A Bunny Have An Imaginary Pre...

By GLORY_Andrewt

2K 270 34

If You Wanna Read Comedy And Sweet Fanfiction, Choose This>< Journey From 12/2/2023 To.. More

/ Note /
Chapter (1)
Chapter (2)
Chapter (3)

Chapter (4)

168 41 7
By GLORY_Andrewt

/ Unicode Version /

အခန်း(၄): ကျွန်တော် ဥက္က‌ဌက ကလေးဖေ။

အချိန်တစ်ပတ်ဟာ ဘာလိုလိုနဲ့ ကုန်ဆုံးသွားပြီးတော့ ပိတ်ရက်တွေကို ကျော်လွန်ပြီးချိန်မှာတော့ ရှောင်းကျန့်ရဲ့ ရုံးတက်ရက်ကလေးက ပြန်လည်ရောက်ရှိလို့လာခဲ့တယ်။

ရှောင်းကျန့် သူ ဒီနေ့ ရုံးမသွားချင်ဘူး။ဒါပေမဲ့ မဖြစ်မနေကို သွားရမယ့်ကိစ္စက ရှိလို့နေသေးတာကြောင့်မလို့ သူက ပျင်းရိပျင်းတွဲဆန်စွာပဲ အိပ်ရာမှနေ၍ ထလာလိုက်ပြီး ရေချိုးခန်းဆီကို ဝင်လိုက်ပါတော့တယ်။

ရေချိုးခန့်ရဲ့ မှန်နံရံမှာ သူ့ရဲ့ ပါးတွေက ဖောင်းကစ်လို့နေတာကို သူ တွေ့လိုက်ရတယ်။မျက်ခွံတွေကလည်း မို့အစ်လို့ပေါ့။ဒီလိုမျိုး အိပ်ရေးဝအောင် မအိပ်ရတာ ကာလအတော်ကြာပြီလို့ ထင်မိလောက်အောင်အထိ သူ့ရဲ့ ကျန်ရှ်ိခဲ့တဲ့နှစ်တွေက အလုပ်ဝန်အတော်ပိခဲ့တာ။အခုတော့လည်း ဥက္ကဌဝမ်ထံမှာ ညနက်အထိ ရုံးအချိန်ပိုတာဝန်မထမ်းဆောင်ရတာ တစ်ပတ်လောက်ရှိပြီမလို့ အိပ်ရေးက အခုရက်ထဲ အတော်ကို ဝလင်နေသလို သူ ခံစားရ၏။

ဥက္ကဌဝမ်အကြောင်းတွေးမိတော့ တစ်ဆက်တည်းမှာပဲ သူက သူ့ရဲ့ ဗိုက်ချပ်ချပ်ကလေးကို ဖွဖွလေး ထိပွတ်မိတယ်။ဒီဗိုက်ထဲမှာ ဥက္ကဌဝမ်နဲ့သူ့ရဲ့ သွေးသားလေးတည်ရှိနေတယ်။ရှေ့လျှောက်ဆို ဒီဗိုက်ကလေးက ပူလာတော့မှာ။ဒါလေးကို ဘယ်လိုဖုံးဖိရမလဲ သူ စဉ်းစားရင်း ဗျာများရတော့မှာ။

သူ ဥက္ကဌဝမ်ကိုပြောပြပြီး ဆေးရုံမှာ သွားစစ်ကြည့်လိုက်ရမလား။သူပြောလိုက်လို့ ဥက္ကဌဝမ်က အသာတကြည်လက်ခံရင် တော်ပါသေးရဲ့ အဲ့လိုမဟုတ်ပဲ သူ့ကို အမြင့်တက်ချင်တယ်ဆိုတဲ့ အမြင်မျိုးမြင်မှာကိုလည်း သူ ကြောက်ပြန်တယ်။

ဗိုက်ထဲက ဒီသွေးခဲသေးသေးလေးကို အပျောက်ဖျောက်ပစ်ဖို့ သူ တွေးကြည့်ပေမဲ့ ဒါက ဒီကလေးရဲ့ အပြစ်မဟုတ်ပြန်တော့ သူ မလုပ်ရက်နိုင်ပြန်။ကိုယ်ဝန်ရဲ့ လ၊ရက် အတိအကျကို သိရဖို့ ဆေးရုံကို သွားစစ်ဖို့လည်း သူ မရဲပြန်ပါဘူး။ဒါပေမဲ့ အင်တာနက်မှာ သူ ရှာဖွေကြည့်ခဲ့တဲ့ ကိုယ်ဝန်ရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့ မူးဝေတာ၊အော့အန်တာတွေကလည်း သူ အမှန်တကယ် လက်တွေ့ကြုံနေခဲ့ရတာမလို့ ယုန်ကလေးရှောင်းကျန့်ဟာ ထိတ်လန့်နေခဲ့ရပြန်တယ်။

