1970 ခုနှစ်မှလှပသောအရံဇာတ်ကေ...

By Doh_Clover

148K 15.9K 84

Paid GP 5လပိုင်း 20 တွင် စပါမည်။ More

Description
Chapter 1
Chapter 2
Paid GP
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Paid
1st Anniversary
1st
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Promotion
Chapter 23
Chapter 24 - 1
Chapter 24 - 2
Chapter 26 -1
Chapter 25
Chapter 26-2
Chapter 27
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
promotion
Chapter 30
Chapter 30-2
Chapter 31
Chapter 32
Chapter 33
Chapter 34-1
Chapter 34-2
Chapter 35-1
Chapter 35-2
Chapter 36
Chapter 37
Chapter 37.2
Chapter 38
Chapter 39
Promotion
Noti
Chapter 40
Chapter 41.1
Chapter 41.2
Chapter 42
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 50
Chapter 51
Chapter 52.1
Chapter 52.2
Chapter 53
Chapter 54
Chapter 54.2
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 58.2
Chapter 59
Chapter 60
Chapter 60.2
Chapter 61
Chapter 62
Chapter 62.2
Chapter 63
Chapter 64
Chapter 64.2

Chapter 49

998 116 0
By Doh_Clover

အပိုင်း - ၄၉

မီးဖိုချောင်အတွင်း ဖန်းရှုံးယန်၏ချက်ပြုတ်မှုကြောင့် မွှေးပျံ့သည့်ဟင်းရနံ့များဟာ အိမ်အနှံ့ပျံ့လွင့်လာ၏။

ယွမ်ချူးရွယ်ဟာ မွှေးပျံ့လှသည့် ဟင်းရနံ့ကြောင့် မီးဖိုချောင်အတွင်းသို့ဝင်လာခဲ့တော့သည်။

ယွမ်ချူးရွယ်ရောက်လာတာကို မြင်တာနဲ့ဖန်းရှုံးယန်က
"ချူးရွယ်။ နင့်ရဲ့အကိုနဲ့မောင်တွေကို ညစာစားဖို့အတွက် လိုက်ခေါ်ချေဦး"
ဟု ပြောလိုက်၏။

ယွမ်ဟောင်ဘင်းလေးဟာ အိမ်ပြန်ရောက်ချိန်မှာ သူ့အကိုနှစ်ယောက်ကို မတွေ့ရ‌တာမို့ အပြင်ထွက်ပြီး သွားရှာနေခြင်းဖြစ်သည်။ ဒါပေမယ့်အချိန်အတော်ကြာသွားတာတောင်မှ သုံးယောက်လုံး ပြန်မလာကြသေးချေ။ ဒါ့ကြောင့်မို့ ယွမ်ချူးရွယ်ကို ညီအကိုသုံးယောက်အားလိုက်ခေါ်ဖို့ပြောလိုက်ခြင်းဖြစ်သည်။

ယွမ်ချူးရွယ်လည်း ချက်ချင်းပဲ ညီအကိုသုံးယောက်ကို ရှာဖို့အတွက်အပြင်ကို ထွက်လာခဲ့တော့သည်။

အချိန်ဘယ်လောက်မှမကြာလိုက်ပဲ ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့သုံးယောက်အား သူမတွေ့လိုက်ရကာ အိမ်ကိုပြန်ခေါ်လာခဲ့တော့သည်။

အိမ်ကိုရောက်တဲ့အခါမှာ သူတို့ဟာ အပေါ်ထပ်ကနေ ဆင်းလာသည့် ယွမ်ရိ၊ ယွမ်ကျဲတို့အား တွေ့လိုက်ကြ၏။ ယွမ်ရိနဲ့ယွမ်ကျဲဟာလည်း အိမ်ထဲဝင်လာသည့် ယွမ်ချူးရွယ်၊ ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ကို မြင်လိုက်ရသည်။

ယွမ်ရိက ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့အား မမြင်ဖူးထားပေမယ့် ဘယ်သူက ဘယ်သူဖြစ်တယ်ဆို‌တာကိုတော့ သူမ ခန့်မှန်းမိလို့နေပါသည်။

အရပ်ရှည်ရှည်ဖြင့် သန့်သန်ပြန့်ပြန့်ဝတ်ဆင်ထားသည့် တစ်ယောက်က ဇာတ်လိုက်မ၏မောင်လေးအရင်းဖြစ်ကာ မိသားစု၏တတိယသားအဖြစ် မွေးစားထားခြင်းခံထားရသည့် ရဲ့ဖန်ဖြစ်နိုင်ပေသည်။

တစ်ဖက်က ခပ်ပွပွစစ်ဝတ်စုံအဟောင်းအား မထော်မနန်းဝတ်ဆင်ထားကာ လက်ထဲမှာလည်း အရုပ်သေနတ်အား ကိုင်ဆောင်ထားသည့် ကောင်လေးကတော့ ငါးယောက်မြောက်ကလေး၊ ယွမ်ဟောင်ဂျန်ဖြစ်နိုင်ပေသည်။

