Xiao-ရှောင်း

By KrystalMoon8

1.9K 83 7

ဆယ်ကျော်သက်ကနေစခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးကနေ ပြောင်းလဲခဲ့တဲ့အချစ်တေကို သူခိုင်မြဲမယ်လို့ယုံတယ် start date - 28... More

part-1
part-2
part-3
part -4
part -5
part -7
part -8
part -9

part -6

153 7 0
By KrystalMoon8

unicode

ရှောင်းကျန့်က တံခါးအသံမမြည်အောင် ဂရုတစိုက်ဖွင့်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ မာမားတို့ နိုးလာမှာ သူစိုးရိမ်လွန်းလှသည်။

ခြေသံကို ဖွဖွနင်းပြီး ဧည့်ခန်းထဲကအဖြတ် လင်းထိန်လာသော မီးများကြောင့် နေရာတွင် ကျောက်ချထားသကဲ့သို့ တောင့်တောင့်လေး ဖြစ်သွားရတယ်။ သွားပြီ မာမားတို့ နိုးသွာပြီထင်သည်။

  "ဒါ ဘယ်ကပြန်လာတာလဲ အားကျန့်"

  "မား..."

  "မာမားတို့ မင်းကို အလိုလိုက်တာများသွားပြီထင်တယ်။ ဟုတ်တယ်မလား အားကျန့်"

"မား..ဘာတေပြောနေတာလဲ"

မားဘာတေပြောနေတာလဲ ရှောင်းကျန့်လုံးဝနားမလည်ပေ။ ဘာကို အလိုလိုက်တာ များသွားတာလဲ။ မဟုတ်မှ သူနဲ့ရိပေါ်တွေ့နေတာကိုများ တွေ့သွားရော့သလား။ အက်လိုတွေးလိုက်မိတော့ ရှောင်းကျန့်မှာ အပြေးတစ်ပိုင်းပဲ မာမားထိုင်နေတဲ့ရှေ့မှာပဲ ထိုင်ချလိုက်မိပြီး မာမားရဲ့ခြေထောက်ကို ကိုင်လိုက်မိတယ်။

  "မား..မားတွေ့သွားခဲ့တယ်လား။ သားဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး။ ပြောပြမလို့ပါပဲ အချိန်မတိုင်သေးဘူးထင်လို့ပါ။"

  "ဘာကိုအချိန်မတိုင်သေးတာလဲ ဘယ်အချိန်မှ ပြောမယ်လို့ မင်းကထင်တာလဲ။ ပြောပါအုံး ဒီအမေကို ဘယ်အချိန်မှများ ပြောမယ်တွေးထားတာလဲလို့..ဟမ်"

ရှောင်းကျန့်ကိုပြောလဲပြော မာမားကငိုသည်။ မာမားက သူ့ရှေ့မှာဘယ်တော့ မျက်ရည်မကျပေ။ သူ့ကြောင့်နဲ့ ထိုအမျိုးသမီးက ငိုသည်တဲ့လား။

  "မဟုတ်ရပါဘူး မားရယ်... အက်လိုမဟုတ်ရပါဘူး"

မာမားကသူ့ကို ငုံ့ကြည့်နေရင်းမှ တဖက်သို့မျက်နှာ လွှဲသွားပြီး ဆက်ပြောသည်။

  "အဆက်သွယ် ဖြတ်လိုက် အားကျန့်။ ပြီးရင်တော့ မင်းဖိုးဖိုးရှိတဲ့ နယ်ကိုလိုက်သွားဖို့ ပြင်ပါ"

  ရှောင်းကျန့် အလန့်တကြားမားကို ကြည့်လိုက်မိတယ်။ မားက တကယ်ပဲ သဘောမတူနိုင်ဘူးလား။ သူပျော်တယ်ဆိုရင်တောင် သူတို့နှစ်ယောက်ကို သဘောမတူပေးနိုင်ဘူးလား။ အနည်းဆုံးတော့ သူ့ကိုပျော်ရွှင်နေတာကို မားတို့ကကြည့်ပြီး သဘောတူပေးမယ်ထင်တာ။

   "မား ဘာလို့လဲ..ဘာလို့ အဆက်သွယ်ဖြတ်လိုက်ပါ ဆိုတာကို သွေးအေးအေးနဲ့ ပြောထွက်နိုင်ရတာလဲ"

မားက သူ့ကိုကြည့်သည်။ ပြီးတော့ ငိုတယ်။ အဆက်မပြတ်ကို ငိုတော့တာ။ ပါးလဲသူတို့ရှိရာကို လျှောက်လာပြီူ မားဘေးမှာဝင်ထိုင်လာတယ်။ အလုပ်မာ ပင်ပန်းတဲ့ပါးကိုရော သူဒုက္ခပေးမိပြီလား။

  "ပါး..ပါးရော အက်လိုထင်လား။ မားပြောသလိုလေ။"

ပါးကဘာမှ မပြောပဲ သူ့ကိုသာ တိတ်တဆိတ်ကြည့်နေပြီး မားရဲ့ ပုခုံးကို ဖတ်၍ နှစ်သိမ့်ပေးနေသည်။

  "အားကျန့် မားအပိုတေ မပြောချင်တော့ဘူး ဒီတစ်ရက်နှစ်ရက်အတွင်း တစ်ဖက်ကလေးနဲ့ အဆက်သွယ်ဖြတ်ပါ။"

"မား! ဘာလို့လဲ သားကြိုက်တဲ့သူက မိန်းခလေးမဟုတ်ပဲ ယောကျ်ားလေးဖြစ်နေလို့လား။ တဖက်က ရိပေါ်ဖြစ်နေတာတောင် မားက လက်မခံနိုင်ဘူးလား ဘာလို့လဲ..သူနဲ့ရှိရင် သားပျော်တယ်လေ။ သားပျော်နေတယ်ဆိုရင်တောင် မားက လက်မခံနိုင်ဘူးလား..ဟင်..မား..ပြောပါအုံး"

ရှောင်းကျန့် မားကိုပြောနေရင်းမှ သူ့ရဲ့မျက်ဝန်းတေမှလဲ မျက်ရည်တေကျ ဆင်းလာရတော့တယ်။ မားကလဲ သူ့ကိုကြည့်ပြီး ငိုသလို သူကလဲ မားကိုကြည့်ပြီး ငိုနေရတယ်။

  "လက်မခံနိုင်ဘူး! မင်းတို့ရွေးချယ်ထားတဲ့ ရွေးချယ်မှုက သူများလက်ညိုးထိုးခံရမယ့် အရာဆိုတာရော သိရဲ့လား..ဟမ် ပတ်ဝန်းကျင်ကဘယ်လိုပြောမလဲ အားကျန့်ရဲ့ တွေးဖူးရဲ့လား။ သားဝမ်လေးကို မားမချစ်ဘူးမဟုတ်ဘူး..ချစ်တယ်..ဒါပေမယ့် ကိုယ့်သားလေးတစ်ယောက်လိုပဲ။  သားရဲ့သူငယ်ချင်းအဖြစ်နဲပဲ မားက လက်ခံနိုင်တာ သမက်တစ်ယောက်အနေနဲ့မဟုတ်ဘူး။ သိရဲ့လား မင်းကို လူတေလပ်ညိုးထိုးခံရမယ့်အဖြစ်ကို ဒီအမေက မခံစားနိုင်တာကို"

