ငပြူးငလူး

بواسطة TomorrowChen

469K 33.4K 6.9K

ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ် المزيد

Intro & Explanation
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
New Year Art
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 ( Final Part )
Part 42 ( Extra Part )

Part 9

11.8K 883 230
بواسطة TomorrowChen

(Uni)

လောလောလောလောနဲ့ သုတ်ခြေတင်လာရတဲ့ လူးလွန့်မောင်က ကျွတ်လုဆဲဆဲသူ့ပုဆိုးကို ပြန်ပြင်ဝတ်ဖို့ရာအတွက် အချိန်မရှိခဲ့ပါချေ။ ထို့ကြောင့် မတတ်သာစွာနဲ့ပဲ လူစုံတက်စုံရှေ့ရောက်မှသာ လျော့ရဲရဲဖြစ်နေတဲ့ သူ့ပုဆိုးကို အလျင်ပြန်ဝတ်ရင်းက စကားအချေအတင်ဖြစ်နေကြတဲ့ အကြောင်းအရင်းကို ဆက်မေးလာသည်။

" ဘာတဲ့..။ ဒီကောင်စောနက ငပြူးကို ကလေးမလို့ခေါ်လိုက်တာ.. ဟုတ်လား သွားကျိူး "

" ဘာကိုသွားကျိုး! မင်းကိုငလူးလို့ခေါ်တော့ကျ မင်းကြိုက်လား.. ဟမ်! "

" မင်းကိုဟုတ်လား မဟုတ်ဘူးလားပဲ ငါမေးနေတာ..။ ကဲကဲ! မင်းသန့်ပိုင်.. အဲ့ကားပေါ်ကနေလည်း ဆင်းခဲ့ပါဦး။ ရောက်တုန်းရောက်ခိုက် အကြောလေးဘာလေး ဆန့်ကြရအောင် "

လင်းခန့်ကျော်ကို ဘာသိဘာသာ ပလစ်ထားလိုက်ပြီး မင်းသန့်ပိုင်ဘက်ကိုအပီလှည့်ကာ ကားခေါင်မိုးအား လူးလွန့်မောင် တစ်တောက်တောက်နဲ့ခေါက်လို့ အတင်းခေါ်ချတော့သည်။

" အဟဲ! ငါ့အမှားပါ ကိုကိုလူးရာ..။ မတော်တဆအမှားလေးမို့ အာဘွားလေးနဲ့ပဲ အဆုံးသတ်လိုက်ရအောင်နော် "

" ..... "

မင်းသန့်ပိုင်ရဲ့ မျက်ခွက်ပြောင်လှတဲ့ အပြောတစ်ပေါက်ကြောင့် ခညောင်းဦးအနည်းငယ် ဆွံ့အချင်သွားရသလို လင်းခန့်ကျော်လည်း နေရင်းထိုင်ရင်းက ပါးတွေနားတွေပါ ယားကားသွားရှာလေသည်။ လူးလွန့်မောင်ကတော့ ဆိုဖွယ်ရာမရှိအောင်ပင် ဝင်လေထွက်လေတောင်မှ မှားရှူမိသွားရပြီ။

" မင်း.. အခုချက်ချင်းဆင်းလာခဲ့လိုက်! "

" Nope! ရူးနေလို့ ငါကဆင်းရမှာလားကွ "

" ရတယ်လေ.. သေဖို့သာပြင်ထားတော့! "

" ငလူး! "

သူ့ရှေ့ကနှစ်ယောက်ကို အမှန်တကယ် သတ်ပုတ်ကြတော့မည်အထင်နဲ့ လက်တပြင်ပြင်ရွယ်နေတဲ့ လူးလွန့်မောင်လက်မောင်းကို ခညောင်းဦးလှမ်းကိုင်ပြီး ဟန့်တားလာမိတော့သည်။ ယခုအချိန် ရပ်ကွက်စျေးမှာက လူစုံတက်စုံဖြစ်နေသေးသလို တော်တော်များများကလည်း သူတို့လေးယောက်ရှိရာဆီကိုသာ မသိမသာလှည့်လို့ကြည့်ပြီး အကဲခတ်နေကြသည်လေ။

ထို့အပြင် ဘာမှမဟုတ်တဲ့ ယင်ကောင်တစ်ကောင် ကလေးမွေးတာမျိုးကိုတောင် တစ်ဆိတ်ကိုတစ်အိတ် လုပ်ချင်နေကြသူတွေလည်း ဖြစ်နေတာကြောင့် ရပ်ကွက်ပါးစပ်က ခညောင်းဦးအတွက်တော့ ကြောက်စရာအကောင်းဆုံးပင်။ လူးလွန့်မောင်ကလည်း အံ့ဩဖွယ်ကောင်းအောင်ပင် ခညောင်းဦးကဟိတ်ဆိုရုံနဲ့ တန်းတိတ်သွားခဲ့လေသည်။

" ငါတို့.. အိမ်ပြန်ကြရအောင်လေ ငလူး..။ မိုးလည်းချုပ်တော့မယ် "

" ဟုတ်သား! မင်းဗိုက်ဆာနေပြီလား ငပြူး..။ လာလာ.. ပြန်ကြစို့! "

နှစ်အတော်ကြာသည်အထိ မတွေ့ဖြစ်ကြတော့တဲ့ ငယ်သူငယ်ချင်းတစ်ယောက်လုံးကို နှုတ်တောင်မဆက်ဘဲနဲ့ ခညောင်းဦးလက်ကိုသာ ခပ်တည်တည်ဆွဲကိုင်လို့ ဆိုက်ကားဂိတ်ဘက် လှည့်ထွက်သွားတဲ့ လူးလွန့်မောင်ရယ်။ ကျန်ရစ်ခဲ့သူနှစ်ယောက်မှာတော့ ပြောစရာစကားပင် ပျောက်ရှသွားလောက်အောင် ဖြစ်သွားရသည်။

" ငါတို့ခေါ်တော့ကျ အဆဲခံရပြီး ဆံရစ်ဝိုင်းခေါ်ရင်ကျ အဲ့ငလူးကောင်က ကြိုက်တယ်ပေါ့လေ။ ဘယ်မှာလဲ ငါတို့အတွက်တရားမျှတမှု! "

ထိုအခါ သူ့အပြောကိုလျစ်လျူရှုလို့ ချာခနဲလှည့်ထွက်သွားတဲ့ လင်းခန့်ကျော်ကြောင့် ကားထဲကနေသာ မင်းသန့်ပိုင်ဟစိဟစိနဲ့ လှမ်းခေါ်နေပါတော့သည်။

" ဟိတ်! သူ့နာမည်ကဘာတဲ့..။ ဪ.. သွားကျိုး! ဘယ်သွားမှာလဲ.. ငါလိုက်ပို့ပေးမယ်လေ "

" ယီးကိုသွားကျိုးလား! ဖြတ်ရိုက်လိုက်ရ.. အံကပ်ပါ ကျွတ်ထွက်သွားဦးမယ် "

စိတ်ကြည်မနေတဲ့ လင်းခန့်ကျော်က ဒေါသူပုန်ထစွာဖြင့် လက်သီးလှမ်းထောင်ပြပြီး လှည့်ဆဲလာတာကြောင့် မင်းသန့်ပိုင် ပြုံးမိသွားရလေသည်။

" ဟွန်းဟွန်း! အဲ့အတွက် စိတ်မပူနဲ့.. Ok! ငါကသွားဆေးတက်နေတာမို့ မင်းသွားစိုက်ချင်ရင်တောင် free service ပေးဦးမှာ သွားကျိုး! "

မကြိုက်ပါဘူးဆိုကာမှပဲ ဇွတ်ခေါ်နေပြန်တဲ့မင်းသန့်ပိုင်ကို အဖက်ပြန်လုပ်ဖို့တောင်မှ လင်းခန့်ကျော် သွေးတက်နေရပါပြီ။ ထို့ကြောင့် သူ့လက်ခလယ်ကိုသာ ခပ်မြင့်မြင့်လေး ထပ်ထောင်ပြလိုက်မိလေသည်။

ဇွတ်တရွတ် မင်းသန့်ပိုင်ကလည်း တဟားဟားပြုရင်းက ကားဘီးကိုလှိမ့်ကာလှိမ့်ကာနဲ့ လင်းခန့်ကျော် အနောက်ကနေသာ မခွါတမ်း လိုက်ချသွားပါတော့သည်။

________

" ငလူး.. "

" ဗျာဗျ! ဒီနေ့ငါ့အမေ ငါးသလောက်ဥချက်ထားတယ် သိလား "

" အင်း.. "

" ဘာကိုအင်းတာ.. မကြိုက်လို့လား ငပြူး! ငါသိသလောက်တော့ မင်းငါးဥစားပါတယ်ကွ "

ကြားရတဲ့အသံမှာ ထင်သလောက်အားမပါတာကြောင့် လူးလွန့်မောင် ဆိုက်ကားနင်းနေရင်းက ခညောင်းဦးကိုငုံ့ကြည့်ကာ အမေးပြုလိုက်မိသည်။ ထိုအခါ ဘယ်အချိန်တည်းက သူ့ကိုမော့ကြည့်နေမှန်းမသိရတဲ့ ခညောင်းဦးရဲ့ မျက်ဝန်းဝိုင်းဝိုင်းကြီးတွေနဲ့ သွားဆုံမိတော့ လူးလွန့်မောင်ရန်ခုန်သံတွေမှာ ရုတ်တရက် မီးပွင့်သွားရပါလေသည်။

" အား! ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ ငပြူးရာ "

" ဘာ.. ဘာလို့လဲ.. "

" ကျစ်! မင်းမသိဘူး.. မင်းမသိဘူး။ ငါမပြောပြရင် မင်းဘယ်တော့မှ သိလာမှာမဟုတ်ဘူးဆိုတာ.. ငါရဲရဲကြီးပြောရဲတယ် ငပြူး "

လူးလွန့်မောင်ရဲ့အပြောကြောင့် နေရင်းထိုင်ရင်းက ကျက်ထားသမျှစာတွေတောင် မေ့ချင်ချင်ဖြစ်သွားရတဲ့ ခညောင်းဦးရယ်။ ဘယ်လိုတောင်များ စကားတစ်ခွန်းကို လူနားမလည်လောက်အောင်အထိ လူးလွန့်မောင်က ပြောတတ်နေသလဲပဲ။

" ထားပါတော့.. "

" ဘာလို့ထားရမှာ.. မထားနိုင်ပါဘူး! မေးကြည့်လိုက်.. မင်းသိချင်နေတာ တစ်ခုခုရှိနေတယ်မလား "

" ..... "

" ရဲရဲကြီး ပြောလိုက်ပါဗျ! ငါနားစွင့်ထားတယ်နော် ငပြူး.. "

" စောနက မင်းသန့်ပိုင်ဆိုတာ.. ဘယ်သူလဲ ငလူး.. "

" ..... "

မမျှော်လင့်ပါဘဲနဲ့ မင်းသန့်ပိုင်နာမည်ကြီးက ခညောင်းဦးနှုတ်ကနေ ထွက်ချလာတာကြောင့် လူးလွန့်မောင်မျက်နှာမှာ ချက်ချင်းဆိုသလိုပင် တည်တံ့သွားရလေသည်။

" ငလူး.. "

" အထက်တန်းတုန်းက သူငယ်ချင်း "

" ဪ.. "

" ဘာလို့ဪနေတာ..။ နေပါဦး! ငါသူ့နာမည်ကို တစ်ခေါက်လားပဲပြောမိသွားတာကို.. မင်းက မှတ်ထားတယ်ပေါ့လေ "

" ဟင်.. "

ခညောင်းဦးက တကူးတကကြီး မဟုတ်ပေမယ့်လည်း မင်းသန့်ပိုင်ဆိုသူမှာ လူးလွန့်မောင်နဲ့တရင်းတနှီး ပတ်သက်နေပုံရတာကြောင့် မှတ်ထားမိရုံလေးပင်။

" ငပြူး.. သေချာနားထောင်! အဲ့ကောင်က ရည်းစားအရမ်းများတာနော်..။ တစ်ခါတလေဆို နှစ်ယောက်
တစ်ပြိုင်တည်း တွဲတဲ့အထိပဲ။ မင်းဦးနှောက်က သေးသေးလေးမို့ သူရဲ့နာမည်ကိုမှတ်ထားပြီး ထပ်အလေးမခံနဲ့တော့.. ကြားလား! "

" အင်းပါ..။ ငါက ဒီအတိုင်းမေးကြည့်တာ.. "

" ဘာနေနေ! မင်းကိုစိတ်ကောက်သွားပြီ "

" ဘာလို့လဲ.. "

" ကိုယ့်ဘာသာ သိအောင်လုပ်လေဗျ။ မင်းငါ့ကို ပြန်ချော့ဖို့သာပြင်ထားတော့ ငပြူး! "

" ..... "

ခညောင်းဦးလည်း သူဘာများမှားလို့လဲဆိုပြီး လူးလွန့်မောင်ကို မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့သာ မော့ကြည့်နေရှာသည်။

" အဲ့လို ကြောင်သူငယ်အကြည့်မျိုးတွေ လာမကြည့်စမ်းနဲ့! ငါဒီတစ်ခါ တကယ်ကောက်သွားတာနော် ငပြူး.. "

" မင်းကလဲ.. "

" မကြားချင်.. "

" မကြားချင်ဘူး! မကြားချင်ဘူး..! "

လူးလွန့်မောင်ခမျာ ပြောလက်စ စကားတောင်မှ မဆုံးလိုက်ရရှာပါ။ ခညောင်းဦးတို့အိမ်ရှေ့ကို ရောက်ခါနီးမှာပဲ အိမ်ထဲကနေပြီး ဒေါ်ကညောင်းမေရဲ့ အော်ဟစ်သောင်းကျန်းသံ ကျယ်ကျယ်လောင်လောင်ကြီးကို လှမ်းကြားလိုက်တာကြောင့် နှစ်ယောက်သား ကြောင်အသွားရသည်။

" အီးဟီးဟီး! တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်လို့..! ငါ့ကို အလွှတ်ပေးပါတော့! "

" မေကြီး..။ မေကြီး ဘာဖြစ်နေတာလဲမသိဘူး.. "

ဒေါ်ကညောင်းမေရဲ့ ငိုယိုဟစ်ကြွေးနေသံကြားမှာ ခညောင်းဦးလည်း စိုးရိမ်တကြီးဖြစ်ပြီး ဆိုက်ကားပေါ်မှပြေးဆင်းဖို့သာ အလျင်လိုသွားတော့သည်။

" ငပြူး! ဇွတ်မဆင်းနဲ့.. ခြေထောက်ထိမိမယ်! "

မိခင်ကလွဲပြီး ဘာကိုမှမမြင်နိုင်တော့တဲ့ ခညောင်းဦးကြောင့် အရှိန်မသေသေးတဲ့ဆိုက်ကားကိုပဲ လူးလွန့်မောင် အမြန်ကိုင်တွယ်လိုက်ရသည်။

" မေကြီး! မေကြီး..! "

အိမ်ထဲကို အပြေးအလွှားဝင်သွားတဲ့ ခညောင်းဦးနောက်ကို အတင်းလိုက်သွားဖို့ကလည်း အဆင်မပြေတာနဲ့ လူးလွန့်မောင် ခြံအပြင်ဘက်မှာနေခဲ့ပြီး အထဲကအခြေအနေကိုသာ မျက်ခြေမပြတ်သွားအောင် စောင့်ကြည့်နေမိတော့သည်။

" ဘွားမေ! မေကြီး.. မေကြီး ဘာဖြစ်တာလဲဟင် "

ဖိနပ်တောင်မကပ်နိုင်စွာပင် အလောတကြီးနဲ့ အိမ်ပေါ်ပြေးတက်လာတဲ့ ခညောင်းဦးကို ဒေါ်ခင်နှင်းကြည် မျက်ရည်များဖြင့်သာ လှမ်းကြည့်လို့လာခဲ့သည်။ ထိုအခါ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခညောင်းဦးရင်ထဲဝယ် ဆို့နင့်စွာနဲ့ တင်းကျပ်သွားရပါလေသည်။

" ကြောက်ပါတယ်! ငါကြောက်လို့ပါ.. ငါ့ကိုအလွှတ်ပေးပါတော့! ထိုင်ရှိခိုးဆိုလည်း ရှိခိုးပါ့မယ်.. အား! ငါ့ကို မရိုက်ပါနဲ့တော့! နာလို့ပါ! ငါအရမ်းနာလို့ပါ..! "

