SILENCE

By Florist520

3.3K 425 262

Your Silence Is Killing Me More

Intro
💌 (1)
💌(1)-zawgyi
💌 (2)
💌(2)-zawgyi
💌 (3)
💌(3)-zawgyi
💌 (4)
💌(4)-zawgyi
💌 (5)
💌(5)-zawgyi
💌 (6)
💌(6)-zawgyi
💌 (7)
💌(7)-zawgyi
💌 (8)
💌(8)-zawgyi
💌
💌 (9)
💌(9)-zawgyi
💌(10)-zawgyi
💌 (11)
💌(11) - zawgyi
💌(12)
💌(12) - zawgyi
💌 (13)
💌 (13) - zawgyi
💌 (14)
💌 (14) - zawgyi
💌 (15)
💌 (15) - zawgyi
💌 (16)
💌 (16) - zawgyi
💌 (17)
💌 (17) - zawgyi
💌(18)
💌(18) - zawgyi
💌(19)-1
💌(19)-2
💌(19) - zawgyi
💌(19)-2- zawgyi
💌(20)
💌(20) - zawgyi
💌

💌 (10)

97 18 2
By Florist520

(၁၀)

Rikuက ခံစားချက်ကို ထိန်းလို့ အေးစက်နေတဲ့လက်ဖျားတွေကို ဖွက်ပြီး မီးခလုတ်ရှိရာကိုသွားပြီး ခလုတ်ကိုစစ်ဆေးလိုက်တယ်။မီးခလုတ်က ကျွံနေတာပဲ။အပေါ်လဲဖိမရ အောက်လဲဖိမရနဲ့ အလယ်မှာ ဒီအတိုင်းရှိနေတာ။

"ဒီနေ့မှ စဖြစ်တာလား"

Rikuက Daeyoung ရှိရာကို လှည့်ပြောတော့ Daeyoung က သူ့ဘေးက အမျိုးသမီးပြောတာကို နားထောင်နေတယ်။Rikuအသံကိုကြားတော့ Rikuကို တစ်ချက်ကြည့်‌တယ်။

"ဟုတ်တယ် ဒီနေ့မှငါလဲကြည့်မိတာ "

Rikuလဲ ဘာဆက်ပြောရမှန်းမသိတာနဲ့ ခေါင်းငြိမ့်ပြီး ဘာမှလုပ်မရတဲ့မီးခလုတ်ကိုပဲ လက်နဲ့လျှောက်နှိပ်နေတယ်။သူသာ ဒီအချိန် အခန်းထဲက ထွက်သွားရင် နည်းနည်းထူးဆန်းနေမယ်ထင်တာမို့ ဒီအတိုင်း မထွက်သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ခနကြာတော့ Daeyoung ဆီက အသံကျယ်ကျယ်ကိုကြားရတယ်။Rikuကိုပြောတာတော့ မဟုတ်ဘူး သူ့ဘေးက အမျိုးသမီးကို ပြောလိုက်တာ။

"ပြန်တော့ ကျွန်တော်တို့နောက်နေ့မှ စကားဆက်ရအောင်"

ဘေးက အမျိုးသမီးကလဲ အိုခေ တစ်ခွန်းပြောပြီး ပိုက်ဆံအိတ်ကိုယူပြီး ထွက်သွားတယ်။စားပွဲခုံပေါ်က မုန့်တွေကိုတော့ ဒီအတိုင်း ထားခဲ့တယ်။

"ငါ သူနဲ့အတူတူအိပ်တာ မဟုတ်ဘူး"

Rikuနဲ့အတူ မီးခလုတ်ကိုလာကြည့်ပြီးရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် Rikuထပ်ပြီး ကြောင်အမ်းအမ်းဖြစ်သွားပြန်တယ်။

"ငါလဲ မသိချင်ဘူး မင်းဟာမင်း ဘာပဲလုပ်လုပ် ငါနဲ့မဆိုင်ဘူး"