ဒီလိုနဲ့ပဲ ယုန်ကလေးရှောင်းကျန့်က အတွေးတွေနဲ့ ဗျာများပြီး ပူပင်ကကြောင့်ကျ များရတဲ့ နံနက်ခင်းကို စတင်ရင်ဆိုင်ရပြန်တယ်။

တကယ်တော့ ဒါတွေအားလုံးက ဥက္ကဌဝမ်ဆိုတဲ့ လူနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေတာ။အဲ့နေ့ညက သူ့ကိုသာ အခွင့်အရေးမယူခဲ့ရင် သူ ဒီလိုအခြေအနေကို လက်ခံပြီး အခုလို စိုးရိမ် ဗျာပါဒ များနေစရာ မရှိဘူး။အခွင့်အရေးကျ ယူတတ်ပြီး လူကို တာဝန်ယူမှု၊တာဝန်ခံမှုကျတော့လည်း မရှိပြန်ဘူး။အဲ့ဒီအစား လူကို မသိကျိုးကျွံပြုလို့ ဒီကိစ္စရပ်မှာ သူနဲ့ တစ်ရာခိုင်နှုန်းတောင် မဆိုင်သလို ပြုမူပြနေသေးတယ်။

ချမ်းသာတဲ့လူတွေက တကယ်ကို မုန်းဖို့ကောင်းပါတယ်။

ယုန်ကလေးရှောင်းကျန့်က မကျေနပ်ချက်တွေကို တစ်ဆက်တည်းတွေးပြီးချိန်မှာတော့ ရုံးတက်ဖို့ကို စတင်လုပ်ဆောင်လိုက်ပါတော့တယ်။မဟုတ်ရင် သူ့စိတ်ဆိုးခြင်းက သူ့ကလေးလေးအပေါ် ရိုက်ခတ်ပြီး သူ့ကလေးလေးရုပ်ဆိုးမှာကို စိုးရိမ်တာကြောင့်ပဲ။

ဥက္ကဌဝမ်လို ထက်မြက်ပြီး သူ့လို ချောမောမည့် ကလေးလေးဖြစ်လာစေချင်တာမလို့ သူ့ရဲ့ စိတ်ဆိုးခြင်းတွေကို ရပ်တန့်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

......///......

ဝမ်လုပ်ငန်းစုရဲ့ ရုံးတက်ချိန်က ဓာတ်လှေကားမှာ အမြဲ လူကြပ်ပြည့်နေတတ်တယ်။အထပ်မြင့်အဆောက်အဦးဖြစ်လို့ သွားလာရေး လျင်မြန်စေဖို့ ဓာတ်လှေကားတွေ တပ်ဆင်ထားပေးပေမဲ့ များပြားလှတဲ့ ဝန်ထမ်းဦးရေကြောင့် ဓာတ်လှေကားက လူအမြဲပြည့်ကြပ်နေတတ်ပြီး ဓာတ်လှေကားစီးရဖို့ တန်းစီစောင့်ကြရတယ်။

"ရှောင်းကျန့်"

ရှောင်းကျန့် သူ ဓာတ်လှေကားစီးဖို့ တန်းစီနေတုန်းမှာပဲ ဩရှရှခေါ်သံတစ်ခုက ပျံ့လွင့်လာတယ်။ဒါက သေချာပေါက်ကို ဥက္ကဌဝမ်ရဲ့ အသံဆိုတာ ရှောင်းကျန့် တပ်အပ်သိတာကြောင့် စိတ်မပါပေမဲ့ ခပ်ပြုံးပြုံးလေးလုပ်ရင်း နောက်လှည့်ကြည့်လိုက်ပါတော့တယ်။

"ဟုတ်ကဲ့ ဥက္ကဌဝမ်"

"ဒီ ဓာတ်လှေကားကို လာစီး"

ရှောင်းကျန့် ပြန်လည်ထူးပြီးနောက်မှာတော့ ပြန်လည်ပြောကြားလာရော ဥက္ကဌ၏ စကားသံကြောင့် တစ်ရုံးလုံးက ရှောင်းကျန့်ကို ဝိုင်းလို့ကြည့်ကြတယ်။

ဥက္ကဌတစ်ယောက်ထဲသာ အသုံးပြုခွင့်ရသော ဓာတ်လှေကားက ရှောင်းကျန့်မပြောနှင့် ရှယ်ယာရှင်များတောင် တစ်ခါမှ မစီးဖူးကြပေ။ယခုတော့ ဥက္ကဌကိုယ်တိုင်ကပါ လူတွေကြားထဲ စီးဖို့ တရားဝင်ခွင့်ပြုသလိုဆိုလာလေတော့ အားလုံးက ရှောင်းကျန့်ကို ကွက်ကြည့်ကွက်ကြည့်နှင့်။