အိမ်တိုင်လုံးနားမှာ ခေါင်းမဖော်တမ်းဝပ်တွားနေတဲ့ ဒေါ်ကညောင်းမေက သံကြိုးတန်းလန်း ချည်ခံထားလျက်နဲ့ လက်အုပ်လေးစုချီလို့ မည်းမည်းမြင်ရာကိုသာ လှည့်၍ရှိခိုးနေရှာသည်။

" ငါ့ကိုသနားပါ! ငါ့အသားတွေ နာလွန်းလို့ပါ! အီးဟီးဟီး..! "

" အင့်.. မေကြီး.. "

" မြေးလေး.. အနားမသွားသေးနဲ့ဦး..။ လာလာ.. ဘွားမေအနားကိုလာ.. "

ဒေါ်ကညောင်းမေထံ ခြေလှမ်းစပြုတော့မည့် ခညောင်းဦးကို ဒေါ်ခင်နှင်းကြည်က လှမ်းတားလာခဲ့သည်။

" ဘွားမေ.. ဘာတွေဖြစ်နေတာလဲ.. "

ဝမ်းနည်းစွာငိုရှိုက်နေတဲ့ အဘွားဖြစ်သူအနားကို ခညောင်းဦးတိုးကပ်သွားတော့ အမှတ်မထင် မြင်တွေ့လိုက်ရသည်မှာ မိခင်ဖြစ်သူလက်ချက်ကြာင့် ညိုမည်းစွဲနေပြီဖြစ်တဲ့ ဒဏ်ရာဒဏ်ချက်တွေ..။ ဤအမှတ်အသားတွေမှာ စိတ်ဖောက်ပြန်နေတဲ့ ဒေါ်ကညောင်းမေကို ဘယ်လောက်ထိတောင်များ ထိန်းချုပ်ဖို့ခက်ခဲခဲ့သလဲဆိုတဲ့ သက်သေတွေအဖြစ်သာ။

" အင့်! ဘွားမေ.. အရမ်းနာနေလားဟင်..။ ဘာလို့ ရုတ်တရက်ကြီး.. မေကြီးက.. "

" ဘွားမေတို့မှာ.. နေစရာမရှိတော့ဘူး မြေးလေး.. "

" ဟင်.. ဘာ..ဘာလို့လဲ ဘွားမေ..။ ဒီအိမ်က.. သားတို့အိမ်လေ.. "

ထိုအခါ ဒေါ်ခင်နှင်းကြည်က ခေါင်းကိုယမ်းလို့ ဝမ်းနည်းပက်လက်နဲ့သာ ပြောလေသည်။

" မဟုတ်တော့ဘူးတဲ့..။ စောနကပဲ.. အကြွေးရှင်ဆိုတဲ့ လူမိုက်တွေက.. ငွေပြန်မပေးနိုင်ရင် မနက်ဖြန်ဒီအိမ်ပေါ်ကနေ ချက်ချင်းဆင်းပေးဖို့ကို.. လာပြောသွားကြတယ်ကွယ်.. "

" ..... "

အကြောင်းရင်းကိုနားထောင်ရာက ခညောင်းဦးချက်ချင်း သဘောပေါက်သွားရသည်။ ယောကျာ်းကြီးများ အိမ်ပေါ်ရောက်ချလာတာကြောင့်သာ အတိတ်ကအဖြစ်ဆိုးကြီးများကို ပြန်အမှတ်ရပြီး ဒေါ်ကညောင်းမေ ကြောက်လန့်တကြားနဲ့ စိတ်ဖောက်ပြန်သွားရခြင်းပင်။ ဒေါ်ခင်နှင်းကြည်ကတော့ ရင်ထုမနာစွာဖြင့် ဆက်၍ပြောလာသည်။

" သေချာပေါက် ငါသိနေတယ်.. ဒါဟိုကောင်မ နှောင်းဦးမေလက်ချက်ပဲ..။ အမှိုက်မ! ငါဘယ်လိုသမီးမျိုးကို မွေးခဲ့မိတာတုံး! ဒီအမေအိုကြီးရဲ့ မျက်နှာမှမထောက်.. လုပ်ရက်လိုက်တာ.. လုပ်ရက်လိုက်တာဟဲ့! "

ပါးပြင်ထက်ကျဆင်းနေတဲ့ မျက်ရည်များကိုလျစ်လျူရှုလို့ ခညောင်းဦးတွေတွေကြီးသာ ထိုင်နေမိတော့သည်။

ခညောင်းဦးတို့နေထိုင်ရာ အိမ်ငယ်လေးမှာ အဘွားကိုအဘိုးက ချွေးနည်းစာလေးနဲ့ ဝယ်ပေးခဲ့တာဖြစ်လို့ မည်မျှပင် စားစရာမရှိတော့သည့်တိုင်အောင် ဒေါ်ခင်နှင်းကြည်ကလည်း အိမ်ပေါင်ခြင်း၊ မြေပေါင်ခြင်းတို့ကို မလုပ်ဖူးခဲ့ပါချေ။ ထို့ကြောင့် ယခုအိမ်ကို အကြွေးနဲ့အသိမ်းခံရအောင် လုပ်ရက်ခဲ့သူမှာ ဒေါ်နှောင်းဦးမေကလွဲပြီး တခြားသူမရှိနိုင်တော့ပေ။

ဒေါ်နှောင်းဦးမေဆိုသူမှာ ဒေါ်ကညောင်းမေရဲ့ ညီမအရင်းဖြစ်သလို ငယ်ရွယ်စဉ်အချိန်တည်းကပင် လောင်းကစားကို ခုံမင်လွန်းခဲ့သူဖြစ်သည်။ ခညောင်းဦး မမွေးဖွားလာခင်မှာပဲ အိမ်တွင်ရှိရှိသမျှ ဥစ္စာပစ္စည်းများကို အပျောက်ရိုက်ထားခဲ့သူဆိုလည်း မမှားချေ။

ထို့အပြင် ဒေါ်နှောင်းဦးမေက မိန်းကလေးတစ်ယောက် ဖြစ်သည့်တိုင်အောင် အရွယ်ရောက်ချိန်တည်းကစပြီး အိမ်လုံးဝမကပ်ဘဲနဲ့ လောင်းကစားဝိုင်းတွေမှာသာ ကျင်လည်ကျက်စားနေခဲ့ခြင်း ဖြစ်သည်။ တစ်ခါတလေ ငွေလိုအပ်တော့မှသာ ဒေါ်ခင်နှင်းကြည်ထံ ပြန်ရောက်လာတတ်ပြီး မရိုးအီနိုင်စွာဖြင့် ဒုက္ခပေးနေတာမျိုးပင်။

" ဒေါ်လေးက.. ဘာလို့.. "

" သူနောက်ဆုံးတစ်ခေါက် အိမ်ရောက်လာတုန်းက ခဏအပေါင်ထားချင်တယ်ဆိုပြီး စာချုပ်အတင်းတောင်းတော့.. ဘွားမေ လုံးဝမပေးခဲ့ဘူးလေ..။ ဘွားမေအထင်တော့.. အဲ့အမှိုက်မက အိမ်မှာလူတွေလစ်တုန်းလေး စာချုပ်ကိုဝင်ရှာပြီး ယူသွားတာပဲနေမှာ.. "

" အာ့..အာ့ဆို.. သားတို့ ဘယ်လိုလုပ်ကြမလဲဟင်.. ဟင်.. ဘွားမေ.. "

နေ့ချင်းညချင်းပင် လမ်းဘေးရောက်သွားကြမယ့် အခြေအနေဖြစ်နေတာကြောင့် ခေါင်းထဲမှာလည်း ဗလာနတ္ထိနဲ့သာ မြေးအဘွားနှစ်ယောက် ရင်တွေပူလောင်ပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လျက် ငိုကြွေးနေကြရတော့သည်။ သူတို့ဘဝမှာ ယခုလိုမျိုး အိမ်အခွံလေးတစ်လုံးကလွဲလို့ တခြားမှီခိုနားစရာ အသိုက်အမြုံဆိုတာ ထပ်မရှိထားခဲ့ပါလေ။

ထိုအချိန် အိမ်ပေါ်ကိုအလောတကြီးနဲ့ ပြေးတက်လာခဲ့သူကြောင့် စိုးရိမ်တကြီး လန့်ဖျန့်နေကြရင်းက ပြိုင်တူလှည့်ကြည့်လိုက်မိရာ..။

" မေခင်..! ညောင်းလေး! "

" အင့်.. ကြီးမေ.. "

" အိုကွယ်.. ရင်တွေပါတုန်တယ်။ အိမ်ထဲမှာ ဘာတွေဖြစ်နေကြတာတုံး "

ထုံးစံအတိုင်း ဆွဲခြင်းတောင်းကြီးဖြင့်ရောက်လာတဲ့ ဒေါ်ဖြူဖြူမောင်က ခညောင်းဦးကျွတ်ကျန်ခဲ့တဲ့ ဖိနပ်
တစ်ဖက်ကို လက်ထဲကိုင်ထားပြီး ခြံပြင်မှာရပ်စောင့်နေတဲ့ သားဖြစ်သူဆီကနေမှ အခြေအနေတချို့ကို ကြားသိလာရတာကြောင့် ချက်ချင်းဆိုသလိုပင် စိတ်ပူပန်သွားခဲ့ရှာသည်။

" သမီးဖြူရေ..! ငါတို့ကို ဟိုအမှိုက်မနှောင်းဦးမေ ဘယ်လိုတောင် ကျေးဇူးဆပ်သွားသလဲဆိုတာ.. ပြောစရာပါးစပ် ဆယ်ပေါက်ရှိရင်တောင် မပြောရဲတော့ပါဘူးအေ! "

ဒေါ်ဖြူဖြူမောင်ကို မြင်တွေ့လိုက်ရတာနဲ့ အားကိုးရာကို ရှာတွေ့သွားသလိုနှယ်..၊ ဒေါ်ခင်နှင်းကြည်ခမျာ နာနာကျင်ကျင်နဲ့သာ ရင်ဘတ်ကိုထုရိုက်လို့ ဖြေမဆည်နိုင်စွာဖြင့် ဖွင့်ထုတ်နေပါတော့သည်။ အကြောင်းစုံသိသွားရတဲ့ ဒေါ်ဖြူဖြူမောင်လည်း ကူကယ်ရာမဲ့နေပြီဖြစ်တဲ့ မြေးအဘွားနှစ်ယောက်အပေါ်မှာ စိတ်မကောင်းဖြစ်မိလွန်းလို့ ခပ်တင်းတင်းပွေ့ဖက်ပြီး အတူတကွသာငိုကြွေးလေသည်။

" ငါသေသာ သေလိုက်ချင်ပါတော့တယ်..! ဘယ်လို ဝဋ်ကြွေးတွေကြောင့်များ.. အခုချိန်ထိကို ဆပ်မကုန်နိုင်အောင်ဖြစ်နေမှန်းလည်း မသိတော့ပါဘူး.. "

" ညောင်းလေး စိတ်မကောင်းဖြစ်ရအောင် မပြောပါနဲ့..။ သူ့ခမျာ ခင်တွယ်ရာဆိုလို့ ဒီအမေနဲ့ဒီအဘွားနှစ်ယောက်ပဲ ရှိခဲ့တာပါ မေခင်ရယ် "

" အမယ်လေး..! ငါ့မြေးလေးကို သနားလိုက်တာ..။ ရှိတာမှ အိမ်အခွံတစ်လုံးတည်းကို.. ဒီအဘွားကိုယ်တိုင်က အသုံးမကျခဲ့လို့ပေါ့.. "

ထိုအချိန် အိမ်ထဲမှာ တခြားဆူဆူညံညံအသံများ ထပ်မကြားမိတာကြောင့် ဒေါ်ဖြူဖြူမောင် ဘေးကိုလှည့်ကြည့်လိုက်ရာ..၊ ဒေါ်ကညောင်းမေက သံကြိုးတန်းလန်းနဲ့ လက်အုပ်လေးချီပြီး နေရာမှာတင် အိပ်ပျော်သွားရှာပြီဖြစ်သည်။ မျက်စိရှေ့မှာတင် မြင်တွေ့နေရသည့် အခြေအနေအရပ်ရပ်တို့မှာ အမှန်တကယ်ပင် စိတ်မချမ်းမြေ့ဖွယ်အတိ..။

ထို့ကြောင့် ဒေါ်ဖြူဖြူမောင်အတွက်တော့ အနည်းငယ် အရဲစွန့်ရာကျနိုင်ပေမယ့်လည်း မတတ်သာစွာနဲ့သာ ဆုံးဖြတ်ချက်ချလိုက်ရသည်။

" မေခင်.. ဘာမှတွေးမနေနဲ့နော်။ အခုချိန်ကစပြီး ကျွန်မနဲ့သာအတူလာနေကြတော့.. ဟုတ်ပြီလား.. "

မထင်မှတ်ပါဘဲနဲ့ ကြားလိုက်ရတဲ့စကားအရာကြောင့် မြေးအဘွားနှစ်ယောက်မှာ ဒေါ်ဖြူဖြူမောင်ကို မမြင်တွေ့ဖူးသူသဖွယ် အလန့်တကြားဖြင့် မော့ကြည့်လာကြလေသည်။

" မဖြစ်ဘူး သမီးဖြူ..။ ပါးစပ် အပေါက်တစ်ရာရှိရင်တောင်မှ အမေ့အနေနဲ့ ကျေးဇူးစကားတွေကို ပြောမကုန်နိုင်လောက်ပေမယ့်.. ဒါကိုတော့ ငြင်းပါရစေကွယ် "

" မငြင်းပါနဲ့ မေခင်.. ညောင်းလေးရဲ့စာမေးပွဲကလည်း ဖြေဖို့ရက် တော်တော်နီးနေပြီမလား။ ဘယ်လိုပဲတွေးတွေး.. ဒါက အကောင်းဆုံးဖြေရှင်းနည်းပဲ "

" ငါ့မြေးလူးလူးအတွက်လည်း ထည့်တွေးရဦးမယ်လေ သမီးဖြူရယ်..။ မလုပ်ပါနဲ့.. အမေ ငြင်းပါရစေနော် "

ဒေါ်ခင်နှင်းကြည်ရဲ့ အသည်းအသန်ငြင်းဆိုနေမှုကို ဒေါ်ဖြူဖြူမောင်က ခေါင်းအသာယမ်းပြလာသည်။ ခညောင်းဦးကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းများကို နှုတ်ဆိတ်စွာနဲ့သာ အလျင်အမြန်စဉ်းစားကြည့်ပေမယ့် အားရကျေနပ်စရာ ကောင်းလောက်အောင်မျိုးတော့ ဘာတစ်ခုမှထွက်မလာခဲ့ချေ။

" သားမောင်အတွက်ကို ကျွန်မထည့်ပြီး စဉ်းစားထားပါတယ် မေခင်ရဲ့..။ သူလည်း ဝမ်းသာအားရလက်ခံမှာပဲမို့ အခုချိန်မှာ ဘာကိုမှထပ်တွေးပူမနေဘဲနဲ့ လက်ရှိကြုံနေရတဲ့ ပြဿနာကိုသာ အရင်ဆုံးဖြေရှင်းကြတာပေါ့ "

အားနာလွန်းတာကြောင့် ထပ်မံပြီး ငြင်းဆိုချင်ပေမယ့်လည်း လူသုံးယောက်အဖို့က ခဏတဖြုတ် သွားစရာနေရာတစ်ခုတောင်မှ အမှန်တကယ် မရှိထားသည့်အတွက်ကြောင့် ဒေါ်ခင်နှင်းကြည်ခမျာ မျက်လုံးစုံမှိတ်ချလို့သာ လက်ခံလိုက်ရပါတော့သည်။

ထိုအခါ နေ့ရွေ့ညရွေ့တွေ လုပ်ခိုင်းမနေတော့ဘဲနဲ့ အချိန်ရှိတုန်းလေးမှာတင် ညတွင်းချင်း ပြောင်းရွေ့လိုက်ကြဖို့ကိုပဲ ဒေါ်ဖြူဖြူမောင်က ထပ်ဆော်ဩလိုက်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် ပါးစပ်တပြင်ပြင်ဖြစ်နေကြတဲ့ အိမ်နီးနားချင်းတွေရဲ့ရန်ကို တတ်နိုင်သလောက်လေးနဲ့ ရှောင်ရှားချင်မိချင်တာလည်း သေချာပေါက်ပါလေသည်။