သူတို့နှစ်ယောက်ရဲ့ပုံစံက ရည်းစားဟောင်းတွေပြန်တွေ့နေကြသလိုပဲ။နှစ်ယောက်လုံးအသံက အေးတိအေးစက်နဲ့ ကိုယ်အမူအရာတွေကလဲ ဟိုပစ္စည်းကိုင် ဒီပစ္စည်းကိုင်နဲ့ ကသိကအောင့်ဖြစ်နေကြတယ်။

"မင်းအဆင်မပြေရင် မီးလုံးကို ဖြုတ်ထားလိုက်ပါလား"

"ရတယ် ဒီတစ်ညတော့ ဒီအတိုင်းထားလိုက်"

Rikuလဲ ဘာမှဆက်ပြောစရာမရှိတော့ဘူး ထင်လို့ ဝရံတာတံခါးဆီ လျှောက်သွားလိုက်တယ်။တံခါးနားရောက်မှ ပြောစရာစကားပေါ်လာတာမို့ လှည့်ပြီး ပြောလိုက်တယ်။

"Kim Daeyoung  မင်း ဘယ်တုန်းက ငါ့ကိုအော်ဖူးလို့လဲ
ဘာလို့ ငါ့ကိုအခုမှ လာအော်နေရတာလဲ"

Daeyoung က စစချင်းတော့ Rikuဘာပြောလဲ နားမလည်လိုက်ဘူး။ပြန်မေးမယ်လုပ်တော့ Rikuက ထွက်သွားနှင့်ပြီ။ဖြည်းဖြည်းချင်း စဉ်းစားကြည့်မှ မီးခလုတ်ပိတ်ခိုင်းတဲ့နေ့တွေတိုင်း Daeyoung က Rikuကို အသံမာမာနဲ့ ပြောဖူးတယ်။ "မီတာခကို ငါရှင်းမှာမို့ မင်းပါးစပ်ပိတ်ထား" ဆိုတာမျိုး။
အဲ့လိုပြောမှ ဒီငနဲက စကားနားထောင်မှာလေ။ဒီလောက် အန္တရာယ်များတဲ့လမ်းမှာ မီးမရှိဘဲ ဘယ်လိုသွားမလဲ။Daeyoungက ဒီတစ်ချက်တော့ Rikuကို အလိုမလိုက်နိုင်ဘူး။

အဲ့နောက်ပိုင်း သူတို့စကားထပ်မပြောဖြစ်တော့ဘူး။မီးခလုတ်အပြင်ဆရာလာတော့ Rikuက ခလုတ်ကို ဝရံတာဘက်မှာပြောင်းတပ်ခိုင်းလိုက်တယ်။အဲ့တာဆို Daeyoung လဲ အလုပ်မရှုပ်တော့သလို သူလဲ Daeyoung အခန်းထဲထိ ဝင်ပြီး မီးခလုတ်ပိတ်စရာမလိုတော့ဘူးလေ။Kim Daeyoung တစ်‌ေယာက်ကတော့ မိုးပျံပူဖောင်းလွတ်သွားတဲ့ကလေးလို မီးခလုတ်လေးကို နှမြောတသကြည့်နေမိတယ်။

-SILENCE-

"မွေးနေ့မှာ ဘာလိုချင်လဲ"

မေလဝက်ကိုရောက်ပြီမို့ နောက်လမှာရောက်မယ့် Rikuမွေးနေ့အတွက် ကြိုမေးလာတယ်။Daeyoungက သူမေးတာမဟုတ်သလိုပဲ အေးအေးဆေးဆေးပဲ လက်ထဲက အသင့်စားမုန့်တွေကို Rikuရဲ့ကောင်တာရှေ့လာချထားတယ်။ပြီးတော့ ကောင်တာ‌ပေါ်က ပီကေဗူးထဲက ပီကေကို ထုတ်တယ်။Rikuကတော့ Daeyoung ဝယ်ထားတဲ့ ပစ္စည်းတွေကို ဂဏန်းပေါင်းစက်နဲ့ တွက်ချက်နေတယ်။အခုလက်ရှိနေရာက Rikuအလုပ်လုပ်တဲ့ ၂၄နာရီဆိုင်မှာ အချိန်အားဖြင့် ည၉နာရီ။