  မားက သူပြောစရာကုန်သွားသလိုမျိုး မျက်ရည်တေကို သုတ်လိုက်ပြီး ထရပ်တယ်။ ပြီးတော့  ဆက်ပြောတယ်။

  "ဒီအမေကို ခုချိန်မှာ မင်းမုန်းကောင်း မုန်းနေလိမ့်မယ်။ ဒါတေဟာ တစ်နေ့နေ့မှာ မင်းအပေါ်မှာ ထားတဲ့ မိခင်မေတ္တာဆိုတာ မင်းနားလည်မှာပါ။ မားလုပ်နေတာက မင်းကောင်းဖို့အတွက်ဆိုတာ။ ဒါကြောင့် အဆက်သွယ်ဖြတ်ဖို့ လုပ်ပါ။ ပြီးရင် ဖိုးဖိုးဆီသွားဖို့ပြင်"

မာမားက ရှောင်းကျန့်ကိုပြောပြီးတာနဲ့ အပေါ်ကို တက်သွားခဲ့သည်မို့ ဧည့်ခန်းထဲမာ ရှောင်းကျန့်နဲ့ ပါပါးသာ ကျန်နေခဲ့တယ်။ ပါးက တဖက်ထိုင်ခုံကနေထလာပြီး ရှောင်းကျန့် ဘေးမာလာထိုင်တယ်။

"သားရဲ့မားကို အချိန်နဲနဲလောက်ပေးလိုက်ပါ။ သူလဲရုတ်တရက်ဆိုတော့ လန့်သွားမာအသေချာပဲ။ သားတို့ကို သဘောမတူနိုင်တာထက် ပတ်ဝန်းကျင်ကပြောမာတေမခံစေချင်တာဆို ပိုမှန်ပါလိမ့်မယ်"

ရှောင်းကျန့်က ပါးစကားကိုနားထောင်ရင်းနဲ့ အပေါ်ထပ်ကို မော့ကြည့်နေမိတယ်။ တကယ်ပဲသူဟာ မားတို့အတွက် သားကောင်းရတနာဟုတ်ပါရဲ့လားလို့လဲ တွေးလိုက်မိတယ်။

  "ပါး..သားကပါးတို့အတွက် ရတနာမဟုတ်ပဲ ရတာနာတဲ့ သားသမီးများဖြစ်နေပြီလား ဟင်"

​ရှောင်ပါးက သူ့သားရဲ့စကားကြောင့် အားကျန့်ရဲ့ ပုခုံးလေးကို သိုင်းဖက်လိုက်ပြီး ပုတ်ပေးလိုက်တယ်။ ဒီခလေးဟာ အင်မတန်မှ နှလုံးသားနုတဲ့ခလေး မဟုတ်လား။ နုနယ်တဲ့ နှလုံးသားလေးမှာ အနာတရမဖြစ်စေချင်ပါ။ နာကျင်မှုတေပေးပြီး ဒဏ်ရာအမာရွတ်ကျန်စေတာဟာ သူတို့မိဘနှစ်ပါးတော့ မဖြစ်စေလိုပါ။

  "အားကျန့် သားကပါးတို့အတွက် အဖိုးတန်လေးဆိုတာ နားလည်ပေးထားဖို့လိုတယ်။ ဘာအကြောင်းကြောင့်နဲ့မှ နောက်ဒီလိုအတွေးတွေ မဝင်ရဘူးနော်..ကြားလား..ပါးပြောတာ သားရဲ့ မားကြားရင်လဲ သူစိတ်ကောင်းမှာ မဟုတ်ဘူး။"

  ရှောင်းကျန့်ပါးရဲ့ ရင်ခွင်ထဲတိုးဝင်ပြီး ငိုမိနေတော့တယ်။ သူ့ရဲ့ခေါင်းတစ်ခုလုံး ပူထူနေတဲ့အပြင် ဘာမှာကို စဥ်းစားလို့မရပေ။

  "ဟင့်..ပါး..အင့်..သား တောင်းပန်ပါတယ်။ ပါးတို့ဖြစ်စေချင်သလို သားမလုပ်ပေးနိုင်တဲ့အတွက်။ သားသူနဲ့မခွဲချင်ဘူး..သားဘဝမှာ ပါးတို့ပြီးရင် သူပဲရှိလို့...သားအပေါ်မာ ပါးတို့ထက်မကျော်ရင်တောင် ပါးတို့ထက်မနည်းတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်တာပါ..သားသူနဲ့ခွဲရရင်ရူးလိမ့်မယ်..အီး.."

ရှောင်ပါးက သူ့ရင်ခွင်ထဲဝင်လာတဲ့ အားကျန့်ရဲ့ ကိုယ်လေးကို ထွေးပွေ့ပြီး ကျောပြင်လေးကို ပုတ်ပေးနေမိတယ်။ သူသိတာပေါ့ ဒီကလေး သားဝမ်လေးအပေါ်မှာ ဘယ်လောက်တောင်ပျော်ဝင်နေသလဲဆိုတာ။ ရှောင်မားကိုသာ မပြောပြခဲ့ပေမယ့် သူရိပ်မိနေတာနှစ်လလောက်ရှိပြီ ဖြစ်သည်။ သူ့ရဲ့အမျိုးသမီးက ဒါတေကို သိရင် လက်မခံနိုင်လောက်ဘူးဆိုတာ ကြိုသိနေလို့ မတိုင်ပင်ခဲ့တာ။

  "ပါးသိတာပေါ့.. ပါးသိတာပေါ့..အက်ဒါကြောင့် ပါးသိနေရုံတဲ့တင်မပြီးဘူးဆိုတာ အားကျန့်က သိတယ်မလား မားကိုလဲ သိအောင်လုက်ရမယ်လေ မဟုတ်ဘူးလား..ဟင်..မားကခုလက်မခံသေးရင်လဲ ဘာအရေးလဲ လက်ခံလာအောင် သားဘက်ကလဲကြိုးစား ပါးကလဲ မားမာကို နားဝင်အောင် လက်ခံလာနိုင်အောင် ဖြောင်းဖြပေးမာမို့ ငါ့သားက အားမငယ်ပဲ တို့သားဖတေ တူတူကြိုးစားကြတာပေါ့ကွ..ဟုတ်ပြီလား"

ရှောင်းကျန့်က ပါးစကားကိုနားထောင်လိုက်တယ်။ သူလက်ခံကြောင်းလဲ ပြောလိုက်တယ်။ တော်သေးသည်က ပါးက ဒီလိုအားပေးလို့သာပင်။ မဟုတ်ရင် သူတကယ်မိဘနဲ့ ချစ်သူကြားမာ ဗြာများရတော့မာ။

