SILENCE

By Florist520

2.2K 315 204

Your Silence Is Killing Me More

Intro
๐Ÿ’Œ (1)
๐Ÿ’Œ(1)-zawgyi
๐Ÿ’Œ (2)
๐Ÿ’Œ(2)-zawgyi
๐Ÿ’Œ (3)
๐Ÿ’Œ(3)-zawgyi
๐Ÿ’Œ (4)
๐Ÿ’Œ(4)-zawgyi
๐Ÿ’Œ (5)
๐Ÿ’Œ(5)-zawgyi
๐Ÿ’Œ (6)
๐Ÿ’Œ(6)-zawgyi
๐Ÿ’Œ (7)
๐Ÿ’Œ(7)-zawgyi
๐Ÿ’Œ(8)-zawgyi
๐Ÿ’Œ
๐Ÿ’Œ (9)
๐Ÿ’Œ(9)-zawgyi
๐Ÿ’Œ (10)
๐Ÿ’Œ(10)-zawgyi
๐Ÿ’Œ (11)
๐Ÿ’Œ(11) - zawgyi
๐Ÿ’Œ(12)
๐Ÿ’Œ(12) - zawgyi
๐Ÿ’Œ (13)
๐Ÿ’Œ (13) - zawgyi
๐Ÿ’Œ (14)
๐Ÿ’Œ (14) - zawgyi
๐Ÿ’Œ (15)
๐Ÿ’Œ (15) - zawgyi
๐Ÿ’Œ (16)
๐Ÿ’Œ (16) - zawgyi
๐Ÿ’Œ (17)
๐Ÿ’Œ (17) - zawgyi
๐Ÿ’Œ(18)
๐Ÿ’Œ(18) - zawgyi
๐Ÿ’Œ(19)-1
๐Ÿ’Œ(19)-2
๐Ÿ’Œ(19) - zawgyi
๐Ÿ’Œ(19)-2- zawgyi
๐Ÿ’Œ(20)
๐Ÿ’Œ(20) - zawgyi
๐Ÿ’Œ

๐Ÿ’Œ (8)

75 13 10
By Florist520

(၈)

Daeyoung က စကားအတိုင်း ၁၉၉၉ ခုနစ် ဒီဇင်ဘာလ ၃၀ရက်နေ့မှာ ဂျပန်ကို ပြန်လာခဲ့တယ်။ဂျပန်ကို ပြန်ရောက်ရင် Rikuကို ပြောပြစရာအကြောက်းအရာတွေအများကြီးပဲ။Rikuကို ယောလေးအကြောင်းကိုပြောပြရမယ် အဲ့ကလေးမလေူက ဘယ်လောက်တောင်အဆော့သန်လဲဆို Daeyoung တောင်အိပ်ယာမနိုးသေးဘူးက သူက ဆော့ပြီးလို့ ချွေးသံတရဲရဲနဲ့။ပြီးတော့ ဖွား ခြံထဲက နှင်းဆီပန်းတွေလှကြောင်းပြောပြရမယ် Rikuသာ နှင်းဆီပွင့်ဖတ်တွေကို ခြွေလောက်တယ်။အင်းးးး အဖွားတို့အချစ်ဇာတ်လမ်းအကြောင်းလဲ ပြောပြရမယ်။ပြီးတော့ သိပ်ကိုဝမ်းနည်းဖို့ကောင်းတဲ့ ယောလေးအဖိုးတို့ဇာတ်လမ်းကိုပြောပြရင် Riku ငိုလောက်မယ်ထင်တယ်။

Rikuက အပြင်ပန်းမှာသာ ပေါ့တိပေါ့ပျက်ပျော်ပျော်နေတတ်တာလို့ ထင်ရပေမယ့် အဲ့ကလေးဟာ Daeyoung ဖတ်ပြတဲ့ဝတ္ထုတွေကိုနားထောင်ပြီး ငိုတတ်သေးတာ။ရေဒီယိုဇာတ်လမ်းတွေမှာ ဇာတ်ဆောင်တွေရဲ့ငိုသံကြားရင်လဲ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့။Daeyoung ကိုရီးယားကို ပြန်လာတဲ့နေ့ကလဲ နှာဖျားလေးရဲလို့ မငိုအောင် ထိန်းထားရှာတာ။

