He is Mine

By Ahthayy

3.2K 389 9

hanibani short story More

He is Mine 1
He is Mine 2
He is Mine 3
He is Mine 4
He is Mine 5
He is Mine 6
He is Mine 7
He is mine 8(1)
He is Mine 8(2)
He is Mine 9
He is Mine 10
He is Mine 11
He is Mine 12
He is Mine 13
He is Mine 14
He is Mine 15
He is mine 16
Valentine Day Special
He is Mine 17
He is Mine 18
Extra

He is Mine - final

182 16 0
By Ahthayy

Shane Filan - Beautiful in white
-

ညနေသုံးနာရီခန့်အချိန်တွင် SH group အပိုင် ဟိုတယ်ဟောခန်းကြီးအတွင်း လူကြီး၊လူငယ်၊လူရွယ်များနှင့်ပြည့်နက်နေပြီး မင်္ဂလာသတို့သားနှစ်ဦးအား စောင့်မျှော်နေကြသည်။သူတို့ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသောသီချင်းသံအေးအေးက စိတ်ကိုကြည်နူးအေးမြစေလေသည်။

အခန်းအတွင်း ရွှေရောင်၊ အဖြူရောင်နှင့်ပန်းရောင်ကိုသာ အခမ်းအနာပြင်ဆင်ရာ၍အသုံးပြုထားပြီး မီးဆိုင်းများကအစရွှေရောင်တဖိတ်ဖိတ်တောက်နေသည်။ထို့အပြင် ပန်းများကိုလည်း နှင်းဆီ အဖြူနှင့်ပန်းရောင်ကိုသာအများဆုံးသုံးထားကြပြီးကြည့်လိုက်သည်နှင့် နွေးထွေးမှုအတိပြီးသောပုံစံဖြစ်သည်။

ဒယ်ဟန်းမင်းဂု၏နာမည်ကြီး SH group နှင့် သူနှင့်အပြိုင် စီးပွားရေးတွင်ထိပ်တန်းရောက်နေသော Park မျိုးရိုးတို့၏ အရှိန်အဝါနဲ့ဆိုလျှင် ဤအခင်းအကျင်းကသာမာန်မျှသာဖြစ်သည်ဟုဆိုရမည်ဖြစ်ပါသည်။

ခန်းမအတွင်းသို့မဝင်ခင် ဆွန်းဟန် မျက်နှာထက်စိတ်လှုပ်ရှားမှုကြောင့် မတည်မငြိမ်ဖြစ်နေပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားကာ စိတ်တည်ငြိမ်အောင်ကြိုးစား၍နေရသည်။

လွန်ခဲ့သည့်နှစ်တည်းကစီစဉ်ခဲ့သော၊ သူတို့နှစ်ဦးမျှော်လင့်ခဲ့ရ‌သော ဤမင်္ဂလာပွဲသည် ယ‌ခုနေ့တွင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဆွန်းဟန် ရင်ထဲတွင်စိတ်ခံစားချက်ပေါင်းစုံဖြစ်ပေါ်နေပြီး မျက်ရည်မကျမိအောင်လည်း ထိန်းနေရပါ၏။

ဆင်ဆွယ်ရောင် suit ကိုဝတ်ဆင်ထားပြီး နှင်းဆီပန်းအဖြူရောင်ကိုရင်ဘက်တွင်ထိုးထားသည်မို့ အမြင်ရှင်းနေပြီး ချောမောခန့်ညားမှုကထင်းထွက်နေသည်။

" စိတ်လှုပ်ရှားနေလား ဆွန်းဟန် "

" ဒီနေ့မှ ‌စိတ်မလှုပ်ရှားဘူးဆိုရင် မောင်ကရူးနေလို့ပဲနေမယ် "

" မင်းကအစောတည်းကအရူးလေးပဲမဟုတ်ဘူးလား "

ဆွန်းဟန် စိတ်လှုပ်ရှားနေမှန်းသိသည်မို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် စနေသော Wonbin မျက်နှာထက်တွင်လည်း ငိုထားမှန်းသိသွာစွာ နှာထိပ်ကလေးနီရဲနေ‌သည်။

" Binn ငိုထားတာလား ၊ မောင့်ကိုပြပါအုံး ဘာလို့လဲဗျာ နှာထိပ်လေးတောင်ရဲနေတယ် "

