SILENCE

By Florist520

2.2K 315 204

Your Silence Is Killing Me More

Intro
💌 (1)
💌(1)-zawgyi
💌 (2)
💌(2)-zawgyi
💌 (3)
💌(3)-zawgyi
💌 (4)
💌(4)-zawgyi
💌 (5)
💌(5)-zawgyi
💌 (6)
💌(6)-zawgyi
💌(7)-zawgyi
💌 (8)
💌(8)-zawgyi
💌
💌 (9)
💌(9)-zawgyi
💌 (10)
💌(10)-zawgyi
💌 (11)
💌(11) - zawgyi
💌(12)
💌(12) - zawgyi
💌 (13)
💌 (13) - zawgyi
💌 (14)
💌 (14) - zawgyi
💌 (15)
💌 (15) - zawgyi
💌 (16)
💌 (16) - zawgyi
💌 (17)
💌 (17) - zawgyi
💌(18)
💌(18) - zawgyi
💌(19)-1
💌(19)-2
💌(19) - zawgyi
💌(19)-2- zawgyi
💌(20)
💌(20) - zawgyi
💌

💌 (7)

52 12 2
By Florist520

(၇)

Daeyoung က အမှန်တကယ်ပဲ အထက်တန်းစာမေးပွဲပြီးတော့ ကိုရီးယားကို အမေနဲ့အတူပြန်ခဲ့တယ်။ဘူတာထိလိုက်ပို့ခဲ့တဲ့ Rikuက Daeyoung ကို မြန်မြန်ပြန်ခဲ့ဖို့ မှာတယ်။လက်ဆောင် ဘာညာမလိုပဲ သူလိုချင်တာ Daeyoung မြန်မြန်ပြန်ခဲ့ဖို့ပါလို့ပြောတော့ Daeyoung အမေက ရယ်ပြီး Rikuခေါင်းလေးကို ပုတ်ပေးတယ်။

ဒီတစ်ခါ ရထားဥဩသံကြားတော့ Rikuဟာ ဝမ်းပန်းတသာ မအော်တော့ဘူး။

ကိုရီးယားကိုပြန်ရောက်လာတယ်။အလယ်တန်းကတည်းက ခွဲခွာခဲ့ရတဲ့ ကိုရီးယားဟာ ၅နှစ်အတွင်းမှာ အများကြီး တိုးတက်လာခဲ့တယ်။ကားတွေလဲများလာပြီး နေရာတိုင်း ပရိုဂျက်တာ အကြီးကြီးနဲ့ ကပြဖျော်ဖြေမှုတွေကို ပြထားတယ်။Daeyoungအဖွားအိမ်ကတော့ အရင်အတိုင်းပဲ။

"Aigoo ငါ့မြေးလေးတောင် အရပ်ရှည်လို့ ထွားလာပြီပဲ လူကြီးဖြစ်နေပြီ လူကြီး"

ဆံပင်တွေဖြူနေပြီဖြစ်တဲ့အဖွားက မြေးဖြစ်သူကို လှိုင်နေအောင်ကြိုဆိုပေမယ့် သမီးဖြစ်သူကိုတော့ တစ်ချက်တောင်မကြည့်ခဲ့ဘူး။လူမျိုးခြား ဂျပန်အရာရှိနဲ့ လက်ထပ်ပြီး ဂျပန်ကို ပြောင်းရွေ့သွားကတည်းက သမီးကို အမွေပြတ်စွန့်လွတ်ပြီး မြေးကိုပဲ အမွေတွေပေးထားတာဟာ အသက်၈၀ကျော်အဖွားကြီးရဲ့ မာနလို့ပြောရမလား။

"မြေး စာမေးပွဲဖြေနိုင်ခဲ့ရဲ့လား"

"ဟုတ် ကျွန်တော်ဖြေနိုင်ခဲ့ပါတယ်"

"ငါ့မြေးအသံလေးက မင်းအဖေလိုပဲချိုမြိန်နေတာပဲ"

