလား

သူ့ပို့စ်အောက်မှာcmtရေးထားသည့်အကောင့်တစ်ခုကို ချယ်ပြလိုက်၏။ သူကခေါင်းညိမ့်ပြသည်။

''ဘာလို့လဲ

''ဟင့်အင်း..

ချယ်ခေါင်းလေးခါပြကာ ဆက်၍အံ့သြနေမိသည်။ အပြန်အလှန်ချစ်တယ်တွေပြောနေသောအကောင့်က မိန်းကလေးအကောင့်ဖြစ်နေတာကြောင့်ပင်။

''ဘာလို့လဲ လက်မခံနိုင်တဲ့လူစားထဲကလား ပွင့်ပွင့်လင်းလင်းပြောနော် ငါ့အတွက်သူငယ်ချင်းမရှားဘူး မကြိုက်ဘူးဆိုအေးဆေးပဲသူငယ်ချင်းမလုပ်ပဲနေလို့ရတယ်

''မဟုတ်ပါဘူး publicမှာပါချပြနိုင်လို့အံ့သြနေတာ ငါ့ချစ်သူကလည်းကောင်မလေးပဲလေ

ဒီတစ်ကြိမ်တော့လီဆာပါအံ့သြသွားပုံရ၏။

''တစ်ကယ်ကြီးလား

''အွန်း

''တိုက်တိုက်ဆိုင်ဆိုင်ဒီလိုဆုံရလို့ ဝမ်းသာပါတယ်

လက်ကမ်းပေးသောလီဆာ့လက်အား ချယ်ဝမ်းသာအားရပင်ဆုပ်ကိုင်လိုက်၏။ ထိုသို့ဖြင့် ချယ်နှင့်ကိုက်ညီသော သူငယ်ချင်းကောင်းတစ်ဦးကို ရရှိခဲ့လေသည်။
.
.
.
.
.
ချယ်နဲ့လီဆာတို့နှစ်ယောက်က အတော်လေးအတွဲညီသည်ဟုဆိုရမည်။ ဘယ်သွားသွား တစ်ယောက်အနားတစ်ယောက်အမြဲကပ်ပါတတ်သည်။

ချယ့်ကိုတော့လီဆာကသူ၏ကောင်မလေးဖြစ်သူဂျင်းနီနှင့်မိတ်ဆက်ပေးပြီး၍ချယ်နှင့်တောင်အတော်လေးခင်မင်နေခဲ့ပြီ။ မမနှင့်လီဆာကိုတော့ မိတ်ဆက်မပေးရသေးပါ။

စာသင်ချိန်ပြီး၍ညနေစောင်းသည်နှင့်ရေမချိုးခင်မမနှင့်ဖုန်းခဏဦးစွာပြောသည်။ ထို့နောက်ညစာလုပ်ပြီးလျှင်နှစ်ယောက်သားနာရီဝက်ခန့်စကားပြောကာအလွမ်းသယ်ကြသည်။

အဲ့လိုနဲ့ပဲနေ့ရက်လေးတွေကိုကျော်ဖြတ်လာခဲ့ကြရသည်။ ချယ့်တွင်တော့စကားပြောဖော်လီဆာရှိ၍ မပျင်းရပါ။ သို့ပေမယ့်မမမှာတော့အဖော်လုပ်စရာဟူ၍ စာတွေသာရှိနေခဲ့သည်။

ယခုလည်းထုံးစံအတိုင်း ချစ်ရသူနှင့်ချယ်ဖုန်းပြောနေပါသည်။

''ခုတလောအချိန်တွေကုန်တာကလည်းနှေးလိုက်တာကွာ မောင့်ကလေးနဲ့မြန်မြန်တွေ့ချင်ပါတယ်ဆိုမှပဲ

''အင်းလေနော် ဒီမှာလည်းရက်ကိုလက်ချိုးပြီးရေနေရတာ ကြာနေရောပဲမောင်ရယ်

''မောင့်ကလေးမျက်နှာလေးကိုမြင်ချင်လှပြီ မမြင်ရတာကြာတော့ဘယ်လိုရုပ်လေးများဖြစ်သွားလဲလို့

''ဟွန့်...ရုပ်ဆိုးသွားရင်မောင်ကမချစ်တော့ဘူးလား

''ချစ်တာပေါ့ကလေးရယ် မောင့်ကလေးဘယ်လိုနေနေမောင်ကချစ်ပြီးသားပါနော် ဖြစ်နိုင်ရင်လေမောင့်ကလေးကိုရုပ်ဆိုးသွားစေချင်တာ အဲ့မှအခြားလူတွေမကြည့်တော့ပဲနေမှာ မောင့်ကလေးကိုစိတ်မချပါဘူး

အရမ်းအူတိုတတ်လွန်းသည့်သူ့စကားတွေကြောင့်ဂျီဆူးမှာ တခိခိနှင့်သဘောကျ၍ ရယ်နေရ၏။ မောင်ကထိုသို့အရမ်းစိတ်ပုတ်တတ်သည့်သူ..။

''မောင်ကတော့လေ..မဟုတ်တာတွေသိပ်ပြောတာပဲ လှတာကကောင်းတာလေမောင်ရဲ့

''မဟုတ်တာ မလှတာကပိုကောင်းတယ်အချစ်ရဲ့

''ထားတော့ ထားတော့ မောင့်ကိုစကားနိုင်အောင်မပြောနိုင်ဘူး

''နိုင်အောင်မပြောနိုင်တာလား မောင့်ကိုချစ်လို့အလျှော့ပေးတာလားနော်

သူ့အသံကြီးဟာအမြင်ကတ်ဖို့ကောင်းလွန်းပေမယ့်လည်းဂျီဆူးမှာတော့ ချစ်မဝနိုင်ပါ။

''ချစ်လို့အလျှော့ပေးတာပါရှင် ဟုတ်ပြီလား

''ဟဲဟဲ အဲ့လိုမှပေါ့

မောင်ကသဘောကျနေလေ၏။ သူစိတ်ပျော်တိုင်း မိမိပါလိုက်ပျော်ရတာချစ်ခြင်းတရားကြောင့်ပဲ ဖြစ်ပါလိမ့်မည်။

