ဒီတိုင်းလေးနေရင်းမှ ... ချစ်မ...

By akyi_joy

83.7K 5.4K 376

ကြက်ဥရော ဘဲဥရော ကြိုက်ပေမယ့် ... အကာနဲ့အနှစ်တော့ ခွဲစားဖြစ်တယ်တဲ့ ။ More

အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)

အပိုင်း (၁)

16.2K 383 33
By akyi_joy

Unicode

မိုးတွေ အုံ့မှိုင်းတက်လာနေတဲ့ပတ်ဝန်းကျင်တစ်ခု ... ဘာကြောင့်မှန်းမသိ စာသင်ခန်းရဲ့မှန်တံခါးတွေကနေတစ်ဆင့် မြင်နေရတဲ့ ဒီညို့မှိုင်းမှိုင်းမြင်ကွင်းကို မြင်တွေ့ရလျှင် သူသိပ်သဘောကျတာဖြစ်သည်။ ဒီညို့ညို့မှိုင်းမှိုင်း ပတ်ဝန်းကျင်အနေအထားက သူ့ကိုဘာမှန်းမသိစိတ်ကျေနပ်စေသည်။

အိတ်ဆောင်မှန်လေးကိုထုတ်၍ နှုတ်ခမ်းထနီဆိုးနေတဲ့ ဘေးကသူငယ်ချင်းဖြစ်သူမယ်ရီကိုကြည့်တော့ သူခံစားရသလို ခံစားမိမယ်မထင်ပေ။ အခန်းထဲက အခြားအတန်းဖော်တွေကိုလိုက်ကြည့်မိတော့လည်း သိပ်မထူးခြားပေ အားလုံးကိုယ်စီကိုယ်စီနဲ့သူတို့စိတ်တိုင်းကျလှုပ်ရွနေကြတာသာဖြစ်သည်။ သူကသာ ဒီအနေအထားကိုဂရုစိုက်နေမိတာဖြစ်မည်။

အနောက်တန်း ဘက်ကိုလှည့်ကြည့်ခိုက် အနောက်ဆုံးအတန်းက လွတ်နေတဲ့စာသင်ခုံတစ်ခုံ ... ထိုစာသင်ခုံရှိရာကို ငေးမိနေခိုက် ထင်းကနဲဖြစ်သွားစေတဲ့ ကောင်းကင်ကလျှပ်စီးကြောင်းတစ်ခု။

သူတစ်ချက်တွေးမိလိုက်သည်က ထိုလျှပ်စီးကြောင်းနဲ့တူလှသည့် ထိုစာသင်ခုံပိုင်ရှင်ကိုဖြစ်သည်။

ကျောင်းသားတွေအားလုံးက သူတို့ရဲ့နား တွေကို ကိုယ်စီပိတ်လိုက်ကြပေမယ့်သူက တော့ကြောင်နေမိသည်။

ထို့နောက်ခဏတာအတွင်းခံစားမိလိုက်သည့် မယ်ရီ့ရဲ့ လှမ်းဖက်ထားခံလိုက်ရခြင်းကိုသာဖြစ်သည်။ မယ်ရီရဲ့ကျောင်းယူနီဖောင်းလေးကအတော်လေးနွေးသလို ... ရေမွှေးနံ့သင်းသင်းလေးကလည်းမွှေးပျံ့နေသည်။

မိုးချိန်းတာငြိမ်သွားတဲ့နောက် မယ်ရီက နှုတ်ခမ်းနီဆက်ဆိုးနေရင်းမှ ဟေသာ့ ကို ဆူလာသည်။ ပါးစပ်ကသာဆူတာ ဟေသာ့အတွက်ဆို သူကလက်အရင်ရောက်ပြီးသားဖြစ်သည်။

" ဟေသာ နင်တော့နားကွဲတော့မှာဘဲ ... ဒီလောက် တစ်ခန်းလုံးနားပိတ်နေကြတာကို
သူကကြောင်နေတယ် "

" ဒါနဲ့ နင်သိပြီးပြီလား "

ဒါနဲ့နင်သိပြီးပြီလားဆိုတဲ့ စကားရဲ့အနောက်မှာ စိတ်ဝင်စားစရာတဲ့သတင်းတစ်ရပ်ကပ်ပါလာတတ်မြဲဖြစ်သည်။

" ဘာကိုလဲ "

မယ်ရီက ဟေသာ့အနားခပ်စိတ်စိတ်တိုးလာသည်မို့ ဟေသာသည်လည်းခန္ဓာကိုယ်ကိုအလိုလျောက် နားကိုအသင့်ပြင်ကာရှေ့သို့တိုး ထားပေးမိသည်။

" ဂန္ဓဝင့် ကို လုလုကငြင်းလိုက်တာတဲ့ဟယ် အဲ့သတင်းကကန်တင်းမှာနာမည် ကြီးနေ
တာ "

လုလုဆိုတာ အခုန ဟေသာ ကြည့်နေမိတဲ့ နောက်ဆုံးအတန်းထောင့်ဘက်က စာသင်ခုံရဲ့ပိုင်ရှင် ... လူဘုန်းသန့်ဖြစ်သည်။

လူဘုန်းသန့် ကလျှပ်စီးကြောင်းနဲ့တူတယ်လို့ ဟေသာဘာကြောင့် တွေးမိလိုက်မှန်း သူကိုယ်တိုင်တောင်မသိပေ။ အခုပြန်စဉ်းစားကြည့်မှရယ်ချင်စရာဖြစ်သည်။ လူဘုန်းသန့် ဟာ ဟေသာ သိသလောက်အဆင်ပြေတဲ့လူမျိုးပါ။ တစ်ခါတစ်လေတော့လည်း အေးတိ အေးစက်နိုင်ပေမယ့်ထူးပြည့်ဝ နဲ့အတူ တူရှိရင်တော့ ထိုကောင်လေးကပေါ့ပေါ့ပါးပါးဖြစ်သည်။

" လူဘုန်းသန့် ကအဆင်ပြေပါတယ် "

ဟေသာ ပြောလိုက်မိသည်။ လူဘုန်းသန့် က ချုံကြည့်ရ‌သလောက် ကျောင်းသားတစ်ယောက်အနေနဲ့ဆို စည်းကမ်းမလိုက်နာတတ်သလိုရှိပေမယ့် အဆင်ပြေပါတယ်။

လူဘုန်းသန့်က သူတို့ကျောင်းရဲ့ king တွေလို‌မွတ်နေအောင် မချောနေပေမယ့်လည်းသူ့ဘာ သာသာသူဘောင်တန်းဝင်သည်။ အား ကစားသမားဖြစ်သည့်အလျောက် အားလုံးနဲ့လည်း အဆင်ပြေပြေပေါင်းသင်းတတ်တာကသူတို့မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။

" ငါက လူဘုန်းသန့်က အဆင်မပြေဘူးလို့ပြောလို့လား ... လူဘုန်းသန့် ကအဆင်ပြေတယ်လေအကုန်လုံးနဲ့လည်းပြေတယ် မပြေတာက ဂန္ဓဝင် ကိုငြင်းလိုက်တာ "

" အင်း "

" အမှန်ဆို သူအနေနဲ့ ဂန္ဓဝင်ကိုငြင်းစရာမလိုတာလေ ... တွဲလိုက်ရောပေါ့ ဂန္ဓဝင် က
ဒီလောက်လှတာကို ၊ ဘယ်‌လောက်မိုက်မလဲ ကြက်တောင်ချန်ပီယံနဲ့ ကျောင်းရဲ့အလှ လေး "

ဂန္ဓဝင်ဒီလောက်လှတယ်ဆို ဟေသာအပြည့်အဝကိုလက်ခံပေမယ့် ဒီလောက်လှတဲ့ ဂန္ဓဝင် ကို လူဘုန်းသန့် မတွဲတာက ဟေသာလည်းမတွေးတတ်ပေ။

" သူက ဂန္ဓဝင်နဲ့တွဲရမှဖြစ်မှာမို့လို့လား "

" အင်း ... အဲ့လိုဆိုတော့လည်း နင်ပြောမှစဉ်းစားမိတယ် သူ့လိုလူက ဂန္ဓဝင် နဲ့တွဲမှဖြစ်မှာလားနော် ... နင်ကော ဘယ်လိုထင်လဲ ဒီကိစ္စမှာ လူဘုန်းသန့် ဘာကြောင့်ငြင်းလိုက်တယ်ထင်လဲ "

