''မောင်
ချယ့်အကျီကော်လံကိုလက်ဖြင့်ပွတ်ချေနေရင်း မမကအလွမ်းဓာတ်ပါနေသောအသံဖြင့်ခေါ်လာ၏။
''ဗျာ
''ဘယ်လိုလုပ်မလဲ... မသွားရသေးခင်ထဲကလွမ်းနေရပြီ
ချယ်လေပူတွေကိုမှုတ်ထုတ်လိုက်၏။ ဒီညတစ်ညသာချစ်ရသူနှင့်အတူရှိနိုင်တော့မည်ဟူသောစိတ်က ပူလောင်စေ၏။
''မောင်ဖုန်းမှန်မှန်ဆက်မယ်လေ ပြီးတော့တတ်နိုင်သလောက်ပြန်လာမယ်လေနော်
''ဟုတ်
''မောင့်ကလေးကဝမ်းနည်းပြနေတော့ စိတ်ထဲပိုနေလို့မကောင်းဘူးအချစ်ရယ်
ချယ့်လက်မောင်ပေါ်လှဲနေသည့်ကောင်မလေး၏ခေါင်းလေးကိုပွတ်သပ်ရင်း ဆိုမိ၏။
''မနက်ကျ မောင့်ကိုလိုက်ပို့လို့မရဘူးလားဟင်
''လိုက်မပို့ပါနဲ့မောင့်ကလေးရဲ့ မောင်ကားပေါ်ကမဆင်းနိုင်ဖြစ်နေလိမ့်မယ်
သူမရဲ့စာမေးပွဲသည်နှစ်လကျော်သာလိုတော့သည်ကတစ်ကြောင်း၊သူမသာလိုက်ပို့လျှင် ပို၍ခက်ခဲမည့်မိမိအဖြစ်ကိုမြင်ယောင်မိသည်ကတစ်ကြောင်းကြောင့် သူမလေးအားလိုက်မပို့ဖို့တားမြစ်ခဲ့ခြင်းဖြစ်သည်။
''မောင့်ကိုမခွဲနိုင်ဘူး
အဲ့စကားကိုထုတ်ပြောလာတော့ ချယ့်ရင်ထဲစို့ခနဲ့ဖြစ်သွားရ၏။ ထိုခံစားချက်နှင့်အတူ မျက်ရည်တွေကဝဲတက်လာလေပြီ။
လက်မောင်းပေါ်ရှိသူမရဲ့ခေါင်းလေးသည် တိုးလာကာ ချယ့်ရင်ဘတ်ပေါ်ရောက်လာ၏။ သူမရဲ့ကျောလေးကို အသာအယာပွတ်သပ်ပေးနေလိုက်သည်။
''စာသေချာလုပ်ရမယ်နော်မောင့်ကလေး မောင့်ကိုချည်းလွမ်းနေလို့မဖြစ်ဘူးနော် မောင်ကအကူညီပေးနိုင်တဲ့သူပဲဖြစ်ချင်တာ မောင့်ကြောင့်နဲ့ထိခိုက်တာမျိုးမဖြစ်စေချင်တာကိုသိတယ်မလား
''ဟုတ်သိပါတယ်မောင်ရယ် မောင့်ကိုလွမ်းလည်းလွမ်းပြီး စာလည်းလုပ်မယ်လေနော်
''အွန်း မောင့်ကလေးကလိမ္မာပါတယ်
သူမရဲ့နဖူးပြင်လေးအား ကိုယ်ကိုကြွ၍နမ်းလိုက်၏။
''ချစ်တယ်မောင်
''မောင်လည်းမောင့်ကလေးကိုသိပ်ချစ်တာပဲ
ချယ့်ကိုယ်ကိုဖက်ထားသောလက်ကလေးသည်ပို၍တင်းကြပ်လာ၏။
နှစ်ယောက်စလုံးငြိမ်သက်ကာ ဘာစကားမှထပ်မပြောပဲနေနေကြသည်။ သူမလေးရောဘာတွေတွေးနေသည်မသိ။
ချယ့်အတွေးတွေမှာတော့ မနက်ဖြစ်ကြီးကိုသာကျော်ပစ်ချင်စိတ်တွေဖြစ်၍နေ၏။
ချလိုက်မိသည့်သက်ပြင်းတွေထဲ ခွဲခွာရမည့်နေ့ရက်တွေပါ ရောပါသွားခဲ့လျှင် သိပ်ကောင်းမည်။
.
