''ပိုးသားလို...အချစ်''(comple...
By lae0327
6K 783 130
ချယ်နဲ့ ဂျီဆူးတို့ရဲ့ နူးညံ့ပြီးတောက်ပတဲ့ချစ်ခြင်းတရား More
Ep(1)💛
2💛
Ep(3)
Ep(4)💛
Ep(5)
Ep(6)❤
Ep(7)
Ep(9)
Ep(10)💛💛
11 Ro💛
Ep(12)
Ep(13)💛
Ep(14)🔞
Ep(15)💛
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep(21)
final
Ep(8)
222 37 4
By lae0327
''ကိုကို့အသက်လေးဘာဖြစ်နေတာလဲ
ဆိုင်ရောက်၍ ငြိမ်နေသောချယ့်အားကိုကိုကမေးလာ၏။ချယ်ပြန်မဖြေ။
''ကိုယ်ပူ​နေတာများလား မှန်း...ပူတော့မပူပါဘူးချယ်ရဲ့ ခေါင်းကိုက်တာကမသက်သာသေးဘူးလား
မမကချယ့်နဖူးလေးအားစမ်းသပ်လာကာဆို၏။
''အွန်း
''သံပုရာရည်မှာလိုက်မယ် ခေါင်းကြည်သွားအောင်လို့
ချယ်ပြန်မပြောမိ။ မမကသူ့ဘာသာထပ်မှာ၏။
''စာတွေရောရနေပြီလားညီမ
''ဟုတ် ထိုက်သင့်သလောက်တော့ရပါပြီ
''လိုအပ်တာမျိုးရောရှိသေးလား
''ဟင့်အင်းမရှိပါဘူး ချယ်ကတော်တယ်လေ သူရှင်းပြလိုက်ရင်အကုန်နားလည်သွားရော
''ဟုတ်လား အဲ့လိုလား
ကိုကိုနဲ့ရယ်နေသောမမကိုကြည့်ရင်း ချယ့်ရင်တွေကပူလောင်လာ၏။
ခဏကြာတော့ မှာထားတာတွေကရောက်လာ၏။
''စားနော်ညီမ ကိုကို့ညီမလေးလည်းများများစား
စားစရာတွေကအရသာရှိလား မရှိသလားကိုချယ်သေချာမသိ။ ကိုကိုနဲ့မမတို့ဘာပြောနေကြသည်ကိုလဲ ကြားလိုက် မကြားလိုက်နဲ့ ချယ့်ကမ္ဘာကြီးတစ်ခုထဲကွက်၍ မှောင်မိုက်နေခဲ့၏။
.
.
.
''စပ်လိုက်တာ
မမက အထောင်းစားရင်းပြောလိုက်တော့ ချယ်တစ်ရှူးဘောက်ဆီ လက်လှမ်းလိုက်၏။ သို့သော်ကိုကို့လက်ကဦးအောင်ယူသွားလေရာ ချယ့်လက်သည်လေဟာနယ်ကိုသာ ဖမ်းဆုပ်လိုက်မိ၏။
ဒါဟာဘယ်လိုခံစားချက်မျိုးလဲ။ ဆုံးရှုံးသွားရတဲ့ခံစားချက်မျိုး။ ဒီလိုနဲ့မမကို ဆုံးရှုံးသွားရနိုင်လား။
''ကျေးဇူးနော်
တစ်ရှူးယူပေးသောကိုကို့အား မမကကျေးဇူးတင်စကားဆိုနေ၏။ ချယ့်စိတ်ထဲမနာလိုမှုတွေ၊မနှစ်မြို့မှုတွေ တိုးဝင်လာရာ ခုံပေါ်ကအအေးခွက်အား တမင်တိုက်ချပစ်လိုက်တော့၏။
''ခွမ်း''ခနဲကျကွဲသံနှင့်အတူ အားလုံး၏အကြည့်တွေကချယ်တို့ဝိုင်းဆီရောက်လာ၏။ သံပုရာဖျော်ရည်ခွက်လေးကတော့ ကြမ်းပြင်တွေကြေမွလျှက်ရှိလေ၏။
''လက်ထိသွားသေးလားချယ်
မမကချယ့်လက်ကိုဆွဲယူကာထိခိုက်မှုရှိမရှိကိုစစ်ဆေးနေ၏။ ဂရုတော့စိုက်သေးတာမို့ တော်သေးသည်။
''ဟုတ် ဘာမှမဖြစ်ပါဘူး
''ညီမလေးအဆင်ပြေရဲ့လား အိမ်ပြန်ချင်ပြီလား
''ဟုတ် ပြန်ရအောင်လေ
တစ်ကယ်လည်းချယ်ဆက်ထိုင်ချင်စိတ်မရှိတာမို့
ခပ်သွက်သွက်ပဲ ပြန်ဖြေလိုက်၏။
ကိုကိုငွေရှင်းနေသည်ကိုပင် ချယ်မစောင့်ပဲထွက်လာခဲ့၏။ မမကတော့ချယ့်နောက်လိုက်လာပါသည်။
.