"ဘာမှမပေးလဲရပါတယ်"

"ငါလဲပေးမယ်မပြောပါဘူး ဘာလိုချင်လဲပဲမေးတာ"

Rikuဟာ အလိုမကျသလို နှာခေါင်းရှုံ့ပြီး မျက်စောင်းတစ်ချက် မသိမသာထိုးတယ်။

"ပေးပေး မပေးပေး ငါမွေးနေ့တော့လုပ်မှာ လာချင်လာ မလာချင်နေ"

Rikuက ဘုဘောက်ပြောပြီး ပစ္စည်းတွေကို အိတ်ထဲစုထည့်ပြီး Daeyoung ကို ပေးလိုက်တယ်။Daeyoungက Rikuကို ပြုံးပြပြီး ဆိုင်ထဲက ထွက်သွားတယ်။

အဲ့ဒီ Kim Daeyoung ဟာ တကယ်အမြင်ကတ်စရာ။

အရင်နှစ်မွေးနေ့တုန်းက အံစာတုံးကို မွေးနေ့လက်ဆောင်အဖြစ်ပေးတယ်တဲ့။အဲ့တုန်းက သူတို့နှစ်‌ေယာက်က မျက်နှာချင်းဆိုင်ပြီး‌ေတာင် စကားကောင်းကောင်းမပြောဖြစ်ကြသေးဘူး။ဒါ‌ေပမယ့် Kim Daeyoungက မွေးနေ့လက်ဆောင်ကို သတိတရပေးသေးတယ်။အသက်၂၀ပြည့်‌ေမွး‌ေန့မှာ ဘယ်သူက ကလေးကစားစရာကို မွေးနေ့လက်ဆောင်ပေးလို့လဲ။ပြီးတော့ Rikuက အခုအချိန်ထိ အံစာတုံးကိုပြည့်အောင် မဆက်နိုင်ဘူးဆိုတာသိရင် Kim Daeyoung တစ်ယောက်ရယ်နေလေမလား။

မဆက်တတ်ဆို အံစာတုံးဆက်နည်းသင်ပေးတဲ့နေ့က Rikuက ဖျားနေပြီး Daeyoung ရဲ့ပုခုံးက အရမ်းအိပ်ကောင်းနတာကိုး။'T' ပုံစံအထိ ဆက်ရမယ်ဆိုတာသိပြီး အဲ့နောက်ကို ဆက်မမှတ်မိတော့ဘူး။အခုလက်ရှိသူငယ်ချင်းတွေကို သင်ခိုင်းတော့ Lတွေ Rတွေနဲ့ ရှုပ်ယှက်‌ခက်အောင်သင်ပေးလို့ လက်လျော့လိုက်ရတယ်။

"ငါတို့ကတော့ L  R နဲ့ပဲသင်ပေးတတ်တယ် အရင်နည်းကိုသိချင်ရင် အရင်လူကိုသွားမေး" တဲ့လေ။Kim Daeyoung ဟာ သက်သက်အကျင့်ယုတ်ပြီး မတူတဲ့နည်းကို သင်ပေးခဲ့တာပဲ။သူတစ်ယောက်ထဲကိုပဲ မေးလို့ရအောင်ဆင်တဲ့ အကွက်တွေပဲ။

အလိုမကျတဲ့ကလေးလို မျက်နှာစူပုတ်ပြီး အပြည့်မဆက်ရသေးတဲ့အံစာတုံးလေးဟာ အခုထိ စာကြည့်စားပွဲပေါ်မှာ ဒီအတိုင်းပဲ။

-SILENCE-

အတန်းထဲမှာ အိပ်ငိုက်နေတဲ့ Rikuကို ဘေးကသူငယ်ချင်းက အသာလှုပ်နှိုးတယ်။

"ဟေ့ကောင် ဒီနေ့မိုးရွာမယ်ပြောတယ် ထီးယူခဲ့လား"