မောင်လာလည်တဲ့နေ့ကျရင်တော့ မောင့်ပါးလေးကိုကိုင်ပြီးသေချာပြောပြရမည်။ မောင့်ကိုဘယ်လောက်လွမ်းနေကြောင်းနှင့် မောင့်အားပို၍ချစ်လာကြောင်းကိုပေါ့..။
.
.
.
.
.
မနက်ခင်းရောက်သည်နှင့်စိတ်တို့ကနိုးကြားကာတက်ကြွနေ၏။ ဒီညနေအိမ်သို့ပြန်မည်ဖြစ်သည်။

''မောနင်းမောင့်ကလေး

လုပ်ရိုးလုပ်စဥ်အတိုင်း မနက်နိုးလာသည်နှင့်ပို့နေကျစာလေး ပို့လိုက်၏။ ခဏအကြာ

''မောနင်းမောင် ပြောစရာရှိလို့ဖုန်းဆက်ပါအုံး

စောစောစီးစီးဘာများပါလိမ့်ဟုတွေးကာ ကောင်မလေးထံဖုန်းခေါ်ရ၏။

''ဘာပြောမလို့ပါလဲ

''ညနေမောင်ပြန်ရောက်ရင် ဒီကိုလာမှာလား

''အွန်းပေါ့အချစ်ရဲ့

''အဲ့ဒါလေညကစဥ်းစားကြည့်မိတာ မောင့်အိမ်ကလူတွေတစ်မျိုးတွေးနေလိမ့်မလားလို့ မောင်လည်းသူတို့နဲ့ခွဲနေရတာပဲမလား ပြန်ရောက်တာနဲ့မဆီလာရင်မကောင်းဘူးလားလို့လေ

(ချယ်က ကလေးဟုသာခေါ်သော်လည်းဂျီဆူးကတော့ သူ့ကိုယ်သူ'မ'ဟူ၍သာသုံးနှုန်းတတ်ပါသည်)

''ကောင်းပါတယ်ကလေးရဲ့

''မောင်ကတော့လေ မောင့်မေမေတို့လည်းလွမ်းနေမှာပေါ့လို့ ညအဲ့မှာအိပ်လိုက်ပြီးမနက်ကျမှ မဆီလာလေနော်

''..အွန်းပါ

သူ့အသံလေးက မတတ်သာလို့လက်ခံရတဲ့အခြေအနေမျိုး။

''မောင်ရယ် မကရေရှည်အတွက်ကြည့်စေချင်လို့ပါ နော် မောင်ကလိမ္မာပါတယ်

''ဟုတ်ပါပြီကလေးရဲ့ မောင်မနက်မှပဲလာခဲ့တော့မယ်နော်

''ဟုတ်

''ဒီနေ့တွေ့ရပြီဆိုပြီးတက်ကြွနေတာ ခုပျော်တောင်မပျော်တော့ဘူး

''ဟယ် တစ်ညနေထဲမတွေ့ရတာကို မနက်ဖြန်တွေ့ရပြီလေလို့

''အွန်း အွန်း

''ရုပ်ကြီးကိုက... အဲ့ဆိုဒါပဲလေနော် မောင်ကျောင်းတက်ဖို့ပြင်စရာရှိတာပြင်တော့

''ဟုတ်

''အော်...ညနေကျထွက်လာပြီဆိုစာပို့နော် အိမ်ရောက်ပြီဆိုလည်းပို့အုံး

''ဟုတ်ကဲ့ သိပါတယ်နော်

''သိရင်ပြီးတာပဲ ဒါပဲနော် ချစ်တယ်မွ😘

''မောင်လည်းအများကြီးချစ်တယ်ကလေး

သူမကဖုန်းချသွားလေပြီ။ လွမ်းနေရတဲ့သူမကိုထိတွေ့ခွင့်ရပြီဆိုပြီးပျော်နေခဲ့တာကို။ အင်းပေါ့လေ မေမေတို့အမြင်ကိုလည်းထည့်တွေးရအုံးမှာပေါ့။ အရမ်းတွေလွန်နေရင် မေမေတို့ဘက်ကရိပ်မိသွားမှပြဿနာတက်မည်။

ဘာပဲပြောပြော မနက်ဖြန်ဆိုကောင်မလေးကို ထိတွေ့လို့ရတော့မှာပဲဟာဟုတွေး၍ စိတ်ဖြေလိုက်၏။
.
.
.
.
.

ယနေ့တစ်နေ့လုံး ဂျီဆူးအခန်းထဲရှုပ်ပွနေသည်တို့ကို ရှင်းလင်းနေ၏။ မနက်ဖြန်သူရောက်လာမည်မို့ သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ပြင်ဆင်နေရသည်။

''ထူးထူးဆန်းဆန်း အခန်းတွေဘာတွေရှင်းနေလို့ပါလား

လှည့်ကြည့်လိုက်တော့အခန်းဝတွင်ရပ်ကြည့်နေသည့်ဖေဖေ။

''မနက်ဖြန်ချယ်လာမလို့တဲ့

''ဟုတ်လား

''ဟုတ် ဒီနေ့ပြန်လာမှာ မနက်ကျလာလည်မယ်တဲ့

''သြော်...အဲ့ကြောင့်ရှင်းနေရတာပေါ့လေ ကဲကဲဆက်ရှင်းပါ

ဖေဖေကပြန်ထွက်သွား၏။ ဂျီဆူးလုပ်စရာရှိသည်ကိုလုပ်၍ မောင့်အကြောင်းတွေးတောနေမိ၏။

.
.
.
.
.
နောက်တစ်နေ့
......................