ဖူကူအီက ဘူတာကို မရောက်ခင်ထိ Daeyoung အတွေးထဲမှာ Rikuဟာ နေရာယူထားခဲ့တယ်။ယောလေးအဖိုးရဲ့အချစ်ဇာတ်လမ်းကိုပြောပြပြီးရင်တော့ Daeyoung ဆုံးဖြတ်ထားခဲ့တဲ့အတိုင်း သေချာသွားပြီးမို့ ဝန်ခံချင်တယ်။တစ်ဖက်သူ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ...

ရောက်ရောက်ချင်း Rikuဆီ သွားချင်ပေမယ့် Rikuတို့အိမ်တံခါးက အပြင်ကသော့ခတ်ထားတယ်။အရင်လို ကလေးလေးနဲ့ဆော့နေတတ်တဲ့ Riku ရဲ့အရိပ်အ‌ေယာင်မပြောနဲ့အသံလေးတောင်မကြားရဘူး။တိတ်ဆိတ်လို့။

"အမေ ဟိုဘက်အိမ်က လူမရှိဘူးထင်တယ် "

"ညဉ့်နက်လို့ အိပ်သွားကြတာနေမှာပေါ့သားရယ်"

အချိန်က ည၈နာရီပဲရှိသေးတယ်။Rikuက အစောကြီးအိပ်တတ်တဲ့ကလေးမှ မဟုတ်ပဲ။စနိုးစနောင့်ဖြစ်နေတဲ့စိတ်နဲ့ Daeyoung တစ်ညတာ ကုန်ဆုံးသွားတယ်။

မနက်ခင်းမှာလဲ Rikuကို မတွေ့ရဘူး။အထက်တန်းက သူငယ်ချင်းတွေက တက္ကသိုလ်တက်မယ့်အကြောင်းတွေ Daeyoung ဆီ လာပြောကြတယ်။

"ဟေ့ မင်းတို့တွေ Rikuနဲ့မတွေ့ဖြစ်ဘူးလား"

"အာ Rikuက ၂၅ရက်နေ့က အိုဆာကာကို သွားတယ်"

"အိုဆာကာကို ဘာလို့လဲ"

Shinoက  Daeyoung ထည့်ပေးတဲ့ရေတစ်ခွက်ကို သောက်ပြီး စကားပြန်ဆက်တယ်။

"အိုဆာကာမှာ တက္ကသိုလ်တက်ဖို့တဲ့ အရာရှိကြီးက မင်းကို တိုကျိုကိုလွှတ်မယ်ပြောနေတာ"

Shinoအဖေက အရာရှိကြီးဦးစီးတဲ့ရုံးချုပ်မှာ အလုပ်လုပ်တာမို့ Daeyoung ကိုတိုကျိုပို့မယ့်အကြောင်းကို Shinoက သိနေတယ်။

"ငါလဲ အိုဆာကာကို တက်မှာ Rikuနဲ့အတူတူ"

Daeyoung က "Rikuနဲ့အတူတူ" ဆိုတဲ့နေရာမှာ အသံတွေတိုးညှင်းသွားခဲ့တယ်။Rikuက သူ့ကိုဘာလို့တစ်ခွန်းမှ မပြောနိုင်ရတာလဲ။

"Riku ဒီနေ့ပြန်လာမယ်ထင်တယ် သူက သိတယ်မို့လား ကမ္ဘာပျက်တာနဲ့ပတ်သက်ပြီး ရူးနေတာဆိုတော့ ဒီကိုပြန်လာလောက်တယ်"

စက်ဘီးသုံးစီးနဲ့ကောင်လေးသုံးယောက်က Daeyoung အိမ်ကနေ လှည့်ပြန်သွားတယ်။Rikuဟာ ဘာလို့ နေနိုင်ရတာလဲ။