ပါးကသူ့စိတ်အခြေနေ အဆင်ပြေအောင် စစနောက်နောက်လုပ်ပေးလာတယ်။ ငယ်ငယ်က သူ့အကြောင်းတေပြောလာရင်းနဲ့ပဲ သူ့စိတ်အခြေနေတေဟာလဲ စောစောကနဲ့ လားလားမျှမသက်ဆိုင်သလို ပြန်လည်ကြည်လင်လာခဲ့တယ်။

  "ကဲ...ဒါဆို ငါ့သားလဲနားတော့ ပါးလဲနားတော့မယ်။ ဘာမှ စိတ်ဆင်းရဲစရာတေ လျှောက်မတွေးနဲ့ ဟုတ်ပြီလား..ပါးနဲ့အတူတူ အကောင်းဆုံးကြိုးစားသွားကြမယ်..ငါ့သားလုပ်နိုင်မယ်လို့ ပါးကယုံကြည်ပြီးသား"

ပါးက သူ့ခေါင်းလေးကို နှစ်ချက်လောက်ပုတ်ပေးပြီး အပေါ်ထပ်ကို တက်သွားခဲ့တယ်။ သူလဲပါးတက်သွားပြီးတာနဲ့ မီးတေပိတ်လိုက်ပြီး အပေါ်ထပ်ကို တက်ခဲ့လိုက်တယ်။ ပါးပြောသလိုပဲ သူလုပ်နိုင်ပါတယ်။ ကိုယ်ချစ်ရသူနဲ့ နီးစပ်ဖို့အရေး သူဒီလောက်တော့ ကြိုးစားရမာပေါ့။ အချစ်စစ်တို့မည်သည် ဘယ်တော့မှ ​ဖြောင့်ဖြူးမှုမရှိပဲ။

~~~~~~~

  ရှောင်ပါးက အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး တဖက်လှည့်အိပ်နေတဲ့ ဇနီးဖြစ်သူရဲ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။

  "သူ့မေ အိပ်ပြီလား..မအိပ်သေးရင် ကိုယ်နဲ့စကားခဏလောက်ပြောကြရအောင်လား"

  "ကျမ ဒီနေ့အတွက်တော့ ပြောချင်စိတ်မရှိသေးဘူး။ သူ့ဖေပြောချင်တယ်ဆို မနက်မှပဲ ပြောပါတော့။ ပင်ပန်းနေလို့နားချင်ပြီ"

ရှောင်ပါးက ဇနီးသည်ရဲ့ဘေးကို ဝင်လှဲလိုက်ပြီး ခန္ဒာကိုယ်ကိုဘေးစောင်းလိုက်ပြီး ရင်ခွင်ထဲကို အသာဆွဲထည့်လိုက်တယ်။ သူ့ဇနီးသည်လေးကိုလဲ နှစ်သိမ့်ဖိူ့လိုအပ်နေပြီပင်။

  "ပြသနာတစ်ခုကို မဖြေရှင်းပဲ ဒီလိုရှောင်ထွက်နေရုံနဲ့ မပြီးဘူးတိုတာ သူ့မေသိတယ်မလား။ သားကို နားဝင်အောင်ရှင်းပြမှပေါ့။ သူ့မေက ချက်ချင်းကြီး အဆက်သွယ်ဖြတ်လို့ သွားပြောတော့ ဘယ်ခံစားနိုင်မလဲ..ဟုတ်တယ်မလား"

  ရှောင်မားက ရှောင်ပါးရဲ့စကားကြောင့် ရင်ခွင်ထဲကနေ စိတ်ဆိုးစွာမေ့ကြည့်လိုက်တယ်။ ပြီးတော့ရုန်းထွက်လိုက်ပြီး ပြောလိုက်တယ်။

  "ဒါဖြင့် ကျမကမှားတယ်ပေါ့..ဟုတ်လား..သူ့ဖေရဲ့ ပြောပါအုံး..ကျမကမှားလားဆိုတာ မိခင်တစ်ယောက်ရဲ့ ပူပန်မှူမျိုးကို ရှင်ကဘယ်သိမလဲ"

  "ကိုယ်မင်းကို အပြစ်တင်နေတာ မဟုတ်ဘူးဆိုတာ သူ့မေသိရဲ့သားနဲ့ ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ..ကိုယ်ပြောချင်တာက သားကိုနားလည်ပေးဖို့လေ။ သားကိုရှောင်ပိုင်လိုအဖြစ်မျိုး ဖြစ်စေချင်လို့လား.. ဟင် ကိုယ်မေးတာကိုဖြေပါအုံး"

  "အက်လိုဖြစ်မာဆိုးလို့လေ အက်ဒါကြောင့်ကျမတားနေရတာပေါ့ သားလေးကလဲ ရှောင်လုံလို အဖြစ်မျိုး အဖြစ်မခံနိုင်ဘူး..အီး..ဟီး..ဒီတစ်ခါဆို ကျမရူးသွားလိမ့်မယ်..ဟင့်.."

ရှောင်ပါးက ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ဇနီးကို ပွေ့ဖက်ပြီး နှစ်သိမ့်လိုက်တယ်။ သူမအနေနဲ့ ရှောင်လုံကိစ္စကို ပြန်မပြောနိူင်တာကို သူသိပါတယ်။ ဒါပေမယ့်လဲ အချိန်မီတားနိုင်အောင် အရင်တစ်ခါကလိုမျိုး နှစ်ခါထပ်မဖြစ်စေရအောင် သူပြောပြရပေလိမ့်မယ်။ သားက ဒီလိုမလုပ်ဘူးဆိုတာ သိပေမယ့် ဒီအကြောင်းကို အခြေခံပြီး သူ့ဇနီးသည်ကို နားဝင်အောင်ဖြောင်းဖြရပေလိမ့်မယ်။

