The Hunters

By Mahura_Kwann_Thite

8.1K 680 439

လွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook! More

Intro
(Part 1)
(Part 2)⚠
(Part 3)
(Part 4)⚠
(Part 5)
(Part 7)

(Part 6)

759 84 40
By Mahura_Kwann_Thite

Jiminအခန်းရဲ့ပြတင်းပေါက်မှမြင်နေရသောbodyguards dormitoryဆီကိုအကြည့်ရောက်နေသည်။

ဆောင်းဝင်ခါစမို့နားနေချိန် Dormitoryရှေ့မီးပုံဝိုင်းလုပ်နေကြပြီးထိုအနက်Taehyungဘေးကထိုင်နေသောJungkookကိုခပ်တွေတွေကြည့်မိသည်။

ငါးကင်ကိုအရိုးသေချာနွှံပေးပြီးခွံ့ကျွေးပုံ၊ သူ့ရဲ့coatကိုJungkookအပေါ်ခြုံပေးပုံကအစJungkookမမြင်အောင်ခိုးခိုးကြည့်ကာပြုံးသည့်သူကိုသာအဝေးကကြည့်နေမိသည်။

ထိုစဥ်တံခါးဖွင့်သံကြား၍နီးကပ်လာသည့်ခြေသံများနှင့်အတူခါးပေါ်ရစ်သိုင်းလာတဲ့လက်တွေနဲ့လည်တိုင်ကိုဖိကပ်နမ်းလာသောနှုတ်ခမ်းကြောင့်အံကြိတ်လိုက်သည်။

ထိုလက်တွေပြယ်သွားပြီးနောက်ပခုံးပေါ်တင်ခြုံပေးလာတဲ့သားမွေးcoat...Jiminမျက်နှာငဲ့ကြည့်လိုက်တော့အဖြူရောင်ငွေမှင်တွေရောသည်။

" မနက်ရောက်ရင်ကိုယ်နဲ့Nalzaကိုလိုက်ခဲ့ရမယ်"

" ယောကျာ်းလေးကNalzaနဲ့ဘာဆိုင်လဲ...ကျုပ်မလိုက်နိုင်ဘူး"

Nalzaဆိုတာအိမ်ထောင်မဲ့အမျိုးသမီးတွေစုနဲ့မုဆိုးမတွေစုနေတဲ့မြို့တစ်ခု...ဒီမြို့နဲ့သိပ်မဝေးတဲ့နေရာတစ်ခုလည်းဖြစ်၏။

"Nalzaမှာမင်းအတွက်ပြင်ဆင်ပေးစရာရှိတယ်...ငြင်းပိုင်ခွင့်မရှိဘူးBaby...ကိုယ့်အပိုင်က ကိုယ်စေရာပဲဖြစ်ရမယ်"

ခံပြင်းမှုများကအားမသန်မာန်လျှော့တဲ့အခါလူကိုပွေ့ချီသွားသည့်ထိုလူကအိပ်ယာပေါ်ချပေးသည်။ အုပ်မိုးလျက်အနမ်းစစ်ထိုးခြင်းကစလိုက်သောကြမ်းရမ်းမှုကမနက်နေ ထွက်မှအဆုံးသတ်သည်။

တစ်ညလုံးမအိပ်ခဲ့ရဘူး...ဝမ်းလျားမှောက်အနေထားနဲ့မျက်တောင်လေးခတ်ရမှာတောင်ပင်ပန်းလွန်းတဲ့အခြေနေကိုထိုလူကနှစ်သက်ပုံရသည်။

လူကိုပွေ့ချီသွားသည်ကရေချိုးခန်း....သူကပဲအကုန်သန့်ရှင်းပေးလျက်သူနဲ့အတူရေချိုးစေသည်။ ထို့နောက် အပြာရောင်T shitပွပွနဲ့ jeans pantကိုဝတ်ပေးသည်။

လူကိုပွေ့ချီခေါ်သွားတာကအိမ်တစ်လမ်းလုံး....ရှေ့မှာလာနေတဲ့Jungkook နှင့်အတူပါလာသော Taehyungကြောင့်အသံတိတ်ပခုံးကိုတွန်းထိုးသည်။

" ကျုပ်ဆင်းမယ်"

" လမ်းတောင်မလျှောက်နိုင်ပဲနဲ့ဆင်းဖို့မကြိုးစားနဲ့Baby"

" လျှောက်နိုင်တယ်ချပေး"

" တစ်ညလုံးအလုပ်ခံထားရတာတောင်မာန်ထောင်နိုင်တုန်းဆိုတော့ ဒီနေရာမှာတင်ထပ်အလုပ်ခံချင်သေးတာလား"

" ခင်ဗျား! အရှက်မရှိလိုက်တာ!"

" ရှက်နေလို့ကိုယ့်bank account ထဲဝင်ငွေပိုးတိုးမလာဘူး...ပြွတ်စ်~ "

" အွန့်~ မနမ်းနဲ့"

နှုတ်ခမ်းကိုသုတ်ပစ်ပြီးပြောတော့မျက်မှောင်ကျုံ့ကြည့်လာသည်။

" အဟက်! ဒီသခင်ကိုတောင်ရွံတယ်ဆိုပါ့လား"

Yoongiသရော်ရယ်သံနှင့်ပြောတော့မျက်နှာလွှဲသွားသည်။ ထိုစဥ်ရှေ့ကိုရောက်လာတဲ့TaehyungကYoongiဆီအနက်ရောင်ကတ္တီပါဘူးလေးပေးလာသည်။

"Sir.မှာထားတာရပါပြီ"

" အရည်အသွေးကောင်းရဲ့လား"

" သူတို့အကောင်းဆုံးကိုရွေးခဲ့တာပါSir."

