Chapter (2)

353 58 6
                                    

/ Unicode Version /

အခန်း (၂) : ကိုယ်ဝန်ရှိနေတယ်။

"ဟူး"

ပြင်းထန်လွန်းလှတဲ့ လေပူတစ်ချက်ကို ဥက္ကဌဝမ်က ထုတ်လွှတ်လိုက်ပြီးနောက်မှာတော့ ဆိုဖာခုံထက် ဝင်ထိုင်လိုက်လေတော့သည်။

"ဘာဖြစ်လာတာလဲ မင်းကြည့်ရတာ အရမ်းပင်ပန်းနေပါလား"

သူငယ်ချင်းဖြစ်သူ ချီတာကျားသစ် မင်ရန် က ရှန်ပိန်ခွက်ကို ကမ်းပေးရင်း သူ့အား ဆိုလာတော့ ဥက္ကဌဝမ်က ခွက်ကိုယူရင်း စကားဖြစ်ကြောင်းကုန်စင်ကို ရှင်းလင်းဖို့ စတင်ဟန် ပြုမူလိုက်တယ်။သူက လေပူတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီးနောက်မှာတော့ စကားပြောဖို့အတွက် အားယူဟန်နှင့် ရှန်ပိန်ကို နှုတ်ခမ်းဖျားနှင့်အာစွတ်ရုံလောက် ပမာဏ မော့သောက်လိုက်လေသည်။ပြီးနောက်မှာတော့ ဥက္ကဌဝမ်က စကားကို စလာလေ၏။

"ငါ့အတွင်းရေးမှူးက အလုပ်ထွက်တော့မယ်"

ဥက္ကဌ၏ လေသံက အစီအစဥ်မကျမှုများအား ရက်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတာကြောင့် များစွာသော စိတ်မချမ်းသာမှုဟန်ကို ဆောင်လို့နေ၏။အလိုမကျသလို သက်ပြင်းမောများကလည်း စကားသံသဲ့သဲ့တို့ထံ ဝင်ရောက်ရောပါနေသေးသည်။

ရုံး၌လည်း များစွာသော ပြဿနာနှင့် စိတ်တိုင်းမကျမှုများအား မည်သို့၊မည်ပုံ သောင်းကျန်နေသည်ဆိုသည်မှအစ သူ အကုန် ကြားသိထားရ၏။

သူငယ်ချင်းဖြစ်သူ၏ အလိုမကျ ဒေါသကြီးနေမှုအား စတင်အဖြေရှာရန် မင်ရန် စတင်ကြိုးစားလိုက်တော့၏။မဟုတ်လျှင် ဝမ်လုပ်ငန်းစု၌ မည်သည့်ဝန်ထမ်းမှ ကျန်တော့မည်မဟုတ်ချေ။လစာကောင်းလို့သာ ခိုကပ်နေကြသော်လည်း ဥက္ကဌ၏ ငြူစူမှုအား မည်သူက ကြာရှည်ခံနိုင်ပါမည်နည်း...။

"အတွင်းရေးမှူးအလုပ်ထွက်တာနဲ့ မင်းက ဒီလောက် ဒေါသကြီးနေဖို့ လိုလို့လား"

"အလုပ်ဆင်းနေရင်းကနေ ဗြန်းခနဲ ခွင့်ထယူတယ်
အလုပ်ပြန်တက်လာတော့ ထွက်စာတစ်စောင်နဲ့ ဆယ်နှစ်ကျော်အထိ ငါ့အနားနေလာတဲ့လူက ငါ့အရိပ်လိုတောင်ဖြစ်နေပြီ မင်းစဉ်းစားကြည့် မင်ရန် ဒီလို လက်လွတ်စပယ်အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာရဲ့ အကြောင်းပြချက်ကိုလည်း ရေရေ‌ရာရာမပေးနိုင်ဘူးလေ ငါဒေါသထွက်တာ လွန်မလား"

A Bunny Have An Imaginary Pregnant (စိတ်ကူးယဉ် ကိုယ်ဝန်နှင့် ယုန်ကလေး)Where stories live. Discover now