မနက်မိုးလင်းတာနဲ့ချယ်အိပ်ရာမှထလိုက်၏။ ချစ်သူနှင့်တွေ့ရမည်မို့စိတ်လှုပ်ရှားကာ ညကအိပ်၍ပင်မပျော်ချေ။

ခြံထဲဆင်း၍ ပန်းပင်လေးတွေကိုလိုက်လံကြည့်ရှု၏။ နှင်းဆီလေးတွေက ပွင့်လို့နေ၏။

အဝါရောင်၊ပန်းဆီရောင်နှင့်အနီရောင်တို့ဖြင့်သူ့ဘာသာတစ်မျိုးစီလှနေသောပန်းလေးတွေထဲမှ အလှဆုံးပန်းကိုရွေးချယ်၏။ နောက်ဆုံးတွင်တော့ အလှဆုံးပွင့်နေသောအနီရောင်ပန်းလေးအား ချိုးလိုက်ကာ မြူးထူးနေသောစိတ်တို့ဖြင့်
ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ဝင်ရလေတော့သည်။

.
.

''မမရေ မမ

ချယ်ရောက်တော့ ခြံတံခါးပင်ပိတ်ထားဆဲဖြစ်တာမို့ အော်ခေါ်ရ၏။ ​အသံအချို့ကြားရပြီးနောက်ပြေးထွက်လာသည့်ကောင်မလေး။

ဂါဝန်လေးကိုမ၍အပြေးရောက်လာကာ တံခါးလာဖွင့်ပေး၏။

''အစောကြီးရောက်လာတာပဲ မျက်နှာတောင်မသစ်ရသေးဘူးလေ

ပါးလေးနှစ်ဖက်ကို လက်ဖြင့်အုပ်၍ပြောလာလေ၏။

''မသစ်ရသေးလည်းမောင့်ကလေးကချောတယ် လွမ်းနေလို့အစောကြီးထလာတာကလေးရဲ့

ဂျီဆူးရဲ့မျက်နှာက ကျေနပ်မှုကြောင့်ပြုံးရွှင်၍သွား၏။

''လာ

ချယ့်လက်အားဆွဲ၍ခေါ်သွားလေ၏။

''ဒီမှာထိုင်နေအုံး မျက်နှာသွားသစ်လိုက်အုံးမယ်နော်

ခေါင်းညိမ့်ပြ၍ချယ်အိမ်ရှေ့ခန်းရှိထိုင်ခုံတွင်ထိုင်နေလိုက်၏။

''သမီးချယ် ရောက်လာပြီလား မနေ့ကဘယ်အချိန်ပြန်ရောက်လဲကွဲ့

''မိုးချုပ်ခါစရောက်တယ်အန်တီ

''ဟုတ်လား အဆင်ပြေတယ်မလားသမီး

''ပြေပါတယ်အန်တီရဲ့ နည်းနည်းတော့ပျင်းစရာကောင်းပေမယ့် အဆင်တော့ပြေပါတယ်

''ထမင်းတွေကျတော့ရောဝယ်စားရတာလားသမီး အဆောင်ကကျွေးတာလား

''ဟုတ် အဆောင်ကစားပါတယ် တစ်ခါတလေတော့ဟင်းမကောင်းဘူးပေါ့အန်တီရယ်
.
.
.
မျက်နှာသစ်ပြီးပြန်လာတော့ စကားကောင်းနေကြသောမေမေနှင့်ချယ့်အားတွေ့ရ၏။

''မေမေနိုးနေပြီလား

''အေးလေ ဒီနေ့ချယ်လာမယ်လို့သမီးအဖေကပြောလို့လေ သူကြိုက်တာလေးတွေချက်မလို့စျေးစောစောသွားမလို့

''အမယ် အမေတို့များကိုယ့်သမီးကြိုက်တာကျမချက်ပဲ

မေမေရဲ့မျက်စောင်းကြီးကရောက်လာ၏။

''အန်တီလည်းမျက်နှာသစ်ပြီးစျေးသွားတော့မယ် သမီးအေးဆေးနေနော် ညနေမှပြန်မယ်မလား

''ဟုတ် အန်တီ

မေမေထွက်သွားတော့မှဂျီဆူးအခန်းထဲသွားလိုက်၏။ ချယ်ကတံခါးပိတ်ပြီးတာနဲ့ ဂျီဆူးကိုယ်အားနောက်မှဆွဲဖက်ထားလေ၏။

''လွမ်းနေတာကလေးရဲ့

ဂျီဆူး၏ကိုယ်အားဖက်ထားကာ သူ့ပါးဖြင့်ပခုံးသားတွေအား လိုက်လံပွတ်သပ်နေ၏။

''ကလေးရောမောင့်ကိုမလွမ်းဘူးလားဟင်

မိမိ၏ကိုယ်အားဆွဲလှည့်ကာ မေး၏။

''မေးစရာလားမောင်ရယ် လွမ်းတာပေါ့ မောင့်အရမ်းလွမ်းနေတာသိလား

သူ့ပါးလေးအားကိုင်၍ပြောလိုက်၏။ သူ့မျက်နှာကကြည်လင်သွားကာ တိုး၍လာ၏။

ဂျီဆူးမျက်လုံးလေးတွေကိုပိတ်ထားလိုက်၏။ သို့သော်ထင်ထားသလို သူနမ်းလာခြင်းမဟုတ်

''ပန်းပန်ပေးတာပါအချစ်ရဲ့ ဘာလို့မျက်လုံးမှိတ်ထားတာလဲ

''အာ.. မောင်ကွာ

ရှက်သွားသောကောင်မလေးက ချယ့်ကိုယ်အားတဘုန်းဘုန်းထုရိုက်လေ၏။ ချယ်ရယ်နေမိတော့ ခြေထောက်အားနင်းလေ၏။

''အား..နာတယ်လေ ဘာလုပ်တာလဲလို့

''လူကိုနောက်ပြောင်နေသေးတယ် သွား..မောင့်ကိုမခေါ်ဘူး

မျက်စောင်းလေးတစ်ချီချီနဲ့အိပ်ရာမှာသွားထိုင်၏။ ချယ် သွားဖက်လေရာတွန်းထုတ်ခြင်းကိုခံရလေပြီ

''မောင့်ကလေးကိုစချင်လို့ပါအချစ်ရယ် ကောက်မနေပါနဲ့နော် ပြောတော့မောင့်ကိုလွမ်းနေတာဆို ခုကျစူပုတ်နေတာပဲ မောင့်နှလုံးသားလေးဝမ်းနည်းသွားပြီ