"ကောင်းပြီ"

ညကတည်းကTaehyungနဲ့bodyguardsများထံတာဝန်ပေးထားသည့်အရာကြောင့်ရောက်လာခြင်းဖြစ်သည်။သို့သော်TaehyungဘေးကJungkookက Jiminကိုမကျေမနပ်ဖြင့်ချိုကြည့်ကြည့်သည်။ဒါကိုJiminမမြင်ပဲYoongiမြင်သွားတော့...။

"မင်းအကြည့်ကိုပြင်မလား အဲဒီမျက်လုံးတွေဖူးယောင်သွားချင်လား Jungkook"

Yoongiရဲ့အပြောကြောင့်Taehyungသူ့ဘေးကJungkookကိုငဲ့ကြည့်သည်။Jiminလည်းလှည့်ကြည့်လာတာမို့ပြန်ခံပြော၏။

" ဘာလို့ကျွန်တော့်ကိုချည်းအမြဲလိုက်ဆူနေတာလဲ...သခင်ကြီးကအမြဲတမ်းကိုယ့်အမျိုးသားကိုယ်ဆူပူနေတာမရားခံရသလိုပဲ"

" မတရားခံရတယ်ထင်ရင်လည်း ဟုတ်တယ်...ငါကမတရားလုပ်ရတာကိုသဘောကျတယ်...နောက်ပြီးအမျိုးသားဆိုတာစကားထဲထည့်မပြောစမ်းနဲ့...မင်းနဲ့ငါကလက်ထပ်ပွဲတောင်လုပ်မထားတဲ့ဆက်ဆံရေးJungkook"

" ဒါပေမဲ့လက်ထပ်ထားတာကလက်ထပ်ထားတာပဲလေ သခင်ကြီးကအဲဒီတစ်ယောက်နဲ့ဖောက်ပြန်နေလို့ပြောရတာပေါ့! "

" ပါးစပ်ထားစမ်း!! "

Yoongiအော်ငေါက်လိုက်တော့တိတ်ကျသွားပေမဲ့Jiminကိုဒေါသတကြီးကြည့်ဆဲ။ထို့အတွက်Jiminကိုခဏချပေးလိုက်၍Jungkookအနားသွားကာ ပါးတစ်ဖက်ကိုရိုက်ချလိုက်သည်။

ဖြောင်း!

"အာ့!"

လဲကျသွားတဲ့ကိုယ်ငယ်ကြောင့်Taehyungရင်ညွန့်ခွပ်သည်အထိပင့်သက်ရှိုက်ရှူလိုက်မိသည်။ Jiminသူ့ရှေ့အရိုက်ခံနေရတဲ့Jungkookထံခံစားချက်မရှိသလိုကြည့်သည်။

မည်သို့ဆိုသူအလူးအလဲခံနေရချိန်မှာလည်းဒီလိုအကြည့်မျိုးနဲ့ကြည့်ခဲ့သည်မို့....

" ဇောင်းကြွမလာနဲ့Jungkook...ငါ့အပိုင် ငါသဘောကျတဲ့လူတစ်ယောက်ကိုအကြည့်နဲ့တောင်မထိပါးနဲ့! မင်းကြောင့်သူစိတ်ညစ်ညူးတာနဲ့ငါ့ဒေါသကမင်းအတွက်ဖြစ်လာလိမ့်မယ်"

ဒေါသမျက်ဝန်းများထံစေ့စေ့ပင်မကြည့်ရဲတော့ချေ။

ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်အတွက်ဒေါသဖြစ်ပြနေလိုက်တာများ...အထိမခံဖြစ်နေလိုက်တာများ...ဘယ်လိုပဲဆိုဆိုသခင်ကြီးကကျွန်တော့်အပိုင်!

"မနက်စာစားရအောင်Baby...မင်းဗိုက်ဆာလောက်ရောပေါ့"

" အစာမာစားလို့မဖြစ်ဘူး...အဲဒါကြောင့်ပျော့တဲ့အစာတစ်ခုခုလုပ်ပေး"

"Babyစိတ်တိုင်းကျဖြစ်စေရမယ်"

Jiminကိုပြန်ပွေ့လိုက်တဲ့Yoongiကထမင်းစားခန်းသို့ဦးတည်ရန်ပြင်သည်။ဒါကြောင့်Taehyungလဲကျနေသူလေးကိုထူပေးဖို့လုပ်ပေမဲ့လှည့် ပြောသွားတဲ့စကားကရင်ထဲကပုန်ကန်စိတ်ကိုကြီးထွား​စေသည်။

" မနက်စာလာမစားနဲ့Jungkook ဒါကမင်းအတွက်အသေးဆုံးပြစ်ဒဏ်ပဲ"

သူအပိုင်ရဲ့ပါးလေးကိုမဖွဖွနမ်းရင်းပျောက်ကွယ်သွားတဲ့ကျောပြင်...ထူပေးတဲ့Taehyungဆီစိတ်မရောက်ပဲပျက်ရယ်ပြုလှောင်ရယ်နေသောJiminရဲ့အကြည့်တွေဆီသာJungkookမခံမရပ်နိုင်ဖြစ်ဆဲ။

"ဘာလို့ပြန်ပြောရတာလဲ သခင်လေးရယ်...ကိုယ်ပဲအရိုက်ခံရမှာသိရက်နဲ့"

" အရိုက်ခံရတာအသားပဲနာတာTaehyunggie...သခင်ကြီးကသူ့ကိုဂရုစိုက်ပြလေရင်ထဲကတဆစ်ဆစ်နာလေပဲ"

" ဒါဆိုဘယ်လိုလုပ်မလဲ ဗိုက်ဆာတယ်ဆိုလို့ထမင်းစားခန်းဆီလာခဲ့တာမနက်စာမစားရဘူးဆိုတော့...ကျစ်!"

စိတ်ကိုအထိန်းချုပ်ထားရခြင်းကြောင့်မျက်နှာတစ်ဖက်လွှဲရင်းခါးထောက်သည်။ Jungkookဆီပြန်ကြည့်တော့ အဝါရောင်ဆွယ်တာရဲ့လက်အနားစကိုချေပြီးခေါင်းလေးငုံ့ထားသည်။

မနက်စောစောဗိုက်ဆာတတ်တဲ့အကျင့်ရှိတာမို့ဘယ်လောက်တောင်ဆာလောင်နေလိုက်မလဲ...အစားသောက်နည်းနည်းမစားတာနဲ့အားပျက်တတ်တဲ့ကောင်လေးကိုမှ!!

" ဗိုက်ဆာတယ်Taehyunggie...အဆာလွန်ပြီးအစာအိမ်ဖြစ်လို့သခင်ကြီးကကုမပေးပဲကျွန်တော်သေသွားရင်ဘယ်လိုလုပ်မလဲ"

" မသေပါဘူး ...ဒါပေမဲ့ ကျွန်တော်တို့ပြစ်မှုတစ်ခုတော့ကျူးလွန်ရလိမ့်မယ်"

"ဟင်!"

