Unicode
Scroll down for Zawgyi
မူလဝတ္ထုတွင်, အိမ်မက်များကိုစားသုံးသူသည် ယူဂျွန်ဟော့ အားဝါးမြိုခဲ့ပြီး ယူဂျွန်ဟော့ခံစားခဲ့ရသည့်ဆိုးရွားသည့်ဘဝအား ရင်ဆိုင်ခဲ့ရပြီး ပျောက်ကွယ်သွားခဲ့သည်။ ၄င်းမှာ အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်ခဲ့သည့်အန္တာရယ်ဖြစ်သည်။ သို့သော်လည်း, ၄င်းသည် ရှင်သန်ရာနည်းလမ်းများထဲမှ ဇာတ်လမ်းဖြစ်သည်။
ယခုအချိန်တွင် သူစားသုံးမည့်သူသည် ၁၃၆ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်းမဟုတ်။
[အွတ်……!]
တတိယပြန်လည်ရှင်သန်ခြင်း၊စတုတ္ထပြန်လည်ရှင်သန်ခြင်း၊ပဉ္စမပြန်လည်ရှင်သန်ခြင်း...
[“တကယ်လို့လူတွေသာ နှစ်ပေါင်းထောင်ချီအောင်နေနိုင်ကြမယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲဆိုတာသိလား?”]
၃၆ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း၊၄၇ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း၊၆၉ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း။
⌈ “အမြဲထပ်ခါထပ်ခါဖြစ်နေတဲ့ အဆုံးမရှိတော့တဲ့ဘဝကြီးထဲ နေနေရတဲ့နာကျင်မှုကို မင်းတွေးဖူးလား?” ⌋
၁၄၁ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း၊ ၁၄၃ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း, ၁၄၈ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း….
⌈ “ဒါကလူသားတစ်ယောက်ရဲ့နာကျင်မှုပဲ။မင်းတို့ သောက်လက်တံမျိုးမစစ်ကောင်တွေရဲ့”⌋
ဘယ်တော့မှမပြီးဆုံးသွားသည့် မှတ်ဉာဏ်များရှိနေသည်။ ဝါးမြိုခံထားရသည့်နေရာတစ်လျှောက်တွင် အက်ကြောင်းများပေါ်ပေါက်လာခဲ့သည်။ မစားသင့်သည့်အရာကိုစားသုံးပြီးသည့်နောက်တွင် ရူးနေသည့်အိမ်မက်များကိုစားသုံးသူသည် စတင်ကြမ်းတမ်းလာသည်။
သို့ရာတွင် သူ၏အစာအိမ်ဖြစ်နေသည့်အတွက် ထွက်ပြေးစရာနေရာမရှိပါ။ မည်သူမျှလည်း သူတို့ကိုယ်တိုင်ထွက်ပြေးမလွတ်မြောက်နိုင်ပါ။
[အား!]
စာလုံးများလွှမ်းမိုးမှုသည် သူခံနိုင်သည့်အတိုင်းအတာထက် ပိုရျ်များနေခဲ့သည်။
မစုပ်ယူလိုက်သည်ဇာတ်လမ်းများသည် ပျံသန်းထွက်သွားကြပြီး ဇာတ်လမ်းလွှမ်းမိုးမှုကြီးသည် အပြင်ဘက်စကြာဝဌာတစ်ခုလုံးအား ရေလှိုင်းများကဲ့သို့ လွှမ်းမိုးသွားခဲ့သည်။ ထိခိုက်နေသည့်အစာအိမ်သည် ပြန့်ကျဲစပြုလာသည်။
[လေးခုမြောက်နံရံသည် ၎င်း၏မျက်လုံးကို ဖြည်းညင်းစွာ စတင်ပွင့်ခါစပြုလာသည်။]
[စတုတ္ထတံတိုင်းသည် စားသုံးရန်တစ်ခုခုကိုရှာဖွေနေသည်။]
လန့်သွားသည့်အိမ်မက်များကိုစားသုံးသူသည် သူ့အားစိုက်ကြည့်နေသည်။
[စတုတ္ထတံတိုင်းသည် အိမ်မက်များကိုစားသုံးသူအားရယ်လိုက်သည်။]
ယခုတွင် အမဲလိုက်သူနှင့်သားကောင်တို့၏ ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
[ကား…!]
စာလုံးအများပြားဖြင့်ပြုလုပ်ထားသည့် စတုတ္ထတံတိုင်းသည် အိမ်မက်များကိုစားသုံးသူ၏ဇာတ်လမ်းများကို စတင်ဝါးမြိုတော့သည်။
အစားကောင်းသောက်ကောင်းများကို ဂရုမစိုက်နိုင်တော့ပဲ ဗိုက်ဆာဆာဖြင့်စားသောက်တော့သည်။ မရေတွက်နိုင်သည့်ငါးများနှင့် အိမ်မက်များကိုစားသုံးသူ၏အခြားသော လက္ခဏာများသည် ထွက်ပြေးရန်ကြိုးစားကြသော်လည်း တည်ရှိနေသည့်နံရံကြီးကို မကျော်လွှားနိုင်ခဲ့ပါ။
သူ နှစ်ပေါင်း ၈,၀၀၀မျှစားသုံးခဲ့သည့် ဇာတ်လမ်းများသည် အမှုန့်များအဖြစ်သို့ကြေမွသွားခဲ့ပြီး နံရံအတွင်းသို့ဝါးမြိုခံလိုက်ရသည်။ နံရံပေါ်မှ ပုံစံလေးများသည် လင်းလက်တောက်ပသည့်အလင်းရောင်ကို ထုတ်လွှင့်လိုက်သည်။
ဇာတ်လမ်းကိုဖတ်နေသည့် အခွင့်အာဏာမရှိသည့်သူ၏အသံသည် အံ့အားသင့်သွားခဲ့သည်။
[◼️◼️…?]
သူ့အတွေး၏တစ်ဝက်ထက်များသောအတွေးများသည် စားသုံးခြင်းကိုခံလိုက်ရပြီး နံရံပေါ်တွင်ပေါ်လာခဲ့သည်။
[သေချာတာက ဒါက◼️◼️◼️ မဟုတ်ဘူးမလား…?]
[အို….]
[မြင့်မြတ်တဲ့ရှေးနတ်ဘုရားတွေ! မင်းတို့အကုန်လုံးဘယ်ရောက်နေကြတာလဲ?]
နောက်ဆုံးအချိန်တွင်တော့, အရာအားလုံးအား စွန့်လွှတ်ပြီးပြေးရန်ကြိုးစားခဲ့ပေမယ့် လေးခုမြောက်နံရံသည် သူ့ထက်ခြေလှမ်းတစ်လှမ်းစောနေခဲ့သည်။ နံရံသည် ၎င်း၏ဆိုးရွားသည့်သွားများအား ဖော်ထုတ်လိုက်ပြီး အစာအိမ်၏မာတိကားများကို ဝါးမြိုချလိုက်သည်။
[အို….မြင့်မြတ်တဲ့ရှေးနတ်ဘုရားတို့….အို….]
မှေးမှောင်သည့်အလင်းရောင်တစ်ခုပေါ်လာပြီး ပွင့်နေသည့်စတုတ္ထတံတိုင်း၏ပါးစပ်သည် ပိတ်သွားခဲ့သည်။
[စတုတ္ထတံတိုင်းသည် စားသုံးခြင်းပြီးဆုံးသွားပါပြီ။]
[သင်သည်ပြင်ပနတ်ဘုရားအား အနိုင်ယူနိုင်ခဲ့ပါပြီ!]
.
.
.
[စတားစထရင်းသည် သင်၏အောင်မြင်မှုအတွက် သင့်တော်မည့်အမည်အား မရှာဖွေနိုင်ခဲ့ပါ။]
[အမည်မသိသည့်အောင်မြင်မှုသည် သင်၏ငါးခုမြောက်ဇာတ်လမ်းထဲသို့ ထည့်ဝင်ပါလိမ့်မည်။]
[မကြာခင်အတည်ပြုတော့မည့်, သင်၏အချက်အလက်သည်, ပြန်လည်သုံးသပ်ပါလိ့မ်မည်။]
အိမ်မက်များကိုစားသုံးသူ၏အငွေ့အသက်များသည် ပြန့်ကျဲသွားခဲ့ပြီး အပြင်ဘက်စကြာဝဌာ၏ဟင်းလင်းပြင်ထဲတွင် အနည်းငယ်သောဇာတ်လမ်းများဖြင့် သူဆက်နေနေခဲ့သည်။
အိမ်မက်များကိုစားသုံးသူသေဆုံးသွားခဲ့သော်လည်း စကြာဝဌာသည် ပြိုလဲကျသွားခြင်းမရှိပါ။ သူ၏မူလကမ္ဘာကိုလဲပြန်ရောက်သွားခြင်းမရှိသေးပါ။
[အိမ်မက်များကိုစားသုံးသူ၏သေဆုံးခြင်းကိုကြားသိပြီးနောက် အပြင်ဘက်စကြာဝဠာ၏ရှင်ဘုရင်များသည် အလွန်စိတ်ရှုပ်ထွေးသွားကြသည်။]
[ပြင်ပနတ်ဘုရားများသည် ၎င်း၏ဇာတ်ညွှန်းထဲတွင် ဖြစ်သွားသည့်အရာကို ရှာဖွေရန်ကြိုးစားနေကြသည်။]
[အချို့သော ‘မြင့်မြတ်သောရှေးဟောင်းနတ်ဘုရားများ’ သည် သင့်အားကြည့်နေကြသည်။]
မူးဝေသည့်ခံစားချက်သည် သူ၏အတွင်းမှပေါ်ပေါက်လာခဲ့သည်။ သူ၏ဝိညာဉ်စားသုံးခြင်းကိုခံလိုက်ရခြင်းကြောင့် ဖြစ်နိုင်သော်လည်း သူသည်အားနည်းလာသည်။
“ဟော့..ဟော့…ကော့!”