ရှောင်းကျန့် လူအများ၏ ဝိုင်းကြည့်ခြင်းခံရတာကြောင့် နေရခက်တာရော၊ရှက်တာရောအပြင် သွားရနိုးနိုး မသွားပဲ ရပါတယ်ဆိုပြီး ငြင်းရနိုးနိုးနှင့် ဝေခွဲရခက်မှုနှင့်အတူ သူ၏ ယုန်နားရွက်ကလေးများပ ကုတ်ကျလာပြီဖြစ်သည်။

ဒါကိုမြင်တော့ ဥက္ကဌဝမ်က သူ၏ ကွန်ပျူတာနှင့်အတူ စာရွက်စာတမ်းများဆွဲထားသောသူထံသို့ တစ်ချက်မျှကြည့်လိုက်၏။အကြည့်ဆုံးသည်နှင့် တစ်ပြိုင်နက် ထိုသူက ရှောင်းကျန့်၏ လက်ဆွဲအိတ်ကလေးကို လာယူရင်း ရှောင်းကျန့်အား ဥက္ကဌဝမ်ရှိရာဆီသို့ သွားရန် ညွှန်ပြလေတော့ ရှောင်လွှဲရခက်စွာနှင့် ရှောင်းကျန့် ဥက္ကဌ၏ ဓာတ်လှေကားထဲသို့ ဝင်လာခဲ့လိုက်တော့၏။

" ဟို ဟို ကျေး ကျေးဇူးတင်ပါတယ်"

ဓာတ်လှေကားထဲ ရောက်ပြီးချိန်မှာတော့ရွှေရောင်တံခါးက ပိတ်ကျသွားသည်နှင့် တစ်ပြိုင်နက် ရှောင်းကျန့် ကျေးဇူးတင်စကားဆိုလိုက်သည်။

ဘောင်းဘီအိတ်ထောင်ထဲ လက်ထည့်ရင်း ရပ်နေသည့် ဥက္ကဌဝမ်က ရှောင်းကျန့်၏ ကျေးဇူးတင်စကားကိုကြားတော့ တစ်ချက်မျှပြန်ကြည့်ရင်း လေထုက တိတ်ဆိတ်ရင်း ငြိမ်သက်သွားပြန်သည်။ဓာတ်လှေကားထဲ နှစ်ဦးသား၏ အသက်ရှူသံ ဖျဖျလေးကို ကြားရလောက်အောင်အထိ လေထုသည် တိတ်ဆိတ်နေပြီး သက်တောင့်သက်သာမရှိလှပေ။

"နားရွက်တွေကို ကုတ်မထားနဲ့"

တိတ်ဆိတ်တဲ့ လေထုထဲ ရှောင်းကျန့်၏ နားရွက်တွေ ကုတ်ကျလာတော့ ဥက္ကဌဝမ်၏ ခပ်ဩဩအသံဟာ ထွက်အံလာတယ်။ရှောင်းကျန့် အလန့်တကြားဖြစ်စွာနှင့် နားရွက်ကလေးတွေ ထောင်သွားရသည့်ပြင် အထိတ်တလန့်နှင့် ဥက္ကဌဝမ်အား ပြန်လည်မော့ကြည့်မိသည်အထိ။

"ဒီနေ့ကစပြီး ဒီဓာတ်လှေကားပဲ လာစီးတော့ ဝန်ထမ်းဓာတ်လှေကားက တိုးဝှေ့စီးရတာ မင်းရဲ့ ကိုယ်ဝန်နဲ့ဆို အဆင်မပြေနိုင်ဘူး လနုတုန်းမှာထဲက ဂရုစိုက်ရမယ်။ပြီးတော့ မမေးသင့်တာ သိပေမဲ့ ကိုယ် မင်းကို မေးချင်တာ ရှိတယ်"

ဥက္ကဌဝမ်ဟာ မေးခွန်းရှိကြောင်း စကားဆိုပြီးနောက်မှာတော့ ခေတ္တခဏတိတ်ဆိတ်သွားရင်း ရှောင်းကျန့်ကို ခပ်တွေတွေငေးကြည့်တယ်။ရှောင်းကျန့်ကလည်း ထိုနည်းတူစွာပဲ ဥက္ကဌဝမ်ရဲ့ မေးခွန်းစကားကို မျှော်ငံ့ရင်း ငေးကြည့်မိတာ ခပ်တွေတွေ‌ကလေးနှင့်ရယ်။