အဖေဆိုတဲ့အသံကြားတော့ Daeyoung အမေရဲ့မျက်နှာပျက်သွားတယ်။တည်ကြည်ပြီး သမာဓိဖြောင့်မတ်တဲ့ ရှေ့နေသမက်ဟာ အစောကြီး သေသွားရမလားဆိုပြီး ယောက္ခဖြစ်သူ Daeyoung အဖွားက အရမ်းနှမြောခဲ့တာမို့လား။အခုလဲ Daeyoung ကိုကြည့်ပြီး သူ့သားမက်ကိုသတိရသလို မျက်ရည်တွေဝဲတက်လာခဲ့တယ်။

"တက္ကသိုလ်ရော ဘယ်မှာတက်မှာလဲ ကိုရီးယားကို တခါတည်းလာတက်လာပါတော့လား ဒီအဖွားက ကျောင်းထားပေးနိုင်ပါတယ်"

ဧည့်ခန်းက ဆို‌ဖာပေါ် Daeyoung ကို ထိုင်စေပြီး ရေတစ်ခွက်ငှဲ့တိုက်တယ်။

"ကျွန်တော် ဂျပန်မှာပဲ တက္ကသိုလ်တက်မလို့ အလုပ်ခွင်ဝင်ရင်တော့ ကိုရီးာာကို ပြောင်းခဲ့ပါ့မယ်"

"အမလေး ဂျပန်ကို ချစ်နေလိုက်ကြတာ"

အဖွားရဲ့ ချစ်စဖွယ် ညီးညူမှုကြောင့် Daeyoung က ရယ်လိုက်တယ်။
ဂျပန်မှာ အမေတစ်ယောက်ပဲကျန်နေလို့မဖြစ်ဘူး။ဟို‌ပေါက်ပေါက်ဖောက်တဲ့ ငနဲကိုလဲ တစ်ယောက်ထဲ ပစ်မထားနိုင်ဘူး။

"ဒီမှာတော့ ကြာကြာနေမယ်မို့လား"

"ဟုတ် တက္ကသိုလ်ဝင်ခွင့်မဖြေရသေးခင်ထိ နေပါ့မယ်"

"တက္ကသိုလ်ကရော ဘယ်ကိုတက်မှာတုန်း"

တက္ကသိုလ်တက်ရမယ့်ကာယကံရှက်ထက် ပိုစိတ်လှုပ်ရှားနေတဲ့ အဖွားမှာ Daeyoung အမေလိုပဲ သိပ်လှတဲ့ မျက်လုံးတွေရှိတယ်။Daeyoungအမေကတော့ ဘေးနားမှာထိုင်ပြီး မြေးအဖွားစကားပြောတာကို ကြည့်နေတယ်။

"ကျွန်တော် ဘာသာစကားမေဂျာပဲယူပြီး အမေ့လို သံရုံးမှာ အလုပ်လုပ်ချင်တယ်"

အဲ့ဒီအသက်မွေးဝမ်းကြောင်းဟာ အဖွားကိုယ်တိုင် အမေ့အတွက် ရွေးချယ်ပေးခဲ့တာမို့ ဒီတစ်ခါလဲ အဖွားမတားပါ။ကောင်းတယ် ဆိုတဲ့စကားနဲ့ပဲ စကားဝိုင်းက အဆုံးသတ်သွားတယ်။

-SILENCE-

ကိုရီးယားမှာတိုက်တဲ့လေအေးက ဘာလို့ဂျပန်ကလေနွေးနွေးလောက် စွဲလမ်းစရာမကောင်းရတာလဲ။ပုံမှန်လို ပျင်းရိစရာနေ့မှာ Daeyoung က တီဗွီရီမုကိုကိုင်ပြီး ချန်နယ်တစ်ခုပြီးတစ်ခုပြောင်းနေတယ်။အွန်လိုင်းဈေးရောင်းတာတွေချည်းပဲမို့ ဆိုဖာပေါ် ပျင်းတိပျင်းတွဲ ထိုင်နေတယ်။

"ဟဲ့ ကောင်လေး ဘယ်လိုဖြစ်နေတာလဲ"

Daeyoung အဖွားက အပ်ချုပ်စရာဗူးကိုယူလာပြီး သူ့ရဲ့အင်္ကျီအပြဲကို ဖာပေးဖို့ပြင်နေတယ်။

"ပျင်းရင် မြို့ထဲအလည်သွားပါလား မျက်နှာချင်းဆိုင်က ယောလေးကို ခေါ်သွား"