ယွမ်ဟောင်ဂျန်ကလည်း ယွမ်ရိနဲ့ယွမ်ကျဲကို မြင်တော့ အနားကိုအတင်းပြေးသွားကာ
"ဘယ်သူမှ မပြောကြသေးနဲ့ဦး။ ဒီနှစ်ယောက်ထဲမှ ဘယ်သူက ဒို့အမလဲဆိုတာကို ငါ့ဘာသာငါခန့်မှန်းမလို့"
လို့ အော်ပြောလိုက်၏။

ပြီးတာနဲ့ ယွမ်ဟောင်ဂျန်က ယွမ်ရိနဲ့ယွမ်ကျဲအား သေချာအကဲခတ်တော့သည်။ အချိန်အတော်ကြာအောင် အကဲခတ်ပြီးသည့်နောက် ယွမ်ဟောင်ဂျန်က ယွမ်ရိအား လက်ညိုးထိုးလျက်
"ဒုတိယအမက မင်းပဲမလား"
ဟု ပြောလိုက်တော့သည်။

ထိုအချိန်မှာပဲ ယွမ်ချန်းဖူက သူတို့မောင်နှမတစ်စုအနားကို ရောက်လာကာ ယွမ်ဟောင်ဂျန်၏နားရွက်ကို ဆွဲလျက်
"ဟေ့ကောင်။ မင်းငါ့ရဲ့အဝတ်အစားအဟောင်းတွေကို ထပ်ပြီး ယူဝတ်ပြန်ပြီလားကွ"
ဟု မာန်မဲလျက် ထိုနေရာကနေ ဆွဲခေါ်သွားတော့သည်။

"အားးးအဖေ့၊ နားရွက်ကို မဆွဲနဲ့လေ။ အဖေလို့ ကျွန်တော်နာတယ်ဗျ၊ အားးးး။ အဖေ့၊ အသာလေးဆွဲပါ"
ယွမ်ဟောင်ဂျန်လည်း နာနာကျင်ကျင်အော်ညီးလျက် ယွမ်ချန်းဖူ ဆွဲခေါ်ရာနောက်ကို ပါသွားတော့သည်။

ယွမ်ချူးရွယ်က ယွမ်ရိနဲ့ယွမ်ကျဲအား
"သူ့ကိုစိတ်ပူမနေနဲ့။ သူကအဲ့တိုင်းဘဲ။ ပြီးရင် အမှတ်ရှိတာလဲမဟုတ်ဘူး"
ဟု ယွမ်ဟောင်ဂျန်၏အကြောင်းအား ဖောက်သည်ချလိုက်သည်။

ရဲ့ဖန်ကလည်း ရှေ့ကိုတိုးလာကာ
"ငါက ရဲ့ဖန်ပါ"
ဟု မိတ်ဆက်လိုက်၏။

ယွမ်ရိကလည်း ခေါင်းညိတ်ကာ
"ယွမ်ရိပါ"
ဟုပြောရင်း ပြန်လည်နှုတ်ဆက်လိုက်၏။

ထိုအချိန်မှာဘဲ မီဖိုချောင်ဘက်မှ ရဲ့ချူးဝမ်၏အသံပျံ့လွင့်လို့လာသည်။
"လာကြဟေ့။ ညစာစားကြမယ်"

ဒါ့ကြောင့်မို့ သူတို့လည်း မီးဖိုချောင်ထဲကို ဝင်လာလိုက်ကြတော့သည်။

အထဲကိုရောက်တဲ့အခါ စစ်ဝတ်စုံအဟောင်ကြီးအား ချွတ်ထားကာ စွပ်ကျယ်အဖြူရောင်တစ်ထည်ကိုပြောင်းလဲဝတ်ဆင်ထားသည့် ယွမ်ဟောင်ဂျန်ကို သူမတို့တွေ့လိုက်ရ၏။

ယွမ်ချန်းဖူက ထမင်းစား စားပွဲမှာထိုင်နေရင်းဖြင့်
"မင်းတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြပြီလား။ တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင်ဖြစ်သွားအောင်လို့ ကိုယ့်နာမည်ကိုယ်မိတ်ဆက်ကြ"
ဟု ပြောလိုက်၏။

ယွမ်ဟောင်ဂျန်က ချက်ချင်းပဲ
"ငါ့နာမည်က ဟောင်ဂျန်ပါ။ မိသားစုထဲမှာတော့ ငါအဆိုးဆုံးဘဲ"
ဟု စပ်ဖြဲဖြဲဖြင့်ပြောလိုက်၏။

