(Zawgyi)
🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸
"ဗျာ....ဟာ...ဒါ ဒါဆို...."
မျက်ရည်များဝဲတက်လာတဲ့ရှောင်းကျန့်ကို ဝမ်ချင်စိတ်ပူသွားသည် ။ ထို့ကြောင့် ရှောင်းကျန့်လက်ကို အသာဆုတ်ကိုင်ပေးကာ
"ဘာဖြစ်လို့လဲရှောင်းကျန့် "
"ကျွန်တော်...ကျွန်တော်မှားသွားပြီဝမ်ချင်...ကျွန်တော်တကယ်အမှားလုပ်မိသွားပြီ"
ထိုသို့ပြောကာ ငိုချလာတဲ့ရှောင်းကျန့်ကိုဝမ်ချင်က ကျောလေးကိုအသာပွတ်သပ်ပေးကာ
"ရှောင်းကျန့်ရယ် မငိုပါနဲ့ကွယ် ဟူး....ဟဲ့ရိုဟန် ဘာဖြစ်တာလဲ ငါကိုပြောပါဦး"
ထိုအခါမှ သ-က်ပြင်းချလိုက်တဲ့ရိုဟန်
"ရှောင်းကျန့်က နင်နဲ့ဝမ်ရိပေါ်တွဲနေတယ်ထင်ပြီး ဝမ်ရိပေါ်ကို အပြတ်ပြောပြစ်လိုက်တာပဲ"
"ဘယ်လို?...ရှောင်းကျန့်ရယ်...ေ-သချာမသိပဲနဲ့ ရိပေါ်ကိုဘာတွေပြောလိုက်တာလဲ"
"ညက ရိပေါ်က ကျွန်တော့်ကိုတကယ်ချစ်တာမဟုတ်ဘူးတဲ့ အထင်သ-က်သ-က်ပဲတဲ့ သူချစ်တာဝမ်ချင်ပဲဆိုပြီးပြောတယ် ဒါကြောင့် ကျွန်တော်လည်း ရွဲ့ပြီးရိုဟန်နဲ့တွဲနေပြီလို့ပြောလိုက်မိတယ်"
"ဟာ ဘယ်လိုတောင်ပြောချလိုက်တာလဲရှောင်းကျန့် ရှင့်ကိုရိပေါ်က အရမ်းချစ်တာ နဲနဲလေးတောင်အထိခိုက်ခံတဲ့သူမဟုတ်ဘူးရှောင်းကျန့် ရှင်အထင်မှားနေပြီ ရိပေါ်ချစ်တာကျွန်မမဟုတ်ဘူးရှောင်းကျန့် ရှင့်ကိုပဲ...ရိပေါ်ကရှင့်ကိုချစ်တာ ရှောင်းကျန့်ရဲ့"
"ကျွန်တော်...ကျွန်တော်ဘာလုပ်ရတော့မလဲ ကျွန်တော်အထင်မှားခဲ့တယ်ဆိုရင်တောင် ချစ်တဲ့သူက သူလေ ကျွန်တော့်ကိုနဲနဲလေးတောင် ရှင်းပြခဲ့သင့်တယ်မဟုတ်ဘူးလား"
ဝမ်ချင်က ရှောင်းကျန့်မျက်ရည်လေးတွေကိုအသာသုတ်ပေးကာ
"ရိပေါ်ကလည်းရိပေါ်ပဲ ဘာကိစ္စနဲ့များ ရှင့်ကိုပိုပြီးအထင်လွဲအောင်ပြောခဲ့ရတာပါလိမ့်"
ထိုအခါ ရိုဟန်က
"အချစ်လေ ဝမ်ချင်...အချစ်ပေါ့ ချစ်ရတဲ့သူကို စိတ်ချမ်းသာစေချင်လို့ပဲ"
YOU ARE READING
🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]
Fanfiction❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့ရှောင်းကျန့်နဲ့ ရည်းစားတွေပွေရှုပ် အပျော်အပါးမက်တက်တဲ့ဝမ်ရိပေါ်။ တတိယလူပေါ်လာတဲ့အခါ တစ်ဖက်သက်အချစ်နဲ့ရှောင်းကျန့်ကရောဆက်ချစ်နိုင်ပါဦးမလား ရည...