ဂျွန်လထဲရောက်လာပြီမို့ မိုးရာသီရဲ့အစ မိုးဖွဲဖွဲလေးတွေကျတတ်နေပြီ။မိုးမိရင်ဖျားတတ်တာ သိပေမယ့် Riku က ထီးယူလာဖို့မေ့နေတုန်းပဲ။

"ငါမယူလာမိဘူး "

"အဲ့ဒါဆိုငါနဲ့အတူပြန်မလား"

ဘေးနားက သူငယ်ချင်းက Rikuကို အတူတူပြန်ဖို့ကမ်းလှမ်းလာတယ်။Rikuက ငြင်းလိုက်တယ်။

ထင်တဲ့အတိုင်း အတန်းပြီးတဲ့အချိန် မိုးကကွက်တိရွာချလာတယ်။အချိန်အခါမဟုတ်ရွာတဲ့မိုးက ဖျားတတ်တယ်တဲ့ အခုက အချိန်အခါနဲ့ရွာတာလေ မဖျားလောက်ဘူးလို့ Rikuက ထင်လိုက်မိတယ်။

ကိုယ့်အတွေးနဲ့ကိုယ် အိတ်ကိုခေါင်းပေါ်တင်ပြီး မိုးရွာထဲ ပြေးဆင်းဖို့ပြင်ချိန် Rikuလက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲလာတယ်။

Daeyoung က အပြာဖျော့ရောင်ထီးကို ဖွင့်ပြီး Riku ကို ထီးအောက်ဆွဲခေါ်လိုက်တယ်။

"မင်းဖျားရင် ငါလာမကြည့်ပေးနိုင်ဘူး မိုးမစိုစေနဲ့"

ပြောရင်ယုံမှာလား။
အထက်တန်းတုန်းက မိုးရွာထဲ ဇွတ်အတင်းထွက်သွားခဲ့တဲ့ Riku ဟာ မိုးရေထဲကနေ တစ်ဖက်မှာ သူ့ကိုစိတ်ပူတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ Daeyoung ကို မိုးစက်တွေနဲ့အပြိုင် လုခဲ့ဖူးတယ်။
ပြုံးပြလိုက်တဲ့အခါ ပြန်ပြုံးပြတဲ့ မျက်မှန်နဲ့ Kimမျိုးရိုးကို ရင်ခုန်ဖူးတယ်။

ထီးသေးသေးလေးအောက်မှာ ကောင်လေးနှစ်ယောက်အတူ‌မိုးခိုနေတာဟာ ပုံမှန်ဆိုပေမယ့် ရင်ခုန်သံတွေက ပုံမှန်မဟုတ်ခဲ့ဘူး။ဒါမှမဟုတ် Rikuတစ်ယောက်ထဲမှာပဲ ဖြစ်နေတဲ့ ပုံမှန်မဟုတ်မှုလေးလား။

"မင်းက ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"

မေဂျာမတူ၊‌ေကျာင်း‌ေဆာင်မတူတာမို့ Daeyoung ရောက်လာတာက အထူးအဆန်းဖြစ်နေမိတယ်။ထီးက နှစ်ယောက်ဆောင်းဆိုပေမယ့် မိုးတွေစင်လို့ ခန္ဓာကိုယ်ကျုံကျုံလေးနဲ့ ထီးထဲမှာ ခိုဝင်နေရတယ်။

"အာ ဒီက ပါမောက္ခနဲ့ ချိန်းထားတာရှိလို့လာတာ ဒီရောက်တော့ မိုးတွေရွာလာတာနဲ့ ချိန်းထားတာက ပျက်သွားတယ်"

"အော်"

အဲ့ဒီ 'အော်' ဆိုတဲ့စကားလုံးနောက်မှာ Rikuအသံတွေတိတ်သွားပြန်တယ်။
အထက်တန်းတုန်းကဆို အခုလိုစကားလုံးပျောက်သွားစေမယ့် အခြေအနေမျိုးမရှိခဲ့ဖူးဘူး။