" မင်းကိုပိုင်ဆိုင်ရတော့မယ်ဆိုတာ အိမ်မက်တစ်ခုလိုပဲဆွန်းဟန် ၊ ဒီအခြေအနေကို ခုထိမယုံနိုင်သေးဘူး "

" ဘာတွေများမယုံနိုင်ဖြစ်နေရတာလဲဗျာ မောင်ဒီမှာလေ မင်း‌ရဲ့အမျိုးသားဖြစ်လာတော့မှာ "

ယခုနေ့သည် သူတို့နှစ်ဦး၏မင်္ဂလာပွဲလည်းဖြစ်ပါသလို Wonbin ၏မွေးနေ့လည်းဖြစ်သည်။

ဆွန်းဟန်သည် လက်ဖျားလေးများအေးနေသောWonbin လက်ကလေးများကို တယုတယ ဆုပ်ကိုင်လိုက်ပြီး အနမ်းပေးကာ Wonbin နားထင်လေးအားထပ်မံနမ်းလိုက်ပြီးဖက်ထားလိုက်တော့သည်။

တစ်ဦးရင်ခုန်သံကိုတစ်ဦးကြားရသည်အထိ စိတ်လှုပ်ရှားနေကြပြီး သူတို့တွင် ကြည်နူးစိတ်၊မြတ်နိုးစိတ်များဖြင့် တစ်ဦးကိုတစ်ဦးလွှမ်းခြုံထားကြလေသည်။

//

ဆင်ဆွယ်ရောင်သတို့သားဝတ်စုံဆင်တူဖြင့် ပန်းရောင်ဖျော့ဖျော့ကောဇောထက် လမ်းလျှောက်လာသောအမျိုးသားနှစ်ဦးသည် ချိတ်တွဲထားသောလက်များကမြဲမြံနေခဲ့ပြီး တစ်ဦးကိုတစ်ဦးမြတ်နိုးစွာကြည့်ရင်း နှုတ်ခမ်းထက်အပြုံးကိုယ်စီဖြင့် ခန်းမထက်သို့တလှမ်းချင်းလျှောက်ဝင်လာကြသည်။

♬♪♪Not sure if you know this

But when we first met

I got so nervous I couldn't speak ♪

ခန်းမအတွင်း Beautiful in white သီချင်းသံအေးအေးကပျံ့လွင့်နေပြီး သူတို့နှစ်ဦး၏ပထမဆုံးတွေ့ဆုံရာအချိန်သို့သတိရစေသည်။

♪ In that very moment
I found the one And my life had found its missing piece ♪

♪ So as long as I live I love you
Will heaven hold you
You look so beautiful in white ♪

♪ And from now to my very last breath This day I'll cherish
You look so beautiful in white, tonight ♪

အချိန်တွေကုန်တာမြန်သည်။17နှစ်သားအရွယ်တွင်တွေ့ခဲ့ကြသောသူတို့သည် ယခုတွင် မင်္ဂလာခန်းမအလယ်တွင်ရှိနေခဲ့ကြပြီဖြစ်သည်။

♪ What we have is timeless
My love is endless
And with this scream I say to the world ♪

♪ You're my every reason
you're all That I believe in
with all my heart I mean every world ♪

♪ So as long as I live I love you
Will heaven hold you
You look so beautiful in white
And from now to my very last breath This day I'll cherish You look so beautiful in white, tonight... ♬♪♪

~

" ကျွန်တော် ဟုန်းဆွန်းဟန်သည် ပတ်ဝန်ဘင်း အပေါ်တွင် ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ တစ်သက်လုံးချစ်ခင်ယုယသွားမည်ဟုကတိသစ္စာပြုပါသည် "

" ကျွန်တော် ပတ်ဝန်ဘင်းသည် ဟုန်းဆွန်းဟန် အပေါ်တွင် ကောင်းသည်ဖြစ်၊ဆိုးသည်ဖြစ်စေ တစ်သက်လုံးလက်တွဲသွားမည်ဟု ကတိသစ္စာပြုပါသည် "

ထို့နောက်အပြန်အလှန် လက်စွပ်ဝတ်ပေးခဲ့ကြပြီး ထိုလက်စွပ်သည်ငွေရောင်အတိလွှမ်းနေပြီး လက်စွပ်လေးထဲတွင်လေးထောင့်သဏ္ဍာန်စိန်တုံးလေးကိုမြှုပ်ထားကာ အတွင်းသားထဲတွင် သူတို့နှစ်ဦး၏နာမည်အားရေးထိုးထားသည်။

