မနက်ခင်း အလင်းရောင်က အိပ်ရာထက် ဖြာကျလာတော့ လေးလံနေသော မျက်လုံးများဟာ ဖြည်းညှင်းစွာနှင့်ပွင့်လာတော့သည်။ တကိုယ်လုံးလည်းနာကျင်နေကာ လှုပ်ရှားဖို့ပင်ခက်ခဲနေတော့၏။ ခါး၌ ဖက်တွယ်ထားသော လက်ကို ဖယ်ရှားရန် ကြိုးစားသော်လည်း အချည်းနှီးသာ။
"နိုးပြီလား .... မောင်"
နောက်ကျောဘက်ကထွက်လာသောစကားသံများကို ပြန်ဖြေဖို့ရန် အားမရှိသည်အထိ ။ လက်များကလည်း နာကျင်ကိုက်ခဲနေကာ တကိုယ်လုံး ကိုက်ရာများနှင့်ပြည့်နေတော့သည်။
"ဟင်း... ညက အကို များသွားတယ် တောင်းပန်ပါတယ် မင်းအမအကြောင်းကို စိတ်လွတ်ပြီးပြောမိသွားတာ..."
ခါးသို့ဖက်တွယ်ထားသော လက်များဟာ ပိုပြီးတင်းကြပ်လာတော့၏။
မမကဘယ်လိုလူမျိုးလဲ ဆိုတာ ရတုမသိခဲ့ရကောင်းလားဆိုတဲ့ အသိက ရတုစိတ်အခြေအနေကိုပြီးဆိုးစေသည်။ အပြစ်မမြင်ရက်သော်လည်း မိသားစုတွက် ရုန်းကန်နေတဲ့မမကို သနားမိပါသည်။ မမဘာကြောင့် ဒီလိုလမ်းကိုရွေးချယ်ခဲ့ရတာလဲဆိုတာ အဖြေကရှင်းပါသည်။ စီးပွားရေးအဆင်မပြေတဲ့အတွက်ကြောင့် ငွေရပေါက်များသည့်လမ်းကိုမမရွေးသွားတာဖြစ်လောက်မည်။
"မောင်....စိတ်ဆိုးနေတာလား...."
"ဘယ်အချိန်တည်းကသိတာလဲ မမအကြောင်းကို...."
မေးလိုက်တော့ အကို့လက်များက ခါးကနေဖယ်သွားတော့သည်။
"ကြာပြီ .... ဒါမဲ့အရေးမကြီးပါဘူးအဲ့ဒါတွေက မောင်အခု အကို့အနားမှာရှိနေပြီလေ မောင့်အကြောင်းကလွဲပြီး အကိုကျန်တာစိတ်မဝင်စားဘူး...."
"ကျွန်တော် ဒီနေ့တော့အိမ်ပြန်ချင်တယ်...."
ခဏတာမျှတိတ်ဆိတ်သွားတော့၏။
"သွားလေ...... အကိုလာခေါ်မယ် ညမှ...စိတ်ဆိုးပြေတော့နော် အကိုညကလွန်သွားတာသိပါတယ်...."
ဘေးစောင်းလှဲနေသော ရတုကိုယ်လေးကို ရင်ခွင်ထဲဆွဲထည့်လိုက်တော့၏။
ဂုတ်သားများကို မထိတထိနမ်းနေသော အကို့နှုတ်ခမ်းများဟာ အလုပ်ရှုပ်နေတော့သည်။ သူစိတ်ဆိုးမပြေသေးပါ။ အမအကြောင်းကိုပြောရုံတင်မကပဲ ညက အတင်းအကြပ်အလုပ်ခံလိုက်ရတာကြောင့် တကိုယ်လုံးလည်းနာကျင်နေတော့၏။
__________
"ငါဘာဆက်လုပ်ရမလဲရှင်းသန့် ငါအမအကြောင်းကိုတွေးလိုက်တာနဲ့ စိတ်ပင်ပန်းရတယ်...."
ရတု မမတို့ဆီ မသွားခင် ရှင်းသန့်နဲ့အရင်ချိန်းလိုက်တော့၏။ အရင်တည်းက ဆိုးတူကောင်းဖက် ဖြစ်တာကြောင့် တစ်ယောက်အကြောင်းတစ်ယောက် ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ရသည်။
"အေး နင်အပြစ်မှမဟုတ်တာ နင့်မမအပြစ်လဲမဟုတ်ဘူး .... စိတ်ညစ်မနေပါနဲ့ နင့်မမကိုသေချာပြောပြပြီး တခြားအလုပ်ပဲသေချာလုပ်ခိုင်းလိုက်ပေါ့...."
"ဟင်းးးးအေးဟာ ငါလဲသူ့ကို ဖြောင်းဖြလိုက်ပါမယ်...."
"အကို မော်ကွန်းက ဘယ်လိုသိတာလဲအဲ့အကြာင်းကို..."
