🌸More Than Friends(သူငယ်ချင်...
By LoonDarli
48.3K 2.3K 192
❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့... More
🌸Intro🌸
🌸Part -1🌸
🌸Part -2🌸
🌸Part -3🌸
🌸Part -4🌸
🌸Part -5🌸
🌸Part -6🌸
🌸Part -7🌸
🌸Part -8🌸
🌸Part -9🌸
🌸Part -10🌸
🌸Part -11🌸
🌸Part-12🌸
🌸Part -13🌸
🌸Part -14🌸
🌸Part -15🌸
🌸Part -16🌸
🌸Part -17🌸
🌸Part -18🌸
🌸Part -19🌸
🌸Part -20🌸
🌸Part -21🌸
🌸Part -22🌸
🌸Final🌸
2.1K 87 14
By LoonDarli
(Zawgyi)
...................................................................................
"စိတ်ပြေအောင်?"
"အဟက် အဟဟဟ အဟဟဟ"
"ငါနားမလည်ဘူး"
"ဘာ!"
...................................................................................
"ဒါက ဘယ်သွားကြမို့လဲ"
ဝမ်ချင်က
"အမ်? အင်း..."
"ဟုတ်ကဲ့ဝမ်ချင်"
"အိမ်ပြန်မလို့လား"
"အင်း"
"လုပ်စရာတွေ?"
"ရိပေါ် ငါမေးနေတယ်လေ"
"နဲနဲလေးတောင်မှလား"
"အင်း"
"အင်း...မောင်းတော့"
...................................................................................
>>>လေဆိပ်၌<<<
"ဟုတ်ကဲ့ဝမ်ချင်"
~တီး...တီး...တီး...~
"ဘာ!!"
"ငါကဘာပြောရမှာလဲ"
"နဲနဲလေးတောင်မှလား"
"အင်း"
...................................................................................
~တီး...တီး...တီး..~
"Hello ရှောင်းကျန့်"
"အော် ဟုတ်ဟုတ် ဆေးဆေး"
"HELLO "
"လာပြီလာပြီ အခုလာပြီ"
"ဝမ်ချင်"
"အား!!!!!!!! ရှောင်းကျန့် ငါ့ကို...ငါ့ကိုဘာလို့ထားသွားရတာလဲ!!! ငါမင်းကိုအရမ်းချစ်တယ်ဆိုတာတောင် မပြောရသေးဘူးလေ ငါ့ဘဝမှာ မင်းတစ်ယောက်ပဲရှိတာပါရှောင်းကျန့်ရယ်...ငါချစ်ရတဲ့သူက မင်းတစ်ယောက်ထဲပါ...ငါနောင်တတွေလည်းရနေပါပြီ ငါ့မှာသ-တ်မယ်ဆိုရင်တောင် ငါပျော်ပျော်ကြီးအေ-သခံမှာပါ...ငါမင်းပေးတဲ့အပြစ်ဒဏ်တွေကိုခံယူနိုင်ပေမယ့် မင်းနဲ့တော့မခွဲနိုင်ဘူး ငါ...ငါ့ကိုမထားခဲ့ပါနဲ့....တောင်းပန်ပါတယ်...ငါ့ကိုမထားပါနဲ့..."
"မထားခဲ့ပါဘူးရိပေါ်"
"ညီအကိုတွေပဲဟာ"
>>>>>>>>>>THE END<<<<<<<<<<
🌸ချစ်ရပါသောသာသာ🌸
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
...................................................................................
(Unicode)
🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸
"ဟင်း...ဒါတော့ ဟုတ်ပါတယ် ဒါပေမယ့်ရှောင်းကျန့် ရှင်...ရိုဟန်ကိုတော့ မရွေးလိုက်ဘူး မဟုတ်လားဟင်"
ဝမ်ချင့်ကို ရှောင်းကျန့်ကြည့်နေသည်။
...................................................................................
ရိပေါ်နဲ့ရိုဟန် ကမ်းခြေမြေပြင်မှာထိုင်နေကာ ပင်လယ်ရဲ့အလှကိုရှုစားနေကြသည်။ ရိပေါ်က
"မင်း ငါ့ကိုဒီကိုဘာလို့ခေါ်တာလဲရိုဟန်"
"မင်းစိတ်ပြေသွားအောင်လို့ပါ"
"စိတ်ပြေအောင်?"