ယောလေးဆိုတာ အဖွားတို့အိမ် မျက်နှာချင်းဆိုင်က အသက်၁၄နှစ်ပဲရှိသေးတဲ့ကလေးမလေးပါ။Daeyoungက မသိတဲ့လူတစ်ယောက်နဲ့ လျှောက်မသွားချင်ဘူး။

"အဖွား ၂၀၀၀ ခုနစ်ရောက်ရင် ကမ္ဘာပျက်မယ်ဆိုတာ တကယ်လား"

အခုက 1999ခုနစ် နိုဝင်ဘာလ။

"ဟယ် ဘယ်ကပေါက်ကရတွေကြားလာတာတုန်း"

Daeyoung က ဘေးနားက လေးထောင့်ပုံခေါင်းအုံးကို ပွေ့ပြီး ရယ်နေလိုက်တယ်။ရှိတယ် အဲ့လိုပေါက်ကရပြောတတ်တဲ့သူငယ်ချင်းမျိုး။

1999ခုနစ် စစဝင်ချင်းတုန်းကလဲ Rikuက တစ်ခါမေးဖူးသေးတယ်။

"ရား ၂၀၀၀ ခုနစ်မှာသာ တကယ်ကမ္ဘာပျက်မယ်ဆို မင်းဘာလုပ်မှာလဲ"

နှင်းတွေဖွေးနေအောင်ကျတဲ့တောင်ပေါ်ကို နှစ်ယောက်အတူတက်ရင်း Rikuက Daeyoung ကို နှင်းလုံးနဲ့ပေါက်ပြီး မေးဖူးတယ်။

"အင်းးး ငါချစ်တဲ့သူတွေနဲ့ပဲ အတူရှိနေမယ် အဲ့တာမှ နောင်ဘဝထိအတူတူရှိနိုင်မှာ"

Daeyoung က Rikuကို လက်တွဲခေါ်ရင်း အရှေ့ကသွားနှင့်တဲ့ ကျောင်းသားအုပ်စုကို မှီအောင်လိုက်တယ်။

"နောင်ဘဝကျ မင်းဘာဖြစ်ချင်လဲ"

"ငါ လူပဲဖြစ်ချင်တယ်"

"ငါကတော့ ခွေးဖြစ်ချင်တယ်"

"ဘာ ခွေး ဟုတ်လား"

"အင်း ငါကခွေး မင်းကငါ့ကိုမွေးပြီး မင်းအနားမှာပဲထား"

"မဆိုးဘူးပဲ ခွေးလေး Rikuက အခု Rikuလို စကားမများတော့ နားညီးသက်သာတာပေါ့"

"ဘယ်သူပြောလဲ ငါက ခွေးဘာသာစကားနဲ့ မင်းကို နားညီးအောင် လုပ်မှာ"

Daeyoung က အော်ပြီး ရှေ့ကပြေးတော့ Rikuက နောက်ကနေ တဝုတ်ဝုတ်နဲ့လိုက်တယ်။

အရင်ကအကြောင်းတွေးမိပြီး ရယ်တော့ အဖွားဖြစ်သူက မသင်္ကာသလိုကြည့်တယ်။

"အမယ် ကြည့်စမ်း ပြုံးနေလိုက်တာ ဂျပန်ကကောင်မလေးအကြောင်းတွေးနေတာလား"

"အာ မဟုတ်ပါဘူး ဒီအတိုင်း သူငယ်ချင်းအကြောင်းပါ
အဖွား တကယ်၂၀၀၀ ခုနစ်ရောက်ရင် ကမ္ဘာပျက်မှာလား"

"မဟုတ်ပါဘူးကွယ် ရာစုတစ်ခုပြောင်းသွားတာမို့ လူတွေက ကောလဟာလတွေလျှောက်ပြောနေကြတာ ၁၀၀၀ခုနစ်မှာရှိခဲ့တဲ့အရာတွေက ၂၀၀၀ခုနစ်ရောက်ရင် အသစ်တွေဖြစ်သွားမယ်လို့ တင်စားပြောကြတာပါ"

"အကယ်၍ တကယ်ကမ္ဘာပျက်မယ်ဆိုရင်ရော အဖွား ဘာကိုအရင်ဆုံးလုပ်ချင်လဲ"

