SILENCE

Per Florist520

2.2K 315 204

Your Silence Is Killing Me Mรฉs

Intro
๐Ÿ’Œ (1)
๐Ÿ’Œ(1)-zawgyi
๐Ÿ’Œ (2)
๐Ÿ’Œ(2)-zawgyi
๐Ÿ’Œ (3)
๐Ÿ’Œ(3)-zawgyi
๐Ÿ’Œ (4)
๐Ÿ’Œ(4)-zawgyi
๐Ÿ’Œ (5)
๐Ÿ’Œ(5)-zawgyi
๐Ÿ’Œ (6)
๐Ÿ’Œ(6)-zawgyi
๐Ÿ’Œ (7)
๐Ÿ’Œ(7)-zawgyi
๐Ÿ’Œ (8)
๐Ÿ’Œ(8)-zawgyi
๐Ÿ’Œ
๐Ÿ’Œ(9)-zawgyi
๐Ÿ’Œ (10)
๐Ÿ’Œ(10)-zawgyi
๐Ÿ’Œ (11)
๐Ÿ’Œ(11) - zawgyi
๐Ÿ’Œ(12)
๐Ÿ’Œ(12) - zawgyi
๐Ÿ’Œ (13)
๐Ÿ’Œ (13) - zawgyi
๐Ÿ’Œ (14)
๐Ÿ’Œ (14) - zawgyi
๐Ÿ’Œ (15)
๐Ÿ’Œ (15) - zawgyi
๐Ÿ’Œ (16)
๐Ÿ’Œ (16) - zawgyi
๐Ÿ’Œ (17)
๐Ÿ’Œ (17) - zawgyi
๐Ÿ’Œ(18)
๐Ÿ’Œ(18) - zawgyi
๐Ÿ’Œ(19)-1
๐Ÿ’Œ(19)-2
๐Ÿ’Œ(19) - zawgyi
๐Ÿ’Œ(19)-2- zawgyi
๐Ÿ’Œ(20)
๐Ÿ’Œ(20) - zawgyi
๐Ÿ’Œ

๐Ÿ’Œ (9)

73 13 4
Per Florist520

(၉)

၂၀၀၂ခုနစ်၊အိုဆာကာမြို့။

ဒီနေ့က ဖေဖော်ဝါရီလရဲ့ နောက်ဆုံးရက်၊Rikuက အချိန်အပိုင်းအလုပ်ရှင်သူဌေးဆီက လစာထုတ်ပြီး သူဌေးကို နှုတ်ဆက်ပြီး ၂၄နာရီဆိုင်လေးထဲက ထွက်ခဲ့တယ်။Rikuက အချိန်ပိုင်း အလုပ်တွေအများကြီးလုပ်နေတဲ့အထဲက ဒီအလုပ်ဟာ Rikuအတွက် သက်သောင့်သက်သာအရှိဆုံးနဲ့ နေ့တိုင်းလုပ်ရတဲ့အလုပ်ပဲ။အိုဆာကာမှာ ၂၄နာရီ ကုန်ပစ္စည်းဆိုင်ဆိုတာမျိုးရှိတယ်။Rikuတို့ ဖူကူအီမှာတော့ အိမ်ဆိုင်လေးတွေရှိပြီး မြို့ထဲမှာတော့ စတိုးဆိုင်အကြီးကြီးတွေရှိတယ်။ဒါပေမယ့် အိုဆာကာမှာတော့ ၂၄နာရီစတိုးဆိုင်သေးသေးလေးရှိတယ်။Rikuက အဲ့မှာ မနက်ခင်းတစ်ပတ်၊ညခင်းတစ်ပတ် အချိန်ပိုင်းလုပ်ပြီး ကျောင်းတတ်တယ်။သူဌေးက ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့အမျိုးသမီးကြီးတစ်ယောက်ပါပဲ။သူဌေးက Rikuကို ချစ်လွန်းလို့ သူ့သမီးနဲ့ပေးစားတဲ့အထိပဲ။