.
.
''ဘာတွေစိတ်တိုနေတာလဲချယ်
တစ်ညနေလုံးသူမလေးစိတ်မကြည်နေတာကို မျက်နှာလေးအားအမြဲအကဲခတ်ကြည့်နေတာမို့ ဂျီဆူးသိ၏။
''ဟင့်အင်း မတိုဘူး
''စိတ်တိုမနေဘူးပေါ့လေ မမကချယ့်အကြောင်းကိုမသိတာကျလို့ ကဲ ပြောပါ ဘာဖြစ်နေတာလဲ
''ဘာမှမဖြစ်ပါဘူးဆို အတင်းလိုက်မေးမနေပါနဲ့
''ဟယ် ချယ်နော်ဘာဖြစ်နေတာလဲကွာ
''ဘာဖြစ်နေလဲဆိုတာတောင်မသိပဲနဲ့များ
ပြော၍ လမ်းဘေးကအပင်ပေါက်လေးတစ်ပင်ကိုဆွဲနှုတ်ကာ တစ်စစီဖြုတ်နေတဲ့ချယ်။
''မသိရင်သိအောင်ပြောပြမှပေါ့လို့ ဘာလဲလူကိုမချစ်တော့ဘူးလား
မမကစူပုတ်ပုတ်မျက်နှာလေးလုပ်ပြ၍ဆို၏။ ချယ့်စိတ်ထဲနည်းနည်းသက်သာရာရသွားသလိုပါပဲ။
''အူတိုနေတာလေ ဒါတောင်မသိဘူးလား
''ဟောတော့
မမကတအံ့တသြလေးဆို၏။
''ဒါကအူတိုနေတာပေါ့လေ ဟုတ်လား အကိုနဲ့ကိုအူတိုနေတာလား
ပြော၍ရယ်နေသောမမ
''မရယ်နဲ့
''ချယ်ရာ တစ်ကယ်ပါပဲ ဘာလေးမှန်းကိုမသိဘူး
''မရယ်နဲ့လို့ နောက်လည်းမရယ်ပြနဲ့အခြားသူရှေ့လုံးဝမရယ်ရဘူးနော်
ရယ်နေတဲ့မမကဘယ်လောက်ချစ်ဖို့ကောင်းမှန်းကို သူ့ကိုယ်သူမသိဘူးလားမသိ။
''အယ်
''တစ်ကယ်ပြောနေတာနော် အခြားသူရှေ့ရယ်နေတာမကြိုက်ဘူး
အခြားသူတဲ့။ သူ့အကိုအရင်းခေါက်ခေါက်နဲ့တောင်အူတိုနေရှာတဲ့ချယ်က ချစ်စရာတော့ကောင်းနေသား။ ထိုစဥ်မှာပဲ ချယ့်အကိုကရောက်လာလေ၏။
''စောင့်ရတာကြာသွားလား အကြွေအမ်းတာကိုစောင့်နေရသေးလို့
''ပြန်မယ်
ပြော၍မိမိလက်ကိုဆွဲကာ ထွက်သွားတဲ့ချယ်။ ပြောတော့ သူကမိမိထက်ရင့်ကျက်တယ်တဲ့။ ခုတော့ကလေးဆန်လိုက်တာများ..။
.
.
.
.
.