ယွမ်ရိလည်း ခေါင်းညိတ်ပြကာ
"ယွမ်ရိပါ"
ဟု ပြန်ပြောလိုက်သည်။

ထိုအခါ ယွမ်ဟောင်ဂျန်က လက်ဖျောက်တစ်ချက်တီးလိုက်ကာ
"ငါခုနကမှန်းတာ မှန်သားဘဲ။ မင်းက တကယ့်ကို ဒုတိယအမဖြစ်နေတာဘဲ"
လို့ပြောလိုက်၏။ ပြီးနောက် ယွမ်ကျဲဘက်ကို လှည့်ကာ
"မင်းကတော့ တစ်ဝမ်းကွဲအမဘဲဖြစ်ရမယ်"

ယွမ်ကျဲကလည်း ခေါင်းညိတ်ပြကာ
"ယွမ်ကျဲပါရှင့်"
ဟု ပြန်ပြောလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးတဲ့နောက်မှာ ထမင်းဝိုင်းလေးက အနည်းငယ်သက်တောင့်သက်သာဖြစ်လာ၏။

ယွမ်ချန်းဖူက ယွမ်ရိကိုကြည့်ကာ
"ရှောင်ရိ၊ ပတ်ဝန်းကျင်အသစ်နဲ့ရင်းနှီးသွားအောင် အိမ်ပတ်လည်ကို လျှောက်ကြည့်ရင်ကြည့်လေ။ဒါပေမယ့် အဝေးကြီးတော့မသွားနဲ့နော်။ နောက်ရက်တွေ အဖေအားတဲ့အခါကျရင် အဖေနဲ့အတူတူတပ်ထဲကိုလိုက်ချင်လိုက်ခဲ့ပေါ့"
ဟု ပြောလိုက်၏။

ယွမ်ရိက
"ဒါနဲ့ အဖေ။ ကျောင်းကို ဘယ်အချိန်မှာ တက်ရမှာလဲ"
ဟု ပြန်မေးလိုက်၏။

ယွမ်ချန်းဖူ ဘာမှမပြောခင်မှာဘဲ ယွမ်ဟောင်ဂျန်က
"ကျောင်းတက်ဖို့ဘဲ အရင် ဘာလို့မေးရတာလဲ။ အဲ့ဒီကျောင်းဆိုတဲ့နေရာက အရမ်းပျင်းစရာကောင်းတဲ့နေရာကြီးကို"
ဟု ညီးညူသောလေသံဖြင့် ဝင်ပြောလိုက်၏။

"မင်း၊ ပါးစပ်ကိုပိတ်လိုက်စမ်း"
ယွမ်ဟောင်ဂျန်၏စကားကြောင့် ယွမ်ချန်းဖူ၏မျက်နှာထားဟာ မဲမှောင်သွားကာ မာန်မဲလိုက်သည်။

ယွမ်ဟောင်ဂျန်လည်း ချက်ချင်းဘဲ သူ့ပါးစပ်ကိုပိတ်ကာ ဘာမျှထပ်မပြောတော့ချေ။

ယွမ်ချန်းဖူလည်း ယွမ်ရိဘက်ကို ပြန်လှည့်ကာ
"ရှောင်ရိ၊ ကျောင်းတက်ဖို့အတွက်က အချိန်နည်းနည်းကြာဦးမယ်ကွယ်။ ဘာလို့လည်းဆိုတော့ သမီးတို့အတွက် အိမ်ထောင်စုစာရင်းတွေ၊ သက်သေခံအထောက်အထားတွေ၊ အဲ့တာတွေလုပ်ရဦးမှာမို့လို့‌။ ပြီးတော့ ကျောင်းတက်ခဲ့ရရင်လည်း မူလတန်းကနေ  ပြန်စတက်ရမှာနော်။ သမီးတို့အတွက် အဆင်ပြေပါ့မလား"
ဟု မေးလိုက်သည်။

ယွမ်ရိက ခေါင်းညိတ်ကာ
"သမီးတို့အတွက် အဆင်ပြေပါတယ်"
ဟု အဖြေ‌ပြန်ပေးလိုက်သည်။

ထိုအချိန်မှာဘဲ ယွမ်ချူးယန်က
"အိုးးး ဒုတိယအမက ကျောင်းတက်ဦးမလို့တဲ့လား။ သူမက အသက်ကြီးနေပြီနော်။ အခုချိန်မှ ကျောင်းပြန်တက်လို့က ဖြစ်ပါ့မလား။ ဒုတိယအမလိုမျိုး တောကနေတက်လာတဲ့သူတွေက ပုံမှန်ဆိုရင် ထုံထိုင်းကြတယ်လေ။ ဒီတော့ ကျောင်းသွားရင်လည်း အချိန်ကုန်တာဘဲ အဖက်တင်မယ့်အတူတူ အိမ်မှာပဲနေပြီး အမေ့ကိုအလုပ်တွေ ဝိုင်းကူခိုင်းလိုက်ရင် ပိုမကောင်းဘူးလား"
ဟု ရုတ်တရက်ကြီး ဝင်ပြောလိုက်သည်။