"ရှောင်းကျန့် ‌ဗိုက်ထဲက ကလေးလေးရဲ့ အဖေက ဘယ်သူလဲဆိုတာ။ မကြာခင်မှာ ကိုယ်ဝန်က လရင့်လာမှာ အဲ့ကျ ရှောင်းကျန့်တစ်ယောက်ထဲဆို အဆင်ပြေမှာမဟုတ်ဘူး မိသားစုဝင်တွေကလည်း မရှိတော့တာဆိုတော့ ကလေးအဖေရှိနေရင် ရှောင်းကျန့် နည်းနည်းသက်သာနိုင်တယ်လေ။ပြီးတော့ ရှောင်းကျန့်တစ်ယောက်ထဲ ဒီကလေးအတွက် တာဝန်ယူရှိတာမဟုတ်ဘူး သူ့မှာလည်းပဲ တာဝန်ရှိတယ်လေ"

ဥက္ကဌဝမ်ရဲ့ စကားတွေဆုံးတော့ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေက ရေဖြည့်လိုက်တဲ့ ကန်လိုပဲ။မျက်ရည်တွေ တရိပ်ရိပ်ပြည့်တက်လာတယ်။ဒီစကားက ရှောင်းကျန့်ကို သူ ဘာသဘောနဲ့ ဆိုသလဲ မသိသာပေမဲ့ ရှောင်းကျန့်အတွက်တော့ ဝမ်းနည်းချင်စရာ သိပ်ကောင်းတယ်။

သူ ဒီမေးခွန်းကို ဘယ်လိုဖြေရပါ့မလဲ..။

"ဥက္ကဌဝမ် တကယ်ပဲ ဒီမေးခွန်းရဲ့ အဖြေကို သိချင်တာလား"

ရှောင်းကျန့်ရဲ့ စကားသံတွေက ဝမ်းနည်းမှုကြောင့် အဖျားခတ်မှာ တုန်ရီလို့သွားတယ်။တစ်ဆက်ထဲမှာလည်း ရှောင်းကျန့်တို့ စီးလာတဲ့ ဓာတ်လှေကားက ရပ်တန့်လို့သွားပြီး တံခါးဟာ ပွင့်လို့လာတယ်။

ဥက္ကဌကတော့ သူ့အမေးကို ပြန်အဖြေပဲ ခေါင်းတစ်ချက် ညိတ်ပြရင်း ရှုတည်တည်နှင့် သူ့အား ကြည့်လို့နေဆဲ...။

"ဥက္ကဌဝမ်"

"အင်း"

"ကျွန်တော့်ကလေးရဲ့ အဖေက ခင်ဗျားပဲလေ"

မျက်စိကို စုံမှိတ်လို့ ရှောင်းကျန့် ဖြစ်ချင်တာဖြစ် ကျုံးအော်လိုက်တယ်။သူပြောသလိုပဲ ဒီကလေးရဲ့ အဖေအဖြစ် ရှောင်းကျန့်တစ်ယောက်ပဲ တာဝန်ရှိတာမဟုတ်ဘူးဆိုရင် ကျန်တာဝန်တစ်ဝက်ကို သူ့မှာရှိကြောင်းလည်း ရှောင်းကျန့် အသိပေးရရုံပေါ့။

"က ကလေး အ အဖေက က ကိုယ် ဟုတ်လား"

ဥက္ကဌရဲ့မျက်နှာကအနည်းငယ် အံ့ဩသွားဟန်ပြပြီး အသံကလည်း အံ့ဩမှုကြောင့် ထစ်အစွာ ထွက်ပေါ်လာတယ်။ဥက္ကဌတောင် ဒီလိုဆိုရင် ဒါကို ပထမဆုံးရင်ဆိုင်ကြုံတွေ့ရတဲ့ သူ့ရဲ့ အခြေအနေကိုလည်း ဥက္ကဌ ခန့်မှန်းမိမည်လို့ ရှောင်းကျန့်ထင်သည်။

ဥက္ကဌဝမ်၏ အမူအရာသည် အံ့ဩလို့နေနေဆဲဖြစ်ပြီး သူတို့နှစ်ဦးစလုံး အခုချိန်ထိ ဓာတ်လှေကားထဲမှ မထွက်မိကြပါချေ..။

90°bow

/ Zawgyi Version /

အခန္း(၄): ကြၽန္ေတာ္ ဥကၠ‌ဌက ကေလးေဖ။

အခ်ိန္တစ္ပတ္ဟာ ဘာလိုလိုနဲ႕ ကုန္ဆုံးသြားၿပီးေတာ့ ပိတ္ရက္ေတြကို ေက်ာ္လြန္ၿပီးခ်ိန္မွာေတာ့ ေရွာင္းက်န႔္ရဲ႕ ႐ုံးတက္ရက္ကေလးက ျပန္လည္ေရာက္ရွိလို႔လာခဲ့တယ္။

ေရွာင္းက်န႔္ သူ ဒီေန႕ ႐ုံးမသြားခ်င္ဘူး။ဒါေပမဲ့ မျဖစ္မေနကို သြားရမယ့္ကိစၥက ရွိလို႔ေနေသးတာေၾကာင့္မလို႔ သူက ပ်င္းရိပ်င္းတြဲဆန္စြာပဲ အိပ္ရာမွေန၍ ထလာလိုက္ၿပီး ေရခ်ိဳးခန္းဆီကို ဝင္လိုက္ပါေတာ့တယ္။