ပြီးနောက် MC ၏ အပြောကိုတောင်မစောင့်တော့ပဲ တစ်ဦးနှင့်တစ်ဦးပွေ့ဖက်အနမ်းများပေးလိုက်ကြပြီး နှစ်ဦးစလုံး၏မျက်နှာထက် ဝမ်းသာကြည်နူးမှုကြောင့် အပြုံးပန်းများဖူးပွင့်နေကြပြီး မျက်ဝန်းများစိုဆွတ်နေကြတော့သည်။

သူတို့ဒီအခိုက်အတန့်လေးကို ဘယ်တော့မှမေ့မည်မဟုတ်တော့။အခိုက်အတန့်တစ်ခုစီတိုင်းကို မှတ်ဉာဏ်ထဲတွင် မြတ်နိုးစွာသိမ်းစည်းထားလိုက်တော့ပြီပင်။

Wonbin အတွက်လည်းတန်ဖိုးဖြတ်မရသောမွေးနေ့လက်ဆောင်အားရလိုက်သလိုပါပင်။သူဒီချစ်ခြင်းမေတ္တာလေးကို တစ်သက်လုံးမြတ်နိုးယုယသွားတော့မည်ဖြစ်သည်။

သူတို့မင်္ဂပွဲအား ပါးပါးနှင့်သူအမျိုးသမီးလည်းတက်ရောက်ပါသလို၊မားမားနှင့်သူအမျိုးသမီးကလည်း လာရောက်ချီးမြှင့်ပေးကြသည်။ဒယ်ဒီကတော့ မေမေကြိုက်သည့် ကျူးလစ်ပန်းအဖြူလေးကိုရင်ဘတ်တွငိထိုးရင်း သူတို့အားဂုဏ်ပြုပေးပါသည်။ထို့အပြင်အီဆော့သည်လည်း သူ့ချစ်သူနှင့်အတူ ပွဲတက်ရောက်လာပေးပါ၏။

ညနေ‌ 6နာရီခန့်တွင် အခမ်းအနားပြီးမြောက်သွားပြီဖြစ်ပြီး ည dinner party အတွက် သူတို့အိမ်အသစ်လေးရှိရာသို့နှစ်ဦးသားပြန်လာခဲ့ကြသည်။ထိုအိမ်လေးသည် လွန်ခဲ့သည့်နှစ်က မင်္ဂလာပွဲအတွက်ပြင်ဆင်ရင်း နှစ်ဦးသဘောတူဝယ်ကာ Wonbin စိတ်သဘောကျသည့်အတိုင်း ဆောက်လုပ်ပေးထားသောအိမ်ကလေးဖြစ်သည်။

ခြံဝန်းအကျယ်ကြီးဖြစ်သည်မို့ ပန်းပင်ကလေးများ၊စားပင်သောက်ပင်အနည်းငယ်ကိုလည်း ခြံအနောက်ဘက်တွင်စိုက်ပျိုးထားသေးသည်။

ခြံထဲတွင်ပါတီရှိသည်မို့ ယ‌ခုနေ့တွင် ဒယ်ဒီ့အိမ်မှအလုပ်သမားများ လာကူပေးကြကာ သူတို့အိမ်သို့ရောက်ချိန်တွင် အကုန်လုံးပြီးစီးနေပြီဖြစ်သည်။

" Binn မင်းပင်ပန်းရင်ခဏလောက်အိပ်လိုက်မလား မင်းမျက်နှာလေးနွမ်းနေပြီ "

" မင်းကရော ဆွန်းဟန် "

" အိမ်ပေါ်တက်နှင့် မောင်လိုက်လာခဲ့မယ်နော် "

ထို့နောက် ဆွန်းဟန် မီးဖိုချောင်ဘက်သွားကာ Wonbin အတွက်သံပုရာရည်တစ်ခွက်ဖျော်ခိုင်းလိုက်ပြီး အိမ်အကူကြီးအား ‌မှာစရာရှိတာမှာလိုက်သည်။

" Binn ကိုခဏအိပ်ခိုင်းမလို့ အပေါ်ထပ်ကိုဘယ်သူ့ကိုမှမလာခိုင်းပါနဲ့ "

" ဟုတ်ကဲ့ပါအကိုလေး "