ဟေသာ မယ်ရီ့ကိုမျက်မှောင်တွေတွန့်ကျိုးရင်းကြည့်မိသည်။ မဆီမဆိုင်သူက လူဘုန်းသန့် ရဲ့စိတ်ကိုဘယ်လိုသိနိုင်မှာတဲ့လဲ။

"‌ ငါက ဘယ်လိုထင်ရမှာလဲ ငါက
လူဘုန်းသန့် မှမဟုတ်တာ "

" ဒါပေမယ့် နင်က လူဘုန်းသန့်နဲ့ပိုသိတယ်လေ ... သူကနင့်အစ်ကိုသူငယ်ချင်းမလား "

" အဲ့လိုဆို သူက နင်နဲ့လည်းတစ်တန်းတည်းတက်နေတာမလား ... ဒါနဲ့ဘဲ နင်ရောသူ့စိတ်ကိုသိရောလား "

" ငါက အဲ့လိုလည်းမဟုတ်ဘူးဟာ ... ငါကသူ့ဘက်က မခံမရပ်ဖြစ်လို့လေ ... သူက
အမြဲသူ့ဘာသာနေတာ အခုတော့ ဂန္ဓဝင့်ကို ငြင်းလိုက်တာလေးတစ်ခုနဲ့ဘဲ သူက
မကောင်းဖြစ်ရောလေ "

လူဘုန်းသန့်တို့များ ကျောင်းလေး သုံး၊လေး ရက်လောက်ပျက်သွားတာတောင် ကျောင်းမှာလူပြောမပျက်ပေ။ လူဘုန်းသန့်က အမြဲအဲ့လိုဖြစ်သည် ... ကျောင်းရဲ့ထိပ်တန်းနာမည်ကြီးမဟုတ်ပေမယ့်လည်း သူ့အကြောင်းဆိုတာနဲ့လူတွေက စိတ်ဝင်စားကြတတ်သည်။

သိပ်တော့လည်းမဟုတ်သေးပေ ထူးပြည့်ဝကိုတွေ့တော့မှအစ်ကြည့်အုန်းမည်။

*****

ညနေကျောင်းဆင်းတော့ ဟေသာ တစ်ယောက် လက်ထဲထီးတစ်ချောင်းကိုကိုင်လို့ကျောင်းဆောင်ရှေ့မှာရပ်၍ ထူးပြည့်ဝကိုစောင့်နေရသည်။

" ဟေသာ ငါသွားတော့မယ် "

ဆိုးထားတဲ့နှုတ်ခမ်းနီရဲရဲက ‌မယ်ရီ့နှုတ်ခမ်းဖူးဖူးလေးမှာ ထင်းလို့သာဖြစ်သည်။ ဒီကောင်မလေးအရမ်းပဲများတတ်တာသူအသိဆုံးဖြစ်သည်။ပဲများလောက်ရအောင်လည်း သူ့သူငယ်ချင်းကချောတာကို။

" အင်း တာ့တာ "

ထွက်သွားတဲ့ မယ်ရီကို ကြည့်နေရင်းမှထွက်မလာသေးတဲ့ ထူးပြည့်ဝကို လည်းဒေါသထွက်ရသည်။ ထူးပြည့်ဝနဲ့သူက အတန်းတူပေမယ့် အခန်းတော့မတူပေ ... ဒီတိုင်းဆို အခန်းဝထိ သွားကြိုပေးရမယ့်ပုံပင်။

ကိုင်ထားတဲ့ထီးလေးနဲ့ကြမ်းပြင်ကိုဆော့နေခိုက် ... ထီးတစ်ချောင်းထဲကို နှစ်ယောက်စောင်းလို့ပြေးထွက်သွားတဲ့ ကျောင်းတွင်းအတွဲကိုတွေ့တော့ ဟေသာ ပြုံးမိသည်။ အတွဲတွေများသဘောကျစရာကောင်းလိုက်တာ။

သူ့လို‌ကျောင်းသူတစ်‌ယောက်ရဲ့ ဖြတ်သန်းပုံက ခုလိုကျောင်းတွင်း အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ မင်းသားနဲ့မင်းသမီး နားကဖြတ်လျှောက်သွားတတ်တဲ့ သာမာန်ကျောင်းသူတစ်ယောက်ရဲ့ဘဝမျိုးနဲ့တူသည်။ စိတ်ဝင် စားမှုလည်းမခံရသလို၊ စိတ်ဝင်စားစရာဆို၍ လည်းမယ်မယ်ရာရာမရှိပေ။ ဒီလိုသာမာန် ကျောင်းသူဘဝကနည်းနည်းတော့‌ ပျင်းစရာကောင်းပေမယ့် ကောင်းကွက်လေးတွေတော့ရှိပါသေးသည်။

ထပ်မံငေးမိတော့ ဟေသာ တို့ကျောင်းရဲ့အလှပဂေးလေးတွေက မိုးရွာနေတဲ့အချိန်တောင် အတော်လေးစမတ်ကျကြသည်။ အရှေ့က ပြေးထွက်သွားတဲ့ ဂန္ဓဝင်ကိုကြည့်ပြီး ထီးဆောင်းသွားတာလေးကအစ နာမည်အတိုင်း ဂန္ဓဝင်ဆန်လှသည်။ မယ်ရီပြောသလို ဒီလိုအလှတစ်ပါးကို လူဘုန်းသန့် ဘယ်လိုတောင်ငြင်းနိုင်လဲမသိ။

" တေးဟေသာထွန်း !! "

ကြားလိုက်ရတဲ့ အသံကြောင့်မျက်ဝန်းအစုံက သူ့အလိုလိုမျက်စောင်းထိုးမိလိုက်သည်။

" နင် ဒီအချိန်ကြီးမှထွက်လာတယ် ... တစ်ကျောင်းလုံးတောင် ကုန်တော့မယ် "

အနားရောက်လာတဲ့အရပ်ရှည်ရှည်နဲ့ကျောင်း သားဖြစ်သူရဲ့ လက်ထဲကို ထီးပေးလိုက်ရင်းပြောလိုက်မိသည်။ ဟေသာ ခပ်ဆောင့်ဆောင့်ပြော‌တာတောင် သူကအပြုံးမပျက်၊ခပ်ရွဲ့ရွဲ့ဖြစ်သည်။

" ရုပ်ကိုက "

" ငြိမ်ငြိမ်နေ ... ပိတ်တွန်းလိုက်လို့မိုးရေထဲရောက်သွားမယ် "

" ထူးပြည့်ဝ "

ဟေသာ့ကိုတွန်းထုတ်ဟန်ဆောင်ကာစနေတဲ့ ထူးပြည့်ဝ ဖြစ်သည်။

" ဘာလဲ "

ဟေသာ ကိုမသိမသာပင် ထီးအပြင်သို့တွန်းထုတ်နေခြင်းဖြစ်သည်။ အမြဲ ထူးပြည့်ဝနဲ့လမ်းသွားရင်ဘဲဖြစ်ဖြစ်၊ တစ်ခုခု းလုပ်ရင်ဘဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်ပြီးသွားတယ်မရှိ၊ အမြဲနှောင့်ယှက်တတ်မြဲဖြစ် သည်။ ဒေါ်ဒေါ်ငယ်သာ သူ့လိုသားမျိုးမမွေးထားဘူးဆို ဟေသာတို့တစ်‌ယောက်ထဲတောက်ပနေမှာဖြစ်သည်။

ကျောင်းသွားကျောင်းပြန် တူတူပြန်လေ့ရှိတဲ့ဟေသာတို့နှစ်ယောက်က လမ်းသွားတိုင်းမှာလည်းအမြဲတကျက်ကျက်နဲ့ဖြစ်သည်။ အခုလည်း bus ကားပေါ် ရောက်လာ‌တာတောင် သူ့မှာ‌တောင်စဉ်ရေမရစကားတို့ ပြောလို့မပြီးသေးပေ။