ခညောင်းဦးတို့မိသားစုနဲ့ ပတ်သက်ပြီး အကြောင်းစုံသိသွားရတဲ့ လူးလွန့်မောင်ကိုယ်တိုင်က မိခင်ထက်တောင်မှ ပိုလို့တက်ကြွနေခဲ့သည်။ တစ်လက်စတည်းမှာပဲ လိုလိုမယ်မယ် အပြောင်းအရွေ့များအတွက် ဦးထင်ကျော်အိမ်ကို လူးလွန့်မောင် အကျိုးအကြောင်းသွားပြောကာ အကူအညီ တောင်းခံလာပြန်သည်လေ။

တကယ်တမ်းကျတော့ ခညောင်းဦးတို့အိမ်မှာက ကြီးကြီးမားမားပစ္စည်းရယ်ဆိုပြီးလည်း မရှိတာကြောင့် ဆိုက်ကားနှစ်စီးနဲ့တင် ပစ္စည်းအသယ်အပို့အတွက်ကို အဆင်ပြေသွားရပါသည်။ ဆိုက်ကားနင်းဖို့အတွက်ကို ဦးထင်ကျော်နဲ့အတူ ပါလာတဲ့မိတ်ဆွေတစ်ယောက်က တာဝန်ခွဲယူပေးခဲ့သည်။

ထို့ကြောင့် ဆေးအရှိန်နဲ့အိပ်မောကျနေတဲ့ ဒေါ်ကညောင်းမေကိုတော့ လူးလွန့်မောင်ကိုယ်တိုင် ကုန်းပိုးပြီး ချီခေါ်သွားဖို့အတွက် ပြင်ရလေသည်။ ကုန်းပိုးရခြင်းအကြောင်းမှာလည်း ဆိုက်ကားနဲ့ အိမ်အရင်သယ်သွားဖို့ကို မေ့လျော့သွားတာကြောင့်ပဲ ဖြစ်သည်။

ဆေးတိုက်ထားပေမယ့် နာရီပိုင်းလောက်သာ နစ်နစ်ခြိုက်ခြိုက်အိပ်တတ်တဲ့ ဒေါ်ကညောင်းမေကြောင့် ထိန်းရပြုရမခက်ရအောင် ယခုလိုမတတ်သာစွာနဲ့ပဲ ဆုံးဖြတ်လိုက်ကြရတာပင်။

ခညောင်းဦးခမျာလည်း လမ်းမှာသွားနေရင်းက မတော်တဆနိုးလာခဲ့သည်ရှိသော် ချီပိုးထားရတဲ့လူးလွန့်မောင်ကို ဖမ်းကိုက်တာမျိုးတွေ ဖြစ်မှာစိုးတာကြောင့် မျက်ရည်လေးတစမ်းစမ်းနဲ့ မိခင်ဖြစ်သူရဲ့ပါးစပ်အား အဝတ်တစ်ခုဖြင့်စည်းထားဖို့သာ အလျင်ပြင်နေရသည်။ ထိုအချင်းအရာကို မြင်လိုက်ရတဲ့ လူးလွန့်မောင်က မကြည့်ရက်စွာနဲ့ပဲ ခညောင်းဦးကို အမြန်လှမ်းတားပါတော့သည်။

" မလုပ်နဲ့ ငပြူး..။ ငါတကယ်အဆင်ပြေတာမို့ ဒီလိုမျိုးတွေထိ မင်းလုပ်စရာမလိုဘူးလေ.. ဟုတ်ပြီလား "

" ဒါမဲ့.. ငလူး.. "

အားနာစွာမော့ကြည့်လာခဲ့တဲ့ ခညောင်းဦးရဲ့မျက်ဝန်းနားက ကျလုဆဲဆဲမျက်ရည်စတချို့ကို လက်မဖြင့် ခပ်ဖွဖွပွတ်ဆွဲသုတ်လို့ လူးလွန့်မောင် သာသာယာယာပင် ပြုံးပြလိုက်သည်။

" အဟွန်း! ပြူးပြူးစိန်လေးက လိမ္မာပါတယ်ဗျ။ အဒေါ်ကလည်း ငါ့ကိုထိခိုက်အောင်တော့ မလုပ်ရက်လောက်ပါဘူး "

တကယ်တမ်းကျတော့ လူးလွန့်မောင်ပြောလိုက်တဲ့ စကားတစ်ခွန်းအတွက်ကို အာမခံပေးမယ့်သူမှာ တစ်ယောက်တောင်မျှ ရှိမနေခဲ့ပါလေ။

မှိန်ပျပျထွန်းလင်းနေသော လမ်းမီးရောင်များအောက်တွင် ဒေါ်ကညောင်းမေကို လူးလွန့်မောင်က ကုန်းပိုးလျက်လျှောက်နေသလို ဘေးတွင်လည်းခညောင်းဦးက အထုပ်အပိုးတွေနဲ့ အတူလိုက်ပါလာခဲ့သည်။ ဒေါ်ခင်နှင်းကြည်နဲ့ ဒေါ်ဖြူဖြူမောင်ကတော့ ခညောင်းဦးတို့အ​နောက်ကနေသာ အထုပ်ကိုယ်စီဆွဲပြီး တိတ်တဆိတ်နဲ့ လျှောက်လို့လာခဲ့ကြသည်။

" ငလူး.. "

" ဗျာဗျ! "

" ငါတို့တွေ အိမ်မှာလာနေကြရင်.. မင်းကျ ဘယ်သွားနေမှာလဲဟင်.. "

" ငါလား..။ အင်းနော်.. ဘယ်သွားနေရင်ကောင်းမလဲ။ ဒါမှမဟုတ်.. ငါတို့နှစ်ယောက်ပဲ အတူနေကြရင်ရော ငပြူး "

" ဟင်.. ဘယ်ကို.. "

" အဟွန်း! ပြူးပြူးစိန်က မောင်ခေါ်ရာ လိုက်ခဲ့မယ်ပေါ့လေ "

" ..... "

ပြောချင်ရာပြောပြီးကာမှ လူးလွန့်မောင်တစ်ယောက်တည်း ကြိတ်ကာပြုံးမိသွားလေသည်။ တစ်ဆက်တည်းမှာပင် လျှောက်လှမ်းနေဆဲဖြစ်တဲ့ ရပ်ကွက်လမ်းဆုံးကိုကျော်လို့ အနာဂတ်အတွက်ကိုပါ မျှော်တွေးနေပြန်တော့သည်။

" ဒီအတိုင်းဆိုရင် သေချာပေါက် ငါကတော့ကြိုးစားရချည်ရဲ့..။ ငါ့ကိုယုံတယ်မလား ငပြူး.. "

" အင်း "

" လိမ္မာလိုက်တာဗျာ..။ ငါမင်းဆီကိုနေ့တိုင်း အရင်းအနှီးလာထည့်မယ်သိလား ငပြူး.. "

" မင်းထည့်ထားတာတွေက.. ပြန်ရမှာမဟုတ်ဘူးနော် ငလူး.. "

" အဟွန်း! မရလည်း အရေးမကြီးဘူး.. "

" ဘာလို့လဲ.. "

" ငါတကယ်လိုချင်တာက.. မင်းကိုပဲလေ "

ပြုံးပြုံးကြီးနဲ့ အောင်နိုင်သူအထာဖမ်းနေခဲ့တဲ့ လူးလွန့်မောင်ကတော့ နောက်ဆုံးစကားကို ပြောလိုက်ရချိန်မှာ သူ့ကိုယ်သူပိုင်လှပြီလို့လည်း ထင်နေခဲ့တာပင်။ လူးလွန့်မောင်ကိုယ်တိုင်က အခုလိုအချိန်မျိုးကြီးမှာ ခညောင်းဦးသိအောင် တရားဝင် မဖွင့်ဟချင်သေးတာကြောင့် မကြားရတဲ့ ညာဘက်နားရွက်နားမှာ ခပ်တိုးတိုးလေး ဝန်ခံခဲ့တာဖြစ်သည်။

တကယ်တမ်းကျတော့ မှားယွင်းစွာနဲ့ ဖွင့်ဟမိသွားသည်ကို လူးလွန့်မောင် မသိခဲ့ပါလေ။ အဘယ်ကြောင့်ဆိုသော် ခညောင်းဦးရဲ့ ဘယ်ဘက်အကြားအာရုံနားကို လူးလွန့်မောင် အသာတိုးကပ်လို့ ခပ်ရှရှလေး ပြောလိုက်မိခြင်းဖြစ်သည်လေ။

ဘယ်နဲ့ညာကို အမြဲမှားယွင်းစွာခွဲခြားတတ်တဲ့ လူးလွန့်မောင်အဖို့ ခညောင်းဦး တကယ်ကြားနေရတဲ့ ဘယ်ဘက်အကြားအာရုံကို မကြားရတဲ့ ညာဘက်အကြားအာရုံနဲ့ မှားယွင်းနေခဲ့တာလည်း နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။

ထိုအချက်ကို ခညောင်းဦးကိုယ်တိုင် ဘယ်တော့မှ အမှန်ပြင်ပေးလိမ့်မည်လည်း မဟုတ်ပေ။ အကြောင်းမှာ မကြာခဏဖွင့်ဟ ဝန်ခံလာတတ်တဲ့ လူးလွန့်မောင်ရဲ့လျှို့ဝှက်ချက်တွေကို တိတ်တခိုး ထပ်ကြားသိခွင့်မရတော့မှာကို ဘာသာစိုးထိတ်နေမိ၍ပင်။

________

ကံအားလျော်စွာဖြင့် လူးလွန့်မောင်တို့အိမ်နားဆီ ရောက်ရှိလာချိန်ထိတိုင်အောင် ဆက်လက် အိပ်မောကျနေဆဲဖြစ်တဲ့ ဒေါ်ကညောင်းမေကို ကျေးဇူးတင်မဆုံးတွေ ဖြစ်နေရလေသည်။ ခြံရှေ့ကို ကြိုရောက်နှင့်နေခဲ့တဲ့ ဦးထင်ကျော်တို့ကလည်း ပစ္စည်းတွေသယ်ချပေးဖို့ရာအတွက် ရပ်စောင့်နေကြသည်။

" ငါ့တူတို့! ဒီပစ္စည်းတွေကို တစ်ခါတည်းအိမ်ထဲပဲ သယ်ချသွားတော့မယ်နော် "

လက်နှစ်ဖက်အပြည့် ပစ္စည်းတွေကို သယ်ထားပြီးဖြစ်နေတဲ့ ဦးထင်ကျော်နဲ့သူ့မိတ်ဆွေက ခညောင်းဦးတို့ကိုလှမ်းမြင်တာနဲ့ အိမ်ထဲဝင်ဖို့ကို ခွင့်တောင်းလာကြသည်။ ထိုအခါ ဒေါ်ဖြူဖြူမောင်ပေးထားတဲ့ ခြံတံခါးနဲ့အိမ်သော့တွဲကို ခညောင်းဦး အိတ်ထဲကနေအမြန်ထုတ်ယူပြီး တံခါးသော့တွေ လိုက်ဖွင့်ပါတော့သည်။

" ဟို.. ကျွန်တော်ပဲ သယ်သွားလိုက်ပါ့မယ် ဦးလေးတို့..။ အခုလိုတွေ အနှောင့်အယှက်ပေးမိလို့လည်း.. အားနာမိပါတယ်ဗျ "

" ဟေ! ဘယ်ကသာကွာ။ တစ်ရပ်ကွက်သားချင်းတွေပဲကို.. ဒီလိုပြောတာတောင် ငါတို့က စိတ်ဆိုးချင်သေးတာ.. အဟေးဟေး! "

" ဟုတ်..။ တကယ် ကျေးဇူးတင်ပါတယ်ဗျ "

" မလိုပါဘူးကွာ။ နောက်လည်းလိုတာရှိရင် ဘာမှအားနာစရာမလိုဘူး.. ဟုတ်ပြီလား..။ တစ်ခုခုဆို ဦးလေးတို့ကိုသာ သတိရလိုက်.. ဟားဟားဟား! "

" ရှူး..! အဒေါ် နိုးသွားဦးမယ်ဗျ။ တိုးတိုးရယ်စမ်းပါ ဦးလေးထင်ကျော်ရာ "

" ဪ အေး.. ဟုတ်သား..။ ရှူးရှူး! ဟီး.. "

ခြံရှေ့ကိုရောက်လာတဲ့ လူးလွန့်မောင်က ချက်ချင်းလှမ်းဟန့်လာတာကြောင့် ဦးထင်ကျော်ခမျာ တရှူးရှူးပြုရင်းနဲ့ပဲ အိမ်ထဲကို တိုးတိုးတိတ်တိတ်သာ ပစ္စည်းတွေသယ်ချနေရရှာသည်။

ထိုအချိန် တစ်လမ်းလုံးအဆင်ပြေလာရာက အိမ်အဝင်ဝရောက်တော့မှပဲ ပြဿနာစတင်လာခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် သူ့ကျောပေါ်မှာလှုပ်ရှားလာနေတဲ့ ခံစားချက်ကြီးတစ်ခုကြောင့် လူးလွန့်မောင်လည်း အိမ်ထဲအမီဝင်နိုင်ဖို့ကို ကြိုးစားလိုက်ပါသေးသည်။

သို့ပေမယ့်လို့ မျက်လုံးကြီးပွင့်လာပြီဖြစ်တဲ့ ဒေါ်ကညောင်းမေက ဘေးမှာမျက်လုံးပြူးပြီး စိုးထိတ်စွာရပ်ကြည့်နေတဲ့ ခညောင်းဦးကိုမြင်တော့ ပြုံးပြမိမလိုရှိသေး..။ သူအချီခံထားရမှန်းကို တန်းသတိထားမိသွားတာနဲ့ အလန့်တကြားတွေထဖြစ်ကာ အသည်းအသန်းရုန်းရင်းပြုရင်းက လူးလွန့်မောင်ရဲ့ပခုံးကို အမိအရပင် ကုန်းကိုက်လေပါတော့သည်။

ထိုအခါ အားကြီးနဲ့ကိုက်ချလာသည့် အရှိန်ကြောင့် အသည်းခိုက်မတတ် နာကျင်သွားရပေမယ့်လို့ လုံးဝမအော်ဘဲနဲ့ အတင်းအံကြိတ်ခံနေတဲ့ လူးလွန့်မောင်ရယ်။ ဘေးမှာရှိနေတဲ့ ခညောင်းဦးကလည်း လက်ထဲကိုင်လျက်သား အထုပ်တွေကိုအလျင်ပစ်ချကာ မိခင်ဖြစ်သူအား အထိတ်တလန့်နဲ့ဆွဲဖယ်နေရင်းက မနိုင့်တနိုင်ပင် ထိန်းပြုရတော့သည်။

" မေကြီး.. မကိုက်ရဘူးလေ..! လိမ္မာတယ်နော် မေကြီး! လွှတ်လိုက်ပါတော့.. အင့်.. ငလူးနာနေပြီ! "

" မြေးလေး! သူနိုးလာပြီလား..။ ဟဲ့.. ဘာလို့ကိုက်နေတာတုံး! မိညောင်းမ.. အခုချက်ချင်း လွှတ်လိုက်စမ်း! "

ခြံထဲဝင်လာတဲ့ ဒေါ်ခင်နှင်းကြည်က ခညောင်းဦးတို့အနားကို အပြေးလေးရောက်လာခဲ့ပြီး သူကိုင်တွယ်နေကျ နည်းလမ်းအတိုင်း ဒေါ်ကညောင်းမေရဲ့နှာခေါင်းကို ဖမ်းညစ်ပစ်လေသည်။ ထိုအခါ အသက်ရှူကျပ်သွားရတဲ့ ဒေါ်ကညောင်းမေက ကိုက်ထားတာကို အမြန်လွှတ်လိုက်ပြီး ထိန်းမရပြုမရနိုင်စွာပင် ဆက်လက် ရုန်းကန်ပါတော့သည်။

အခွင့်အရေးပေးတာနဲ့ လူးလွန့်မောင်လည်း သူ့ကျောပေါ်ကဒေါ်ကညောင်းမေကို အိမ်ရှေ့ကြမ်းပြင်ပေါ်သာ မနာစေအောင်ထိန်းပြုရင်းက ခပ်မြန်မြန်ချလိုက်ရသည်။

" ငလူး.. "

" ငါအဆင်ပြေတယ်.. အဒေါ့်ကိုပဲ သေချာဂရုစိုက်နော် ငပြူး..။ ရုတ်တရက်ကြီး နေရာအသစ်ကို ရောက်လာတာဆိုတော့ တော်တော်လေးစိမ်းသက်နေဦးမှာ.. "

