အပိုင်း (၁)

13.3K 348 33
                                    

Unicode

မိုးတွေ အုံ့မှိုင်းတက်လာနေတဲ့ပတ်ဝန်းကျင်တစ်ခု ... ဘာကြောင့်မှန်းမသိ စာသင်ခန်းရဲ့မှန်တံခါးတွေကနေတစ်ဆင့် မြင်နေရတဲ့ ဒီညို့မှိုင်းမှိုင်းမြင်ကွင်းကို မြင်တွေ့ရလျှင် သူသိပ်သဘောကျတာဖြစ်သည်။ ဒီညို့ညို့မှိုင်းမှိုင်း ပတ်ဝန်းကျင်အနေအထားက သူ့ကိုဘာမှန်းမသိစိတ်ကျေနပ်စေသည်။

အိတ်ဆောင်မှန်လေးကိုထုတ်၍ နှုတ်ခမ်းထနီဆိုးနေတဲ့ ဘေးကသူငယ်ချင်းဖြစ်သူမယ်ရီကိုကြည့်တော့ သူခံစားရသလို ခံစားမိမယ်မထင်ပေ။ အခန်းထဲက အခြားအတန်းဖော်တွေကိုလိုက်ကြည့်မိတော့လည်း သိပ်မထူးခြားပေ အားလုံးကိုယ်စီကိုယ်စီနဲ့သူတို့စိတ်တိုင်းကျလှုပ်ရွနေကြတာသာဖြစ်သည်။ သူကသာ ဒီအနေအထားကိုဂရုစိုက်နေမိတာဖြစ်မည်။

အနောက်တန်း ဘက်ကိုလှည့်ကြည့်ခိုက် အနောက်ဆုံးအတန်းက လွတ်နေတဲ့စာသင်ခုံတစ်ခုံ ... ထိုစာသင်ခုံရှိရာကို ငေးမိနေခိုက် ထင်းကနဲဖြစ်သွားစေတဲ့ ကောင်းကင်ကလျှပ်စီးကြောင်းတစ်ခု။

သူတစ်ချက်တွေးမိလိုက်သည်က ထိုလျှပ်စီးကြောင်းနဲ့တူလှသည့် ထိုစာသင်ခုံပိုင်ရှင်ကိုဖြစ်သည်။

ကျောင်းသားတွေအားလုံးက သူတို့ရဲ့နား တွေကို ကိုယ်စီပိတ်လိုက်ကြပေမယ့်သူက တော့ကြောင်နေမိသည်။

ထို့နောက်ခဏတာအတွင်းခံစားမိလိုက်သည့် မယ်ရီ့ရဲ့ လှမ်းဖက်ထားခံလိုက်ရခြင်းကိုသာဖြစ်သည်။ မယ်ရီရဲ့ကျောင်းယူနီဖောင်းလေးကအတော်လေးနွေးသလို ... ရေမွှေးနံ့သင်းသင်းလေးကလည်းမွှေးပျံ့နေသည်။

မိုးချိန်းတာငြိမ်သွားတဲ့နောက် မယ်ရီက နှုတ်ခမ်းနီဆက်ဆိုးနေရင်းမှ ဟေသာ့ ကို ဆူလာသည်။ ပါးစပ်ကသာဆူတာ ဟေသာ့အတွက်ဆို သူကလက်အရင်ရောက်ပြီးသားဖြစ်သည်။

" ဟေသာ နင်တော့နားကွဲတော့မှာဘဲ ... ဒီလောက် တစ်ခန်းလုံးနားပိတ်နေကြတာကို
သူကကြောင်နေတယ် "

" ဒါနဲ့ နင်သိပြီးပြီလား "

ဒါနဲ့နင်သိပြီးပြီလားဆိုတဲ့ စကားရဲ့အနောက်မှာ စိတ်ဝင်စားစရာတဲ့သတင်းတစ်ရပ်ကပ်ပါလာတတ်မြဲဖြစ်သည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲحيث تعيش القصص. اكتشف الآن