.
''မအိပ်သေးဘူးလားကလေး
ရင်ခွင်ထဲမှ အသံတိုးတိုးဖြင့်ပြန်ဖြေရှာသည်။''ဟင့်အင်း''တဲ့။
''အိပ်မရဘူးမောင်ရယ်
ဟူး....ထိုညကဘယ်အချိန်မှမှေးခနဲအိပ်ပျော်သွားခဲ့သည်ကိုကားမမှတ်မိ။ သို့သော်ထိုညက အိပ်စက်ချိန်သည်အတော်လေးကိုမှ နည်းပါးလွန်းခဲ့ကြောင်းကိုတော့ ကောင်းစွာပင်သိရှိ၏။
.
.
.
.
''မောင်ပြန်တော့မယ်နော် ဟိုမှာလုပ်စရာရှိတာလုပ်ပြီးရင်သွားတော့မယ် ကားစထွက်ရင်စာပို့မယ်နော်
မှန်ရှေ့တွင်သူ့ကိုယ်ကိုကြည့်ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်နေသောမောင်က ပြောလာ၏။
''ဟုတ်
''အဲ့လိုရုပ်ကြီးလုပ်မနေနဲ့ မောင့်ကိုပြုံးပြ
မောင်စိတ်ကျေနပ်အောင်ပြုံးပြလိုက်၏။ အပြုံးတွေကအသက်ရောဝင်ရဲ့လားလို့တော့ ကိုယ့်ဘာသာတွေးလိုက်မိသေးသည်။
မောင်ကတစ်ချက်ပြုံး၍ခေါင်းလေးကိုဖွဖွပွတ်သည်။ ပြီးနောက်ထွက်သွားလေတော့သည်။
မောင်မရှိတော့သောအခန်းထဲကအိပ်ရာပေါ် မှောက်ရက်လှဲကာငိုကြွေးမိတော့၏။ မောင်နှင့်ရက်တွေများစွာခွဲခွာရတော့မည့်အသိစိတ်ကြီးသည် ရင်ထဲနှလုံးသားထဲဝယ်ပြင်းစွာသောနာကျင်မှုမျိုးကိုဖြစ်ပေါ်စေနေ၏။
.
.
.
.
.
အိမ်ပြန်ရောက်တော့ ယူစရာရှိသည့်ပစ္စည်းတွေကိုယူ၏။ အရင်သုံးရက်လောက်ထဲက ပစ္စည်းတွေထည့်ကာကြိုပြင်ဆင်ပြီးသားမို့ ဂယောက်ဂယက်တွေတော့ဖြစ်မနေပါ။
''မေမေတို့ သွားရအောင်လေ
''ပြီးပြီလားသမီး အားလုံးရောစုံရဲ့လား
''ဟုတ် အကုန်ကားထဲထည့်ပြီးပြီ
''စစ်ပြီးပြီလား ဟိုရောက်မှလိုနေရင်သွားဝယ်နေရမယ်
''စုံသလောက်ရှိပါပြီမေမေရဲ့
''ကဲကဲ ဒါဆိုလည်းသွားရအောင်
မေမေတို့နှင့်အတူ ထွက်လာခဲ့၏။ကားလေးက ခြံထဲမှထွက်စဥ် ချယ့်ရင်ထဲမကောင်းလှပါ။ ချယ်အိမ်နှင့်အချိန်အကြာကြီးခွဲ၍မနေခဲ့ဖူးပေ။