ယွမ်ချူးယန်စကား စပြောသည့်ပြောချိန်မှာဘဲ ရဲ့ချူးဝမ်က လက်တို့ကာ ဆက်မပြောဖို့တားဆီးခဲ့၏။ဒါပေမယ့် ယွမ်ချူးယန်ကတော့ မရပ်တန့်ဘဲ ယွမ်ရိကိုကြည့်လျက်
"ဒုတိယအမ၊ ညီမ‌ ပြောတာမှန်တယ်မလား"
ဟု စောင်းမေးလိုက်၏။

ချက်ချင်းပဲ မိသားစု ထမင်းဝိုင်းလေး၏ နွေးနွေးထွေးထွေး သက်တောင့်သက်‌သာဖြစ်မှုလေးဟာ ရုတ်ခြည်းပြိုကွဲသွားတော့သည်။

ယွမ်ရိလည်း ယွမ်ချူးယန်၏မျက်နှာကိုကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး
"ငါ့ညီမ ပြောတဲ့အထဲမှာ တောကတက်လာတဲ့သူတွေကို ထုံထိုင်းတုံးအ‌တဲ့သူတွေလို့ ပြောထားတယ်နော်။ ဒါဆိုရင် အမတစ်ခုမေးမယ်။ အမတို့အဖေက ဘယ်နေရာက လာတယ်လို့ထင်လဲ"
လို့ ပြန်ပြောလိုက်၏။

ထို့နောက် သူမက ထိတ်လန့်အံ့ဩသွားဟန်ဖြင့် ယွမ်ချူးယန်ကိုကြည့်ကာ
"မဟုတ်မှ နင်က အဖေ့ကို ထုံထိုင်းတုံးအတဲ့သူလို့ သွယ်ဝိုက်ပြောလိုက်တာလား"

ယွမ်ရိစကားကြောင့် ယွမ်ချူးယန်လည်း မျက်လုံးပြူးသွားကာ
"နင်၊ နင် မဟုတ်တာတွေ မပြောနဲ့"
ဟု အော်လိုက်၏။

ယွမ်ရိတစ်ခုခုပြန်ပြောရန်ပြင်ချိန်မှာဘဲ ယွမ်ချန်ူးဖူက စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ဒါ့ကြောင့် အကုန်လုံး တိတ်ဆိတ်လို့သွားကြတော့သည်။

ယွမ်ချန်းဖူက ယွမ်ချူးယန်ကိုကြည့်ကာ
"ထမင်းစား စားပွဲကနေ ထွက်သွား"
ဟု အမိန့်ပေးလိုက်တော့သည်။

ယွမ်ချူးယန်လည်း သူမအဖေ၏စကားကြောင့် ဒေါသတွေတလှုပ်လှုပ်ထွက်လာကာ
"အဖေ။ ဒီလိုမျိုးတော့ ဘက်မလိုက်နဲ့လေ။ ဘာလို့ သမီးကိုဘဲ ထွက်ခိုင်းရတာလဲ။ အဲ့ယွမ်ရိဆိုတဲ့ဟာမကိုလည်း ထွက်သွားခိုင်းပါ့လား"
ဟု ပြန်အော်ပြောတော့သည်။

"ဒီကောင်မလေးကတော့ ဖအေကိုဘယ်လိုတောင် ပြန်အော်နေရတာလဲ။ ငါရိုက်စုတ်ပစ်လိုက်ရ"
ယွမ်ချန်းဖူလည်း သူ့လေးယောက်မြောက်သမီးကို ရိုက်ဖို့တပြင်ပြင်လုပ်လိုက်၏။

ထိုအခါ အမကြီးတစ်ဦးပီသစွာဖြင့် ရဲ့ချူးဝမ်က မြန်မြန်မတ်တပ်ရပ်ကာ ယွမ်ချူးယန်အား ထမင်းစားခန်းအတွင်းမှ အပေါ်ထက်သို့မြန်မြန်ခေါ်ထုတ်သွားတော့သည်။

အပေါ်ထပ်ကိုရောက်တာနဲ့ ယွမ်ချူးယန်ဟာ ငိုတော့သည်။ ငိုနေရင်းဖြင့် ရဲ့ချူးဝမ်အား
"အမ၊ အဖေနဲ့အမေက ဘာလို့ အဲ့ကောင်မကိုဘဲ ဂရုစိုက်နေရတာလဲ။ ပြီးတော့ ညီမပြောတဲ့အထဲမှာ အမှားပါသွားလို့လား။ အဲ့ကောင်မရဲ့အသက်အရွယ်နဲ့ အခုမှ ကျောင်းပြန်လိုက်မယ်ဆိုရင် အချိန်ကုန်လူပမ်းငွေကုန်ဖြစ်မှာလေ။ အဲ့တာကြောင့်မို့ ညီမက စေတနာနဲ့ဝင်ပြောတာကို အဖေကအခုလိုမျိုးလုပ်လိုက်တယ်လေ။ အဲ့တာ ညီမ၊ မှားလား"
ဟု ရင်ဖွင့်တော့သည်။