  "ကိုယ်သိတာပေါ့..အက်ဒါကြောင့် ကိုယ်တို့က သားကို နားလည်ပေးရမှာပေါ့။ သူ့မေက သားကို ပထမတစ်ကြိမ်ကိုယ်တို့ကြုံခဲ့ရသလိုမျိုး အဖြစ်ဆိုးမျိုး အဖြစ်မခံနိုင်လို့ တားတယ်ဆိုတာ သိပေမယ့် သားတို့လူငယ်ချင်းက မေတ္တာမျှနေပြီမဟုတ်လား။ သူ့မေလဲ တဖက်ကလေးကို လက်ခံနိုင်ပါတယ်..သားလေးအပေါ် ဘယ်လိုဆက်ဆံလဲဆိုတာ ကိုယ်တို့အမြင်ပဲမလား"

ရှောင်ပါးက ရှောင်မားကို ငုံ့ကြည့်လိုက်တယ်။ နားထောင်နေတယ်ဆိုတာ သေချာမှ စကားကိုဆက်ပြောလိုက်တယ်။

  " အစောက သားကဘယ်လိုပြောတယ် ထင်လဲ။ သားက ပါးတို့အတွက် ရတနာမဟုတ်ပဲ ရတာနားလားတဲ့။ သားဆီကနေဒီစကားကြားရတော့ ကိုယ်ဖြင့်လေ ငါတို့သားအပေါ်မှာ တကယ်ပဲ မိဘကောင်းတေဟုတ်ရဲ့လား။ သားကိုဒီလိုအတွေးတေများ ရိုက်သွင်းပေးမိပြီလားလို့ တွေးမိတဲ့အထိပဲ"

" ပြီးတော့သားကပြောသေးတယ်။ သား သူနဲ့မခွဲနိုင်ဘူးတဲ့။ ရိပေါ်က ကိုယ်တို့ထက်မပိုတောင် ကိုယ်တို့ထက်မနည်းတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ပေးနိုင်တယ်ဆိုတာ သူယုံတယ်တဲ့။ အက်လိုမျိုး တစ်ဖက်ကလေးအကြောင်းပြောနေချိန်မှာ သားရဲ့မျက်ဝန်းတေထဲမာ ကိုယ်တို့မြင်ဖူးနေကြလိုမဟုတ်ပဲ အက်ထက်ပိုတဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ​ချစ်ခြင်းတေ ပျော်ဝင်နေတာ သိလား။ ကိုယ်တို့က မိဘတေပဲ သားသမိီးရဲ့ ပျော်ရွှင်နေမှုကို ပိုမိုတောက်ပအောင် ထောက်ပံ့ပေးကြရမယ်မလား..ကိုယ်တို့သားကို မပျော်စေချင်ဘူးလားဟင်"

  ရှောင်ပါးရဲ့စကားအဆုံးတွင် ရှောင်မားရဲ့ မျက်လုံးထဲမှာ ဝေခွဲရခက်ဟန် ပုံရိပ်များဖြင့် ရှုတ်ထွေးကုန်တော့တယ်။

  "ကျမ စဥ်းစားပါရစေအုံး ကျမကို အချိန်နဲနဲလေးတော့ပေးပါ"

အခန်းထဲမှာ ဆွေးနွေးမှုတေရပ်တန့်ကုန်ပြီး ဟိုဟိုဒီဒီပြောရင်းဖြင့်သာ အသံတေတိတ်ကုန်ပြီး ငြိမ်သက်လို့သွားပေမယ့် အခန်းပြင် တံခါးနားရပ်နေတဲ့ ရှောင်းကျန့်ရဲ့ခြေလှမ်းတေကတော့ တစ်ဖဝါးမှမခွာရသေးပေ။ အချိန်ကြာမြင့်စွာရပ်နေပြီးမှ အခန်းကိုပြန်လာခဲ့တယ်။

  အိပ်ယာပေါ်လှဲနေရင်းနှင့်ပင် သူတော်တော်နဲ့ အိပ်မပျော်နိုင်ဖြစ်နေရတယ်။ ပါပါးနဲ့မာမားပြောတဲ့ ရှောင်ပိုင်ဆိုတာ ဘယ်သူမှန်းရှောင်းကျန့် လုံးဝမသိပေ။

  ပါးတက်သွားပြီး သူလဲအနားယူဖို့တက်လာရင်းမှ ပါးတို့အခန်းရှေ့ကအဖြတ် မထင်မှတ်ပဲ ထိုအမည်နာမအား ကြားခဲ့ရခြင်းဖြစ်တယ်။ ပါပါးတို့ပြောတဲ့ ရှောင်ပိုင်လိုအဖြစ်မျိုး သူ့ကို အဖြစ်မခံနိုင်ဘူးဆိုတာ ဘာကိုပြောတာလဲ။ ရှောင်ပိုင်ဆိုသော ထိုလူကရော သူတို့မိသားစုနဲ့ကရော ဘယ်လိုပတ်သက်နေတာလဲ။

  အက်ဒိရှောင်ပိုင်ဆိုတဲ့လူက ခုရောဘယ်မှာလဲ။ စသည်ဖြင့် သူတွေးရင် မျက်ဝန်းတို့မှေးစင်းလာရတော့တယ်။ မကြာမှီမှာပဲ သူအိပ်ပျော်သွားခဲ့တယ်။

အက်နေ့ညက သူအိမ်မက်မက်ခဲ့တယ်။ အိမ်မက်ထဲမှာ ဝမ်ကသူခေါ်နေတာကို လုံးဝလှည့်မကြည့်ပဲ ထွက်သွားတာတဲ့။ သူဘယ်လောက်ပဲ အော်ခေါ်နေပါစေ လုံးဝလှည့်ကြည့်လာခြင်းမရှိပေ။

  သူအိမ်မက်ထဲမှာ ရှိုက်ကြီးတငင်ငိုကြွေးနေရသလို အပြင်မှာလဲ သူ့ရဲ့မှေးမှိတ်ထားတဲ့ မျက်ဝန်းတေကနေ မျက်ရည်တေကျနေခဲ့တာကို သူမသိလိုက်ခဲ့။

2629 words
Moon
Wang's

အားလုံးပဲ ကျန်းမာရွှင်လန်း စိတ်ကြည်လန်းကြပါစေရှင်။
နောက်အပတ်မှာ ရှောင်လုံအကြောင်းလေးဖော်ထုတ်ရင်းနဲ့ ပြန်တွေ့ကြတာပေါ့ နော့်။