" ဒါမဲ့.. "

လူးလွန့်မောင်က ပြုံးပြလျက်နဲ့ သူအဆင်ပြေကြောင်း ခေါင်းညိတ်ပြလာသည်။ ထို့နောက် ခညောင်းဦးရဲ့ခေါင်းလုံးလေးကို အသာလှမ်းပုတ်လိုက်ပြီး အိမ်အပြင်ဘက်ဆီသာ ချက်ချင်းထထွက်သွားလေသည်။ အခြေအနေကိုလှမ်းမြင်တဲ့ ဦးထင်ကျော်တို့မှာလည်း အိမ်အဝနားမှာတင် ပစ္စည်းများကိုအသာချခဲ့လို့ ပြန်လှည့်သွားကြတော့သည်။

" မမေ.. စိတ်ထိန်းပါဦး! မမဖြူလေ။ မမဖြူကို မှတ်မိလားဟင် "

ဒေါ်ဖြူဖြူမောင်ရဲ့ ချော့မော့နေတဲ့အသံချိုချိုကြောင့် ဒေါ်ကညောင်းမေ ရုန်းကန်အော်ဟစ်နေရာမှ ချက်ချင်း ငြိမ်ကျသွားလေသည်။ ထိုအခါမှပဲ ဘေးတစ်ဖက်တစ်ချက်စီကနေပြီး ကိုင်ချုပ်ထိန်းပြုထားရတဲ့ မြေးအဘွားနှစ်ယောက်လည်း အမောဆို့မတတ်ပင် အသက်လုရှူနေရတော့သည်။

" မမဖြူ.. မမဖြူ! အီးဟီးဟီး! မမဖြူ ဘာလို့အခုမှ ရောက်လာတာလဲ! မိညောင်းမ သေမလိုတွေ အရိုက်ခံနေရတာကို ဘာလို့လာမကယ်ကြတာလဲလို့..! သမီးလေးလည်း လာမကယ်ဘူး.. အဘွားကြီးကလည်း ပစ်ထားတယ်.. အီးဟီးဟီး..! "

ကြောက်အားလန့်အားနဲ့ ပွေ့ဖက်ငိုကြွေးလာတဲ့ ဒေါ်ကညောင်းမေကို ဒေါ်ဖြူဖြူမောင်က ပြန်လည်ထွေးပွေ့လို့ ချော့မော့နေမိလေသည်။

" အင်းအင်း.. မမဖြူကို ခွင့်လွှတ်ပေးနော်။ တိတ်တော့ တိတ်တော့.. ဘာမှမကြောက်နဲ့ ဟုတ်ပြီလား "

" ဟင့်အင်း! မိညောင်းမ ကြောက်တယ်။ အသားနာမှာလည်း ကြောက်တယ်.. ဗိုက်ဆာမှာကိုလည်း ကြောက်တယ်..။ အခုလည်းလေ.. မိညောင်းမ ဗိုက်ဆာနေပေမယ့် ကြောက်လို့မစားရဲဘူး မမဖြူ.. အီးဟီးဟီး! "

" အိုကွယ်.. ဗိုက်ဆာနေရင်စားရမှာပေါ့ မမေရဲ့..။ လာ! ထမင်းစားကြရအောင်နော် မမေ "

" ဟို.. မိညောင်းမကိုလေ မမဖြူက ထမင်းတကယ်ကျွေးမှာလားဟင် "

" ဘာလို့မကျွေးရမှာလဲ..။ မမဖြူချက်သမျှက မမေစားဖို့အတွက်ချည်းပဲ.. ဟုတ်ပြီလား "

စိတ်ဖောက်ပြန်နေတဲ့အချိန်မှာဆိုရင် ဒေါ်ကညောင်းမေကို ချက်ချင်းထိန်းပြုလို့ရသူက ဒေါ်ဖြူဖြူမောင်တစ်ယောက်သာ ရှိလိမ့်မည်ထင်..။ ဒေါ်ခင်နှင်းကြည်နဲ့သာဆိုရင်တော့ ချော့ပြောဖို့နေနေသာသာ ကြောက်အောင်ခြိမ်းခြောက်မှပဲ ငြိမ်ကျသွားတတ်တာများသည်။

" အမယ်လေး.. ငါနဲ့ကျ စကားတစ်ခွန်းမှ နားမထောင်တဲ့သူက သမီးဖြူဘာပြောပြော တစ်ခွန်းဆိုတစ်ခွန်း ငြိမ်ကျနေပါရောလား "

" အဘွားကြီး! ဟွန်းနော်.. သူများကိုဆို ချည်ဖို့တုပ်ဖို့လောက်ပဲ သိတယ်နော်..။ သူများလောက်လိမ္မာတာ သူများပဲရှိတာကို.. နည်းနည်းပါးပါး ချော့မော့မယ်မကြံဘဲနဲ့..။ မချစ်ဘူးသိလား.. မိညောင်းမက မမဖြူကိုပဲချစ်တာ.. နော် "

" မချစ်နဲ့အေ! ဪ မြေးလေး.. လူးလူးဆီ သွားမလို့လား "

ဆရာခိုဘူးကို လက်ထဲမှာကိုင်လို့ အိမ်ပြင်ထွက်ဟန်ပြင်နေတဲ့ ခညောင်းဦးကို ဒေါ်ခင်နှင်းကြည်က လှမ်းမေးလိုက်သည်။

" ဟုတ်.. ဘွားမေ "

" ဟင်း! ငါ့မလဲ.. လူးလူးကို မျက်နှာမပြရဲတော့ပါဘူးကွယ်။ ဘွားမေက တောင်းပန်ပါတယ်လို့ ပြောပေးနော်မြေးလေး.. "

" ဟုတ် "

ခညောင်းဦး ထွက်သွားချိန်မှာပဲ ဒေါ်ဖြူဖြူမောင်က ထမင်းခူးပေးနေရင်း လှမ်းပြောလာခဲ့သည်။

" တောင်းပန်တာတွေမလိုပါဘူး မေခင်ရယ်..။ တမင်ရည်ရွယ်တာမှ မဟုတ်ပဲ "

" အင်း.. မတော်တဆဆိုတိုင်းလည်း နာကျင်သွားရသူအတွက်ကတော့ ဒဏ်ရာဆိုတာ ကျန်ရစ်ခဲ့ရတာပဲလေ သမီးဖြူရယ်။ အမေတို့ကို အခုလိုကူညီပေးနေတာတောင်မှ ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်ရမှန်းတောင် မကြံတတ်တော့ဘူး "

" မေခင်ကတော့လေ။ ကဲပါ.. လောလောဆယ် ထမင်းအရင်စားကြရအောင်နော် "

လူကြီးတွေက အိမ်ထဲမှာထမင်းစားဖို့ ပြင်နေကြပေမယ့် ခညောင်းဦးကတော့ လူးလွန့်မောင်ဒဏ်ရာကို ဆေးလူးပေးဖို့သာ ပြင်နေသည်။ ခြံအပြင်ဘက်ထွက်လာတဲ့ ခညောင်းဦးကိုလှမ်းတွေ့တာနဲ့ မျှော်နေရသူ လူးလွန့်မောင်မျက်နှာထက်မှာလည်း အပြုံးကြီးတွေ ပွင့်လန်းလာပါတော့သည်။

ဆိုက်ကားပေါ်ထိုင်နေတဲ့ လူးလွန့်မောင်အနားကို ခညောင်းဦး တိုးကပ်လာချိန်မှာပဲ ပျံ့လွှင့်လို့လာတဲ့ ခရေပန်းနံ့သင်းသင်းလေးနဲ့တင် အမောပြေရပြန်သည်။

" ငလူး.. "

" အဟွန်း! လာမယ်မှန်းသိလို့ စောင့်နေတာပါဗျာ "

" အရမ်းနာနေတယ်မလား..။ သွေးတော်တော်စို့သွားတာပဲ "

ပခုံးပေါ်က ကိုက်ရာနက်နက်နဲ့ဒဏ်ရာကြီးကို ခညောင်းဦးလက်လေးဖြင့် ခပ်ဖွဖွလေးတို့ထိရင်းက စိတ်မကောင်းဖြစ်သွားရလေသည်။

" မနာပါဘူးကွ! ဒီလောက်လေးကတော့ ငလူးတို့အေးဆေးပဲ "

" အပိုမပြောနဲ့..။ ငါဆေးလူးပေးမယ်နော် ငလူး.. "

" လိမ်းပေးရင်တော့ ငလူးတို့အကြိုက်ပေါ့..။ အ! ဖြေးဖြေးလိမ်းပါ ငပြူးရ "

" ဥုံဖွဥုံဖွ.. "

ခညောင်းဦးခမျာ အနာကိုလေမှုတ်ကာ ဆေးအုံပေးနေရင်းက စိတ်မကောင်းတွေဖြစ်ပြီး လူးလွန့်မောင်ရဲ့ ပခုံးစွန်းကိုမှီလျက် ငိုချလာပါတော့သည်။

" အင့်! ငါ.. ငါတကယ် တောင်းပန်ပါတယ် ငလူး..။ အမြဲတမ်း.. ဒုက္ခတွေချည်းပေးမိနေလို့.. မျက်နှာလည်း မပြရဲတော့ပါဘူး.. "

" ဟောဗျာ! ဘာလို့လဲ..။ မင်းမျက်နှာကိုပဲ ကြည့်ချင်နေခဲ့တဲ့ကောင်ကိုမှ မျက်နှာမပြတော့ဘူးဆိုရင် ငါဘယ်လိုအသက်ရှင်တော့မှာလဲကွ "

" ဗြဲ! စကားပြောရင်.. ငါနားလည်အောင်ပြောပါ ငလူးရာ.. "

ထိုအခါ ယခုထက်ပိုပြီးလည်း လူးလွန့်မောင် မရှင်းပြတတ်တော့တာကြောင့် သူ့ပခုံးစွန်းမှာ မျက်နှာအပ်ထားတဲ့ခညောင်းဦးကို ရင်ခွင်ကျယ်ကြီးထဲထည့်လို့ ခပ်တင်းတင်းသာ ပွေ့ဖက်ထားမိလေတော့သည်။

" အင့်! ငလူး.. "

" ရှူးတိုးတိုး! နောက်ဆို မျက်နှာကွယ်ထားချင်ရင် ငါ့ရင်ခွင်ထဲမှာပဲ လာဝှက်ထားပေးနော် ငပြူး..။ ငါအမြဲတမ်း မင်းအနားမှာရှိနေမယ် သိလား.. "

" ဒါမဲ့.. ငါ့လက်နဲ့ကွယ်လည်း.. ရတာပဲလေ ငလူး.. "

" အေးပါကွာ "

ခညောင်းဦးဆိုသည်မှာ လူးလွန့်မောင်ရဲ့ ကဗျာဆန်ဆန်စကားတွေကို နားမလည်ချင်နေလိမ့်မည်။ သို့သော် ရင်ခွင်ကျယ်ကြီးထဲကနေ ရုန်းထွက်ဖို့ကိုလည်း မသိကျိုးကျွံပြုနေပေလိမ့်မည်။

" အချိန်တစ်ခုတော့ စောင့်ပေးနော် ငပြူး..။ မင်းနားလည်မယ့်စကားလုံးတွေကို ငါတစ်ဝကြီး ပြောပြလာတဲ့အခါ ကျရင်လည်း မင်းဘက်ကစပြီး မတိတ်ဆိတ်သွားဖို့တော့ မျှော်လင့်တယ် "

" ဘာလို့လဲ.. "

" အဟွန်း! ဘာလို့လဲဆိုတော့.. တစ်ခါတည်းနဲ့မတင်းတိမ်ချင်တဲ့ ငါလိုလူက မင်းအနားမှာပဲနေပြီး တဖွဖွပြောပြချင်လို့ပေါ့ "

" ငါစောင့်နိုင်ရင်.. ရတယ်မလား ငလူး.. "

" သိပ်ရတာပေါ့ဗျာ "

" အင်း.. ငါစောင့်မယ် "

ထိုစကားလေးတစ်ခွန်းနဲ့တင် လုံလောက်သွားပြီထင်သည်။ သို့သော်လည်း လောဘကြီးမိသူအဖို့က ကတိစကားတစ်ခွန်း မမည်ပေမယ့်လို့ ချစ်စကားတစ်ခွန်းတော့ မည်ချင်သေးသည်လေ။

ထို့ကြောင့် ရင်ခွင်ထဲကနှလုံးသားပိုင်ရှင်ကို ဘာသာအသိမခံလေဘဲနဲ့ မြတ်နိုးရတဲ့ဦးခေါင်းထက်ကိုသာ ဖိကပ်နမ်းရှိုက်လို့နေမိပြန်သည်။ တစ်ဆက်တည်းမှာပင် အကြိမ်ကြိမ်ဖွင့်ဟချင်နေခဲ့တဲ့ ချစ်စကားတစ်ခွန်းကိုပါ အထပ်ထပ်ညည်းဆိုရင်းပေါ့..။

(ZawG)

ေလာေလာေလာေလာနဲ႕ သုတ္ေျခတင္လာရတဲ့ လူးလြန့္ေမာင္က ကြၽတ္လုဆဲဆဲသူ႕ပုဆိုးကို ျပန္ျပင္ဝတ္ဖို႔ရာအတြက္ အခ်ိန္မရွိခဲ့ပါေခ်။ ထို႔ေၾကာင့္ မတတ္သာစြာနဲ႕ပဲ လူစုံတက္စုံေရွ႕ေရာက္မွသာ ေလ်ာ့ရဲရဲျဖစ္ေနတဲ့ သူ႕ပုဆိုးကို အလ်င္ျပန္ဝတ္ရင္းက စကားအေခ်အတင္ျဖစ္ေနၾကတဲ့ အေၾကာင္းအရင္းကို ဆက္ေမးလာသည္။

" ဘာတဲ့..။ ဒီေကာင္ေစာနက ငျပဴးကို ကေလးမလို႔ေခၚလိုက္တာ.. ဟုတ္လား သြားက်ိဴး "

" ဘာကိုသြားက်ိဳး! မင္းကိုငလူးလို႔ေခၚေတာ့က် မင္းႀကိဳက္လား.. ဟမ္! "

" မင္းကိုဟုတ္လား မဟုတ္ဘူးလားပဲ ငါေမးေနတာ..။ ကဲကဲ! မင္းသန့္ပိုင္.. အဲ့ကားေပၚကေနလည္း ဆင္းခဲ့ပါဦး။ ေရာက္တုန္းေရာက္ခိုက္ အေၾကာေလးဘာေလး ဆန့္ၾကရေအာင္ "

လင္းခန့္ေက်ာ္ကို ဘာသိဘာသာ ပလစ္ထားလိုက္ၿပီး မင္းသန့္ပိုင္ဘက္ကိုအပီလွည့္ကာ ကားေခါင္မိုးအား လူးလြန့္ေမာင္ တစ္ေတာက္ေတာက္နဲ႕ေခါက္လို႔ အတင္းေခၚခ်ေတာ့သည္။

" အဟဲ! ငါ့အမွားပါ ကိုကိုလူးရာ..။ မေတာ္တဆအမွားေလးမို႔ အာဘြားေလးနဲ႕ပဲ အဆုံးသတ္လိုက္ရေအာင္ေနာ္ "

" ..... "

မင္းသန့္ပိုင္ရဲ႕ မ်က္ခြက္ေျပာင္လွတဲ့ အေျပာတစ္ေပါက္ေၾကာင့္ ခေညာင္းဦးအနည္းငယ္ ဆြံ႕အခ်င္သြားရသလို လင္းခန့္ေက်ာ္လည္း ေနရင္းထိုင္ရင္းက ပါးေတြနားေတြပါ ယားကားသြားရွာေလသည္။ လူးလြန့္ေမာင္ကေတာ့ ဆိုဖြယ္ရာမရွိေအာင္ပင္ ဝင္ေလထြက္ေလေတာင္မွ မွားရႉမိသြားရၿပီ။

" မင္း.. အခုခ်က္ခ်င္းဆင္းလာခဲ့လိုက္! "

" Nope! ႐ူးေနလို႔ ငါကဆင္းရမွာလားကြ "

" ရတယ္ေလ.. ေသဖို႔သာျပင္ထားေတာ့! "

" ငလူး! "