ရဲ့ချူးဝမ်လည်း သက်ပြင်းအသာချကာ
"ချူးယန်။ ဒီနေ့တစ်နေ့တည်းနဲ့တင် ယွမ်ရိကြောင့်ငိုရတာနှစ်ခါရှိပြီနော်။"
ဟု စကားအစချီလိုက်၏။

ထို့နောက် ဆက်လက်ပြီး
"သူမ ကျောင်းတက်ချင်တယ်ဆိုလည်း တက်ပါစေပေါ့။ အဲ့တာက အမတို့နဲ့မဆိုင်ဘူးလေ။ အဖေနဲ့အမေတို့ ဂရုစိုက်တယ်ဆိုတာကလည်း အစပိုင်းမို့လို့ပါဟယ်။ နောက်ပိုင်းကျရင် ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ အဲ့ခါကျရင် ယွမ်ရိလည်း အဖေနဲ့အမေဆီကနေ အဆူခံရတာတွေ၊ အရိုက်ခံရတာတွေပါ ရှိလာတော့မှာ။ အဲဒီအချိန်မရောက်ခင်ထိ ငါ့ညီမက ယွမ်ရိကို စကားလည်းသွားမပြောနဲ့၊ သွားလည်းမပတ်သက်နဲ့ ဟုတ်ပြီလား"
ဟု ဆုံးမလိုက်သည်။

ယွမ်ချူးယန်လည်း သူ့အမကြီး၏ဆုံးမစကားကြောင့်
"ဟုတ်ကဲ့ပါအမ။ ညီမ၊ ယွမ်ရိကို လျစ်လျူရှုထားပါ့မယ်"
ဟု ကတိပေးလိုက်တော့သည်။

တစ်ဖက်မီးဖိုချောင်ထဲမှာတော့ ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်တို့ ထွက်သွားပြီးတာတောင်မှ တိတ်ဆိတ်လို့နေ၏။

စပ်စပ်စုစုလုပ်တတ်သည့် ယွမ်ဟောင်ဂျန်တောင်မှ ထမင်းကိုဘဲ ငုံ့ကာ စားနေ၏။

ယွမ်ချန်းဖူ၏မျက်နှာကတော့ ဒေါသမပြေသေးသည့်အလားညမဲမှောင်လို့နေ၏။

ယွမ်ကျဲကလည်း ထမင်းကိုသာ ငုံ့စားနေခဲ့ပေမယ့် စိတ်ထဲမှာတော့ ထိတ်ထိတ်ပြာပြာဖြစ်လို့နေပေသည်။

ယွမ်ရိကတော့ ဘာမှမဖြစ်ခဲ့သည့်အလား ကိုယ့်ထမင်းကိုယ် အေးအေးဆေးဆေးလေး စားနေခဲ့၏။ ထမင်းစားပြီးတာနဲ့ ယွမ်ရိက ယွမ်ကျဲကိုခေါ်ကာ အပေါ်ထပ်ကို တက်မည့်အစား အိမ်အနီးအနားကို လျှောက်ကြည့်ဖို့အတွက် အိမ်အပြင်ကို ထွက်လာခဲ့ကြသည်။

ယွမ်ကျဲက အိမ်အပြင်ကို ရောက်တာနဲ့ယွမ်ရိအနားကိုကပ်ကာ
"အမ၊ ယွမ်ချူးယန်ဆိုတဲ့တစ်ယောက်က ညီမတို့ကို အတော်လေး အထင်အမြင်သေးနေပုံရတယ်"
ဟု ပြောလိုက်၏။

ယွမ်ရိက
"သူ့ဘာသာသူ အမတို့အပေါ် အထင်အမြင်သေးရုံမကလို့ ဘာကြီးဘဲဖြစ်ဖြစ်၊ စိတ်ထဲထားမနေနဲ့။တစ်ခုခုဆို အမ၊ ကာကွယ်ပေးမယ်။ ဟုတ်ပြီလား"
လို့ ပြောလိုက်၏။

သူမက ဆက်လက်ပြီး
"တကယ်တော့ မြို့ပေါ်ကလူတော်တော်များများက ငါတို့လို တောကနေ တက်လာတဲ့သူတွေကို ဘာမှမလုပ်တတ်မကိုင်တတ်တဲ့လူတွေလို့ မြင်ကြတာများတယ်။ ဒါကလည်း လူနေမှုပတ်ဝန်းကျင်ချင်းက မတူတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေဘဲလေ"