"အင်း မင်းကိုရှောင်းကျန့် ပြုမူလိုက်တဲ့အရာအတွက်ပေါ့"
ထိုအခါမှ သဘောပေါက်ကာ ခပ်ဟဟထရယ်တဲ့ရိပေါ်
"အဟက် အဟဟဟ အဟဟဟ"
ရိုဟန် ကြောင်အသွားကာကြည့်တော့ ရိပေါ်က
"အဟင်း ရိုဟန် မင်းက ဒါကိုကြည့်ပြီးငါ့အတွက်စိတ်မကောင်းဖြစ်မိနေတာလား တကယ့်အဖြစ်မှန်တွေကိုသာသိသွားရင် မင်းငါ့ကိုဆွဲထိုးမလားတောင်မသိဘူး"
"ငါနားမလည်ဘူး"
"အင်း ရှောင်းကျန့်က ဟိုးငယ်ငယ်လေးကတည်းက ငါ့အတွက်ဆိုအမြဲမငြီးမငြူနဲ့ ငါ့ဆန္ဒတွေကိုဖြည့်ဆည်းပေးတက်တဲ့သူတစ်ယောက် ဒီနေ့ သူငါ့ကိုလုပ်ခဲ့တဲ့အရာထက် အဆပေါင်းများစွာဆိုးရွားနဲ့အရာတွေကို ငါရှောင်းကျန့်အပေါ် ပြုမူခဲ့ဖူးတယ်"
"ဘာ!"
"ဟုတ်တယ် အဲ့ဒါကြောင့် အခုချိန်မှာငါ့အမှားတွေကို ငါသိနေပြီရိုဟန် ငါနောင်တတွေလည်းရနေပြီ ငါကတကယ်ကိုပဲ ခွင့်လွှတ်မှုနဲ့မထိုက်တန်တဲ့ကောင်ပါ ဒါပေမယ့်ရိုဟန် ငါရှောင်းကျန့်ကိုချစ်တယ် ငါ့အပြစ်တွေအတွက် သူခွင့်မလွှတ်မချင်း ‌ေ-သတဲ့အထိ ငါသူပေးတဲ့ပြစ်ဒဏ်တွေကိုခံယူသွားချင်တယ်"
မျက်ဝန်းမှ မျက်ရည်ကြည်တွေကျဆင်းလျက် မျက်ဝန်းမှာနောင်တဆိုတဲ့အကြည့်တွေက ရိုကျိုးနေပါပြီ။ ရိုဟန်က
"မင်းတကယ် ရှောင်းကျန့်ကိုချစ်တာလား"
"အင်း ချစ်တယ်ဆိုတာထက် ဘယ်အရာမျိုးနဲ့မှ ဖြတ်လို့မရနိုင်တဲ့သံယောဇဉ်တစ်ခု သူ့ကိုလေသံမာမာလေးနဲ့တောင် မထိခိုက်စေချင်တဲ့မြတ်နိုးမှုတစ်ခု ငါရှောင်းကျန့်ကိုတကယ်ချစ်တာရိုဟန်"
"ဒါဆိုဘာလို့ကွယ်ရာမှာ ချစ်တယ်ပြောပြီးငိုနေရတာလဲ ရှေ့တင်ဒဲ့သွားပြောပါတော့လား မင်းဒီလိုကွယ်ရာမှာပဲငို ကွယ်ရာမှာပဲချစ်တယ်ပြောနေရင် ရှောင်းကျန့်က ဘယ်လိုလုပ်သိမှာလဲကွ"
"ငါပြောမထွက်ဘူး ငါ့ရဲ့စကားတွေနဲ့အပြုအမူက ရှောင်းကျန့်ရဲ့အသနားခံမှုနဲ့ မထိုက်တန်ဘူးလို့ထင်တယ်"
"အဲ့ဒါက မင်းအထင်လေဝမ်ရိပေါ် အကယ်၍သာ ရှောင်းကျန့်လိုချင်နေတဲ့အရာက သူ့ကိုအမှန်တကယ်ဖွင့်ပြောလာမှကိုသာဆိုရင် မင်းဘယ်လိုလုပ်မလဲ"
"ငါ...ငါမသိတော့ဘူးရိုဟန်"
"မင်း‌ေ-သချာစဉ်းစားပါဝမ်ရိပေါ် မင်းမှာအချိန်သိပ်မကျန်တော့ဘူး ငါဒါပဲပြောမယ်"
ဆိုကာ ပြော၍ထွက်သွားသောရိုဟန်ရဲ့စကားကိုရိပေါ်နားမလည်ပါ။ သူ့အတွေးတွေနဲ့သူ နစ်မျောလျက် ရှောင်းကျန့်ရှိရာကိုပြန်လာခဲ့သည်
...................................................................................
