အခန်း ၁၅၉ - အပိုင်း ၃၁ - ဇာတ်ညွှန်း၏သင်္ချိူင်း(၃)

159 25 3
                                    

ဇာတ်ကွက်အတိုင်းဆက်လက်လုပ်ဆောင်နေရန်မလိုအပ်တော့။ခံတပ်ရှိ လူများအကုန်လုံး သတိကြီးစွာ စုစည်းနေကြသည်။

"ဘာအဓိပ္ပာယ်လဲ?”

လူတစ်ချို့သာထိုလူ့စကားအား နားထောင်ကြပြီး အများစုမှာနားမထောင်ကြ။

(ဒီလူက လူလိမ်ပဲဖြစ်မယ်)

(…အဲ့ကောင်အဓိပ္ပာယ်ရှိတာပဲပြောသင့်တယ်။ ဘာတဲ့? ဇာတ်ကွက်တွေကိုထပ်လုပ်စရာမလိုတော့ဘူး?)

(ကြည့်ရတာအဲ့ကောင်တစ်ယောက်ထဲ ဆုတွေသိမ်းချင်လို့ဝေ့လည်ကြောင်ပတ်လုပ်နေတာပဲဖြစ်မယ်)

ထိုလူတွေဟာ ကိုးခုမြောက်ဇာတ်ကွက်ထိ အသက်ရှင်ကျန်ခဲ့ကြသော သူများပင်ဖြစ်ကြ၏။

ဂမ်ဟို ဘူတာက ချွန်းအင်ဟိုနှင့် ချွန်းမူရိုက ဂွန်ဖီလ်ဒူတို့အား ဖယ်လိုက်မယ်ဆိုရင်‌တောင် ဆိုးလ်တွင် လူလိမ်အများအပြားကျန်ရှိနေသေးသည်။ယခုဒီနေရာရှိလူဝင်စားများဟာ ထိုမြောက်များစွာသော လူလိမ်များထဲမှ တစ်ယောက်ဖြစ်ရင်ဖြစ် မဖြစ်ပါက ထိုလူလိမ်များအား နှိမ်နင်းခဲ့ကြသူပင်ဖြစ်၏။

ထိုအတွက်ကြောင့် မည်သူတစ်ဦးကမှ အနှီအပြောချိုချိုအောက်တွင် ကျဆုံးသွားကြခြင်းမရှိကြ။

မြေကတုတ်အပေါ်မှာရှိနေသောလူက ကျန်သူများ၏အတွေးအားသိလိုက်သကဲ့သို့ ပြောလာသည်။

[မင်းတို့အနေနဲ့ မယုံကြတာလည်း နားလည်ပေးလို့ရတဲ့အရာပဲ။ ကိုးခုမြောက်ဇာတ်ကွက်ဆိုတာ ရှည်လည်းမရှည်သလို တိုလဲမတိုဘူး။ မင်းတို့ဒီနေရာထိရောက်အောင် ဖြတ်သန်းလာခဲ့ရတဲ့အရာတွေနဲ့ မင်းတို့နေထိုင်ခဲ့ရတဲ့ဘဝတွေကို ငါခန့်မှန်းလို့ရတယ်]

လူလိမ်တစ်ယောက်ရဲ့အခြေခံဟာ တခြားသူတွေအပေါ် နားလည်ဟန်ဆောင်ခြင်းပဲဖြစ်ပြီး ထိုအချက်နှင့်ပင် ထိုလူ့စကားအောက်ပါသွားပြီးသောသူများလဲရှိ၏။

“အဲ့တာနဲ့ပဲ ငါကအလှည့်စားခံလိမ့်မယ်လို့ မင်းထင်နေတာလား?”

"မင်းရည်ရွယ်ချက်ကဘာလဲ? မင်းပြောချင်တာကဘာလဲ?"

သည်းမခံနိုင်တော့သောလူတစ်စုက ထအော်လိုက်သည်။ ထို့နောက်ထိုသူကရယ်၏။၎င်းဟာ လူလိမ်တစ်ယောက်ဟု ထင်ရက်စရာမရှိအောင်ကို အတော်လှပသောအပြုံးမျိုးပင်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now