" ဟေသာ ... ငါတို့‌ကျောင်းကောင်စီဥက္ကဌ‌ရွေးပွဲလုပ်မှာတဲ့ ငါ့ကိုမဲပေးပါလား ... နင်တစ်ယောက်ထဲ မဟုတ်သေးဘူး၊ နင်တို့ တစ်တန်းလုံးငါ့ကိုမဲပေးဖို့ နင်ဆွယ်ပေးရမယ် ... "

" နင် ဆုတောင်းနေပေါ့ "

ဟေသာ ရဲ့တိုက်ရိုက်ငြင်းဆန်မှုကိုတောင် ထူးပြည့်ဝ ကမမှုပေ။

" လူဘုန်းသန့် ကိုတော့ သူ့ကိုငါပိုင်တယ် ... ပြီးရင် ‌မယ်ရီ မယ်ရီလည်း ငါရတယ်၊
ပြီးတော့ နင် ... Woow ငါအခု လောလော ဆယ် three votes တောင်ရသွားပြီဘဲ အလားလာ အတော်လေးကိုကောင်းနေပြီ "

bus ကားပေါ်မှာ အားရပါးရဟန် ပြောနေတဲ့ ထူးပြည့်ဝ ကြောင့် ဟေသာမှာမျက်နှာအုပ်ထားရသည်။

" အင်း ... မင်း ဒီလောက်ဆို US President တောင်ဖြစ်နိုင်တယ်၊ ဆက်ကြိုးစား ... "

ဟေသာတို့နှစ်ယောက်ကြားလိုက်ရတဲ့စကားသံကြောင့် အနောက်ကိုလှည့်ကြည့်မိတော့ bus ကားခုံကိုမှီတွဲရင်း သူတို့ကိုပြောလာသည့် လူဘုန်းသန့် ဖြစ်သည်။

သူ ... သူကဘယ်လို ဒီကားပေါ်ရောက်နေတာလဲ။

" ဟာ ... ဟိတ်ကောင် လုလု မင်းဘယ်တုန်း က ကား‌ပေါ်ရောက်နေတာလဲ "

" မင်းတို့မတက်လာခင် ... သုံးမှတ်တိုင်အလိုလောက်ထဲက "

တကယ် တကယ် လူဘုန်းသန့် နဲ့ ထူးပြည့်ဝ တယ်လည်းလိုက်ပါသည်။ အခုလည်း ထူးပြည့်ဝ တစ်ယောက် အနောက်မှာရှိတဲ့ သူ့သားဆီကျော်ခွမသွားတာ ကံကောင်း။

" ကျောင်းကျတော့ပျက်ပြီး ကျောင်းရှေ့ကျတော့ ဘယ်လိုရောက်လာတာလဲ "

မနေနိုင်တဲ့အဆုံး မေးမိလိုက်တဲ့ဟေသာက လူဘုန်းသန့် နဲ့ အပြောဆိုတော့ရှိသည်။
ဟေသာနဲ့လူဘုန်းသန့် စတင်ပြီးသိလာခဲ့တာရော၊ စတင်ပြီးစကားပြောဖူးတာရောက ထူးပြည့်ဝ ကြောင့်သာဖြစ်သည်။

ကျောင်းအမြဲပျက်တတ်တဲ့ လူဘုန်းသန့်ကိုစာအုပ်ငှားပေးဖို့ ထူးပြည့်ဝ ကအကူအညီတောင်းခဲ့ရမှာ စတင်လာခဲ့ခြင်းဖြစ်သည်။

အခုလည်း ကျောင်းကျ သုံးရက်လောက်ပျက်ထားပြီး ကျောင်းရှေ့တည့်တည့်ဖြတ်တဲ့ bus ကားကျစီးရဲတာဖြစ်သည်။ မတော်လို့ တစ်ယောက်ယောက်တွေ့သွားရင် ရုံးခန်းထဲသက်သက်တိုင်စာရောက်မည်။

" ငါ့ကိုလွမ်းလို့နေမှာပေါ့ ... ဟိတ်ကောင် လုလု ဟုတ်တယ်မလား "

" အင်း ... သူ့ကိုလွမ်းလို့လေ "

လူဘုန်းသန့်ကကျောင်းအတွက် အရေးပါတဲ့ကျောင်းသားတစ်ယောက် လို့ဆိုရမည်။ ဘာလို့ဆိုကြက်တောင်အားကစားသမားဖြစ်တဲ့ သူကကျောင်းရဲ့ဂုဏ်ကို အမြဲဆောင်ပေးနေလို့ဖြစ်သည်။ ထပ်ပေါင်းအနေနဲ့ဆို သူက အနာဂတ်မှာနိုင်ငံလက်ရွေးစင်အသင်းအတွက် tip ပေးခံထားရခြင်းဖြစ်သည်။

ပြန်စဉ်းစားကြည့်တော့လည်း သူ့လိုကျောင်း သားတစ်ယောက်အဖို့ ကျောင်းပျက်ဖို့ကအတော်လေးလွယ်လှပါသည်။

" လုလု မင်းသတင်းတွေပလူပျံနေတာ ... "

ထူးပြည့်ဝပြောတဲ့သတင်းကို ဟေသာလည်း
စိတ်ဝင်စားသည်မို့ အနောက်ဘက်ခုံက
လူဘုန်းသန့် ရှိရာစီ အနည်းငယ်အာရုံစိုက်မိသည်။

" မင်း ဂန္ဓဝင်နဲ့တွဲဖို့ အစီစဉ်ရှိတာမဟုတ်ဘူးလား "

" မဟုတ်က ဟုတ်ကတွေ၊ ငါ ဘယ်တုန်းကများ သူ့အကြောင်းပြောတာ မင်းကြားဖူးလို့လဲ "

" အဲ့ဒါတော့ အဲ့ဒါပေမယ့် မင်း ... တကယ် ဂန္ဓဝင့် ကိုစိတ်မဝင်စားတာလား "

" မင်း ဒီလောက်တောင်အကဲခတ်ညံ့နေရင် ကောင်စီ ဥက္ကဌ မပြောနဲ့သန့်ရှင်းရေးတောင်မဖြစ်ဘူး "

" ဒါတော့ မဖြစ်သေးဘူးလေကွာ ... ငါကောင်စီ ဥက္ကဌ ဖြစ်ရင် မင်းတို့အားကစားသမားတွေအတွက် budget ပိုလုပ်ပေးပါ့မယ် "

" ငါ့ဘာသာ ငါအိတ်စိုက်လိုက်ပါမယ် "

လူးဘုန်းသန့် ကသူ့သူငယ်ချင်း ထူးပြည့်ဝ ကို ထိုမျှထိယုံကြည်ပါသည်။

" ဟေသာ နင်ကတော့ ကောင်စီဥက္ကဌရဲ့ဆွေမျိုးဖြစ်မှာနော်၊နင့်အတွက်သီးသန့်ကွာ "

" ထူးပြည့်ဝ နင်ပေါက်ကရတွေပြောဖို့ဆိုရတယ် "

" နင့်အနာဂတ်အတွက် ဒီကအကိုကသေချာ စီစဉ်ပေးပါ့မယ် "

" ဟုတ်တယ်၊ ကျောင်းအုပ်ကြီးက နင့်အဖေ ဦးသက်ခိုင်လေ "

ဟေသာ့ စကားမှာ ထူးပြည့်ဝ လည်းငြိမ်သွားတော့သည်။ ဦးသက်ခိုင် ကထူးပြည့်ဝ အဖေ ဟေသာ့ ဦးလေး ဖြစ်ပြီး၊ ကျောင်း အုပ်ကြီးကတော့ ထူးပြည့်ဝ နဲ့လုံးဝမှမတည့်တဲ့ကျောင်းအုပ်ဖြစ်သည်။

" ဟား .... ဟား "

" ဟား ... မင်းကွာ ကျောင်းအုပ်ကြီးကမင်းအဖေ ဆိုတာ ငါ့ကိုတောင်မပြောဘူး ဒါဆိုရင်တော့ မင်း budget တိုးပေးမယ့်ကိစ္စယုံသွားပြီ ... "

" ဟေသာ အေး ... အေး ကြုံတော့လုပ်ထားအုန်းပေါ့ "