ရင်ဘတ်ကိုဖိ၍အပိုတွေလုပ်ပြနေသောသူ့အားအမြင်ကတ်လာတာမို့ သူ့လက်အားဆွဲယူကာကိုက်ချလိုက်၏။

''အားးးးး သေပါပြီ

''အမြင်ကတ်လို့

''ဘာလို့လဲ ဘာမှလည်းမလုပ်ပဲ

ဝမ်းနည်းသွားတဲ့အသံလေးနဲ့ပြောလာမှ လွန်များသွားလားဟု ထင်မိလာ၏။ သူ့လက်ကိုကြည့်လိုက်တော့ ဂျီဆူးကိုက်ထားတဲ့သွားရာလေးဟာအထင်းသား။

''နာသွားလား

''ဟီး ပိစိလေးပါ ထပ်ကိုက်အုံးမလား

သူ့လက်ကိုပါးစပ်နားတေ့ပေးလာတဲ့ချယ်။

''ကိုက်ပါဘူး

''ကိုက်ပါကလေးရဲ့ မောင်သဘောကျလို့

''မကိုက်ဘူးကွာ နာတယ်မဟုတ်ဘူးလား

''နာတော့နာပေမယ့်သဘောကျစရာကောင်းတယ်လေ ကလေးသွားရာလေးတွေထင်းနေတာပဲ ဟီး

ခုဏကသွားရာကိုကြည့်ပြီးသဘောတွေကျနေတဲ့သူ့မျက်နှာအား ဆွဲလှည့်စေကာ ဂျီဆူးနမ်းလိုက်တော့၏။

ခဏငြိမ်နေခဲ့သောသူ့အနမ်းတွေက တဖြည်းဖြည်းနဲ့ကြမ်းတမ်းလာကာ သူ့လက်တွေကလည်းဟိုဟိုဒီဒီပွတ်သပ်၍လာစဥ်...။

ကဲ cmtလေး voteလေးဘာလေးလည်းလုပ်ကြအုံးလေကွာ
တင်တာအားမရှိဖြစ်နေတယ်အချစ်တို့ရဲ့ ဟွန့်😒


































Zawgyi

''အာ့နဲ႕ေလငါ့ကိုလီလီလို႔ေခၚလို႔လည္းရတယ္ေနာ္ အခ်ိဳ႕ခင္တဲ့လူေတြကေတာ့အဲ့လိုေခၚၾကတယ္ လီလီပန္းေလးလိုျဖဴစင္ၿပီးခ်စ္စရာေကာင္းလို႔တဲ့ ဟဲဟဲ

သူ႕ဘာသာေျပာၿပီးရယ္ေနေသာလီဆာေၾကာင့္ခ်ယ္လည္းရယ္မိ၏။

''ဒါနဲ႕နင္တစ္ေန႕လုံးဘယ္သြားေနတာလဲ

''ပ်င္းလို႔ေလၿမိဳ႕ထဲေလွ်ာက္သြားေနတာ နင္ေတြ႕တဲ့အတိုင္းပဲဒီမွာဘာရွိလို႔လဲ သိပ္ပ်င္းစရာေကာင္းတာပဲ

ဟုတ္ေတာ့လည္းဟုတ္ပါသည္။ ေျခာက္ကပ္ကပ္နဲ႕ပ်င္းစရာေကာင္းလြန္းသည္။ ေရာက္ကာစမို႔ပဲလားေတာ့မေျပာတတ္ပါ။

''နင္ဒါေတြစားၿပီးဗိုက္ျပည့္လို႔လား အျပင္သြားစားမလား ဒါေတြက ငါညဗိုက္ဆာရင္ထစားဖို႔ဝယ္လာတာ

သူ႕စကားေၾကာင့္ခ်ယ့္မွာလက္ထဲကမုန့္ကိုဆက္ပဲစားရမလား ရပ္ပဲရပ္လိုက္ရမလား လမ္းေပ်ာက္သြားရ၏။

''အျပင္သြားမလား

''သြားမယ္ေလ

သူ႕စကားကိုခ်ယ္လက္ခံလိုက္၏။ ဘာပဲေျပာေျပာ အျပင္သြားၿပီဆိုစိတ္ေတာ့လန္းဆန္းသြားနိုင္သည္ေလ။

''ငါဒီေရာက္ေနတာႏွစ္ရက္ေတာင္ရွိၿပီဟ သိခ်င္တာရွိရင္ငါ့ကိုေမးလို႔ရတယ္ေနာ္

အခန္းျပင္မွာသူ႕ဦးေဆာင္မႈအတိုင္းလိုက္လာစဥ္ သူကခပ္ႂကြားႂကြားေလးေျပာ၏။ တစ္ကယ္လည္းအကုန္သိေလာက္မည့္ပုံပင္။ လမ္းေလွ်ာက္တာေတာင္ ေျမာက္ႂကြေျမာက္ႂကြနဲ႕အကုန္ႏွံ႕ႏွံ႕စပ္စပ္သိမယ့္ပုံမ်ိဳး။

အနားကဆိုင္တစ္ဆိုင္ကိုအငွားကားေလးျဖင့္လိုက္သြားလိုက္၏။ ဆိုင္ေရာက္ေတာ့လည္းသူကပဲ မွာေပးပါသည္။

''အေဆာင္ကညခုနစ္နာရီဆိုပိတ္တယ္ အဲ့အခ်ိန္ထက္ေနာက္က်လိဳ႕ေတာ့မရဘူး

ခ်ယ္ေခါင္းညိမ့္၍အသိအမွတ္ျပဳ၏။

''နင့္အေကာင့္နဲ႕ငါ့လာအပ္လိုက္ေလ fbမွာလည္းသူငယ္ခ်င္းလုပ္ရမွာေပါ့

''နင့္အေကာင့္နာမည္က

''ေပး ေပး ငါရွာေပးမယ္

ခ်ယ့္လက္ထဲကဖုန္းကိုယူကာ သူ႕ဘာသာရွာၿပီးသူ႕ဘာသာပင္ Request ပို႔လိုက္ေလ၏။

''လက္ခံလိုက္ၿပီေနာ္

ေလာေလာလတ္လတ္fri ျဖစ္သြားေသာအေကာင့္ကို ဘာရယ္လို႔ေတာ့မဟုတ္ပဲ အေပၚေအာက္ဆြဲၾကည့္ကာ စပ္စုမိ၏။

shareထားပုံေတြအရေတာ့ ရည္းစားရွိသည့္ပုံပင္။ ဟင္..။

''ဒါက..

