(Zawgyi)
🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸
"ရှောင်းကျန့် ငါ့ကိုဒီလိုလုပ်မနေနဲ့တော့"
"ဘာဖြစ်လဲ အဟင့် လုပ်ရယ်ကွာ အင့်ကွာ"
ဆိုကာ ထပ်မံ၍တွန်းလိုက်တော့ ရိပေါ် စိတ်မထိန်းနိုင်တော့ကာ သူ့နှလုံးသားရဲ့စေခိုင်းရာအတိုင်း ရှောင်းကျန့် လည်ဂုတ်လေးကိုကိုင်ကာ ဆူထော်ကာပြောနေတဲ့ရှောင်းကျန့်နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်သည်
မထိတွေ့ဖူးတဲ့ခံစားချက်တစ်ခု အဆမတန်ခုန်နေတဲ့နှလုံးခုန်သံတွေကို ရိပေါ်ကောင်းကောင်းကြီးခံစားတက်သွားပါပြီ ။ ရှောင်းကျန့် သူ့ကိုဖိကပ်နမ်းလိုက်တဲ့ရိပေါ်ကြောင့် အမူးပြေရုံရှိလာသော်လည်း မသိစိတ်ရဲ့နှိုးဆော်မှုကြောင့် မျက်ရည်များကျလာသည်။ အေးမြနေတဲ့ဆောင်းရာသီမှာ နှင်းများက တဖွဲဖွဲကျလို့ပင်။ ရှောင်းကျန့် ရိပေါ်ရင်ဘတ်ကိုစောင့်တွန်းကာ
"သွား!!! ငါ့အနားမှာက ထွက်သွား!!!!"
ရုတ်တရတ်အတွန်းခံလိုက်ရတဲ့ရိပေါ် သူ့ကိုနှင်ထုတ်နေတဲ့ရှောင်းကျန့်ရဲ့စကားကြောင့် သူ့နှလုံးသားမှာနာကျင်လာရသည်။ ထို့ကြောင့် မျက်ရည်ကြည်များ ဝဲတက်လာတဲ့ရိပေါ်
"ရှောင်းကျန့် ငါမင်းကိုချစ်တယ်လေ ဘာလို့ငါ့ကိုနှင်ထုတ်နေတာလဲ"
"အေ့...ငါမင်းကိုမချစ်ဘူးဝမ်ရိပေါ် ငါရိုဟန်ကိုပဲ"
"တော်တော့ရှောင်းကျန့်!!!!"
ရှောင်းကျန့် သူ့စကားမဆုံးခင်မှာပဲ ရိပေါ်ရဲ့ပိတ်အော်ခြင်းကိုခံလိုက်ရတာကြောင့် တစ်ကိုယ်လုံးတုံတက်သွားသည်။ ရိပေါ် ရှောင်းကျန့်ကိုဆွဲဖက်ကာ
"မင်းရိုဟန်ကိုချစ်လို့မရဘူးရှောင်းကျန့်...မင်းက ငါ့လူပဲ ငါ့ကိုပဲချစ်ရမယ် ငါ့အနားမှာပဲနေရမယ်"
ရိပေါ်စကားကိုကြားမိတော့ မူးနေတဲ့ရှောင်းကျန့် စတင်အမူးကပြေလျော့လာသည်။ သူ့ကိုဖက်ထားတဲ့ရိပေါ်လက်တွေကိုတွန်းဖယ်ကာ
"မင်း သိပ်အတ္တကြီးလွန်းတယ်ရိပေါ်...ငါအရွယ်ရောက်နေပြီ ငယ်ငယ်က မင်းအရှေ့မှာ မင်းခိုင်းတာလုပ် မင်းပြောတာခံပြီး မင်းတွဲသမျှသူတွေအနောက်ကိုတကောက်ကောက်လိုက် ကွယ်ရာမှာငိုနေခဲ့ရတဲ့ရှောင်းကျန့်မဟုတ်တော့ဘူး!!! ငါ့လမ်းငါရွေးတော့မှာ ဝမ်ရိပေါ်"
YOU ARE READING
🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]
Fanfiction❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့ရှောင်းကျန့်နဲ့ ရည်းစားတွေပွေရှုပ် အပျော်အပါးမက်တက်တဲ့ဝမ်ရိပေါ်။ တတိယလူပေါ်လာတဲ့အခါ တစ်ဖက်သက်အချစ်နဲ့ရှောင်းကျန့်ကရောဆက်ချစ်နိုင်ပါဦးမလား ရည...