ရိပေါ် အခန်းသို့ရောက်တော့ ပစ္စည်းတွေထည့်နေတဲ့ဝမ်ချင်နဲ့ရှောင်းကျန့်ကြောင့်
"ဒါက ဘယ်သွားကြမို့လဲ"
ဝမ်ချင်က
"Dr.က ဆေးရုံဆင်းလို့ရပြီတဲ့လေ ရှောင်းကျန့်ကလည်း ဆေးရုံမှာမနေချင်ဘူးတဲ့ အဲ့ဒါကြောင့်ပြန်ကြတော့မလို့"
"အမ်? အင်း..."
အထုတ်တွေထုတ်ကာ အထုတ်သုံးပုံ နှစ်ပုံကိုဝမ်ချင်နဲ့ ရိုဟန်က သယ်သွားကာ
"ရှောင်းကျန့်ရေ အနောက်ကလိုက်ခဲ့နော်"
"ဟုတ်ကဲ့ဝမ်ချင်"
ရိပေါ်က အထုတ်တွေကိုငုံ့ကြည့်လျက် ရှောင်းကျန့်ကိုကြည့်ကာ
"အိမ်ပြန်မလို့လား"
"အင်း"
"ဟို...နေကလည်း ‌ေ-သချာတော့မကောင်းသေးဘူးလေ နောက်ပြီး အခုမှမနက်၁၀နာရီပဲရှိသေးတာလေ ညနေမှအေးဆေးပြန်လည်းရတာပဲကိုး"
"ငါ့မှာလုပ်စရာတွေရှိသေးတယ်"
"လုပ်စရာတွေ?"
"အင်း မင်းဘာပြောချင်လဲ ငါ့ကို"
"ဟမ် အမ်း...ငါကဘာပြောရမှာလဲ"
"မင်းငါ့ကိုပြောချင်တဲ့စကားမရှိတော့ဘူးလား"
ရှောင်းကျန့်အမေးကြောင့် ရိပေါ် သူ့ခေါင်းထဲဝင်လာတဲ့ရိုဟန်ရဲ့စကားတစ်ချို့
("ဒါဆိုဘာလို့ကွယ်ရာမှာ ချစ်တယ်ပြောပြီးငိုနေရတာလဲ ရှေ့တင်ဒဲ့သွားပြောပါတော့လား မင်းဒီလိုကွယ်ရာမှာပဲငို ကွယ်ရာမှာပဲချစ်တယ်ပြောနေရင် ရှောင်းကျန့်က ဘယ်လိုလုပ်သိမှာလဲကွ")
(ဟုတ်တယ် ငါပြောလိုက်ရမလား မဟုတ်သေးဘူး ငါပြောလိုက်မှ ရှောင်းကျန့်ကစိတ်တိုသွားရင်ဘယ်လိုလုပ်မလဲ မဖြစ်သေးဘူး ငါပြောလို့မဖြစ်ဘူး)
အတွေးလွန်ကာ သူ့ကိုကြောင်ကြည့်နေတဲ့ရိပေါ်ကို ရှောင်းကျန့်က
"ရိပေါ် ငါမေးနေတယ်လေ"
"အမ်း...ဟို မရှိ..မရှိပါဘူး"
"နဲနဲလေးတောင်မှလား"
"အင်း"
"......Ok ငါသွားပြီ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါရိပေါ်"
ဆိုကာ သူ့ကိုလုံးဝလှည့်မကြည့်ပဲထွက်သွားတဲ့ရှောင်းကျန့်ကို သူငေးကြည့်နေမိသည်။ ရှောင်းကျန့် ပြောသွားတဲ့စကားကို သူနားမလည်ဖြစ်နေသည်။
"ဘာလို့ငါ့ကိုဒီလိုကြီးမှာတာလဲ? ကျစ် ဘာလဲကွာ"
စဉ်းစားမရတဲ့ရိပေါ် ရှိနေသလို ကားပေါ်၌ ငိုချင်စိတ်ကိုထိန်းနေပြီး မျက်နှာကြီးနီရဲနေတဲ့ရှောင်းကျန့်လည်းရှိလို့နေသည်။ ရိုဟန်က
"ငါမောင်းရတော့မလားရှောင်းကျန့်"
"အင်း...မောင်းတော့"
ကားလေးမောင်းထွက်သွားသည်ကို ရိပေါ်ဆေးရုံပေါ်ကနေ လှမ်းကြည့်နေသည်။
"ဘာလို့ ငါ့ကိုဒီလိုပြောသွားတာလဲ? ငါနဲ့အိမ်ရောက်ရင်ပြန်တွေ့မှာပဲကိုး ရှောင်းကျန့်ဒီလိုမှာဖူးတာပထမဆုံးပဲ ကျစ် ဘာလဲကွာ...ငါ့စိတ်ထဲ ဘာလို့လေးနေရတာလဲ?"