~~~~~~~~~~~~

zawgi

​ောင္းက်န့္က တံခါးအသံမျမည္ေအာင္ ဂ႐ုတစိုက္ဖြင့္ၿပီး အိမ္ထဲကို ျပန္ဝင္လာခဲ့တယ္။ မာမားတို႔ နိုးလာမွာ သူစိုးရိမ္လြန္းလွသည္။

ေျခသံကို ဖြဖြနင္းၿပီး ဧည့္ခန္းထဲကအျဖတ္ လင္းထိန္လာေသာ မီးမ်ားေၾကာင့္ ေနရာတြင္ ေက်ာက္ခ်ထားသကဲ့သို႔ ေတာင့္ေတာင့္ေလး ျဖစ္သြားရတယ္။ သြားၿပီ မာမားတို႔ နိုးသြာၿပီထင္သည္။

"ဒါ ဘယ္ကျပန္လာတာလဲ အားက်န့္"

"မား..."

"မာမားတို႔ မင္းကို အလိုလိုက္တာမ်ားသြားၿပီထင္တယ္။ ဟုတ္တယ္မလား အားက်န့္"

"မား..ဘာေတေျပာေနတာလဲ"

မားဘာေတေျပာေနတာလဲ ေရွာင္းက်န့္လုံးဝနားမလည္ေပ။ ဘာကို အလိုလိုက္တာ မ်ားသြားတာလဲ။ မဟုတ္မွ သူနဲ႕ရိေပၚေတြ႕ေနတာကိုမ်ား ေတြ႕သြားေရာ့သလား။ အက္လိုေတြးလိုက္မိေတာ့ ေရွာင္းက်န့္မွာ အေျပးတစ္ပိုင္းပဲ မာမားထိုင္ေနတဲ့ေရွ႕မွာပဲ ထိုင္ခ်လိဳက္မိၿပီး မာမားရဲ႕ေျခေထာက္ကို ကိုင္လိုက္မိတယ္။

"မား..မားေတြ႕သြားခဲ့တယ္လား။ သားဖုံးကြယ္ထားဖို႔ မရည္႐ြယ္ပါဘူး။ ေျပာျပမလို႔ပါပဲ အခ်ိန္မတိုင္ေသးဘူးထင္လို႔ပါ။"

"ဘာကိုအခ်ိန္မတိုင္ေသးတာလဲ ဘယ္အခ်ိန္မွ ေျပာမယ္လို႔ မင္းကထင္တာလဲ။ ေျပာပါအုံး ဒီအေမကို ဘယ္အခ်ိန္မွမ်ား ေျပာမယ္ေတြးထားတာလဲလို႔..ဟမ္"

ေရွာင္းက်န့္ကိုေျပာလဲေျပာ မာမားကငိုသည္။ မာမားက သူ႕ေရွ႕မွာဘယ္ေတာ့ မ်က္ရည္မက်ေပ။ သူ႕ေၾကာင့္နဲ႕ ထိုအမ်ိဳးသမီးက ငိုသည္တဲ့လား။

"မဟုတ္ရပါဘူး မားရယ္... အက္လိုမဟုတ္ရပါဘူး"

မာမားကသူ႕ကို ငုံ႕ၾကည့္ေနရင္းမွ တဖက္သို႔မ်က္ႏွာ လႊဲသြားၿပီး ဆက္ေျပာသည္။

"အဆက္သြယ္ ျဖတ္လိုက္ အားက်န့္။ ၿပီးရင္ေတာ့ မင္းဖိုးဖိုးရွိတဲ့ နယ္ကိုလိုက္သြားဖို႔ ျပင္ပါ"

ေရွာင္းက်န့္ အလန့္တၾကားမားကို ၾကည့္လိုက္မိတယ္။ မားက တကယ္ပဲ သေဘာမတူနိုင္ဘူးလား။ သူေပ်ာ္တယ္ဆိုရင္ေတာင္ သူတို႔ႏွစ္ေယာက္ကို သေဘာမတူေပးနိုင္ဘူးလား။ အနည္းဆုံးေတာ့ သူ႕ကိုေပ်ာ္႐ႊင္ေနတာကို မားတို႔ကၾကည့္ၿပီး သေဘာတူေပးမယ္ထင္တာ။

"မား ဘာလို႔လဲ..ဘာလို႔ အဆက္သြယ္ျဖတ္လိုက္ပါ ဆိုတာကို ေသြးေအးေအးနဲ႕ ေျပာထြက္နိုင္ရတာလဲ"

မားက သူ႕ကိုၾကည့္သည္။ ၿပီးေတာ့ ငိုတယ္။ အဆက္မျပတ္ကို ငိုေတာ့တာ။ ပါးလဲသူတို႔ရွိရာကို ေလွ်ာက္လာၿပီဴ မားေဘးမွာဝင္ထိုင္လာတယ္။ အလုပ္မာ ပင္ပန္းတဲ့ပါးကိုေရာ သူဒုကၡေပးမိၿပီလား။

"ပါး..ပါးေရာ အက္လိုထင္လား။ မားေျပာသလိုေလ။"

ပါးကဘာမွ မေျပာပဲ သူ႕ကိုသာ တိတ္တဆိတ္ၾကည့္ေနၿပီး မားရဲ႕ ပုခုံးကို ဖတ္၍ ႏွစ္သိမ့္ေပးေနသည္။

"အားက်န့္ မားအပိုေတ မေျပာခ်င္ေတာ့ဘူး ဒီတစ္ရက္ႏွစ္ရက္အတြင္း တစ္ဖက္ကေလးနဲ႕ အဆက္သြယ္ျဖတ္ပါ။"

"မား! ဘာလို႔လဲ သားႀကိဳက္တဲ့သူက မိန္းခေလးမဟုတ္ပဲ ေယာက်္ားေလးျဖစ္ေနလို႔လား။ တဖက္က ရိေပၚျဖစ္ေနတာေတာင္ မားက လက္မခံနိုင္ဘူးလား ဘာလို႔လဲ..သူနဲ႕ရွိရင္ သားေပ်ာ္တယ္ေလ။ သားေပ်ာ္ေနတယ္ဆိုရင္ေတာင္ မားက လက္မခံနိုင္ဘူးလား..ဟင္..မား..ေျပာပါအုံး"

ေရွာင္းက်န့္ မားကိုေျပာေနရင္းမွ သူ႕ရဲ႕မ်က္ဝန္းေတမွလဲ မ်က္ရည္ေတက် ဆင္းလာရေတာ့တယ္။ မားကလဲ သူ႕ကိုၾကည့္ၿပီး ငိုသလို သူကလဲ မားကိုၾကည့္ၿပီး ငိုေနရတယ္။

"လက္မခံနိုင္ဘူး! မင္းတို႔ေ႐ြးခ်ယ္ထားတဲ့ ေ႐ြးခ်ယ္မႈက သူမ်ားလက္ညိုးထိုးခံရမယ့္ အရာဆိုတာေရာ သိရဲ႕လား..ဟမ္ ပတ္ဝန္းက်င္ကဘယ္လိုေျပာမလဲ အားက်န့္ရဲ႕ ေတြးဖူးရဲ႕လား။ သားဝမ္ေလးကို မားမခ်စ္ဘူးမဟုတ္ဘူး..ခ်စ္တယ္..ဒါေပမယ့္ ကိုယ့္သားေလးတစ္ေယာက္လိုပဲ။ သားရဲ႕သူငယ္ခ်င္းအျဖစ္နဲပဲ မားက လက္ခံနိုင္တာ သမက္တစ္ေယာက္အေနနဲ႕မဟုတ္ဘူး။ သိရဲ႕လား မင္းကို လူေတလပ္ညိုးထိုးခံရမယ့္အျဖစ္ကို ဒီအေမက မခံစားနိုင္တာကို"

မားက သူေျပာစရာကုန္သြားသလိုမ်ိဳး မ်က္ရည္ေတကို သုတ္လိုက္ၿပီး ထရပ္တယ္။ ၿပီးေတာ့ ဆက္ေျပာတယ္။

"ဒီအေမကို ခုခ်ိန္မွာ မင္းမုန္းေကာင္း မုန္းေနလိမ့္မယ္။ ဒါေတဟာ တစ္ေန႕ေန႕မွာ မင္းအေပၚမွာ ထားတဲ့ မိခင္ေမတၱာဆိုတာ မင္းနားလည္မွာပါ။ မားလုပ္ေနတာက မင္းေကာင္းဖို႔အတြက္ဆိုတာ။ ဒါေၾကာင့္ အဆက္သြယ္ျဖတ္ဖို႔ လုပ္ပါ။ ၿပီးရင္ ဖိုးဖိုးဆီသြားဖို႔ျပင္"