သူ႕ေရွ႕ကႏွစ္ေယာက္ကို အမွန္တကယ္ သတ္ပုတ္ၾကေတာ့မည္အထင္နဲ႕ လက္တျပင္ျပင္႐ြယ္ေနတဲ့ လူးလြန့္ေမာင္လက္ေမာင္းကို ခေညာင္းဦးလွမ္းကိုင္ၿပီး ဟန့္တားလာမိေတာ့သည္။ ယခုအခ်ိန္ ရပ္ကြက္ေစ်းမွာက လူစုံတက္စုံျဖစ္ေနေသးသလို ေတာ္ေတာ္မ်ားမ်ားကလည္း သူတို႔ေလးေယာက္ရွိရာဆီကိုသာ မသိမသာလွည့္လို႔ၾကည့္ၿပီး အကဲခတ္ေနၾကသည္ေလ။

ထို႔အျပင္ ဘာမွမဟုတ္တဲ့ ယင္ေကာင္တစ္ေကာင္ ကေလးေမြးတာမ်ိဳးကိုေတာင္ တစ္ဆိတ္ကိုတစ္အိတ္ လုပ္ခ်င္ေနၾကသူေတြလည္း ျဖစ္ေနတာေၾကာင့္ ရပ္ကြက္ပါးစပ္က ခေညာင္းဦးအတြက္ေတာ့ ေၾကာက္စရာအေကာင္းဆုံးပင္။ လူးလြန့္ေမာင္ကလည္း အံ့ဩဖြယ္ေကာင္းေအာင္ပင္ ခေညာင္းဦးကဟိတ္ဆို႐ုံနဲ႕ တန္းတိတ္သြားခဲ့ေလသည္။

" ငါတို႔.. အိမ္ျပန္ၾကရေအာင္ေလ ငလူး..။ မိုးလည္းခ်ဳပ္ေတာ့မယ္ "

" ဟုတ္သား! မင္းဗိုက္ဆာေနၿပီလား ငျပဴး..။ လာလာ.. ျပန္ၾကစို႔! "

ႏွစ္အေတာ္ၾကာသည္အထိ မေတြ႕ျဖစ္ၾကေတာ့တဲ့ ငယ္သူငယ္ခ်င္းတစ္ေယာက္လုံးကို ႏႈတ္ေတာင္မဆက္ဘဲနဲ႕ ခေညာင္းဦးလက္ကိုသာ ခပ္တည္တည္ဆြဲကိုင္လို႔ ဆိုက္ကားဂိတ္ဘက္ လွည့္ထြက္သြားတဲ့ လူးလြန့္ေမာင္ရယ္။ က်န္ရစ္ခဲ့သူႏွစ္ေယာက္မွာေတာ့ ေျပာစရာစကားပင္ ေပ်ာက္ရွသြားေလာက္ေအာင္ ျဖစ္သြားရသည္။

" ငါတို႔ေခၚေတာ့က် အဆဲခံရၿပီး ဆံရစ္ဝိုင္းေခၚရင္က် အဲ့ငလူးေကာင္က ႀကိဳက္တယ္ေပါ့ေလ။ ဘယ္မွာလဲ ငါတို႔အတြက္တရားမွ်တမႈ! "

ထိုအခါ သူ႕အေျပာကိုလ်စ္လ်ဴရႈလို႔ ခ်ာခနဲလွည့္ထြက္သြားတဲ့ လင္းခန့္ေက်ာ္ေၾကာင့္ ကားထဲကေနသာ မင္းသန့္ပိုင္ဟစိဟစိနဲ႕ လွမ္းေခၚေနပါေတာ့သည္။

" ဟိတ္! သူ႕နာမည္ကဘာတဲ့..။ ဪ.. သြားက်ိဳး! ဘယ္သြားမွာလဲ.. ငါလိုက္ပို႔ေပးမယ္ေလ "

" ယီးကိုသြားက်ိဳးလား! ျဖတ္ရိုက္လိုက္ရ.. အံကပ္ပါ ကြၽတ္ထြက္သြားဦးမယ္ "

စိတ္ၾကည္မေနတဲ့ လင္းခန့္ေက်ာ္က ေဒါသူပုန္ထစြာျဖင့္ လက္သီးလွမ္းေထာင္ျပၿပီး လွည့္ဆဲလာတာေၾကာင့္ မင္းသန့္ပိုင္ ၿပဳံးမိသြားရေလသည္။

" ဟြန္းဟြန္း! အဲ့အတြက္ စိတ္မပူနဲ႕.. Ok! ငါကသြားေဆးတက္ေနတာမို႔ မင္းသြားစိုက္ခ်င္ရင္ေတာင္ free service ေပးဦးမွာ သြားက်ိဳး! "

မႀကိဳက္ပါဘူးဆိုကာမွပဲ ဇြတ္ေခၚေနျပန္တဲ့မင္းသန့္ပိုင္ကို အဖက္ျပန္လုပ္ဖို႔ေတာင္မွ လင္းခန့္ေက်ာ္ ေသြးတက္ေနရပါၿပီ။ ထို႔ေၾကာင့္ သူ႕လက္ခလယ္ကိုသာ ခပ္ျမင့္ျမင့္ေလး ထပ္ေထာင္ျပလိုက္မိေလသည္။

ဇြတ္တ႐ြတ္ မင္းသန့္ပိုင္ကလည္း တဟားဟားျပဳရင္းက ကားဘီးကိုလွိမ့္ကာလွိမ့္ကာနဲ႕ လင္းခန့္ေက်ာ္ အေနာက္ကေနသာ မခြါတမ္း လိုက္ခ်သြားပါေတာ့သည္။

________

" ငလူး.. "

" ဗ်ာဗ်! ဒီေန႕ငါ့အေမ ငါးသေလာက္ဥခ်က္ထားတယ္ သိလား "

" အင္း.. "

" ဘာကိုအင္းတာ.. မႀကိဳက္လို႔လား ငျပဴး! ငါသိသေလာက္ေတာ့ မင္းငါးဥစားပါတယ္ကြ "

ၾကားရတဲ့အသံမွာ ထင္သေလာက္အားမပါတာေၾကာင့္ လူးလြန့္ေမာင္ ဆိုက္ကားနင္းေနရင္းက ခေညာင္းဦးကိုငုံ႕ၾကည့္ကာ အေမးျပဳလိုက္မိသည္။ ထိုအခါ ဘယ္အခ်ိန္တည္းက သူ႕ကိုေမာ့ၾကည့္ေနမွန္းမသိရတဲ့ ခေညာင္းဦးရဲ႕ မ်က္ဝန္းဝိုင္းဝိုင္းႀကီးေတြနဲ႕ သြားဆုံမိေတာ့ လူးလြန့္ေမာင္ရန္ခုန္သံေတြမွာ ႐ုတ္တရက္ မီးပြင့္သြားရပါေလသည္။

" အား! ဘာလို႔ အဲ့လိုႀကီးၾကည့္ေနတာလဲ ငျပဴးရာ "

" ဘာ.. ဘာလို႔လဲ.. "

" က်စ္! မင္းမသိဘူး.. မင္းမသိဘူး။ ငါမေျပာျပရင္ မင္းဘယ္ေတာ့မွ သိလာမွာမဟုတ္ဘူးဆိုတာ.. ငါရဲရဲႀကီးေျပာရဲတယ္ ငျပဴး "

လူးလြန့္ေမာင္ရဲ႕အေျပာေၾကာင့္ ေနရင္းထိုင္ရင္းက က်က္ထားသမွ်စာေတြေတာင္ ေမ့ခ်င္ခ်င္ျဖစ္သြားရတဲ့ ခေညာင္းဦးရယ္။ ဘယ္လိုေတာင္မ်ား စကားတစ္ခြန္းကို လူနားမလည္ေလာက္ေအာင္အထိ လူးလြန့္ေမာင္က ေျပာတတ္ေနသလဲပဲ။

" ထားပါေတာ့.. "

" ဘာလို႔ထားရမွာ.. မထားနိုင္ပါဘူး! ေမးၾကည့္လိုက္.. မင္းသိခ်င္ေနတာ တစ္ခုခုရွိေနတယ္မလား "

" ..... "

" ရဲရဲႀကီး ေျပာလိုက္ပါဗ်! ငါနားစြင့္ထားတယ္ေနာ္ ငျပဴး.. "

" ေစာနက မင္းသန့္ပိုင္ဆိုတာ.. ဘယ္သူလဲ ငလူး.. "

" ..... "

မေမွ်ာ္လင့္ပါဘဲနဲ႕ မင္းသန့္ပိုင္နာမည္ႀကီးက ခေညာင္းဦးႏႈတ္ကေန ထြက္ခ်လာတာေၾကာင့္ လူးလြန့္ေမာင္မ်က္ႏွာမွာ ခ်က္ခ်င္းဆိုသလိုပင္ တည္တံ့သြားရေလသည္။

" ငလူး.. "

" အထက္တန္းတုန္းက သူငယ္ခ်င္း "

" ဪ.. "

" ဘာလို႔ဪေနတာ..။ ေနပါဦး! ငါသူ႕နာမည္ကို တစ္ေခါက္လားပဲေျပာမိသြားတာကို.. မင္းက မွတ္ထားတယ္ေပါ့ေလ "

" ဟင္.. "

ခေညာင္းဦးက တကူးတကႀကီး မဟုတ္ေပမယ့္လည္း မင္းသန့္ပိုင္ဆိုသူမွာ လူးလြန့္ေမာင္နဲ႕တရင္းတႏွီး ပတ္သက္ေနပုံရတာေၾကာင့္ မွတ္ထားမိ႐ုံေလးပင္။

" ငျပဴး.. ေသခ်ာနားေထာင္! အဲ့ေကာင္က ရည္းစားအရမ္းမ်ားတာေနာ္..။ တစ္ခါတေလဆို ႏွစ္ေယာက္
တစ္ၿပိဳင္တည္း တြဲတဲ့အထိပဲ။ မင္းဦးႏွောက္က ေသးေသးေလးမို႔ သူရဲ႕နာမည္ကိုမွတ္ထားၿပီး ထပ္အေလးမခံနဲ႕ေတာ့.. ၾကားလား! "

" အင္းပါ..။ ငါက ဒီအတိုင္းေမးၾကည့္တာ.. "

" ဘာေနေန! မင္းကိုစိတ္ေကာက္သြားၿပီ "

" ဘာလို႔လဲ.. "

" ကိုယ့္ဘာသာ သိေအာင္လုပ္ေလဗ်။ မင္းငါ့ကို ျပန္ေခ်ာ့ဖို႔သာျပင္ထားေတာ့ ငျပဴး! "

" ..... "

ခေညာင္းဦးလည္း သူဘာမ်ားမွားလို႔လဲဆိုၿပီး လူးလြန့္ေမာင္ကို မ်က္လုံးဝိုင္းဝိုင္းႀကီးေတြနဲ႕သာ ေမာ့ၾကည့္ေနရွာသည္။

" အဲ့လို ေၾကာင္သူငယ္အၾကည့္မ်ိဳးေတြ လာမၾကည့္စမ္းနဲ႕! ငါဒီတစ္ခါ တကယ္ေကာက္သြားတာေနာ္ ငျပဴး.. "

" မင္းကလဲ.. "

" မၾကားခ်င္.. "

" မၾကားခ်င္ဘူး! မၾကားခ်င္ဘူး..! "

လူးလြန့္ေမာင္ခမ်ာ ေျပာလက္စ စကားေတာင္မွ မဆုံးလိုက္ရရွာပါ။ ခေညာင္းဦးတို႔အိမ္ေရွ႕ကို ေရာက္ခါနီးမွာပဲ အိမ္ထဲကေနၿပီး ေဒၚကေညာင္းေမရဲ႕ ေအာ္ဟစ္ေသာင္းက်န္းသံ က်ယ္က်ယ္ေလာင္ေလာင္ႀကီးကို လွမ္းၾကားလိုက္တာေၾကာင့္ ႏွစ္ေယာက္သား ေၾကာင္အသြားရသည္။

" အီးဟီးဟီး! ေတာင္းပန္ပါတယ္.. ေတာင္းပန္ပါတယ္လို႔..! ငါ့ကို အလႊတ္ေပးပါေတာ့! "

" ေမႀကီး..။ ေမႀကီး ဘာျဖစ္ေနတာလဲမသိဘူး.. "

ေဒၚကေညာင္းေမရဲ႕ ငိုယိုဟစ္ေႂကြးေနသံၾကားမွာ ခေညာင္းဦးလည္း စိုးရိမ္တႀကီးျဖစ္ၿပီး ဆိုက္ကားေပၚမွေျပးဆင္းဖို႔သာ အလ်င္လိုသြားေတာ့သည္။

" ငျပဴး! ဇြတ္မဆင္းနဲ႕.. ေျခေထာက္ထိမိမယ္! "

မိခင္ကလြဲၿပီး ဘာကိုမွမျမင္နိုင္ေတာ့တဲ့ ခေညာင္းဦးေၾကာင့္ အရွိန္မေသေသးတဲ့ဆိုက္ကားကိုပဲ လူးလြန့္ေမာင္ အျမန္ကိုင္တြယ္လိုက္ရသည္။

" ေမႀကီး! ေမႀကီး..! "

အိမ္ထဲကို အေျပးအလႊားဝင္သြားတဲ့ ခေညာင္းဦးေနာက္ကို အတင္းလိုက္သြားဖို႔ကလည္း အဆင္မေျပတာနဲ႕ လူးလြန့္ေမာင္ ၿခံအျပင္ဘက္မွာေနခဲ့ၿပီး အထဲကအေျခအေနကိုသာ မ်က္ေျခမျပတ္သြားေအာင္ ေစာင့္ၾကည့္ေနမိေတာ့သည္။

" ဘြားေမ! ေမႀကီး.. ေမႀကီး ဘာျဖစ္တာလဲဟင္ "

ဖိနပ္ေတာင္မကပ္နိုင္စြာပင္ အေလာတႀကီးနဲ႕ အိမ္ေပၚေျပးတက္လာတဲ့ ခေညာင္းဦးကို ေဒၚခင္ႏွင္းၾကည္ မ်က္ရည္မ်ားျဖင့္သာ လွမ္းၾကည့္လို႔လာခဲ့သည္။ ထိုအခါ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ခေညာင္းဦးရင္ထဲဝယ္ ဆို႔နင့္စြာနဲ႕ တင္းက်ပ္သြားရပါေလသည္။

" ေၾကာက္ပါတယ္! ငါေၾကာက္လို႔ပါ.. ငါ့ကိုအလႊတ္ေပးပါေတာ့! ထိုင္ရွိခိုးဆိုလည္း ရွိခိုးပါ့မယ္.. အား! ငါ့ကို မရိုက္ပါနဲ႕ေတာ့! နာလို႔ပါ! ငါအရမ္းနာလို႔ပါ..! "

အိမ္တိုင္လုံးနားမွာ ေခါင္းမေဖာ္တမ္းဝပ္တြားေနတဲ့ ေဒၚကေညာင္းေမက သံႀကိဳးတန္းလန္း ခ်ည္ခံထားလ်က္နဲ႕ လက္အုပ္ေလးစုခ်ီလို႔ မည္းမည္းျမင္ရာကိုသာ လွည့္၍ရွိခိုးေနရွာသည္။

" ငါ့ကိုသနားပါ! ငါ့အသားေတြ နာလြန္းလို႔ပါ! အီးဟီးဟီး..! "

" အင့္.. ေမႀကီး.. "

" ေျမးေလး.. အနားမသြားေသးနဲ႕ဦး..။ လာလာ.. ဘြားေမအနားကိုလာ.. "

ေဒၚကေညာင္းေမထံ ေျခလွမ္းစျပဳေတာ့မည့္ ခေညာင္းဦးကို ေဒၚခင္ႏွင္းၾကည္က လွမ္းတားလာခဲ့သည္။

" ဘြားေမ.. ဘာေတြျဖစ္ေနတာလဲ.. "

ဝမ္းနည္းစြာငိုရွိုက္ေနတဲ့ အဘြားျဖစ္သူအနားကို ခေညာင္းဦးတိုးကပ္သြားေတာ့ အမွတ္မထင္ ျမင္ေတြ႕လိုက္ရသည္မွာ မိခင္ျဖစ္သူလက္ခ်က္ၾကာင့္ ညိုမည္းစြဲေနၿပီျဖစ္တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြ..။ ဤအမွတ္အသားေတြမွာ စိတ္ေဖာက္ျပန္ေနတဲ့ ေဒၚကေညာင္းေမကို ဘယ္ေလာက္ထိေတာင္မ်ား ထိန္းခ်ဳပ္ဖို႔ခက္ခဲခဲ့သလဲဆိုတဲ့ သက္ေသေတြအျဖစ္သာ။