ယခုမူအိမ်နှင့်အဝေး၊ ချစ်ရသူတွေနှင့်အဝေးကို တစ်ယောက်ထဲသွားနေရတော့မည်။
ကားလေးက အနည်းငယ်ထွက်လာပြီးစဥ်တွင်
''ဟိုမှာဂျီဆူးမလား
ကားမောင်းနေသောဖေဖေ့အသံကြောင့် နောက်ဘက်သို့လှည့်ကြည့်လိုက်သည်။ ပြေးလိုက်လာနေသောမမကိုတွေ့ရလေ၏။
''ဟုတ်တယ်ဖေဖေ ကားရပ်ပေးအုံး
ကားလေးကနေရာမှာပင်ရပ်၍သွား၏။ ချယ်ဆင်းလိုက်ကာ ပြေးလာနေသောမမဆီလျှောက်သွားလိုက်သည်။
''ဘာလို့လိုက်လာတာလဲ နေတွေပူနေတဲ့ဟာကို
''ပေးလိုက်ချင်တာရှိလို့
မောနေတဲ့သူမက ချွေးတွေကိုသုတ်ရင်းပြော၏။
ထို့နောက် ချယ့်လက်ဝါးထဲ တစ်စုံတစ်ခုကိုထည့်ပေး၏။
''ဟင် ဆွဲကြိုးလား
သူမလေးရဲ့လည်ပင်းမှာအမြဲဆွဲထားနေကျ ဆွဲကြိုးလေးဟာအခုတော့ ချယ့်လက်ထဲမှာ။
''ဟုတ်တယ် မောင်ဆွဲထားနော်
''ဖြစ်ပါ့မလား မေမေဆူနေအုံးမယ်
''ရတယ် မောင့်ကိုပေးလိုက်ချင်လို့ အမြဲဝတ်နေကျလေးမို့မောင်လည်းဆွဲထားရမယ်နော်
ချယ့်လက်လေးအားပုတ်ကာပြောနေတဲ့မမကို ဆွဲနမ်းပစ်လိုက်ချင်သည်။ သို့သော်ကားပေါ်တွင်မေမေတို့ရှိနေတာကြောင့်တော့ မဖြစ်ပေ။
''စိတ်ချနော်အမြဲဆွဲထားမယ် နေတွေပူတယ်ပြန်တော့နော်
''ဟုတ်
''ချစ်တယ်
သူမကဘာမှပြန်မပြောပဲ မျက်ရည်တွေဝိုင်းလျှက်သာ ကြည့်နေ၏။ ထိုအကြည့်ကြောင့် စိတ်ထဲပို၍ဝမ်းနည်းလာတာမို့ လှည့်ထွက်လာခဲ့ရသည်။
''ပြန်တော့နော်
ကားပေါ်ရောက်မှကားမှန်ကိုခေါင်းကျော်၍ ချယ်အော်ပြောလိုက်၏။ သူမက လက်ပြန်ပြပါသည်။
''ရပြီဖေဖေ
ချယ်ပြောလိုက်တော့မှဖေဖေက ကားလေးကိုမောင်းထွက်၏။ မမ နေရာမှာရပ်၍ကြည့်နေကြောင်းကိုတော့ နောက်ကြည့်မှန်မှတစ်ဆင့် ချယ်မြင်နေရသည်။
ချစ်တယ်မမ
ချယ့်လက်ထဲမှ ဆွဲကြိုးမျှင်လေးအားကြည့်ကာ မျက်ဝန်းထဲကမျက်ရည်တစ်ပေါက်သည် ခုန်ဆင်း၍လာလေ၏။
.
.
.
.
.