ယွမ်ကျဲက ယွမ်ရိ၏စကားများကို နားမလည်ခဲ့ပေ။သူမက
"အမ၊ ညီမတို့ကို ဦးလေးက ကျောင်းထားရင် အလုပ် လုပ်ဖို့အတွက် အလုပ်ရှာပေးမယ်လို့ထင်လား"
ဟု မေးလိုက်၏။

သူမစိတ်ထဲမှာ ပညာရေးဆိုတာက အလုပ်အကိုင်အခွင့်အလမ်းတွေပိုရလာအောင် အထောက်အကူပေးသည့်အရာတစ်ခုလို့ဘဲ ထင်မြင်ထားခြင်းဖြစ်သည်။

သူမသာမက လူအများစုကလည်း ထိုကဲ့သို့ပင် မှတ်ယူထားခြင်းဖြစ်သည်။ ဒါ့ကြောင့်လည်း ဒီခေတ်ဒီကာလမှာ လူအများစုက သူတို့၏သားသမီးများအား တဖက်မှာကျောင်းထားပေးကြသလို၊ တဖက်မှာလည်း အလုပ်ခွင်အတွင်းအလုပ်များကို လုပ်ခိုင်းလေ့ရှိကြ၏။ တချို့လူနည်းစုကတော့ ရေးတတ်ဖတ်တတ်ရုံလောက်ဘဲ ကျောင်းတက်ကြကာ အလုပ်ခွင်ထဲကို လုံးဝဝင်ရောက်သွားတာမျိုးလည်း ရှိကြပေသည်။

ယွမ်ရိက ယွမ်ကျဲ၏အတွေးတွေကို ရိပ်မိလိုက်တာကြောင့်
"အဲ့တာကို စိုးရိမ်မနေနဲ့။ တကယ်လို့ အလုပ်ခွင်ထဲ ငါတို့ကို သွင်းပေးရင်တောင်မှ ငါကတော့လုပ်မှာမဟုတ်ဘူး။ ပညာရေးကိုဘဲ တတ်ကျွမ်းအောင်သင်ယူဖို့ စိတ်နှစ်ထား"
ဟု ဆုံးမလိုက်သည်။

နှစ်ယောက်သား စကားစမြည်ပြောနေကြသည့်အချိန်မှာပဲ အိမ်ဘက်ကနေ အသံတစ်သံကြားလိုက်ရတာ‌မို့ ပြိုင်တူလှည့်ကြည့်မိလိုက်ကြ၏။

ထိုအခါ ညစာစားပြီး၍ ထွက်လာသော ယွမ်ချူးရွယ်ကို သူမတို့နှစ်ယောက်တွေ့မြင်လိုက်ကြသည်။ယွမ်ချူးရွယ်က သူမတို့ကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်နေ၏။

သူမက လက်ဝှေ့ယမ်းပြီးတာနဲ့ ယွမ်ရိနဲ့ယွမ်ကျဲအနီးကို ပြေးလာတော့သည်။

ယွမ်ရိဟာ ယွမ်ချူးရွယ်အပေါ်မှာတော့ အမြင်ကောင်းရှိပေသည်။ ယွမ်ချူးရွယ် သူမအနီးကို ရောက်လာတာနဲ့
"ဟေးး နင် ငါတို့နဲ့လာပေါင်းတော့ ယွမ်ချူးယန်ဒေါသထွက်မှာကို မကြောက်ဖူးလား"
ဟု မေးလိုက်၏။

ယွမ်ချူးရွယ်က
"သူက အမြဲအဲ့တိုင်းဘဲ။ တစ်နေ့တစ်နေ့ ဒေါသထွက်ရင်ထွက်မယ်။ မဟုတ်ရင် အခန်းထဲမှာငိုနေမယ်။ သူ့မှာအဲ့တာဘဲ လုပ်စရာရှိတာလားမသိဘူး"
ဟု ယွမ်ချူးယန်၏အကြောင်းအား အတင်းတုတ်လိုက်၏။

ထိုစကားများကြောင့် သူတို့သုံးယောက်သာ တဟားဟားဖြင့် ပွဲကျသွားကြတော့သည်။

ယွမ်ချူးရွယ်က ဆက်လက်ပြီး
"အမတို့အခု အပြင်လျှောက်ကြည့်ကြမလို့ မလား။ညီမလိုက်ပို့မယ်လေ"
ဟု ပြောလိုက်၏။

ယွမ်ရိတို့လည်း ထမင်းစားပြီးခါစဖြစ်ပြီး အိမ်ပေါ်ကို မတက်ချင်သေးသည့်အပြင် ပတ်ဝန်းကျင်အသစ်ကိုလည်း စူးစမ်းချင်ကြသေးတာမို့
"ကောင်းသားဘဲ။ အမတို့သုံးယောက် လျှောက်သွားကြ‌တာပေါ့"
ဟု ပြောလိုက်တော့သည်။