" အင့္! ဘြားေမ.. အရမ္းနာေနလားဟင္..။ ဘာလို႔ ႐ုတ္တရက္ႀကီး.. ေမႀကီးက.. "

" ဘြားေမတို႔မွာ.. ေနစရာမရွိေတာ့ဘူး ေျမးေလး.. "

" ဟင္.. ဘာ..ဘာလို႔လဲ ဘြားေမ..။ ဒီအိမ္က.. သားတို႔အိမ္ေလ.. "

ထိုအခါ ေဒၚခင္ႏွင္းၾကည္က ေခါင္းကိုယမ္းလို႔ ဝမ္းနည္းပက္လက္နဲ႕သာ ေျပာေလသည္။

" မဟုတ္ေတာ့ဘူးတဲ့..။ ေစာနကပဲ.. အေႂကြးရွင္ဆိုတဲ့ လူမိုက္ေတြက.. ေငြျပန္မေပးနိုင္ရင္ မနက္ျဖန္ဒီအိမ္ေပၚကေန ခ်က္ခ်င္းဆင္းေပးဖို႔ကို.. လာေျပာသြားၾကတယ္ကြယ္.. "

" ..... "

အေၾကာင္းရင္းကိုနားေထာင္ရာက ခေညာင္းဦးခ်က္ခ်င္း သေဘာေပါက္သြားရသည္။ ေယာက်ာ္းႀကီးမ်ား အိမ္ေပၚေရာက္ခ်လာတာေၾကာင့္သာ အတိတ္ကအျဖစ္ဆိုးႀကီးမ်ားကို ျပန္အမွတ္ရၿပီး ေဒၚကေညာင္းေမ ေၾကာက္လန့္တၾကားနဲ႕ စိတ္ေဖာက္ျပန္သြားရျခင္းပင္။ ေဒၚခင္ႏွင္းၾကည္ကေတာ့ ရင္ထုမနာစြာျဖင့္ ဆက္၍ေျပာလာသည္။

" ေသခ်ာေပါက္ ငါသိေနတယ္.. ဒါဟိုေကာင္မ ႏွောင္းဦးေမလက္ခ်က္ပဲ..။ အမွိုက္မ! ငါဘယ္လိုသမီးမ်ိဳးကို ေမြးခဲ့မိတာတုံး! ဒီအေမအိုႀကီးရဲ႕ မ်က္ႏွာမွမေထာက္.. လုပ္ရက္လိုက္တာ.. လုပ္ရက္လိုက္တာဟဲ့! "

ပါးျပင္ထက္က်ဆင္းေနတဲ့ မ်က္ရည္မ်ားကိုလ်စ္လ်ဴရႈလို႔ ခေညာင္းဦးေတြေတြႀကီးသာ ထိုင္ေနမိေတာ့သည္။

ခေညာင္းဦးတို႔ေနထိုင္ရာ အိမ္ငယ္ေလးမွာ အဘြားကိုအဘိုးက ေခြၽးနည္းစာေလးနဲ႕ ဝယ္ေပးခဲ့တာျဖစ္လို႔ မည္မွ်ပင္ စားစရာမရွိေတာ့သည့္တိုင္ေအာင္ ေဒၚခင္ႏွင္းၾကည္ကလည္း အိမ္ေပါင္ျခင္း၊ ေျမေပါင္ျခင္းတို႔ကို မလုပ္ဖူးခဲ့ပါေခ်။ ထို႔ေၾကာင့္ ယခုအိမ္ကို အေႂကြးနဲ႕အသိမ္းခံရေအာင္ လုပ္ရက္ခဲ့သူမွာ ေဒၚႏွောင္းဦးေမကလြဲၿပီး တျခားသူမရွိနိုင္ေတာ့ေပ။

ေဒၚႏွောင္းဦးေမဆိုသူမွာ ေဒၚကေညာင္းေမရဲ႕ ညီမအရင္းျဖစ္သလို ငယ္႐ြယ္စဥ္အခ်ိန္တည္းကပင္ ေလာင္းကစားကို ခုံမင္လြန္းခဲ့သူျဖစ္သည္။ ခေညာင္းဦး မေမြးဖြားလာခင္မွာပဲ အိမ္တြင္ရွိရွိသမွ် ဥစၥာပစၥည္းမ်ားကို အေပ်ာက္ရိုက္ထားခဲ့သူဆိုလည္း မမွားေခ်။

ထို႔အျပင္ ေဒၚႏွောင္းဦးေမက မိန္းကေလးတစ္ေယာက္ ျဖစ္သည့္တိုင္ေအာင္ အ႐ြယ္ေရာက္ခ်ိန္တည္းကစၿပီး အိမ္လုံးဝမကပ္ဘဲနဲ႕ ေလာင္းကစားဝိုင္းေတြမွာသာ က်င္လည္က်က္စားေနခဲ့ျခင္း ျဖစ္သည္။ တစ္ခါတေလ ေငြလိုအပ္ေတာ့မွသာ ေဒၚခင္ႏွင္းၾကည္ထံ ျပန္ေရာက္လာတတ္ၿပီး မရိုးအီနိုင္စြာျဖင့္ ဒုကၡေပးေနတာမ်ိဳးပင္။

" ေဒၚေလးက.. ဘာလို႔.. "

" သူေနာက္ဆုံးတစ္ေခါက္ အိမ္ေရာက္လာတုန္းက ခဏအေပါင္ထားခ်င္တယ္ဆိုၿပီး စာခ်ဳပ္အတင္းေတာင္းေတာ့.. ဘြားေမ လုံးဝမေပးခဲ့ဘူးေလ..။ ဘြားေမအထင္ေတာ့.. အဲ့အမွိုက္မက အိမ္မွာလူေတြလစ္တုန္းေလး စာခ်ဳပ္ကိုဝင္ရွာၿပီး ယူသြားတာပဲေနမွာ.. "

" အာ့..အာ့ဆို.. သားတို႔ ဘယ္လိုလုပ္ၾကမလဲဟင္.. ဟင္.. ဘြားေမ.. "

ေန႕ခ်င္းညခ်င္းပင္ လမ္းေဘးေရာက္သြားၾကမယ့္ အေျခအေနျဖစ္ေနတာေၾကာင့္ ေခါင္းထဲမွာလည္း ဗလာနတၳိနဲ႕သာ ေျမးအဘြားႏွစ္ေယာက္ ရင္ေတြပူေလာင္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္လ်က္ ငိုေႂကြးေနၾကရေတာ့သည္။ သူတို႔ဘဝမွာ ယခုလိုမ်ိဳး အိမ္အခြံေလးတစ္လုံးကလြဲလို႔ တျခားမွီခိုနားစရာ အသိုက္အၿမဳံဆိုတာ ထပ္မရွိထားခဲ့ပါေလ။

ထိုအခ်ိန္ အိမ္ေပၚကိုအေလာတႀကီးနဲ႕ ေျပးတက္လာခဲ့သူေၾကာင့္ စိုးရိမ္တႀကီး လန့္ဖ်န့္ေနၾကရင္းက ၿပိဳင္တူလွည့္ၾကည့္လိုက္မိရာ..။

" ေမခင္..! ေညာင္းေလး! "

" အင့္.. ႀကီးေမ.. "

" အိုကြယ္.. ရင္ေတြပါတုန္တယ္။ အိမ္ထဲမွာ ဘာေတြျဖစ္ေနၾကတာတုံး "

ထုံးစံအတိုင္း ဆြဲျခင္းေတာင္းႀကီးျဖင့္ေရာက္လာတဲ့ ေဒၚျဖဴျဖဴေမာင္က ခေညာင္းဦးကြၽတ္က်န္ခဲ့တဲ့ ဖိနပ္
တစ္ဖက္ကို လက္ထဲကိုင္ထားၿပီး ၿခံျပင္မွာရပ္ေစာင့္ေနတဲ့ သားျဖစ္သူဆီကေနမွ အေျခအေနတခ်ိဳ႕ကို ၾကားသိလာရတာေၾကာင့္ ခ်က္ခ်င္းဆိုသလိုပင္ စိတ္ပူပန္သြားခဲ့ရွာသည္။

" သမီးျဖဴေရ..! ငါတို႔ကို ဟိုအမွိုက္မႏွောင္းဦးေမ ဘယ္လိုေတာင္ ေက်းဇူးဆပ္သြားသလဲဆိုတာ.. ေျပာစရာပါးစပ္ ဆယ္ေပါက္ရွိရင္ေတာင္ မေျပာရဲေတာ့ပါဘူးေအ! "

ေဒၚျဖဴျဖဴေမာင္ကို ျမင္ေတြ႕လိုက္ရတာနဲ႕ အားကိုးရာကို ရွာေတြ႕သြားသလိုႏွယ္..၊ ေဒၚခင္ႏွင္းၾကည္ခမ်ာ နာနာက်င္က်င္နဲ႕သာ ရင္ဘတ္ကိုထုရိုက္လို႔ ေျဖမဆည္နိုင္စြာျဖင့္ ဖြင့္ထုတ္ေနပါေတာ့သည္။ အေၾကာင္းစုံသိသြားရတဲ့ ေဒၚျဖဴျဖဴေမာင္လည္း ကူကယ္ရာမဲ့ေနၿပီျဖစ္တဲ့ ေျမးအဘြားႏွစ္ေယာက္အေပၚမွာ စိတ္မေကာင္းျဖစ္မိလြန္းလို႔ ခပ္တင္းတင္းေပြ႕ဖက္ၿပီး အတူတကြသာငိုေႂကြးေလသည္။

" ငါေသသာ ေသလိုက္ခ်င္ပါေတာ့တယ္..! ဘယ္လို ဝဋ္ေႂကြးေတြေၾကာင့္မ်ား.. အခုခ်ိန္ထိကို ဆပ္မကုန္နိုင္ေအာင္ျဖစ္ေနမွန္းလည္း မသိေတာ့ပါဘူး.. "

" ေညာင္းေလး စိတ္မေကာင္းျဖစ္ရေအာင္ မေျပာပါနဲ႕..။ သူ႕ခမ်ာ ခင္တြယ္ရာဆိုလို႔ ဒီအေမနဲ႕ဒီအဘြားႏွစ္ေယာက္ပဲ ရွိခဲ့တာပါ ေမခင္ရယ္ "

" အမယ္ေလး..! ငါ့ေျမးေလးကို သနားလိုက္တာ..။ ရွိတာမွ အိမ္အခြံတစ္လုံးတည္းကို.. ဒီအဘြားကိုယ္တိုင္က အသုံးမက်ခဲ့လို႔ေပါ့.. "

ထိုအခ်ိန္ အိမ္ထဲမွာ တျခားဆူဆူညံညံအသံမ်ား ထပ္မၾကားမိတာေၾကာင့္ ေဒၚျဖဴျဖဴေမာင္ ေဘးကိုလွည့္ၾကည့္လိုက္ရာ..၊ ေဒၚကေညာင္းေမက သံႀကိဳးတန္းလန္းနဲ႕ လက္အုပ္ေလးခ်ီၿပီး ေနရာမွာတင္ အိပ္ေပ်ာ္သြားရွာၿပီျဖစ္သည္။ မ်က္စိေရွ႕မွာတင္ ျမင္ေတြ႕ေနရသည့္ အေျခအေနအရပ္ရပ္တို႔မွာ အမွန္တကယ္ပင္ စိတ္မခ်မ္းေျမ့ဖြယ္အတိ..။

ထို႔ေၾကာင့္ ေဒၚျဖဴျဖဴေမာင္အတြက္ေတာ့ အနည္းငယ္ အရဲစြန့္ရာက်နိဳင္ေပမယ့္လည္း မတတ္သာစြာနဲ႕သာ ဆုံးျဖတ္ခ်က္ခ်လိဳက္ရသည္။

" ေမခင္.. ဘာမွေတြးမေနနဲ႕ေနာ္။ အခုခ်ိန္ကစၿပီး ကြၽန္မနဲ႕သာအတူလာေနၾကေတာ့.. ဟုတ္ၿပီလား.. "

မထင္မွတ္ပါဘဲနဲ႕ ၾကားလိုက္ရတဲ့စကားအရာေၾကာင့္ ေျမးအဘြားႏွစ္ေယာက္မွာ ေဒၚျဖဴျဖဴေမာင္ကို မျမင္ေတြ႕ဖူးသူသဖြယ္ အလန့္တၾကားျဖင့္ ေမာ့ၾကည့္လာၾကေလသည္။

" မျဖစ္ဘူး သမီးျဖဴ..။ ပါးစပ္ အေပါက္တစ္ရာရွိရင္ေတာင္မွ အေမ့အေနနဲ႕ ေက်းဇူးစကားေတြကို ေျပာမကုန္နိုင္ေလာက္ေပမယ့္.. ဒါကိုေတာ့ ျငင္းပါရေစကြယ္ "

" မျငင္းပါနဲ႕ ေမခင္.. ေညာင္းေလးရဲ႕စာေမးပြဲကလည္း ေျဖဖို႔ရက္ ေတာ္ေတာ္နီးေနၿပီမလား။ ဘယ္လိုပဲေတြးေတြး.. ဒါက အေကာင္းဆုံးေျဖရွင္းနည္းပဲ "

" ငါ့ေျမးလူးလူးအတြက္လည္း ထည့္ေတြးရဦးမယ္ေလ သမီးျဖဴရယ္..။ မလုပ္ပါနဲ႕.. အေမ ျငင္းပါရေစေနာ္ "

ေဒၚခင္ႏွင္းၾကည္ရဲ႕ အသည္းအသန္ျငင္းဆိုေနမႈကို ေဒၚျဖဴျဖဴေမာင္က ေခါင္းအသာယမ္းျပလာသည္။ ခေညာင္းဦးကိုယ္တိုင္လည္း အေကာင္းဆုံးျဖစ္နိုင္မယ့္ နည္းလမ္းမ်ားကို ႏႈတ္ဆိတ္စြာနဲ႕သာ အလ်င္အျမန္စဥ္းစားၾကည့္ေပမယ့္ အားရေက်နပ္စရာ ေကာင္းေလာက္ေအာင္မ်ိဳးေတာ့ ဘာတစ္ခုမွထြက္မလာခဲ့ေခ်။

" သားေမာင္အတြက္ကို ကြၽန္မထည့္ၿပီး စဥ္းစားထားပါတယ္ ေမခင္ရဲ႕..။ သူလည္း ဝမ္းသာအားရလက္ခံမွာပဲမို႔ အခုခ်ိန္မွာ ဘာကိုမွထပ္ေတြးပူမေနဘဲနဲ႕ လက္ရွိႀကဳံေနရတဲ့ ျပႆနာကိုသာ အရင္ဆုံးေျဖရွင္းၾကတာေပါ့ "

အားနာလြန္းတာေၾကာင့္ ထပ္မံၿပီး ျငင္းဆိုခ်င္ေပမယ့္လည္း လူသုံးေယာက္အဖို႔က ခဏတျဖဳတ္ သြားစရာေနရာတစ္ခုေတာင္မွ အမွန္တကယ္ မရွိထားသည့္အတြက္ေၾကာင့္ ေဒၚခင္ႏွင္းၾကည္ခမ်ာ မ်က္လုံးစုံမွိတ္ခ်လိဳ႕သာ လက္ခံလိုက္ရပါေတာ့သည္။

ထိုအခါ ေန႕ေ႐ြ႕ညေ႐ြ႕ေတြ လုပ္ခိုင္းမေနေတာ့ဘဲနဲ႕ အခ်ိန္ရွိတုန္းေလးမွာတင္ ညတြင္းခ်င္း ေျပာင္းေ႐ြ႕လိုက္ၾကဖို႔ကိုပဲ ေဒၚျဖဴျဖဴေမာင္က ထပ္ေဆာ္ဩလိုက္ျပန္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ပါးစပ္တျပင္ျပင္ျဖစ္ေနၾကတဲ့ အိမ္နီးနားခ်င္းေတြရဲ႕ရန္ကို တတ္နိုင္သေလာက္ေလးနဲ႕ ေရွာင္ရွားခ်င္မိခ်င္တာလည္း ေသခ်ာေပါက္ပါေလသည္။

ခေညာင္းဦးတို႔မိသားစုနဲ႕ ပတ္သက္ၿပီး အေၾကာင္းစုံသိသြားရတဲ့ လူးလြန့္ေမာင္ကိုယ္တိုင္က မိခင္ထက္ေတာင္မွ ပိုလို႔တက္ႂကြေနခဲ့သည္။ တစ္လက္စတည္းမွာပဲ လိုလိုမယ္မယ္ အေျပာင္းအေ႐ြ႕မ်ားအတြက္ ဦးထင္ေက်ာ္အိမ္ကို လူးလြန့္ေမာင္ အက်ိဳးအေၾကာင္းသြားေျပာကာ အကူအညီ ေတာင္းခံလာျပန္သည္ေလ။