ရယ်နေမိတဲ့ ဟေသာ ရဲ့သွားတန်းလေး တွေက ညီညာစွာပေါ်လာခဲ့သည် ... ဆံနွယ်ဝိုက်ဝိုက်လေးတို့ကလည်း မျက်နှာဘေးတစ်ဖက်၊ တစ်ချက်စီမှာဖြာကျနေခဲ့သည်။ ညာဘက်ပါးမို့မို့ပေါ်က မှဲ့နက်လေးကလည်းဒီနေ့မှပိုလှနေသည်။ လက်ချောင်းသွယ်သွယ်လေးတွေကလည်း ရင်ခွင်ထဲကကျောပိုးအိတ် အနက်‌ပကလေးဆီပွေ့ပိုက်လို့‌နေရာယူထား‌ခဲ့သည်။

ထို့နောက် မှတ်တိုင်မှာဆင်းသွားတဲ့ လူဘုန်းသန့် ... ကျောင်းယူနီဖောင်းမဟုတ်တဲ့ အပြင်ဝတ်စားနဲ့ လူဘုန်းသန့် ဟာ racket ထည့်ထားတဲ့အိတ်ကိုကျောပေါ်မှာလွယ်လို့ထား သည်။ ဒါဆို သူ training ကပြန်လာတာသာဖြစ်မည်။

မိုးဖွားလေးတွေကြောင့် စိုစွတ်နေတဲ့ နှာဖူးပေါ်ကဆံနွယ်လေးတွေနဲ့၊သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အသွင်ပြင်တစ်ချို့ဖြစ်သည်။ ဆယ်ကျော် သက် အထက်တန်းကျောင်းသားသာရှိသေးသည့် သူ့ရဲ့အရပ်ကြီးကမှတ်တိုင်က အခြားလူတွေထက်တောင်ထင်းနေတာဖြစ်သည်။ 

ကားပေါ်ကသူတို့နဲ့ ... မှတ်တိုင်ကသူ့ကြားအကွာအဝေးက တဖြည်းဖြည်းနဲ့ဝေးကွာလာခဲ့သည်။

" လုလု ဆင်းသွားတော့ ပျင်းဖို့‌ကောင်းသွား လိုက်တာ "

" လိုက်သွားလေ "

" ဟဲ့ ဟဲ့ ... "

ထူးပြည့်ဝ နေရာကနေထနေသည်မို့ ဟေသာမှာ ဂုတ်ကနေ ပြန်ဆွဲလိုက်ရသည်။ ဒီမျောက်အတော်လေးနံ့သည်။

" ဘာလို့ဆွဲထားတာလေ ... နင်ဘဲလိုက်သွားဆို "

" ဒီကောင်!! ... ပြန်ထိုင်စမ်း "

မကြည်မလင်မျက်နှာနဲ့ပြန်ထိုင်တဲ့ ထူးပြည့်ဝ ကဟေသာ့ထက်အကြီးဆို မည်သူမျှမယုံပေ။

ထူးပြည့်ဝရဲ့မေမေ ဟေသာရဲ့ ဒေါ်ဒေါ်ငယ်က လမ်းထိပ်မှာ mini mart တစ်ခုဖွင့်ထားသည်မို့ ဟေသာ တို့အိမ်တန်းမပြန်ခင် mini mart သို့ခဏဝင်အုန်းမည်ဖြစ်သည်။ ပြီးမှသာ ဟေသာကဒီဘက်တစ်လမ်း၊
ထူးပြည့်ဝက ဟိုဘက်လမ်း ... တစ်လမ်းစီကိုပြန်မည်ဖြစ်သည်။မမှားဘူးဆိုနှစ်ယောက်သား အိမ်မပြန်ချင်သေးလို့ အကြောင်းရှာတာသာဖြစ်သည်။

" ဟေသာ ... နင် မနက်ဖြန် မနောက်ကျစေနဲ့၊ကားကစီးရတာကြပ်ပါတယ်ဆိုမှ နင်ကပါနောက်ကျနေတယ် "

" တစ်ရက်ထဲ‌ စောင့်လိုက်ရတာကို "

အမြဲ ဟေသာကဘဲစောင့်နေရတာဖြစ်ပြီး၊သူကတစ်ရက်ထဲ စောင့်‌ရတာကို မဏ္ဍုပ်တိုင်ဖွင့်ပြနေသည်။

" မရှည်နဲ့ ... တစ်ရက်လည်းတစ်ရက်ဘဲ၊ မနက်ဖြန်နောက်ကျရင် နင် ငါ့ကို ice coffee ဝယ်တိုက်ရမယ် ဒါဘဲ "

" အင်း ... မနက်ဖြန်နင့်ဘာသာဘဲကျောင်းသွား "

ဟေသာ့စကားကြောင့် ထူးပြည့်ဝ တစ်ယောက်၊ လက်ကနာရီကိုကြည့်ရင်း မျက်နှာအမူအရာတို့ ဆင့်ကဲပြောင်းလဲသွားသည်။

" ဟာကွာ ... ဒီနေ့ကသောကြာနေ့ဘဲ၊ ပျင်းစရာကောင်းတဲ့ ကျောင်းပိတ်ရက်ရက်နှစ်ရက်ကိုကျော်ဖြတ်ရအုန်းမှာဘဲ "

ထူးပြည့်ဝက စာသာမယ်မယ်ရရမလုပ်တာ၊ကျောင်းတက်ရလို့ပျော်တာဆိုသူထိပ်ဆုံးကဖြစ်သည်။

" နင်ဘဲကျောင်းအတတ်ချင်ဆုံး ... ကျောင်း အုပ်ကြီးတောင် နင့်လောက်ကျောင်းကိုမချစ်နိုင်ဘူး "

" ကျောင်းမှာကပျော်ဖို့ကောင်းတယ် ... အိမ်မှာကပျင်းဖို့ကောင်းတယ် "

ဆိုင်ထဲလှမ်းကြည့်မိတော့ ဒေါ်ငယ်ကသူတို့ကိုကလှမ်းကြည့်နေပြီမို့၊ ဟေသာ တို့စကားတွေခဏရပ်ကာ ဆိုင်ထဲခပ်မြန်မြန်ပင်ဝင်သွားခဲ့တော့သည်။

*****

(title လေးအတိုင်းပါဘဲ ဒီတိုင်းနေရင်းမှချစ်မိသွားတဲ့ပုံပါဘဲ၊

စာမရေးတာအတော်လေးကြာပြီလို့ဆိုရမယ် ... ဆက်ရေးလို့အဆင်ပြေပါ့အုန်းမလားတောင် မသေချာဘူးရယ် ....

ဒါပေမယ့်လည်း သားသား လူဘုန်းသန့်နဲ့ဟေသာ တို့ကိုစာဖတ်သူတို့လို ချစ်စရာကောင်းတဲ့လူတွေနဲ့တွေ့စေချင်လို့ပါ။ )

🏸🏸🏸🏸🏸

Zawgyi

မးေတြ အုံ႕မွိုင္းတက္လာေနတဲ့ပတ္ဝန္းက်င္တစ္ခု ... ဘာေၾကာင့္မွန္းမသိ စာသင္ခန္းရဲ႕မွန္တံခါးေတြကေနတစ္ဆင့္ ျမင္ေနရတဲ့ ဒီညို႔မွိုင္းမွိုင္းျမင္ကြင္းကို ျမင္ေတြ႕ရလွ်င္ သူသိပ္သေဘာက်တာျဖစ္သည္။ ဒီညို႔ညို႔မွိုင္းမွိုင္း ပတ္ဝန္းက်င္အေနအထားက သူ႕ကိုဘာမွန္းမသိစိတ္ေက်နပ္ေစသည္။

အိတ္ေဆာင္မွန္ေလးကိုထုတ္၍ ႏႈတ္ခမ္းထနီဆိုးေနတဲ့ ေဘးကသူငယ္ခ်င္းျဖစ္သူမယ္ရီကိုၾကည့္ေတာ့ သူခံစားရသလို ခံစားမိမယ္မထင္ေပ။ အခန္းထဲက အျခားအတန္းေဖာ္ေတြကိုလိုက္ၾကည့္မိေတာ့လည္း သိပ္မထူးျခားေပ အားလုံးကိုယ္စီကိုယ္စီနဲ႕သူတို႔စိတ္တိုင္းက်လႈပ္႐ြေနၾကတာသာျဖစ္သည္။ သူကသာ ဒီအေနအထားကိုဂ႐ုစိုက္ေနမိတာျဖစ္မည္။