အကြောင်းပြချက်ကိုတော့ Tojimbo က သိလိမ့်မယ်။

Maeda Riku က ငြိမ်ငြိမ်လေးနဲ့ ထီး‌အောက်မှာ လမ်းလျှောက်နေရင် Maeda ဘယ်ပီသတော့မလဲ။‌မျက်နှာပြောင်တိုက်တယ်လို့ပဲပြောပြော အရှက်မရှိတာလို့ပဲပြောပြော Riku က ဟိုးအရင်ကလို မိုးရေထဲကသူ့ကို အဝေးကနေ ငေးကြည့်နေမယ့် Daeyoung ရဲ့ မျက်ဝန်းတွေကို ထပ်မြင်ချင်သေးတယ်။

မိုးရေထဲ ဇွတ်အတင်းပြေးထွက်သွားတဲ့ Rikuကို Daeyoung ဟာ ဆွဲမမိလိုက်ဘူး။မိုးရေထဲရောက်နှင့်တဲ့ Rikuက Daeyoung ရဲ့စိုးရိမ်မှုအပြည့်နဲ့ မျက်ဝန်းတွေကို မြင်လိုက်ရလို့ ကျေနပ်သွားရတယ်။စိတ်အေးသွားရတယ်။

"မင်းက ကလေးလား ဟမ် အသက်၂၁နှစ်တောင်‌ပြည့်တော့မယ် ကလေးဆန်‌ဆန်တွေလုပ်နေတုန်း"

၁၆နှစ်အရွယ် Daeyoung ကတော့ Rikuနဲ့အတူတူ မိုးရေထဲပြေးလွှားဆော့ပေးခဲ့ပေမယ့် အသက်၂၀Daeyoungကတော့ Rikuကို ဆူပူနေတယ်။Daeyoung ရင့်ကျက်လာတာကို သဘောမတွေ့လိုက်တာ..

အခန်းရှေ့ထိမိုးရေစိုနေတဲ့Rikuကို လိုက်ပို့ပြီး ခေါင်းကိုခြောက်အောင်သုတ်ဖို့ နွေးနွေးထွေးထွေးနေဖို့ တစ်ခွန်းမဟဘဲ Daeyoung ကသူ့အခန်းသူဝင်သွားတယ်။Rikuက ဝမ်းနည်းမှုဆိုတာကို ခံစားလိုက်ရတယ်။

မိုးရေစိုရင်ဖျားတတ်တဲ့Rikuက ထင်တဲ့အတိုင်း နှာတွေချေပြီး ကိုယ်အပူချိန်တက်လာခဲ့တယ်။ကော်ဖီပူပူတစ်ခွက်သောက်ပြီး ‌စောင်ပုံထဲကွေးနေပေမယ့် နှာချေတာ မရပ်တော့ဘူး။အပြင်မှာတော့ မိုးတိတ်နေပြီ မိုးဓာတ်ကြောင့် တိုက်လာတဲ့လေတွေထဲမှာ မိုးနံ့နဲ့မိုးမှုန်တွေပါနေတုန်း။

ဆေးကြောင့်အိပ်ပျော်လုစဲစဲ ဝရံတာဘက်ကတံခါးမှာ တံခါးခေါက်သံကြားရတယ်။

"Riku တံခါးဖွင့်ပေးအုံး"

Rikuနဲ့Daeyoungအခန်းက ဘေးချင်းကပ်လျက်ဆိုပေမယ့် ဝရံတာကနှစ်ခန်းပေါင်းမှတစ်ခုတင်။ဝရံတာတံခါးကနေဆို ဟိုဘက်ခန်း ဒီဘက်ခန်း ကူးလို့ရတယ်။

စောင်နဲ့တစ်ကိုယ်လုံးခြုံပြီး တံခါးကို ထဖွင့်ပေးလိုက်တယ်။Rikuရဲ အခန်းကျဉ်းလေးထဲမှာ ရေဒီယိုလေးရှိတယ် Rikuက မသုံးတာမို့ ဒီအတိုင်းငြောင်ထိုးထားတာ ဖုန်တွေတက်လို့။