ချယ်အဆောင်ရောက်တော့ အမကြီးနှစ်ယောက်ကချယ်နေရမည့်အခန်းအား လိုက်ပြပေး၏။
''ဒီအခန်းလား
''ဟုတ်တယ်
''ဟုတ် ကျေးဇူးပါနော်
ယူလာသည့်အထုပ်တွေကို အခန်းထဲထည့်လိုက်၏။ အခန်းက နှစ်ယောက်နေရမည့်အခန်းပင်။ ချယ်နေရမည့်ကုတင်ပေါ်တွင် ဖုန်များအနည်းငယ်တက်၍နေ၏။
ညာဘက်နံရံထောင့်စွန်းတွင် အခြားတစ်ယောက်ရောက်နေပြီးသားဖြစ်သည်။ ပစ္စည်းတွေကို ဖရိုဖရဲထားသိုထားပုံအရ ပစ်စလက်ခတ်နေမည့်ပုံစံပင်။
တွေ့ရသည့်အဝတ်စုတ်တစ်ခုဖြင့် ကုတင်ပေါ်ရှိဖုန်များအားသုတ်လိုက်၏။ ကြမ်းခင်းကိုလည်း တံမြက်စည်းဖြင့်လွယ်လင့်တကူပင်လှည်းကျင်းလိုက်၏။
ပြီးနောက်ပါလာသည့်ပစ္စည်းများအား အိတ်များမှထုတ်၍နေရာချလိုက်၏။အခန်းထဲတွင်တော့ ဘာပရိဘောဂမှများများစားစားမရှိချေ။ကုတင်တစ်လုံး၊ ဗီရိုအသေးလေးတစ်လုံးသာရှိ၍ အခန်းထောင့်တွင်တော့ ရေသန့်ဘူးကြီးတစ်ဘူးရှိ၏။
''ရောက်ပြီနော်မောင့်ကလေး
ချစ်ရသူထံစာလေးကိုပို့လိုက်၍ ချက်ချင်းပင်ပြန်စာတစ်စောင်ရောက်လာ၏။''ဟုတ် နားလိုက်အုံးနော်''တဲ့။
ချက်ချင်းစာပြန်ပုံအရ ချယ့်စာကိုစောင့်နေတဲ့ပုံပါပဲ။ ချစ်ဖို့ကောင်းလိုက်တာနော်။
''ဟုတ်ကဲ့😘''ဟုစာပို့ကာ ချယ်အိပ်ရာပေါ်လှဲချ၍အမောဖြေလိုက်၏။ ယခုရောက်နေသောနေရာသည် ဟာတာတာကြီးနှင့်အရာရာလစ်ဟာ၍နေလေ၏။
.
.
.
.
ခရီးပန်းလာတာအပြင် အထုပ်အပိုးများကိုနေရာချထားခဲ့ရတာကြောင့် ချယ်အိပ်ပျော်သွားမိကြောင်းကိုပြန်နိုးလာမှပင်သိလေ၏။ နာရီကြည့်လိုက်တော့ညနေပင်စောင်းနေပြီ။
ချစ်ရသည့်တစ်ဦးထဲသောချစ်သူလေးထံ ချယ်ဖုန်းခေါ်လိုက်၏။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူမကဖုန်းကိုင်ပါသည်။
''ဟယ်လို
''မောင့်ကလေးဘာလုပ်နေတာလဲ မောင်နေ့လည်ကအိပ်ပျော်သွားပြီးခုမှနိုးလို့
''မောင့်ကိုစောင့်နေတာလေ လွမ်းလို့ ပင်ပန်းနေလောက်တာသိလို့ဖုန်းမခေါ်ပဲမောင်ခေါ်တာကိုစောင့်နေတာ
''အဲ့လိုလား မောင့်ကလေးစာလည်းမလုပ်ဘူးပေါ့လေ
''လုပ်နိုင်မလားမောင်ရယ် မောင့်ကိုလွမ်းနေတဲ့ဟာကို
သူမရဲ့အသံလေးဟာ ဝမ်းနည်းနေတဲ့အသံတိုးတိုးလေးမို့ ချယ်စိတ်မကောင်းဖြစ်သွားမိ၏။
''မောင်နေ့တိုင်းဖုန်းမှန်မှန်ဆက်ပါ့မယ် အရမ်းမလွမ်းရဘူးနော် မောင့်ကလေးပညာရေးကိုမထိခိုက်စေချင်ဘူး
''သိပါတယ်မောင်ရဲ့ တစ်ရက်နှစ်ရက်လောက်တော့လွမ်းပါရစေအုံး
သူမလေးအပြောကိုသဘောကျ၍ရယ်မိ၏။
''အော်...မောင်လေမောင့်ကလေးဆွဲကြိုးလေးကို ဆွဲထားတယ်သိလား
''ဟုတ်လား
''ဟုတ်
''မချွတ်ရဘူးနော် ချွတ်ထားတာကိုတွေ့ကြည့် မောင့်ကိုသတ်မှာ
''ဟောဗျာ...မောင့်ကလေးကသတ်ရက်တယ်လား
သူမလေးတစ်ချက်ငြိမ်သွား၏။ အပြင်မှာသာဆိုကိုယ့်ရှေ့နှုတ်ခမ်းလေးစူနေလောက်ပြီ။
''သတ်တော့မသတ်ရက်ဘူးပေါ့လို့ ..ဟွန့်
''ဟဟား...မလုပ်နိုင်ပဲနဲ့များ
''မောင်နော် အရိုက်ခံချင်နေတာလား ရိုက်တာတော့ရိုက်နိုင်တယ်နော်
''အယ် တစ်ကယ်ကြီးရိုက်နိုင်တာလား
''အွန်း
''ကြောက်လိုက်တာ..ဒါနဲ့မောင့်ကလေးနေ့လည်စာရောစားရဲ့လား
ချက်ချင်းပြန်မဖြေပုံအရ ချယ့်အထင်သည်မှန်လေပြီ။
''ဟို မစားလိုက်မိဘူး
''တွေ့လား မောင်မရှိရင်ကျန်းမာရေးကိုပိုဂရုစိုက်ရပါမယ်ဆိုနေကွာ စကားလည်းနားမထောင်ဘူး
''မောင်ကလည်း...