အခုက ည၁၀နာရီထိုးပြီ။ညခင်းတာဝန်ဆိုပေမယ့် ဒီနေ့က လကုန်ရက်မို့ သူဌေးကစောစောပြန်လွှတ်လိုက်တာဖြစ်တယ်။လမ်းပေါ်မှာ လူတွေအများကြီး ဖြတ်လျှောက်နေကြတယ်။မီးပွိုင့်ကူးဖို့ ရပ်စောင့်နေတဲ့လူတွေဟာ အုံထပ်လို့။Rikuက အိုဆာကာရဲ့ တစ်ကိုယ်တော် တက္ကသိုလ်ကျောင်းသညးလေးတစ်ယောက်ပါ။Rikuမှာ စနေ၊တနင်္ဂနွေမှာ လုပ်ရတဲ့အလုပ်ရှိသေးတယ်။

Rikuအရမ်းမုန်းတဲ့ တရုတ်ဟေ့ပေါ့ဆိုင်မှာ ဟော့ပေါ့အိုးတွေကို ဆေးပေးရတယ်။အိုးမှာ မီးကျွမ်းရာတွေမရှိအောင် ပြောင်ဝင်းနေအောင် လက်ပြုတ်ထွက်မတက်ပွတ်တိုက်ရတယ်။နှစ်ရက်ထဲလုပ်ရတဲ့အလုပ်က နှစ်နှစ်လောက်နားရင်တောင် အမာပြေမှာမဟုတ်ဘူး။တရုတ်သူဌေးရဲ့ တရုတ်လို ဆူပူအော်ဟစ်သံတွေကြာင့် Rikuတစ်ယာက် ဟေ့ာပေါ့ဆိုင်ကို အမုန်းကြီးမုန်းနေပြီ။ဒါပေမယ့် လစာက ကောင်းတယ်။တရုတ်နှစ်သစ်ကူးလိုရက်မျိုးမှာ အံပေါင်းအများကြီး ရတတ်တာမို့ ပိုက်ဆံပိုစုဖြစ်တယ်။

လမ်းကူးဖို့စောင့်နေတဲ့ လူအုပ်ကြီးနဲ့ Rikuက လမ်းဖြတ်ကူးလိုက်တယ်။လူတိုင်းက စမတ်ဖုန်းတွေနဲ့ အလုပ်ရှုပ်နေကြတယ်။Rikuက ရှိနေတဲ့ စမတ်ဖုန်းကိုတော့ ကြည့်ဖို့ မအားနိုင်ဘူး။

ည၁၀နာရီခွဲလောက်မှာ Rikuက အဆောင်ခန်းကို ပြန်ရောက်တယ်။အဆောင်ခန်းက ကျဉ်းကျဉ်းလေး။ခုတင်မရှိပဲ ကြမ်းပေါ်မှာ ဒီအတိုင်း အဖြူရောင် ဂွမ်းစောင်ကို ချခင်းထားတယ်။ထမင်းစားဖို့ စားပွဲတစ်ခု ထိုင်ခုံတစ်ခု။ထမင်းဟင်းချက်စားဖို့ ခါးလောက်ရှိတဲ့ အုတ်စားပွဲတစ်ခုနဲ့ ဒယ်အိုးနှစ်လုံး။အပြင်ကလမ်းကိုမြင်နိုင်တဲ့ ဝရံတာတစ်ခုလဲရှိသေးတယ်။

အဆောင်ခန်းထဲ ဝင်ဝင်ချင်း ဝရံတာမီးဟာ ပွင့်နေပြန်တယ်။Rikyက စိတ်ညစ်သလို သက်ပြင်းတစ်ချက်ချလိုက်တယ်။Rikuအခန်းနဲ့ဘေးကပ်ရပ်မှာ နောက်အခန်းတစ်ခုရှိတယ်။တစ်ကယ်တော့ နှစ်ခန်းပေါင်းမှာ အခန်းကျယ်တစ်ခန်းဖြစ်မှာဆိုပေမယ့် အရင်အိမ်ပိုင်ရှင်က သူ့ယောင်္ကျားနဲ့ ရန်ဖြစ်ပြီး အခန်းကို နှစ်ခြမ်းပိုင်းလိုက်တာတဲ့။