"အရှေ့တံခါးက လာခဲ့ပါဆို"

အနောက်တံခါးခေါက်တိုင်း Rikuပြောနေကျစကား။အရင်နှစ် Rikuမွေးနေ့တုန်းကလဲ လက်ဆောင်ပေးတာကို ဒီဝရံတာတံခါးကနေ ခိုးကြောင်ခိုးဝှက်နဲ့ လာလို့ ငါကမယားငယ်လား လို့မေးတော့ "ငါမင်းအိမ်ကိုလာရင် လူတွေမင်းကိုရွံ့သွားမှာစိုးလို့" တဲ့လေ။

"ဘာစားပြီးပြီလဲ"

"ကော်ဖီသောက်ထားတယ်"

"ညကြီးကို ကော်ဖီတွေသောက်ရလား ရင်တွေတုန်မှာပေါ့"

Rikuက နှာတရှုံ့ရှုံ့နဲ့ အိပ်ယာပေါ်ပြန်ကွေးတယ်။Daeyoungက ယူလာတဲ့ ခေါက်ဆွဲထုတ်ကိုဖောက်ပြီး ပြုတ်ပေးဖို့ပြင်တယ်။မသိရင် သူက အိမ်ရှင်လိုလို။

"ခေါက်ဆွဲထဲ ကြက်ဥတွေမထည့်နဲ့နော် "

နေ့စဉ်ပြောနေကျစကားလို မျက်လုံးတောင်မဖွင့်ပဲ စောင်ပုံထဲကနေ လှမ်းပြောတယ်။

"ကြက်ဥကို မကျက်တကျက်ကြော်ပေး"

"မကျက်တကျက်လို့မပြောပါနဲ့လား အမြဲတမ်းအနှစ်ကိုလဲ ကျက်အောင်ကြော်ပေးရတယ် ဘေးကအကာတွေကိုလဲကြွပ်နေအောင် ကြော်ပေးရတာကို"

Daeyoung ရဲ့ စကားကြောင့် Rikuက စောင်ပုံထဲကနေ ပြုံးမိတယ်။Daeyoungက အကုန်လုံးကို မှတ်မိနေတာပဲ။

Daeyoung က ခေါက်ဆွဲကိုရေနွေးဆူပွက်ပွက်ထဲ ထည့်ပြုတ်ပြီး အနှစ်ထုတ်တွေကိုတော့ ပန်းကန်ထဲကို ဖောက်ထည့်ထားတယ်။ခေါက်ဆွဲပြုတ်နေတုန်း ဒီဘက်ဂတ်စ်မီးဖိုမှာ ဒယ်အိုးတင်၊ဆီထည့်ပြီး ကြက်ဥကို ဖောက်ထည့်ကြော်လိုက်တယ်။ခနကြာတော့ ခေါက်ဆွဲအိမအိစမ်းပြီး အနှစ်ဖောက်ထည့်ထားတဲ့ပန်းကန်ထဲ ခေါက်ဆွဲတေ‌ွထည့်လိုက်တယ်။ပြီးတော့ ရေနွေးနဲနဲရောလိုက်တယ်။ကြော်ထားတဲ့ကြက်ဥကို ခေါက်ဆွဲပန်းကန်ပေါ်တင်ပြီး အိပ်ပျော်နေတဲ့ Rikuကို နှိုးလိုက်တယ်။

နှာခေါင်းတရှုံ့ရှုံ့နဲ့ Rikuက ထိုင်ခုံမှာ ကုပ်ကုပ်လေးထိုင်နေတယ်။Daeyoungက Rikuနှဖူးကို လက်ဖဝါးနဲ့စမ်းကြည့်တယ်။Daeyoungလုပ်သမျှအပြုအမူတိုင်းဟာ ပုံမှန်လုပ်နေကျ အလုပ်တွေလိုပဲ။