ႏႈတ္ကေနပါ ခ်ယ္အံ့အားတသင့္ေျပာမိေတာ့ သူ႕အၾကည့္ကခ်ယ့္ဆီေရာက္လာသည္။

''ဒါ နင့္ရည္းစားလား

သူ႕ပို႔စ္ေအာက္မွာcmtေရးထားသည့္အေကာင့္တစ္ခုကို ခ်ယ္ျပလိုက္၏။ သူကေခါင္းညိမ့္ျပသည္။

''ဘာလို႔လဲ

''ဟင့္အင္း..

ခ်ယ္ေခါင္းေလးခါျပကာ ဆက္၍အံ့ၾသေနမိသည္။ အျပန္အလွန္ခ်စ္တယ္ေတြေျပာေနေသာအေကာင့္က မိန္းကေလးအေကာင့္ျဖစ္ေနတာေၾကာင့္ပင္။

''ဘာလို႔လဲ လက္မခံနိုင္တဲ့လူစားထဲကလား ပြင့္ပြင့္လင္းလင္းေျပာေနာ္ ငါ့အတြက္သူငယ္ခ်င္းမရွားဘူး မႀကိဳက္ဘူးဆိုေအးေဆးပဲသူငယ္ခ်င္းမလုပ္ပဲေနလို႔ရတယ္

''မဟုတ္ပါဘူး publicမွာပါခ်ျပနိုင္လို႔အံ့ၾသေနတာ ငါ့ခ်စ္သူကလည္းေကာင္မေလးပဲေလ

ဒီတစ္ႀကိမ္ေတာ့လီဆာပါအံ့ၾသသြားပုံရ၏။

''တစ္ကယ္ႀကီးလား

''အြန္း

''တိုက္တိုက္ဆိုင္ဆိုင္ဒီလိုဆုံရလို႔ ဝမ္းသာပါတယ္

လက္ကမ္းေပးေသာလီဆာ့လက္အား ခ်ယ္ဝမ္းသာအားရပင္ဆုပ္ကိုင္လိုက္၏။ ထိုသို႔ျဖင့္ ခ်ယ္ႏွင့္ကိုက္ညီေသာ သူငယ္ခ်င္းေကာင္းတစ္ဦးကို ရရွိခဲ့ေလသည္။
.
.
.
.
.
ခ်ယ္နဲ႕လီဆာတို႔ႏွစ္ေယာက္က အေတာ္ေလးအတြဲညီသည္ဟုဆိုရမည္။ ဘယ္သြားသြား တစ္ေယာက္အနားတစ္ေယာက္အၿမဲကပ္ပါတတ္သည္။

ခ်ယ့္ကိုေတာ့လီဆာကသူ၏ေကာင္မေလးျဖစ္သူဂ်င္းနီႏွင့္မိတ္ဆက္ေပးၿပီး၍ခ်ယ္ႏွင့္ေတာင္အေတာ္ေလးခင္မင္ေနခဲ့ၿပီ။ မမႏွင့္လီဆာကိုေတာ့ မိတ္ဆက္မေပးရေသးပါ။

စာသင္ခ်ိန္ၿပီး၍ညေနေစာင္းသည္ႏွင့္ေရမခ်ိဳးခင္မမႏွင့္ဖုန္းခဏဦးစြာေျပာသည္။ ထို႔ေနာက္ညစာလုပ္ၿပီးလွ်င္ႏွစ္ေယာက္သားနာရီဝက္ခန့္စကားေျပာကာအလြမ္းသယ္ၾကသည္။

အဲ့လိုနဲ႕ပဲေန႕ရက္ေလးေတြကိုေက်ာ္ျဖတ္လာခဲ့ၾကရသည္။ ခ်ယ့္တြင္ေတာ့စကားေျပာေဖာ္လီဆာရွိ၍ မပ်င္းရပါ။ သို႔ေပမယ့္မမမွာေတာ့အေဖာ္လုပ္စရာဟူ၍ စာေတြသာရွိေနခဲ့သည္။

ယခုလည္းထုံးစံအတိုင္း ခ်စ္ရသူႏွင့္ခ်ယ္ဖုန္းေျပာေနပါသည္။

''ခုတေလာအခ်ိန္ေတြကုန္တာကလည္းႏွေးလိုက္တာကြာ ေမာင့္ကေလးနဲ႕ျမန္ျမန္ေတြ႕ခ်င္ပါတယ္ဆိုမွပဲ

''အင္းေလေနာ္ ဒီမွာလည္းရက္ကိုလက္ခ်ိဳးၿပီးေရေနရတာ ၾကာေနေရာပဲေမာင္ရယ္

''ေမာင့္ကေလးမ်က္ႏွာေလးကိုျမင္ခ်င္လွၿပီ မျမင္ရတာၾကာေတာ့ဘယ္လို႐ုပ္ေလးမ်ားျဖစ္သြားလဲလို႔

''ဟြန့္...႐ုပ္ဆိုးသြားရင္ေမာင္ကမခ်စ္ေတာ့ဘူးလား

''ခ်စ္တာေပါ့ကေလးရယ္ ေမာင့္ကေလးဘယ္လိုေနေနေမာင္ကခ်စ္ၿပီးသားပါေနာ္ ျဖစ္နိုင္ရင္ေလေမာင့္ကေလးကို႐ုပ္ဆိုးသြားေစခ်င္တာ အဲ့မွအျခားလူေတြမၾကည့္ေတာ့ပဲေနမွာ ေမာင့္ကေလးကိုစိတ္မခ်ပါဘူး

