He is mine 16

156 14 2
                                    

" ဆွန်းဟန် ! "

" နိုးပြီလား Binn  ခဏလေးနော် ကျွန်တော်လာပြီ "

အိပ်ယာနိုးနိုးချင်း ဆွန်းဟန်အားအော်ခေါ်နေသော Wonbinသည် အနည်းငယ်ဒေါသသံထွက်နေလျှက်။ဆွန်းဟန် အခန်းထဲရောက်သွားချိန်တွင်တော့ ဆွန်းဟန်ကိုမကြည်ကြည့်လာကာ 'မင်းအပြစ်မင်းသိ'ဆိုသည့်သဘောမျိုးပင်။

" ဘာလုပ်နေတာလဲမင်း "

" ကျွန်တော် ပန်းချီခန်းထဲခဏရောက်သွားရင်း အဲ့တာ... "

" ကိုယ်နိုးတဲ့အထိ ဘေးမှာနေပေးပါဆိုတာကိုနေမပေးဘူး မင်းနော် ၊ ပြီးတော့ ကိုယ်မင်းကိုဘာပြောထားလဲဆွန်းဟန်ရာ ကိုယ်မပါဘဲအဲ့အခန်းထဲ တစ်ယောက်တည်း မသွားပါနဲ့လို့ "

ဟိုးယခင်နေ့များက သဝန်တိုမှုကြောင့်ဖြစ်ပေါ်ခဲ့သော ပြဿနာလေးကြောင့် ဆွန်းဟန်သည် Wonbin ၏ပန်းချီခန်းထဲသို့ပထမဆုံးရောက်ဖူးခဲ့ခြင်းဖြစ်သည်။ထိုအချိန်က ပူထူနေပေမယ့် နှစ်ဦးသားဖြေရှင်းပြီးချိန်တွင်တော့ တစ်ခန်းလုံးရှိပန်းချီကားများတွင်
ဆွန်းဟန် ပုံများဖြင့်ပြည့်နေလေရာ ဆွန်းဟန်လွန်စွာအံ့ဩခဲ့ရပြီး သူအထင်လွဲခဲ့သည့်ကိစ္စအတွက်နောင်တရနေတော့သည်။Binn ဟာသူ့ဘဝတစ်လျှောက်လုံးကို ဆွန်းဟန်စိတ်ဖြင့်ဖြတ်သန်းခဲ့တာဖြစ်သည်။

ထိုနေ့ပြီးနောက်နေ့တွင် ဆွန်းဟန်သည် သူ၏တူလေးနှင့်ပေးတွေ့ခဲ့ပါသလို social media အထိပုံတင်တာ Wonbin အားကြွားလုံးထုတ်ခဲ့သည်။ထိုကလေးသည် Wonbinအား လေးနက်စွာတောင်းပန်ခဲ့ပြီး နောက်ထိုသို့မလုပ်တော့ပါဟုလည်းကတိအထပ်ထပ်ပေးခဲ့သေးပါသည်။

ဆွန်းဟန်သည်ထိုနေ့မှ Wonbinအား လူသိရှင်ကြားတရားဝင်တွဲခဲ့ပြီး နှစ်ဦးသား
ဒယ်ဒီ့ဆီသို့လည်းရောက်ဖြစ်ကြသေးသည်။ဒယ်ဒီကတော့ Park Wonbin အား သူ့သားအရင်းထက်ပင် ပိုချစ်နေခဲ့ပြီး ဆွန်းဟန်အားရှိသည်လို့တောင်မထင်တော့။တစ်ချိန်လုံး ' သား Wonbin ' ဖြစ်နေကာ  သုံးရက်တစ်ခါလောက်ဖုန်းပြောဖြစ်နေကြပြီး ဆွန်းဟန်သည်ကတော့ မွေးစားသားအလားပင်ဖြစ်နေတော့သည်။

ပြဿနာတက်ခဲ့ပြီးနောက်နေ့မှစ၍ ဆွန်းဟန်သည် Wonbinအားပိုတိုး၍ဂရုစိုက်လာခဲ့ပြီး ' ချစ်တယ် ' ဟူသည့်စကားကိုလည်းပါးစပ်ဖျားကမချ။Wonbinသည်လည်း ဆွန်းဟန်ကို ယခင်ကခက်ပိုကပ်လာကာ တစ်ခါတစ်လေ စိတ်ဆိုး၊စိတ်ကောက် ပင်ရှိလာတတ်ပြီဖြစ်သည်။ထို့ကြောင့် သူတို့နှစ်ဦး၏အချစ်ရေးသည် ကြည်နူးစရာများနှင့်သာပြည့်နက်နေပါတော့သည်။

He is MineWhere stories live. Discover now