၎င်းသည်ဆိုးရွားသည့် အတွေ့အကြုံဖြစ်သည်။ ယူဂျွန်ဟော့သည် ထိုအရာကို ၁၃၆ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်းတွင် ပြုလုပ်ခဲ့သည်။
“ကော့!”
အကြိမ်အနည်းငယ်အန်ခဲ့ပြီးနောက်တွင်, သူ၏အမေအတွက် ဇာတ်လမ်းအပိုင်းအစများကို လိုက်လံရှာဖွေတော့သည်။
ကံကောင်းစွာဖြင့် အိမ်မက်များကိုစားသုံးသူ ဖန်တီးခဲ့သည့်ပုံရိပ်သည် ကျန်ရှိနေသေးသည်။သူမသည် မျက်စိများကိုပိတ်ပြီး ထိုနေရာတွင်ရပ်နေခဲ့သည်။
သူမယခုထိအသက်ရှင်နေသေးလား? သူမသိခဲ့ပါ။ သူ့အမေ၏ နှလုံးခုန်နှုန်းအားစမ်းလိုက်ပြီး သူမ၏ပခုံးများကို လှုပ်ခါလိုက်သည်။ “ထတော့။”
ပထမဦးစွာ, သူ၏အမေကို ထိုနေရာမှခေါ်ထုတ်သွားရမည်ဖြစ်သည်။ သူပတ်ဝန်းကျင်အားကြည့်လိုက်သည်။
…ဘာလို့ဒီနေရာကြီးက မပျောက်သွားသေးတာလဲ?
၁၃၆ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်းတွင်, ယူဂျွန်ဟော့မှ အိမ်မက်များကိုစားသုံးသူအားသတ်ပြီးနောက် စကြာဝဠာကြီးမှာပြိုလဲကျသွားနောက် မူလကမ္ဘာသို့ပြန်ရောက်သွားသည့်အပိုင်းပါသည်။ အပြင်ဘက်စကြာဝဠာသည် ပြင်ပနတ်ဘုရား၏အစွမ်းဖြင့် အုပ်ချုပ်ခြင်းကိုခံလိုက်ရသည်။ ပြင်ပနတ်ဘုရားသေဆုံးသည်နှင့်တစ်ပြိုင်နက်, ၎င်းဟာလည်း ပျောက်ကွယ်သွားသင့်ပြီဖြစ်သည်။ ထိုတစ်ချိန်တွင်တော့ အပြင်ဘက်ရှင်ဘုရင်သေဆုံးသွားသော်လည်း စကြာဝဠာကြီးမှာ ကျန်ရစ်နေသေးသည်။ ဘာကြောင့်လဲ?
[စတုတ္ထမြောက်တံတိုင်းသည် သင့်အားကြည့်နေသည်။]
...မဟုတ်မှ?
[စတုတ္ထမြောက်တံတိုင်းသည် နောင်တဖြင့်သူမ၏ ခေါင်းကိုခါလိုက်သည်။]
[စတုတ္ထမြောက်တံတိုင်းသည် ဗိုက်ဆာနေဆဲဖြစ်သည်။]
သူမဇာတ်လမ်းအများကြီးကိုစားသုံးလိုက်သော်လည်း ဗိုက်ဆာနေဆဲပဲလား?
[စတုတ္ထမြောက်တံတိုင်းသည် ကျန်ရှိနေသေးသည့်အပိုင်းအစများကို စတင်စုပ်ယူနေသည်။]
ဖုန်စုပ်စက်အတိုင်း စတုတ္ထမြောက်တံတိုင်းသည် သူ၏ပါးစပ်ကိုဟကာ အနီးအနားရှိကျန်နေသည့်အရာများကို စုပ်ယူတော့သည်။
ကျန်ရှိနေသေးသည့်ဇာတ်လမ်းများ, ဖုန်တွေ..ပြီးတော့..
“ခဏနေပါဦး! ခဏ!”
သူ၏အမေသည် သူ၏လက်မောင်းထဲတွင်ရှိနေသည်။ နံရံဆီသို့သူပျံသွားခဲ့လိုက်သည်။
“ဟေး! အဲ့ဒါကိုမစားနဲ့!”
သူနံရံကိုမရောက်ခင်အချိန်တွင်ပင် ၎င်းသည် သူ၏အမေကိုစုပ်ယူလိုက်သည်။ ပါးစပ်သည် သူ့အမေ၏ ခေါင်း,လက်မောင်းနှင့် အခြားများကိုဝါးမြိုလိုက်သည်။
“သေစမ်း! ငါမင်းကိုအဲ့ဒါကိုမစားနဲ့လို့ပြောနေတာကို!”
[စတုတ္ထမြောက်တံတိုင်းသည် စိတ်ကျေနပ်မှုဖြင့် ရယ်မောလိုက်သည်။]
[စတုတ္ထမြောက်တံတိုင်းသည်သင့်အားကြည့်နေရင်း သူ၏နှုတ်ခမ်းကို လျက်နေသည်။)
သူတစ်ခုခုကိုမေးရမည်။ သူမကြားရသေးသည့်အရာတစ်ခုရှိနေသးသည်။ သို့သော် ထိုနံရံသည်သူ့အမေအား ဝါးမြိုလိုက်ပြီဖြစ်သည်။
တံတ်ိုင်း၏ဝါးမြိုခြင်းကိုခံရပြီးနောက်တွင် ဘာဆက်ဖြစ်သွားမည်နည်း? သူမသိ။ သေချာသည့်အရာတစ်ခုမှာ တံတိုင်း၏ဝါးမြိုခံရသည့်အရာတစ်ခုမျှ ပြန်ရောက်လာခြင်းမရှိပါ။
ရုပ်ရှင်ရုံဒန်ဂျင်ပိုင်ရှင်, လူပြန်ဝင်စား နဗဏာနှင့် အိမ်မက်များကိုစားသုံးသူတောင်မှ…
ပြင်ပနတ်ဘုရားတောင် အသက်မရှင်နိုင်သည့်အခြေအနေမျိုးတွင် သူ၏အမေသည် အသက်ရှင်နိုင်မည့်ဖြစ်နိုင်ခြေများရှိနေလေမလား?
“သူ့ကိုထွေးထုတ်လိုက်!”
စတုတ္ထမြောက်တံတိုင်းအား သူစတင်ထိုးကြိတ်တော့သည်။ တံတိုင်းသည် သူ့ထံသို့ နှုတ်ခမ်းအားသက်ပြသော်လည်း သူ့အားစားမည့်အရိပ်အယောက်မရှိပါ။ တံတိုင်း၏မျက်နှာပြင်သည် သူ၏ထိုးကြိတ်မှုကြောင့် အနည်းငယ်လှုပ်ခါသွားခဲ့သည်။
သူ ထပ်တလဲထိုးကြိတ်နေ၏။ ထိုအရာသည်ရူးမိုက်သည်မှန်းသိသော်လည်း သူမရပ်ခဲ့ပါ။ သူမရပ်နိုင်ခဲ့ပါ။ သူနံရံကိုဘယ်လောက်တောင်ထိုးလိုက်ပါသလိမ့်? ထို့နောက်နံရံပေါ်တွင် အမှာစာတစ်ခုပေါ်လာခဲ့သည်။
⌈ ပထမဆုံးအနေနဲ့, ငါအဲ့ကလေးကိုနာမည်ပေးခဲ့တဲ့အချိန်ကို မှတ်မိနေတယ်။ ⌋
သူဟာထိုစာကြောင်းကို စိုက်ကြည့်နေခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် ဘာကိုဆိုလိုသည်ဆိုတာကို သိသွားခဲ့သည်။
⌈ သူက ဒို့ (တစ်ကိုယ်တည်း) နဲ့ ငါက ဒို့ (စာဖတ်သူ) ဆိုတာကို သုံးချင်ခဲ့ကြတယ်။ ကြည့်ရတာ သူနဲ့ငါနဲ့ကွာခြားခဲ့တာက ဒီနေရာတည်းကဖြစ်မယ်ထင်ပါတယ်။ ⌋
သူဟာအံကြိတ်ပြီးနောက် နံရံကိုထပ်ထိုးလိုက်သည်။ သူသည် ထိုဇာတ်လမ်းကိုမကြားချင်ခဲ့ပါ။
⌈ သူ့ကိုအထီးကျန်တဲ့သူထက် စာဖက်သူတစ်ယောက်ပဲဖြစ်စေချင်ခဲ့တယ်။ လူတွေကသူတို့တစ်ခုခုကိုဖတ်နေသမျှ အထီးမကျန်ဘူး။ ငါအဲ့ဒါကိုယုံကြည်ခဲ့ချင်တယ်။ ⌋
သူ၏ထိုးကြိတ်မှုများရပ်သွားသည်နှင့်တစ်ပြိုင်နက်, မရေတွက်နိုင်သည့်စာတန်းများသည် နံရံပေါ်တွင်ပေါ်လာခဲ့သည်။ လူတစ်ယောက်၏ဘဝတွင် စာကြောင်းရေမည်မျှရှိသည်ဆိုတာကို သူမယုံကြည်နိုင်ခဲ့ပါ။
⌈ “ငါကအိမ်မှာနေရမယ်? ဟမ်? ငါကဘာလို့အဲ့လိုနေရမှာလဲ? မင်းနဲ့အဲ့ကလေးကိုဘယ်လောက်ကြာအောင် ငါကထောက်ပံနေရမှာလဲ? ⌋
⌈ “ဆူကျောင်း, မင်းသည်းခံမှရမယ်။ ဒို့ဂျာအတွက်လည်းစဉ်းစားပါဦး။ ယောကျ်ားဆိုတာ ခဏတာအတွက်ပဲလုပ်ပြမှာ။” ⌋
⌈ “အမေ, ငါ့အထင် ဒိုဂျာကိုဂရုစိုက်သင့်တယ်ထင်တယ်။” ⌋
သူဟာဆဲဆိုပြီး နံရံအားထပ်မံထိုးကြိတ်ပြန်သည်။ သူမှတ်မိသည့်အရာများရှိသော်လည်း မမှတ်မိသည့်အရာများလည်းရှိနေသည်။ ထိုနေ့ရက်များ၏ ခံစားချက်များသည် မှေးမှောင်နေဆဲဖြစ်သည်။
⌈ “အဲ့ဒါကခက်ခဲခဲ့တယ်။အဲ့အချိန်တုန်းက, အရမ်းပင်ပန်းလို့ တစ်ခြားဘာမှတောင်မတွေးနိုင်ခဲ့ဘူး။ အဲ့ဒါကိုစဉ်းစားလိုက်ပြီဆိုရင်, ငါ့ရဲ့ကလေးအတွက်ပါခက်ခဲလာတယ်။” ⌋
သူ၏အမေသည်ထိုရက်များတွင် ခံစားခဲ့ရသည်။ အမျိုးသမီးတစ်ဦးအပေါ် ကြမ်းယုတ်မှု, အမေတစ်ယောက်နှင့်လူသားတစ်ဦးအပေါ် ဘယ်တော့မျှမလုပ်သင့်သည့်အရာပါ။
⌈ “ဒို့ဂျာ, အထဲဝင်နေ။ နားလည်လား? အမေကထွက်လာလို့ရပြီမပြောမချင်း မထွက်လာနဲ့နော်။” ⌋
ဂရုဏာကင်းမဲ့သည့်စကားများဆက်တိုက်ပေါ်ပေါက်လာခဲ့ပြီး သူသည် ငယ်ဘဝကို အခြားရှုထောင့်မှတစ်ဆင့် ခံစားရတော့သည်။
၎င်းသည်သူကိုယ်တိုင်ခံစားခဲ့ရသော်လည်း လုံးလုံးကွဲပြားသည့်ဇာတ်လမ်းဟုထငိရသည်။
၎င်းသည်ဖြစ်ပျက်ခဲ့သည့်အရာဖြစ်သည်။ ထိုအရာမှာ အလွန်နာကျင်ရသည်။ သနားစရာလည်းကောင်းခဲ့သည်။ ဒါနဲ့, သူဘာလို့ထိုအရာတွေအားလုံးကိုမေ့သွားရတာလဲ? သူမေ့ချင်ခဲ့တာလား?