ပြီးသည်နှင့် ဆွန်းဟန် Wonbin ရှိရာအိမ်အ ပေါ်ထပ်သို့တက်လာခဲ့လိုက်တော့သည်။

ဆွန်းဟန်အပေါ်သို့ရောက်သွားချိန်တွင် Wonbinသည် အင်္ကျီများလဲပြီးနေပြီဖြစ်ပြီး ကုတင်ပေါ်တွင် သူ့အားထိုင်စောင့်နေသည်။

" သံပုရာရည်လေးသောက်လိုက်အုံး မောင်အင်္ကျီသွားလဲအုံးမယ် "

" အင်း မြန်မြန်သွား "

ခဏအကြာတွင် ဆွန်းဟန် ပေါ့ပေါ့ပါးပါးဝတ်ကာ ပြန်ထွက်လာသည်။

" မင်းကိုစောင့်နေတာဆွန်းဟန် မင်းလက်ပေါ်ခေါင်းအုံးချင်လို့ "

" ရတာပေါ့ဗျာ လာ... ခဏလောက်အိပ်ပျော်အောင်အိပ်လိုက်နော် ဧည်သည့်တွေလာခါနီးမှမောင်နှိုးမယ် "

ဆွန်းဟန် Wonbin နဖူးလေးအားနမ်းလိုက်ပြီး Binn ကသူ့နှုတ်ခမ်းအား ခပ်ဖွဖွလေးထိကပ်နမ်းကာ ရင်ခွင်ထဲတိုးခွေ့ရင်းအိပ်ပျော်သွားတော့သည်။

//

" ဟုန်းဆွန်းဟန်တို့ကို ဂုဏ်ပြုပါတယ်နော် "

ဆွန်းဟန် ကိုင်ထားတဲ့ဝိုင်ခွက်ကိုတိုက်ရင်း ပြောလာသူအား အပြုံးမပျက်ကျေးဇူးတင်စကားဆိုလိုက်ရသည်။ စီးပွာရေးသမားအများစုတက်ရောက်တာမို့ ဒယ်ဒီဧည်သည်နှင့်ပါးပါးဧည့်သည်များသာ အများဆုံးဖြစ်ပြီး ဆွန်းဟန်နှင့်ဝန်းဘင်း၏ ဧည်သည့်မှာအနည်းငယ်မျှသာ။

ယခုအချိန်တွင် ဆွန်းဟန်သည် အနက်ရောင်တွင်အစင်းလေးများဖောက်ထားသော suit ကိုဝတ်ဆင်ထားသည်မို့ All black ဖြစ်နေပြီး တည်ကြည်မှုအပြည့်နှင့်ဖြစ်သည်။

Wonbin သည် အောက်ခံshirt အနက်နှင့် suit အဖြူရောင်ကိုဝတ်ဆင်ထားသည်မို့ ချောမောမှုကထင်းထွက်နေသည်။

ဆွန်းဟန် Binn ကိုလှမ်းကြည့်လိုက်တော့ပါးပါးဧည့်သည်များနှင့် စကားပြောနေလေသည်။ထို့ကြောင့် သူစီစဉ်ထားသော အရာကိုအကောင်အထည်ဖော်ရန် အီဆော့ကို အချက်ပြလိုက်သည်။ထို့အပြင်အစ်ကိုဆူမင်း၏အကူအညီကြောင့်လည်း သူBinn မသိအောင်လုပ်နိုင်ခဲ့တာပင်။

" အဟမ်း အဟမ်း ပွဲတက်ရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာ သတို့သားကြီးဟုန်းဆွန်းဟန်က သူ့အမျိုးသားအတွက်သီချင်းဆိုပေးချင်လို့ပါတဲ့ဗျ လက်ခုပ်တီးပြီးအားပေးလိုက်ကြပါအုံးခင်ဗျာ "

အီဆော့ပြောင်ချော်ချော်စကားသံထွက်လာပြီးနောက် ဆွန်းဟန် Binn မသိအောင်လေ့ကျင့်ထားသော သီချင်းလေးအားစဆိုလိုက်တော့သည်။

♪⁠♪Looking in your eyes
I see a paradise
This world that I've found
Is too good to be true
Standing here beside you
Want so much to give you
This love in my heart
That I'm feeling for you ♪⁠♪

