Chapter (3)

222 38 10
                                    

/ Unicode Version /

အခန်း (၃) : ဘယ်ခြင်္သေ့မှ အသားမရှောင်..။

"ရွှတ်"

ဖြူလွှလွှတစ်ရှူးရွက်ကလေးက ပြင်းပြသော နှာရှူသံအဆုံးမှာတော့ နှာရည်တွေစိုစွတ်သွားပြီး အမှိုက်တောင်းထဲကို ဝပ်ဆင်းလို့သွားတယ်။ဒါက ဘယ်နှစ်ရွက်မြောက်သော တစ်ရှူးရွက်လဲဆိုတာ ရှောင်းကျန့် တကယ်မမှတ်မိတော့ဘူး။သူ့ရုံးခန်းထဲက အမှိုက်ပုံးထဲ အဖြူရောင်တစ်ရှူးစတွေ ပြည့်သိပ်နေတဲ့အထိ သူ သတိမထားမိပဲ  ငိုယိုနေခဲ့မိတာ။

ကံကောင်းသည်က ရှောင်းကျန့် သူ့မှာ ကိုယ်ပိုင်ရုံးခန်းကလေးရှိနေတာကြောင့် သူငိုနေတာကို ဘယ်သူမှ မမြင်၊မတွေ့၊မကြားနိုင်ခြင်းပင်။ဒီအတွက် ဖြေဆိုရန်ခက်သော မေးခွန်းတွေကိုလည်း သူ ဖြေရန်မလိုအပ်ခဲ့ပေ။

"ဘာလို့ အလုပ်ထွက်ချင်တာလဲ"တဲ့။တကယ်ဆို ဒီအကြောင်းပြချက်ကို သူ မေးစရာတောင်မလိုဘူး။ဒါတွေအားလုံးက ဥက္ကဌဝမ်ဆိုတဲ့ လူရဲ့ အမှားပဲလေ။ဒါကိုများ မသိကျိုးကျွံပြုလို့ ဘာလို့များ ဒီလိုစကားမျိုးသူ့ကိုလာမေးနေရတာလဲ။ဒီမေးခွန်းက ရှောင်းကျန့်အတွက်တော့ ဖြေဆိုရ အတော်ဒုက္ခများတယ်။

ထိတ်ထိတ်ကြဲလူချမ်းသာတစ်ဦးနဲ့ ရတဲ့ကိုယ်ဝန်ကို သူလွယ်ထားရပါတယ်လို့ပြောရင် ဘယ်သူက ယုံမှာလဲ။အထူးသဖြင့် အဲ့သည့်လူချမ်းသာက ဥက္ကဌဝမ်ဆိုရင် ဘယ်သူကမှ ယုံမှာမဟုတ်ဘူး။

ဟိုး..အမြင့်ကြီးမှာ ရှိနေတဲ့ ဥက္ကဌဝမ်က ရှောင်းကျန့်ဘဝနဲ့ဆို မိုးနဲ့မြေလို ကွာပါတယ်။ဘယ်လိုပဲ ဥက္ကဌဝမ်နဲ့ မှားယွင်းခဲ့ကြပါတယ် ဆိုဆို အရာအားလုံး၊ကိစ္စရပ်အားလုံးရဲ့ အဆုံးမှာ ပြစ်ချက်က သူ့ဆီကိုပဲ ပုံကျလာမယ်ဆိုတာ ရှောင်းကျန့်ကောင်းကောင်းသိတယ်။ဥက္ကဌဝမ်ကို အပိုင်ကြံပြီး ကျီးမျိုးကနေ ဒေါင်းဖြစ်ချင်နေတာဆိုတဲ့ ထိုးနှက်မှုတွေကို သူလက်ခံရင်ဆိုင်ရမှာ မလွဲမသွေပဲ..။

အစောထဲက ရှောင်းကျန့်မှားတာပါ။
မြို့တော်(A)ကို မလာခဲ့သင့်သလို ဝမ်လုပ်ငန်းစုထဲမှာလည်း အလုပ်မရခဲ့သင့်ဘူး။ဒီလိုဆို ဒီလိုကံကြမ္မာကို သူလက်ခံစရာမလိုတော့ဘူးလေ..။

A Bunny Have An Imaginary Pregnant (စိတ်ကူးယဉ် ကိုယ်ဝန်နှင့် ယုန်ကလေး)Where stories live. Discover now