ထိုအချိန်တွင် နံရံသည် ဆက်ပြီးစကားပြောလာခဲ့သည်။
⌈ ငါသူ့ကိုထားခဲ့ရမှာ, အခြားလူတွေဘာပဲပြောပြော, အဲ့ကလေးကိုခေါ်ပြီး အဝေးတစ်နေရာရာကို ထွက်သွားခဲ့ရမှာ။ ⌋
အဆုံးမှာတော့ သူမထွက်သွားခဲ့သင့်တာ။
⌈ ဘာလို့များမလုပ်ခဲ့ရတာလဲ? ⌋
၄င်းသည်လွမ်းဆွေးဝြင်းနှင့်နောင်တများပြည့်နေသည့် မှတ်တမ်းတစ်ခုဖြစ်သည်။ လက်တွေ့တွင် နှုတ်ပိတ်နေသည့် သူ၏အမေဖြစ်သည်။ ဝတ္ထဖြစ်လာချိန်တွင် သူမသည်သူမ၏ပါးစပ်ကိုဖွင့်နေခဲ့သည်။
⌈ အဲ့ဒါက ညနေအစောပိုင်းမှာဖြစ်သွားခဲ့တာ။ ⌋
နောက်ဆုံးတွင် ဇာတ်လမ်းစတင်ခဲ့သည်။
⌈ “အရက်ထပ်ယူလာခဲ့စမ်း!” ⌋
သူ့အဖေ၏အရက်ကိုထပ်ယူလာရန် အော်ဟစ်သံဖြစ်သည်။ သူ့အမေကိုတွန်းကာ သူမ၏ဝမ်းဗိုက်အားထိုးသည်။ သူ့အဖေသည် ချိန်းခြောက်နေသည်။
[“ရှင်-ရှင်! ဓားကိုချလိုက်ပြီးစကားပြောရအောင်!”]
တစ်ဖြည်းဖြည်း မှတ်ဉာဏ်များပြန်ပေါ်လာခဲ့သည်။ အခန်းထဲတွင်ပုန်းနေသည့်ကလေး၏ခေါင်းသည် ထွက်လာခဲ့သည်။ မှန်ပါသည်။ ထိုအချိန်တွင်, သူ၏အဖေသည်ဓားကိုကိုင်ထားပြီး ချိန်းခြောက်နေသည်။
[“ဒို့ဂျာ! မင်းကိုအခန်းထဲမှာနေဖို့ပြောထားတယ်လေ!”]
သူ၏အမေသည်အော်ပြီး သူ့ထံသို့ပြေးလာသည်။ သူ၏မူးနေသည့်အဖေသည် ဓားအားချိန်းခြောက်စွာလွှဲလိုက်သည်။
⌈ မင်းသေပြီး ငါလည်းလိုက်သေလိုက်မယ်။ အမ်? ငါတို့အကုန်လုံးသေလိုက်ကြမလား? ဒီလိုမျိုးတူတူနေနေရတာကိုက ဆိုးနေပြီမဟုတ်လား? ဟမ်? အကုန်တူတူသေကြရအောင်! ⌋
သူ၏အမေသည် သူမ၏ခန္ဓာကိုယ်အားရှေ့သို့ပစ်လိုက်သည်။ သူ့အဖေ၏ ပြုတ်ကျသံကိုကြားလိုက်ရသည်။ ဓားသည် ကြမ်းပြင်ပေါ်သို့ကျသွားခဲ့သည်။ လိမ့်နေသည့် အရက်ပုလင်းထဲမှ အရက်များစီးကျနေသည်။ နောက်အပိုင်းကိုသူသိသည်။ သူ၏အမေသည် ပြုတ်ကျနေသည့်ဓားအားကောက်လိုက်ပြီး သူ၏အဖေကိုထိုးမည်ဖြစ်သည်။ ထို့နောက်သူမပြောလိမ့်မည်။ “ခုချိန်ကစပြီး, အမေဒါတွေအားလုံးကိုပြန်ဖတ်မယ်။”
⌈ “အ–အား!” ⌋
ဒါနဲ့…
⌈ “ဒို့ဂျာ, မလုပ်နဲ့။ အဲ့ဒါကိုချလိုက်စမ်း!” ⌋
ဘာပါလိမ့်?
⌈ “ဒို့ဂျာ!” ⌋
သူသည်ဓားကိုကောက်ကိုင်ကာ အဖေဖြစ်သူအား ကြည့်ရင်း တုန်ရီနေသည်။သေးငယ်သည့်သူ့မျက်နှာဟာ မျက်ရည်များဖြင့်ပြည့်နေ၏။အဖေက ရွဲ့တဲ့တဲ့ဖြင့်ရယ်လိုက်ပြီး သူ၏လက်သီးကိုလွှဲသည်။ အဖေကအမေကိုထိုးရိုက်ရမည့်အစား, ပုလင်းပေါ်သို့သူချော်လဲကျသွားခဲ့သည်။ ထို့နောက်..
အဖေ့ပါးစပ်မှသွေးများစီးကျလာခဲ့သည်။
⌈ တကယ်လို့ငါသာချက်ချင်းအကူအညီတောင်းခဲ့ရင်, သူအသက်ရှင်နိုင်လောက်မှာ ⌋
သူရင်ထဲဆို့သွားခဲ့သည်။
⌈ ငါကသာသူ့ကိုကယ်နိုင်တဲ့တစ်ယောက်တည်းသောသူဆိုပေမယ့် ငါမကယ်ခဲ့ဘူး။ ⌋
ထိုအဖြစ်အပျက်သည် သူတို့၏ဘဝအားပြောင်းလဲစေခဲ့သည်။
⌈ ကလေးကိုပြောပြခဲ့တဲ့အရာတွေက ငါလိမ်ခဲ့တာမဟုတ်ဘူး။ သူ့ကိုသတ်ခဲ့တဲ့သူကငါပဲ ⌋
အသိစိတ်လွတ်နေသည့်ကလေး၏လက်ထဲမှ ဓားအား သူ၏အမေကဆွဲယူလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှုပြီးနောက်, သူ့အားနှိုးလိုက်သည်။
⌈ “ဒို့ဂျာ, ခုချိန်ကစပြီး, အမေဒါတွေအကုန်လုံးကိုပြန်ဖတ်ပြမယ်။” ⌋
⌈ “သားအဖေက တစ်ခုခုမှားတာကိုလုပ်ပြီးသေသွားခဲ့တာ။ ဒါကကိုယ့်ကိုကိုယ်ကာကွယ်လိုက်တာပဲ။ နားလည်လား?” ⌋
⌈“ဘာပဲဖြစ်ဖြစ် မင်းကခံခဲ့ရတဲ့သူဆိုတာကိုမမေ့နဲ့”⌋
သူ့အမေ၏အသံသည် သူ၏နားထဲသို့စိမ့်ဝင်သွားခဲ့သည်။
⌈ကြည့်ရတာကိစ္စတော်တော်များများက အဲ့ကတည်းကဆုံးဖြတ်ပြီးသားထင်ပါတယ်။ ⌋
အမေသည် လူသတ်မှုနှင့်ဆိုင်သည့်ကိစ္စများကိုရှာဖွေပြီး သက်သေများကိုလှည့်စားလိုက်သည်။ သူပါဝင်နေနိုင်မည့်အရာအားလုံးကို သူမချယ်လှယ်ခဲ့သည်။ ၎င်းသည်ပဲ ရုတ်တရက်သေဆုံးမှုအား ကြိုတင်ကြံစည်ထားသည့်အခင်းသို့ဖြစ်သွားစေခဲ့သည်။
⌈ တစ်ယောက်ယောက်ကတော့လူသတ်သမားအဖြစ်နေရမှာပဲ။ တစ်စုံတစ်ယောက်ကတော့ လူသတ်သမားရဲ့သားအဖြစ်နဲ့နေရမှာပဲ။ ⌋
ထို့နောက် သူမှတ်မိသွားခဲ့သည်။
“...ဒါကြောင့်လား?”
