"ကိုကိုရေ ပါးပါးကမနက်ဖြန်ပြန်လာမယ်တဲ့"
အိမ်ရှေ့ဒန်းပေါ်တွင်ဆေးလိပ်ထိုင်သောက်နေသောဆွန်းဟန်ထံသို့ပျော်မြူးခုန်ပေါက်ကာလာနေသောမီယွန်းကြောင့်ဆွန်းဟန်လက်ထဲမှဆေးလိပ်ကိုအောက်သို့အမြန်ပစ်ချကာဖိနပ်ထိပ်ဖြင့်ဖိခြေလိုက်သည်။
"ချော်လဲပါအုံးမယ်ချီးထုပ်ရယ်"
"ကိုကို!!"
ဆွန်းဟန်ပြောဆိုသည့်သဘောဖြင့်မေးဆတ်ပြတော့ မျက်မှောင်ကြုတ်ကာကြည့်လာသည့်မီးယွန်း။
"ဒီရက်ပိုင်း ဆေးလိပ်တွေပိုသောက်လာတယ်မထင်ဘူးလားကိုကို "
" နည်းနည်းပဲသောက်တာပါကွာ"
" ဘာနည်းနည်းလဲကိုကို မီယွန်းသိတယ်နော် အဲ့လောက်သောက်နေတာမဟုတ်သေးပါဘူး"
"မနေ့ကလည်းညဘက်ကြီးဝရန်တာမှာသောက်နေသေးတယ်လေ"
"တစ်နေ့ကိုဘယ်နှလိပ်သောက်...မဟုတ်သေးဘူး ဘယ်နှဘူးသောက်နေတာလဲကိုကို"
မျက်မှောင်ကြုတ်ကာပြောနေသောကလေးမကလူကြီးပေါက်စလေးလို။သူ့ကိုစိတ်ပူပင်နေဟန်မျက်နှာတွင်အထင်သားပေါ်နေသည်။
"ကိုကိုခုရက်ပိုင်းစိတ်ရှုပ်စရာရှိနေလို့ပါဗျာ လျော့သောက်မယ်နော် ဟုတ်ပြီလားချီးထုပ်"
ဆွန်းဟန် မီယွန်းခေါင်းကိုပုတ်လိုက်ရင်းမှဆံပင်များကိုပါဆွဲဖွရင်းဆိုလိုက်သည်။
မီယွန်းထံမှမျက်စောင်းတစ်ချက်ကဆွန်းဟန်ထံဒိုင်းခနဲကျရောက်လာပါတော့သည်။ ထို့နောက်မီယွန်းကဆက်မပြောချင်ဟန် ဆွန်းဟန်နံဘေးတွင်ထိုင်လိုက်သည်။ပြီးမှ...
"ပါးပါးကို လေဆိပ်တော့သွားကြိုကြရအောင်နော်ကိုကို ပါးပါးနဲ့တွေ့ပြီးမေမေကပြန်မယ်တဲ့ဖေဖေကလည်းပြန်ခေါ်နေပြီ"
"သင်တန်း တွေကရော "
"ကျောင်းပြန်တက်ရတော့မယ်လေကိုကိုရဲ့"
"ဒီမှာပဲတက်မလား ကိုကိုတို့နဲ့နေ "
" အမယ်လေးကိုကိုရယ် ဟိုမှာပဲတက်ပါရစေနော် ကျောင်းပြီးတာနဲ့ကိုကိုနဲ့ပါးပါးဆီအဆိုးလေးလာလုပ်မှာသိလား ခုတော့ဖေဖေနဲ့မေမေကိုပဲဆိုးဦးမယ် ဟီး "