ဆွန်းဟန် Wonbin ကိုကြည့်ကာ ဂစ်တာကိုဟန်ပါပါတီးရင်း စဆိုတော့ Binnက သူထံသို့လျှောက်လာသည်။

ထို့နောက် အီဆော့ဆီမှမိုက်တောင်းကာ ဆွန်းဟန်နှင့်အတူလိုက်ဆိုပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းအပြုံးများမရပ်ကြတော့။

♪⁠♪Let 'em say we're crazy
I don't care about that
Put your hand in my hand, baby Don't ever look back
Let the world around us
Just fall apart Baby, we can make it If we're heart to heart ♪⁠♪

♪⁠♪And we can build this dream together Standing strong forever
Nothing's gonna stop us now
And if this world runs out of lovers We'll still have each other
Nothing's gonna stop us
Nothing's gonna stop us now.....♪⁠♪

Starship- Nothing gonna stop us now

ဧည့်သည်များကလက်ခုတ်တီးကာအားပေးလိုက်ကြပြီး ပါတီပွဲကပိုမိုစည်ကားလာတော့သည်။

ည9နာရီခွဲအချိန်တွင်တော့ ဧည့်သည်များအားလုံးပြန်သွားပြီဖြစ်သလို ပါတီပွဲလည်းပြီးသွားတော့ပြီပင်။အိမ်ရှင်လက်ထပ်ပြီးကာစသူတို့နှစ်ဦးနှင့်အလုပ်သမားအနည်းငယ်သာကျန်ရှိတော့ပြီးဖြစ်ပြီး အလုပ်သမားများက သန့်ရှင်းရေးလုပ်နေကြလေသည်။

အကုန်သိမ်းဆည်းပြီးသွားသည့်အချိန်တွင် ညဆယ်နာရီခွဲရှိနေပြီဖြစ်ပြီး ထိုအချိန်မှ အလုပ်သမားများသည်လည်းပြန်သွားကြရသည်။

" ရေအရင်ချိုးလိုက်နော် Binn မောင်အင်္ကျီထုတ်ပေးထားမယ် အရမ်းမကြာစေနဲ့နော် "

" သိပါပြီခင်ဗျာ "

Wonbin ရေချိုးပြီးပြန်ထွက်လာချိန်တွင်
ဆွန်းဟန် ရေချိုးခန်းဝင်လိုက်ပြီး ပင်းပန်ထားသည်မို့ ‌ရေချိုးအနည်းငယ်ကြာသွားကာ ပြန်ထွက်လာချိန်တွင် Binn ထံမှအဆူရပါတော့သည်။

" ဆွန်းဟန်ကနော် ကိုယ့်ကျရေအကြာကြီးမချိုးနဲ့တဲ့ မင်းကျတော့အကြာကြီး‌ချိုးနေတယ် "

" မောင် နည်းနည်းကြာသွားတယ် ဟီး "

" ခေါင်းပါလျှော်လာသေးတယ် မင်းကတော့နော် လာလာ...သုတ်ပေးမယ် ရေစက်လက်မနေနဲ့ "

သဘတ်တစ်ထည်သာပတ်ထားသောကြောင့် ဆွန်းဟန် Wonbin အနားသို့်သွားချင်ပေမယ့် ခေါင်းသုတ်ပေးဖို့စာင့်နေတာမို့ အနားသို့သွားထိုင်လိုက်ရသည်။

" မောင့်ဘာသာသုတ်လည်းရတာကို "

" အဲ့ဒီကမောင်ကမသုတ်ဘူးလေ ကိုယ်မပြောရင်ဒီတိုင်းထိုးအိပ်တော့မှာသိသာနေတာကို "

" Binn မင်းကိုယ့်အန္တရာယ်ကိုယ်မသိဘူးနော် အရင်ကရောအခုရော "

" ဘာကိုလဲ "

" အဟွန်း မင်းကလေတကယ်အသဲယားစရာလေးသိလား Binn "

" သိတယ် မင်းတိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုးနေ့တိုင်းပြောနေတာကိုမသိဘဲနေမလား "

" နမ်းချင်တယ် Binn "

* ပြွတ်

ဆွန်းဟန်စကားဆုံးသည်နှင့်အသံမြည်အောင်နမ်းသွားပြီး သူမဟုတ်သလိုခေါင်းဆက်သုတ်နေသူကြောင့် ဆွန်းဟန်မနေနိုင်တော့ဘဲ Wonbin နှင့်မျက်ချင်းဆိုင်လုပ်ယူလိုက်ပြီး အနမ်းများကိုစတင်လိုက်တော့သည်။