"မြင်လား ကြက်ဥက ဒီလိုကြော်ပြီး ခေါက်ဆွဲနဲ့ရောစားမှကောင်းတာ
ခေါက်ဆွဲနဲ့ကြက်ဥနဲ့ရောလိုက်ရင်ကျ ခေါက်ဆွဲအရည်ထဲ ကြက်ဥတွေနဲ့ စားချင်စဖွယ်မကောင်းတော့ဘူး"

တစ်ယောက်ထဲ ထိုင်စားရင်းနဲ့ စကားတွေထွက်လာတာ ခုနက နှာခေါင်းတရှုံ့ရှုံ့နဲ့သူမဟုတ်တော့တဲ့အတိုင်း။Daeyoungကတော့ ခုနကပြုတ်ထားတဲ့ခေါက်ဆွဲအိုးတွေနဲ့ အရင်နေ့က Rikuမဆေးရသေးတဲ့ ပန်းကန်နှစ်ချပ်ကို ဆေးနေတယ်။

"ရော့ ပြီးရင် ဒီဆေးသောက်"

ထမင်းစားပွဲပေါ် ဆေးထုပ်လေးတစ်ထုပ်ချပြီး Daeyoung က ပြန်ဖို့လုပ်တော့ Rikuက ပြာပြာသလဲ Daeyoung လက်ကို လှမ်းဆွဲတယ်။

"ပြန်တော့မလို့လား"

"အင်းလေ မိုးချုပ်နေပြီ"

"ငါ ညသန်းခေါင်ကြီး အဖျားတက်လာရင် ဘယ်လိုလုပ်မလဲ"

Rikuက ခွေးပေါက်လေးလို မျက်လုံးတွေနဲ့ Daeyoung ကို ကြည့်တယ်။

"ငါ့အခန်းဘက်က ဝရံတာတံခါးဖွင့်အိပ်မှာမို့ တစ်ခုခုဆို ငါ့အခန်းထဲ လာခဲ့"

Daeyoung က ပြောပြီး သူ့အခန်းဘက်ပြန်ဝင်သွားတယ်။တွေ့လား အသက်၂၀ Daeyoung ရင်ကျက်လာကို သဘောမတွေ့လိုက်တာ။Rikuနဲ့ပက်သတ်ရင် ကန့်သတ်ချက်နဲ့ရှောင်ရှားမှုတွေကများနေတာ။အရင်လို မှီအိပ်ဖို့ ပုခုံးတစ်ခုတောင် ငှားမပေးတော့အောင် အကျင့်ယုတ်လာတာပဲ။

အဲ့နေ့ညက Rikuကအဖျားလဲ မတက်တော့သလို ဘေးအခန်းကိုလဲ မသွားဖြစ်တော့ဘူး။ဘေးအခန်းကကောင်လေးကတော့ ဝရံတာတံခါးကိုဖွင့်ပြီး ဂီတာတစ်လက်နဲ့သီချင်းထိုင်ရေးပြီး တစ်ညတာကို ကုန်ဆုံးခဲ့တယ်။

_
_
_
_
_

_
_
_
_
_
Hello~~
သတိထားမိမလားမသိပေမယ့် နှစ်ယောက်လုံးက fall in love at the same timeပါနော်။
နှစ်ယောက်လုံးက မိုးရေတွေကြားထဲမှာ အချစ်ကိုရှာတွေ့သွားကြပါတယ် 🤭

Continue Reading

You'll Also Like

93.8K 3.8K 33
One meeting... One Action... One Incident... Changed everything... "I can't be a star that shine brightly at the sky like them. But at least the very...
1.7M 79.5K 42
♢ He was the one everyone stayed away from, she was the one everyone loved
3M 129K 84
➥ Mafia/Gang au ➥ "I could shoot you dead right here- don't try it."
280K 2.7K 126
••• REQUESTS CLOSED••• I do not own Kingdom hearts, Square Enix or any of the characters in the game. Nor do I own you. Only yours and the characters...