မာမားက ေရွာင္းက်န့္ကိုေျပာၿပီးတာနဲ႕ အေပၚကို တက္သြားခဲ့သည္မို႔ ဧည့္ခန္းထဲမာ ေရွာင္းက်န့္နဲ႕ ပါပါးသာ က်န္ေနခဲ့တယ္။ ပါးက တဖက္ထိုင္ခုံကေနထလာၿပီး ေရွာင္းက်န့္ ေဘးမာလာထိုင္တယ္။

"သားရဲ႕မားကို အခ်ိန္နဲနဲေလာက္ေပးလိုက္ပါ။ သူလဲ႐ုတ္တရက္ဆိုေတာ့ လန့္သြားမာအေသခ်ာပဲ။ သားတို႔ကို သေဘာမတူနိုင္တာထက္ ပတ္ဝန္းက်င္ကေျပာမာေတမခံေစခ်င္တာဆို ပိုမွန္ပါလိမ့္မယ္"

ေရွာင္းက်န့္က ပါးစကားကိုနားေထာင္ရင္းနဲ႕ အေပၚထပ္ကို ေမာ့ၾကည့္ေနမိတယ္။ တကယ္ပဲသူဟာ မားတို႔အတြက္ သားေကာင္းရတနာဟုတ္ပါရဲ႕လားလို႔လဲ ေတြးလိုက္မိတယ္။

"ပါး..သားကပါးတို႔အတြက္ ရတနာမဟုတ္ပဲ ရတာနာတဲ့ သားသမီးမ်ားျဖစ္ေနၿပီလား ဟင္"

ေရွာင္ပါးက သူ႕သားရဲ႕စကားေၾကာင့္ အားက်န့္ရဲ႕ ပုခုံးေလးကို သိုင္းဖက္လိုက္ၿပီး ပုတ္ေပးလိုက္တယ္။ ဒီခေလးဟာ အင္မတန္မွ ႏွလုံးသားႏုတဲ့ခေလး မဟုတ္လား။ ႏုနယ္တဲ့ ႏွလုံးသားေလးမွာ အနာတရမျဖစ္ေစခ်င္ပါ။ နာက်င္မႈေတေပးၿပီး ဒဏ္ရာအမာ႐ြတ္က်န္ေစတာဟာ သူတို႔မိဘႏွစ္ပါးေတာ့ မျဖစ္ေစလိုပါ။

"အားက်န့္ သားကပါးတို႔အတြက္ အဖိုးတန္ေလးဆိုတာ နားလည္ေပးထားဖို႔လိုတယ္။ ဘာအေၾကာင္းေၾကာင့္နဲ႕မွ ေနာက္ဒီလိုအေတြးေတြ မဝင္ရဘူးေနာ္..ၾကားလား..ပါးေျပာတာ သားရဲ႕ မားၾကားရင္လဲ သူစိတ္ေကာင္းမွာ မဟုတ္ဘူး။"

ေရွာင္းက်န့္ပါးရဲ႕ ရင္ခြင္ထဲတိုးဝင္ၿပီး ငိုမိေနေတာ့တယ္။ သူ႕ရဲ႕ေခါင္းတစ္ခုလုံး ပူထူေနတဲ့အျပင္ ဘာမွာကို စဥ္းစားလို႔မရေပ။

"ဟင့္..ပါး..အင့္..သား ေတာင္းပန္ပါတယ္။ ပါးတို႔ျဖစ္ေစခ်င္သလို သားမလုပ္ေပးနိုင္တဲ့အတြက္။ သားသူနဲ႕မခြဲခ်င္ဘူး..သားဘဝမွာ ပါးတို႔ၿပီးရင္ သူပဲရွိလို႔...သားအေပၚမာ ပါးတို႔ထက္မေက်ာ္ရင္ေတာင္ ပါးတို႔ထက္မနည္းတဲ့ ခ်စ္ျခင္းမ်ိဳးနဲ႕ ခ်စ္တာပါ..သားသူနဲ႕ခြဲရရင္႐ူးလိမ့္မယ္..အီး.."

ေရွာင္ပါးက သူ႕ရင္ခြင္ထဲဝင္လာတဲ့ အားက်န့္ရဲ႕ ကိုယ္ေလးကို ေထြးေပြ႕ၿပီး ေက်ာျပင္ေလးကို ပုတ္ေပးေနမိတယ္။ သူသိတာေပါ့ ဒီကေလး သားဝမ္ေလးအေပၚမွာ ဘယ္ေလာက္ေတာင္ေပ်ာ္ဝင္ေနသလဲဆိုတာ။ ေရွာင္မားကိုသာ မေျပာျပခဲ့ေပမယ့္ သူရိပ္မိေနတာႏွစ္လေလာက္ရွိၿပီ ျဖစ္သည္။ သူ႕ရဲ႕အမ်ိဳးသမီးက ဒါေတကို သိရင္ လက္မခံနိုင္ေလာက္ဘူးဆိုတာ ႀကိဳသိေနလို႔ မတိုင္ပင္ခဲ့တာ။

"ပါးသိတာေပါ့.. ပါးသိတာေပါ့..အက္ဒါေၾကာင့္ ပါးသိေန႐ုံတဲ့တင္မၿပီးဘူးဆိုတာ အားက်န့္က သိတယ္မလား မားကိုလဲ သိေအာင္လုက္ရမယ္ေလ မဟုတ္ဘူးလား..ဟင္..မားကခုလက္မခံေသးရင္လဲ ဘာအေရးလဲ လက္ခံလာေအာင္ သားဘက္ကလဲႀကိဳးစား ပါးကလဲ မားမာကို နားဝင္ေအာင္ လက္ခံလာနိုင္ေအာင္ ေျဖာင္းျဖေပးမာမို႔ ငါ့သားက အားမငယ္ပဲ တို႔သားဖေတ တူတူႀကိဳးစားၾကတာေပါ့ကြ..ဟုတ္ၿပီလား"

ေရွာင္းက်န့္က ပါးစကားကိုနားေထာင္လိုက္တယ္။ သူလက္ခံေၾကာင္းလဲ ေျပာလိုက္တယ္။ ေတာ္ေသးသည္က ပါးက ဒီလိုအားေပးလို႔သာပင္။ မဟုတ္ရင္ သူတကယ္မိဘနဲ႕ ခ်စ္သူၾကားမာ ျဗာမ်ားရေတာ့မာ။

ပါးကသူ႕စိတ္အေျခေန အဆင္ေျပေအာင္ စစေနာက္ေနာက္လုပ္ေပးလာတယ္။ ငယ္ငယ္က သူ႕အေၾကာင္းေတေျပာလာရင္းနဲ႕ပဲ သူ႕စိတ္အေျခေနေတဟာလဲ ေစာေစာကနဲ႕ လားလားမွ်မသက္ဆိုင္သလို ျပန္လည္ၾကည္လင္လာခဲ့တယ္။