သူ၏လက်ကိုနံရံပေါ်တွင်တင်လိုက်ပြီး ခေါင်းအားခဏတာခေါင်းစိုက်ချလိုက်သည်။
…တကယ်ဆိုလျှင်, သူသိနေခဲ့သည်။ ထိုအရာဖြစ်မည်ဟုထင်ခဲ့ပြီး ၎င်းကသာသူ့အမေ၏လုပ်ရပ်များကို နားလည်စေမည့် တစ်ခုတည်းသောအကြောင်းအရင်းဖြစ်မည်ဟုတွေးခဲ့သည်။
သူ၏အမေသည် စာပိုဒ်ကိုရေးခဲ့ရသည့်အကြောင်းအရင်းမှာ သူ့အားလူသတ်သမားတစ်ဦးမဟုတ်ပဲ လူသတ်သမား၏သားဖြစ်စေရန်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်။
⌈ တစ်ခါတစ်လေကျရင် အဲ့အကြောင်းကိုစဉ်းစားမိတယ်။ ⌋
⌈ ကြည့်ရတာ ဒါတွေအကုန်လုံးက အကြောင်းပြချက်သက်သက်ပါပဲလေ။ ⌋
⌈ ဒီထက်ပိုးကောင်းတဲ့နည်းတော့ရှိမှာပဲ။ ⌋
⌈ ဘာပဲဖြစ်ဖြစ်, ငါအဲ့ကလေးကိုတစ်ယောက်ထဲမထားခဲ့သင့်ဘူး။ ⌋
⌈ အမေတစ်ယောက်အနေနဲ့, ငါအဲ့လိုမလုပ်ခဲ့သင့်ဘူး။ ⌋
…
⌈ အဆုံးမှာ ငါကဒီတိုင်းထွက်ပြေးသွားတဲ့မိခင်တစ်ယောက်ပဲ။ ⌋
၎င်းသည်နောက်ဆုံးစာကြောင်းဖြစ်သည်။ သူသည် နံရံအားအကြိမ်အနည်းငယ်ထုရိုက်ပြီးနောက် ခေတ္တစောင့်နေခဲ့သည်။ သို့သော်လည်းနောက်ထက်စာကြောင်းများ ထပ်မပေါ်လာတော့ပါ။
ထိုသို့မဖြစ်သင့်ပါ။ ထိုအခြေအနေကြောင့်, ၎င်းဇာတ်လမ်း၏အဆုံးသတ်ကို သူသိရတော့မည်မဟုတ်ပါ။
“သူ့ကိုထွေးထုတ်လိုက်! သူ့ကိုထွေးထုတ်လိုက်!”
သူဟာနံရံကိုစတင်ထုရိုက်ပြန်ပါတော့သည်။
“သေစမ်း”
နံရံဟာသူ၏လက်သီးများကိုလျက်လိုက်ပါသည်။ သူ၏လက်သီးရှိ သွေးများ, အမှတ်တရများနှင့် ဇာတ်လမ်းများကို လေးခုမြောက်နံရံကစုပ်ယူလိုက်ပါသည်။ သူမငိုခဲ့ပါ။
⌈ ဂင်မ်ဒို့ဂျာ ငိုနေတာပဲ။ ⌋
စတုတ္ထတံတိုင်းကပြော၏။
⌈ ဂင်မ်ဒိုဂျာက တိတ်တိတ်လေးသူ့ရဲ့လက်သီးကို ကျစ်ကျစ်ပ်အောင်စုပ်ထားတယ်။ ⌋
ဘန်း!
⌈ သူတံတ်ုင်းကိုထိုးလိုက်တယ်။⌋
ဘန်း!
⌈ သူတံတိုင်းကိုထပ်ထိုးလိုက်ပြန်ပြီ။ ⌋
“သေစမ်း!”
⌈ဂင်မ်ဒိုဂျာကြက်သီးတွေထနေတယ်။ အရာအားလုံးကဇာတ်လမ်းတစ်ပုဒ်ဖြစ်လာနေပြီ။ ဒီဇာတ်ညွှန်းထဲမှာရှိတဲ့ သူ့ရဲ့စကားတွေနဲ့လုပ်ရပ်တွေအကုန်လုံးက နံရံပေါ်မှာစာကြောင်းတွေဖြစ်လာပြီ။ ⌋
“ပိတ်ထားစမ်း!”
⌈ ဂင်မ်ဒိုဂျာသိချင်နေတယ်။ သူဘာလုပ်သင့်လဲ? သူဒီတံတိုင်းကိုချိုးနိုင်လား? ဒါကရှင်သန်ရာနည်းလမ်းများကိုဖတ်လို့ ပေးလိုက်ရတဲ့အခကြေးများ ဖြစ်နေမလား? သူအဲ့ဒါကိုဖတ်ပြီးတော့ သူ့ရဲ့ဖြစ်ရပ်မှန်ကဝတ္ထုတစ်ပုဒ်ဖြစ်လာတယ်။ ပြီးတော့ စာရွက်ကိုဖြဲနေသလိုဆူညံသံကိုကြားလိုက်ရတယ်။ ⌋
ဂျစ်!!!!!
⌈ ဂင်မ်ဒိုဂျာကတွေးလိုက်တယ်…..(ဟေး)....ဒါဘာလဲ? ⌋
သာမန်မဟုတ်သည့်စာသားများကို သူနောက်ဆုံးတွင်တော့ နံရံပေါ်တွင်တွေ့သွားခဲ့သည်။ ၎င်းသည်ဝတ္ထုကိုဖတ်ခဲ့သူတစ်ဦး၏ရေးဆွဲခဲ့သည့် ပုံနှင့်တူသည်။
⌈ ဂင်မ်ဒိုဂျာအံ့အားသင့်နေတယ်…(အပေါ်မော့ကြည့်လိုက်)....သူ့ကိုဘယ်သူစကားပြောနေတာလဲ? ….(ဒါကမင်းရဲ့စကေးလ်လေ။)...ဘယ်သူပါလိမ့်?...(မင်းစကေးလ်ကမင်းကိုပြန်စားပစ်မှာကိုမခံနဲ့။)....ဘာ…(အရူး, မင်းရဲ့လက်တွေကိုမြန်မြန်ဖယ်လိုက်လေ!) ⌋
နံရံသည်သူ၏လက်သီးကိုစုပ်ယူနေသည်ကိုတွေ့လိုက်ရသည်။
⌈ ..(အဲ့စကေးလ်ကိုရပ်လိုက်တော့ဂင်မ်ဒိုဂျာ)... ⌋
သူ၏ခေါင်းထဲသို့အလင်းတစ်ခုဝင်ရောက်လာတော့သည်။ ဘယ်သူနှင့်စကားပြောနေသည်ဆိုတာကိုတော့သူမသိပါ။ ထိုအရာသည်ဖြစ်နိုင်သလား မဖြစ်တိုင်ဘူးလားဆိုတာလဲ သူမသိပါ။
သို့ရာတွင် သူဘာလုပ်ရမည်ဆိုသည်မှာ ထင်ရှားသည်။ “ငါစတုတ္ထမြောက်တံတိုင်းကိုပိတ်မယ်။”
လျှပ်ကူးမှုသည်နံရံထဲသို့ဝင်သွားသည်နှင့်တစ်ပြိုက်နက်၎င်းသည် ကြမ်းတမ်းစွာတုန်ခါတော့သည်။ ပထမဆုံးအကြိမ်အဖြစ်, သူ၏အနားတွင်ရှိသည့်တစ်စုံတစ်ခုသည် ဝေဝါးနေသည်ကိုခံစားမိသွားသည်။
တံတိုင်းသည်စတင်ပြိုလဲလာသည်။
နောက်အချိန်တွင် အမှာစာအသစ်တစ်ခုအားကြားလိုက်ရသည်။
[အမည်မသိသည့်ဖြစ်ရပ်ကြောင့်ဖြစ်ပေါ်လာသော စနစ်၏အမှားအား ယာယီပြင်ဆင်ပြီးပြီဖြစ်ပါသည်။]
-
-
[သင်၏စွမ်းရည်ဝင်းဒိုးသည် မူလအတိုင်းပြန်ဖြစ်သွားပါပြီ။]
[ယခုစွမ်းရည်ဝင်းဒိုးအား သင်စစ်ကြည့်ချင်ပါသလား?]
18.2.2024
T.B.C(Sun)
.....
Zawgyi
မူလဝတၳဳတြင္, အိမ္မက္မ်ားကိုစားသုံးသူသည္ ယူဂြၽန္ေဟာ့ အားဝါးၿမိဳခဲ့ၿပီး ယူဂြၽန္ေဟာ့ခံစားခဲ့ရသည့္ဆိုး႐ြားသည့္ဘဝအား ရင္ဆိုင္ခဲ့ရၿပီး ေပ်ာက္ကြယ္သြားခဲ့သည္။ ၄င္းမွာ အလြန္အကြၽံစားသုံးျခင္းေၾကာင့္ ျဖစ္ခဲ့သည့္အႏၲာရယ္ျဖစ္သည္။ သို႔ေသာ္လည္း, ၄င္းသည္ ရွင္သန္ရာနည္းလမ္းမ်ားထဲမွ ဇာတ္လမ္းျဖစ္သည္။
ယခုအခ်ိန္တြင္ သူစားသုံးမည့္သူသည္ ၁၃၆ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္းမဟုတ္။
[အြတ္……!]
တတိယျပန္လည္ရွင္သန္ျခင္း၊စတုတၳျပန္လည္ရွင္သန္ျခင္း၊ပၪၥမျပန္လည္ရွင္သန္ျခင္း...
[“တကယ္လို႔လူေတြသာ ႏွစ္ေပါင္းေထာင္ခ်ီေအာင္ေနႏိုင္ၾကမယ္ဆိုရင္ ဘာျဖစ္လာႏိုင္မလဲဆိုတာသိလား?”]
၃၆ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္း၊၄၇ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္း၊၆၉ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္း။
⌈ “အၿမဲထပ္ခါထပ္ခါျဖစ္ေနတဲ့ အဆုံးမရွိေတာ့တဲ့ဘဝႀကီးထဲ ေနေနရတဲ့နာက်င္မႈကို မင္းေတြးဖူးလား?” ⌋
၁၄၁ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္း၊ ၁၄၃ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္း, ၁၄၈ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္း….
