အပိုင်း (၂၀)

2K 190 6
                                    

Unicode

အားကစားခန်းမထဲရောက်လာခဲ့တဲ့ ဂန္ဓဝင်ကလူဘုန်းသန့် ဆီတိုက်ရိုက်လာခဲ့တယ်ဆိုတာ ဟေသာတို့အားလုံး သိတဲ့အမှန်တရားတစ်ခုဖြစ်သည်။ ဒါကို ငြင်းပယ်စရာမရှိတဲ့လူဘုန်းသန့်က ဟေသာ တို့နဲ့မလှမ်းမကမ်းမှာ နှစ်ယောက်သားမျက်နှာချင်းဆိုင်ရပ်နေကြခြင်းဖြစ်သည်။ အခုလည်း ဂန္ဓဝင့်လက်ထဲမှာ brand တံဆိပ်ပါအိတ်တစ်လုံးကိုကိုင်ထားခဲ့တာမလား။

ပြုံးစိစိနဲ့လိုက်နှောင့်နေကြတဲ့ ဟိန်းသနဲ့ထူးပြည့်ဝက စားလက်စဖြစ်နေတဲ့ကိတ်အရသာကောင်းကောင်းကိုမြည်းစားနေရင်းနဲ့မှရင်ခုန် စရာ ဇာတ်လမ်းတစ်ပုဒ်ကိုအခမဲ့ကြည့်ခွင့်ရတာမို့သဘောခွေ့နေပုံပင်။

ငေးနေတဲ့ဟေသာကို တံတောင်နဲ့တွတ်လာတဲ့ ‌မယ်ရီကမျက်လုံးနဲ့ဟန်ရေးပြလို့ဆိုလာတာဖြစ်သည်။

" ဒီနှစ်ယောက်အခြေနေကိုကြည့်အုန်း ... လူဘုန်းသန့်ကသာ ငြင်း‌နေတာ၊အခုကတွဲတော့မယ့်လူတွေလုပ်နေကျတဲ့အတိုင်းဘဲ "

" ဘယ်လိုလုပ်နေကြအတိုင်းလဲ "

" ကြည့်ပါလား ... သူငယ်ချင်းတွေပါဆိုပြီးလူရှေ့မသိမသာလေး အတူတူထွက်လာပြမယ်၊ပြီးရင် အတွေ့စိတ်လာကြမယ်တဖြည်း ဖြည်း၊ နောက်ဆုံးငါတို့ကျောင်းရဲ့ ကျောင်းတွင်းဗီဇအရတွဲကြ‌ဝောာ့မယ်လေ။ အခုတောင်လက်ထဲလက်ဆောင်ပါလာတာကြည့် ပါလား "

သေချာတွေးကြည့်မိမှ ... ‌ဒီလိုသာဆိုဟိန်းသနဲ့မယ်ရီ့ထက်တောင် လူဘုန်းသန့်ကလက်ပိုသွက်သွားနိုင်တာဖြစ်သည်။

" နင်တို့နှစ်ယောက်ထဲ ဆွေးနွေးရေးမလုပ်နေနဲ့၊လုပ်ပါအုန်း ... ဝေဖန်သံလေး "

မနီးမနားကနေ ဟေသာတို့အနားသို့ခြေလှမ်းတွေကိုနောက်ပြန်လျှောက်လာတဲ့ ဟိန်းသဆီမှစကားသံတိုးတိုး။ ဘေးကထူးပြည့်ဝကလည်း သေချာသည့်လေယူလေသိမ်းဖြင့်ဝင် ဖြေလာသည်။

" တွဲတော့မှာလေ ... မင်းတို့စောင့်ကြည့်နေလိုက်၊ဒီကောင်လုလု ... ဂန္ဓဝင့်ကိုဒီလောက်ထိတောင့်မခံနိုင်ပါဘူး "

" နင်အသံကသေချာလှချည်လား "

" နင်တို့ကလေစဉ်းစားကြည့်စမ်းပါ၊ဒီကောင်ဂန္ဓဝင့်ကို မကြိုက်ဘူးဆို၊ ဘယ်သူ့ကိုလိုက်တာမြင်ဖူးလို့လဲ၊ မိန်းကလေးသူငယ်ချင်းဆို နင်တို့နှစ်ကောင်ကလွဲပြီး အခြားကျောင်းသူတွေနဲ့တောင် ဟက်ဟက် ပက်ပက်ရှိလို့လား ဒါသူဂန္ဓဝင့်ကိုစိတ်ထဲရှိနေလို့လေ မသိဘူးလား။ brain သုံးပါဆို သင်္ချာအတူတူတွက်ဖို့လောက်ဘဲအကြံထုတ်နေ နင်က "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now