အခန်းနှစ်ခန်းက အရှေ့တံခါးကသာ နှစ်ခုဖြစ်နေတာ။ဝရံတာကတစ်ခုတည်း
အခန်းနှစ်ခန်းက ဝရံတာတံခါးပေါက်ကနေ ဟိုဘက်ခန်းဒီဘက်ခန်းကူးလို့ရတယ်။Rikuက စစချင်းတုန်းက တွေးမိတယ်။ဒီလင်မယားနှစ်ယောက်ဟာ အလုပ်ရှုပ်ခံပြီး အခန်းကို ခွဲပစ်လိုက်တာပဲ။မဟုတ်လဲ ဝရံတာတံခါးကနေ ကူးနေလို့ရသေးတာကို ဘာကြောင့်များ ခွဲနေသေးတာလဲ။

Rikuက ကျောပိုးအိတ်ကို တိုင်မှာချိတ်ပြီး ဝရံတာကို ထွက်ခဲ့တယ်။
ဘေစခန်းကနေတဲ့ ကောင်လေးကို သူအမြဲတမ်းပြောရတယ်။ဝရံတာမီးကို ဖွင့်မထားဖို့၊မီတာကို ချွေတာဖို့ ပြောပေမယ့် Rikuညဘက်ပြန်လာတိုင်း အဲ့မီးက ပွင့်နေတော့တာပဲ။မီးခလုတ်က Rikuအခန်းထဲမှာ မဟုတ်တာမို့ မီးပိတ်ဖို့ ခနခနပြောရတယ်။

Rikuက ဝရံတာကနေ တစ်ဖက်အခန်းတံခါးကို ခေါက်လိုက်တယ်။တံခါးက မှန်တံခါးပဲ အထဲမှာ လိုက်ကာစနဲ့ကာထားတာမို့ အခန်းထဲကိုတော့ မမြင်ရဘူး။ဒီအချိန်က အိပ်ချိန်ရောက်နေပြီ ဆိုပေမယ့် Rikuက နားမလည်နိုင်တော့ဘူး။အခေါက်ပေါင်းများစွာပြောတာတောင် ဒီအခန်းထဲကလူက ခေါင်းမာလွန်းတယ်။

"Kim Daeyoung တံခါးဖွင့်စမ်း"

ဆက်တိုက် ထုခေါက်နေတာတောင် တံခါးမဖွင့်လာတာမို့ နာမည်ကို အော်ခေါ်လို့ တံခါးခေါက်လိုက်တယ်။နာမည်အော်ခေါ်လိုက်မှ အထဲက လိုက်ကာကို ဖွင့်ပြီး တံခါးဖွင့်ပေးတယ်။

"မင်းကို ငါမပြောထားဘူးလား ဒီဝရံတာ မီးလုံးကို မဖွင့်ထားပါနဲ့လို့ တစ်လတစ်လ မီတာခက များရတဲ့အထဲ ငါ့ကို အပိုဝင်ငွေကုန်အောင် မလုပ်စမ်းနဲ့"

ဒါဟာ Rikuအမြဲပြောတဲ့စကားပါ။အဲ့လို ပြောတိုင်း Daeyoung က အခန်းထဲကနေပဲ နံရံကိုမှီပြီး Rikuကို ကြည့်နေတတ်တယ်။ပြီးရင် ဝရံတာဘက်ထွက်လာပြီး စကားပြောမယ်။

"ညဘက်ကြီး အိမ်ပြန်လာရတာ အန္တာရယ်များတယ် မီးထွန်း‌ထားတော့ လမ်းကို ကောင်းကောင်းမြင်ရတယ် မီတာခ ငါ ရှင်းမှာမို့ မင်းပါးစပ်ပိတ်ထား" ဆိုတာမျိုး။