Jungkookမျက်နှာလေးလန့်ဖျတ်သွားသည်။သို့သော်Taehyungကတော့တကယ်လုပ်မည်ဟုဆုံးဖြတ်ချက်ချထားသည့်နှယ်အလေးအနက်ကြည့်ခြင်းမို့တံတွေးတစ်လုတ်မျိုချမိ၏။

___________

ထမင်းစားခန်းရောက်သည်နှင့်Yoongiထိုကိုယ်လေးကိုပွေ့လျက်ခုံမှာဝင်ထိုင်လိုက်သည်။

Yoongiရောက်တာနဲ့စားပွဲဝိုင်းမှာပြည့်နှင့်ပြီးသားအစားစာတွေကြောင့်မျက်မှောင်ကျုံ့၍အိမ်အကူများကိုခေါ်လိုက်သည်။

"ဒီကိုတစ်ယောက်လာခဲ့စမ်း"

"ဟုတ်ကဲ့သခင်ကြီး"

" Babyအတွက်အစာပျော့ပျော့လုပ်ပေး......Babyဘာစားမလဲ"

" ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်"

"ဒါဆိုသီးစုံဆန်ပြုတ်လုပ်ခဲ့"

"ဟုတ်ကဲ့"

"Babyကြိုက်တဲ့အသီးတွေပြောလိုက်ဦး"

" ပန်းသီး,သစ်ကြားစေ့နဲ့ဘယ်ရီ"

"ကြားတယ်နော် "

"ဟုတ်ကြားပါတယ်သခင်ကြီး အကောင်းဆုံးချက်ခဲ့ပါ့မယ်"

ထိုအမျိုးသမီးပြန်ထွက်သွားတော့Jiminကိုယ်လေးကိုဘေးတစောင်းပြောင်းထိုင်စေလိုက်၏။မျက်နှာမကောင်းခြင်းကသူနှင့်ရှိချိန်ဆိုအမြဲဖြစ်နေကျမို့မဆန်းသော်လည်း ဘဝမကျချေ။

ကောက်ချက်ချသုံးသပ်မိတာကNalzaကိုသွားချင်လို့ဟူ၍
ဒီအတွက်ခေါင်းလေးပေါ်မေးတင်ရင်း.....

" Nalzaကိုမသွားချင်မှန်းသိတယ်...ဒါပေမဲ့မင်းရှေ့ရေးအတွက်သွားရမယ်"

" ရှေ့ရေးအတွက်ဆိုတော့ခင်ဗျားကသေတော့မှာမလို့လား"

" ယောကျာ်းလို့သတ်မှတ်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်"

" အဲ့လိုသဘောမျိုးမဟုတ်ဘူး!"

စကားထောက်အခွင့်ရေးယူတော့အော်သံစူးစူးလေးကနားထဲတန်းခနဲ...ဒါကြောင့်Yoongiပြုံးလိုက်သည်။

စားပွဲဝိုင်းဆီလာချပေးတဲ့သီးစုံဆန်ပြုတ်ရတော့Jiminလက်လှမ်းလိုက်၏။ဒါပေမဲ့ဇွန်းကိုဦးအောင်ယူသွားတဲ့Yoongiကခပ်ကျွေးလာသည်။

" ကိုယ်ခွံ့ကျွေးတာပဲစားဖို့မင်းကိုဘယ်နှခါသင်ပြရဦးမှာလဲ"

" ကျွန်တော့်လက်တွေကဖြတ်ပစ်ရတော့မှာလား"

မေးခွန်းကိုမေးခွန်းနဲ့တုန့်ပြန်တဲ့အခါစိန်ဖြူFomulitsကအရွဲ့သန်လေးမှန်းသိလိုက်ရပြန်သည်။

" မင်းစိတ်ရှိရင်ဖြတ်ပေးမယ်လေ...ကိုယ့်အတွက်အပမ်းမကြီးပါဘူး"

" ဘယ်သူကကိုယ့်လက်ကိုယ်တကယ်ဖြတ်မှာလဲ! ခင်ဗျားဦးနှောက်ထဲမှာD**kတွေချည်းကျင်လည်နေလို့စဥ်းစားဉာဏ်မရှိတော့ဘူးထင်တယ်"

" D**kတော့မဟုတ်ဘူး...မင်းassသေးသေးလေးပဲအချိန်ပြည့်ရှိနေတာ...ပါးစပ်ဟစမ်း"

"အွန့်~ "

ပါးကိုညှစ်ပြီးခွံ့ကျွေးလာသည့်အတွက်ဆံပြုတ်တွေကတချို့တလေပါးပေါ်စီးကျလာသည်။ ထိုလက်ကိုပုတ်ချတော့ အရေးမလုပ်ဟန်နဲ့စားပွဲပေါ်ကတစ်သျှူးနဲ့ယူသုတ်ပေးလာ၏။

ခံစားချက်မရှိသည့်အေးစက်သောရေခဲလိုမျက်နှာကိုအပူတပြင်းကြည့်ရင်းငြင်းဆန်မရမှန်းသတိဝင်တဲ့အခါခွံ့ကျွေးသမျှကိုစားရသည်။

မနက်စာစားပြီးတာနဲ့Nalzaကို bodyguardsကားတွေနဲ့အတူသွားခဲ့သည်။

မြို့ကြီးဘေးကမြို့သေးသေးလေးမို့ဖုန်တလူးလူးနဲ့လမ်းကြမ်းသည်။ မြို့ထဲဝင်ဝင်ချင်းများစွာသောအမျိုးသမီးတွေက ယောကျာ်းတွေချည်းရောက်လာတဲ့အတွက်ဝိုင်းကြည့်ကြသည်။

Yoongi, Jiminခါးလေးကဖက်ရင်းလျှောက်လာရာမှအဝါရောင်ရှေးဟောင်းအဆောက်အုံခပ်သေးသေးအတွင်းဝင်သွားသော် ခါးကုန်းကုန်းနှင့်တောင်ဝှေးကိုအားပြုလျှောက်ရတဲ့အဖွားအိုတစ်ယောက်ကဆီးကြိုသည်။

"Oh ကြိုဆိုပါတယ်Mr.Min"

" ကောင်းသောတွေ့ဆုံခြင်းပါ Lora"

" ငါ ဘာကူညီပေးရမလဲMr.Min"

အဖွားအိုကထိုသို့မေးတော့Yoongi ဘေးကကောင်လေးကိုမျက်စပစ်ပြသည်။ထိုအဖွားအိုကသဘောပေါက်သွားသလိုပြုံးလျက်ခေါင်းညိတ်ကာJiminလက်ကိုလာဆွဲ၏။

" မင်းကကံအကောင်းဆုံးFomulitsပဲ"

"အသက်ကြီးပြီးအချိန်မစီးလိုက်တာ အဖမ်းခံထားရတဲ့Fomulitsကကံကောင်းမတဲ့လား"

" ဒီကောင်လေး ရိုင်းချက်...Mr.Minဘယ်လိုစိတ်နဲ့များရွေးချယ်ခဲ့လဲမသိဘူး"

"စကားမများပဲခေါ်သွားတော့Lora"