⌈ “ဒါကလူသားတစ္ေယာက္ရဲ႕နာက်င္မႈပဲ။မင္းတို႔ ေသာက္လက္တံမ်ိဳးမစစ္ေကာင္ေတြရဲ႕”⌋
ဘယ္ေတာ့မွမၿပီးဆုံးသြားသည့္ မွတ္ဉာဏ္မ်ားရွိေနသည္။ ဝါးၿမိဳခံထားရသည့္ေနရာတစ္ေလွ်ာက္တြင္ အက္ေၾကာင္းမ်ားေပၚေပါက္လာခဲ့သည္။ မစားသင့္သည့္အရာကိုစားသုံးၿပီးသည့္ေနာက္တြင္ ႐ူးေနသည့္အိမ္မက္မ်ားကိုစားသုံးသူသည္ စတင္ၾကမ္းတမ္းလာသည္။
သို႔ရာတြင္ သူ၏အစာအိမ္ျဖစ္ေနသည့္အတြက္ ထြက္ေျပးစရာေနရာမရွိပါ။ မည္သူမွ်လည္း သူတို႔ကိုယ္တိုင္ထြက္ေျပးမလြတ္ေျမာက္ႏိုင္ပါ။
[အား!]
စာလုံးမ်ားလႊမ္းမိုးမႈသည္ သူခံႏိုင္သည့္အတိုင္းအတာထက္ ပိုရ်္မ်ားေနခဲ့သည္။
မစုပ္ယူလိုက္သည္ဇာတ္လမ္းမ်ားသည္ ပ်ံသန္းထြက္သြားၾကၿပီး ဇာတ္လမ္းလႊမ္းမိုးမႈႀကီးသည္ အျပင္ဘက္စၾကာဝဌာတစ္ခုလုံးအား ေရလႈိင္းမ်ားကဲ့သို႔ လႊမ္းမိုးသြားခဲ့သည္။ ထိခိုက္ေနသည့္အစာအိမ္သည္ ျပန႔္က်ဲစျပဳလာသည္။
[ေလးခုေျမာက္နံရံသည္ ၎၏မ်က္လုံးကို ျဖည္းညင္းစြာ စတင္ပြင့္ခါစျပဳလာသည္။]
[စတုတၳတံတိုင္းသည္ စားသုံးရန္တစ္ခုခုကိုရွာေဖြေနသည္။]
လန႔္သြားသည့္အိမ္မက္မ်ားကိုစားသုံးသူသည္ သူ႔အားစိုက္ၾကည့္ေနသည္။
[စတုတၳတံတိုင္းသည္ အိမ္မက္မ်ားကိုစားသုံးသူအားရယ္လိုက္သည္။]
ယခုတြင္ အမဲလိုက္သူႏွင့္သားေကာင္တို႔၏ ဆက္ဆံေရးအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။
[ကား…!]
စာလုံးအမ်ားျပားျဖင့္ျပဳလုပ္ထားသည့္ စတုတၳတံတိုင္းသည္ အိမ္မက္မ်ားကိုစားသုံးသူ၏ဇာတ္လမ္းမ်ားကို စတင္ဝါးၿမိဳေတာ့သည္။
အစားေကာင္းေသာက္ေကာင္းမ်ားကို ဂ႐ုမစိုက္ႏိုင္ေတာ့ပဲ ဗိုက္ဆာဆာျဖင့္စားေသာက္ေတာ့သည္။ မေရတြက္ႏိုင္သည့္ငါးမ်ားႏွင့္ အိမ္မက္မ်ားကိုစားသုံးသူ၏အျခားေသာ လကၡဏာမ်ားသည္ ထြက္ေျပးရန္ႀကိဳးစားၾကေသာ္လည္း တည္ရွိေနသည့္နံရံႀကီးကို မေက်ာ္လႊားႏိုင္ခဲ့ပါ။
သူ ႏွစ္ေပါင္း ၈,၀၀၀မွ်စားသုံးခဲ့သည့္ ဇာတ္လမ္းမ်ားသည္ အမႈန႔္မ်ားအျဖစ္သို႔ေၾကမြသြားခဲ့ၿပီး နံရံအတြင္းသို႔ဝါးၿမိဳခံလိုက္ရသည္။ နံရံေပၚမွ ပုံစံေလးမ်ားသည္ လင္းလက္ေတာက္ပသည့္အလင္းေရာင္ကို ထုတ္လႊင့္လိုက္သည္။
ဇာတ္လမ္းကိုဖတ္ေနသည့္ အခြင့္အာဏာမရွိသည့္သူ၏အသံသည္ အံ့အားသင့္သြားခဲ့သည္။
[◼️◼️…?]
သူ႔အေတြး၏တစ္ဝက္ထက္မ်ားေသာအေတြးမ်ားသည္ စားသုံးျခင္းကိုခံလိုက္ရၿပီး နံရံေပၚတြင္ေပၚလာခဲ့သည္။
[ေသခ်ာတာက ဒါက◼️◼️◼️ မဟုတ္ဘူးမလား…?]
[အို….]
[ျမင့္ျမတ္တဲ့ေရွးနတ္ဘုရားေတြ! မင္းတို႔အကုန္လုံးဘယ္ေရာက္ေနၾကတာလဲ?]
ေနာက္ဆုံးအခ်ိန္တြင္ေတာ့, အရာအားလုံးအား စြန႔္လႊတ္ၿပီးေျပးရန္ႀကိဳးစားခဲ့ေပမယ့္ ေလးခုေျမာက္နံရံသည္ သူ႔ထက္ေျခလွမ္းတစ္လွမ္းေစာေနခဲ့သည္။ နံရံသည္ ၎၏ဆိုး႐ြားသည့္သြားမ်ားအား ေဖာ္ထုတ္လိုက္ၿပီး အစာအိမ္၏မာတိကားမ်ားကို ဝါးၿမိဳခ်လိုက္သည္။
[အို….ျမင့္ျမတ္တဲ့ေရွးနတ္ဘုရားတို႔….အို….]
ေမွးေမွာင္သည့္အလင္းေရာင္တစ္ခုေပၚလာၿပီး ပြင့္ေနသည့္စတုတၳတံတိုင္း၏ပါးစပ္သည္ ပိတ္သြားခဲ့သည္။
[စတုတၳတံတိုင္းသည္ စားသုံးျခင္းၿပီးဆုံးသြားပါၿပီ။]
[သင္သည္ျပင္ပနတ္ဘုရားအား အႏိုင္ယူႏိုင္ခဲ့ပါၿပီ!]
.
.
.
[စတားစထရင္းသည္ သင္၏ေအာင္ျမင္မႈအတြက္ သင့္ေတာ္မည့္အမည္အား မရွာေဖြႏိုင္ခဲ့ပါ။]
[အမည္မသိသည့္ေအာင္ျမင္မႈသည္ သင္၏ငါးခုေျမာက္ဇာတ္လမ္းထဲသို႔ ထည့္ဝင္ပါလိမ့္မည္။]
[မၾကာခင္အတည္ျပဳေတာ့မည့္, သင္၏အခ်က္အလက္သည္, ျပန္လည္သုံးသပ္ပါလိ့မ္မည္။]
အိမ္မက္မ်ားကိုစားသုံးသူ၏အေငြ႕အသက္မ်ားသည္ ျပန႔္က်ဲသြားခဲ့ၿပီး အျပင္ဘက္စၾကာဝဌာ၏ဟင္းလင္းျပင္ထဲတြင္ အနည္းငယ္ေသာဇာတ္လမ္းမ်ားျဖင့္ သူဆက္ေနေနခဲ့သည္။
အိမ္မက္မ်ားကိုစားသုံးသူေသဆုံးသြားခဲ့ေသာ္လည္း စၾကာဝဌာသည္ ၿပိဳလဲက်သြားျခင္းမရွိပါ။ သူ၏မူလကမာၻကိုလဲျပန္ေရာက္သြားျခင္းမရွိေသးပါ။
[အိမ္မက္မ်ားကိုစားသုံးသူ၏ေသဆုံးျခင္းကိုၾကားသိၿပီးေနာက္ အျပင္ဘက္စၾကာဝဠာ၏ရွင္ဘုရင္မ်ားသည္ အလြန္စိတ္ရႈပ္ေထြးသြားၾကသည္။]
[ျပင္ပနတ္ဘုရားမ်ားသည္ ၎၏ဇာတ္ၫႊန္းထဲတြင္ ျဖစ္သြားသည့္အရာကို ရွာေဖြရန္ႀကိဳးစားေနၾကသည္။]
[အခ်ိဳ႕ေသာ ‘ျမင့္ျမတ္ေသာေရွးေဟာင္းနတ္ဘုရားမ်ား’ သည္ သင့္အားၾကည့္ေနၾကသည္။]
မူးေဝသည့္ခံစားခ်က္သည္ သူ၏အတြင္းမွေပၚေပါက္လာခဲ့သည္။ သူ၏ဝိညာဥ္စားသုံးျခင္းကိုခံလိုက္ရျခင္းေၾကာင့္ ျဖစ္ႏိုင္ေသာ္လည္း သူသည္အားနည္းလာသည္။
“ေဟာ့..ေဟာ့…ေကာ့!”
၎သည္ဆိုး႐ြားသည့္ အေတြ႕အႀကဳံျဖစ္သည္။ ယူဂြၽန္ေဟာ့သည္ ထိုအရာကို ၁၃၆ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္းတြင္ ျပဳလုပ္ခဲ့သည္။
“ေကာ့!”