...................................................................................
>>>လေဆိပ်၌<<<
ရှောင်းမား၊ ယွီပင်း၊ ကျန်းသခင်မကြီးနဲ့ ဝမ်ချင်တို့ မတ်တပ်ရပ်နေကြကာ ရှောင်းမားက ရှောင်းကျန့်အနားကပ်ကာ မျက်ရည်ဝဲနေလျက်
"သားလေး မားဆီအမြန်ပြန်လာနော်"
"မားကလည်း ဘယ်လိုကြီးပြောနေတာလဲ"
"မားက သားကိုတစ်ခါမှမခွဲဖူးဘူးလေ သားကလည်း"
"ဟုတ်ပါပြီ မားရယ် မငိုနဲ့တော့နော် တိတ်တိတ်"
ဆိုကာ ‌ရှောင်းမားကိုမျက်ရည်သုတ်ပေးနေတဲ့ရှောင်းကျန့်။ ရိုဟန်က လူအရိပ်အခြေကြည့်ကာ ဝမ်ချင်ကို မျက်စပြစ်လိုက်သည်။ ဝမ်ချင်က ဗိုက်အောင့်သလိုလုပ်ပြလျှက်
"အား!...အမလေး ဗိုက်အောင့်လိုက်တာ ရှောင်းကျန့် ခဏလေးနော် Toiletသွားချင်လို့ အော် ကျွန်မမလာမချင်း မသွားကြနဲ့ဦးနော်"
"ဟုတ်ကဲ့ဝမ်ချင်"
ဝမ်ချင် Toiletဆီသို့အမြန်ပြေးကာ Toilet ထဲသို့ရောက်တော့ ရိပေါ်ဆီကိုဖုန်းခေါ်လိုက်သည်
~တီး...တီး...တီး...~
ရိပေါ် ပင်လယ်ကိုငေးနေကာ ရှောင်းကျန့်နဲ့သူ့ရဲ့ဓာတ်ပုံလေး‌ကိုကြည့်နေလျက် ပြုံးနေစဉ်မှာပဲ ဖုန်းဝင်လာတာကြောင့်ကြည့်တော့ ဝမ်ချင်ဆီကပင်
"အင်? ဝမ်ချင်? ဘာဖြစ်လို့ပါလိမ့်? Hello "
"Hello ရိပေါ် ရှင်လေဆိပ်ကိုမြန်မြန်လာတော့ မဟုတ်ရင် ရှင်နောင်တရလိမ့်မယ်"
"ဘာတွေပြောနေတာလဲဝမ်ချင် ကိုယ်နားမလည်ဘူး"
"ရှင်ကလည်းတုံးနေလိုက် ဒီလောက်ပြောနေတာကိုတောင် နားမလည်ဘူးလား"
"တကယ်နားမလည်တာပါဝမ်ချင်"
"ကဲ ဒါဆိုလည်းလိုရင်းနဲ့တိုရင်း ဒဲ့ပဲပြောမယ် ရိုဟန်နဲ့အတူ ရှောင်းကျန့်က အမေရိကကိုလိုက်သွားတော့မယ် အဲ့ဒါကြောင့် ရှင်အမြန်လာမှဖြစ်မယ် မဟုတ်ရင် ရှင်တွေ့ရတော့မှာမဟုတ်ဘူးရိပေါ်"
"ဘာ!!"
"အေး အခုမှဘာမနေနဲ့ မြန်မြန်လာလေဆိပ်ကို location ချပေးလိုက်မယ်ဒါပဲ လေယာဉ်ထွက်ဖို့ နာရီဝက်ပဲလိုတော့တယ် မြန်မြန်လာနော်"
ဆိုကာ ဝမ်ချင်ဖုန်းချသွားတော့ ရိပေါ် ခေါင်းတစ်ခုလုံးပူထူကာ ဟုန်နေပါပြီ
"ဘာတွေလဲ ဘာတွေဖြစ်ကုန်တာလဲ?"