Rikuတို့အခန်းက အဆောက်အဦးရဲ့ သုံးလွှာမှာ။ဝရံတာမီးသာ ထွန်းထားရင် အောက်က လမ်းကို ကောင်းကောင်းမြင်ရတယ်။

"မင်းတစ်ယောက်ထဲ ရှင်းရင် ငါကလူဆိုးကောင်ဖြစ်မှာပေါ့ ဒီခလုတ်လေးပဲ ပိတ်ရတာ မင်းအတွက် ဘာအပန်းကြီးနေလဲ"

Rikuက ပြောလဲပြောရင်း Daeyoung အခန်းထဲဝင်ပြီး ဝရံတာ မီးခလုတ်ကို ပိတ်လိုက်တယ်။Daeyoungကို မျက်စောင်းတစ်ချက်ထိုးပြီး အခန်းထဲ ပြန်ဝင်လာခဲ့တယ်။ဝရံတာ တံခါးကိုပိတ်ပြီးမှ အခန်းထဲက နံရံကို မှီချပြီး ကိုယ့်ရင်ဘတ်ကိုယ် ဖိလိုက်တယ်။

၂၀၀၀ခုနစ်ကနေ ၂၀၀၂ခုနစ်ထိ ၂နှစ်လုံးမှာ သူတို့နှစ်ယောက်ပြောဖြသ်တဲ့စကားဟာ အဲ့ဝရံတာကမီးလုံးကို ပိတ်ဖို့ပဲဖြစ်တယ်။

၂၀၀၀ခုနစ်ရဲ့ အစပိုင်းမှာ Rikuက တစ်ယောက်တည်း အိုဆာကာကို တက်လာခဲ့တယ်။ဖူကူအီက မိဘတွေနဲ့မဆက်သွယ်တော့ပဲ တစ်ယောက်ထဲနေဖို့ ဆုံးဖြတ်ခဲ့ချိန်ပေါ့။အဲ့အချိန်တုန်းက Riku က အသက်၁၉နှစ်ပဲ ရှိသေးတာမို့ တစ်ယောက်တည်းနေဖို့ အဆင်ပြေပါ့မလား စိတ်ပူနေသေးတာ။Rikuကိုယ်တိုင်လဲ စိတ်ပူခဲ့တယ်။တက္ကသိုလ်က တက်ရအုံးမယ့်အပြင် နေထိုင်စားသောက်ဖို့ ရုန်းကန်ရမှာမို့ အများကြီး စိုးရိမ်နေခဲ့တာ။

တော်သေးတာက Rikuက မျက်နှာရွှင်ရွှင်နဲ့ အာသွက်လျှာသွက်လေးမို့ အလုပ်လုပ်သမျှဆိုင်တိုင်းကလူတွေက ချစ်ကြတယ်။ကလေးငယ်ငယ်လေးမို့ ကူညီပေးကြတယ်။အိမ်ရှင်အဒေါ်ကြီးက ဘေးအခန်းမှာလဲ တက္ကသိုလ်ကျောင်းသားတစ်ယောက် လာနေမှာ ရင်းရင်းနှီးနှီးနေကြဖို့ ပြောတုန်းက Rikuက ပျော်သွားခဲ့သေးတယ်။အဲ့ဒီသူက Kimမျိုးရိုးမှန်း မသိခင်အချိန်ထိပေါ့။

"Riku ဒါက ဘေးအခန်းက သူငယ်ချင်း Kim Daeyoung တဲ့ နာမည်က ထူးဆန်းတယ်မို့လား သူက ကိုရီးယားလူမျိုးမို့လေ"

သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးတာကလဲ ဝရံတာမှာပဲ။Daeyoungမျက်နှာကို မြင်တော့ Rikuရင်ဘတ်ဟာ တဒုန်းဒုန်းနဲ့ပဲ။
Rikuရဲ့စက်ဘီးလက်ကိုင်ကို Daeyoung က ထိန်းပေးလိုက်တုန်းကလို
ရေသန့်ဗူးခွံနဲ့အသာလေး ထိလိုက်တုန်းကလို
တိုးတိုးလေး"အချစ်" လို့ခေါ်တုန်းကလို
Daeyoung ပုခုံးပေါ်မှာ အိပ်ပျော်သွားတုန်းကလို နှလုံးသားဟာ မူမမှန်စွာ ခုန်နေခဲ့တယ်။