''မောင်ကလည်းလုပ်မနေနဲ့ ပြီးရင်သွားစားတော့နော်
''ဟုတ်ကဲ့
''လွမ်းတယ်မောင့်ကလေးရယ် အခန်းကလေပျင်းစရာကြီး အခန်းဖော်ကလည်းခုထိမျက်နှာတောင်မတွေ့ရသေးဘူးရယ်
''ဟုတ်လား မရောက်သေးဘူးလား
''ရောက်နေပြီ ပစ္စည်းတွေတွေ့တယ် လူကသာခုထိမတွေ့ရသေးတာ
''အခန်းကဘယ်နှယောက်နေရတာလဲမောင်
''နှစ်ယောက်ကလေး အရင်ကတော့နှစ်ယောက်ခန်းရရင်ရမယ် သုံးယောက်ခန်းရရင်ရမယ်ပြောတာပဲ ခုတော့နှစ်ယောက်ခန်းပဲ
''ဟုတ်လား နှစ်ယောက်ပဲနေရတာပေါ့နော်
''အွန်းပေါ့ကလေးရဲ့
''အင်းပါ အင်းပါ ဖုန်းချလိုက်တော့မယ်နော်
''နေပါအုံး... ဘာလဲစိတ်ဆိုးသွားတာလား
''ဆိုးတာမဟုတ်ပါဘူး
''အာ့ဆိုဘာဖြစ်သွားတာလဲအချစ်လေးရဲ့
''ဟင့်အင်း
''ပြောပါဆိုနေကွာ
''စိတ်မချလို့
''အာ... အခန်းဖော်နဲ့လား စိတ်ချပါကလေးရဲ့ မောင်ကင်းကင်းနေပါ့မယ်နော် စိတ်မပူနဲ့
''ဟုတ်
ဟုတ်ဟုသာပြန်ပြောလိုက်ရသော်လည်း ဂျီဆူးစိတ်ထဲသောကတွေဖြင့်လေးလံ၍နေလေ၏။ အခန်းထဲမှာနှစ်ယောက်ထဲ ရက်တွေအကြာကြီးနေရမည့်အခြေအနေမှာ မောင့်ကိုဘယ်စိတ်ချနိုင်ပါ့မလဲ။
''ကဲ မောင့်ကလေးရေ..ဘာမှစိတ်မချမဖြစ်နဲ့နော် မောင့်ကိုယုံ
''ဟုတ် ဖုန်းချလိုက်တော့မယ်နော်မေမေခေါ်နေလို့ မောင်လည်းလုပ်စရာရှိတာလုပ်အုံး
''ဟုတ်ကဲ့ ဟုတ်ကဲ့
သူမလေးကဖုန်းချခါနီးပြောသွားလိုက်သေးသည်။ ''မောင်နဲ့နေရမယ့်အခန်းဖော်ကို မနာလိုလိုက်တာ''တဲ့..။
.
.
.
.
.