"ကဲ...ဒါဆို ငါ့သားလဲနားေတာ့ ပါးလဲနားေတာ့မယ္။ ဘာမွ စိတ္ဆင္းရဲစရာေတ ေလွ်ာက္မေတြးနဲ႕ ဟုတ္ၿပီလား..ပါးနဲ႕အတူတူ အေကာင္းဆုံးႀကိဳးစားသြားၾကမယ္..ငါ့သားလုပ္နိုင္မယ္လို႔ ပါးကယုံၾကည္ၿပီးသား"

ပါးက သူ႕ေခါင္းေလးကို ႏွစ္ခ်က္ေလာက္ပုတ္ေပးၿပီး အေပၚထပ္ကို တက္သြားခဲ့တယ္။ သူလဲပါးတက္သြားၿပီးတာနဲ႕ မီးေတပိတ္လိုက္ၿပီး အေပၚထပ္ကို တက္ခဲ့လိုက္တယ္။ ပါးေျပာသလိုပဲ သူလုပ္နိုင္ပါတယ္။ ကိုယ္ခ်စ္ရသူနဲ႕ နီးစပ္ဖို႔အေရး သူဒီေလာက္ေတာ့ ႀကိဳးစားရမာေပါ့။ အခ်စ္စစ္တို႔မည္သည္ ဘယ္ေတာ့မွ ေျဖာင့္ျဖဴးမႈမရွိပဲ။

~~~~~~~

ေရွာင္ပါးက အခန္းတံခါးကို ျပန္ပိတ္လိုက္ၿပီး တဖက္လွည့္အိပ္ေနတဲ့ ဇနီးျဖစ္သူရဲ႕ေဘးမွာ ဝင္ထိုင္လိုက္တယ္။

"သူ႕ေမ အိပ္ၿပီလား..မအိပ္ေသးရင္ ကိုယ္နဲ႕စကားခဏေလာက္ေျပာၾကရေအာင္လား"

"က်မ ဒီေန႕အတြက္ေတာ့ ေျပာခ်င္စိတ္မရွိေသးဘူး။ သူ႕ေဖေျပာခ်င္တယ္ဆို မနက္မွပဲ ေျပာပါေတာ့။ ပင္ပန္းေနလို႔နားခ်င္ၿပီ"

ေရွာင္ပါးက ဇနီးသည္ရဲ႕ေဘးကို ဝင္လွဲလိုက္ၿပီး ခႏၵာကိုယ္ကိုေဘးေစာင္းလိုက္ၿပီး ရင္ခြင္ထဲကို အသာဆြဲထည့္လိုက္တယ္။ သူ႕ဇနီးသည္ေလးကိုလဲ ႏွစ္သိမ့္ဖိူ႕လိုအပ္ေနၿပီပင္။

"ျပသနာတစ္ခုကို မေျဖရွင္းပဲ ဒီလိုေရွာင္ထြက္ေန႐ုံနဲ႕ မၿပီးဘူးတိုတာ သူ႕ေမသိတယ္မလား။ သားကို နားဝင္ေအာင္ရွင္းျပမွေပါ့။ သူ႕ေမက ခ်က္ခ်င္းႀကီး အဆက္သြယ္ျဖတ္လို႔ သြားေျပာေတာ့ ဘယ္ခံစားနိုင္မလဲ..ဟုတ္တယ္မလား"

ေရွာင္မားက ေရွာင္ပါးရဲ႕စကားေၾကာင့္ ရင္ခြင္ထဲကေန စိတ္ဆိုးစြာေမ့ၾကည့္လိုက္တယ္။ ၿပီးေတာ့႐ုန္းထြက္လိုက္ၿပီး ေျပာလိုက္တယ္။

"ဒါျဖင့္ က်မကမွားတယ္ေပါ့..ဟုတ္လား..သူ႕ေဖရဲ႕ ေျပာပါအုံး..က်မကမွားလားဆိုတာ မိခင္တစ္ေယာက္ရဲ႕ ပူပန္မႉမ်ိဳးကို ရွင္ကဘယ္သိမလဲ"

"ကိုယ္မင္းကို အျပစ္တင္ေနတာ မဟုတ္ဘူးဆိုတာ သူ႕ေမသိရဲ႕သားနဲ႕ ဘာလို႔မသိခ်င္ေယာင္ေဆာင္ေနရတာလဲ..ကိုယ္ေျပာခ်င္တာက သားကိုနားလည္ေပးဖို႔ေလ။ သားကိုေရွာင္ပိုင္လိုအျဖစ္မ်ိဳး ျဖစ္ေစခ်င္လို႔လား.. ဟင္ ကိုယ္ေမးတာကိုေျဖပါအုံး"

"အက္လိုျဖစ္မာဆိုးလို႔ေလ အက္ဒါေၾကာင့္က်မတားေနရတာေပါ့ သားေလးကလဲ ေရွာင္လုံလို အျဖစ္မ်ိဳး အျဖစ္မခံနိုင္ဘူး..အီး..ဟီး..ဒီတစ္ခါဆို က်မ႐ူးသြားလိမ့္မယ္..ဟင့္.."

ေရွာင္ပါးက ရွိုက္ႀကီးတငင္ငိုေနတဲ့ သူ႕ဇနီးကို ေပြ႕ဖက္ၿပီး ႏွစ္သိမ့္လိုက္တယ္။ သူမအေနနဲ႕ ေရွာင္လုံကိစၥကို ျပန္မေျပာနိူင္တာကို သူသိပါတယ္။ ဒါေပမယ့္လဲ အခ်ိန္မီတားနိုင္ေအာင္ အရင္တစ္ခါကလိုမ်ိဳး ႏွစ္ခါထပ္မျဖစ္ေစရေအာင္ သူေျပာျပရေပလိမ့္မယ္။ သားက ဒီလိုမလုပ္ဘူးဆိုတာ သိေပမယ့္ ဒီအေၾကာင္းကို အေျခခံၿပီး သူ႕ဇနီးသည္ကို နားဝင္ေအာင္ေျဖာင္းျဖရေပလိမ့္မယ္။

"ကိုယ္သိတာေပါ့..အက္ဒါေၾကာင့္ ကိုယ္တို႔က သားကို နားလည္ေပးရမွာေပါ့။ သူ႕ေမက သားကို ပထမတစ္ႀကိမ္ကိုယ္တို႔ႀကဳံခဲ့ရသလိုမ်ိဳး အျဖစ္ဆိုးမ်ိဳး အျဖစ္မခံနိုင္လို႔ တားတယ္ဆိုတာ သိေပမယ့္ သားတို႔လူငယ္ခ်င္းက ေမတၱာမွ်ေနၿပီမဟုတ္လား။ သူ႕ေမလဲ တဖက္ကေလးကို လက္ခံနိုင္ပါတယ္..သားေလးအေပၚ ဘယ္လိုဆက္ဆံလဲဆိုတာ ကိုယ္တို႔အျမင္ပဲမလား"

ေရွာင္ပါးက ေရွာင္မားကို ငုံ႕ၾကည့္လိုက္တယ္။ နားေထာင္ေနတယ္ဆိုတာ ေသခ်ာမွ စကားကိုဆက္ေျပာလိုက္တယ္။