ညနေ၆နာရီလောက်မှာ Rikuတို့ပြန်ရောက်လာတယ်။ကားပေါ်ကဆင်းလာတဲ့ Rikuဟာ ခေါင်းငိုက်စိုက် ဆံပင်ဘုတ်သိုက်နဲ့။ဟူဒီအမဲကြောင့် မျက်နှာဟာ မှုန်မှိုင်းနေသလား မပြောတတ်တော့ဘူး။ဒီဘက်ခြံက Daeyoung ကို မြင်ရက်နဲ့ အပြုံးတစ်ချက်တောင် မစွန့်ကြဲခဲ့ဘူး။

"Rikuရေ Tojimbo ဘက်က ဦးလေးဆီက ဆန်အရက်သွားတောင်းချေ"

Rikuတို့ သစ်သားတံခါးလေးရှေ့က ထိုင်စောင့်နေတဲ့ Daeyoung ဟာ Riku အဖေရဲ့အသံဩဩကို ကြားတော့ မက်တပ်ထရပ်လိုက်တယ်။Riku အပြင်ထွက်လာတော့မှာမို့ ပြောဖို့စကားတွေစီထားတယ်။

"Riku"

စက်ဘီးတွန်းထွက်လာတဲ့ Rikuကို ခေါ်ရင်း Daeyoung ဟာ စိတ်လှုပ်ရှားနေမိတယ်။

"မင်းခြေထောက်က ဘာဖြစ်တာလဲ"

ခြေချင်းဝတ်နားက ပတ်တီးဖြူကို မြင်တော့ Daeyoung က စိုးရိမ်တကြီးမေးလိုက်တယ်။‌ဒီဇင်ဘာလို အရမ်းအေးတဲ့ရာသီမှာ ဒူးအောက်ထိပဲရှည်တဲ့ဘောင်းဘီကိုပဲဝတ်ထားတဲ့ Rikuကို Daeyoung အပြစ်မဆိုချင်တော့တာမို့ စုတ်တစ်ချက်သပ်မိတယ်။

"ဘာမှမဖြစ်ဘူး ငါ့ဟာငါ ခိုင်းမိတာ"

Rikuအသံတွေဟာ အက်ကွဲကွဲနဲ့။

"လာ ငါစက်ဘီးနင်းပေးမယ် Tojimbo ဘက် ငါလိုက်ပို့ပေးမယ်"

စက်ဘီးကို ဇွတ်တရွတ်ဆွဲယူလိုက်မှ စကားနားထောင်တဲ့ Rikuဟာ Daeyoung ခါးတွေကို ဖက်ထားဖို့တော့ မမေ့ခဲ့ဘူး။

"မင်း အိုဆာကာကို ကျောင်းသွားတက်မှာ ငါ့ကို ဘာလို့မပြောတာလဲ"

အရှေ့က စက်ဘီးနင်းသူကသာ မေးခွန်းမေးပေမယ့် Rikuအသံတွေဟာ တိတ်ဆိတ်လို့။

တိတ်ဆိတ်နေတဲ့ Maeda ဟာ ကြောက်ဖို့ကောင်းတယ်။

နှစ်ခါလောက်မေးတာတောင် ဘာတုံ့ပြန်မှုမှမလာလို့ Daeyoung က စက်ဘီးကို လမ်းဘေးထိုးရပ်လိုက်တယ်။

"Riku ငါမေးတာ ဖြေအုံးလေ"

စက်ဘီးပေါ်က ဆင်းပြီး Rikuမျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်တယ်။
ပုံမှန်Rikuဟာ အိုဆာကာမှာတက္ကသိုလ်တက်ရမယ့်အကြောင်းကို Daeyoung ရှေ့မှာ အပြုံးတွေနဲ့ပြောပြနေရမှာ။ဒီလိုတိတ်ဆိတ်နေရမှာမဟုတ်ဘူး။

"Riku"

Daeyoung ရဲ့တိုးညှင်းတဲ့ခေါ်သံရဲ့နောက်မှာ မျက်ရည်အပြည့်နဲ့ Rikuဟာ မော့ကြည့်လာတယ်။

"ငါမင်းနဲ့အတူတူကျောင်းမတက်ချင်လို့"