တကယ္တမ္းက်ေတာ့ ခေညာင္းဦးတို႔အိမ္မွာက ႀကီးႀကီးမားမားပစၥည္းရယ္ဆိုၿပီးလည္း မရွိတာေၾကာင့္ ဆိုက္ကားႏွစ္စီးနဲ႕တင္ ပစၥည္းအသယ္အပို႔အတြက္ကို အဆင္ေျပသြားရပါသည္။ ဆိုက္ကားနင္းဖို႔အတြက္ကို ဦးထင္ေက်ာ္နဲ႕အတူ ပါလာတဲ့မိတ္ေဆြတစ္ေယာက္က တာဝန္ခြဲယူေပးခဲ့သည္။

ထို႔ေၾကာင့္ ေဆးအရွိန္နဲ႕အိပ္ေမာက်ေနတဲ့ ေဒၚကေညာင္းေမကိုေတာ့ လူးလြန့္ေမာင္ကိုယ္တိုင္ ကုန္းပိုးၿပီး ခ်ီေခၚသြားဖို႔အတြက္ ျပင္ရေလသည္။ ကုန္းပိုးရျခင္းအေၾကာင္းမွာလည္း ဆိုက္ကားနဲ႕ အိမ္အရင္သယ္သြားဖို႔ကို ေမ့ေလ်ာ့သြားတာေၾကာင့္ပဲ ျဖစ္သည္။

ေဆးတိုက္ထားေပမယ့္ နာရီပိုင္းေလာက္သာ နစ္နစ္ၿခိဳက္ၿခိဳက္အိပ္တတ္တဲ့ ေဒၚကေညာင္းေမေၾကာင့္ ထိန္းရျပဳရမခက္ရေအာင္ ယခုလိုမတတ္သာစြာနဲ႕ပဲ ဆုံးျဖတ္လိုက္ၾကရတာပင္။

ခေညာင္းဦးခမ်ာလည္း လမ္းမွာသြားေနရင္းက မေတာ္တဆနိုးလာခဲ့သည္ရွိေသာ္ ခ်ီပိုးထားရတဲ့လူးလြန့္ေမာင္ကို ဖမ္းကိုက္တာမ်ိဳးေတြ ျဖစ္မွာစိုးတာေၾကာင့္ မ်က္ရည္ေလးတစမ္းစမ္းနဲ႕ မိခင္ျဖစ္သူရဲ႕ပါးစပ္အား အဝတ္တစ္ခုျဖင့္စည္းထားဖို႔သာ အလ်င္ျပင္ေနရသည္။ ထိုအခ်င္းအရာကို ျမင္လိုက္ရတဲ့ လူးလြန့္ေမာင္က မၾကည့္ရက္စြာနဲ႕ပဲ ခေညာင္းဦးကို အျမန္လွမ္းတားပါေတာ့သည္။

" မလုပ္နဲ႕ ငျပဴး..။ ငါတကယ္အဆင္ေျပတာမို႔ ဒီလိုမ်ိဳးေတြထိ မင္းလုပ္စရာမလိုဘူးေလ.. ဟုတ္ၿပီလား "

" ဒါမဲ့.. ငလူး.. "

အားနာစြာေမာ့ၾကည့္လာခဲ့တဲ့ ခေညာင္းဦးရဲ႕မ်က္ဝန္းနားက က်လဳဆဲဆဲမ်က္ရည္စတခ်ိဳ႕ကို လက္မျဖင့္ ခပ္ဖြဖြပြတ္ဆြဲသုတ္လို႔ လူးလြန့္ေမာင္ သာသာယာယာပင္ ၿပဳံးျပလိုက္သည္။

" အဟြန္း! ျပဴးျပဴးစိန္ေလးက လိမၼာပါတယ္ဗ်။ အေဒၚကလည္း ငါ့ကိုထိခိုက္ေအာင္ေတာ့ မလုပ္ရက္ေလာက္ပါဘူး "

တကယ္တမ္းက်ေတာ့ လူးလြန့္ေမာင္ေျပာလိုက္တဲ့ စကားတစ္ခြန္းအတြက္ကို အာမခံေပးမယ့္သူမွာ တစ္ေယာက္ေတာင္မွ် ရွိမေနခဲ့ပါေလ။

မွိန္ပ်ပ်ထြန္းလင္းေနေသာ လမ္းမီးေရာင္မ်ားေအာက္တြင္ ေဒၚကေညာင္းေမကို လူးလြန့္ေမာင္က ကုန္းပိုးလ်က္ေလွ်ာက္ေနသလို ေဘးတြင္လည္းခေညာင္းဦးက အထုပ္အပိုးေတြနဲ႕ အတူလိုက္ပါလာခဲ့သည္။ ေဒၚခင္ႏွင္းၾကည္နဲ႕ ေဒၚျဖဴျဖဴေမာင္ကေတာ့ ခေညာင္းဦးတို႔အ​ေနာက္ကေနသာ အထုပ္ကိုယ္စီဆြဲၿပီး တိတ္တဆိတ္နဲ႕ ေလွ်ာက္လို႔လာခဲ့ၾကသည္။

" ငလူး.. "

" ဗ်ာဗ်! "

" ငါတို႔ေတြ အိမ္မွာလာေနၾကရင္.. မင္းက် ဘယ္သြားေနမွာလဲဟင္.. "

" ငါလား..။ အင္းေနာ္.. ဘယ္သြားေနရင္ေကာင္းမလဲ။ ဒါမွမဟုတ္.. ငါတို႔ႏွစ္ေယာက္ပဲ အတူေနၾကရင္ေရာ ငျပဴး "

" ဟင္.. ဘယ္ကို.. "

" အဟြန္း! ျပဴးျပဴးစိန္က ေမာင္ေခၚရာ လိုက္ခဲ့မယ္ေပါ့ေလ "

" ..... "

ေျပာခ်င္ရာေျပာၿပီးကာမွ လူးလြန့္ေမာင္တစ္ေယာက္တည္း ႀကိတ္ကာၿပဳံးမိသြားေလသည္။ တစ္ဆက္တည္းမွာပင္ ေလွ်ာက္လွမ္းေနဆဲျဖစ္တဲ့ ရပ္ကြက္လမ္းဆုံးကိုေက်ာ္လို႔ အနာဂတ္အတြက္ကိုပါ ေမွ်ာ္ေတြးေနျပန္ေတာ့သည္။

" ဒီအတိုင္းဆိုရင္ ေသခ်ာေပါက္ ငါကေတာ့ႀကိဳးစားရခ်ည္ရဲ႕..။ ငါ့ကိုယုံတယ္မလား ငျပဴး.. "

" အင္း "

" လိမၼာလိုက္တာဗ်ာ..။ ငါမင္းဆီကိုေန႕တိုင္း အရင္းအႏွီးလာထည့္မယ္သိလား ငျပဴး.. "

" မင္းထည့္ထားတာေတြက.. ျပန္ရမွာမဟုတ္ဘူးေနာ္ ငလူး.. "

" အဟြန္း! မရလည္း အေရးမႀကီးဘူး.. "

" ဘာလို႔လဲ.. "

" ငါတကယ္လိုခ်င္တာက.. မင္းကိုပဲေလ "

ၿပဳံးၿပဳံးႀကီးနဲ႕ ေအာင္နိုင္သူအထာဖမ္းေနခဲ့တဲ့ လူးလြန့္ေမာင္ကေတာ့ ေနာက္ဆုံးစကားကို ေျပာလိုက္ရခ်ိန္မွာ သူ႕ကိုယ္သူပိုင္လွၿပီလို႔လည္း ထင္ေနခဲ့တာပင္။ လူးလြန့္ေမာင္ကိုယ္တိုင္က အခုလိုအခ်ိန္မ်ိဳးႀကီးမွာ ခေညာင္းဦးသိေအာင္ တရားဝင္ မဖြင့္ဟခ်င္ေသးတာေၾကာင့္ မၾကားရတဲ့ ညာဘက္နား႐ြက္နားမွာ ခပ္တိုးတိုးေလး ဝန္ခံခဲ့တာျဖစ္သည္။

တကယ္တမ္းက်ေတာ့ မွားယြင္းစြာနဲ႕ ဖြင့္ဟမိသြားသည္ကို လူးလြန့္ေမာင္ မသိခဲ့ပါေလ။ အဘယ္ေၾကာင့္ဆိုေသာ္ ခေညာင္းဦးရဲ႕ ဘယ္ဘက္အၾကားအာ႐ုံနားကို လူးလြန့္ေမာင္ အသာတိုးကပ္လို႔ ခပ္ရွရွေလး ေျပာလိုက္မိျခင္းျဖစ္သည္ေလ။

ဘယ္နဲ႕ညာကို အၿမဲမွားယြင္းစြာခြဲျခားတတ္တဲ့ လူးလြန့္ေမာင္အဖို႔ ခေညာင္းဦး တကယ္ၾကားေနရတဲ့ ဘယ္ဘက္အၾကားအာ႐ုံကို မၾကားရတဲ့ ညာဘက္အၾကားအာ႐ုံနဲ႕ မွားယြင္းေနခဲ့တာလည္း ႏွစ္အေတာ္ၾကာခဲ့ၿပီျဖစ္သည္။

ထိုအခ်က္ကို ခေညာင္းဦးကိုယ္တိုင္ ဘယ္ေတာ့မွ အမွန္ျပင္ေပးလိမ့္မည္လည္း မဟုတ္ေပ။ အေၾကာင္းမွာ မၾကာခဏဖြင့္ဟ ဝန္ခံလာတတ္တဲ့ လူးလြန့္ေမာင္ရဲ႕လွ်ို႔ဝွက္ခ်က္ေတြကို တိတ္တခိုး ထပ္ၾကားသိခြင့္မရေတာ့မွာကို ဘာသာစိုးထိတ္ေနမိ၍ပင္။

________

ကံအားေလ်ာ္စြာျဖင့္ လူးလြန့္ေမာင္တို႔အိမ္နားဆီ ေရာက္ရွိလာခ်ိန္ထိတိုင္ေအာင္ ဆက္လက္ အိပ္ေမာက်ေနဆဲျဖစ္တဲ့ ေဒၚကေညာင္းေမကို ေက်းဇူးတင္မဆုံးေတြ ျဖစ္ေနရေလသည္။ ၿခံေရွ႕ကို ႀကိဳေရာက္ႏွင့္ေနခဲ့တဲ့ ဦးထင္ေက်ာ္တို႔ကလည္း ပစၥည္းေတြသယ္ခ်ေပးဖို႔ရာအတြက္ ရပ္ေစာင့္ေနၾကသည္။

" ငါ့တူတို႔! ဒီပစၥည္းေတြကို တစ္ခါတည္းအိမ္ထဲပဲ သယ္ခ်သြားေတာ့မယ္ေနာ္ "

လက္ႏွစ္ဖက္အျပည့္ ပစၥည္းေတြကို သယ္ထားၿပီးျဖစ္ေနတဲ့ ဦးထင္ေက်ာ္နဲ႕သူ႕မိတ္ေဆြက ခေညာင္းဦးတို႔ကိုလွမ္းျမင္တာနဲ႕ အိမ္ထဲဝင္ဖို႔ကို ခြင့္ေတာင္းလာၾကသည္။ ထိုအခါ ေဒၚျဖဴျဖဴေမာင္ေပးထားတဲ့ ၿခံတံခါးနဲ႕အိမ္ေသာ့တြဲကို ခေညာင္းဦး အိတ္ထဲကေနအျမန္ထုတ္ယူၿပီး တံခါးေသာ့ေတြ လိုက္ဖြင့္ပါေတာ့သည္။

" ဟို.. ကြၽန္ေတာ္ပဲ သယ္သြားလိုက္ပါ့မယ္ ဦးေလးတို႔..။ အခုလိုေတြ အႏွောင့္အယွက္ေပးမိလို႔လည္း.. အားနာမိပါတယ္ဗ် "

" ေဟ! ဘယ္ကသာကြာ။ တစ္ရပ္ကြက္သားခ်င္းေတြပဲကို.. ဒီလိုေျပာတာေတာင္ ငါတို႔က စိတ္ဆိုးခ်င္ေသးတာ.. အေဟးေဟး! "

" ဟုတ္..။ တကယ္ ေက်းဇူးတင္ပါတယ္ဗ် "

" မလိုပါဘူးကြာ။ ေနာက္လည္းလိုတာရွိရင္ ဘာမွအားနာစရာမလိုဘူး.. ဟုတ္ၿပီလား..။ တစ္ခုခုဆို ဦးေလးတို႔ကိုသာ သတိရလိုက္.. ဟားဟားဟား! "

" ရႉး..! အေဒၚ နိုးသြားဦးမယ္ဗ်။ တိုးတိုးရယ္စမ္းပါ ဦးေလးထင္ေက်ာ္ရာ "

" ဪ ေအး.. ဟုတ္သား..။ ရႉးရႉး! ဟီး.. "

ၿခံေရွ႕ကိုေရာက္လာတဲ့ လူးလြန့္ေမာင္က ခ်က္ခ်င္းလွမ္းဟန့္လာတာေၾကာင့္ ဦးထင္ေက်ာ္ခမ်ာ တရႉးရႉးျပဳရင္းနဲ႕ပဲ အိမ္ထဲကို တိုးတိုးတိတ္တိတ္သာ ပစၥည္းေတြသယ္ခ်ေနရရွာသည္။

ထိုအခ်ိန္ တစ္လမ္းလုံးအဆင္ေျပလာရာက အိမ္အဝင္ဝေရာက္ေတာ့မွပဲ ျပႆနာစတင္လာခဲ့သည္။ ႐ုတ္တရက္ဆိုသလိုပင္ သူ႕ေက်ာေပၚမွာလႈပ္ရွားလာေနတဲ့ ခံစားခ်က္ႀကီးတစ္ခုေၾကာင့္ လူးလြန့္ေမာင္လည္း အိမ္ထဲအမီဝင္နိုင္ဖို႔ကို ႀကိဳးစားလိုက္ပါေသးသည္။

သို႔ေပမယ့္လို႔ မ်က္လုံးႀကီးပြင့္လာၿပီျဖစ္တဲ့ ေဒၚကေညာင္းေမက ေဘးမွာမ်က္လုံးျပဴးၿပီး စိုးထိတ္စြာရပ္ၾကည့္ေနတဲ့ ခေညာင္းဦးကိုျမင္ေတာ့ ၿပဳံးျပမိမလိုရွိေသး..။ သူအခ်ီခံထားရမွန္းကို တန္းသတိထားမိသြားတာနဲ႕ အလန့္တၾကားေတြထျဖစ္ကာ အသည္းအသန္း႐ုန္းရင္းျပဳရင္းက လူးလြန့္ေမာင္ရဲ႕ပခုံးကို အမိအရပင္ ကုန္းကိုက္ေလပါေတာ့သည္။

ထိုအခါ အားႀကီးနဲ႕ကိုက္ခ်လာသည့္ အရွိန္ေၾကာင့္ အသည္းခိုက္မတတ္ နာက်င္သြားရေပမယ့္လို႔ လုံးဝမေအာ္ဘဲနဲ႕ အတင္းအံႀကိတ္ခံေနတဲ့ လူးလြန့္ေမာင္ရယ္။ ေဘးမွာရွိေနတဲ့ ခေညာင္းဦးကလည္း လက္ထဲကိုင္လ်က္သား အထုပ္ေတြကိုအလ်င္ပစ္ခ်ကာ မိခင္ျဖစ္သူအား အထိတ္တလန့္နဲ႕ဆြဲဖယ္ေနရင္းက မနိုင့္တနိုင္ပင္ ထိန္းျပဳရေတာ့သည္။

" ေမႀကီး.. မကိုက္ရဘူးေလ..! လိမၼာတယ္ေနာ္ ေမႀကီး! လႊတ္လိုက္ပါေတာ့.. အင့္.. ငလူးနာေနၿပီ! "

" ေျမးေလး! သူနိုးလာၿပီလား..။ ဟဲ့.. ဘာလို႔ကိုက္ေနတာတုံး! မိေညာင္းမ.. အခုခ်က္ခ်င္း လႊတ္လိုက္စမ္း! "

