အခန်း ၁၈၀ - အပိုင်း ၃၄ - စား၍မရနိုင်သော(၂)

99 15 1
                                    

Unicode 

Scroll down for Zawgyi

မူလဝတ္ထုတွင်, အိမ်မက်များကိုစားသုံးသူသည် ယူဂျွန်ဟော့ အားဝါးမြိုခဲ့ပြီး ယူဂျွန်ဟော့ခံစားခဲ့ရသည့်ဆိုးရွားသည့်ဘဝအား ရင်ဆိုင်ခဲ့ရပြီး ပျောက်ကွယ်သွားခဲ့သည်။ ၄င်းမှာ အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်ခဲ့သည့်အန္တာရယ်ဖြစ်သည်။ သို့သော်လည်း, ၄င်းသည် ရှင်သန်ရာနည်းလမ်းများထဲမှ ဇာတ်လမ်းဖြစ်သည်။

ယခုအချိန်တွင် သူစားသုံးမည့်သူသည် ၁၃၆ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်းမဟုတ်။

[အွတ်……!]

တတိယပြန်လည်ရှင်သန်ခြင်း၊စတုတ္ထပြန်လည်ရှင်သန်ခြင်း၊ပဉ္စမပြန်လည်ရှင်သန်ခြင်း...

[“တကယ်လို့လူတွေသာ နှစ်ပေါင်းထောင်ချီအောင်နေနိုင်ကြမယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲဆိုတာသိလား?”]

၃၆ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း၊၄၇ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း၊၆၉ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း။

⌈  “အမြဲထပ်ခါထပ်ခါဖြစ်နေတဲ့ အဆုံးမရှိတော့တဲ့ဘဝကြီးထဲ နေ‌နေရတဲ့နာကျင်မှုကို မင်းတွေးဖူးလား?” ⌋

၁၄၁ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း၊ ၁၄၃ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း, ၁၄၈ကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်း….

⌈  “ဒါကလူသားတစ်ယောက်ရဲ့နာကျင်မှုပဲ။မင်းတို့ သောက်လက်တံမျိုးမစစ်ကောင်တွေရဲ့”⌋

ဘယ်တော့မှမပြီးဆုံးသွားသည့် မှတ်ဉာဏ်များရှိနေသည်။ ဝါးမြိုခံထားရသည့်နေရာတစ်လျှောက်တွင် အက်ကြောင်းများပေါ်ပေါက်လာခဲ့သည်။ မစားသင့်သည့်အရာကိုစားသုံးပြီးသည့်နောက်တွင် ရူးနေသည့်အိမ်မက်များကိုစားသုံးသူသည် စတင်ကြမ်းတမ်းလာသည်။

သို့ရာတွင် သူ​၏အစာအိမ်ဖြစ်နေသည့်အတွက် ထွက်ပြေးစရာနေရာမရှိပါ။ မည်သူမျှလည်း သူတို့ကိုယ်တိုင်ထွက်ပြေးမလွတ်မြောက်နိုင်ပါ။

[အား!]

စာလုံးများလွှမ်းမိုးမှုသည် သူခံနိုင်သည့်အတိုင်းအတာထက် ပိုရျ်များနေခဲ့သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Onde as histórias ganham vida. Descobre agora