ထို့နောက် ဆွန်းဟန်သည် Wonbin ကိုပေါင်ပေါ်တင်ကာ ကုတင်အစွန်းဗျားတွင်ထိုင်ရင်း Wonbin ၏လည်တိုင်ဖွေးဖွေးမှစ၍ နှူတ်ခမ်းဖူးဖူး ၊လျှာအတွင်းပိုင်းထိစုတ်ယူစားသုံးနေပါတော့သည်။

ထို့အခါ တဘက်တစ်ထည်သာပတ်ထားသော ဆွန်းဟန်သည် မိမိပေါင်ပေါ်တွင်ရောက်နေသော Wonbin ကြောင့် ခဏအတွင်းမှာပင် ခန္ဓာကိုယ်အောက်ပိုင်းဟာပြောင်းလဲလာပါတော့သည်။

" ကျစ် တကယ်ကိုပဲ "

" ဆွန်းဟန်!! "

" မောင်ထိန်းနိုင်တယ် Binn ၊ ဆက်နမ်းရအောင်ပါ "

" မဟုတ်ဘူးဆွန်းဟန် ကိုယ်တို့မင်္ဂလာဦးညလေ ပြီးတော့ ကိုယ့်အသက်25နှစ်နော် "

Binn ဘာသဘောနှင့်ပြောသလဲဆွန်းဟန်သိသည်။သို့သော် သူစိုးရိမ်သည်မှာ Binn နာမှာကိုပင်။

" မောင်ကမင်းနာမှာစိုးတာ မင်းသာခွင့်မပြုရင်မောင်ထိန်းနိုင်ပေမယ့် အခုမင်းကြောင့်‌ မောင်ရူးတော့မလိုပဲ "

" အရူးလေး ကိုယ်ကမင်းကိုအမြဲတမ်းကြည်ဖြူပါတယ် ဆွန်းဟန် ၊ ဒါနဲ့ မင်းသာထိန်းနိုင်တယ်ပြောနေတာ မင်းအောက်ကအကောင်ကတဖြည်းဖြည်း ပိုကြီးလာနေတယ် ဆွန်းဟန်"

Wonbin စကားဆုံးသည်နှင့် အနမ်းတို့ပြန်လည်မွတ်သိပ်လာခဲ့ပြီး ဆွန်းဟန်သည် သူထိန်းချုပ်ထားသမျှလွတ်ချလိုက်သလိုမျိုး Wonbin အားစိတ်တိုင်းကျပြုမှုနေတော့သည်။

ဆွန်းဟန်ခါးက တစ်ထည်တည်းသောသဘတ်လေးအား ကုတင်အောက်တွင် ကျနေခဲ့ပြီး Wonbin ၏ညအိပ်ဝတ်ဆုံးလေးသည်လည်းဆွဲဖြဲခံထားရလေသည်။

တစ်ခါတခါမထိန်းနိုင်ပဲထွက်လာသည် Wonbin ၏ ' မောင် 'ဟု ညည်းသံအဆုံးတွင် ဆွန်းဟန်စိတ်တို့အစိုးမရဖြစ်ခဲ့ရပြီး စိတ်လွတ်ထွက်မသွားအောင် ကြိုးစားနေရင်းမှ
' Binn ' ဟုသံရှည်စွဲကာညည်းသည့်အခါမျိုးလည်းရှိခဲ့ပါသည်။

ညတာရှည်ခဲ့သောထိုနေ့ညတွင် မနက်2နာရီမှ အိပ်ခဲ့ကြပြီး ဆွန်းဟန်သည် Wonbin အားသေချာသန့်ရှင်းလုပ်ပေးပြီးကာမှ အိပ်ခဲ့တာဖြစ်သည်။

//

" နိုးပြီလား Binn မောင်မင်းအတွက်ဆန်ပြုတ်လုပ်ထားတယ် "

" ဘာလို့ဆန်ပြုတ်လဲ "

နေ့ခင်း 11နာရီ Wonbin နိုးလာခဲ့ပြီး နိုးနိုးချင်းတွင်လည်း ဆွန်းဟန်လက်မောင်းပေါ်ခေါင်းအုံးကာ ဆွန်းဟန်ရင်ခွင်ထဲတွင်ပင်ဖြစ်သည်။

