SILENCE

By Florist520

2.2K 315 204

Your Silence Is Killing Me More

Intro
๐Ÿ’Œ (1)
๐Ÿ’Œ(1)-zawgyi
๐Ÿ’Œ(2)-zawgyi
๐Ÿ’Œ (3)
๐Ÿ’Œ(3)-zawgyi
๐Ÿ’Œ (4)
๐Ÿ’Œ(4)-zawgyi
๐Ÿ’Œ (5)
๐Ÿ’Œ(5)-zawgyi
๐Ÿ’Œ (6)
๐Ÿ’Œ(6)-zawgyi
๐Ÿ’Œ (7)
๐Ÿ’Œ(7)-zawgyi
๐Ÿ’Œ (8)
๐Ÿ’Œ(8)-zawgyi
๐Ÿ’Œ
๐Ÿ’Œ (9)
๐Ÿ’Œ(9)-zawgyi
๐Ÿ’Œ (10)
๐Ÿ’Œ(10)-zawgyi
๐Ÿ’Œ (11)
๐Ÿ’Œ(11) - zawgyi
๐Ÿ’Œ(12)
๐Ÿ’Œ(12) - zawgyi
๐Ÿ’Œ (13)
๐Ÿ’Œ (13) - zawgyi
๐Ÿ’Œ (14)
๐Ÿ’Œ (14) - zawgyi
๐Ÿ’Œ (15)
๐Ÿ’Œ (15) - zawgyi
๐Ÿ’Œ (16)
๐Ÿ’Œ (16) - zawgyi
๐Ÿ’Œ (17)
๐Ÿ’Œ (17) - zawgyi
๐Ÿ’Œ(18)
๐Ÿ’Œ(18) - zawgyi
๐Ÿ’Œ(19)-1
๐Ÿ’Œ(19)-2
๐Ÿ’Œ(19) - zawgyi
๐Ÿ’Œ(19)-2- zawgyi
๐Ÿ’Œ(20)
๐Ÿ’Œ(20) - zawgyi
๐Ÿ’Œ

๐Ÿ’Œ (2)

66 15 21
By Florist520

(၂)

အလယ်တန်းရဲ့ ကျောင်းဖွင့်ဖွင့်ချင်း တစ်ပတ်မှာ Daeyoung မှာ ထင်ထားတဲ့အတိုင်း သူငယ်ချင်းမရှိသေးဘူး။စာသင်ခန်းရဲ့ ထိုင်ခုံ rowသုံးခုမှာ Daeyoung က အလယ်rowရဲ့ အလယ် ခုံမှာထိုင်တယ်။ဂျပန်စာနဲ့အကျွမ်းဝင်ဖို့ စာအုပ်ထဲမှာပဲ ခေါင်းနစ်ထားတဲ့ Daeyoung ဘေးမှာ မျောက်တစ်ကောင်လို အငြိမ်မနေတဲ့ ကောင်လေးရှိတယ်။

Daeyoung အတွက် ဂျပန်နိုင်ငံက အမိနိုင်ငံမဟုတ်တာမို့ ဘာသာစကားရော အစားအသောက်ရောက ရောက်ကာစက အရမ်းခက်ခဲခဲ့တယ်။Daeyoungရဲ့မိခင်ဖြစ်သူက ကိုရီးယား-ဂျပန် နိုင်ငံရေးဆိုင်ရာ ဘာသာပြန် ဖြစ်ခဲ့သူမို့ Daeyoung ငယ်ငယ်က ဂျပန်စာသင်ထားခဲ့လို့ တော်သေးတယ်ပြောရမယ်။

ကျောင်းတက်ခါနီးတော့ Rikuရောက်လာပြီး Daeyoung ဘေးထိုင်တယ်။
ပြီးတော့ ဘယ်ဘက်Rowက Shinoဆိုတဲ့ကောင်လေးနဲ့ စကားလှမ်းပြောတယ်။

"ဟေ့ Maeda မနေ့က မင်း ကတ် ရှုံးတာ အကြွေးမဆပ်ရသေးဘူးနော်"

"ဟာ အချင်းချင်းတွေပဲ ဒီတစ်ခါတော့ လျှော်လိုက်တော့"

Rikuက Daeyoung ဘက် ခေါင်းစောင်းပြီး စာသင်ခုံပေါ်မှောက်အိပ်ရင်း ‌တစ်ဖက်ကောင်လေးကို ပြန်ပြောတယ်။

"ပြီးတော့ မင်းမွေးနေ့ ဘာကျွေးမှာလဲ"