"ကောင်းပြီကောင်းပြီ"

Jiminကိုပြောဆိုတာမကြိုက်တဲ့အတွက်အမြန်ခေါ်သွားခိုင်းသည်။ဆွဲခေါ်ရာလိုက်မသွားချင်တဲ့အတွက်ကိုယ်ကိုတောင့်ခံထားတော့နောက်ကbodyguardကYoongiခွင့်ပြုချက်ဖြင့်Jiminကျောကိုသေနတ်နဲ့တွန်းသည်။

ဒီတော့မှာမလိုက်ချင်လိုက်ချင်သွားခဲ့တာဟာ အခန်းတစ်ခုဖြစ်ပြီးအလယ်မှာ မီးဖိုကြီးတစ်ခုရှိသည်။

ထိုစဥ်ကျောဘက်ကအတွန်းခံလိုက်ရတဲ့အတွက်ထိုမီးဖို့ကြီးအတွင်းရောက်သွား၏။မီးဖိုကြီးရဲ့တံခါးကိုဂျိန်းခနဲဆွဲပိတ်သွားတဲ့Yoongiရဲ့မျက်နှာကိုဆက်ဆက်မြင်လိုက်ရသည်။

" ဟိတ်လူ!! ကျုပ်ကိုဖွင့်ပေး!!! Mother F**ker!! "

ဝုန်း!!

"အာ့!"

ဘေးပတ်ပတ်လည်မနီးမဝေးကကမီးတွေထတောက်လာသည်မို့အပူဟက်ကာဖင်ထိုင်လျက်လဲကျသွား၏။

ပူလောင်လွန်းတဲ့ခံစားချက်...သေရတော့မယ်ဆိုတဲ့စိတ်နဲ့အတူထိုလူ့အပေါ်မှာအငြိုးတေးများကစုပုံသည်။

လူကိုမီးရှို့သတ်မယ့်ခင်ဗျားလုပ်ရပ်ကဒါအကုန်ပဲလား!

ကျုပ်ကတော့တမလွန်အထိခင်ဗျားကိုကျိန်ဆဲနေဦးမှာ!

မီးဟုန်းဟုန်းတောက်နေသောကြီးမားသည့်မီးဖိုခန်းကြီးကိုကြည့်ရင်းYoongiအဖွားအိုထံပြောလိုက်သည်။

" သူမသေဖို့မျှော်လင့်တယ်...ဘဝမှာပထမဆုံးတစ်စုံတစ်ယောက်ရဲ့သေဆုံးခြင်းကိုနှမြောမိတဲ့ခံစားချက်မို့"

" သူမသေနိုင်ပါဘူးMr.Min"

" ဒီလိုဆိုရင်တော့ကောင်းတာပေါ့...ဒီလုပ်ရပ်ကကျုပ်အတွက်အမြတ်ရမှဖြစ်မယ်"

ဤသို့အကြောင်းမဖော်နိုင်သေးသောရက်စက်ခြင်းကသူ၏အမြတ်အတွက်သာတည်း.....

___________

" အဟမ်း အဟမ်း...ဒါဘာလုပ်နေကြတာပါလဲ"

"ရှူးးး~"

Taehyungရဲ့အဆောင်ထဲမှာမနက်စာခိုးစားနေတဲ့Jungkookကိုဘေးချင်းကပ်အခန်းက Bodyguard ကအခန်းထဲဝင်လာတုန်းနဲ့တိုးတာမို့စနောက်လိုက်ခြင်းဖြစ်သည်။

ဒါကိုရူးတိုးတိုးအမူရာလုပ်ပြပြီးဆက်စားတဲ့Jungkookကြောင့်ဘေးကTaehyungခပ်ယေးယေးပြုံးလိုက်သည်။

" ဘာကိစ္စရှိလို့လဲ"

"ငါမင်းဆီကနားကြပ်လာငှားတာ ညပိုင်းဂျူတီမလို့မနက်နားတုန်းလေး ဟဲဟဲ"

" အိတ်ထဲမှာယူသွား...ပြီးရင်နှုတ်လုံလုံနေ"

"အေးပါကွာ နှုတ်မလုံရင်နားကြပ်မငှားပဲနေမှာပေါ့ ငါတို့တော့မပြောရဲပေါင်"

Taehyungအိပ်ရာရဲ့ခေါင်းရင်းရှိအိတ်ထဲမှာထည့်ထားတဲ့နားကြပ်ကိုယူပြီးထွက်သွားသည့်bodyguard။

Jungkookလက်ထဲကTaehyungပေးသော bodyguardsများအတွက်ချက်ပေးသည့်ဟင်းတွေကိုပလုတ်ပလောင်းစားနေသည်။

" ဖြည်းဖြည်းစားလေနင်လိမ့်မယ်"

"ရတယ် ကျွန်တော် ချားရတာအချင်ပြေပါတယ်"

"ဟားဟား...ပလုတ်ပလောင်းနဲ့ပြောတော့ကလေးလေးကျနေတာပဲ"

" တကယ်ကောင်းတယ်"

"ကျွန်တော်ကအစပ်ကြိုက်တဲ့ သခင်လေးဒီဟင်းတွေကို မကြိုက်မှာစိတ်ပူနေတာ...ကျွန်တော်ကအစပ်မစားနိုင်တော့အိမ်အကူအဒေါ်ကြီးကကျွန်တော့်အတွက်အချိုဟင်းပိုပိုချက်ပေးတယ်လေ"

"မျက်နှာလိုက်တာမဟုတ်ဘူးလား...တခြားလူတွေလည်းရှိသေးတာကို"

ပါးစပ်ထဲကဟင်းတွေကုန်သွားတော့မျက်မှောင်လေးကျုံ့ပြောလာသည်။

" တခြားလူတွေက ကျွန်တော်လောက်မှမချောတာ"

"ဘာမှလည်းမဆိုင်ဘူး ကိုယ့်ကိုယ်ကိုဘဝမြင့်နေတာTaehyunggie"

" ပြောတော့ကျွန်တော်ကချောတယ်ဆို"

"ဘယ်တုန်းကပြောလို့လဲ"

" ကျွန်တော်စအလုပ်ဝင်တဲ့နေ့ကလေ...Taehyunggieကအရမ်းချောတာပဲဆိုပြီးမြှောက်ပေးတာသခင်လေးပဲ"

"ဟီး...မေ့ချင်ယောင်ဆောင်ကြည့်တာ"

" ကဲ စားစားတော်ကြာတခြားတွေပါထပ်သိကုန်ဦးမယ်"

Kim Taehyungရဲ့အားနည်းချက်ကိုပြပါဆိုရင်အဲဒီသွားကြီးကြီးလေးတွေပဲ...သူလေးပြုံးရင်ပီတိဖြစ်လွန်းလို့ပြုံးမရပ်နိုင်ဖြစ်တဲ့အခါတိုင်းစကားလွှဲရတယ်...