''ရုပ်ကြီးကစူပုတ်ပြီးဘာဖြစ်လာပြန်တာလဲချယ်ရဲ့
အိမ်ရောက်ထဲကစူပုတ်နေတဲ့ရုပ်ကြီးနဲ့ချယ့်ကိုချော့မော့ပြီးမေးနေပေမယ့်လည်းမဖြေပါ။
''စိတ်ညစ်လို့
''ဘာလို့ပါလဲ
''ပြောပြလို့မရဘူး ဒီတိုင်းစိတ်ညစ်စရာကိစ္စလေးရှိလို့
အိမ်ကကိုကိုရယ်ပေါ့။ ဘာမသိညာမသိနဲ့ မမရဲ့ဖုန်းနံပါတ်ကိုအတင်းတောင်းနေလေရဲ့။ ချယ်ကမပေးဘူးငြင်းလွန်းနေတော့ မေမေ့ဆီကနေပါသွားတောင်းနေလေရဲ့။ မပေးဖို့တော့ မေမေ့ကိုခြိမ်းခြောက်ခဲ့တာပါပဲ။
''မမ ဖုန်းပေး
''ဘာလုပ်ဖို့လဲ
''လုပ်စရာရှိလို့ ပေးဆိုပေးပေါ့
''သူ့ပဲကြောက်နေရတယ် ယူပေးမယ် ခဏစောင့်
မမကခဏထွက်သွားပြီး ဖုန်းလာပေး၏။ ချယ့်နားရပ်ကာကြည့်နေသောမမကိုမော့ကြည့်ကာ
''ဘာလို့လာကြည့်နေတာလဲ မမကစာလုပ်စရာရှိတာလုပ်လေ
''ဘာလုပ်ရမလဲ
''မနေ့ကEng စာတွေလုပ်လက်စကျန်နေတာရှိတယ်မလား အာ့ဆက်လုပ်လေ
''အွန်းအွန်း
မမကစကားနားထောင်ကာ စာလုပ်နေ၏။ မမဖုန်းထဲဝင်ကာ နံပါတ်စိမ်းအဝင်ကောကိုပိတ်ထားလိုက်၏။
လုပ်ချင်တာလုပ်လိုက်ပြီးမှစိတ်သက်သာရာရသွားလေတော့သည်။
''ရပြီ
မမဖုန်းကိုပြန်တင်ပေးကာ ချယ်ပြောလိုက်မှမမကချယ့်အားကြည့်၏။
''ဘာလုပ်လိုက်တာလဲ
''မပြောပြပါ
''စိတ်ချမ်းသာရင်ပြီးတာပဲ မမေးတော့ဘူး
''ဟီး
''ရုပ်လေးကိုက
''ချစ်တယ်မမ
''အွန်း မမလည်းချစ်တယ်
''တစ်ခါလောက်နမ်းပါအုံး
''စာလုပ်နေတယ်လေ
''ရဘူးကွာ နမ်းပါဆို
''အွန်းအွန်း တစ်ကယ်ပါပဲနော်
အခုနောက်ပိုင်းမမကချယ့်ကိုအလျှော့ပေးလာသည်ဟုထင်မှတ်ရ၏။ အရင်ကလိုမဟုတ်။
အခုလည်းချယ်တောင်းဆိုသည့်အတိုင်း အနားတိုးကာလာနမ်းလေ၏။ ထိုသို့မမကကြာလေ ပိုချစ်ဖို့ကောင်းလာလေဖြစ်၏။
.
.
.
.
.
.
''တစ်ပါတ်ဆိုတာကလည်းမြန်လိုက်ကာ ဘာမှတောင်မလုပ်ရသေးဘူး ခဏလေးနဲ့ကုန်သွားပြီ
ဒန်းစီးနေစဥ် ကိုကိုကခပ်တိုးတိုးရေရွတ်ကာညီးတွား၏။
ဘာလိုလိုနဲ့ကိုကို့ရဲ့ခွင့်ရက်တောင်ပြည့်၍ မနက်ဖြန်ဆိုလျှင်ပင်ပြန်တော့မည်။
''အင်းနော် ဘာမှလည်းမကြာလိုက်ဘူး
''ကိုကိုပြန်သွားရင်လွမ်းနေမယ်မလား
ချယ့်ခေါင်းလေးအားပုတ်ကာဆိုသောကိုကို့ပခုံးပေါ်ချယ့်ကိုယ်လေးအားမှီလိုက်၏။
''လွမ်းနေမှာပေါ့
အမှန်တော့ ကိုကို့ကိုပြန်စေချင်နေတာဟုပြောလိုက်လျှင်ကိုကိုဖြင့်ဘယ်လောက်တောင်ဝမ်းနည်းနေမလဲမသိ။ ကိုကိုပြန်တော့မှာမို့ ချယ့်မှာစိတ်အေးကာ နေထိုင်လို့တအားကောင်းနေလေ၏။