''ကျွီ
အခန်းတံခါးဖွင့်လိုက်သံကြောင့် ချယ်ဝင်လာသည့်သူကိုမော့ကြည့်လိုက်မိသည်။ ဝတ်စားထားပုံက ကြည့်ကောင်း၍ရုပ်ရည်ကလည်း ကြည့်ကောင်းလွန်းသည်။
ထိုသူကရယ်ပြသည်မို့ ချယ်လည်းပြန်ပြုံးပြလိုက်ရသည်။ သူက သူ့ကုတင်မှာသွားထိုင်ကာ
''ဘယ်တုန်းကရောက်တာလဲ
''နေ့လည်ထဲကရောက်တာ
''ဟုတ်လား ဘာစားပြီးပြီလဲ
''ဟင့်အင်း
''ငါနဲ့အတူလာစားလေ( အိတ်တစ်အိတ်အား မြှောက်ကာပြ၍ပြော၏)
ချယ်သွားသင့် မသင့်ကိုတွေဝေနေစဥ်
''လာပါ အားနာမနေနဲ့ ငါတို့ကရက်တွေအများကြီးအတူနေရမှာ တစ်ယောက်ပေါ်တစ်ယောက်ရင်းရင်းနှီးနှီးဆက်ဆံရအောင် ဒါမှသက်တောင့်သက်သာရှိပြီးပျော်ဖို့ကောင်းမှာ
ထိုစကားများကြောင့် ချယ်ထိုမိန်းကလေးဆီသွားလိုက်၏။ ဘေးမှာပဲချယ် ဝင်ထိုင်လိုက်သည်။
''နာမည်ဘယ်လိုခေါ်လဲ
အအေးဘူးကိုကမ်းပေးရင်း မေးလာသည်။
''ပတ်ချယ်ယောင်း
''ချယ်ယောင်းပေါ့ ခေါ်လို့ကောင်းသားပဲ
ချယ်ခေါင်းညိမ့်၍ အအေးဘူးကိုမော့သောက်လိုက်သည်။
''ဒါကြိုက်လား
ပေါင်မုန့်ကိုတစ်ဝက်ပိုင်းကာပေးလာ၍ ချယ်ယူလိုက်သည်။
''နင့်နာမည်ကရော
''လီဆာ ငါ့ကိုရင်းရင်းနှီးနှီးပေါင်းလို့ရတယ်နော်
ချယ်ပြုံးပြလိုက်တော့ သူကလည်းပြန်လည်းပြုံးပြသည်။ ဖော်ရွေကာမာနကြီးပုံမပေါ်သည့်လီဆာက ခင်ဖို့ကောင်းလောက်မည့်ပုံပင်..။
Zawgyi
''မောင်
''ဗျာ
''ဟုတ်
''ချစ်တယ်မောင်
.
.
''မအိပ်သေးဘူးလားကလေး
''အိပ်မရဘူးမောင်ရယ်
.
.
.
.
''ဟုတ်
.
.
.
.
.
''ဟိုမှာဂျီဆူးမလား
''ဟင် ဆွဲကြိုးလား
''ဟုတ်
''ချစ်တယ်
''ပြန်တော့နော်
''ရပြီဖေဖေ
ချစ်တယ်မမ
.
.
.
.
.
''ဒီအခန်းလား
''ဟုတ်တယ်
''ဟုတ် ကျေးဇူးပါနော်
.
.
.
.
''ဟယ်လို
''ဟုတ်လား
''ဟုတ်
''အွန်း
''ဟို မစားလိုက်မိဘူး
''မောင်ကလည်း...
''ဟုတ်ကဲ့
''အွန်းပေါ့ကလေးရဲ့
''ဆိုးတာမဟုတ်ပါဘူး
''ဟင့်အင်း
''ပြောပါဆိုနေကွာ
''စိတ်မချလို့
''ဟုတ်
''ဟုတ်ကဲ့ ဟုတ်ကဲ့
.
.
.
.
.
''ကျွီ
''ဘယ်တုန်းကရောက်တာလဲ
''နေ့လည်ထဲကရောက်တာ
''ဟင့်အင်း
''နာမည်ဘယ်လိုခေါ်လဲ
''ပတ်ချယ်ယောင်း
''ဒါကြိုက်လား
''နင့်နာမည်ကရော