အေနာက္တန္း ဘက္ကိုလွည့္ၾကည့္ခိုက္ အေနာက္ဆုံးအတန္းက လြတ္ေနတဲ့စာသင္ခုံတစ္ခုံ ... ထိုစာသင္ခုံရွိရာကို ေငးမိေနခိုက္ ထင္းကနဲျဖစ္သြားေစတဲ့ ေကာင္းကင္ကလွ်ပ္စီးေၾကာင္းတစ္ခု။

သူတစ္ခ်က္ေတြးမိလိုက္သည္က ထိုလွ်ပ္စီးေၾကာင္းနဲ႕တူလွသည့္ ထိုစာသင္ခုံပိုင္ရွင္ကိုျဖစ္သည္။

ေက်ာင္းသားေတြအားလုံးက သူတို႔ရဲ႕နား ေတြကို ကိုယ္စီပိတ္လိုက္ၾကေပမယ့္သူက ေတာ့ေၾကာင္ေနမိသည္။

ထို႔ေနာက္ခဏတာအတြင္းခံစားမိလိုက္သည့္ မယ္ရီ႕ရဲ႕ လွမ္းဖက္ထားခံလိုက္ရျခင္းကိုသာျဖစ္သည္။ မယ္ရီရဲ႕ေက်ာင္းယူနီေဖာင္းေလးကအေတာ္ေလးေႏြးသလို ... ေရေမႊးနံ႕သင္းသင္းေလးကလည္းေမႊးပ်ံ့ေနသည္။

မိုးခ်ိန္းတာၿငိမ္သြားတဲ့ေနာက္ မယ္ရီက ႏႈတ္ခမ္းနီဆက္ဆိုးေနရင္းမွ ေဟသာ့ ကို ဆူလာသည္။ ပါးစပ္ကသာဆူတာ ေဟသာ့အတြက္ဆို သူကလက္အရင္ေရာက္ၿပီးသားျဖစ္သည္။

" ေဟသာ နင္ေတာ့နားကြဲေတာ့မွာဘဲ ... ဒီေလာက္ တစ္ခန္းလုံးနားပိတ္ေနၾကတာကို
သူကေၾကာင္ေနတယ္ "

" ဒါနဲ႕ နင္သိၿပီးၿပီလား "

ဒါနဲ႕နင္သိၿပီးၿပီလားဆိုတဲ့ စကားရဲ႕အေနာက္မွာ စိတ္ဝင္စားစရာတဲ့သတင္းတစ္ရပ္ကပ္ပါလာတတ္ၿမဲျဖစ္သည္။

" ဘာကိုလဲ "

မယ္ရီက ေဟသာ့အနားခပ္စိတ္စိတ္တိုးလာသည္မို႔ ေဟသာသည္လည္းခႏၶာကိုယ္ကိုအလိုေလ်ာက္ နားကိုအသင့္ျပင္ကာေရွ႕သို႔တိုး ထားေပးမိသည္။

" ဂႏၶဝင့္ ကို လုလုကျငင္းလိုက္တာတဲ့ဟယ္ အဲ့သတင္းကကန္တင္းမွာနာမည္ ႀကီးေန
တာ "

လုလုဆိုတာ အခုန ေဟသာ ၾကည့္ေနမိတဲ့ ေနာက္ဆုံးအတန္းေထာင့္ဘက္က စာသင္ခုံရဲ႕ပိုင္ရွင္ ... လူဘုန္းသန႔္ျဖစ္သည္။

လူဘုန္းသန႔္ ကလွ်ပ္စီးေၾကာင္းနဲ႕တူတယ္လို႔ ေဟသာဘာေၾကာင့္ ေတြးမိလိုက္မွန္း သူကိုယ္တိုင္ေတာင္မသိေပ။ အခုျပန္စဥ္းစားၾကည့္မွရယ္ခ်င္စရာျဖစ္သည္။ လူဘုန္းသန႔္ ဟာ ေဟသာ သိသေလာက္အဆင္ေျပတဲ့လူမ်ိဳးပါ။ တစ္ခါတစ္ေလေတာ့လည္း ေအးတိ ေအးစက္နိုင္ေပမယ့္ထူးျပည့္ဝ နဲ႕အတူ တူရွိရင္ေတာ့ ထိုေကာင္ေလးကေပါ့ေပါ့ပါးပါးျဖစ္သည္။

" လူဘုန္းသန႔္ ကအဆင္ေျပပါတယ္ "

ေဟသာ ေျပာလိုက္မိသည္။ လူဘုန္းသန႔္ က ခ်ဳံၾကည့္ရ‌သေလာက္ ေက်ာင္းသားတစ္ေယာက္အေနနဲ႕ဆို စည္းကမ္းမလိုက္နာတတ္သလိုရွိေပမယ့္ အဆင္ေျပပါတယ္။

လူဘုန္းသန႔္က သူတို႔ေက်ာင္းရဲ႕ king ေတြလို‌မြတ္ေနေအာင္ မေခ်ာေနေပမယ့္လည္းသူ႕ဘာ သာသာသူေဘာင္တန္းဝင္သည္။ အား ကစားသမားျဖစ္သည့္အေလ်ာက္ အားလုံးနဲ႕လည္း အဆင္ေျပေျပေပါင္းသင္းတတ္တာကသူတို႔မ်က္ျမင္ကိုယ္ေတြ႕ပင္ျဖစ္သည္။

" ငါက လူဘုန္းသန႔္က အဆင္မေျပဘူးလို႔ေျပာလို႔လား ... လူဘုန္းသန႔္ ကအဆင္ေျပတယ္ေလအကုန္လုံးနဲ႕လည္းေျပတယ္ မေျပတာက ဂႏၶဝင္ ကိုျငင္းလိုက္တာ "

" အင္း "

" အမွန္ဆို သူအေနနဲ႕ ဂႏၶဝင္ကိုျငင္းစရာမလိုတာေလ ... တြဲလိုက္ေရာေပါ့ ဂႏၶဝင္ က
ဒီေလာက္လွတာကို ၊ ဘယ္‌ေလာက္မိုက္မလဲ ၾကက္ေတာင္ခ်န္ပီယံနဲ႕ ေက်ာင္းရဲ႕အလွ ေလး "

ဂႏၶဝင္ဒီေလာက္လွတယ္ဆို ေဟသာအျပည့္အဝကိုလက္ခံေပမယ့္ ဒီေလာက္လွတဲ့ ဂႏၶဝင္ ကို လူဘုန္းသန႔္ မတြဲတာက ေဟသာလည္းမေတြးတတ္ေပ။

" သူက ဂႏၶဝင္နဲ႕တြဲရမွျဖစ္မွာမို႔လို႔လား "

" အင္း ... အဲ့လိုဆိုေတာ့လည္း နင္ေျပာမွစဥ္းစားမိတယ္ သူ႕လိုလူက ဂႏၶဝင္ နဲ႕တြဲမွျဖစ္မွာလားေနာ္ ... နင္ေကာ ဘယ္လိုထင္လဲ ဒီကိစၥမွာ လူဘုန္းသန႔္ ဘာေၾကာင့္ျငင္းလိုက္တယ္ထင္လဲ "

ေဟသာ မယ္ရီ႕ကိုမ်က္ေမွာင္ေတြတြန႔္က်ိဳးရင္းၾကည့္မိသည္။ မဆီမဆိုင္သူက လူဘုန္းသန႔္ ရဲ႕စိတ္ကိုဘယ္လိုသိနိုင္မွာတဲ့လဲ။

"‌ ငါက ဘယ္လိုထင္ရမွာလဲ ငါက
လူဘုန္းသန႔္ မွမဟုတ္တာ "

" ဒါေပမယ့္ နင္က လူဘုန္းသန႔္နဲ႕ပိုသိတယ္ေလ ... သူကနင့္အစ္ကိုသူငယ္ခ်င္းမလား "

" အဲ့လိုဆို သူက နင္နဲ႕လည္းတစ္တန္းတည္းတက္ေနတာမလား ... ဒါနဲ႕ဘဲ နင္ေရာသူ႕စိတ္ကိုသိေရာလား "