Daeyoung က မျက်မှန်တစ်ချက်ပင့်တင်လိုက်တော့ Rikuက Daeyoung ကို ကြည့်တယ်။

"တစ်ခုခုတော့ ကျွေးမှာပေါ့"

"မနှစ်ကလို ပီကေတစ်ယောက်တစ်ခုတော့ ဝယ်မကျွေးနဲ့ကွာ အမေက ပီကေမစားခိုင်းဘူး ပါးတွေပိန်ကုန်မှာစိုးလို့တဲ့"

Daeyoung က ကိုယ်နဲ့မဆိုင်ပေမယ့် နည်းနည်းရယ်ချင်မိသွားတယ်။

"ဒီနှစ်တော့ ချိုချဉ်ကျွေးမယ် ချိုချိုလေး"

ရယ်ကျဲကျဲပြောပြီး Rikuက နဖူးပေါ်မှာ တစ်မျှင်ထဲ ဝဲကျနေတဲ့ Daeyoung ရဲ့ ဆံပင်ကို လက်နဲ့အသာလေးဖယ်ပေးလိုက်တယ်။

ဟိုတစ်ခါ ဆံပင်ကို ကြက်တောင်စည်း အစီးခံရကတည်းက Daeyoung က သူ့ဆံပင်ရှည်တွေကို အနောက်ကို ဂျယ်နဲ့လှန်တင်ထားတယ်။ဂျယ်ကြောင့်ပိပြားသေသပ်နေတဲ့ဆံပင်ကေနဲ့ မျက်မှန်ဝိုင်းကြောင့် Kim Daeyoung တစ်ယောက် အလယ်တန်းမှာ နာမည်ကြီးသွားသေးတယ်။

Rikuအပြုအမူကြောင့် Daeyoung က တခနငြိမ်သက်သွားတယ်။ဖွင့်ထားတဲ့စာအုပ် အလိုလိုပိတ်သွားတော့မှ သတိပြန်ဝင်ပြီး Rikuကို ကြည့်လိုက်တယ်။

"ဘာလဲ ငါက မင်းဆံပင်ကျနေရင် နေရခက်မှာစိုးလို့ ဖယ်ပေးတာ ရန်လိုမနေနဲ့"

Daeyoung မျက်နှာက ရန်လိုတဲ့ ပုံစံဖြစ်သွားလာတော့ Daeyoung သေချာမသိလိုက်ဘူး။Rikuပြောတဲ့စကားကလဲ ဘုနဲ့ဘောက်မို့ နည်းနည်းတော့ ဒေါသထွက်သွားပုံပဲ။

"မင်းက သူများဆံပင်ကို လိုက်ကိုင်ရတာ ဝါသနာပါတာလား"

Daeyoung က စာအုပ်ကိုပြန်ဖွင့်ပြီး ပြန်ပြောလိုက်တဲ့ အသံအေးအေးလေးကို ဘာလို့များ Rikuက ဒေါသထွက်သွားတာပါလိမ့်။

"အော် မင်းက မင်းဆံပင်ကိုင်တာကို မကျေမနပ်ဖြစ်နေတာလား ဟုတ်လား"

Rikuအမေးကို Daeyoung က မျက်ခုံးတစ်ချက်ပင့်ပြီး တုံ့ပြန်တယ်။

"အဲ့တာဆို ငါ့ဆံပင်ပြန်ကိုင်‌ ရော့ ကိုင်ကိုင်"

‌သူ့ခေါင်းကို အတင်းထိုးပေးနေတာ Daeyoung ရင်ခွင်ထဲ ခေါင်းလုံးလုံးလေးက နေရာယူသွားတယ်။တစ်ခြားသူတွေလဲ ကြည့်နေတာမို့ ရင်ခွင်ထဲက ခေါင်း‌လုံးလုံးလေးရဲ့ ဆံပင်တွေကို အသာထိုးဖွလိုက်တယ်။ဖြောင့်စင်းပြီး အိကျနေတဲ့ဆံပင်တွေကို Rikuက ဟိုသပ်ဒီသပ်ပြန်လုပ်ပြီး Daeyoung ဆီ မျက်စောင်းတစ်ချက်ပစ်လွှတ်တယ်။Daeyoungတွေးမိတာက ဒီMaedaဟာ နေ့စဉ်အမျှပြောင်းလဲနေတယ်။တစ်ခါတစ်လေ အမြင်ကတ်စရာပုံစံ၊တစ်ခါတစ်လေ ခင်ဖို့ကောင်းတဲ့ပုံစံ၊တစ်ခါတစ်လေကျ ရန်လိုနေတဲ့ပုံစံနဲ့၊ဟော တစ်ခါတစ်လေကျလဲ ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့ပုံစံ။