အရမ္းအူတိုတတ္လြန္းသည့္သူ႕စကားေတြေၾကာင့္ဂ်ီဆူးမွာ တခိခိႏွင့္သေဘာက်၍ ရယ္ေနရ၏။ ေမာင္ကထိုသို႔အရမ္းစိတ္ပုတ္တတ္သည့္သူ..။

''ေမာင္ကေတာ့ေလ..မဟုတ္တာေတြသိပ္ေျပာတာပဲ လွတာကေကာင္းတာေလေမာင္ရဲ႕

''မဟုတ္တာ မလွတာကပိုေကာင္းတယ္အခ်စ္ရဲ႕

''ထားေတာ့ ထားေတာ့ ေမာင့္ကိုစကားနိုင္ေအာင္မေျပာနိုင္ဘူး

''နိုင္ေအာင္မေျပာနိုင္တာလား ေမာင့္ကိုခ်စ္လို႔အေလွ်ာ့ေပးတာလားေနာ္

သူ႕အသံႀကီးဟာအျမင္ကတ္ဖို႔ေကာင္းလြန္းေပမယ့္လည္းဂ်ီဆူးမွာေတာ့ ခ်စ္မဝနိုင္ပါ။

''ခ်စ္လို႔အေလွ်ာ့ေပးတာပါရွင္ ဟုတ္ၿပီလား

''ဟဲဟဲ အဲ့လိုမွေပါ့

ေမာင္ကသေဘာက်ေနေလ၏။ သူစိတ္ေပ်ာ္တိုင္း မိမိပါလိုက္ေပ်ာ္ရတာခ်စ္ျခင္းတရားေၾကာင့္ပဲ ျဖစ္ပါလိမ့္မည္။

ေမာင္လာလည္တဲ့ေန႕က်ရင္ေတာ့ ေမာင့္ပါးေလးကိုကိုင္ၿပီးေသခ်ာေျပာျပရမည္။ ေမာင့္ကိုဘယ္ေလာက္လြမ္းေနေၾကာင္းႏွင့္ ေမာင့္အားပို၍ခ်စ္လာေၾကာင္းကိုေပါ့..။
.
.
.
.
.
မနက္ခင္းေရာက္သည္ႏွင့္စိတ္တို႔ကနိုးၾကားကာတက္ႂကြေန၏။ ဒီညေနအိမ္သို႔ျပန္မည္ျဖစ္သည္။

''ေမာနင္းေမာင့္ကေလး

လုပ္ရိုးလုပ္စဥ္အတိုင္း မနက္နိုးလာသည္ႏွင့္ပို႔ေနက်စာေလး ပို႔လိုက္၏။ ခဏအၾကာ

''ေမာနင္းေမာင္ ေျပာစရာရွိလို႔ဖုန္းဆက္ပါအုံး

ေစာေစာစီးစီးဘာမ်ားပါလိမ့္ဟုေတြးကာ ေကာင္မေလးထံဖုန္းေခၚရ၏။

''ဘာေျပာမလို႔ပါလဲ

''ညေနေမာင္ျပန္ေရာက္ရင္ ဒီကိုလာမွာလား

''အြန္းေပါ့အခ်စ္ရဲ႕

''အဲ့ဒါေလညကစဥ္းစားၾကည့္မိတာ ေမာင့္အိမ္ကလူေတြတစ္မ်ိဳးေတြးေနလိမ့္မလားလို႔ ေမာင္လည္းသူတို႔နဲ႕ခြဲေနရတာပဲမလား ျပန္ေရာက္တာနဲ႕မဆီလာရင္မေကာင္းဘူးလားလို႔ေလ

(ခ်ယ္က ကေလးဟုသာေခၚေသာ္လည္းဂ်ီဆူးကေတာ့ သူ႕ကိုယ္သူ'မ'ဟူ၍သာသုံးႏႈန္းတတ္ပါသည္)

''ေကာင္းပါတယ္ကေလးရဲ႕

''ေမာင္ကေတာ့ေလ ေမာင့္ေမေမတို႔လည္းလြမ္းေနမွာေပါ့လို႔ ညအဲ့မွာအိပ္လိုက္ၿပီးမနက္က်မွ မဆီလာေလေနာ္

''..အြန္းပါ

သူ႕အသံေလးက မတတ္သာလို႔လက္ခံရတဲ့အေျခအေနမ်ိဳး။

''ေမာင္ရယ္ မကေရရွည္အတြက္ၾကည့္ေစခ်င္လို႔ပါ ေနာ္ ေမာင္ကလိမၼာပါတယ္

''ဟုတ္ပါၿပီကေလးရဲ႕ ေမာင္မနက္မွပဲလာခဲ့ေတာ့မယ္ေနာ္

''ဟုတ္

''ဒီေန႕ေတြ႕ရၿပီဆိုၿပီးတက္ႂကြေနတာ ခုေပ်ာ္ေတာင္မေပ်ာ္ေတာ့ဘူး

''ဟယ္ တစ္ညေနထဲမေတြ႕ရတာကို မနက္ျဖန္ေတြ႕ရၿပီေလလို႔

''အြန္း အြန္း

''႐ုပ္ႀကီးကိုက... အဲ့ဆိုဒါပဲေလေနာ္ ေမာင္ေက်ာင္းတက္ဖို႔ျပင္စရာရွိတာျပင္ေတာ့

''ဟုတ္

''ေအာ္...ညေနက်ထြက္လာၿပီဆိုစာပို႔ေနာ္ အိမ္ေရာက္ၿပီဆိုလည္းပို႔အုံး

''ဟုတ္ကဲ့ သိပါတယ္ေနာ္

''သိရင္ၿပီးတာပဲ ဒါပဲေနာ္ ခ်စ္တယ္မြ😘

''ေမာင္လည္းအမ်ားႀကီးခ်စ္တယ္ကေလး

သူမကဖုန္းခ်သြားေလၿပီ။ လြမ္းေနရတဲ့သူမကိုထိေတြ႕ခြင့္ရၿပီဆိုၿပီးေပ်ာ္ေနခဲ့တာကို။ အင္းေပါ့ေလ ေမေမတို႔အျမင္ကိုလည္းထည့္ေတြးရအုံးမွာေပါ့။ အရမ္းေတြလြန္ေနရင္ ေမေမတို႔ဘက္ကရိပ္မိသြားမွျပႆနာတက္မည္။

ဘာပဲေျပာေျပာ မနက္ျဖန္ဆိုေကာင္မေလးကို ထိေတြ႕လို႔ရေတာ့မွာပဲဟာဟုေတြး၍ စိတ္ေျဖလိုက္၏။
.
.
.
.
.