" ငါက အဲ့လိုလည္းမဟုတ္ဘူးဟာ ... ငါကသူ႕ဘက္က မခံမရပ္ျဖစ္လို႔ေလ ... သူက
အၿမဲသူ႕ဘာသာေနတာ အခုေတာ့ ဂႏၶဝင့္ကို ျငင္းလိုက္တာေလးတစ္ခုနဲ႕ဘဲ သူက
မေကာင္းျဖစ္ေရာေလ "

လူဘုန္းသန႔္တို႔မ်ား ေက်ာင္းေလး သုံး၊ေလး ရက္ေလာက္ပ်က္သြားတာေတာင္ ေက်ာင္းမွာလူေျပာမပ်က္ေပ။ လူဘုန္းသန႔္က အၿမဲအဲ့လိုျဖစ္သည္ ... ေက်ာင္းရဲ႕ထိပ္တန္းနာမည္ႀကီးမဟုတ္ေပမယ့္လည္း သူ႕အေၾကာင္းဆိုတာနဲ႕လူေတြက စိတ္ဝင္စားၾကတတ္သည္။

သိပ္ေတာ့လည္းမဟုတ္ေသးေပ ထူးျပည့္ဝကိုေတြ႕ေတာ့မွအစ္ၾကည့္အုန္းမည္။

*****

ညေနေက်ာင္းဆင္းေတာ့ ေဟသာ တစ္ေယာက္ လက္ထဲထီးတစ္ေခ်ာင္းကိုကိုင္လို႔ေက်ာင္းေဆာင္ေရွ႕မွာရပ္၍ ထူးျပည့္ဝကိုေစာင့္ေနရသည္။

" ေဟသာ ငါသြားေတာ့မယ္ "

ဆိုးထားတဲ့ႏႈတ္ခမ္းနီရဲရဲက ‌မယ္ရီ႕ႏႈတ္ခမ္းဖူးဖူးေလးမွာ ထင္းလို႔သာျဖစ္သည္။ ဒီေကာင္မေလးအရမ္းပဲမ်ားတတ္တာသူအသိဆုံးျဖစ္သည္။ပဲမ်ားေလာက္ရေအာင္လည္း သူ႕သူငယ္ခ်င္းကေခ်ာတာကို။

" အင္း တာ့တာ "

ထြက္သြားတဲ့ မယ္ရီကို ၾကည့္ေနရင္းမွထြက္မလာေသးတဲ့ ထူးျပည့္ဝကို လည္းေဒါသထြက္ရသည္။ ထူးျပည့္ဝနဲ႕သူက အတန္းတူေပမယ့္ အခန္းေတာ့မတူေပ ... ဒီတိုင္းဆို အခန္းဝထိ သြားႀကိဳေပးရမယ့္ပုံပင္။

ကိုင္ထားတဲ့ထီးေလးနဲ႕ၾကမ္းျပင္ကိုေဆာ့ေနခိုက္ ... ထီးတစ္ေခ်ာင္းထဲကို ႏွစ္ေယာက္ေစာင္းလို႔ေျပးထြက္သြားတဲ့ ေက်ာင္းတြင္းအတြဲကိုေတြ႕ေတာ့ ေဟသာ ၿပဳံးမိသည္။ အတြဲေတြမ်ားသေဘာက်စရာေကာင္းလိုက္တာ။

သူ႕လို‌ေက်ာင္းသူတစ္‌ေယာက္ရဲ႕ ျဖတ္သန္းပုံက ခုလိုေက်ာင္းတြင္း အခ်စ္ဇာတ္လမ္းတစ္ပုဒ္မွာ မင္းသားနဲ႕မင္းသမီး နားကျဖတ္ေလွ်ာက္သြားတတ္တဲ့ သာမာန္ေက်ာင္းသူတစ္ေယာက္ရဲ႕ဘဝမ်ိဳးနဲ႕တူသည္။ စိတ္ဝင္ စားမႈလည္းမခံရသလို၊ စိတ္ဝင္စားစရာဆို၍ လည္းမယ္မယ္ရာရာမရွိေပ။ ဒီလိုသာမာန္ ေက်ာင္းသူဘဝကနည္းနည္းေတာ့‌ ပ်င္းစရာေကာင္းေပမယ့္ ေကာင္းကြက္ေလးေတြေတာ့ရွိပါေသးသည္။

ထပ္မံေငးမိေတာ့ ေဟသာ တို႔ေက်ာင္းရဲ႕အလွပေဂးေလးေတြက မိုး႐ြာေနတဲ့အခ်ိန္ေတာင္ အေတာ္ေလးစမတ္က်ၾကသည္။ အေရွ႕က ေျပးထြက္သြားတဲ့ ဂႏၶဝင္ကိုၾကည့္ၿပီး ထီးေဆာင္းသြားတာေလးကအစ နာမည္အတိုင္း ဂႏၶဝင္ဆန္လွသည္။ မယ္ရီေျပာသလို ဒီလိုအလွတစ္ပါးကို လူဘုန္းသန႔္ ဘယ္လိုေတာင္ျငင္းနိုင္လဲမသိ။

" ေတးေဟသာထြန္း !! "

ၾကားလိုက္ရတဲ့ အသံေၾကာင့္မ်က္ဝန္းအစုံက သူ႕အလိုလိုမ်က္ေစာင္းထိုးမိလိုက္သည္။

" နင္ ဒီအခ်ိန္ႀကီးမွထြက္လာတယ္ ... တစ္ေက်ာင္းလုံးေတာင္ ကုန္ေတာ့မယ္ "

အနားေရာက္လာတဲ့အရပ္ရွည္ရွည္နဲ႕ေက်ာင္း သားျဖစ္သူရဲ႕ လက္ထဲကို ထီးေပးလိုက္ရင္းေျပာလိုက္မိသည္။ ေဟသာ ခပ္ေဆာင့္ေဆာင့္ေျပာ‌တာေတာင္ သူကအၿပဳံးမပ်က္၊ခပ္႐ြဲ႕႐ြဲ႕ျဖစ္သည္။

" ႐ုပ္ကိုက "

" ၿငိမ္ၿငိမ္ေန ... ပိတ္တြန္းလိုက္လို႔မိုးေရထဲေရာက္သြားမယ္ "

" ထူးျပည့္ဝ "

ေဟသာ့ကိုတြန္းထုတ္ဟန္ေဆာင္ကာစေနတဲ့ ထူးျပည့္ဝ ျဖစ္သည္။

" ဘာလဲ "

ေဟသာ ကိုမသိမသာပင္ ထီးအျပင္သို႔တြန္းထုတ္ေနျခင္းျဖစ္သည္။ အၿမဲ ထူးျပည့္ဝနဲ႕လမ္းသြားရင္ဘဲျဖစ္ျဖစ္၊ တစ္ခုခု းလုပ္ရင္ဘဲျဖစ္ျဖစ္ ေကာင္းေကာင္းမြန္မြန္ၿပီးသြားတယ္မရွိ၊ အၿမဲေႏွာင့္ယွက္တတ္ၿမဲျဖစ္ သည္။ ေဒၚေဒၚငယ္သာ သူ႕လိုသားမ်ိဳးမေမြးထားဘူးဆို ေဟသာတို႔တစ္‌ေယာက္ထဲေတာက္ပေနမွာျဖစ္သည္။

ေက်ာင္းသြားေက်ာင္းျပန္ တူတူျပန္ေလ့ရွိတဲ့ေဟသာတို႔ႏွစ္ေယာက္က လမ္းသြားတိုင္းမွာလည္းအၿမဲတက်က္က်က္နဲ႕ျဖစ္သည္။ အခုလည္း bus ကားေပၚ ေရာက္လာ‌တာေတာင္ သူ႕မွာ‌ေတာင္စဥ္ေရမရစကားတို႔ ေျပာလို႔မၿပီးေသးေပ။

" ေဟသာ ... ငါတို႔‌ေက်ာင္းေကာင္စီဥကၠဌ‌ေ႐ြးပြဲလုပ္မွာတဲ့ ငါ့ကိုမဲေပးပါလား ... နင္တစ္ေယာက္ထဲ မဟုတ္ေသးဘူး၊ နင္တို႔ တစ္တန္းလုံးငါ့ကိုမဲေပးဖို႔ နင္ဆြယ္ေပးရမယ္ ... "

" နင္ ဆုေတာင္းေနေပါ့ "