မေးခွန်းတွေနဲ့အတူ ခေါင်းထဲရောက်လာသောအတွေးများ
("မင်း‌ေ-သချာစဉ်းစားပါဝမ်ရိပေါ် မင်းမှာအချိန်သိပ်မကျန်တော့ဘူး ငါဒါပဲပြောမယ်"
"မင်းဘာပြောချင်လဲ ငါ့ကို"
"ငါကဘာပြောရမှာလဲ"
"မင်းငါ့ကိုပြောချင်တဲ့စကားမရှိတော့ဘူးလား"
"အမ်း...ဟို မရှိ..မရှိပါဘူး"
"နဲနဲလေးတောင်မှလား"
"အင်း"
"......Ok ငါသွားပြီ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါရိပေါ်")
"ဟာ ဒါ ဒါဆိုငါ့ကိုမှာသွားတဲ့စကားက နောက်ထပ် တွေ့ဖို့မဖြစ်နိုင်တော့ဘူးလို့ဆိုလိုတာပေါ့ မဖြစ်ဘူး...မဖြစ်ဘူးရှောင်းကျန့်"
ဆိုကာ ကားလမ်းမပေါ်သို့အပြေးထွက်သွားကာ လမ်း၌လာနေတဲ့Taxiကိုတား၍ လေဆိပ်ကိုဦးတည်သွားနေတဲ့ရိပေါ်
...................................................................................
Toilet ထဲမှာတော်ရုံနဲ့ထွက်မလာသေးတဲ့ဝမ်ချင်ကြောင့် ရှောင်းကျန့်က ဝမ်ချင့်ဆီဖုန်းဆက်လိုက်သည်
~တီး...တီး...တီး..~
Toilet ထဲငုတ်တုတ်ထိုင်နေတဲ့ဝမ်ချင် ရှောင်းကျန့်ဆီကဖုန်းကြောင့် ကိုင်ရမလို ချရမလိုဖြစ်နေပြီး နောက်ဆုံးတော့ကိုင်လိုက်ရသည်
"Hello ရှောင်းကျန့်"
"Hello ဝမ်ချင် ထွက်မလာသေးဘူးလား ကျွန်တော်သွားရတော့မယ် ၅မိနစ်ပဲလိုတော့တယ်"
"အော် အင်း အင်းပါ ထွက်လာပြီနော် ခဏလေးနော် ကျွန်မလက်ဆေးနေလို့ပါ"
"အော် ဟုတ်ဟုတ် ဆေးဆေး"
ရှောင်းကျန့် ဖုန်းချသွားတော့ ဝမ်ချင် ရိပေါ်ဆီဖုန်းခေါ်ရသည်။
"HELLO "
"ရိပေါ် ရှင်အခုဘယ်မှာလဲ ရှောင်းကျန့်က သွားရတော့မယ် ဘလိုလုပ်မှာလဲ"
"ကိုယ်ရောက်နေပြီ ဘယ်ကိုသွားရမှန်းမသိဖြစ်နေတာ"
"ဟာ ဒုက္ခပါပဲ ရှင်မိန်းကလေး Toilet ရှေ့လာခဲ့ အခုနော် မြန်မြန်!"
"လာပြီလာပြီ အခုလာပြီ"
ဝမ်ချင် Toilet ထဲက ထွက်လိုက်လျှင်ပင် Toilet အရှေ့ကိုပြေးလာတဲ့ရိပေါ်
"ဝမ်ချင်"
"လာလာ မြန်မြန်လာ အရမ်းနောက်ကျနေပြီ"
ဆိုကာ ရိပေါ်ကိုလက်ကိုဆွဲကာ အပြေးခေါ်လာသောဝမ်ချင် ရုတ်တရတ် လေဆိပ်အသံလွှင့်ဌာနမှ အချက်ပေးသံကြောင့် နှစ်ယောက်လုံးရဲ့ခြေလှမ်းတွေက ရပ်တန့်သွားခဲ့သည်။
ဟုတ်ပါသည် အသံလွှင့်ဌာနမှထုတ်ပြန်ချက်က အမေရိကကိုသွားမယ့်လေယာဉ်က ထွက်သွားဖြစ်ကြောင်းနှင့် ရှေ့မှာမြင်နေရပြီဖြစ်တဲ့ ရှောင်းမားနဲ့ကျန်းသခင်မကြီးတို့နှစ်ယောက်သာ ။ ဝမ်ချင်က