ၿခံထဲဝင္လာတဲ့ ေဒၚခင္ႏွင္းၾကည္က ခေညာင္းဦးတို႔အနားကို အေျပးေလးေရာက္လာခဲ့ၿပီး သူကိုင္တြယ္ေနက် နည္းလမ္းအတိုင္း ေဒၚကေညာင္းေမရဲ႕ႏွာေခါင္းကို ဖမ္းညစ္ပစ္ေလသည္။ ထိုအခါ အသက္ရႉက်ပ္သြားရတဲ့ ေဒၚကေညာင္းေမက ကိုက္ထားတာကို အျမန္လႊတ္လိုက္ၿပီး ထိန္းမရျပဳမရနိုင္စြာပင္ ဆက္လက္ ႐ုန္းကန္ပါေတာ့သည္။

အခြင့္အေရးေပးတာနဲ႕ လူးလြန့္ေမာင္လည္း သူ႕ေက်ာေပၚကေဒၚကေညာင္းေမကို အိမ္ေရွ႕ၾကမ္းျပင္ေပၚသာ မနာေစေအာင္ထိန္းျပဳရင္းက ခပ္ျမန္ျမန္ခ်လိဳက္ရသည္။

" ငလူး.. "

" ငါအဆင္ေျပတယ္.. အေဒၚ့ကိုပဲ ေသခ်ာဂ႐ုစိုက္ေနာ္ ငျပဴး..။ ႐ုတ္တရက္ႀကီး ေနရာအသစ္ကို ေရာက္လာတာဆိုေတာ့ ေတာ္ေတာ္ေလးစိမ္းသက္ေနဦးမွာ.. "

" ဒါမဲ့.. "

လူးလြန့္ေမာင္က ၿပဳံးျပလ်က္နဲ႕ သူအဆင္ေျပေၾကာင္း ေခါင္းညိတ္ျပလာသည္။ ထို႔ေနာက္ ခေညာင္းဦးရဲ႕ေခါင္းလုံးေလးကို အသာလွမ္းပုတ္လိုက္ၿပီး အိမ္အျပင္ဘက္ဆီသာ ခ်က္ခ်င္းထထြက္သြားေလသည္။ အေျခအေနကိုလွမ္းျမင္တဲ့ ဦးထင္ေက်ာ္တို႔မွာလည္း အိမ္အဝနားမွာတင္ ပစၥည္းမ်ားကိုအသာခ်ခဲ့လို႔ ျပန္လွည့္သြားၾကေတာ့သည္။

" မေမ.. စိတ္ထိန္းပါဦး! မမျဖဴေလ။ မမျဖဴကို မွတ္မိလားဟင္ "

ေဒၚျဖဴျဖဴေမာင္ရဲ႕ ေခ်ာ့ေမာ့ေနတဲ့အသံခ်ိဳခ်ိဳေၾကာင့္ ေဒၚကေညာင္းေမ ႐ုန္းကန္ေအာ္ဟစ္ေနရာမွ ခ်က္ခ်င္း ၿငိမ္က်သြားေလသည္။ ထိုအခါမွပဲ ေဘးတစ္ဖက္တစ္ခ်က္စီကေနၿပီး ကိုင္ခ်ဳပ္ထိန္းျပဳထားရတဲ့ ေျမးအဘြားႏွစ္ေယာက္လည္း အေမာဆို႔မတတ္ပင္ အသက္လုရႉေနရေတာ့သည္။

" မမျဖဴ.. မမျဖဴ! အီးဟီးဟီး! မမျဖဴ ဘာလို႔အခုမွ ေရာက္လာတာလဲ! မိေညာင္းမ ေသမလိုေတြ အရိုက္ခံေနရတာကို ဘာလို႔လာမကယ္ၾကတာလဲလို႔..! သမီးေလးလည္း လာမကယ္ဘူး.. အဘြားႀကီးကလည္း ပစ္ထားတယ္.. အီးဟီးဟီး..! "

ေၾကာက္အားလန့္အားနဲ႕ ေပြ႕ဖက္ငိုေႂကြးလာတဲ့ ေဒၚကေညာင္းေမကို ေဒၚျဖဴျဖဴေမာင္က ျပန္လည္ေထြးေပြ႕လို႔ ေခ်ာ့ေမာ့ေနမိေလသည္။

" အင္းအင္း.. မမျဖဴကို ခြင့္လႊတ္ေပးေနာ္။ တိတ္ေတာ့ တိတ္ေတာ့.. ဘာမွမေၾကာက္နဲ႕ ဟုတ္ၿပီလား "

" ဟင့္အင္း! မိေညာင္းမ ေၾကာက္တယ္။ အသားနာမွာလည္း ေၾကာက္တယ္.. ဗိုက္ဆာမွာကိုလည္း ေၾကာက္တယ္..။ အခုလည္းေလ.. မိေညာင္းမ ဗိုက္ဆာေနေပမယ့္ ေၾကာက္လို႔မစားရဲဘူး မမျဖဴ.. အီးဟီးဟီး! "

" အိုကြယ္.. ဗိုက္ဆာေနရင္စားရမွာေပါ့ မေမရဲ႕..။ လာ! ထမင္းစားၾကရေအာင္ေနာ္ မေမ "

" ဟို.. မိေညာင္းမကိုေလ မမျဖဴက ထမင္းတကယ္ေကြၽးမွာလားဟင္ "

" ဘာလို႔မေကြၽးရမွာလဲ..။ မမျဖဴခ်က္သမွ်က မေမစားဖို႔အတြက္ခ်ည္းပဲ.. ဟုတ္ၿပီလား "

စိတ္ေဖာက္ျပန္ေနတဲ့အခ်ိန္မွာဆိုရင္ ေဒၚကေညာင္းေမကို ခ်က္ခ်င္းထိန္းျပဳလို႔ရသူက ေဒၚျဖဴျဖဴေမာင္တစ္ေယာက္သာ ရွိလိမ့္မည္ထင္..။ ေဒၚခင္ႏွင္းၾကည္နဲ႕သာဆိုရင္ေတာ့ ေခ်ာ့ေျပာဖို႔ေနေနသာသာ ေၾကာက္ေအာင္ၿခိမ္းေျခာက္မွပဲ ၿငိမ္က်သြားတတ္တာမ်ားသည္။

" အမယ္ေလး.. ငါနဲ႕က် စကားတစ္ခြန္းမွ နားမေထာင္တဲ့သူက သမီးျဖဴဘာေျပာေျပာ တစ္ခြန္းဆိုတစ္ခြန္း ၿငိမ္က်ေနပါေရာလား "

" အဘြားႀကီး! ဟြန္းေနာ္.. သူမ်ားကိုဆို ခ်ည္ဖို႔တုပ္ဖို႔ေလာက္ပဲ သိတယ္ေနာ္..။ သူမ်ားေလာက္လိမၼာတာ သူမ်ားပဲရွိတာကို.. နည္းနည္းပါးပါး ေခ်ာ့ေမာ့မယ္မႀကံဘဲနဲ႕..။ မခ်စ္ဘူးသိလား.. မိေညာင္းမက မမျဖဴကိုပဲခ်စ္တာ.. ေနာ္ "

" မခ်စ္နဲ႕ေအ! ဪ ေျမးေလး.. လူးလူးဆီ သြားမလို႔လား "

ဆရာခိုဘူးကို လက္ထဲမွာကိုင္လို႔ အိမ္ျပင္ထြက္ဟန္ျပင္ေနတဲ့ ခေညာင္းဦးကို ေဒၚခင္ႏွင္းၾကည္က လွမ္းေမးလိုက္သည္။

" ဟုတ္.. ဘြားေမ "

" ဟင္း! ငါ့မလဲ.. လူးလူးကို မ်က္ႏွာမျပရဲေတာ့ပါဘူးကြယ္။ ဘြားေမက ေတာင္းပန္ပါတယ္လို႔ ေျပာေပးေနာ္ေျမးေလး.. "

" ဟုတ္ "

ခေညာင္းဦး ထြက္သြားခ်ိန္မွာပဲ ေဒၚျဖဴျဖဴေမာင္က ထမင္းခူးေပးေနရင္း လွမ္းေျပာလာခဲ့သည္။

" ေတာင္းပန္တာေတြမလိုပါဘူး ေမခင္ရယ္..။ တမင္ရည္႐ြယ္တာမွ မဟုတ္ပဲ "

" အင္း.. မေတာ္တဆဆိုတိုင္းလည္း နာက်င္သြားရသူအတြက္ကေတာ့ ဒဏ္ရာဆိုတာ က်န္ရစ္ခဲ့ရတာပဲေလ သမီးျဖဴရယ္။ အေမတို႔ကို အခုလိုကူညီေပးေနတာေတာင္မွ ဘယ္လိုျပန္ၿပီး ေက်းဇူးဆပ္ရမွန္းေတာင္ မႀကံတတ္ေတာ့ဘူး "

" ေမခင္ကေတာ့ေလ။ ကဲပါ.. ေလာေလာဆယ္ ထမင္းအရင္စားၾကရေအာင္ေနာ္ "

လူႀကီးေတြက အိမ္ထဲမွာထမင္းစားဖို႔ ျပင္ေနၾကေပမယ့္ ခေညာင္းဦးကေတာ့ လူးလြန့္ေမာင္ဒဏ္ရာကို ေဆးလူးေပးဖို႔သာ ျပင္ေနသည္။ ၿခံအျပင္ဘက္ထြက္လာတဲ့ ခေညာင္းဦးကိုလွမ္းေတြ႕တာနဲ႕ ေမွ်ာ္ေနရသူ လူးလြန့္ေမာင္မ်က္ႏွာထက္မွာလည္း အၿပဳံးႀကီးေတြ ပြင့္လန္းလာပါေတာ့သည္။

ဆိုက္ကားေပၚထိုင္ေနတဲ့ လူးလြန့္ေမာင္အနားကို ခေညာင္းဦး တိုးကပ္လာခ်ိန္မွာပဲ ပ်ံ့လႊင့္လို႔လာတဲ့ ခေရပန္းနံ႕သင္းသင္းေလးနဲ႕တင္ အေမာေျပရျပန္သည္။

" ငလူး.. "

" အဟြန္း! လာမယ္မွန္းသိလို႔ ေစာင့္ေနတာပါဗ်ာ "

" အရမ္းနာေနတယ္မလား..။ ေသြးေတာ္ေတာ္စို႔သြားတာပဲ "

ပခုံးေပၚက ကိုက္ရာနက္နက္နဲ႕ဒဏ္ရာႀကီးကို ခေညာင္းဦးလက္ေလးျဖင့္ ခပ္ဖြဖြေလးတို႔ထိရင္းက စိတ္မေကာင္းျဖစ္သြားရေလသည္။

" မနာပါဘူးကြ! ဒီေလာက္ေလးကေတာ့ ငလူးတို႔ေအးေဆးပဲ "

" အပိုမေျပာနဲ႕..။ ငါေဆးလူးေပးမယ္ေနာ္ ငလူး.. "

" လိမ္းေပးရင္ေတာ့ ငလူးတို႔အႀကိဳက္ေပါ့..။ အ! ေျဖးေျဖးလိမ္းပါ ငျပဴးရ "

" ၪုံဖြၪုံဖြ.. "

ခေညာင္းဦးခမ်ာ အနာကိုေလမႈတ္ကာ ေဆးအုံေပးေနရင္းက စိတ္မေကာင္းေတြျဖစ္ၿပီး လူးလြန့္ေမာင္ရဲ႕ ပခုံးစြန္းကိုမွီလ်က္ ငိုခ်လာပါေတာ့သည္။

" အင့္! ငါ.. ငါတကယ္ ေတာင္းပန္ပါတယ္ ငလူး..။ အၿမဲတမ္း.. ဒုကၡေတြခ်ည္းေပးမိေနလို႔.. မ်က္ႏွာလည္း မျပရဲေတာ့ပါဘူး.. "

" ေဟာဗ်ာ! ဘာလို႔လဲ..။ မင္းမ်က္ႏွာကိုပဲ ၾကည့္ခ်င္ေနခဲ့တဲ့ေကာင္ကိုမွ မ်က္ႏွာမျပေတာ့ဘူးဆိုရင္ ငါဘယ္လိုအသက္ရွင္ေတာ့မွာလဲကြ "

" ၿဗဲ! စကားေျပာရင္.. ငါနားလည္ေအာင္ေျပာပါ ငလူးရာ.. "

ထိုအခါ ယခုထက္ပိုၿပီးလည္း လူးလြန့္ေမာင္ မရွင္းျပတတ္ေတာ့တာေၾကာင့္ သူ႕ပခုံးစြန္းမွာ မ်က္ႏွာအပ္ထားတဲ့ခေညာင္းဦးကို ရင္ခြင္က်ယ္ႀကီးထဲထည့္လို႔ ခပ္တင္းတင္းသာ ေပြ႕ဖက္ထားမိေလေတာ့သည္။

" အင့္! ငလူး.. "

" ရႉးတိုးတိုး! ေနာက္ဆို မ်က္ႏွာကြယ္ထားခ်င္ရင္ ငါ့ရင္ခြင္ထဲမွာပဲ လာဝွက္ထားေပးေနာ္ ငျပဴး..။ ငါအၿမဲတမ္း မင္းအနားမွာရွိေနမယ္ သိလား.. "

" ဒါမဲ့.. ငါ့လက္နဲ႕ကြယ္လည္း.. ရတာပဲေလ ငလူး.. "

" ေအးပါကြာ "

ခေညာင္းဦးဆိုသည္မွာ လူးလြန့္ေမာင္ရဲ႕ ကဗ်ာဆန္ဆန္စကားေတြကို နားမလည္ခ်င္ေနလိမ့္မည္။ သို႔ေသာ္ ရင္ခြင္က်ယ္ႀကီးထဲကေန ႐ုန္းထြက္ဖို႔ကိုလည္း မသိက်ိဳးကြၽံျပဳေနေပလိမ့္မည္။

" အခ်ိန္တစ္ခုေတာ့ ေစာင့္ေပးေနာ္ ငျပဴး..။ မင္းနားလည္မယ့္စကားလုံးေတြကို ငါတစ္ဝႀကီး ေျပာျပလာတဲ့အခါ က်ရင္လည္း မင္းဘက္ကစၿပီး မတိတ္ဆိတ္သြားဖို႔ေတာ့ ေမွ်ာ္လင့္တယ္ "

" ဘာလို႔လဲ.. "

" အဟြန္း! ဘာလို႔လဲဆိုေတာ့.. တစ္ခါတည္းနဲ႕မတင္းတိမ္ခ်င္တဲ့ ငါလိုလူက မင္းအနားမွာပဲေနၿပီး တဖြဖြေျပာျပခ်င္လို႔ေပါ့ "

" ငါေစာင့္နိုင္ရင္.. ရတယ္မလား ငလူး.. "

" သိပ္ရတာေပါ့ဗ်ာ "

" အင္း.. ငါေစာင့္မယ္ "

ထိုစကားေလးတစ္ခြန္းနဲ႕တင္ လုံေလာက္သြားၿပီထင္သည္။ သို႔ေသာ္လည္း ေလာဘႀကီးမိသူအဖို႔က ကတိစကားတစ္ခြန္း မမည္ေပမယ့္လို႔ ခ်စ္စကားတစ္ခြန္းေတာ့ မည္ခ်င္ေသးသည္ေလ။

ထို႔ေၾကာင့္ ရင္ခြင္ထဲကႏွလုံးသားပိုင္ရွင္ကို ဘာသာအသိမခံေလဘဲနဲ႕ ျမတ္နိုးရတဲ့ဦးေခါင္းထက္ကိုသာ ဖိကပ္နမ္းရွိုက္လို႔ေနမိျပန္သည္။ တစ္ဆက္တည္းမွာပင္ အႀကိမ္ႀကိမ္ဖြင့္ဟခ်င္ေနခဲ့တဲ့ ခ်စ္စကားတစ္ခြန္းကိုပါ အထပ္ထပ္ညည္းဆိုရင္းေပါ့..။

2024 / Feb / 20
TomorrowChen (_ _).。o○
♪───O(≧∇≦)O────♪

واصل القراءة

ستعجبك أيضاً

1.5M 37.4K 75
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
233K 17K 21
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
5.7K 289 6
Last Christmas I Gave You My Heart...❄️ သောမတ်စ်ခန့်ရှိန်+ကုဋာမိုးဇက် {mini fiction} [ Christmas Special⛄🎄 ]
51.7K 1.2K 32
It had been mere months after her eighteen birthday, when she was pulled from the safe haven of her life and forced into the fantasy the women had cr...