ေဟသာ ရဲ႕တိုက္ရိုက္ျငင္းဆန္မႈကိုေတာင္ ထူးျပည့္ဝ ကမမႈေပ။

" လူဘုန္းသန႔္ ကိုေတာ့ သူ႕ကိုငါပိုင္တယ္ ... ၿပီးရင္ ‌မယ္ရီ မယ္ရီလည္း ငါရတယ္၊
ၿပီးေတာ့ နင္ ... Woow ငါအခု ေလာေလာ ဆယ္ three votes ေတာင္ရသြားၿပီဘဲ အလားလာ အေတာ္ေလးကိုေကာင္းေနၿပီ "

bus ကားေပၚမွာ အားရပါးရဟန္ ေျပာေနတဲ့ ထူးျပည့္ဝ ေၾကာင့္ ေဟသာမွာမ်က္ႏွာအုပ္ထားရသည္။

" အင္း ... မင္း ဒီေလာက္ဆို US President ေတာင္ျဖစ္နိုင္တယ္၊ ဆက္ႀကိဳးစား ... "

ေဟသာတို႔ႏွစ္ေယာက္ၾကားလိုက္ရတဲ့စကားသံေၾကာင့္ အေနာက္ကိုလွည့္ၾကည့္မိေတာ့ bus ကားခုံကိုမွီတြဲရင္း သူတို႔ကိုေျပာလာသည့္ လူဘုန္းသန႔္ ျဖစ္သည္။

သူ ... သူကဘယ္လို ဒီကားေပၚေရာက္ေနတာလဲ။

" ဟာ ... ဟိတ္ေကာင္ လုလု မင္းဘယ္တုန္း က ကား‌ေပၚေရာက္ေနတာလဲ "

" မင္းတို႔မတက္လာခင္ ... သုံးမွတ္တိုင္အလိုေလာက္ထဲက "

တကယ္ တကယ္ လူဘုန္းသန႔္ နဲ႕ ထူးျပည့္ဝ တယ္လည္းလိုက္ပါသည္။ အခုလည္း ထူးျပည့္ဝ တစ္ေယာက္ အေနာက္မွာရွိတဲ့ သူ႕သားဆီေက်ာ္ခြမသြားတာ ကံေကာင္း။

" ေက်ာင္းက်ေတာ့ပ်က္ၿပီး ေက်ာင္းေရွ႕က်ေတာ့ ဘယ္လိုေရာက္လာတာလဲ "

မေနနိုင္တဲ့အဆုံး ေမးမိလိုက္တဲ့ေဟသာက လူဘုန္းသန႔္ နဲ႕ အေျပာဆိုေတာ့ရွိသည္။
ေဟသာနဲ႕လူဘုန္းသန႔္ စတင္ၿပီးသိလာခဲ့တာေရာ၊ စတင္ၿပီးစကားေျပာဖူးတာေရာက ထူးျပည့္ဝ ေၾကာင့္သာျဖစ္သည္။

ေက်ာင္းအၿမဲပ်က္တတ္တဲ့ လူဘုန္းသန႔္ကိုစာအုပ္ငွားေပးဖို႔ ထူးျပည့္ဝ ကအကူအညီေတာင္းခဲ့ရမွာ စတင္လာခဲ့ျခင္းျဖစ္သည္။

အခုလည္း ေက်ာင္းက် သုံးရက္ေလာက္ပ်က္ထားၿပီး ေက်ာင္းေရွ႕တည့္တည့္ျဖတ္တဲ့ bus ကားက်စီးရဲတာျဖစ္သည္။ မေတာ္လို႔ တစ္ေယာက္ေယာက္ေတြ႕သြားရင္ ႐ုံးခန္းထဲသက္သက္တိုင္စာေရာက္မည္။

" ငါ့ကိုလြမ္းလို႔ေနမွာေပါ့ ... ဟိတ္ေကာင္ လုလု ဟုတ္တယ္မလား "

" အင္း ... သူ႕ကိုလြမ္းလို႔ေလ "

လူဘုန္းသန႔္ကေက်ာင္းအတြက္ အေရးပါတဲ့ေက်ာင္းသားတစ္ေယာက္ လို႔ဆိုရမည္။ ဘာလို႔ဆိုၾကက္ေတာင္အားကစားသမားျဖစ္တဲ့ သူကေက်ာင္းရဲ႕ဂုဏ္ကို အၿမဲေဆာင္ေပးေနလို႔ျဖစ္သည္။ ထပ္ေပါင္းအေနနဲ႕ဆို သူက အနာဂတ္မွာနိုင္ငံလက္ေ႐ြးစင္အသင္းအတြက္ tip ေပးခံထားရျခင္းျဖစ္သည္။

ျပန္စဥ္းစားၾကည့္ေတာ့လည္း သူ႕လိုေက်ာင္း သားတစ္ေယာက္အဖို႔ ေက်ာင္းပ်က္ဖို႔ကအေတာ္ေလးလြယ္လွပါသည္။

" လုလု မင္းသတင္းေတြပလူပ်ံေနတာ ... "

ထူးျပည့္ဝေျပာတဲ့သတင္းကို ေဟသာလည္း
စိတ္ဝင္စားသည္မို႔ အေနာက္ဘက္ခုံက
လူဘုန္းသန႔္ ရွိရာစီ အနည္းငယ္အာ႐ုံစိုက္မိသည္။

" မင္း ဂႏၶဝင္နဲ႕တြဲဖို႔ အစီစဥ္ရွိတာမဟုတ္ဘူးလား "

" မဟုတ္က ဟုတ္ကေတြ၊ ငါ ဘယ္တုန္းကမ်ား သူ႕အေၾကာင္းေျပာတာ မင္းၾကားဖူးလို႔လဲ "

" အဲ့ဒါေတာ့ အဲ့ဒါေပမယ့္ မင္း ... တကယ္ ဂႏၶဝင့္ ကိုစိတ္မဝင္စားတာလား "

" မင္း ဒီေလာက္ေတာင္အကဲခတ္ညံ့ေနရင္ ေကာင္စီ ဥကၠဌ မေျပာနဲ႕သန႔္ရွင္းေရးေတာင္မျဖစ္ဘူး "

" ဒါေတာ့ မျဖစ္ေသးဘူးေလကြာ ... ငါေကာင္စီ ဥကၠဌ ျဖစ္ရင္ မင္းတို႔အားကစားသမားေတြအတြက္ budget ပိုလုပ္ေပးပါ့မယ္ "

" ငါ့ဘာသာ ငါအိတ္စိုက္လိုက္ပါမယ္ "

လူးဘုန္းသန႔္ ကသူ႕သူငယ္ခ်င္း ထူးျပည့္ဝ ကို ထိုမွ်ထိယုံၾကည္ပါသည္။

" ေဟသာ နင္ကေတာ့ ေကာင္စီဥကၠဌရဲ႕ေဆြမ်ိဳးျဖစ္မွာေနာ္၊နင့္အတြက္သီးသန႔္ကြာ "

" ထူးျပည့္ဝ နင္ေပါက္ကရေတြေျပာဖို႔ဆိုရတယ္ "

" နင့္အနာဂတ္အတြက္ ဒီကအကိုကေသခ်ာ စီစဥ္ေပးပါ့မယ္ "

" ဟုတ္တယ္၊ ေက်ာင္းအုပ္ႀကီးက နင့္အေဖ ဦးသက္ခိုင္ေလ "

ေဟသာ့ စကားမွာ ထူးျပည့္ဝ လည္းၿငိမ္သြားေတာ့သည္။ ဦးသက္ခိုင္ ကထူးျပည့္ဝ အေဖ ေဟသာ့ ဦးေလး ျဖစ္ၿပီး၊ ေက်ာင္း အုပ္ႀကီးကေတာ့ ထူးျပည့္ဝ နဲ႕လုံးဝမွမတည့္တဲ့ေက်ာင္းအုပ္ျဖစ္သည္။

" ဟား .... ဟား "

" ဟား ... မင္းကြာ ေက်ာင္းအုပ္ႀကီးကမင္းအေဖ ဆိုတာ ငါ့ကိုေတာင္မေျပာဘူး ဒါဆိုရင္ေတာ့ မင္း budget တိုးေပးမယ့္ကိစၥယုံသြားၿပီ ... "

" ေဟသာ ေအး ... ေအး ႀကဳံေတာ့လုပ္ထားအုန္းေပါ့ "