ေရခ်ိဳးခန႔္ရဲ႕ မွန္နံရံမွာ သူ႕ရဲ႕ ပါးေတြက ေဖာင္းကစ္လို႔ေနတာကို သူ ေတြ႕လိုက္ရတယ္။မ်က္ခြံေတြကလည္း မို႔အစ္လို႔ေပါ့။ဒီလိုမ်ိဳး အိပ္ေရးဝေအာင္ မအိပ္ရတာ ကာလအေတာ္ၾကာၿပီလို႔ ထင္မိေလာက္ေအာင္အထိ သူ႕ရဲ႕ က်န္ရွ္ိခဲ့တဲ့ႏွစ္ေတြက အလုပ္ဝန္အေတာ္ပိခဲ့တာ။အခုေတာ့လည္း ဥကၠဌဝမ္ထံမွာ ညနက္အထိ ႐ုံးအခ်ိန္ပိုတာဝန္မထမ္းေဆာင္ရတာ တစ္ပတ္ေလာက္ရွိၿပီမလို႔ အိပ္ေရးက အခုရက္ထဲ အေတာ္ကို ဝလင္ေနသလို သူ ခံစားရ၏။

ဥကၠဌဝမ္အေၾကာင္းေတြးမိေတာ့ တစ္ဆက္တည္းမွာပဲ သူက သူ႕ရဲ႕ ဗိုက္ခ်ပ္ခ်ပ္ကေလးကို ဖြဖြေလး ထိပြတ္မိတယ္။ဒီဗိုက္ထဲမွာ ဥကၠဌဝမ္နဲ႕သူ႕ရဲ႕ ေသြးသားေလးတည္ရွိေနတယ္။ေရွ႕ေလွ်ာက္ဆို ဒီဗိုက္ကေလးက ပူလာေတာ့မွာ။ဒါေလးကို ဘယ္လိုဖုံးဖိရမလဲ သူ စဥ္းစားရင္း ဗ်ာမ်ားရေတာ့မွာ။

သူ ဥကၠဌဝမ္ကိုေျပာျပၿပီး ေဆး႐ုံမွာ သြားစစ္ၾကည့္လိုက္ရမလား။သူေျပာလိုက္လို႔ ဥကၠဌဝမ္က အသာတၾကည္လက္ခံရင္ ေတာ္ပါေသးရဲ႕ အဲ့လိုမဟုတ္ပဲ သူ႕ကို အျမင့္တက္ခ်င္တယ္ဆိုတဲ့ အျမင္မ်ိဳးျမင္မွာကိုလည္း သူ ေၾကာက္ျပန္တယ္။

ဗိုက္ထဲက ဒီေသြးခဲေသးေသးေလးကို အေပ်ာက္ေဖ်ာက္ပစ္ဖို႔ သူ ေတြးၾကည့္ေပမဲ့ ဒါက ဒီကေလးရဲ႕ အျပစ္မဟုတ္ျပန္ေတာ့ သူ မလုပ္ရက္နိုင္ျပန္။ကိုယ္ဝန္ရဲ႕ လ၊ရက္ အတိအက်ကိဳ သိရဖို႔ ေဆး႐ုံကို သြားစစ္ဖို႔လည္း သူ မရဲျပန္ပါဘူး။ဒါေပမဲ့ အင္တာနက္မွာ သူ ရွာေဖြၾကည့္ခဲ့တဲ့ ကိုယ္ဝန္ရဲ႕ ေရွ႕ေျပးလကၡဏာေတြျဖစ္တဲ့ မူးေဝတာ၊ေအာ့အန္တာေတြကလည္း သူ အမွန္တကယ္ လက္ေတြ႕ႀကဳံေနခဲ့ရတာမလို႔ ယုန္ကေလးေရွာင္းက်န႔္ဟာ ထိတ္လန႔္ေနခဲ့ရျပန္တယ္။

ဒီလိုနဲ႕ပဲ ယုန္ကေလးေရွာင္းက်န႔္က အေတြးေတြနဲ႕ ဗ်ာမ်ားၿပီး ပူပင္ကေၾကာင့္က် မ်ားရတဲ့ နံနက္ခင္းကို စတင္ရင္ဆိုင္ရျပန္တယ္။