သူမတို့သုံးယောက်ဟာ သူမတို့အိမ်၏အနီးတဝိုက်ကို လျှောက်သွားခဲ့ကြ၏။ တကယ်တော့ သူမတို့ဟာ စစ်တပ်၏မိသားစုများနေထိုင်ရန်ပြင်ဆင်ပေးထားသည့် နယ်မြေမှာဘဲ နေထိုင်ကြတာဖြစ်သည်။ဒါပေမယ့်လည်း ဒီနယ်မြေမှာ ဆံပင်ညှပ်ဆိုင်ကစလို့ စားသောက်ဆိုင်များအထိအောင် စည်စည်ကားကားရှိပေသည်။

သူမတို့သုံးယောက်ဟာ စကားတပြောပြောဖြင့် လျှောက်လည်ကြ၏။

ယွမ်ကျဲက ယွမ်ချူးရွယ်အား
"မိသားစုအတွင်း ရဲ့ချူးဝမ်ရဲ့အနေအထားက တော်တော်လေး ထူးခြားတယ်နော်"
ဟု စကားအစချီလိုက်၏။

ယွမ်ချူးရွယ်က ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အမချူးဝမ်က အဖေပြီးရင်အိမ်မှာ အရေးအပါဆုံးဘဲ။ ပြောရမယ်ဆိုရင် အဖေကလည်း တပ်ထဲမှာဘဲ အမြဲအလုပ်ရှုပ်နေပြီး အိမ်ကိုပြန်လာတာနည်းတယ်ဆိုတော့ အမချူးဝမ်ကပဲ အိမ်မှာအရေးအပါဆုံးလို ဖြစ်နေတော့တာဘဲ"

ယွမ်ကျဲက နားမလည်သဖြင့်
"ဘာလို့ သူမက အရေးအပါဆုံးဖြစ်နေတာလဲ"
ဟု ထပ်မေးလိုက်၏။

ယွမ်ချူးရွယ်က
"အဲ့တာတော့ ညီမလည်း သေသေချာချာမသိဘူးလေ။ အမေဆိုရင်လည်း တစ်ခုခုလုပ်ခါနီးတိုင်း အမချူးဝမ်ကိုအရင်တိုင်ပင်ပြီးမှလုပ်တာ။ တတိယအကို ရဲ့ဖန်ကလည်း အမချူးဝမ်ရဲ့မောင်အရင်းဆိုတော့ အမချူးဝမ်တစ်ခွန်းဆိုရင်တစ်ခွန်းဘဲ၊ ပြန်မပြောရဲဘူး။ လေးယောက်မြောက် အမချူးယန်က အစကတည်းက အမကြီးစကားဆုံရင် မြေဝယ်မကျနားထောင်ပြီးသားဘဲ။ ငါးယောက်မြောက်အကို ဟောင်ဂျန်ကတော့ အိမ်မှာ ဘာတွေဖြစ်လဲသိပ်စိတ်မဝင်စားဘူးလေ။ ဒီတော့ အိမ်မှာ အမချူးဝမ်ကဘဲ အရေးအပါဆုံးဖြစ်နေတာပေါ့"

ယွမ်ကျဲက
"အဲ့တာကြောင့်မို့ မိသားစုထဲမှာ‌ဆိုရင် ချူးဝမ်ကဘဲ အကောင်းဆုံးဆိုတဲ့အရာတွေကိုရတာ‌လား။ အဲ့ဒါနဲ့ပတ်သက်ပြီး အခြားမောင်နှမတွေက မမျှတသလို မခံစားကြရဘူးလား"
ဟု နောက်ထပ်မေးမြန်းလိုက်ပြန်၏။

ထိုအခါ ယွမ်ချူးရွယ်က ခပ်သော့သော့လေးရယ်ကာ
"ခုနက ပြောခဲ့သလိုဘဲလေ။ အိမ်ကလူတွေအများစုက အမချူးဝမ်ဘက်ကပါဆိုနေ။ ဒီတော့ သူတို့စိတ်ထဲ ဘယ်လိုလုပ်ပြီး အပြစ်မြင်ပါတော့မလဲ။ ညီမကတော့ လုံးဝမမျှတဘူးလို့ခံစားရတယ်။ ညီမလည်း သူတို့ရဲ့အကျတွေမဟုတ်ဘဲ ကောင်းတာလေးတွေလိုချင်တာပေါ့။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲဘူး။ မဟုတ်ရင် ချူးယန်ကညီမကို အနိုင်ကျင့်တာ"
လို့ မကျေမနပ်ဖြစ်နေသော လေသံလေးဖြင့် ပြောလိုက်၏။