အႀကိမ္အနည္းငယ္အန္ခဲ့ၿပီးေနာက္တြင္, သူ၏အေမအတြက္ ဇာတ္လမ္းအပိုင္းအစမ်ားကို လိုက္လံရွာေဖြေတာ့သည္။
ကံေကာင္းစြာျဖင့္ အိမ္မက္မ်ားကိုစားသုံးသူ ဖန္တီးခဲ့သည့္ပုံရိပ္သည္ က်န္ရွိေနေသးသည္။သူမသည္ မ်က္စိမ်ားကိုပိတ္ၿပီး ထိုေနရာတြင္ရပ္ေနခဲ့သည္။
သူမယခုထိအသက္ရွင္ေနေသးလား? သူမသိခဲ့ပါ။ သူ႔အေမ၏ ႏွလုံးခုန္ႏႈန္းအားစမ္းလိုက္ၿပီး သူမ၏ပခုံးမ်ားကို လႈပ္ခါလိုက္သည္။ “ထေတာ့။”
ပထမဦးစြာ, သူ၏အေမကို ထိုေနရာမွေခၚထုတ္သြားရမည္ျဖစ္သည္။ သူပတ္ဝန္းက်င္အားၾကည့္လိုက္သည္။
…ဘာလို႔ဒီေနရာႀကီးက မေပ်ာက္သြားေသးတာလဲ?
၁၃၆ႀကိမ္ေျမာက္ျပန္လည္ရွင္သန္ျခင္းတြင္, ယူဂြၽန္ေဟာ့မွ အိမ္မက္မ်ားကိုစားသုံးသူအားသတ္ၿပီးေနာက္ စၾကာဝဠာႀကီးမွာၿပိဳလဲက်သြားေနာက္ မူလကမာၻသို႔ျပန္ေရာက္သြားသည့္အပိုင္းပါသည္။ အျပင္ဘက္စၾကာဝဠာသည္ ျပင္ပနတ္ဘုရား၏အစြမ္းျဖင့္ အုပ္ခ်ဳပ္ျခင္းကိုခံလိုက္ရသည္။ ျပင္ပနတ္ဘုရားေသဆုံးသည္ႏွင့္တစ္ၿပိဳင္နက္, ၎ဟာလည္း ေပ်ာက္ကြယ္သြားသင့္ၿပီျဖစ္သည္။ ထိုတစ္ခ်ိန္တြင္ေတာ့ အျပင္ဘက္ရွင္ဘုရင္ေသဆုံးသြားေသာ္လည္း စၾကာဝဠာႀကီးမွာ က်န္ရစ္ေနေသးသည္။ ဘာေၾကာင့္လဲ?
[စတုတၳေျမာက္တံတိုင္းသည္ သင့္အားၾကည့္ေနသည္။]
...မဟုတ္မွ?
[စတုတၳေျမာက္တံတိုင္းသည္ ေနာင္တျဖင့္သူမ၏ ေခါင္းကိုခါလိုက္သည္။]
[စတုတၳေျမာက္တံတိုင္းသည္ ဗိုက္ဆာေနဆဲျဖစ္သည္။]
သူမဇာတ္လမ္းအမ်ားႀကီးကိုစားသုံးလိုက္ေသာ္လည္း ဗိုက္ဆာေနဆဲပဲလား?
[စတုတၳေျမာက္တံတိုင္းသည္ က်န္ရွိေနေသးသည့္အပိုင္းအစမ်ားကို စတင္စုပ္ယူေနသည္။]
ဖုန္စုပ္စက္အတိုင္း စတုတၳေျမာက္တံတိုင္းသည္ သူ၏ပါးစပ္ကိုဟကာ အနီးအနားရွိက်န္ေနသည့္အရာမ်ားကို စုပ္ယူေတာ့သည္။
က်န္ရွိေနေသးသည့္ဇာတ္လမ္းမ်ား, ဖုန္ေတြ..ၿပီးေတာ့..
“ခဏေနပါဦး! ခဏ!”
သူ၏အေမသည္ သူ၏လက္ေမာင္းထဲတြင္ရွိေနသည္။ နံရံဆီသို႔သူပ်ံသြားခဲ့လိုက္သည္။
“ေဟး! အဲ့ဒါကိုမစားနဲ႔!”
သူနံရံကိုမေရာက္ခင္အခ်ိန္တြင္ပင္ ၎သည္ သူ၏အေမကိုစုပ္ယူလိုက္သည္။ ပါးစပ္သည္ သူ႔အေမ၏ ေခါင္း,လက္ေမာင္းႏွင့္ အျခားမ်ားကိုဝါးၿမိဳလိုက္သည္။
“ေသစမ္း! ငါမင္းကိုအဲ့ဒါကိုမစားနဲ႔လို႔ေျပာေနတာကို!”
[စတုတၳေျမာက္တံတိုင္းသည္ စိတ္ေက်နပ္မႈျဖင့္ ရယ္ေမာလိုက္သည္။]
[စတုတၳေျမာက္တံတိုင္းသည္သင့္အားၾကည့္ေနရင္း သူ၏ႏႈတ္ခမ္းကို လ်က္ေနသည္။)
သူတစ္ခုခုကိုေမးရမည္။ သူမၾကားရေသးသည့္အရာတစ္ခုရွိေနသးသည္။ သို႔ေသာ္ ထိုနံရံသည္သူ႔အေမအား ဝါးၿမိဳလိုက္ၿပီျဖစ္သည္။
တံတ္ိုင္း၏ဝါးၿမိဳျခင္းကိုခံရၿပီးေနာက္တြင္ ဘာဆက္ျဖစ္သြားမည္နည္း? သူမသိ။ ေသခ်ာသည့္အရာတစ္ခုမွာ တံတိုင္း၏ဝါးၿမိဳခံရသည့္အရာတစ္ခုမွ် ျပန္ေရာက္လာျခင္းမရွိပါ။
႐ုပ္ရွင္႐ုံဒန္ဂ်င္ပိုင္ရွင္, လူျပန္ဝင္စား နဗဏာႏွင့္ အိမ္မက္မ်ားကိုစားသုံးသူေတာင္မွ…
ျပင္ပနတ္ဘုရားေတာင္ အသက္မရွင္ႏိုင္သည့္အေျခအေနမ်ိဳးတြင္ သူ၏အေမသည္ အသက္ရွင္ႏိုင္မည့္ျဖစ္ႏိုင္ေျခမ်ားရွိေနေလမလား?
“သူ႔ကိုေထြးထုတ္လိုက္!”
စတုတၳေျမာက္တံတိုင္းအား သူစတင္ထိုးႀကိတ္ေတာ့သည္။ တံတိုင္းသည္ သူ႔ထံသို႔ ႏႈတ္ခမ္းအားသက္ျပေသာ္လည္း သူ႔အားစားမည့္အရိပ္အေယာက္မရွိပါ။ တံတိုင္း၏မ်က္ႏွာျပင္သည္ သူ၏ထိုးႀကိတ္မႈေၾကာင့္ အနည္းငယ္လႈပ္ခါသြားခဲ့သည္။
သူ ထပ္တလဲထိုးႀကိတ္ေန၏။ ထိုအရာသည္႐ူးမိုက္သည္မွန္းသိေသာ္လည္း သူမရပ္ခဲ့ပါ။ သူမရပ္ႏိုင္ခဲ့ပါ။ သူနံရံကိုဘယ္ေလာက္ေတာင္ထိုးလိုက္ပါသလိမ့္? ထို႔ေနာက္နံရံေပၚတြင္ အမွာစာတစ္ခုေပၚလာခဲ့သည္။
⌈ ပထမဆုံးအေနနဲ႔, ငါအဲ့ကေလးကိုနာမည္ေပးခဲ့တဲ့အခ်ိန္ကို မွတ္မိေနတယ္။ ⌋
သူဟာထိုစာေၾကာင္းကို စိုက္ၾကည့္ေနခဲ့သည္။ အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္တြင္ ဘာကိုဆိုလိုသည္ဆိုတာကို သိသြားခဲ့သည္။
⌈ သူက ဒို႔ (တစ္ကိုယ္တည္း) နဲ႔ ငါက ဒို႔ (စာဖတ္သူ) ဆိုတာကို သုံးခ်င္ခဲ့ၾကတယ္။ ၾကည့္ရတာ သူနဲ႔ငါနဲ႔ကြာျခားခဲ့တာက ဒီေနရာတည္းကျဖစ္မယ္ထင္ပါတယ္။ ⌋
သူဟာအံႀကိတ္ၿပီးေနာက္ နံရံကိုထပ္ထိုးလိုက္သည္။ သူသည္ ထိုဇာတ္လမ္းကိုမၾကားခ်င္ခဲ့ပါ။
⌈ သူ႔ကိုအထီးက်န္တဲ့သူထက္ စာဖက္သူတစ္ေယာက္ပဲျဖစ္ေစခ်င္ခဲ့တယ္။ လူေတြကသူတို႔တစ္ခုခုကိုဖတ္ေနသမွ် အထီးမက်န္ဘူး။ ငါအဲ့ဒါကိုယုံၾကည္ခဲ့ခ်င္တယ္။ ⌋
သူ၏ထိုးႀကိတ္မႈမ်ားရပ္သြားသည္ႏွင့္တစ္ၿပိဳင္နက္, မေရတြက္ႏိုင္သည့္စာတန္းမ်ားသည္ နံရံေပၚတြင္ေပၚလာခဲ့သည္။ လူတစ္ေယာက္၏ဘဝတြင္ စာေၾကာင္းေရမည္မွ်ရွိသည္ဆိုတာကို သူမယုံၾကည္ႏိုင္ခဲ့ပါ။
⌈ “ငါကအိမ္မွာေနရမယ္? ဟမ္? ငါကဘာလို႔အဲ့လိုေနရမွာလဲ? မင္းနဲ႔အဲ့ကေလးကိုဘယ္ေလာက္ၾကာေအာင္ ငါကေထာက္ပံေနရမွာလဲ? ⌋
⌈ “ဆူေက်ာင္း, မင္းသည္းခံမွရမယ္။ ဒို႔ဂ်ာအတြက္လည္းစဥ္းစားပါဦး။ ေယာက်္ားဆိုတာ ခဏတာအတြက္ပဲလုပ္ျပမွာ။” ⌋
⌈ “အေမ, ငါ့အထင္ ဒိုဂ်ာကိုဂ႐ုစိုက္သင့္တယ္ထင္တယ္။” ⌋
သူဟာဆဲဆိုၿပီး နံရံအားထပ္မံထိုးႀကိတ္ျပန္သည္။ သူမွတ္မိသည့္အရာမ်ားရွိေသာ္လည္း မမွတ္မိသည့္အရာမ်ားလည္းရွိေနသည္။ ထိုေန႔ရက္မ်ား၏ ခံစားခ်က္မ်ားသည္ ေမွးေမွာင္ေနဆဲျဖစ္သည္။
⌈ “အဲ့ဒါကခက္ခဲခဲ့တယ္။အဲ့အခ်ိန္တုန္းက, အရမ္းပင္ပန္းလို႔ တစ္ျခားဘာမွေတာင္မေတြးႏိုင္ခဲ့ဘူး။ အဲ့ဒါကိုစဥ္းစားလိုက္ၿပီဆိုရင္, ငါ့ရဲ႕ကေလးအတြက္ပါခက္ခဲလာတယ္။” ⌋
သူ၏အေမသည္ထိုရက္မ်ားတြင္ ခံစားခဲ့ရသည္။ အမ်ိဳးသမီးတစ္ဦးအေပၚ ၾကမ္းယုတ္မႈ, အေမတစ္ေယာက္ႏွင့္လူသားတစ္ဦးအေပၚ ဘယ္ေတာ့မွ်မလုပ္သင့္သည့္အရာပါ။
⌈ “ဒို႔ဂ်ာ, အထဲဝင္ေန။ နားလည္လား? အေမကထြက္လာလို႔ရၿပီမေျပာမခ်င္း မထြက္လာနဲ႔ေနာ္။” ⌋
ဂ႐ုဏာကင္းမဲ့သည့္စကားမ်ားဆက္တိုက္ေပၚေပါက္လာခဲ့ၿပီး သူသည္ ငယ္ဘဝကို အျခားရႈေထာင့္မွတစ္ဆင့္ ခံစားရေတာ့သည္။
၎သည္သူကိုယ္တိုင္ခံစားခဲ့ရေသာ္လည္း လုံးလုံးကြဲျပားသည့္ဇာတ္လမ္းဟုထငိရသည္။
၎သည္ျဖစ္ပ်က္ခဲ့သည့္အရာျဖစ္သည္။ ထိုအရာမွာ အလြန္နာက်င္ရသည္။ သနားစရာလည္းေကာင္းခဲ့သည္။ ဒါနဲ႔, သူဘာလို႔ထိုအရာေတြအားလုံးကိုေမ့သြားရတာလဲ? သူေမ့ခ်င္ခဲ့တာလား?