Rikuစကားတွေထဲမှာ တစ်လုံးတစ်လေမှ ယုံကြည်ချင်စရာမကောင်းဘူး။Rikuဟာ လိမ်နေတာ။

"ငါနဲ့အတူတူကျောင်းမတက်ချင်လို့? ဘာလို့လဲ "

ကိုရီးယားကိုမပြန်ခင်ကတောင် အတူတူကျောင်းတက်ကြမယ် လို့စပြောခဲ့တဲ့သူက အခုကျ အတူတူမတက်ချင်လို့တဲ့ ဖြစ်နိုင်သလား။

"ရွံလို့"

Daeyoung ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးသွားတယ်။"ရွံလို့" ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ဦးနှောက်ကရှာဖွေနေတယ်။

"ရွံလို့ ဟုတ်လား ငါကရွံစရာကောင်းလို့လား"

Daeyoung က စက်ဘီးကို ဒေါသတကြီး တွန်းလှဲပစ်လိုက်တယ်။Rikuဆီက ရှိုက်သံပြင်းပြင်းကြားရပြီး Rikuက Daeyoung ကိုကြည့်ပြီး ပြန်ပြောတယ်။

"ဟုတ်တယ် မင်းနဲ့အတူရှိရမှာကို ငါ့ကိုယ်ငါ အရမ်းရွံတယ် ငါကရွံစရာအကောင်ပဲ ငါ့ကိုထားခဲ့ပြီး မင်းပြန်တော့"

Daeyoung က မိနစ်အနည်းငယ်လောက် Rikuမျက်လုံးတွေကို လိုက်ဖတ်ကြည့်တယ်။Rikuက လိမ်ရင် မျက်လုံးတွေက ဂဏာမငြိမ်လှုပ်နေတတ်တယ် အခုRikuမျက်လုံးတွေက သေနေတဲ့အတိုင်းပဲ။Rikuလိမ်နေတာမဟုတ်ဘူး။

"၂၀၀၀ ခုနစ်ထိပဲ ငါတို့အတူတူရှိနေရအောင် ပြီးရင် မင်းလုပ်ချင်တာ လုပ်"

ကားလမ်းဘေးမှာ လဲနေတဲ့ စက်ဘီးဘေးက ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်မှ ထွက်သွားခြင်း မရှိဘဲ ငြိမ်ငြိမ်လေး ရပ်နေကြတယ်။

မှားယွင်းတဲ့ချစ်ခြင်း ဆိုတာကို Daeyoung ဟာ နားလည်စ ပြုလာတယ်။လမ်းပေါ်သွားနေတဲ့ ကားတွေဟာ သူတို့နှစ်ယောက်ကို ပြက်ရယ်ပြုသွားတယ်။

Rikuဆီက အကြောင်းပြချက်ကို မျှော်လင့်ခဲ့ပေမယ့် တိတ်ဆိတ်နေမှုနဲ့ လျစ်လျူရှုမှုတွေက အကြောင်းပြချက်တွေဖြစ်နေတယ်။

*ငါ့ကို တစ်ခုခုပြောပါအုံး
အဲ့လို မြေကြီးကို စိုက်ကြည့်နေတာမျိုးမဟုတ်ဘဲ
အဲ့လို မျက်ရည်ကျနေတာမျိုးမဟုတ်ဘဲ
ငါ့ကိုတည့်တည့်ကြည့်ပြီး အော်ချင်အော် ရိုက်ချင်ရိုက်
စိတ်တိုင်းကျလုပ်ပြီးမှ ငါ့ကို အကြောင်းပြချက်ကို ပြောပြပေး
ဘယ်သူမှန်လဲ ဘယ်သူမှားလဲ အတူတူဆုံးဖြတ်ပြီး ဖြေရှင်းကြရအောင်*

Daeyoung စိတ်ထဲက စကားတွေဟာ လက်တွေ့မှာ နှုတ်ကပြောတဲ့စကားလံုးတွေအဖြစ် ထွက်ကျမလာဘူး။ဒီအတိုင်း ဘေးနားက ရပ်နေတဲ့ ‌ကောင်လေးကို ကြည့်ရင်းပဲ တွေးနေမိတာ။

"ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား"

"ငါမင်းကို သူငယ်ချင်းလို့ မစဉ်းစားဖူးဘူး အဲ့အကြောင်းပြောမယ်ဆို မင်းပါးစပ်ပိတ်တော့"

Daeyoung က လမ်းရဲ့တစ်ဖက်ကိုကူးသွားပြီး Rikuနဲ့မျက်နှာချင်းဆိုင်မှာ ရပ်‌လိုက်တယ်။စက်ဘီးဘေးနားမှာရပ်နေတဲ့ကောင်လေးကို ကြည့်နေပေမယ့် စိတ်ထဲက စကားလုံးတွေဟာပြောမထွက်ခဲ့ဘူး။အဲ့စကားတွေကြောင့် Rikuဟာ ပိုခံစားသွားရနိုင်တယ်။

"အဲ့တာဆို ငါကမင်းအတွက် ဘာဖြစ်ခဲ့တာလဲ"

"မင်းကငါ့အတွက် ကောင်းကောင်းကာဗာလုပ်ပေးနိုင်တဲ့အရာရှိရဲ့သားတစ်ယောက် ပိုက်ဆံရှိတဲ့ကောင် ပဲ မင်းက ငါမနာလိုပြီးပြိုင်ရမယ့်ကောင်ပဲ"

Daeyoung က ပြန်တွေးနေမိတယ်။တကယ်ပဲ Rikuက အဲ့လိုတွေးနေခဲ့တာလား။

"ငါက$သုံးမကျလို့ မင်းကိုအသုံးချခဲ့ရုံတင် အဲ့ဒါနဲ့တင် မင်းကျေနပ်လိုက်တော့  ငါ့ကမင်းရဲ့ပြီးပြည့်စုံမှုကို အသုံးချချင်ရုံတင်"

စက်ဘီးနားရပ်နေတဲ့ Rikuက လမ်းတစ်ဖက်မှာရပ်နေတဲ့ Daeyoung ဆီတိုးလာပြီး Daeyoung ရင်ဘတ်ကို လက်ညှိုးနဲ့ထိုးပြီး အသံကိုဖိကာ ပြောလာတယ်။

"ငါမယုံဘူး"

Rikuဆီက သက်ပြင်းချသံသဲ့သဲ့ ကြားလိုက်ရတယ်။

"ငါဘယ်လောက်ထိ ဆိုးဝါးတဲ့စကားတွေပြောမှ မင်းက ထွက်သွားမှာလဲ
ငါဘယ်လောက်ထိ ဆိုးသွမ်းနေမှ မင်းငါ့ကို ရွံမှာလဲ ဟမ်"

"ငါကဘာလို့ မင်းကို ရွံမှာလဲ ငါတို့နှစ်ယောက်က ဘာလို့အပြန်အလှန်ရွံရမှာလဲ"

"$ရေးမပါတာတွေမေးမနေဘဲမင်းလစ်လိုက်တော့"

Rikuဟာ သူတို့နှစ်ယောက်ဇာတ်လမ်းကို အခုလိုအဆုံးသတ်ဖို့ရည်ရွယ်ထားခဲ့ရင် Daeyoung ကို စ‌မခင်ခဲ့သင့်ဘူး။Daeyoungထိန်းပေးတဲ့စက်ဘီးလက်ကိုင်အပေါ် မမှီခိုသင့်ဘူး။Daeyoungအိမ်ကို အလည်မလာသင့်‌သလို Daeyoung ပုခုံးပေါ်မှာ ကလေးလို မှီမအိပ်သင့်ဘူး။Daeyoungကို အထင်မှားအောင်မလုပ်သင့်ဘူး။