Daeyoung ကတော့ ဂျယ်နဲ့အိရိနေအောင် ဖြီးထားတဲ့ ဆံပင်နဲ့ ‌နက်ပြာရောင် ရှပ်ကော်လာ ဝတ်ပြီး Rikuဆီလက်လှမ်းပေးတယ်။လက်ဆွဲနှုတ်ဆက်ဖို့ရာ မေ့နေခဲ့တယ်။

အဲ့နေ့ကစပြီး Rikuက အဝတ်တွေကို ဝရံတာမှာ ထွက်မလှန်းတော့ဘူး။အခန်းထဲမှာပဲ အဝတ်စင်ဝယ်ပြီး လှန်းတယ်။တစ်ခါတစ်လေ မိုးအုံ့ပြီး အဝတ်မခြောက်ဘူး။ဒါလဲအဆင်ပြေသေးတယ် Kim Daeyoung နဲ့ မျက်နှာချင်းမဆိုင်ရရင် အဆင်ပြေသေးတယ်။

နှစ်လလောက်ကြာတော့ မီတာခတွေက စုထားတဲ့ပိုက်ဆံနီးပါးကျလာတယ်။အိမ်ရှင်အဒေါ်ကြီးကိုမေးတော့ မီးတွေဖွင့်ထားရင် မီတာခ ပိုကျတယ်တဲ့။ဝရံတာ မီးလုံးက နှစ်ခန်းလုံးနဲ့ဆိုင်တော့ တစ်ယောက်တစ်ဝက်စိုက်ဖို့ပြောတယ်။အဲ့နေ့မှာ Rikuက Daeyoung ကို စကားစပြောခဲ့တယ်။

"မင်း ဝရံတာမီးလုံးကို ညတိုင်းပိတ်ပေးပါလား"

Daeyoung က ဒီအတိုင်း ခေါင်းပဲ ညိမ့်ပြတယ်။Rikuညပိုင်း တာဝန်ကျတဲ့ရက်တွေဆို ည၁၂နာရီမှ ပြန်လာရတယ်။လမ်းကမှောင်တော့ ကောင်းကောင်းမမြင်ရဘူး။အရှေ့က မီးမထွန်းလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိမလို ဖြစ်သွားသေးတယ်။အဲ့နေ့ကစပြီး ဝရံတာမီးဟာ ပွင့်နေတော့တာပဲ။

အခုလဲ ပြောသာပြောရတာ Kim Daeyoung ဟာ မီးပိတ်မယ့်သဘောမရှိဘူး။Rikuပိတ်ထားခဲ့တဲ့မီးကို ပေကပ်ကပ်နဲ့ ပြန်ဖွင့်ထားတယ်လေ။

အဲ့ဒီKimမျိုးရိုးက အမြင်ကတ်စရာ။

-SILENCE-

Rikuက အင်ဂျင်နီယာတက္ကသိုလ်က တက္ကသိုလ်ကျောင်းသားလေးပဲ။အထထက်တန်းတုန်းက အဆောက်အဦးတွေဆောက်ချင်တဲ့ ဆန္ဒဟာ ပြင်းပြလာတာမို့ စာကိုအသေအလဲလုပ်ခဲ့တာ တော်သေးတယ် အင်ဂျင်နီယာကျောင်းသားဖြစ်သွားလို့။

ဒုတိယနှစ်ကျောင်းသားပီပီ စတိုင်နဲ့အထာကျတဲ့ စီနီယာတစ်ယောက်ပေါ့။‌အော် Hanaလဲ ဒီတက္ကသိုလ်မှာပဲ။Rikuက Hanaနဲ့တွဲနေတုန်း ဒါပေမယ့် လက်ချင်းယှက်ကိုင်တဲ့အဆင့်ပဲရှိသေးတယ်။ရှက်စရာကောင်းလိုက်တာ။