-SILENCE-

Daeyoung မိခင်က ဂျပန်အရာရှိတစ်ယောက်နဲ့ နောက်အိမ်ထောင်ကျတာမို့ Daeyoung လဲ ဂျပန်ကိုပြောင်းရွေ့ခဲ့တယ်။

Daeyoung တို့ သားအမိက အရာရှိကြီးစီစဉ်ပေးထားတဲ့အိမ်မှာနေကြတယ်။ခြံဝန်းထဲက တစ်ထပ်ပဲရှိတဲ့ အုပ်ချပ်တွေနဲ့ ဂျပန်ရိုးရာအိမ်လေး။ခြံထဲမှာတော့ သစ်ပင်တွေနဲ့ စဉ့်အိုးကြီးတွေရှိတယ်။ကွပ်ပျစ်တစ်ခုလဲရှိပြီး အိမ်ရှေ့တံခါးမှာတော့ မီးပုံးလေးတွေ ချိတ်ထားတယ်။သားအမိနှစ်ယောက်တည်းမို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့နေလို့ကောင်းတယ်။အရာရှိကြီးကတော့ တစ်ခါတစ်လေမှ ပြန်လာတတ်တယ်။

Daeyoung တို့ နေတဲ့ခြံဘေးမှာ အရမ်းကို ဆူညံတဲ့မိသားစုတစ်ခုရှိတယ်။မနက်မိုးလင်းရင် ကလေးကိုအော်နှိုးနေတဲ့အသံ ထမင်းချိုင့်ပြင်ထားတယ်ဆိုတဲ့အကြောင်း အော်ပြောနေသံ ကျောင်းသွားရင် ဆရာတွေစကားနားထောင်ဖို့ အကြောင်းတွေဟာ Daeyoung မနက်ခင်းတိုင်းကို ကြိုဆိုနေတယ်။
တစ်ခါ နှစ်ခါမက သူ့သားကို အော်နှိုးတတ်တဲ့ ဘေးအိမ်က အဒေါ်ကြီးအသံက Daeyoung ရဲ့နှိုးစက်ဖြစ်လာခဲ့တယ်။အံ့ဩတာက ဒီလောက်အသံအကျယ်ကြီးနဲ့နှိုးတာတောင် အဲ့အိမ်က ကောင်လေးက ထမလာတာပါပဲ။

Daeyoung ကျောင်းသွားဖို့ပြင်ဆင်ပြီး ခြံထဲက ထွက်ခဲ့တော့မှ အဲ့အိမ်ကကောင်လေးက မျက်နှာသစ်တုန်းပဲရှိသေးတယ်။Daeyoungကို မြင်ရင် သွားတိုက်ဆေးတွေနဲ့ ပြုံးဖြစ်အောင်ပြုံးပြသေးတာ။နှစ်ယောက်အတူတွေ့ရင်လဲ လေပေးဖြောင့်အောင်မပြောတတ်ဘဲ အခုလိုပြုံးပြတာဟာ မှန်လားဆိုတာတောင် Daeyoung မသိတော့ဘူး။

ည‌ေရာက်‌ေတာ့ အိမ်ရှေ့မှာအသံတိုးတိုးကြားလို့ သစ်သားတံခါးကို အသာဖွင့်ကြည့်တော့ Rikuက သူ့ရဲ့၂နှစ်အရွယ် ညီမလေးကို မြေကြီးပေါ်ပုံတွေဆွဲပြပြီး စကားတွေပြောနေတာ။

"ဒါက C.A.T cat ကြောင်တဲ့ မြောင် မြောင်"

စာလုံးလဲပေါင်းပြပြီး ကြောင်တစ်ကောင်လို အသံတွေရော အမူအရာတွေရော လုပ်ပြနေတာ။Daeyoungက မက်တပ်ရပ်ပြီးပဲ ကြည့်နေလိုက်တယ်။

"ဒါကကျ D.O.G dog ဝုတ် ဝုတ်"

ကလေးလေးက Riku လုပ်ပြသမျှကို အသံထွက်အောင် သဘောတကျရယ်နေတယ်။

"ကဲပြန်ပြော ဒါကဘာလဲ"

Riku က ခုနက တုတ်နံဆွဲထားတဲ့ ကြောင်ပုံကို ထောက်ပြီး ပြန်မေးတော့ ကလေးက "ဝုတ် ဝုတ်" နဲ့ပြန်ဖြေတယ်။Daeyoungက အသံထွက်အောင်ရယ်လိုက်မိတော့ Rikuက မျက်စောင်းထိုးပြီး လှည့်ကြည့်လာတယ်။ဝါညစ်ညစ်မီးရောင်အောက်မှာ Rikuမျက်လုံးတွေက အနီရောင်သန်းနေတယ်။