''ဟုတ်လို့လား ဒီခါကိုကိုပြန်လာတာကိုညီမလေးကသိပ်မပျော်နေပုံပဲ
''မဟုတ်ပါဘူးကိုကိုရဲ့ ငါ့မှာအကိုတစ်ယောက်ထဲရှိတဲ့ဟာကို
''အရင်ကကိုကိုပြန်တော့မယ်ဆို ညီမလေးကဝမ်းနည်းနေတာလေ တစ်ခါတစ်လေဆိုငိုတောင်ငိုသေး အခုများပျော်နေသလားလို့တောင်ထင်ရသေးတယ်
ဟင်...အဲ့လောက်တောင်မှသိသာနေတာလား။
''မဟုတ်ပါဘူး ကိုကိုစိတ်ထင်နေတာ
''ဟုတ်လို့လား
''ဟုတ်ပါတယ်ဆို
''ဒါနဲ့လေ ညီမလေးကို ကိုကိုပြောစရာရှိတယ်
''ဟုတ် ပြောလေ
''ကိုကို နောက်ခါပြန်လာလည်ရင်ဂျီဆူးကိုဖွင့်ပြောလိုက်တော့မလို့
ချယ့်ကိုယ်သည်ဆတ်ခနဲမတ်သွားရ၏။
''ဘယ်လို
''ဘာလို့လန့်သွားရတာလဲ ကိုကိုကြိုက်နေတာကိုညီမလေးသိတာပဲဟာ
''သိပေမယ့်လို့ ကိုကိုနဲ့သူဘယ်လောက်ရင်းနှီးနေလို့လဲ
''ရင်းနှီးဖို့ကမလိုပါဘူးကွာ ချစ်ကြိုက်ပြီးမှရင်းနှီးလို့လည်းရတာပဲ
''မဟုတ်သေးဘူးလေ
''ဘာကမဟုတ်တာလဲညီမလေးရဲ့ ကိုကို့က်ုသေချာပြောပြလေ ဘာလို့လဲသူ့မှာရည်းစားရှိနေလို့လား
''အဲ့လိုတော့မဟုတ်ပေမယ့်....ဟို မမကြိုက်နေတဲ့သူတော့ရှိတယ်လို့ပြောဖူးတယ်
''ဟုတ်လား
ကိုကိုကမျက်ခုံးတွေကိုပင့်လျှက်မေး၏။ ချယ့်စကားကိုသိပ်ယုံကြည်ဟန်တော့ မရှိပေ။
''ဟုတ်
''ဘယ်သူလဲညီမလေးသိလား အသက်ကရောဘယ်လောက်တဲ့လဲ
''အဲ...ဟို..အဲ့လောက်တော့ငါလည်းမသိဘူးလေ
ကိုကိုက တဟားဟားထရယ်၏။
''ဘာလဲ မယုံဘူးလား တစ်ကယ်ပြောနေတဲ့ဟာကို ကိုကိုကတစ်ဖက်သတ်သွားကြိုက်ပြီးနောက်မှတစ်ယောက်ထဲအသဲကွဲနေရမှာစိုးလို့လေ
''ဟုတ်လား ကိုကိုတော့အဲ့လိုမထင်ပါဘူး
''ကိုကိုကဘာမထင်တာ
''ကိုကို့ကိုနောက်ဆုတ်အောင်တမင်လျှောက်ပြောနေတာမလား ငညစ်ပတ်လေး မယုံပါဘူး သူ့ပုံစံကရည်းစားရှိတဲ့ပုံမှမပေါက်တာ
ကိုကိုနဲ့တော့ခက်လေပြီ။မမရဲ့ရည်းစားက သူ့ရှေ့မှာငုတ်တုတ်ကြီးရှိနေတာကိုများ။
''မယုံဘူးပေါ့
''ဘယ်သူလဲပြောပြလေ အာ့ဆိုယုံမယ်
''မမကရှိတယ်လို့ပဲပြောတာ ဘယ်သူလဲတော့မပြောပြဘူးလေ
ကိုကို့မျက်နှာကစပ်ဖြီးစပ်ဖြီးနဲ့မို့ ချယ့်မှာဆက်ပြောရမလို ရပ်ပဲရပ်ရမလိုလို
''မယုံလည်းနေပေါ့ ကိုကို့ထိုက်နဲ့ကိုကို့ကံပဲ
ပြော၍ထဖို့ပြင်သောချယ့်အား နေပါအုံးဟူ၍ကိုကိုက ဆွဲထား၏။
''ကိုကိုမနေ့ကဂျီဆူးအိမ်သွားခဲ့သေးတယ်
ချယ့်အကြားအာရုံတို့ရုတ်ချည်းနိုးထသွားရ၏။
ကိုကိုကဘာသွားလုပ်ခဲ့တာလဲ။
"ဒါဆိုမနေ့ကသူငယ်ချင်းတွေနဲ့သွားလည်ဖို့ဆိုတာက..