"သွားပြီ...သွားပြီရိပေါ်...ရှင်ဆုံးရှုံးသွားပြီ"
ဝမ်ချင့်စကားကို ရိပေါ်ဘာမှပြန်မတုံ့ပြန်နိုင်တော့ပါ။ မှန်တွေကာရံထားတဲ့နံရံမှ မိုးပေါ်သို့ပျံတက်သွားပြီဖြစ်တဲ့လေယာဉ်ကို ကြည့်ကာ မျက်ရည်များဖြင့် အရုပ်ကြိုးပြတ် ဒူးထောက်ထိုင်ချလိုက်တဲ့ရိပေါ်။ ထိန်းထားခဲ့သမျှ သူ့ရဲ့ခံစားချက်တွေက အကုန်ပွင့်ထွက်လို့လာခဲ့သည်
"အား!!!!!!!! ရှောင်းကျန့် ငါ့ကို...ငါ့ကိုဘာလို့ထားသွားရတာလဲ!!! ငါမင်းကိုအရမ်းချစ်တယ်ဆိုတာတောင် မပြောရသေးဘူးလေ ငါ့ဘဝမှာ မင်းတစ်ယောက်ပဲရှိတာပါရှောင်းကျန့်ရယ်...ငါချစ်ရတဲ့သူက မင်းတစ်ယောက်ထဲပါ...ငါနောင်တတွေလည်းရနေပါပြီ ငါ့ကိုသ-တ်မယ်ဆိုရင်တောင် ငါပျော်ပျော်ကြီးအ‌ေ-သခံမှာပါ...ငါမင်းပေးတဲ့အပြစ်ဒဏ်တွေကိုခံယူနိုင်ပေမယ့် မင်းနဲ့တော့မခွဲနိုင်ဘူး ငါ...ငါ့ကိုမထားခဲ့ပါနဲ့....တောင်းပန်ပါတယ်...ငါ့ကိုမထားပါနဲ့..."
"မထားခဲ့ပါဘူးရိပေါ်"
ဒူးထောက်ကာ ခေါင်းငုံ့၍အော်ငိုနေတဲ့ရိပေါ် ရုတ်တရတ်ကြားလိုက်ရတဲ့အသံကြောင့် ချက်ချင်းခေါင်းမော့ကြည့်မိတော့ ဟုတ်ပါသည် ရိပေါ်ရဲ့ရှေ့မှာရပ်နေသူက ရှောင်းကျန့်ပါပင်။ ရိပေါ် အမြန်ထကာ ရှောင်းကျန့်ကိုပြေးဖက်လိုက်ပြီး ငိုနေလျက် ‌ေ-သွးရူး‌ေ-သွးတန်းဖြင့်ပြောဆိုနေသည်
"ငါ့ကိုထားမသွားပါနဲ့ရှောင်းကျန့် ငါတောင်းပန်ပါတယ် ငါမင်းပေးသမျှအပြစ်တွေကိုခံယူပါ့မယ် ငါ ငါမှားပါတယ် ငါနောင်တတွေရနေပြီမို့ ကျေးဇူးပြုပြီး ငါ့ကိုတော့ထားမသွားပါနဲ့ ငါမင်းမရှိပဲ မနေနိုင်ဘူးရှောင်းကျန့် မင်းကငါ့ဘဝပဲ ငါ့ဘဝရဲ့အရာရာမို့ မင်းကိုအပျောက်မခံချင်ဘူး ငါမင်းကိုမခွဲနိုင်ဘူး ငါမင်းကိုချစ်တယ်"
ရိပေါ်ရဲ့နောက်ဆုံးစကားမှာ ရှောင်းကျန့် ပြုံးကာ မျက်ရည်ကျလာသည်။ သူ့ကိုကျစ်နေအောင်ဖက်ကာ တောက်လျှောက်စကားတွေကိုပြောနေတဲ့ရိပေါ်ကျောလေးကို အသာပွတ်သပ်ပေးကာ
"ရိပေါ် ငါအသ-က်ရှုကြပ်နေပြီ ခဏလောက်လွှတ်ပါဦး"
"မလွှတ်ဘူး ငါလွှတ်လိုက်ရင် မင်းက ငါ့ဆီကနေထွက်သွားလိမ့်မယ် ငါမလွှတ်ဘူး ငါကြောက်တယ် မင်းမရှိရင် ငါရူးသွားလိမ့်မယ်"
"မထားခဲ့ပါဘူး နောက်ပြီးမင်းဆီကနေထွက်မသွားပါဘူးရိပေါ် ဒါကြောင့် ခဏလောက်လွှတ်ပါဦး နော် ငါတကယ်အသ-က်ရှူကြပ်နေပြီ"