ထိုသို့နှယ်မနက်စာခိုးစားပြီးတာနဲ့ခြဲထဲကိုလမ်းလျှောက်ထွက်လာခဲ့သည်။ ဒီခြံထဲမှာပဲသွားလာခွင့်ရှိတဲ့Jungkookအတွက်တော့ Taehyungနဲ့ bodyguardတွေ ကအကောင်းဆုံးအဖော်မွန်ပါပဲ။

ဘောလုံးကန်ကြတယ်...ကျားကွက်ဆော့ကြတယ်...တစ်ခါတလေYoongiအတင်းကိုချနေကြတဲ့bodyguardsတွေရှိရင်သူကပါသွားရောပြီးပြောသေးတာ။

ဒီလိုနဲ့တစ်နေကုန်လို့ညရောက်တဲ့အခါ မနေ့ညကလိုbodyguards dormitory ရှေ့မှာမီးဖိုရင်းစကားဝိုင်းလုပ်ကြသည်။

သို့သော်Yoongမလာသေးလို့လည်တမျှော်မျှော်ဖြစ်နေတဲ့Jungkookကမျက်နှာလေးလန်းချေ။အလိုက်သိသည့်ကိုယ်ရံတော်ဟာလျစ်လျူရှုမနေနိုင်တဲ့အခါအမြဲစကားတပြောပြောလုပ်ပြီးအာရုံလွှဲရသည်။

" မင်းတို့အရင်လက အစ်ကိုကြီးမင်္ဂလာဆောင်သွားတာဘယ်လိုလဲ"

Taehyung တခြားလူတွေကိုစကားစမြည်လိုက်သည်။အစ်ကိုကြီးဆိုတာက bodyguard ခေါင်းဆောင်ဖြစ်ပြီးသူ့ကောင်လေးနဲ့လက်ထပ်တော့အလုပ်နားသွားတာဖြစ်သည်။

ကအစ်ကိုကြီးရဲ့ကောင်လေးကMinအိမ်တော်ရဲ့အိမ်အကူမို့Jungkookနဲ့တရင်းတနီးရှိခဲ့၍Jungkookအောင်သွယ်ပေးခဲ့တာဆိုလည်းမမှား။

ဒါကြောင့်သူအောင်သွယ်ပေးခဲ့တဲ့အတွဲအကြောင်းကြားတော့မျက်လုံးတွေဘလင်းဘလင်းထလာသည်။

" မင်္ဂလာဆောင်ကလုံးဝroတာနော်ဟျောင့်...အစ်ကိုကြီးကသူ့ကောင်လေးရဲ့ပုံတွေကိုချိတ်ထားပြီးsurpriseလုပ်တာ"

" ဟုတ်လား တကယ်တော့ အတော်မိုက်မှာပဲသခင်လေးအောင်သွယ်ပေးခဲ့တာမှန်သွားတာ"

Taehyungပြောတော့Jungkookမျက်နှာလေးမော့ချီပြီးဂုဏ်ယူစွာဝင်ပြောလသည်။

" ဒါပေါ့ဒီJungkookအောင်သွယ်ပေးရင်မကောင်း​တဲ့အတွဲဆိုတာမရှိဘူး"

other bodyguard: " ကောင်းလားမကောင်းလားတော့မသိဘူး အစ်ကိုကြီးကတော့videoတွေပါရိုက်ထားပြီးfeelနေတာဗျာ"

"ဟိတ်ကောင် သခင်လေးကို ဘာတွေလျှောက်ပြောနေတာလဲ"

"ဟာ Taehyungမင်းကလည်းသခင်လေးကအသက်ပြည့်ပါပြီ ပြီးတော့အိမ်ထောင်သည်ပဲဒီလောက်တော့သူသိပါတယ်"

" ကျစ်!"

"ဟုတ်တယ်လေ ဒီလောက်တော့ကျွန်တော်လည်းသိတယ်"

လူကြီးဖြစ်ချင်လွန်းနေတဲ့ကောင်လေးကိုလူကိုလှည့်ကြည့်ကာခေါင်းညိတ်ပြသည်။ ထပ်မတားချင်တာကြောင့်သူတို့စကားဝိုင်းမှာဝင်မပါပဲteaသောက်ရင်းထိုင်နေလိုက်၏။

ဒါပေမဲ့နားတော့စွန့်ထားသည်။

" အဲ့တော့videoကိုHyungတို့လည်းကြည့်ရတာလား"

"ကြည့်ရဆိုခိုးလာတာ"

"ဟာဗျာ အတော်ဆိုးနေပြီ"

"ဆိုးတာကျွန်တော်တို့မဟုတ်ဘူး ဟိုကောင်Kim Taehyungထိပ်ဆုံးက သူခိုးပေးတာ"

"ဟင် Taehyunggieက!"

"အဟွတ်! အဟွတ်!"

လက်ညိုးကကိုယ့်ဘက်လှည့်လာတဲ့အခါသောက်နေတဲ့Teaတောင်သီးသွားသည်။ လူကိုပါးစပ်အဟောင်းသားလေးနဲ့ကျောက်ရုပ်လိုမျက်တောင်မခတ်တမ်းကြည့်လာတဲ့အခါTaehyungလက်ကာပြလျက်ဖြေရှင်း၏။

"အာ အဲဒါကသူတို့ကြည့်ချင်တယ်ဆိုလို့လေ...အစ်ကိုကြီးရဲ့USBထားတဲ့နေရာကိုကျွန်တော်တစ်ယောက်တည်းသိတာဆိုတော့__"

" လျှောက်မပြောနဲ့ Kim Taehyung အစ်ကိုကြီးUSBထားတဲ့နေရာငါသိတယ်ဆိုပြီး မင်းအရင်ငါတို့ကိုလာမြူဆွယ်တာ"

" F**kငါမဟုတ်ဘူးဟ"

" မလိမ်နဲ့ဟျောင့်မင်းအရင်စတာ"

"ဟုတ်တယ် အဲဒီကောင်အရင်ပြောတာ"

" အေးကွာ မင်းတို့ပြောသမျှခံရုံပဲပေါ့!"