ကုလားထိုင်ပေါ်ထိုင်နေတဲ့အဖွားက သူ့ရဲ့မျက်မှန်အဝိုင်းကို ပင့်ပြီး တစ်ချက်စဉ်းစားတယ်။

"အင်းးး မင်းအဖိုးနဲ့မင်းအဖေရဲ့အရိုးပြာအိုးကို အရင်ဆုံးသွားယူမယ်
ဘယ်လိုပဲ သေသွားပြီးသားပဲဆိုဆို ဒုတိယအကြိမ်တော့ အထီးကျန်ပြီး မသေခိုင်းချင်တော့ဘူး"

အဖွားစကားကြောင့် Daeyoung ရင်ထဲ နွေးထွေးမှုကို ခံစားလိုက်ရတယ်။

"ငါ့မြေးကရော ဘာလုပ်ချင်လဲ"

"ကျွန်တော်က ဂျပန်ကို ပြန်မှာ"

Daeyoung အဖြေကြောင့် အဖွားမျက်နှာမှာ အပြုံးတစ်ခု ထင်ဟပ်လာတယ်။

"ဖွား"

"ရှင့်"

Daeyoung က သူ့အဖွားနားကလေးလိုကပ်ချွဲပြီး မေးခွန်းစမေးလိုက်တော့တယ်။

"ဖွားနဲ့ဘိုးနဲ့ ဘယ်လိုစတွေ့ခဲ့တာလဲ"

"အဲ့တုန်းက ဒုတိယကမ္ဘာစစ်ဖြစ်နေတာ ဖွားက သူနာပြုဆိုတော့ စစ်မြေပြင်ကိုသွားပြီး ဆေးကုလိုက်ရတယ် အဲ့မှာ မင်းအဖိုးစစ်ဗိုလ်နဲ့စတွေ့တာပဲ
မင်းအမေကိုယ်ဝန်လဲရရော မင်းအဖိုးက တိုက်ပွဲကျသွားတယ် သမီးလေးကို ရင်ခွင်ထဲပိုက်ပြီး မချီသွားရရှာဘူး"

Daeyoung အဖွားက ဝမ်းနည်းစရာကိစ္စကိုပြောပေမယ့် ငိုမနေဘူး။မျက်ဝန်းတွေက ပြုံးနေတယ်။ချစ်ရသူအကြောင်းပြောတဲ့အခါ မျက်ဝန်းတွေက လိုက်ပြုံးတယ်။

"အမေနဲ့အဖေနဲ့ကရော"

"ငါ့မြေးအမေက ဘာသာပြန်မို့လား ဂျပန်နဲ့စာချုပ်ချုပ်တော့ ဂျပန်နိုင်ငံကို လိုက်ရတယ် ရှေ့နေဖြစ်တဲ့ မြေးအဖေနဲ့အတူတူသွားရင် မေတ္တာမျှခဲ့ကြတယ်ထင်ပါရဲ့ "

Daeyoungက သူ့အဖေကိုမြင်လိုက်ရတယ်။Daeyoung ၃နှစ်အရွယ်မှာ အဖေဖြစ်သူက လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးခဲ့တယ်။Daeyoungအမေက Daeyoung အလယ်တန်းရောက်မှ ဂျပန်အရာရှိနဲ့အိမ်ထောင်ကျပြီး ဂျပန်ကို ပြောင်းသွားခဲ့တာ။

Daeyoung ကတွေးမိတယ်။အမှန်တကယ်ဆို Daeyoung မှာအဖေမရှိတော့ဘူး အမေတစ်ယောက်ထဲအားနဲ့ Daeyoung ကိုပြုစုခဲ့ရတယ်။အရွယ်ရောက်တော့ ပထွေးဆိုသူနဲ့နိုင်ငံရပ်ခြားမှာ သွားနေရတယ်။ဆွေမျိုးဆိုလို့ ပြေးကြာ့်မှ အဖွားတစ်ယောက်ပဲရှိတယ်။ဒါပေမယ့် Daeyoung က သနားစရာကောင်းမနေဘူး။သိမ်ငယ်စရာအကြောင်းလဲမရှိခဲ့ဘူး။Daeyoungက အဖွားဆီကရော၊အမေဆီကရော၊အလွန်ဆုံး ပထွေးဖြစ်သူဆီကပါ ချစ်ခြင်းမေတ္တာတွေရနေတာမို့။

ဒါပေမယ့် Rikuကကျ မိဘစုံစုံလင်လင်ရှိပါရက်နဲ့ Daeyoung ဘဝနဲ့မတူဘူး။မိဘရင်းတွေဆီက ထွက်ပြေးချင်နေတဲ့ Rikuကို Daeyoung က တစ်ခြားသူတွေမပေးနိုင်တဲ့ချစ်ခြင်းမျိုး ပေးချင်တယ်လို့ပြောရင် လွန်ရာကျမလား။

.....