ထိုတော့မှ လွှတ်ပေးလာတဲ့ရိပေါ်ကို ရှောင်းကျန့်တစ်ယောက် မျက်နှာလေးကိုလက်တစ်ဖက်ဖြင့်အုပ်ကိုင်ကာ သူလည်းငိုနေလျက်
"ဒီစကားတွေကိုကြားချင်ခဲ့တာ အနှစ်၂၀ရှိပြီ ဘာလို့အခုမှပြောရတာလဲ"
"ငါတောင်းပန်ပါတယ် ငါမှားခဲ့ပါတယ် ကျေးဇူးပြုပြီး ငါ့ကိုမထားပါနဲ့ ငါ...ငါမင်းမရှိပဲမနေနိုင်ဘူးရှောင်းကျန့် ငါမီးထဲမှာမင်းကိုပြစ်ထားခဲ့မိလို့ငါတောင်းပန်ပါတယ် သူများတွေက မင်းကိုစော်ကားပြောဆိုနေတာကိုတောင် မကာကွယ်ပေးခဲ့တဲ့ငါ့ကိုယ်ငါအရမ်းမုန်းမိတယ် ငါနောင်တတွေရပါပြီရှောင်းရယ်
ငါလေ မင်းကိုအရမ်းချစ်တယ် မင်းကို ငါ့ရဲ့မသိစိတ်ကနေ ဟိုးငယ်ငယ်လေးကတည်းကချစ်ခဲ့တာ ကိုယ့်စိတ်ကိုယ်မသိပဲ မင်းအပေါ်အမှားတွေ အများကြီးလုပ်ခဲ့မိတယ် မင်းကိုလျစ်လျူရှုခဲ့မိတယ် မင်းအချစ်တွေကိုမြင်ခဲ့တာတောင် ငါဆက်မှားနေခဲ့တုန်းပဲ ငါပြင်ပါ့မယ်ရှောင်းကျန့် ငါအားလုံးပြင်ပါ့မယ် မင်းပေးတဲ့အပြစ်ဒဏ်တွေကိုခံယူပြီး မင်းအနားမှာအစေခံတစ်ယောက်လိုနေရမယ်ဆိုရင်တောင် ငါနေပါ့မယ် နောက်ဆုံးခွင့်မလွှတ်နိုင်လို့ သ-တ်မယ်ဆိုရင်တောင် ရတာမို့ ငါ့ကိုထားမသွားပါနဲ့နော်"
"ရိပေါ်ရယ် မင်းကိုငါခွင့်လွှတ်ပါတယ် မင်းဆီကနေ ငါ့ကိုချစ်တယ်ဆိုတဲ့စကားနဲ့တင် ငါအားလုံးကိုခွင့်လွှတ်ပါတယ် ငါလည်း..မင်းကိုချစ်တယ်ရိပေါ် အရမ်းချစ်တာမို့ ထားမသွားပါဘူးရိပေါ်"
ရှောင်းကျန့် ရိပေါ်ကိုဖက်လိုက်ကာငိုတော့ ဘေးမှရပ်ကြည့်နေတဲ့ ရှောင်းမား ကျန်းသခင်မကြီးနဲ့ဝမ်ချင်တို့ကပါငိုနေကြသည်။ ရိပေါ်က ဝမ်ချင်တို့ကိုကြည့်ကာ ရှောင်းကျန့်ကို
"ဒါနဲ့ ဝမ်ချင်ပြောတော့ မင်းနဲ့ရိုဟန်က ထွက်သွားပြီဆို"
ထိုစကားကြောင့် ရိပေါ်ရင်ခွင်ထဲမှထွက်ကာ ရှောင်းကျန့်က
"ဟုတ်တယ် ရိုဟန်တော့ထွက်သွားပြီ မင်းကိုမခွဲနိုင်လို့ ငါမလိုက်သွားတော့ပဲနေခဲ့တာ"
"ရှောင်းရယ်...ဟာ ရိုဟန်နဲ့တောင် ငါမတွေ့လိုက်ရဘူး"
"ရိုဟန်က video ထားခဲ့တယ် အင့် ကြည့်လိုက်"
ရှောင်းကျန့် သူ့ဖုန်းထဲက video ကိုထုတ်ပြလိုက်သည်။ videoထဲမှ ရိုဟန်ကတော့