"မရယ်နဲ့ သင်တတ်ရင် လာသင်ပါလား"

ပြီးတော့ Rikuတို့အိမ်ထဲက ပစ္စည်းတွေပြုတ်ကျသံ ဆူညံသံတွေကို ကြားလိုက်တယ်။Rikuက ချက်ချင်းပဲ ကလေးလေး လက်ကိုဆွဲပြီး ထသွားဖို့ပြင်တယ်။

"လာ ဟိုဘက်လမ်းထိပ်က မုန့်ဆိုင်ကို မုန့်သွားစားရအောင်"

Daeyoung ကလဲ ဘာမှမမေးမြန်းပဲ အရှေ့ကသွားနှင့်တဲ့ မောင်နှမနှစ်ယောက်နောက်ကနေ ဓာတ်မီးလေးထိုးပြပြီး လိုက်လာခဲ့တယ်။ဘာလို့ဒီလိုတွေလုပ်နေတာလဲ သူ့ကိုယ်သူတောင်မသိတော့ဘူး။နီရဲနေတဲ့ Rikuမျက်လုံးတွေကြောင့်လား။မှောင်မဲနေတဲ့လမ်းကြောင့်လား။

"မင်းရော စားအုံးမလား"

ဆိုင်ရှေ့ရပ်စောင့်နေတဲ့ Daeyoung အတွက် ရေခဲညှပ်ကိတ်မုန့်တစ်ခုယူပြီး လာပေးတယ်။သူကိုယ်တိုင်ကကျ တုတ်ချိုချဉ်လေးတစ်လုံးကိုပဲ ငုံထားတယ်။

"ကလေးလေးရော"

"အထဲက ‌အဒေါ်ကြီး ထိန်းနေတယ် ခနထိုင်ကြမလား"

ဆိုင်ရှေ့က ကွတ်ပျစ်မှာ နှစ်ယောက်အတူထိုင်ကြတယ်။Rikuက တိတ်ဆိတ်နေတယ်။

"အိမ်မှာ အဖေပြန်ရာက်လာလို့"

"အော်"

Daeyoung က သူများအကြောင်း မစပ်စုချင်တာမို့ အပိုမမေးဘဲ ပြောပြတာကိုပဲ နားထောင်လိုက်တယ်။

"အဲ့လိုပဲ သူပြန်ရောက်လာရင် ရန်ဖြစ်နေကျ အထူးအဆန်းတော့မဟုတ်ပါဘူး"

"နောက်ကျရင် ငါတို့အိမ်လာခဲ့လေ အိမ်မှာငါတစ်ယောက်တည်းမို့ ပျင်းနေတာ"

ဒါဟာပထမဆုံးအကြိမ် Daeyoung က သူ့ရဲ့ပျင်းရိနေမှု အထီးကျန်နေမှုကို တစ်ခြားသူဆီ ဖော်ပြခြင်းပဲ။မိဘတွေကြောင့် အပြင်ထွက် ရှောင်နေရတဲ့ခံစားချက်ကို Daeyoung က ကောင်းကောင်းကြီးသိတယ်။ဂျပန်အရာရှိကြီး အိမ်ကိုလာတဲ့နေ့မှာဆို Daeyoung က အပြင်ကိုရှောင်နေတတ်တယ်။မိဘတွေအဆင်မပြေလို့တော့ မဟုတ်။အဆင်ပြေလွန်းနေ၍ဖြစ်သည်။

"မင်းပျင်းရင်တော့ ငါလာခဲ့မှာပေါ့ မင်းက ငါ့ကိုမခင်ချင်ဘူးထင်လို့"

တုတ်ချိုချဉ်ကို တကြွပ်ကြွပ်မြည်အောင် ကိုက်စားပြီး ပိုက်ဖြူလေးကို လိမ်လို့ဆော့နေတဲ့ Rikuကို Daeyoung က ကြည့်လိုက်တယ်။
ခနကြာတော့ Riku ညီမလေးက တောက်တဲ့တောက်တဲ့နဲ့ လမ်းလျှောက်ပြီး ထွက်လာတယ်။

"မင်းပြန်ရင်ပြန်နှင့်တော့ ငါတို့ဒီမှာ ခနနေအုံးမယ်"

Rikuက နှင်ထုတ်တော့ Daeyoung က ခေါင်းခါပြီး Rikuညီမလေးကို ကွပ်ပျစ်ပေါ် ပွေ့ချီပြီး တင်လိုက်တယ်။ကလေးလေးရဲ့ မပီကလာပီကလာစကားတွေက လွဲလို့ အသံတွေတိတ်ဆိတ်နေတယ်။