ထိုအခ်ိန္တြင္ နံရံသည္ ဆက္ၿပီးစကားေျပာလာခဲ့သည္။
⌈ ငါသူ႔ကိုထားခဲ့ရမွာ, အျခားလူေတြဘာပဲေျပာေျပာ, အဲ့ကေလးကိုေခၚၿပီး အေဝးတစ္ေနရာရာကို ထြက္သြားခဲ့ရမွာ။ ⌋
အဆုံးမွာေတာ့ သူမထြက္သြားခဲ့သင့္တာ။
⌈ ဘာလို႔မ်ားမလုပ္ခဲ့ရတာလဲ? ⌋
၄င္းသည္လြမ္းေဆြးျဝင္းႏွင့္ေနာင္တမ်ားျပည့္ေနသည့္ မွတ္တမ္းတစ္ခုျဖစ္သည္။ လက္ေတြ႕တြင္ ႏႈတ္ပိတ္ေနသည့္ သူ၏အေမျဖစ္သည္။ ဝတၳျဖစ္လာခ်ိန္တြင္ သူမသည္သူမ၏ပါးစပ္ကိုဖြင့္ေနခဲ့သည္။
⌈ အဲ့ဒါက ညေနအေစာပိုင္းမွာျဖစ္သြားခဲ့တာ။ ⌋
ေနာက္ဆုံးတြင္ ဇာတ္လမ္းစတင္ခဲ့သည္။
⌈ “အရက္ထပ္ယူလာခဲ့စမ္း!” ⌋
သူ႔အေဖ၏အရက္ကိုထပ္ယူလာရန္ ေအာ္ဟစ္သံျဖစ္သည္။ သူ႔အေမကိုတြန္းကာ သူမ၏ဝမ္းဗိုက္အားထိုးသည္။ သူ႔အေဖသည္ ခ်ိန္းေျခာက္ေနသည္။
[“ရွင္-ရွင္! ဓားကိုခ်လိုက္ၿပီးစကားေျပာရေအာင္!”]
တစ္ျဖည္းျဖည္း မွတ္ဉာဏ္မ်ားျပန္ေပၚလာခဲ့သည္။ အခန္းထဲတြင္ပုန္းေနသည့္ကေလး၏ေခါင္းသည္ ထြက္လာခဲ့သည္။ မွန္ပါသည္။ ထိုအခ်ိန္တြင္, သူ၏အေဖသည္ဓားကိုကိုင္ထားၿပီး ခ်ိန္းေျခာက္ေနသည္။
[“ဒို႔ဂ်ာ! မင္းကိုအခန္းထဲမွာေနဖို႔ေျပာထားတယ္ေလ!”]
သူ၏အေမသည္ေအာ္ၿပီး သူ႔ထံသို႔ေျပးလာသည္။ သူ၏မူးေနသည့္အေဖသည္ ဓားအားခ်ိန္းေျခာက္စြာလႊဲလိုက္သည္။
⌈ မင္းေသၿပီး ငါလည္းလိုက္ေသလိုက္မယ္။ အမ္? ငါတို႔အကုန္လုံးေသလိုက္ၾကမလား? ဒီလိုမ်ိဳးတူတူေနေနရတာကိုက ဆိုးေနၿပီမဟုတ္လား? ဟမ္? အကုန္တူတူေသၾကရေအာင္! ⌋
သူ၏အေမသည္ သူမ၏ခႏၶာကိုယ္အားေရွ႕သို႔ပစ္လိုက္သည္။ သူ႔အေဖ၏ ျပဳတ္က်သံကိုၾကားလိုက္ရသည္။ ဓားသည္ ၾကမ္းျပင္ေပၚသို႔က်သြားခဲ့သည္။ လိမ့္ေနသည့္ အရက္ပုလင္းထဲမွ အရက္မ်ားစီးက်ေနသည္။ ေနာက္အပိုင္းကိုသူသိသည္။ သူ၏အေမသည္ ျပဳတ္က်ေနသည့္ဓားအားေကာက္လိုက္ၿပီး သူ၏အေဖကိုထိုးမည္ျဖစ္သည္။ ထို႔ေနာက္သူမေျပာလိမ့္မည္။ “ခုခ်ိန္ကစၿပီး, အေမဒါေတြအားလုံးကိုျပန္ဖတ္မယ္။”
⌈ “အ–အား!” ⌋
ဒါနဲ႔…
⌈ “ဒို႔ဂ်ာ, မလုပ္နဲ႔။ အဲ့ဒါကိုခ်လိုက္စမ္း!” ⌋
ဘာပါလိမ့္?
⌈ “ဒို႔ဂ်ာ!” ⌋
သူသည္ဓားကိုေကာက္ကိုင္ကာ အေဖျဖစ္သူအား ၾကည့္ရင္း တုန္ရီေနသည္။ေသးငယ္သည့္သူ႔မ်က္ႏွာဟာ မ်က္ရည္မ်ားျဖင့္ျပည့္ေန၏။အေဖက ႐ြဲ႕တဲ့တဲ့ျဖင့္ရယ္လိုက္ၿပီး သူ၏လက္သီးကိုလႊဲသည္။ အေဖကအေမကိုထိုး႐ိုက္ရမည့္အစား, ပုလင္းေပၚသို႔သူေခ်ာ္လဲက်သြားခဲ့သည္။ ထို႔ေနာက္..
အေဖ့ပါးစပ္မွေသြးမ်ားစီးက်လာခဲ့သည္။
⌈ တကယ္လို႔ငါသာခ်က္ခ်င္းအကူအညီေတာင္းခဲ့ရင္, သူအသက္ရွင္ႏိုင္ေလာက္မွာ ⌋
သူရင္ထဲဆို႔သြားခဲ့သည္။
⌈ ငါကသာသူ႔ကိုကယ္ႏိုင္တဲ့တစ္ေယာက္တည္းေသာသူဆိုေပမယ့္ ငါမကယ္ခဲ့ဘူး။ ⌋
ထိုအျဖစ္အပ်က္သည္ သူတို႔၏ဘဝအားေျပာင္းလဲေစခဲ့သည္။
⌈ ကေလးကိုေျပာျပခဲ့တဲ့အရာေတြက ငါလိမ္ခဲ့တာမဟုတ္ဘူး။ သူ႔ကိုသတ္ခဲ့တဲ့သူကငါပဲ ⌋
အသိစိတ္လြတ္ေနသည့္ကေလး၏လက္ထဲမွ ဓားအား သူ၏အေမကဆြဲယူလိုက္သည္။ ထို႔ေနာက္ အသက္ျပင္းျပင္းရႈၿပီးေနာက္, သူ႔အားႏႈိးလိုက္သည္။
⌈ “ဒို႔ဂ်ာ, ခုခ်ိန္ကစၿပီး, အေမဒါေတြအကုန္လုံးကိုျပန္ဖတ္ျပမယ္။” ⌋
⌈ “သားအေဖက တစ္ခုခုမွားတာကိုလုပ္ၿပီးေသသြားခဲ့တာ။ ဒါကကိုယ့္ကိုကိုယ္ကာကြယ္လိုက္တာပဲ။ နားလည္လား?” ⌋
⌈“ဘာပဲျဖစ္ျဖစ္ မင္းကခံခဲ့ရတဲ့သူဆိုတာကိုမေမ့နဲ႔”⌋
သူ႔အေမ၏အသံသည္ သူ၏နားထဲသို႔စိမ့္ဝင္သြားခဲ့သည္။
⌈ၾကည့္ရတာကိစၥေတာ္ေတာ္မ်ားမ်ားက အဲ့ကတည္းကဆုံးျဖတ္ၿပီးသားထင္ပါတယ္။ ⌋
အေမသည္ လူသတ္မႈႏွင့္ဆိုင္သည့္ကိစၥမ်ားကိုရွာေဖြၿပီး သက္ေသမ်ားကိုလွည့္စားလိုက္သည္။ သူပါဝင္ေနႏိုင္မည့္အရာအားလုံးကို သူမခ်ယ္လွယ္ခဲ့သည္။ ၎သည္ပဲ ႐ုတ္တရက္ေသဆုံးမႈအား ႀကိဳတင္ႀကံစည္ထားသည့္အခင္းသို႔ျဖစ္သြားေစခဲ့သည္။
⌈ တစ္ေယာက္ေယာက္ကေတာ့လူသတ္သမားအျဖစ္ေနရမွာပဲ။ တစ္စုံတစ္ေယာက္ကေတာ့ လူသတ္သမားရဲ႕သားအျဖစ္နဲ႔ေနရမွာပဲ။ ⌋
ထို႔ေနာက္ သူမွတ္မိသြားခဲ့သည္။
“...ဒါေၾကာင့္လား?”