ရယ္ေနမိတဲ့ ေဟသာ ရဲ႕သြားတန္းေလး ေတြက ညီညာစြာေပၚလာခဲ့သည္ ... ဆံႏြယ္ဝိုက္ဝိုက္ေလးတို႔ကလည္း မ်က္ႏွာေဘးတစ္ဖက္၊ တစ္ခ်က္စီမွာျဖာက်ေနခဲ့သည္။ ညာဘက္ပါးမို႔မို႔ေပၚက မွဲ႕နက္ေလးကလည္းဒီေန႕မွပိုလွေနသည္။ လက္ေခ်ာင္းသြယ္သြယ္ေလးေတြကလည္း ရင္ခြင္ထဲကေက်ာပိုးအိတ္ အနက္‌ပကေလးဆီေပြ႕ပိုက္လို႔‌ေနရာယူထား‌ခဲ့သည္။

ထို႔ေနာက္ မွတ္တိုင္မွာဆင္းသြားတဲ့ လူဘုန္းသန႔္ ... ေက်ာင္းယူနီေဖာင္းမဟုတ္တဲ့ အျပင္ဝတ္စားနဲ႕ လူဘုန္းသန႔္ ဟာ racket ထည့္ထားတဲ့အိတ္ကိုေက်ာေပၚမွာလြယ္လို႔ထား သည္။ ဒါဆို သူ training ကျပန္လာတာသာျဖစ္မည္။

မိုးဖြားေလးေတြေၾကာင့္ စိုစြတ္ေနတဲ့ ႏွာဖူးေပၚကဆံႏြယ္ေလးေတြနဲ႕၊သူ႕ရဲ႕ဆြဲေဆာင္မႈရွိတဲ့အသြင္ျပင္တစ္ခ်ိဳ႕ျဖစ္သည္။ ဆယ္ေက်ာ္ သက္ အထက္တန္းေက်ာင္းသားသာရွိေသးသည့္ သူ႕ရဲ႕အရပ္ႀကီးကမွတ္တိုင္က အျခားလူေတြထက္ေတာင္ထင္းေနတာျဖစ္သည္။ 

ကားေပၚကသူတို႔နဲ႕ ... မွတ္တိုင္ကသူ႕ၾကားအကြာအေဝးက တျဖည္းျဖည္းနဲ႕ေဝးကြာလာခဲ့သည္။

" လုလု ဆင္းသြားေတာ့ ပ်င္းဖို႔‌ေကာင္းသြား လိုက္တာ "

" လိုက္သြားေလ "

" ဟဲ့ ဟဲ့ ... "

ထူးျပည့္ဝ ေနရာကေနထေနသည္မို႔ ေဟသာမွာ ဂုတ္ကေန ျပန္ဆြဲလိုက္ရသည္။ ဒီေမ်ာက္အေတာ္ေလးနံ႕သည္။

" ဘာလို႔ဆြဲထားတာေလ ... နင္ဘဲလိုက္သြားဆို "

" ဒီေကာင္!! ... ျပန္ထိုင္စမ္း "

မၾကည္မလင္မ်က္ႏွာနဲ႕ျပန္ထိုင္တဲ့ ထူးျပည့္ဝ ကေဟသာ့ထက္အႀကီးဆို မည္သူမွ်မယုံေပ။

ထူးျပည့္ဝရဲ႕ေမေမ ေဟသာရဲ႕ ေဒၚေဒၚငယ္က လမ္းထိပ္မွာ mini mart တစ္ခုဖြင့္ထားသည္မို႔ ေဟသာ တို႔အိမ္တန္းမျပန္ခင္ mini mart သို႔ခဏဝင္အုန္းမည္ျဖစ္သည္။ ၿပီးမွသာ ေဟသာကဒီဘက္တစ္လမ္း၊
ထူးျပည့္ဝက ဟိုဘက္လမ္း ... တစ္လမ္းစီကိုျပန္မည္ျဖစ္သည္။မမွားဘူးဆိုႏွစ္ေယာက္သား အိမ္မျပန္ခ်င္ေသးလို႔ အေၾကာင္းရွာတာသာျဖစ္သည္။

" ေဟသာ ... နင္ မနက္ျဖန္ မေနာက္က်ေစနဲ႕၊ကားကစီးရတာၾကပ္ပါတယ္ဆိုမွ နင္ကပါေနာက္က်ေနတယ္ "

" တစ္ရက္ထဲ‌ ေစာင့္လိုက္ရတာကို "

အၿမဲ ေဟသာကဘဲေစာင့္ေနရတာျဖစ္ၿပီး၊သူကတစ္ရက္ထဲ ေစာင့္‌ရတာကို မ႑ဳပ္တိုင္ဖြင့္ျပေနသည္။

" မရွည္နဲ႕ ... တစ္ရက္လည္းတစ္ရက္ဘဲ၊ မနက္ျဖန္ေနာက္က်ရင္ နင္ ငါ့ကို ice coffee ဝယ္တိုက္ရမယ္ ဒါဘဲ "

" အင္း ... မနက္ျဖန္နင့္ဘာသာဘဲေက်ာင္းသြား "

ေဟသာ့စကားေၾကာင့္ ထူးျပည့္ဝ တစ္ေယာက္၊ လက္ကနာရီကိုၾကည့္ရင္း မ်က္ႏွာအမူအရာတို႔ ဆင့္ကဲေျပာင္းလဲသြားသည္။

" ဟာကြာ ... ဒီေန႕ကေသာၾကာေန႕ဘဲ၊ ပ်င္းစရာေကာင္းတဲ့ ေက်ာင္းပိတ္ရက္ရက္ႏွစ္ရက္ကိုေက်ာ္ျဖတ္ရအုန္းမွာဘဲ "

ထူးျပည့္ဝက စာသာမယ္မယ္ရရမလုပ္တာ၊ေက်ာင္းတက္ရလို႔ေပ်ာ္တာဆိုသူထိပ္ဆုံးကျဖစ္သည္။

" နင္ဘဲေက်ာင္းအတတ္ခ်င္ဆုံး ... ေက်ာင္း အုပ္ႀကီးေတာင္ နင့္ေလာက္ေက်ာင္းကိုမခ်စ္နိုင္ဘူး "

" ေက်ာင္းမွာကေပ်ာ္ဖို႔ေကာင္းတယ္ ... အိမ္မွာကပ်င္းဖို႔ေကာင္းတယ္ "

ဆိုင္ထဲလွမ္းၾကည့္မိေတာ့ ေဒၚငယ္ကသူတို႔ကိုကလွမ္းၾကည့္ေနၿပီမို႔၊ ေဟသာ တို႔စကားေတြခဏရပ္ကာ ဆိုင္ထဲခပ္ျမန္ျမန္ပင္ဝင္သြားခဲ့ေတာ့သည္။

*****

(title ေလးအတိုင္းပါဘဲ ဒီတိုင္းေနရင္းမွခ်စ္မိသြားတဲ့ပုံပါဘဲ၊

စာမေရးတာအေတာ္ေလးၾကာၿပီလို႔ဆိုရမယ္ ... ဆက္ေရးလို႔အဆင္ေျပပါ့အုန္းမလားေတာင္ မေသခ်ာဘူးရယ္ ....

ဒါေပမယ့္လည္း သားသား လူဘုန္းသန႔္နဲ႕ေဟသာ တို႔ကိုစာဖတ္သူတို႔လို ခ်စ္စရာေကာင္းတဲ့လူေတြနဲ႕ေတြ႕ေစခ်င္လို႔ပါ။ )

🏸🏸🏸🏸🏸

Continue Reading

You'll Also Like

2.2M 128K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
5.9K 351 6
❝𝘾𝙖𝙡𝙢 𝙙𝙤𝙬𝙣 𝙜𝙞𝙧𝙡, 𝙬𝙝𝙮 𝙮𝙤𝙪 𝙨𝙤 𝙢𝙖𝙙?❞ #MISTY- Where all people admire Y/n because her act of service with everyone. ©-FUYUK1 | aut...
604K 19.7K 37
"MILITARY (HIGH SCHOOL) ROMANCE" The C40, is a special ops youth militia. Leila Adams, enters Royal High School, as the first ever female scholarship...
723K 60.1K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...