တကယ္ေတာ့ ဒါေတြအားလုံးက ဥကၠဌဝမ္ဆိုတဲ့ လူနဲ႕ပဲ တိုက္ရိုက္သက္ဆိုင္ေနတာ။အဲ့ေန႕ညက သူ႕ကိုသာ အခြင့္အေရးမယူခဲ့ရင္ သူ ဒီလိုအေျခအေနကို လက္ခံၿပီး အခုလို စိုးရိမ္ ဗ်ာပါဒ မ်ားေနစရာ မရွိဘူး။အခြင့္အေရးက် ယူတတ္ၿပီး လူကို တာဝန္ယူမႈ၊တာဝန္ခံမႈက်ေတာ့လည္း မရွိျပန္ဘူး။အဲ့ဒီအစား လူကို မသိက်ိဳးကြၽံျပဳလို႔ ဒီကိစၥရပ္မွာ သူနဲ႕ တစ္ရာခိုင္ႏႈန္းေတာင္ မဆိုင္သလို ျပဳမူျပေနေသးတယ္။

ခ်မ္းသာတဲ့လူေတြက တကယ္ကို မုန္းဖို႔ေကာင္းပါတယ္။

ယုန္ကေလးေရွာင္းက်န႔္က မေက်နပ္ခ်က္ေတြကို တစ္ဆက္တည္းေတြးၿပီးခ်ိန္မွာေတာ့ ႐ုံးတက္ဖို႔ကို စတင္လုပ္ေဆာင္လိုက္ပါေတာ့တယ္။မဟုတ္ရင္ သူ႕စိတ္ဆိုးျခင္းက သူ႕ကေလးေလးအေပၚ ရိုက္ခတ္ၿပီး သူ႕ကေလးေလး႐ုပ္ဆိုးမွာကို စိုးရိမ္တာေၾကာင့္ပဲ။

ဥကၠဌဝမ္လို ထက္ျမက္ၿပီး သူ႕လို ေခ်ာေမာမည့္ ကေလးေလးျဖစ္လာေစခ်င္တာမလို႔ သူ႕ရဲ႕ စိတ္ဆိုးျခင္းေတြကို ရပ္တန႔္ဖို႔ပဲ ဆုံးျဖတ္လိုက္ေတာ့တယ္။

......///......

ဝမ္လုပ္ငန္းစုရဲ႕ ႐ုံးတက္ခ်ိန္က ဓာတ္ေလွကားမွာ အၿမဲ လူၾကပ္ျပည့္ေနတတ္တယ္။အထပ္ျမင့္အေဆာက္အဦးျဖစ္လို႔ သြားလာေရး လ်င္ျမန္ေစဖို႔ ဓာတ္ေလွကားေတြ တပ္ဆင္ထားေပးေပမဲ့ မ်ားျပားလွတဲ့ ဝန္ထမ္းဦးေရေၾကာင့္ ဓာတ္ေလွကားက လူအၿမဲျပည့္ၾကပ္ေနတတ္ၿပီး ဓာတ္ေလွကားစီးရဖို႔ တန္းစီေစာင့္ၾကရတယ္။

"ေရွာင္းက်န႔္"

ေရွာင္းက်န႔္ သူ ဓာတ္ေလွကားစီးဖို႔ တန္းစီေနတုန္းမွာပဲ ဩရွရွေခၚသံတစ္ခုက ပ်ံ့လြင့္လာတယ္။ဒါက ေသခ်ာေပါက္ကို ဥကၠဌဝမ္ရဲ႕ အသံဆိုတာ ေရွာင္းက်န႔္ တပ္အပ္သိတာေၾကာင့္ စိတ္မပါေပမဲ့ ခပ္ၿပဳံးၿပဳံးေလးလုပ္ရင္း ေနာက္လွည့္ၾကည့္လိုက္ပါေတာ့တယ္။

"ဟုတ္ကဲ့ ဥကၠဌဝမ္"

"ဒီ ဓာတ္ေလွကားကို လာစီး"

ေရွာင္းက်န႔္ ျပန္လည္ထူးၿပီးေနာက္မွာေတာ့ ျပန္လည္ေျပာၾကားလာေရာ ဥကၠဌ၏ စကားသံေၾကာင့္ တစ္႐ုံးလုံးက ေရွာင္းက်န႔္ကို ဝိုင္းလို႔ၾကည့္ၾကတယ္။

ဥကၠဌတစ္ေယာက္ထဲသာ အသုံးျပဳခြင့္ရေသာ ဓာတ္ေလွကားက ေရွာင္းက်န႔္မေျပာႏွင့္ ရွယ္ယာရွင္မ်ားေတာင္ တစ္ခါမွ မစီးဖူးၾကေပ။ယခုေတာ့ ဥကၠဌကိုယ္တိုင္ကပါ လူေတြၾကားထဲ စီးဖို႔ တရားဝင္ခြင့္ျပဳသလိုဆိုလာေလေတာ့ အားလုံးက ေရွာင္းက်န႔္ကို ကြက္ၾကည့္ကြက္ၾကည့္ႏွင့္။