Jungkookရှေ့ဖော်ကောင်လုပ်ခံရတော့မျက်နှာပူပြီးteaခွက်ကိုဆောင့်ချကာထွက်သွားသည်။ bodyguardsများကလက်ညိုးထိုးဝိုင်းဟားကြာသည်ကြောင့် Jungkookကပါတခစ်ခစ်ဖြင့်လာသည်။

ထို့အတွက်Taehyungနောက်လိုက်သွားသော် အဆောင်ထဲကအိပ်ရာပေါ်ထိုင်နေတဲ့TaehyungကJungkookကိုမျက်လုံးလှန်ကြည့်၍မျက်နှာလွှဲသည်။

" ဒါကကျွန်တော်တို့Heroကြီးရှက်နေတဲ့ပုံလား...ချစ်စရာကြီးဗျာ ခစ်ခစ်ခစ်~"

" ဒါကရယ်စရာမဟုတ်ဘူးသခင်လေး...တကယ်ကျွန်တော်မဟုတ်ဘူး"

" အင်းပါဟုတ်ပါပြီ ကျွန်တော်ယုံပေးပါ့မယ်"

ဘူးတစ်လုံးခံငြင်းသည့်အခါပြုံးစစလေးနှင့်မယုံသော်ငြားယုံပေးတဲ့ဟန်လုပ်သည်။

" အခန်းပြန်တော့လေသခင်လေး ညဉ့်နက်နေပြီ"

" အိမ်ထဲမှာကျွန်တော်တစ်ယောက်တည်းပျင်းလို့ပါ...ခဏနေပြန်ပါ့မယ်"

" ကျွန်တော်အိပ်ချင်နေပြီသခင်လေး"

"အိပ်လေTaehyunggie ကျွန်တော်ဘေးကနေတိတ်တိတ်ကလေးဘာမှမဆူညံပဲနေပါ့မယ်...အိမ်မှာသခင်ကြီးမရှိတော့အထီးကျန်လို့ပါ"

ခေါင်းငုံ့ကာမျက်နှာငယ်လေးနဲ့ပြောတော့Taehyungရင့်နင့်စွာသပ်ပြင်းချမိသည်။

မလွမ်းပါနဲ့...မတောင့်တပါနဲ့ဆိုပြီးတားဆီးပိုင်ခွင့်မရှိသူမို့ပျော်အောင်လုပ်ပေးရုံကလွဲမတတ်နိုင်။

" သခင်လေး"

" ဗျာ Taehyunggie"

" အရင်တစ်ခါ ကျွန်တော်တို့ ကြောင်စုတ်Lufi ကိုပညာပေးဖို့သွားပေမဲ့အခွင့်မသာလို့ပြန်လှည့်လာခဲ့တာ...အခုညဟိုဘက်အိမ်ကျော်ဝင်ပြီးသမကြမလား"

Taehyungပြောတာကအရင်တစ်ခါJungkookချော်လဲတုန်းကချော့တဲ့စကားကိုဖြစ်သည်။တကယ်သွားသတ်ဖို့အထိလုပ်ခဲ့ပေမဲ့ထိုနေ့မှအရိပ်တောင်ရှာမတွေ့တဲ့Lufiကြောင့်Taehyungစိတ်လျှော့ပြီးပြန်လှည့်လာသည်။

Jungkookကလည်းတိရိစ္ဆာန်လေးတစ်ကောင်ကိုအပြောသာရှိ၍အနိုင်ထက်စီးနင်းမလုပ်ချင်တာကြောင့်ပြန်ဆွဲခေါ်ခဲ့တာဖြစ်သည်။

ဒါပေမဲ့ဒီညပျင်းတာမို့Taehyungပြောစကားကိုခေါင်းညိတ်ခဲ့၏။ နှစ်ယောက်သားJungkookအခန်းပြတင်းပေါက်ကနေဟိုဘက်အိမ်ခေါင်မိုးပေါ်ကျော်တက်သည်။

Taehyungကအလွယ်တကူခုန်ချနိုင်သော်ငြားJungkookခြေခေါက်လဲမှာစိုးလို့ခါးလေးကနေပွေ့ချပေးသည်။

လက်နှစ်ဖက်နဲ့ပွေ့မရတာ ခါးလေးကသေးလွန်းလို့ကိုယ့်လက်ထိပ်ချင်းကိုယ်ပြန်ထိမိတဲ့အထိ။

" ကျွန်တော့်လက်ကိုတွဲထားသခင်လေးအောက်ကျမှာစိုးလို့"

"လိမ့်ကျပြီးတော့မသေလောက်ပါဘူးနော်Taehyunggie"

"ကျွန်တော်ရှိတယ်မကျဘူး"

Taehyung,Jungkookလက်ကလေးကိုဆုပ်ကိုင်လျက်သူများအိမ်ခေါင်မိုးပေါ်ကိုတက်လျှောက်သည်။ ထိုစဥ်Jungkookကဘေးကိုညွှန်ပြ၍တိုးတိုးပြောလာသည်။

"ဟိုမှာLufi လိုက်လိုက်"

" လာသွားကြစို့"

မြှောင်!!!

"ဟာ အိမ်ထဲဝင်သွားပြီTaehyunggie"

" အဲဒါကသူတို့အိမ်ဘက်ကဂိုထောင်ပဲ"

လူလိုက်တော့ပြေးမိပြေးရာပြေးတဲ့Lufiက ထိုအိမ်ရဲ့ဂိုထောင်ထဲဝင်သွားသည်။ ထိုအိမ်ကစားသောက်ကုန်ရောင်းဝယ်တဲ့ကုမ္ပဏီမို့ဂိုထောင်ထဲမှာမုန့်တွေသိုလှောင်ထားတာကိုသိတဲ့JungkookကTaehyungကိုမဲဆွယ်လာသည်။

"ဂိုထောင်ထဲခိုးဝင်ရအောင်Taehyunggie"

"​ဖြစ်ပါ့မလား မိသွားရင်Sir.နဲ့ငြိမှာ"

" လာပါကျွန်တော်တာဝန်ယူပါ့မယ် Taehyunggieအရိုက်မခံစေရဘူး"

"ကျွန်တော့်အတွက်စိုရိမ်တာမဟုတ်​ဘူး သခင်လေးမျက်ရည်ကျမှာမလိုလားလို့"

မျက်ဝန်းများထံကြည့်ပြောလာခြင်းကခံစားချက်တချို့ကိုပေးစွမ်းသည်။ပါးစပ်လေးဟ၍ဘာပြန်ပြောရမှန်းမသိတဲ့အခါTaehyungထိုလက်ကလေးကိုဆွဲလို့ဂိုထောင်ခေါင်မိုးဘက်လျှောက်သွား၏။