ယေန႕တစ္ေန႕လုံး ဂ်ီဆူးအခန္းထဲရႈပ္ပြေနသည္တို႔ကို ရွင္းလင္းေန၏။ မနက္ျဖန္သူေရာက္လာမည္မို႔ သပ္သပ္ရပ္ရပ္ေလးျဖစ္ေအာင္ျပင္ဆင္ေနရသည္။

''ထူးထူးဆန္းဆန္း အခန္းေတြဘာေတြရွင္းေနလို႔ပါလား

လွည့္ၾကည့္လိုက္ေတာ့အခန္းဝတြင္ရပ္ၾကည့္ေနသည့္ေဖေဖ။

''မနက္ျဖန္ခ်ယ္လာမလို႔တဲ့

''ဟုတ္လား

''ဟုတ္ ဒီေန႕ျပန္လာမွာ မနက္က်လာလည္မယ္တဲ့

''ေၾသာ္...အဲ့ေၾကာင့္ရွင္းေနရတာေပါ့ေလ ကဲကဲဆက္ရွင္းပါ

ေဖေဖကျပန္ထြက္သြား၏။ ဂ်ီဆူးလုပ္စရာရွိသည္ကိုလုပ္၍ ေမာင့္အေၾကာင္းေတြးေတာေနမိ၏။

.
.
.
.
.
ေနာက္တစ္ေန႕
......................

မနက္မိုးလင္းတာနဲ႕ခ်ယ္အိပ္ရာမွထလိုက္၏။ ခ်စ္သူႏွင့္ေတြ႕ရမည္မို႔စိတ္လႈပ္ရွားကာ ညကအိပ္၍ပင္မေပ်ာ္ေခ်။

ၿခံထဲဆင္း၍ ပန္းပင္ေလးေတြကိုလိုက္လံၾကည့္ရႈ၏။ ႏွင္းဆီေလးေတြက ပြင့္လို႔ေန၏။

အဝါေရာင္၊ပန္းဆီေရာင္ႏွင့္အနီေရာင္တို႔ျဖင့္သူ႕ဘာသာတစ္မ်ိဳးစီလွေနေသာပန္းေလးေတြထဲမွ အလွဆုံးပန္းကိုေ႐ြးခ်ယ္၏။ ေနာက္ဆုံးတြင္ေတာ့ အလွဆုံးပြင့္ေနေသာအနီေရာင္ပန္းေလးအား ခ်ိဳးလိုက္ကာ ျမဴးထူးေနေသာစိတ္တို႔ျဖင့္
ကိုယ္လက္သန့္စင္ရန္ ေရခ်ိဳးခန္းသို႔ဝင္ရေလေတာ့သည္။

.
.

''မမေရ မမ

ခ်ယ္ေရာက္ေတာ့ ၿခံတံခါးပင္ပိတ္ထားဆဲျဖစ္တာမို႔ ေအာ္ေခၚရ၏။ အသံအခ်ိဳ႕ၾကားရၿပီးေနာက္ေျပးထြက္လာသည့္ေကာင္မေလး။

ဂါဝန္ေလးကိုမ၍အေျပးေရာက္လာကာ တံခါးလာဖြင့္ေပး၏။

''အေစာႀကီးေရာက္လာတာပဲ မ်က္ႏွာေတာင္မသစ္ရေသးဘူးေလ

ပါးေလးႏွစ္ဖက္ကို လက္ျဖင့္အုပ္၍ေျပာလာေလ၏။

''မသစ္ရေသးလည္းေမာင့္ကေလးကေခ်ာတယ္ လြမ္းေနလို႔အေစာႀကီးထလာတာကေလးရဲ႕

ဂ်ီဆူးရဲ႕မ်က္ႏွာက ေက်နပ္မႈေၾကာင့္ၿပဳံး႐ႊင္၍သြား၏။

''လာ

ခ်ယ့္လက္အားဆြဲ၍ေခၚသြားေလ၏။

''ဒီမွာထိုင္ေနအုံး မ်က္ႏွာသြားသစ္လိုက္အုံးမယ္ေနာ္

ေခါင္းညိမ့္ျပ၍ခ်ယ္အိမ္ေရွ႕ခန္းရွိထိုင္ခုံတြင္ထိုင္ေနလိုက္၏။

''သမီးခ်ယ္ ေရာက္လာၿပီလား မေန႕ကဘယ္အခ်ိန္ျပန္ေရာက္လဲကြဲ႕

''မိုးခ်ဳပ္ခါစေရာက္တယ္အန္တီ

''ဟုတ္လား အဆင္ေျပတယ္မလားသမီး

''ေျပပါတယ္အန္တီရဲ႕ နည္းနည္းေတာ့ပ်င္းစရာေကာင္းေပမယ့္ အဆင္ေတာ့ေျပပါတယ္

''ထမင္းေတြက်ေတာ့ေရာဝယ္စားရတာလားသမီး အေဆာင္ကေကြၽးတာလား

''ဟုတ္ အေဆာင္ကစားပါတယ္ တစ္ခါတေလေတာ့ဟင္းမေကာင္းဘူးေပါ့အန္တီရယ္
.
.
.
မ်က္ႏွာသစ္ၿပီးျပန္လာေတာ့ စကားေကာင္းေနၾကေသာေမေမႏွင့္ခ်ယ့္အားေတြ႕ရ၏။

''ေမေမနိုးေနၿပီလား

''ေအးေလ ဒီေန႕ခ်ယ္လာမယ္လို႔သမီးအေဖကေျပာလို႔ေလ သူႀကိဳက္တာေလးေတြခ်က္မလို႔ေစ်းေစာေစာသြားမလို႔