"ငါ့မမနဲ့ တွဲနေတဲ့လူက သူ့အဖေ နဲ့အသိလို့ပြောတယ်...."
ခေါင်းထဲထက်ရောက်လာသောအတွေးများက ရတုကိုပိုပြီးဝမ်းနည်းစေတော့သည်။ ကိုယ့်အမအကြောင်းကို တခြားသူပြောမှ သိရတာကိုက မျက်နှာပူစရာကောင်းလှသည်။
"ဖိုက်တင်းပါဟာ .... အဆင်ပြေသွားမှာပါ"
"အေးပါ...."
________________
အရင်လိုမဟုတ်တော့တဲ့အခြေအနေမှာ အိမ်သို့ပြန်လာသော ခြေလှမ်းများဟာ တွန့်ဆုတ်နေတော့သည်။
"မမပြောစရာရှိတယ် အခန်းထဲခဏလာဦး"
မမမျက်နှာက ပကတိမကောင်းနေပါ။
စိတ်လှုပ်ရှားနေပုံရ၏။ ဒီလိုအခြေအနေမှာ ရတု ဘာဆက်ပြေရမယ်မှန်းသေချာမသိတော့ပါ......
မော်ကွန်း ဂျူတီချိန်စောပြီးတာနှင့် မောင့်အိမ်သို့စောထွက်လာခဲ့သည်။
ထို့နောက် အိမ်ရှေ့ခြံဝထဲက လူနှစ်ယောက်က မျက်နှာထက်အပြုံးပန်းများပွင့်နေတော့သည်။
"တောက်စ်..."
"လာစမ်း..ပြန်မယ်..."
အတင်းဆွဲယူလိုက်သော လက်တစ်ဖက်က ပျော့ခွေစွာ မော်ကွန်းလက်ထဲ ရောက်သွားတော့သည်။
"ဘာ...လုပ်တာလဲ အကို"
တဖက်လူကိုကြည့်နေသော အကို့မျက်လုံးများဟာ ကြောက်စရာအတိကောင်းနေတော့သည်။
ရတု အဲ့ကောင်နဲ့စကားပြောတာကိုေမာ်ကွန်း သဘောမကျ။
"လာလို့ ပြန်မယ်..."
"ဟို... စိတ်မရှိပါနဲ့ ဘယ်သူလဲ...."
အကိုမင်းသူကနားမလည်ဟန်နဲ့ မေးလိုက်တော့ ရတုလက်များကို အကိုကပို၍တင်းတင်းကြပ်ကြပ်ဆွဲသွားတော့သည်။
"မင်းသိစရာမလိုဘူး"
အတင်းအကြပ်ဆွဲခေါ်ခံသွားရပြီး ကားပေါ်သို့ရောက်သည်အထိ နှစ်ယောက်လုံးစကားမပြောဖြစ်တော့။
"လာ....မင်း..."
လက်တစ်ဖက်ကိုပင်အတင်းဆွဲခံထားရတာကြောင့် လက်ကောက်ဝတ်နားကအတော်လေးနာကျင်နေပြီဖြစ်သည်။
"မင်းအိမ်ကိုပြန်တာ အဲ့ကောင်နဲ့တွေ့ဖို့လား ...ဟမ်.. ငါမကြိုက်ဘူးဆိုတာမသိဘူးလား...."
မမကြောင့်နှင့် စိတ်ပင်ပန်းနေတာမို့ ဖြေရှင်းချက်များ ရတု ထပ်မပေးချင်တော့။
"ဟမ်....ပြန်ဖြေလေ..."
"တော်ပါတော့ ခင်ဗျားရဲ့အခြေအမြစ်မရှိတဲ့စကားတွေမကြားချင်တော့ဘူး .... ဖယ်တော့"
အကို့ကို တစ်ခါမျှပင် ခင်ဗျားဟူ၍ မသုံးနှုန်းဖူးသော်လည်း စိတ်အခြေအနေအရ ပိုပြီးပင်ပန်းအောင်လုပ်နေတာကြောင့် စိတ်ကုန်မိသည်။
"ဘာ... မင်းအဲ့လောက်ရယ်ပြုံးနေတာ ဒါလားစိတ်ညစ်တာ...မပြောချင်လဲနေပေါ့ .... မင်းအပြင်မထွက်ရတော့ဘူး ဒါပဲ..."
တစ်ချက်လွှတ်အမိန့်ဆိုတာ ဒါများလား။ ရတု တရားခံတစ်ယောက်လိုပင်ဆက်ဆံခံနေရတာကြောင့် စကားလုံးများပင်ပြန်ပြောဖို့ မထွက်တော့။ သူဘားမှမျှ မလုပ်ခဲ့တာ။ စကားပြောနေရုံပဲကိုပင် အထင်မြင်လွဲနေသည်က ကလေးဆန်လွန်းလှသည်။ စကားဆက်မပြောချင်တော့တာနဲ့ ရတု အခန်းထဲပဲဝင်လာလိုက်တော့သည်။ ...