"ဟေ့ကောင် Hanaကို မင်းနမ်းဖူးလား"

ပုံစံငယ်တွေဆောက်ကြည့်ရင်း Rikuသူငယ်ချင်းတွေက ခနခန‌လာမေးတယ်။Hanaက ဒီမေဂျာရဲ့ smile queenလေးဆိုတော့ သူတို့နှစ်ယောက်အကြောင်းကို အရမ်းစိတ်ဝင်စားကြတယ်။အဲ့လိုအမေးခံရတိုင်း Rikuက ခေါင်းပဲ ငြိမ့်လိုက်တယ်။

"Riku ညနေကျ ငါ့သူငယ်ချင်းမွေးနေ့ အတူလိုက်ခဲ့ပါလား"

‌အတန်းပြီးတော့ Hanaက Rikuလက်မောင်းကို ချိတ်ပြီး မေးလာတယ်။

"အာ Hana ငါမအား..."

Rikuသကားမဆုံးခင်မှာပဲ Hanaက ဖြတ်ပြောတယ်။

"ရတယ် ရတယ် နင်အားတဲ့တစ်ရက်မှ ငါတို့အတူ ဒိတ်ရအောင်"

Rikuက အချိန်ပိုင်းအလုပ်တွေအပြည့်မို့ Hanaကို အချိန်မပေးဖြစ်ဘူး။အဲ့ဒါကို သိသိနဲ့ Hanaက Rikuကို နားလည်ပေးတယ်။အားနာစရာကောင်းလိုက်တာ။ထွက်သွားတဲ့ Hana ကိုပဲ Rikuက တိတ်တိတ်လေး တောင်းပန်စကားဆိုလိုက်တယ်။

မတ်လအလယ်မှာ သိသိသာသာပူလာပြီ။ချွေးထွက်ရတာကြိုက်တဲ့ Rikuအတွက် ရာသီဥတုက နေရတာ အဆင်ပြေပေမယ့် ဘေးအခန်းက Daeyoung ကတော့ အပူဒဏ်မခံနိုင်ဘူး။ဒီလိုအချိန်ဆို ဝရံတာ တံခါးကိုဖွင့်ထားပြီး လိုက်ကာကိုလဲ ဘေးကို စုချည်ထားတယ်။

အခန်းထဲကနဲနဲလှောင်လို့ ဝရံတာခနထွက်လိုက်တယ်။ဒီနေ့က Rikuညဘက်တာဝန်မဟုတ်တာမို့ ညစောစောအိပ်ဖို့ ဆုံးဖြတ်ထားတယ်။စွပ်ကျယ်အဖြူနဲ့ ‌ပေါင်လယ်ဘောင်းဘီအတိုကိုပဲ ပေါ့ပေါ့ပါးပါးဝတ်ထားတယ်။သုံးလွှာမို့ ရှုခင်းကောင်းကောင်းမမြင်ရ လေကောင်းကောက်းမရပေမယ့် အရှေ့လမ်းကို မြင်နေရတယ်။တွန်းလှည်းနဲ့ အသုတ်ရောင်းတဲ့ဦးလေးကြီးရှိတယ်။အဲ့ဦးလေးကြီးရဲ့အသုတ်က အရသာတော့ကောင်းပါရဲ့ Rikuက အဲ့အသုတ်စားပြီးရင် ဗိုက်အောင့်ပါလေရော။တစ်ခါတစ်လေ စားချင်လွန်းလို့ ဆေးကြိုသောက်ထားရတယ်။

ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေရင်း ဘေးအခန်းက ဂီတာသံကို ကြားလိုက်ရတယ်။တံခါးကလဲ ဖွင့်ထားတာမို့ Kim Daeyoung ကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။အပွင့်ပါတဲ့စပန့်အင်္ကျီအမဲရောင်နဲ့ဘောင်းဘီတိုကိုဝတ်ထားတယ်။ကြယ်သီးတစ်လုံးဟာ ပြုတ်နေတာမို့ ရင်ဘတ်ဖွေးဖွေးလေးက ပေါ်နေတယ်။ဆံပင်ကလဲ အရင်လို ဘုတ်သိုက်နဲ့။