"အဖွား ယောလေးရဲ့ အဘိုးက အမြဲတမ်း အဲ့ဝရံတာမှာ တစ်ယောက်တည်းထိုင်နေတာနော် "

နေ့စဉ်နေ့စဉ်မရိုးနိုင်တဲ့မေးခွန်းတွေနဲ့ Daeyoung က အပျင်းဖြေ‌တယ်။အခုလဲ မနက်ခင်း ခြံထဲက ပန်းပင်ကနေ ပန်းပွင့်တွေခူးနေတဲ့ အဖွားနားကပ်လို့ မေးနေတယ်။

"အော် အဲ့တာ ယောလေးအဖိုးရဲ့ညီ အင်း ယောလေးအဖိုးလို့ပြောရမှာပေါ့
သူက အဲ့ဝရံတာထိုင်ပြီး အရင်အကြောင်းတွေပြန်တွေးနေတာနေမှာ"

"အရင်အကြောင်းဆိုတာ ဘယ်လိုဟာလဲ"

"မြေးလေးနားလည်မလားတော့မသိဘူး ယောလေးအဖိုးငယ်ငယ်က ယောင်္ကျားချင်း ချစ်ခဲ့ကြတာ အဲ့ခေတ်တွေတုန်းက လိင်တူချစ်ကြိုက်ရင် သေဒဏ်ပေးခံရတာမို့ ယောလေးအဖိုးရဲ့ချစ်သူက သေမိန့်ကြသွားတယ်လေ"

Daeyoung က ကရုဏာမျက်လုံးတွေနဲ့ မျက်နှာချင်းဆိုင် ဝရံတာမှာ ထိုင်နေတဲ့အဘိုးကို ကြည့်လိုက်တယ်။Daeyoungအဖွားက Daeyoung တို့မလာခင်က ယောလေးတို့အိမ်ကို ခနခနသွားတော့ ယောလေးအဖိုးပြောပြတာတွေကို ပြန်ပြောပြတယ်။

"ရက်စက်လိုက်ကြတာ"

"မြေးလေးက ရက်စက်တယ်လို့ထင်တယ်လား။တကယ်တော့ မပြုသင့်တဲ့အရာကို ပြုမိလို့ အပြစ်ဒဏ်ခံရတာပဲလေ ရက်စက်တယ်လို့ ဘယ်ဆိုနိုင်မလဲ"

လူကို လူချင်း ချစ်တာဟာ မပြုသင့်တဲ့အရာတဲ့လား။

"ဒီမယ် ငါ့မြေး ပန်းတွေတိုင်း မမွှေးကြဘူး ချစ်တိုင်းလဲ အချစ်လို့မဆိုနိုင်ဘူး ချစ်တယ်ဆိုတိုင်းလဲ မပိုင်ဆိုင်နိုင်ဘူး မှားယွင်းပြီးချစ်မိရင် နာကျင်ပြီးကျန်ခဲ့တဲ့လူက ကိုယ်ပဲဖြစ်လိမ့်မယ် တသက်လုံး ဒုက္ခခံရတတ်တယ်"

အဖွားကတ်ကြေးနဲ့ညှပ်ခူးနေတဲ့ပန်းတွေကို ကြည့်ပြီး Daeyoung စိတ်တွေ ထွေလာတယ်။Daeyoungက ၁၈နှစ်အရွယ်ကောင်လေးပါ။အချစ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကြားမှာ နစ်မွန်းနေတတ်တဲ့အရွယ်မို့လား။မှားယွင်းပြီး ချစ်တယ်ဆိုတာ ဘယ်လိုမျိုးပါလိမ့်။