ယွမ်ရိဟာ ယွမ်ချူးရွယ်၏စကားကို နားထောင်ပြီးသွားသည့်နောက်
"နင်က သူတို့အကျတွေဘဲ ဝတ်ရတာလား"
ဟု မေးလိုက်၏။

ယွမ်ချူးရွယ်လည်း ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အရင်တုန်းက အိမ်က အခုလောက်မပြေလည်သေးဘူး။ ဒီတော့ တစ်ယောက်အကျကို‌ နောက်တစ်ယောက်ကယူသုံးရတာ။ အခုချိန်မှာ အိမ်က ပြေလည်သွားပြီဆိုပေမယ့် ပစ္စည်းအကျသုံးတာကြီးက အကျင့်လိုဖြစ်သွားပြီ"
ဟု ညှိုးငယ်သော‌ လေသံဖြင့်ပြောလိုက်၏။

ဆက်လက်ပြီးသူမက
"အိမ်မှာဆိုရင် ညီမက သီးသန့်လိုပဲ နေတာများတယ်။ ရှင်းရှင်းပြောရရင် အပယ်ခံလိုဖြစ်နေတော့ သူတို့နဲ့လည်း သိပ်အရောမဝင်ချင်တော့တာလည်း ပါတာပေါ့"
ဟု ဝမ်းနည်းစွာဖြင့်ပြောလိုက်သည်။

ယွမ်ရိလည်း ဝမ်းနည်းနေသည့် ယွမ်ချူးရွယ်ကို ကြည့်ကာ
"ကဲပါလေ။ ဘာမှဝမ်းနည်းမနေနဲ့။ ကြည့်ရတာ နင်နဲ့ငါက အဖြစ်ချင်းတူနေတယ်ထင်တယ်။ ဒါ့ကြောင့်လည်း နှစ်ယောက်သား အဆင်ပြေနေတာ‌နေမှာ"
ဟု ဟာသလေးရောနှောကာ ပြောရင်းဖြင့် ယွမ်ချူးရွယ်အား ဝမ်းမနည်းတော့အောင် လုပ်လိုက်သည်။

ထို့နောက် သုံးယောက်သား စကားတပြောပြောဖြင့် အိမ်ကိုပြန်လာခဲ့ကြတော့သည်။

အိမ်ကိုရောက်တာနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်၍ ကိုယ့်အခန်းကိုယ်ပြန်ကာ အိပ်ရာဝင်ဖို့ ပြင်ကြတော့၏။


အခန်းတံခါးကို သေချာဂျက်ချပြီးတာနဲ့ ယွမ်ရိက ယွမ်ကျဲအား
"ရှောင်ကျဲ၊ ချူးရွယ်အဖြစ်ကို မင်းမြင်လား။ မြို့မှာနေရတိုင်း ကံကောင်းတာမဟုတ်သလို၊ တောမှာနေရတိုင်းလည်း ကံဆိုးတာမဟုတ်ဘူး။ အမဆိုရင် တောမှာနေရပေမယ့် အမကိုဂရုစိုက်စောင့်ရှောက်ကြမယ့် အဖိုးအဖွားတွေ၊ ဦးလေးငါးနဲ့တတိယအဒေါ်တို့တွေလည်းရှိကြတယ်လေ။ ဒါပေမယ့် ယွမ်ချူးရွယ်မှာတော့ ဘယ်သူမှမရှိကြဘူး။ သူမတစ်ယောက်တည်းဘဲ"
ဟု သက်ပြင်းချရင်းပြောလိုက်၏။

ယွမ်ကျဲကလည်း ယွမ်ရိနဲ့ထပ်တူသက်ပြင်းတစ်ခုချလိုက်ကာ
"အမ ပြောတာလည်း ဟုတ်တာဘဲ"
ဟု ထောက်ခံလိုက်၏။

ယွမ်ရိက
"ဘာပဲဖြစ်ဖြစ်ပါလေ။ အဓိက,က စိတ်ချမ်းချမ်းသာသာနဲ့ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းသွားနိုင်အောင် ကြိုးစားရမယ်"
ဟု သန္နိဌာန်ချလိုက်တော့သည်။

Continue Reading

You'll Also Like

127K 25.1K 76
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
88.5K 8.9K 56
21 ရာစုက သုသေသနပညာရှင်မလေးက ရှေးခတ်ကိုရောက်သွားပြီး သူမဝင်စားခဲ့တဲ့ မူလပိုင်ရှင်မှာ ရိုးရိုးအေးအေး ယောင်္ကျားတစ်ယောက်နဲ့ ခလေးသုံးယောက်ကို ဘယ်လို စောင...
263K 18.1K 200
#Villain's Mother - Description ရွမ်ရှ တစ်ယောက် အိပ်ယာထချိန်တွင် သူမ တစ်ညလုံးမအိပ်မနေဖတ်ခဲ့သော ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းသွားပြီး ဗီလိန်ဇာတ်ကောင်၏...
236K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...