Daeyoung က ဂီတာတီးနေတာပဲ။ဘေးမှာလဲ စာရွက်တစ်ရွက်နဲ့ဘောပင်တစ်ချောင်း။သေချာပါတယ် ဒီကောင်လေးဟာ သီချင်းရေးနေတာ သူလိုက်မယ့်ကောင်မလေးအတွက်ဖြစ်ရင်ဖြစ် မဟုတ်ရင် သူ့သူငယ်ချင်းကောင်တွေအတွက်ရေးပေးနေတာ ဖြစ်မယ်။

ပြောရရင်တော့ အဲ့ဒီ Kim မျိုးရိုးဟာ အမြင်ကတ်စရာ။

အရာရှိကြီးက တိုကျိုမှာ ကျောင်းတက်ဖို့ အကုန်စီစဉ်ပေးထားတာကို အိုဆာကာမှာတက်ဖို့ခြေစုံကန်ငြင်းနေခဲ့တာလေ။အဲ့တုန်းက သုတို့နှစ်ယောက် ပြဿနာဖြစ်ပြီးခါစ ၂၀၀၀ ခုနှစ်ရဲ့ အစပဲရှိသေးတယ်။Daeyoungတို့အိမ်ဘက်မှာ သားအဖနှစ်ယောက် ငြင်းခုန်သံတွေဆူညံနေရော။နောက်ဆုံးတော့ အိုဆာကာပဲ နိုင်သွားတယ် ထင်ပါတယ်။

ပြီးတော့ Rikuအခန်းနဲ့ဈေးအတူတူပဲရှိတဲ့ဘေးအခန်းကို ဈေးကြီးပေးပြီး လုဝယ်တယ်တဲ့လေ။အဲ့အခန်းက ဘာတွေများကောင်းနေလို့တုန်း။

Rikuဟာ အတွေးတွေနဲ့ Daeyoung အခန်းဘက် ကြည့်နေချိန် Daeyoung ဘေးနားကို ချိုင်းပြတ်အင်္ကျီအဖြူနဲ့ဘောင်းဘီအတုိဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က လာထိုင်ပြီး Daeyoung ညာဘက်ပုခုံးပေါ်မှီတယ်။
Rikuက ကပ်သီးကပ်ဖဲ့ တွေးရရင် သူမှီခဲ့တဲ့ ဘယ်ဘက်ပုခုံးမဟုတ်လို့တော်ပါသေးတယ်ဆိုပြီး သက်ပြင်းချရတယ်။

Daeyoung က အရွယ်ရောက်လာပြီးပဲ။ဒီနှစ်ထဲဆိုရင်တောင် အသက်၂၀ပြည့်တော့မယ်။ချစ်သူကောင်မလေးရတာ အဆန်းလား။
သူတို့မေဂျာက ကိုရီးယားမလေးလို့ကြားတယ်။လိုက်စုံစမ်းတာတော့ မဟုတ်ပါဘူး ဒီအတိုင်း သတင်းတွေကြားရုံတင်။

နာရီဝက်လောက်ကြာတော့ Daeyoung က ဝရံတာဘက်ထွက်လာဖို့ ထလာတယ်။Rikuဟာ ပြာယာခက်ပြီး အခန်းထဲပြင်ဝင်ဖို့ပြင်တယ်။

"ဝရံတာမီးက ပိတ်လို့မရတော့ဘူး မီးခလုတ်ပျက်သွားပြီ"

အဆက်အစပ်မရှိပြောလာတဲ့စကားကြောင့် Rikuက ကြောင်သွားတယ်။

"ဟင်"

မျက်လုံးဝိုင်းနဲ့ပြန်ကြည့်တဲ့ Rikuက တစ်ခနလောက်ချစ်စရာကောင်းသွားတယ်ထင်ပါတယ်။Daeyoungက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