ေရွာင္းက်န႔္ လူအမ်ား၏ ဝိုင္းၾကည့္ျခင္းခံရတာေၾကာင့္ ေနရခက္တာေရာ၊ရွက္တာေရာအျပင္ သြားရနိုးနိုး မသြားပဲ ရပါတယ္ဆိုၿပီး ျငင္းရနိုးနိုးႏွင့္ ေဝခြဲရခက္မႈႏွင့္အတူ သူ၏ ယုန္နား႐ြက္ကေလးမ်ားပ ကုတ္က်လာၿပီျဖစ္သည္။

ဒါကိုျမင္ေတာ့ ဥကၠဌဝမ္က သူ၏ ကြန္ပ်ဴတာႏွင့္အတူ စာ႐ြက္စာတမ္းမ်ားဆြဲထားေသာသူထံသို႔ တစ္ခ်က္မွ်ၾကည့္လိုက္၏။အၾကည့္ဆုံးသည္ႏွင့္ တစ္ၿပိဳင္နက္ ထိုသူက ေရွာင္းက်န႔္၏ လက္ဆြဲအိတ္ကေလးကို လာယူရင္း ေရွာင္းက်န႔္အား ဥကၠဌဝမ္ရွိရာဆီသို႔ သြားရန္ ၫႊန္ျပေလေတာ့ ေရွာင္လႊဲရခက္စြာႏွင့္ ေရွာင္းက်န႔္ ဥကၠဌ၏ ဓာတ္ေလွကားထဲသို႔ ဝင္လာခဲ့လိုက္ေတာ့၏။

" ဟို ဟို ေက်း ေက်းဇူးတင္ပါတယ္"

ဓာတ္ေလွကားထဲ ေရာက္ၿပီးခ်ိန္မွာေတာ့ေ႐ႊေရာင္တံခါးက ပိတ္က်သြားသည္ႏွင့္ တစ္ၿပိဳင္နက္ ေရွာင္းက်န႔္ ေက်းဇူးတင္စကားဆိုလိုက္သည္။

ေဘာင္းဘီအိတ္ေထာင္ထဲ လက္ထည့္ရင္း ရပ္ေနသည့္ ဥကၠဌဝမ္က ေရွာင္းက်န႔္၏ ေက်းဇူးတင္စကားကိုၾကားေတာ့ တစ္ခ်က္မွ်ျပန္ၾကည့္ရင္း ေလထုက တိတ္ဆိတ္ရင္း ၿငိမ္သက္သြားျပန္သည္။ဓာတ္ေလွကားထဲ ႏွစ္ဦးသား၏ အသက္ရႉသံ ဖ်ဖ်ေလးကို ၾကားရေလာက္ေအာင္အထိ ေလထုသည္ တိတ္ဆိတ္ေနၿပီး သက္ေတာင့္သက္သာမရွိလွေပ။

"နား႐ြက္ေတြကို ကုတ္မထားနဲ႕"

တိတ္ဆိတ္တဲ့ ေလထုထဲ ေရွာင္းက်န႔္၏ နား႐ြက္ေတြ ကုတ္က်လာေတာ့ ဥကၠဌဝမ္၏ ခပ္ဩဩအသံဟာ ထြက္အံလာတယ္။ေရွာင္းက်န႔္ အလန႔္တၾကားျဖစ္စြာႏွင့္ နား႐ြက္ကေလးေတြ ေထာင္သြားရသည့္ျပင္ အထိတ္တလန႔္ႏွင့္ ဥကၠဌဝမ္အား ျပန္လည္ေမာ့ၾကည့္မိသည္အထိ။

"ဒီေန႕ကစၿပီး ဒီဓာတ္ေလွကားပဲ လာစီးေတာ့ ဝန္ထမ္းဓာတ္ေလွကားက တိုးေဝွ႕စီးရတာ မင္းရဲ႕ ကိုယ္ဝန္နဲ႕ဆို အဆင္မေျပနိုင္ဘူး လႏုတုန္းမွာထဲက ဂ႐ုစိုက္ရမယ္။ၿပီးေတာ့ မေမးသင့္တာ သိေပမဲ့ ကိုယ္ မင္းကို ေမးခ်င္တာ ရွိတယ္"

ဥကၠဌဝမ္ဟာ ေမးခြန္းရွိေၾကာင္း စကားဆိုၿပီးေနာက္မွာေတာ့ ေခတၱခဏတိတ္ဆိတ္သြားရင္း ေရွာင္းက်န႔္ကို ခပ္ေတြေတြေငးၾကည့္တယ္။ေရွာင္းက်န႔္ကလည္း ထိုနည္းတူစြာပဲ ဥကၠဌဝမ္ရဲ႕ ေမးခြန္းစကားကို ေမွ်ာ္ငံ့ရင္း ေငးၾကည့္မိတာ ခပ္ေတြေတြ‌ကေလးႏွင့္ရယ္။