"အဲ့လိုဆို အမျိုးသားနဲ့အမျိုးသမီးကြားမှာရော မှားယွင်းတဲ့ချစ်ခြင်းတွေ မဖြစ်နိုင်ဘူးလား လိင်တူချစ်မိတိုင်း မှားယွင်းတဲ့အချစ်လား"

Daeyoung က အဖွားရဲ့အဖြေကို အထွန့်တက်ပြီး ထပ်မေးတယ်။

"တစ်သက်မတ်တည်းပြောလို့မရတဲ့နိယာမတစ်ခုပေါ့ကွယ်
အဖွားဆိုလိုချင်တာက ဘယ်လိုလူကိုပဲချစ်ချစ် စစ်မှန်နေဖို့ပဲလိုတာပါ"

Daeyoung က နှင်းဆီပန်းပွင့်ကြီးကို ငေးပြီး အတွေးတွေများနေတယ်။

"ယောလေးရဲ့အဖိုးကိုပဲ ကြည့်လေ အသက်၂၀မှာချစ်ခဲ့တဲ့အချစ်က အခု အသက်၈၀ကျော်ပြီ ပျောက်ပျက်မသွားဘူး အဲ့ဒါကိုမှ အချစ်လို့မခေါ်ရင် ဘယ်ဟာကို ခေါ်ရမလဲ"

အဖွားလဲ Daeyoung လိုပဲ ဝရံတာမှာ ထိုင်နေတဲ့ အဖိုးကို ကြည့်လိုက်တယ်။အဖိုးက Daeyoung တို့မြေးအဖွားကိုမြင်တော့ ပြုံးပြတယ်။

"ငါ့မြေးလဲ အဖိုးဆီ အလည်သွားချည်လေ"

Daeyoung ဟာ ထူးဆန်းတယ်။ကလေးပီပီ ယောလေးနဲ့အလည်သွားဖို့ ခြေစုံကန်ငြင်းပြီး အသက်၈၀ကျော် အဖိုးဆီကို အလည်သွားခဲ့တယ်။အဖိုးက သူတို့အကြောင်းတွေပြောပြတယ်။ချစ်ခဲ့တဲ့အကြောင်းတွေ ဝမ်းနည်းစရာအကြောင်းတွေ။

"မြေး‌မှာရော ချစ်ရမယ့်သူရှိနေပြီလား"

Daeyoung က မလုံမလဲရှက်ကိုးရှက်ကန်းနဲ့ ဂုတ်ကိုပွတ်နေတယ်။ပြီးတော့ တိုးတိုးလေးပြောတယ်။

"ကျွန်တော် တစ်စုံတစ်ယောက်ကိုသဘောကျနေပြီထင်တယ်
မသေချာသေးလို့ ဖွင့်မပြောနိုင်ဘူး"

အဖိုးက စာအုပ်အဟောင်းထဲက ကဗျာတစ်ပုဒ်ဖတ်ပြတယ်။

"Thinking of you is a beautiful thing,a hopeful thing
Like listening to the most beautiful song
From the most beautiful voice in the world"

(မင်းအကြောင်းတွေးရတာဟာ
လှပတဲ့အရာ၊မျှော်လင့်ချင်တစ်ခုပဲ
ကမ္ဘာပေါ်က အသာယာဆုံးအသံကနေ
အလှပဆုံးသီချင်းတစ်ပုဒ်ကို နားထောင်နေသလိုပဲ)

Daeyoung က ကဗျာကို နားထောင်ရင်း အဖိုးရဲ့စာအုပ်စင်ပေါ်က အဖြူအမဲဓာတ်ပုံလေးကို ကြည့်နေမိတယ်။ဓာတ်ပုံထဲမှာ ငယ်ရွယ်တဲ့ကောင်လေးနှစ်ယောက်က တစ်ယောက်ပုခုံးတစ်ယောက်ဖက်လို့ရယ်နေကြတယ်။မှုန်ဝါးဝါးဓာတ်ပုံလေးဆိုပေမယ့် အမှတ်တရတွေဟာ ရှင်းလင်းပြတ်သားနေတုန်း ရှင်သန်နေတုန်း..

Continue Reading

You'll Also Like

8.2K 737 11
It's not my own idea. I adapted it from my favourite webtoon.
3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
444K 24.5K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
751 111 10
LOVE on the ICE - YUSION short story