နောက်...သူအရင်ခုန်ချလိုက်ပြီးJungkookဆီလက်ဆန့်တန်းပေးသည်။

"ခုန်ချလိုက်သခင်လေးကျွန်တော်ဖမ်းထားပေးမယ်"

"ကျိုးသွားရင်ဘယ်လိုလုပ်မလဲ...ခြေထောက်ကျိုးတာတော်သေး လည်ကျိုးသွားမှသေမှာ"

"လူတစ်ရပ်စာလောက်နဲ့မသေပါဘူး...ကျွန်တော့်ရင်ခွင်ထဲခုန်ချလိုက်"

" ကျိုးရင်တာဝန်ယူနော်Taehyunggie"

"သခင်လေးကိုတာဝန်ယူပါ့မယ် ခုန်သာချခဲ့"

သူ့အဓိပ္ပါယ်နဲ့သူပြုံးရင်းပြောသည့်Taehyungကတွန့်ဆုတ်တွန့်ဆုတ်Jungkookကိုစောင့်နေသည်။

နောက်တော့ဘုတ်ခနဲခုန်ချလာတဲ့ကိုယ်လေးကရင်ခွင်ထဲပစ်ဝင်လာ၏။

" ဟူး တော်သေးတယ်မသေဘူးပဲ"

"လူမမိခင်ဂိုထောင်ထဲဝင်ရအောင်သခင်လေး"

"အင်းအင်း"

နှစ်​ယောက်သားခြေသံမကြားအောင်တိတ်တိတ်လေးဂိုထောင်ထဲဝင်သွားတော့များစွာသောမုန့်ပုံးတွေကြောင့်Jungkookမျက်လုံးလေးလက်လက်ခါနေသည်။

ကြောင်ဆီစိတ်မရောက်တော့ပဲပြောလာခြင်းက....

"မုန့်ခိုးစားရအောင်Taehyunggie"

"ဟမ်"

"မုန့်စားချင်တယ်လို့ မုန့်ခိုးစားရအောင်....ခိုးစားရတဲ့ဟာကပိုအရသာရှိတာသိတယ်မလား ဒါကိုTaehyunggieအသိဆုံးပါ ဟင်းဟင်း"

လူယုတ်မာပြုံးလေးကဟိုVideo USBကိစ္စကိုပြောမှန်းTaehyungသိသည်။ဒါကြောင့်ခေါင်းပဲညိတ်လိုက်၏။

"Yes!!...ဟုတ်ပြီကွ ဘယ်ပုံးကိုအရင်စားရမလဲ~~ အာဒီကွက်ကီးပုံးအရင်"

"ဖြည်းဖြည်းအသံမကြားစေနဲ့"

"အေးဆေးအေးဆေး"

ဆိုကာယူလိုက်ခြင်းကမုန့်ပုံးတွေရဲ့အောက်ဆုံးပုံးမို့...

"အဲဒါမလုပ်နဲ့သခင်လေး!"

ဒုံ!!! ဂွမ်!!

မြှောင်!!!

သံမုန့်ပုံးဖြစ်လို့ဘေးကပုံးတွေပြုတ်ကျတဲ့အခါအသံမျိုးစုံထွက်သွားပြီးချောင်မှာရှိတဲ့Lufiတောင်လန့်ပြေးသွားသည်။

" အယ်...အောက်ဆုံးကဟာယူလိုက်မိတာပဲ"

" လူသံတွေကြားတယ်"

"ဟင် မိတော့မှာလား"

"လာနေကြပြီ "

ဆူညံသံတွေကြောင့်နိုးလာတဲ့အိမ်ရှင်လူများကဂိုထောင်ဘက်ကိုစကားတပြောပြောနဲ့ရောက်လာကြသည်။

ဂိုထောင်နဲ့နီးသထက်နီးလာတဲ့အခါTaehyung,Jungkookလက်ကိုဆွဲပြီးနောက်ဘက်ခြမ်းကမုန့်ပုံးစင်နှစ်ခုရဲ့ကြားဝင်ပုန်း၏။

" ဟာ ဒီမှာမုန့်ပုံးတွေကျနေတာပဲ"

"လူခိုးဝင်တာများလား"

"မုန့်သူခိုးလို့ကြားဖူးလို့လားနင်"

" မသိဘူးလေ မုန့်ပုံးလျော့ရင်အိမ်ကဒယ်ဒီဖားသားကငါတို့ချည်းထင်တာ"

"ဓာတ်မ်ီးနဲ့သေချာလိုက်ရမယ်"

"အေးဟုတ်တယ်"

အိမ်ရှင်ရဲ့အမျိုးဖြစ်ပုံရတဲ့ကောင်မလေး နှစ်ယောက်ကဓာတ်မီးတဝင်းဝင်းနဲ့လိုက်ရှာသည်။ ကျဥ်းမြောင်းတဲ့မုန့်ပုံးစင်နှစ်ခုကြားJungkookကိုယ်လေးကစင်နဲ့Taehyungကြားပိတ်မိနေသည်။

နီးကပ်လွန်းတဲ့ထိတွေ့မှုကြောင့်မလွန်ကျွံရအောင်အလည်လေးကTaehyungရင်ဘက်ကိုလက်နဲ့အသာတွန်းထား၏။မုန့်ပုံးစင်းကိုလက်ထောက်ထားသည့်Taehyungအတွက်ဒီအနေထားကရင်ခုန်သံနှစ်ဆတိုးစေသည်။

" ဒီဘက်လာနေတာလား"

"ဟုတ်တယ်"

တိုးတိုးလေးပြောနေကြတာဖြစ်သည်။ လှုပ်ရရှားရမလွယ်တဲ့အ​ခြေနေဖြစ်သော်လည်းကံဆိုးချင်တော့စင်ကြားကပြေးလာတဲ့ကြွက်ကJungkookပခုံးပေါ်လာတက်သည်။

"အမလေ__အွန်း~"

ဒုန်း!

"ဟဲ့ ဟိုဘက်ကအသံကြားတယ်"

"သွားသွား"

Jungkookလက်နဲ့တိုက်သွားတဲ့မုန့်ပုံးကအသံမြည်သွားသည်။သို့သော်Jungkookရဲ့အော်သံကိုတော့ထိုကောင်မလေးနှစ်ယောက်မကြားနိုင်။မည်သို့ဆိုအော်တော့မယ့်ပါးစပ်လေးဆီလက်နဲ့ဖိအုပ်လိုက်တာမို့။ကြွက်လည်းဖြတ်ပြေးသွားတဲ့အတွက်မရှိတော့။

ထိုကောင်မလေးနှစ်ယောက်ကအနားတဝိုက်ရောက်လာသည်။Jungkookအသက်ရှူသံတွေပြင်းလာပြီးကြောက်လာ၏။

မိရင် သူခိုးမှုနဲ့ထောင်ကျပြီးသခင်ကြီးရိုက်တာပါခံရဦးမှာ!!