"ေရွာင္းက်န႔္ ‌ဗိုက္ထဲက ကေလးေလးရဲ႕ အေဖက ဘယ္သူလဲဆိုတာ။ မၾကာခင္မွာ ကိုယ္ဝန္က လရင့္လာမွာ အဲ့က် ေရွာင္းက်န႔္တစ္ေယာက္ထဲဆို အဆင္ေျပမွာမဟုတ္ဘူး မိသားစုဝင္ေတြကလည္း မရွိေတာ့တာဆိုေတာ့ ကေလးအေဖရွိေနရင္ ေရွာင္းက်န႔္ နည္းနည္းသက္သာနိုင္တယ္ေလ။ၿပီးေတာ့ ေရွာင္းက်န႔္တစ္ေယာက္ထဲ ဒီကေလးအတြက္ တာဝန္ယူရွိတာမဟုတ္ဘူး သူ႕မွာလည္းပဲ တာဝန္ရွိတယ္ေလ"

ဥကၠဌဝမ္ရဲ႕ စကားေတြဆုံးေတာ့ ေရွာင္းက်န႔္ရဲ႕မ်က္ဝန္းေတြက ေရျဖည့္လိုက္တဲ့ ကန္လိုပဲ။မ်က္ရည္ေတြ တရိပ္ရိပ္ျပည့္တက္လာတယ္။ဒီစကားက ေရွာင္းက်န႔္ကို သူ ဘာသေဘာနဲ႕ ဆိုသလဲ မသိသာေပမဲ့ ေရွာင္းက်န႔္အတြက္ေတာ့ ဝမ္းနည္းခ်င္စရာ သိပ္ေကာင္းတယ္။

သူ ဒီေမးခြန္းကို ဘယ္လိုေျဖရပါ့မလဲ..။

"ဥကၠဌဝမ္ တကယ္ပဲ ဒီေမးခြန္းရဲ႕ အေျဖကို သိခ်င္တာလား"

ေရွာင္းက်န႔္ရဲ႕ စကားသံေတြက ဝမ္းနည္းမႈေၾကာင့္ အဖ်ားခတ္မွာ တုန္ရီလို႔သြားတယ္။တစ္ဆက္ထဲမွာလည္း ေရွာင္းက်န႔္တို႔ စီးလာတဲ့ ဓာတ္ေလွကားက ရပ္တန႔္လို႔သြားၿပီး တံခါးဟာ ပြင့္လို႔လာတယ္။

ဥကၠဌကေတာ့ သူ႕အေမးကို ျပန္အေျဖပဲ ေခါင္းတစ္ခ်က္ ညိတ္ျပရင္း ရႈတည္တည္ႏွင့္ သူ႕အား ၾကည့္လို႔ေနဆဲ...။

"ဥကၠဌဝမ္"

"အင္း"

"ကြၽန္ေတာ့္ကေလးရဲ႕ အေဖက ခင္ဗ်ားပဲေလ"

မ်က္စိကို စုံမွိတ္လို႔ ေရွာင္းက်န႔္ ျဖစ္ခ်င္တာျဖစ္ က်ဳံးေအာ္လိုက္တယ္။သူေျပာသလိုပဲ ဒီကေလးရဲ႕ အေဖအျဖစ္ ေရွာင္းက်န႔္တစ္ေယာက္ပဲ တာဝန္ရွိတာမဟုတ္ဘူးဆိုရင္ က်န္တာဝန္တစ္ဝက္ကို သူ႕မွာရွိေၾကာင္းလည္း ေရွာင္းက်န႔္ အသိေပးရ႐ုံေပါ့။

"က ကေလး အ အေဖက က ကိုယ္ ဟုတ္လား"

ဥကၠဌရဲ႕မ်က္ႏွာကအနည္းငယ္ အံ့ဩသြားဟန္ျပၿပီး အသံကလည္း အံ့ဩမႈေၾကာင့္ ထစ္အစြာ ထြက္ေပၚလာတယ္။ဥကၠဌေတာင္ ဒီလိုဆိုရင္ ဒါကို ပထမဆုံးရင္ဆိုင္ႀကဳံေတြ႕ရတဲ့ သူ႕ရဲ႕ အေျခအေနကိုလည္း ဥကၠဌ ခန႔္မွန္းမိမည္လို႔ ေရွာင္းက်န႔္ထင္သည္။

ဥကၠဌဝမ္၏ အမူအရာသည္ အံ့ဩလို႔ေနေနဆဲျဖစ္ၿပီး သူတို႔ႏွစ္ဦးစလုံး အခုခ်ိန္ထိ ဓာတ္ေလွကားထဲမွ မထြက္မိၾကပါေခ်..။

Continue Reading

You'll Also Like

59.5K 3.4K 54
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
73.7K 10K 37
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
17.7K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...