သူ၏လက္ကိုနံရံေပၚတြင္တင္လိုက္ၿပီး ေခါင္းအားခဏတာေခါင္းစိုက္ခ်လိုက္သည္။
…တကယ္ဆိုလွ်င္, သူသိေနခဲ့သည္။ ထိုအရာျဖစ္မည္ဟုထင္ခဲ့ၿပီး ၎ကသာသူ႔အေမ၏လုပ္ရပ္မ်ားကို နားလည္ေစမည့္ တစ္ခုတည္းေသာအေၾကာင္းအရင္းျဖစ္မည္ဟုေတြးခဲ့သည္။
သူ၏အေမသည္ စာပိုဒ္ကိုေရးခဲ့ရသည့္အေၾကာင္းအရင္းမွာ သူ႔အားလူသတ္သမားတစ္ဦးမဟုတ္ပဲ လူသတ္သမား၏သားျဖစ္ေစရန္ရည္႐ြယ္ခ်က္ေၾကာင့္ျဖစ္သည္။
⌈ တစ္ခါတစ္ေလက်ရင္ အဲ့အေၾကာင္းကိုစဥ္းစားမိတယ္။ ⌋
⌈ ၾကည့္ရတာ ဒါေတြအကုန္လုံးက အေၾကာင္းျပခ်က္သက္သက္ပါပဲေလ။ ⌋
⌈ ဒီထက္ပိုးေကာင္းတဲ့နည္းေတာ့ရွိမွာပဲ။ ⌋
⌈ ဘာပဲျဖစ္ျဖစ္, ငါအဲ့ကေလးကိုတစ္ေယာက္ထဲမထားခဲ့သင့္ဘူး။ ⌋
⌈ အေမတစ္ေယာက္အေနနဲ႔, ငါအဲ့လိုမလုပ္ခဲ့သင့္ဘူး။ ⌋
…
⌈ အဆုံးမွာ ငါကဒီတိုင္းထြက္ေျပးသြားတဲ့မိခင္တစ္ေယာက္ပဲ။ ⌋
၎သည္ေနာက္ဆုံးစာေၾကာင္းျဖစ္သည္။ သူသည္ နံရံအားအႀကိမ္အနည္းငယ္ထု႐ိုက္ၿပီးေနာက္ ေခတၱေစာင့္ေနခဲ့သည္။ သို႔ေသာ္လည္းေနာက္ထက္စာေၾကာင္းမ်ား ထပ္မေပၚလာေတာ့ပါ။
ထိုသို႔မျဖစ္သင့္ပါ။ ထိုအေျခအေနေၾကာင့္, ၎ဇာတ္လမ္း၏အဆုံးသတ္ကို သူသိရေတာ့မည္မဟုတ္ပါ။
“သူ႔ကိုေထြးထုတ္လိုက္! သူ႔ကိုေထြးထုတ္လိုက္!”
သူဟာနံရံကိုစတင္ထု႐ိုက္ျပန္ပါေတာ့သည္။
“ေသစမ္း”
နံရံဟာသူ၏လက္သီးမ်ားကိုလ်က္လိုက္ပါသည္။ သူ၏လက္သီးရွိ ေသြးမ်ား, အမွတ္တရမ်ားႏွင့္ ဇာတ္လမ္းမ်ားကို ေလးခုေျမာက္နံရံကစုပ္ယူလိုက္ပါသည္။ သူမငိုခဲ့ပါ။
⌈ ဂင္မ္ဒို႔ဂ်ာ ငိုေနတာပဲ။ ⌋
စတုတၳတံတိုင္းကေျပာ၏။
⌈ ဂင္မ္ဒိုဂ်ာက တိတ္တိတ္ေလးသူ႔ရဲ႕လက္သီးကို က်စ္က်စ္ပ္ေအာင္စုပ္ထားတယ္။ ⌋
ဘန္း!
⌈ သူတံတ္ုင္းကိုထိုးလိုက္တယ္။⌋
ဘန္း!
⌈ သူတံတိုင္းကိုထပ္ထိုးလိုက္ျပန္ၿပီ။ ⌋
“ေသစမ္း!”
⌈ဂင္မ္ဒိုဂ်ာၾကက္သီးေတြထေနတယ္။ အရာအားလုံးကဇာတ္လမ္းတစ္ပုဒ္ျဖစ္လာေနၿပီ။ ဒီဇာတ္ၫႊန္းထဲမွာရွိတဲ့ သူ႔ရဲ႕စကားေတြနဲ႔လုပ္ရပ္ေတြအကုန္လုံးက နံရံေပၚမွာစာေၾကာင္းေတြျဖစ္လာၿပီ။ ⌋
“ပိတ္ထားစမ္း!”
⌈ ဂင္မ္ဒိုဂ်ာသိခ်င္ေနတယ္။ သူဘာလုပ္သင့္လဲ? သူဒီတံတိုင္းကိုခ်ိဳးႏိုင္လား? ဒါကရွင္သန္ရာနည္းလမ္းမ်ားကိုဖတ္လို႔ ေပးလိုက္ရတဲ့အခေၾကးမ်ား ျဖစ္ေနမလား? သူအဲ့ဒါကိုဖတ္ၿပီးေတာ့ သူ႔ရဲ႕ျဖစ္ရပ္မွန္ကဝတၳဳတစ္ပုဒ္ျဖစ္လာတယ္။ ၿပီးေတာ့ စာ႐ြက္ကိုၿဖဲေနသလိုဆူညံသံကိုၾကားလိုက္ရတယ္။ ⌋
ဂ်စ္!!!!!
⌈ ဂင္မ္ဒိုဂ်ာကေတြးလိုက္တယ္…..(ေဟး)....ဒါဘာလဲ? ⌋
သာမန္မဟုတ္သည့္စာသားမ်ားကို သူေနာက္ဆုံးတြင္ေတာ့ နံရံေပၚတြင္ေတြ႕သြားခဲ့သည္။ ၎သည္ဝတၳဳကိုဖတ္ခဲ့သူတစ္ဦး၏ေရးဆြဲခဲ့သည့္ ပုံႏွင့္တူသည္။
⌈ ဂင္မ္ဒိုဂ်ာအံ့အားသင့္ေနတယ္…(အေပၚေမာ့ၾကည့္လိုက္)....သူ႔ကိုဘယ္သူစကားေျပာေနတာလဲ? ….(ဒါကမင္းရဲ႕စေကးလ္ေလ။)...ဘယ္သူပါလိမ့္?...(မင္းစေကးလ္ကမင္းကိုျပန္စားပစ္မွာကိုမခံနဲ႔။)....ဘာ…(အ႐ူး, မင္းရဲ႕လက္ေတြကိုျမန္ျမန္ဖယ္လိုက္ေလ!) ⌋
နံရံသည္သူ၏လက္သီးကိုစုပ္ယူေနသည္ကိုေတြ႕လိုက္ရသည္။
⌈ ..(အဲ့စေကးလ္ကိုရပ္လိုက္ေတာ့ဂင္မ္ဒိုဂ်ာ)... ⌋
သူ၏ေခါင္းထဲသို႔အလင္းတစ္ခုဝင္ေရာက္လာေတာ့သည္။ ဘယ္သူႏွင့္စကားေျပာေနသည္ဆိုတာကိုေတာ့သူမသိပါ။ ထိုအရာသည္ျဖစ္ႏိုင္သလား မျဖစ္တိုင္ဘူးလားဆိုတာလဲ သူမသိပါ။
သို႔ရာတြင္ သူဘာလုပ္ရမည္ဆိုသည္မွာ ထင္ရွားသည္။ “ငါစတုတၳေျမာက္တံတိုင္းကိုပိတ္မယ္။”
လွ်ပ္ကူးမႈသည္နံရံထဲသို႔ဝင္သြားသည္ႏွင့္တစ္ၿပိဳက္နက္၎သည္ ၾကမ္းတမ္းစြာတုန္ခါေတာ့သည္။ ပထမဆုံးအႀကိမ္အျဖစ္, သူ၏အနားတြင္ရွိသည့္တစ္စုံတစ္ခုသည္ ေဝဝါးေနသည္ကိုခံစားမိသြားသည္။
တံတိုင္းသည္စတင္ၿပိဳလဲလာသည္။
ေနာက္အခ်ိန္တြင္ အမွာစာအသစ္တစ္ခုအားၾကားလိုက္ရသည္။
[အမည္မသိသည့္ျဖစ္ရပ္ေၾကာင့္ျဖစ္ေပၚလာေသာ စနစ္၏အမွားအား ယာယီျပင္ဆင္ၿပီးၿပီျဖစ္ပါသည္။]
-
-
[သင္၏စြမ္းရည္ဝင္းဒိုးသည္ မူလအတိုင္းျပန္ျဖစ္သြားပါၿပီ။]
[ယခုစြမ္းရည္ဝင္းဒိုးအား သင္စစ္ၾကည့္ခ်င္ပါသလား?]
18.2.2024
T.B.C(Sun)