ညကသူပေးထားသည့်အမှတ်အသားများသည် ဆွန်းဟန်ရင်ဘတ်တွင် အများအပြားရှိနေပြီး လည်တိုင်တွင်လည်းရဲပတောင်းခက်နေလေသည်။ဆွန်းဟန်တွင်ဘဲလားဆိုတော့မဟုတ် Wonbin တွင်လည်းတစ်ကိုယ်လုံးအမှတ်အသားမြောက်များစွာနှင့်ပင်။

" အစာမာတွေစားလို့မဖြစ်သေးလို့လေ ၊ Binn ရာလိမ္မာပါတယ်နော် ကြက်သားဆန်ပြုတ်လေးပဲသောက်ရအောင်နော် "

" ဘယ်သူ့ကြောင့်မို့လို့လဲ "

" ဟုတ်ပါတယ်မောင့်ကြောင့်ပါ မောင့်အပြစ်တွေပါဗျာ ၊ မောင်လည်းလိုက်သောက်ပါ့မယ်နော် "

* ပြွတ်

" မောင်!! မင်းနော် "

" မျက်နှာသစ်ရအောင် မောင်ချီမယ် "

ထို့နောက် ဆွန်းဟန် Wonbin အားရေချိုးခန်းထဲသို့ချီခေါ်သွားပေးကာ မျက်နှသစ်၊သွားတိုက်အကုန်လုပ်ပေးခဲ့ပြီး အဝတ်အစားများပါ လဲပေးလိုက်ကာ ဆန်ပြုတ်ကိုလည်းကိုယ်တိုင်ပင်ခွံကျွေးလိုက်တော့သည်။

ဤသို့ဖြင့် အိမ်ကလေးထဲတွင် ဆွန်းဟန်စနောက်သံ Wonbin ၏သဘောတကျရယ်သံတို့နှင့်ပြည့်နက်နေခဲ့ပြီး နွေးထွေးသောရပ်ဝန်းလေးသည် ထာဝရတည်တံ့နေတော့မည်ပင်။

အချိန်စောစောရောက်လာသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်သော ဟုန်းဆွန်းဟန်ဟာ Park Wonbin ဟူသောအမျိုးသားလေး၏အပိုင်ဖြစ်သည်မှာ ပြောင်းလဲမည်မဟုတ်ပါချေ။

ရာသီများပြောင်းလဲပြီး အချိန်တွေကြာလာသည်နှင့်အမျှသူတို့ချစ်ခြင်းဟာပိုမိုခိုင်မြဲလာခဲ့ပြီး နွေးထွေးစွာချည်နှောင်ထားသောသူတို့ရပ်ဝန်းလေးသည် ချစ်ခြင်းမေတ္တာတရားများနှင့်သာပြည့်နှက်နေပါတော့သည်။

_____________ END ______________

Hong Seunghan ဝတ်တာဒီလိုမျိုးပါ

Park Wonbin ဝတ်တာဒါမျိုးပါ ( ကျွန်တော်ဘယ်လိုရေးရမလဲမသိလို့ပုံမဖော်မရမှာစိုးလို့ထည့်ပေးထားတာ ဟီး )

လက်စွပ်

____________

နောက်ဆုံးတော့ မသေမသပ်လက်ရာလေးအဆုံးသတ်သွားခဲ့ပါပြီ။

ကျွန်တော်တစ်လျှောက်လုံးမေ့နေခဲ့တာကျေးဇူးတင်စကားပါ။ ဖတ်ပေးကြတဲ့လူတစ်ယောက်ချင်းစီးတိုင်းကိုရော reading list ထဲအထိထည့်ပြီးချစ်ပေးကြလို့ရောတကယ်ကျေးဇူးတင်ပါတယ်။

အရေးအသားမကောင်းတာတောင်အစကနေအဆုံးထိအတူလိုက်ပါပေးတာ အများကြီးချစ်ပါတယ်နော်။

Wonbin မွေးနေ့မှာ Seunghanပြန်လာဖို့ဆုတောင်းရင်း final လေးကိုတင်လိုက်ပါတယ်ရှင်။

Continue Reading

You'll Also Like

483K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
965K 22K 49
In wich a one night stand turns out to be a lot more than that.
470K 31.7K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
167K 5.8K 43
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...