" အေစာက သားကဘယ္လိုေျပာတယ္ ထင္လဲ။ သားက ပါးတို႔အတြက္ ရတနာမဟုတ္ပဲ ရတာနားလားတဲ့။ သားဆီကေနဒီစကားၾကားရေတာ့ ကိုယ္ျဖင့္ေလ ငါတို႔သားအေပၚမွာ တကယ္ပဲ မိဘေကာင္းေတဟုတ္ရဲ႕လား။ သားကိုဒီလိုအေတြးေတမ်ား ရိုက္သြင္းေပးမိၿပီလားလို႔ ေတြးမိတဲ့အထိပဲ"

" ၿပီးေတာ့သားကေျပာေသးတယ္။ သား သူနဲ႕မခြဲနိုင္ဘူးတဲ့။ ရိေပၚက ကိုယ္တို႔ထက္မပိုေတာင္ ကိုယ္တို႔ထက္မနည္းတဲ့ ခ်စ္ျခင္းမ်ိဳးနဲ႕ ခ်စ္ေပးနိုင္တယ္ဆိုတာ သူယုံတယ္တဲ့။ အက္လိုမ်ိဳး တစ္ဖက္ကေလးအေၾကာင္းေျပာေနခ်ိန္မွာ သားရဲ႕မ်က္ဝန္းေတထဲမာ ကိုယ္တို႔ျမင္ဖူးေနၾကလိုမဟုတ္ပဲ အက္ထက္ပိုတဲ့ ေပ်ာ္႐ႊင္ျခင္း၊ ၾကည္ႏူးျခင္း၊ ခ်စ္ျခင္းေတ ေပ်ာ္ဝင္ေနတာ သိလား။ ကိုယ္တို႔က မိဘေတပဲ သားသမိီးရဲ့ ေပ်ာ္႐ႊင္ေနမႈကို ပိုမိုေတာက္ပေအာင္ ေထာက္ပံ့ေပးၾကရမယ္မလား..ကိုယ္တို႔သားကို မေပ်ာ္ေစခ်င္ဘူးလားဟင္"

ေရွာင္ပါးရဲ႕စကားအဆုံးတြင္ ေရွာင္မားရဲ႕ မ်က္လုံးထဲမွာ ေဝခြဲရခက္ဟန္ ပုံရိပ္မ်ားျဖင့္ ရႈတ္ေထြးကုန္ေတာ့တယ္။

  "က်မ စဥ္းစားပါရေစအုံး က်မကို အခ်ိန္နဲနဲေလးေတာ့ေပးပါ"

အခန္းထဲမွာ ေဆြးႏြေးမႈေတရပ္တန့္ကုန္ၿပီး ဟိုဟိုဒီဒီေျပာရင္းျဖင့္သာ အသံေတတိတ္ကုန္ၿပီး ၿငိမ္သက္လို႔သြားေပမယ့္ အခန္းျပင္ တံခါးနားရပ္ေနတဲ့ ေရွာင္းက်န့္ရဲ႕ေျခလွမ္းေတကေတာ့ တစ္ဖဝါးမွမခြာရေသးေပ။ အခ်ိန္ၾကာျမင့္စြာရပ္ေနၿပီးမွ အခန္းကိုျပန္လာခဲ့တယ္။

  အိပ္ယာေပၚလွဲေနရင္းႏွင့္ပင္ သူေတာ္ေတာ္နဲ႕ အိပ္မေပ်ာ္နိုင္ျဖစ္ေနရတယ္။ ပါပါးနဲ႕မာမားေျပာတဲ့ ေရွာင္ပိုင္ဆိုတာ ဘယ္သူမွန္းေရွာင္းက်န့္ လုံးဝမသိေပ။

  ပါးတက္သြားၿပီး သူလဲအနားယူဖို႔တက္လာရင္းမွ ပါးတို႔အခန္းေရွ႕ကအျဖတ္ မထင္မွတ္ပဲ ထိုအမည္နာမအား ၾကားခဲ့ရျခင္းျဖစ္တယ္။ ပါပါးတို႔ေျပာတဲ့ ေရွာင္ပိုင္လိုအျဖစ္မ်ိဳး သူ႕ကို အျဖစ္မခံနိုင္ဘူးဆိုတာ ဘာကိုေျပာတာလဲ။ ေရွာင္ပိုင္ဆိုေသာ ထိုလူကေရာ သူတို႔မိသားစုနဲ႕ကေရာ ဘယ္လိုပတ္သက္ေနတာလဲ။

  အက္ဒိေရွာင္ပိုင္ဆိုတဲ့လူက ခုေရာဘယ္မွာလဲ။ စသည္ျဖင့္ သူေတြးရင္ မ်က္ဝန္းတို႔ေမွးစင္းလာရေတာ့တယ္။ မၾကာမွီမွာပဲ သူအိပ္ေပ်ာ္သြားခဲ့တယ္။

အက္ေန႕ညက သူအိမ္မက္မက္ခဲ့တယ္။ အိမ္မက္ထဲမွာ ဝမ္ကသူေခၚေနတာကို လုံးဝလွည့္မၾကည့္ပဲ ထြက္သြားတာတဲ့။ သူဘယ္ေလာက္ပဲ ေအာ္ေခၚေနပါေစ လုံးဝလွည့္ၾကည့္လာျခင္းမရွိေပ။

  သူအိမ္မက္ထဲမွာ ရွိုက္ႀကီးတငင္ငိုေႂကြးေနရသလို အျပင္မွာလဲ သူ႕ရဲ႕ေမွးမွိတ္ထားတဲ့ မ်က္ဝန္းေတကေန မ်က္ရည္ေတက်ေနခဲ့တာကို သူမသိလိုက္ခဲ့။

2629 words
Moon
Wang's

အားလုံးပဲ က်န္းမာ႐ႊင္လန္း စိတ္ၾကည္လန္းၾကပါေစရွင္။
ေနာက္အပတ္မွာ ေရွာင္လုံအေၾကာင္းေလးေဖာ္ထုတ္ရင္းနဲ႕ ျပန္ေတြ႕ၾကတာေပါ့ ေနာ့္။

Continue Reading

You'll Also Like

8K 819 13
မငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်
3.2K 250 36
Lost ones are sometimes found back again. Like the bond they shared was found back through the decade of their yearning but could a lost love be foun...
356K 3.1K 59
cute imagines with matt, nick and chris cus who doesn't love them? • matt and chris x y/n (f reader) • nick x y/n (m reader) •no smut •tw/cw will b...
2.5K 50 13
ZSWW fiction review for XiaoTuFei