''အမယ္ အေမတို႔မ်ားကိုယ့္သမီးႀကိဳက္တာက်မခ်က္ပဲ

ေမေမရဲ႕မ်က္ေစာင္းႀကီးကေရာက္လာ၏။

''အန္တီလည္းမ်က္ႏွာသစ္ၿပီးေစ်းသြားေတာ့မယ္ သမီးေအးေဆးေနေနာ္ ညေနမွျပန္မယ္မလား

''ဟုတ္ အန္တီ

ေမေမထြက္သြားေတာ့မွဂ်ီဆူးအခန္းထဲသြားလိုက္၏။ ခ်ယ္ကတံခါးပိတ္ၿပီးတာနဲ႕ ဂ်ီဆူးကိုယ္အားေနာက္မွဆြဲဖက္ထားေလ၏။

''လြမ္းေနတာကေလးရဲ႕

ဂ်ီဆူး၏ကိုယ္အားဖက္ထားကာ သူ႕ပါးျဖင့္ပခုံးသားေတြအား လိုက္လံပြတ္သပ္ေန၏။

''ကေလးေရာေမာင့္ကိုမလြမ္းဘူးလားဟင္

မိမိ၏ကိုယ္အားဆြဲလွည့္ကာ ေမး၏။

''ေမးစရာလားေမာင္ရယ္ လြမ္းတာေပါ့ ေမာင့္အရမ္းလြမ္းေနတာသိလား

သူ႕ပါးေလးအားကိုင္၍ေျပာလိုက္၏။ သူ႕မ်က္ႏွာကၾကည္လင္သြားကာ တိုး၍လာ၏။

ဂ်ီဆူးမ်က္လုံးေလးေတြကိုပိတ္ထားလိုက္၏။ သို႔ေသာ္ထင္ထားသလို သူနမ္းလာျခင္းမဟုတ္

''ပန္းပန္ေပးတာပါအခ်စ္ရဲ႕ ဘာလို႔မ်က္လုံးမွိတ္ထားတာလဲ

''အာ.. ေမာင္ကြာ

ရွက္သြားေသာေကာင္မေလးက ခ်ယ့္ကိုယ္အားတဘုန္းဘုန္းထုရိုက္ေလ၏။ ခ်ယ္ရယ္ေနမိေတာ့ ေျခေထာက္အားနင္းေလ၏။

''အား..နာတယ္ေလ ဘာလုပ္တာလဲလို႔

''လူကိုေနာက္ေျပာင္ေနေသးတယ္ သြား..ေမာင့္ကိုမေခၚဘူး

မ်က္ေစာင္းေလးတစ္ခ်ီခ်ီနဲ႕အိပ္ရာမွာသြားထိုင္၏။ ခ်ယ္ သြားဖက္ေလရာတြန္းထုတ္ျခင္းကိုခံရေလၿပီ

''ေမာင့္ကေလးကိုစခ်င္လို႔ပါအခ်စ္ရယ္ ေကာက္မေနပါနဲ႕ေနာ္ ေျပာေတာ့ေမာင့္ကိုလြမ္းေနတာဆို ခုက်စဴပုတ္ေနတာပဲ ေမာင့္ႏွလုံးသားေလးဝမ္းနည္းသြားၿပီ

ရင္ဘတ္ကိုဖိ၍အပိုေတြလုပ္ျပေနေသာသူ႕အားအျမင္ကတ္လာတာမို႔ သူ႕လက္အားဆြဲယူကာကိုက္ခ်လိဳက္၏။

''အားးးးး ေသပါၿပီ

''အျမင္ကတ္လို႔

''ဘာလို႔လဲ ဘာမွလည္းမလုပ္ပဲ

ဝမ္းနည္းသြားတဲ့အသံေလးနဲ႕ေျပာလာမွ လြန္မ်ားသြားလားဟု ထင္မိလာ၏။ သူ႕လက္ကိုၾကည့္လိုက္ေတာ့ ဂ်ီဆူးကိုက္ထားတဲ့သြားရာေလးဟာအထင္းသား။

''နာသြားလား

''ဟီး ပိစိေလးပါ ထပ္ကိုက္အုံးမလား

သူ႕လက္ကိုပါးစပ္နားေတ့ေပးလာတဲ့ခ်ယ္။

''ကိုက္ပါဘူး

''ကိုက္ပါကေလးရဲ႕ ေမာင္သေဘာက်လိဳ႕

''မကိုက္ဘူးကြာ နာတယ္မဟုတ္ဘူးလား

''နာေတာ့နာေပမယ့္သေဘာက်စရာေကာင္းတယ္ေလ ကေလးသြားရာေလးေတြထင္းေနတာပဲ ဟီး

ခုဏကသြားရာကိုၾကည့္ၿပီးသေဘာေတြက်ေနတဲ့သူ႕မ်က္ႏွာအား ဆြဲလွည့္ေစကာ ဂ်ီဆူးနမ္းလိုက္ေတာ့၏။

ခဏၿငိမ္ေနခဲ့ေသာသူ႕အနမ္းေတြက တျဖည္းျဖည္းနဲ႕ၾကမ္းတမ္းလာကာ သူ႕လက္ေတြကလည္းဟိုဟိုဒီဒီပြတ္သပ္၍လာစဥ္...။

ကဲ cmtေလး voteေလးဘာေလးလည္းလုပ္ၾကအုံးေလကြာ
တင္ရတာအားမရွိျဖစ္ေနတယ္အခ်စ္တို႔ရဲ႕ ဟြန့္😒

Continue Reading

You'll Also Like

583K 8.9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.3M 25.7K 51
and all at once, you are the one I have been waiting for theodore nott x fem oc social media x real life lowercase intended started: 3.25.23 finished...
125K 5.4K 52
❥❥❥ [BNHA x Fem!Reader] ❛❛𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪, 𝕎𝕠𝕟'𝕥 𝕞𝕖𝕒𝕟 𝕒𝕟𝕪𝕥𝕙𝕚𝕟𝕘, 𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪...
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...