ဒါတွေအာလုံးဟာ Riku ဘက်က Daeyoung ကို အထင်မှားအောင်လုပ်တာမဟုတ်ဘဲ Daeyoung ဘက်ကပဲ တစ်ဖက်သတ် အထင်မှားနေခဲ့တာလား။အဲ့လိုဆိုရင် Daeyoung ဟာ ရူးနေတာပဲ။ဟုတ်မယ် Rikuမှာ ချစ်ရမယ့်ကောင်မလေး Hanaလဲရှိတာကို Daeyoung က ဘာတွေမျော်လင့်နေခဲ့တာလဲ။Daeyoungက မယားငယ်ရဲ့သားပါလို့ Riku က အစကတည်းက ယုံကြည်နေရင်ရော အဲ့လိုဆိုရင်တော့ 'ရွံတယ်' ဆိုတဲ့စကာလုံးက ပြီးပြည့်စုံအောင် ပုံဖော်လို့ရသွားပြီ။

Rikuက သူ့ကို မယားငယ်ရဲ့သားမို့လို့ ရွံတာ
Rikuက Hanaကို ချစ်နေလို့ သူ့ကိုရွံတာ။
Daeyoung ဟာ တစ်ဖက်သတ်စိတ်ကူးယဉ်နေတာနဲ့တင် ရွံဖို့ကောင်းနေပြီ။

၂နာရီနီးပါးတိတ်ဆိတ်ပြီးတဲ့နောက် ကောင်းကင်မှာ မီးရှူးမီးပန်းတွေဆူညံလာတယ်။

Rikuပြောသလို ၂၀၀၀ ခုနစ်မှာ တကယ်ကမ္ဘာကြီးပျက်သွားရင်ကောင်းမယ်။
ကမ္ဘာပျက်သွားရင်တောင် Daeyoung က Rikuနဲ့အတူရှိ‌နေသေးတာမို့ သေပျော်တယ်။

မီးရှူးမီးပန်းတွေရပ်သွားတော့ Rikuက စက်ဘီးကို ပြန်ထောင်ပြီး တစ်ယောက်ထဲ နင်းထွက်သွားတယ်။

ကျန်နေခဲ့တဲ့ Daeyoung ဟာ အမှောင်ထဲပျောက်သွားတဲ့ပုံရိပ်ကို မျက်ရည်တွေကြားကနေ အတင်းတိုးဝှေ့ကြည့်လိုက်တယ်။ပြောဖို့စကားမရှိတော့သလို တောင်းတောင်းပန်ပန်နဲ့ရှင်းပြရမယ့်အကြောင်းအရင်းလဲ ရှိမနေဘူး။စက်ဘီးလက်ကိုင်ကို ထိန်းပေးဖို့ အတွေးရှိခဲ့‌ေပမယ့် စက်ဘီးကလေးက ထွက်သွားခဲ့ပြီ။ဒီအတိုင်း မေးခွန်းတွေနဲ့ပဲ ကျန်နေရစ်တယ်။

Rikuခြေထောက်က ဒဏ်ရာအကြောင်း မမေးလိုက်ရဘူး။
နှုတ်ခမ်းတွေဖွေးခြောက်နေလို့ နေကောင်းရဲ့လား မမေးလိုက်ရဘူး။
အိုဆာကာမှာ တစ်ယောက်တည်းအဆင်ပြေပါ့မလား မမေးလိုက်ရဘူး။

သက်ပြင်းတစ်ချက်နဲ့အတူတွေးမိတာက
Daeyoung ကမ္ဘာကြီးဟာ တကယ်ပျက်သွားခဲ့ပြီ။

-SILENCE-

_
_
_
_
_
_
_
_
_
_
_






Riku မျှော်မှန်းထားတဲ့ကမ္ဘာပျက်ခြင်းဟာ မြေကြီးတွေအက်ကွဲလို့ လူတွေအောက်ထဲပြုတ်ကျသွားသလို မိုးကြိုးတွေမုန်တိုင်းတွေကြောင့် လူတွေရေထဲမျောပါပြီး သေဆုံးသွားသလိုလို့ ထင်ခဲ့ပေမယ့် Rikuကမ္ဘာဟာ ဘယ်လိုမှမထင်ထားတဲ့နည်းနဲ့ပျက်သွားခဲ့တယ်။