"အော် အဲ့လိုဆို အပြင်ဆရာခေါ်ရမှာပေါ့"

"မဟုတ်ဘူး မင်းခနဝင်ကြည့်လှည့်အုံး"

ဒါက ပထမဆုံးအကြိမ် Daeyoung က Rikuကို အိမ်ထဲ ဖိတ်ခေါ်ခြင်း။အမြဲတမ်း Rikuကပဲ Daeyoung အခန်းထဲ ဇွတ်ဝင်ပြီး မီးခလုတ်ပိတ်နေကျမို့လား။

Daeyoung ပုံစံက တစ်ခုခုမလုပ်တတ်လို့ မိဘကိုပူဆာနေတဲ့ ကလေးလေးလိုပဲမို့ Rikuလဲ အထဲကိုဝင်ကြည့်လိုက်တယ်။အထဲရောက်တော့ ခုနက အမျိုးသမီးက ဘေစင်မှာ ကော်ဖီခွက်ကိုဆေးနေတယ်။ပြီးတော့ Daeyoung အိပ်ယာပေါ်က သူမရဲ့အဝတ်အစားတွေယူဝတ်ပြီး Daeyoung အနားမှာ မတ်တပ်လာရပ်တယ်။

Rikuတစ်ခုခုကို အလိုမကျဘူး။မီးပိတ်မရတာကို အလိုမကျတာလား Daeyoung အခန်းထဲကို ဝင်လာရတာကို အလိုမကျတာလား မသိတတ်တော့ဘူး။သေချာတာက Rikuလက်ဖျားတွေ အေးစက်လာတယ်။ဝမ်းနည်းလာတယ်။
-
-
-
-
-
-
-
-SILENCE-

Yo yo yo yo
ပြန်လာပါပြီ။ဒီဘက်အပိုင်းကစပြီး Riku povတွေလာပါပြီနော်။
တကယ်ပေါ့ပေါ့ပါးပါးလေးမို့ စိတ်လွတ်လက်လွတ် enjoyပါရှင်။
-

Continua llegint

You'll Also Like

3.5M 148K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally โฃ๏ธ Cover credit...
4.1K 140 5
"แ€…แ€ฎแ€ธแ€€แ€›แ€€แ€บแ€บแ€แ€ฝแ€ฑแ€‘แ€€แ€บ แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€€แ€ญแ€ฏ แ€•แ€ญแ€ฏแ€•แ€ผแ€ฎแ€ธ แ€…แ€ญแ€แ€บแ€แ€„แ€บแ€…แ€ฌแ€ธแ€•แ€ฑแ€ธแ€™แ€œแ€ฌแ€ธ "
6K 547 10
แ€œแ€ฝแ€„แ€ทแ€บแ€™แ€ผแ€ฑแ€ฌแ€”แ€ฑแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€„แ€บแ€•แ€ฑแ€ซแ€บแ€€ แ€กแ€–แ€ผแ€ฐแ€›แ€ฑแ€ฌแ€„แ€บแ€แ€ญแ€™แ€บแ€แ€ญแ€ฏแ€€แ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€–แ€™แ€บแ€ธแ€†แ€ฏแ€•แ€บแ€–แ€ญแ€ฏแ€ทโ€Œแ€€แ€ผแ€ญแ€ฏแ€ธแ€…แ€ฌแ€ธแ€–แ€ฐแ€ธแ€œแ€ฌแ€ธ? แ€œแ€ผแ€„แ€ทแ€นแ€ฑแ€ปแ€™แ€ฌแ€ฑแ€”แ€แ€ฒแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ธแ€€แ€„แ€นแ€ฑแ€•แšแ€€ แ€กแ€ปแ€–แ€ดแ€ฑแ€›แ€ฌแ€„แ€นแ€แ€ญแ€™แ€นแ€แ€ญแ€ฏแ€€แ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏ แ€–แ€™แ€นแ€ธแ€†แ€ฏแ€•แ€นแ€–แ€ญแ€ฏ...
3.1M 254K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...