ကိုကိုကခေါင်းညိမ့်၏။
''ဟုတ်တယ် ကိုကိုသူ့ဆီသွားခဲ့တာ
''ဘာသွားလုပ်တာလဲ ဘာတွေပြောခဲ့ကြသေးလဲ
ချယ့်ကိုယ်လေးကဒန်းကလေးပေါ်ပြန်ရောက်သွား၏။
''ဖွင့်ပြောခဲ့လိုက််တယ်
''ဘယ်လို သူဘာပြန်ပြောလဲ
''သူပြောတာက သူ့မှာတွဲနေတဲ့သူရှိတယ်တဲ့
ဟူး...တော်ပါသေးရဲ့။ မမရည်းစားမရှိဘူးလို့ပြောလိုက်မှာကိုချယ်စိုးရိမ်နေခဲ့တာ။
''တွေ့လား ငါပြောသားပဲ အဲ့ဒါကိုများမယုံသလိူတွေလာလုပ်နေသေးတယ်
ကိုကိုကရယ်နေ၏။
''သူကဆက်ပြောသေးတယ်
''အွန်း ဘာပြောသေးလဲ
''သူ့ရည်းစားနာမည် ကိုကို့ကိုပြောလိုက်တယ်
ချယ့်မျက်လုံးတို့ပြူးကျယ်သွား၏။ စိတ်လှုပ်ရှားမှုတို့ကြောင့် ချယ့်လက်ဖဝါးများတွင်ချွေးစေးများပင် ထွက်လာလေ၏။
''ဘယ်သူတဲ့လဲ
ကိုကိုကရယ်ကာ ဒီကောင်မလေးကတော့ဟုဆို၍ ခေါင်းကိုပုတ်၏။
''ပတ်ချယ်ယောင်းတဲ့လေ
ဘုရားရေ။ မမတစ်ကယ်ပဲ အမှန်အတိုင်းပြောပြလိုက်တာလား။
Zawgyi
''အွန်း
ချယ်ပြန်မပြောမိ။ မမကသူ့ဘာသာထပ်မှာ၏။
''ဟုတ်လား အဲ့လိုလား
.
.
.
''စပ်လိုက်တာ
''ကျေးဇူးနော်
''လက်ထိသွားသေးလားချယ်
''ဟုတ် ဘာမှမဖြစ်ပါဘူး
''ဟုတ် ပြန်ရအောင်လေ
.
.
.
''ဟင့်အင်း မတိုဘူး
''ဟောတော့
မမကတအံ့တသြလေးဆို၏။
ပြော၍ရယ်နေသောမမ
''မရယ်နဲ့
''အယ်
''ပြန်မယ်
.
.
.
.
.
''စိတ်ညစ်လို့
''ဘာလို့ပါလဲ
''မမ ဖုန်းပေး
''ဘာလုပ်ဖို့လဲ
''ဘာလုပ်ရမလဲ
''အွန်းအွန်း
''ရပြီ
''ဘာလုပ်လိုက်တာလဲ
''မပြောပြပါ
''ဟီး
''ရုပ်လေးကိုက
''ချစ်တယ်မမ
''အွန်း မမလည်းချစ်တယ်
''စာလုပ်နေတယ်လေ
''ရဘူးကွာ နမ်းပါဆို
.
.
.
.
.
.
''လွမ်းနေမှာပေါ့
''ဟုတ်လို့လား
''ဟုတ်ပါတယ်ဆို
''ဟုတ် ပြောလေ
''ဘယ်လို
''မဟုတ်သေးဘူးလေ
''ဟုတ်လား
''ဟုတ်
ကိုကိုက တဟားဟားထရယ်၏။
''ကိုကိုကဘာမထင်တာ
''မယုံဘူးပေါ့
ကိုကိုကခေါင်းညိမ့်၏။
''ဖွင့်ပြောခဲ့လိုက်တယ်
''တွေ့လား ငါပြောသားပဲ အဲ့ဒါကိုများမယုံသလိုတွေလာလုပ်နေသေးတယ်
ကိုကိုကရယ်နေ၏။
''သူကဆက်ပြောသေးတယ်
''အွန်း ဘာပြောသေးလဲ
''ဘယ်သူတဲ့လဲ
''ပတ်ချယ်ယောင်းတဲ့လေ
Continue Reading
You'll Also Like
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
789K 29.4K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
158K 5.6K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
942K 21.6K 49
In wich a one night stand turns out to be a lot more than that.