ရင်ဘတ်တွေတဆစ်ဆစ်အောင့်ပြီး မျက်လုံးထဲက မျက်ရည်တွေဆက်တိုက်ကျလာတယ်။ခံပြင်းလွန်းလို့ ရင်ဘတ်ကို တဒုန်းဒုန်းထုပေမယ့် မွန်းကျပ်မှုက ပြေလျော့မသွားဘူး။ပြောချင်တဲ့စကားလုံးတွေကို မြိုသိမ့်ထားရတာမို့ အသက်ရှူမဝဖြစ်လာတယ်။ဖော်ပြပေးချင်ခဲ့တဲ့ အချစ်တွေဟာ နှလုံးသားထဲမှာပဲ ပြည့်ကျပ်နေတယ်။အဲ့လိုနည်းနဲ့ Riku ကမ္ဘာဟာ ပျက်သွားခဲ့တယ်။

မေးခွန်းများစွာအတွက် ဖြေမယ့်သူမရှိတော့ဘူး။

ကိုရီးယားမှာပျော်ခဲ့ရဲ့လား မမေးလိုက်ရဘူး။
အိုဆာကာမှာပဲ ကျောင်းတက်မှာလားဆိုတာ မမေးလိုက်ရဘူး။
ငါ့ကိုသတိရနေရဲ့လား လို့ ‌မမေးလိုက်ရဘူး။

လဲနေတဲ့စက်ဘီးဘေးက ကောင်လေးက တစ်သက်လုံး စက်ဘီးကို ထိန်းထားပေးမယ့်သူလိုအပ်ပါရက်နဲ့ စွန့်ပစ်ခဲ့တယ်။မျက်ရည်တွေကိုပဲ ထွေးပိုက်ပြီး ၁၉၉၈က အချစ်ကို အဝေးတွန်းပို့ခဲ့တယ်။

ကောင်လေးနှစ်ယောက်ရဲ့ကမ္ဘာဟာ လုံးဝပျက်သွားခဲ့ပြီ။

Continue Reading

You'll Also Like

3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally โฃ๏ธ Cover credit...
568 115 9
แ€€แ€ญแ€ฏแ€šแ€บแ€ทแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€•แ€”แ€บแ€ธแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€–แ€ฑแ€ฌแ€บแ€•แ€ผแ€•แ€ซแ€›แ€…แ€ฑแ‹ #hanibani [short story๐Ÿ€] -April 15 2024- fictionแ€‘แ€ฒแ€แ€ฝแ€„แ€บแ€žแ€ฏแ€ถแ€ธแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌ แ€•แ€”แ€บแ€ธแ€”แ€พแ€„แ€บแ€ทแ€•แ€แ€บแ€žแ€€แ€บแ€žแ€ฑแ€ฌ แ€…แ€ฌแ€žแ€ฌแ€ธแ€™แ€ปแ€ฌแ€ธแ€€แ€ญแ€ฏ creditแ€ก...
2.6K 418 14
Jaeyong๐Ÿ–ค แ€™แ€พแ€ฌแ€ธแ€šแ€ฝแ€„แ€บแ€ธแ€แ€ฒแ€ทTimingแ€แ€…แ€บแ€แ€ฏแ€™แ€พแ€ฌ แ€†แ€ฏแ€ถแ€แ€ฝแ€ฑแ€ทแ€•แ€ผแ€ฎแ€ธแ€”แ€ฌแ€€แ€ปแ€„แ€บแ€›แ€แ€ฌแ€‘แ€€แ€บ แ€˜แ€šแ€บแ€žแ€ฑแ€ฌแ€กแ€แ€ซแ€€แ€™แ€พ แ€„แ€ซแ€แ€ญแ€ฏแ€ทแ€€แ€™แ€€แ€ผแ€ฏแ€ถแ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ทแ€›แ€„แ€บ.... แ€„แ€ซแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€žแ€ญแ€•แ€บแ€แ€ปแ€…แ€บแ€แ€ฌแ€•แ€ฑแ€ซแ€ท แ€’แ€ซแ€™แ€ฒแ€ทWrong Timeแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€”...
2.4K 365 6
I want to hide you in the field of SUNFLOWERS