"ဟေ့ကောင်ဝမ်ရိပေါ် ဒီတစ်ခါတော့ မင်းကံကောင်းလို့အနိုင်ရသွားတယ်မှတ်ပါ မင်းလိုတုံးအ,တဲ့ကောင်ကို ငါတစ်ခါမှမမြင်ဖူးဘူးသိလား ဒီလောက်အရိပ်အငွေ့တွေပြခဲ့တာတောင် နဲနဲလေးမှသဘောမပေါက်တဲ့အကောင် ရိုက်သ-တ်ဖို့ပဲတန်တယ် အခုရှောင်းကျန့်က မင်းမှမင်းဖြစ်နေလို့ မင်းဆီကိုငါအပ်ခဲ့ပြီ ရှောင်းကျန့်ကို‌ေ-သချာဂရုစိုက်ပါ မဟုတ်ရင်တော့...ငါက ရှောင်းကျန့်ကို မင်းဆီကနေ ပြန်လုယူပြစ်မယ်ဆိုတာကိုသိထား ဒါပဲဟေ့ကောင် ဒီမှာအသဲကွဲလိုက်ဦးမယ်"
ဆိုကာ ငိုချင်ယောင်ဆောင်ပြီး ရှောင်းကျန့်ကိုဖက်လိုက်သောရိုဟန်
"ကဲ လေယာဉ်ထွက်တော့မယ်ရှောင်းကျန့် ငါသွားပြီ ဂရုစိုက်ကြပါ အားလုံးပဲ Bye Bye"
Videoလေးပြီးဆုံးသွားတော့ ရိပေါ်ပြုံးရယ်သွားကာ
"ဒီကောင်ရိုဟန်ကတော့လေ သွားခါနီးတောင် ရှောင်းကိုအသားယူသွားသေးတယ်"
"ညီအကိုတွေပဲဟာ"
"ဟင်? ဒါဆိုကိုယ်နဲ့ရှောင်းကရော?"
ရှောင်းမား/ကျန်းသခင်မကြီး/ဝမ်ချင် -"ချစ်သူတွေ!!!"
ရုတ်တရတ်ဘေးမှဝိုင်းပြောပေးကြတော့ ရှက်သွားသောရှောင်းကျန့် ခေါင်းကိုငုံ့သွားခဲ့သည်။ ရိပေါ်က ရှောင်းကျန့်မေးစေ့လေးကိုအသာမော့ကာ
"ကိုယ်မင်းကိုချစ်တယ်ရှောင်းကျန့်"
"ငါလည်းမင်းကိုချစ်တယ်ရိပေါ်"
ထိုစကားတွေအဆုံး နှုတ်ခမ်းလွှာနှစ်ခုထိစပ်ကာ အနမ်းချင်းဖလှယ်လိုက်ကြတဲ့ချစ်သူနှစ်ဦး မြင်ကွင်းလေးက ကြည်နူးဖွယ်ရာအတိ
>>>>>>>>>>THE END<<<<<<<<<<
အရာရာတိုင်းမှာအချစ်ဆိုတာရှိပါတယ်
အချစ်စစ်မှန်ခဲ့ရင် တန်ပြန်သ-က်ရောက်မှုရှိတယ်
ဒါပေမယ့် ဒါကအချစ်တိုင်းမှာတော့မဟုတ်ဘူးပေါ့
ကိုယ်ချစ်တာကို လက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ ကိုယ်ချစ်နေရင်ရပြီမို့
တစ်ဖက်ကချစ်ခြင်းတွေကိုမမျှော်လင့်ပါနဲ့
ဒါဆိုမင်းမနာကျင်ရတော့ဘူး
                 🌸ချစ်ရပါသောသာသာ🌸
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
#WattpadAuthor_LoonDarli
#feedbackလေးတွေပေးခဲ့ကြပါဦးခဗျ
#ဖတ်ရှုပေးတဲ့ဒါဒါလေးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ခဗျ
Continue Reading
You'll Also Like
202K 19.4K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
51.6K 3K 27
- Duty After School ff 𝐕𝐈𝐋𝐋𝐀𝐈𝐍 ❝ 𝗪𝗲 𝗮𝗹𝗹 𝗽𝗿𝗲𝘁𝗲𝗻𝗱 𝘁𝗼 𝗯𝗲 𝘁𝗵𝗲 𝗵𝗲𝗿𝗼𝗲𝘀 𝗼𝗻 𝘁𝗵𝗲 𝗴𝗼𝗼𝗱 𝘀𝗶𝗱𝗲, 𝗯𝘂𝘁 𝘄𝗵𝗮𝘁 𝗶𝗳...
966K 22K 49
In wich a one night stand turns out to be a lot more than that.
224K 4.7K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...