"တွေ့လားမိန်းမ"

"No မတွေ့ဘူး သရဲခြောက်တာလားမသိဘူးဟယ်"

" ကြွက်လည်းနေချင်နေမှာပါ အိပ်ချင်နေပြီပြန်ရအောင်"

"အေး ပြန်မယ်...သူခိုးဆိုရင်နင့်ယောက္ခမကိုငါမုန့်ခိုးစားတာမဟုတ်ကြောင်းရှင်းပြဒါပဲ!"

"အိုးဟိုး စောင့်ပါဦးမိန်းမိန်းရဲ့"

"သွား လာမထိနဲ့အပျင်းမ"

ဝုန်း!!

"ဟယ်လဲကုန်ပြီ"

ကောင်မလေးကလာဆွဲတဲ့သူ့ဇနီးလက်ကိုပုတ်ထုတ်လိုက်တာဆိုပေမဲ့မုန့်ပုံးစင်ကိုရိုက်မိသွားတာကြောင့်မုန့်ပုံးစင်တွေကဖဲချပ်လှဲလိုက်သလိုတစ်ဆင့်တစ်ဆင့်လဲသွားသည်။

" ဘယ်လိုလုပ်ကြမလဲအဆူခံရတော့မှာ"

" မသိချင်ယောင်ဆောင်လိုက်မိန်းမ...သူ့ဟာသူကြွက်တိုးတာဆိုပြီးလျှောက်ရွှီးလို့ရတယ် "

"အဲ့လိုပဲပြောရတော့မှာပေါ့"

ထိုကောင်မလေးနှစ်ယောက်ကလဲတဲ့စင်တွေကိုမသိချင်ယောင်ဆောင်ပြန်သွားကြသည်။သို့သော်စင်တွေကြားဝင်နေတဲ့နှစ်ယောက်အတွက်အတော်လေးဒုပ္ခရောက်နေ၏။

လဲလာတဲ့စင်ကိုJungkookအပေါ်မကျအောင်ကျောနဲ့တောင့်ခံထားရတဲ့Taehyungကသူ့ရဲ့သန်မာကိုအသုံးချထားသည်။

"အာ့..."

"Taheyunggie ဘယ်လိုလုပ်ကြမလဲစင်ပိပြီးသေနေ့စေ့ပြီထင်တယ် ဟင့်"

" ဟူး...123ဆိုတာနဲ့ကျွန်တော့်ကိုဖက်လိုက်သခင်လေး...မပိစေရဘူး"

Jungkookလည်းTaehyungကိုယုံပြီးခေါင်းညိတ်လိုက်သည်။

"1...2...3! "

ဝုန်း!

"အင့်! Taehyunggie"

Jungkookကိုယ်လေးကိုဖက်ပြီးတစ်ဖက်လှိမ့်ချလိုက်တော့စင်တွေကနံရံနဲ့တေ့ခံ ပြီးမုန့်ပုံးတချို့ပဲကျသွားသည်။

မြေပြင်ပေါ်လိမ့်သွားတော့Jungkookခေါင်းလေးမနာအောင်လက်နဲ့ခံပေးထားလိုက်တာမို့ခေါင်းနဲ့ကြမ်းပြင်ဆောင့်တဲ့အခါလက်ချောင်းထိပ်ကဖိခြေလိုက်သလိုဖြစ်သွားသည်။

" အာ...မာလိုက်တဲ့ခေါင်းလေး"

"ဘာဖြစ်လို့လဲTaehyunggieကျွန်တော့်ကြောင့်နာသွားတာလား"

"ဟုတ်တယ်သခင်လေးကြောင့်လက်ချောင်းထိပ်ကြေတော့မလို့ပဲ"

"ပြပြ"

ပိုကဲပြောလိုက်တော့ခေါင်းနောက်ခံထားတဲ့လက်ကိုဆွဲယူကြည့်သည်။ရုတ်ချည်းဆိုသလိုအနည်းငယ်နီရဲသွားတဲ့လက်ခလယ်နဲ့လက်သန်းကြွယ်ကိုငုံ့လိုက်တဲ့Jungkookကြောင့်Taehyungကိုယ့်တောင့်ခနဲ။

"ဘာလုပ်တာလဲသခင်လေး"

"ဟွန်...နာသွားလို့အာပူပေးတာလေ"

စကားပြောဖို့ခဏပဲထုတ်လိုက်ပြီးလက်ချောင်းတွေကိုပါးစပ်သေးသေးလေးနဲ့ငုံထားပေးသည်။

လက်ချောင်းနဲ့လျှာလေးထိတဲ့အခါမသင့်မတော်ဝင်လာတဲ့စိတ်တွေကြောင့်ပြန်ဆွဲနှုတ်လိုက်၏။

"ရပြီသက်သာပြီ ပြန်ကြမယ်"

" ဟုတ်တယ် မြန်မြန်ပြန်မှမဟုတ်ရင်ထောင်ကျမှာ"

နှစ်ယောက်သားထထိုင်လို့ထိုအိမ်မှတိတ်တဆိတ်ပြန်လာခဲ့ကြသည်။ Jungkookကိုအခန်းထဲရောက်တာနှင့်အခန်းပြတင်းပေါက်ကိုသေချာပိတ်ပေးခဲ့ပြီးမှ Taehyungစိတ်ချစွာပြန်ထွက်လာခဲ့သည်။

ဒါပေမဲ့တံခါးအပိတ်မှာပြောခဲ့သောစကားကညစဥ်သူလေးအခန်းထဲလိုက်ပို့ပြီးတိုင်းပြောတစ်ကိုယ်တည်းရွတ်ဆိုမိဆဲ.....

" ဝန်းရံထားပေးတဲ့ကျွန်တော့်ချစ်တွေကြောင့် အိပ်မက်လှလှလေးမက်ပါစေသခင်လေး"















(AN/ မနက်ဖြန်TWHCလေးလာမယ်နော်သဲတို့ရေ ပြီးမှမာဖီးယားလေးပေါ့💕)

Continue Reading

You'll Also Like

596K 12.7K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...
773K 28.7K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
61.6K 1.2K 46
*Completed* "Fake it till you make it?" A PR relationship with a heartbroken singer in the midst of a world tour sounds like the last thing Lando Nor...
1.1M 30.2K 37
After the passing of Abigail Bentley's mother, she is now the only one responsible for her family's well-being. Her father, often too drunk to stand...