မုန့်ဆိုင်က ကားလမ်းဘေးမှာမို့ ကားတွေတစ်စီးပြီးတစ်စီး ဖြတ်သွားတယ်။

"ကားအရောင်တွေ မှန်းကြေးဆော့မယ် မှားတဲ့သူ နှဖူးတောက်ခံကြေး"

ယောင်္ကျားလေးတွေပီပီ အလောင်းအစားသိပ်သဘောကျတာမို့ သဘောတူပြီး စဆော့ကြတယ်။
ပထမပွဲစဉ်မှာ Daeyoung ရှုံးတယ်။Rikuက ည၉နာရီဆို အိမ်နားက ကုန်ကားအစိမ်းရောင်က ပြန်လာတတ်တယ်ဆိုတာကို ကြိုသိနေတာမို့ မှန်သွားပြီး Daeyoung နဖူးဟာ ခပ်ကြမ်းကြမ်း အတောက်ခံလိုက်ရတယ်။

"မင်းကငတုံးကောင်ပဲ" ဆိုပြီး အနှိမ်လဲ ခံလိုက်ရပါတယ်။

တိုက်ဆိုင်တဲ့အရာတစ်ခုကြောင့် မိတ်ဆွေတွေဖြစ်သွားတတ်ကြတယ်။
အင်း... အဲ့ကနေ သူတို့စခင်ခဲ့တာလား။

အဲ့နေ့ကစပြီး Daeyoung တစ်ယောက် ခွေးခြေခုံလေးအကူအညီနဲ့ ခြံစည်းရိုးကိုကျော်ပြီး တစ်ဖက်ခြံစည်းရိုးကို ခိုးကြည့်ရတာအမော။
Maeda Rikuက နှစ်နှစ်အရွယ် ကလေးလေးနဲ့ ဖျာပေါ်ထိုင်ပြီး ဆော့နေတာ‌ေတွ၊တစ်‌ေယာက်ထဲ အသံဗြဲနဲ့ စာအော်ကျက်နေတာတွေ၊တစ်ခါတစ်လေ‌ေတာ့ သူ့အမေက သူ့ကိုဆူ‌ေနတာ‌ေတွကို တွေ့ရတယ်။Rikuက ကလေးနဲ့ဆော့ပြီး ရယ်နေရင် Daeyoung လိုက်ရယ်မိသလို၊စာတွေအော်ကျက်နေရင် Daeyoung လဲ အတူတူစာအုပ်ဖွင့်မိတယ်။သူ့အမေရိုက်နေရင်တော့ ဒီအသက်၁၄နှစ်ကောင်လေးက ဘာတွေများ အမှားလုပ်မိလို့ ဒီလောက်ထိ ဒေါသတကြီး ရိုက်နေရတာလဲဆိုတဲ့ မေးခွန်းနဲ့အတူ အလိုမကျမှုတွေ ပါလာတယ်။

"အမေ ကလေးတွေကို ရိုက်တာ ကောင်းလား"

"ကျောင်းက ဆရာတွေက ရိုက်လို့လား သား"

ညအိပ်ခါနီးမို့ Daeyoung အမေက နွားနို့ခွက်လာပို့တဲ့အချိန် Daeyoung က မေးလိုက်ခြင်းပင်။Daeyoungအမေကတော့ အခန်းပြတင်းပေါက်ကိုပိတ် လိုက်ကာတွေချပြီး ပုံမှန်အတိုင်း တုံ့ပြန်တယ်။

"မဟုတ်ပါဘူး သားဒီအတိုင်းသိချင်လို့"

"ရိုက်တာတော့ဘယ်ကောင်းမလဲသားရယ် သူတစ်ပါးရဲ့အသားကို နာအောင်လုပ်တာဟာ ဘယ်လောက်တောင်ကြီးလေးတဲ့အပြစ်ဒဏ်လဲ ။မိဘကသားသမီးကို လိမ်မာစေချင်လို့ ရိုက်တယ်ဆိုတိုင်း သားသမီးကလိမ်မာသွားတာမဟုတ်ဘူး စကားနားမထောင်လို့ရိုက်တယ်ဆိုရင်တော့ အဲ့မိဘက သားသမီးအရေးထက် သူ့စကားလုံးတွေကို အလေးထားနေလို့ သူ့မာနကိုဦးစားပေးနေလို့ပဲ။ နား‌မထောငိတဲ့စကားတွေကို တစ်ခြားသောနည်းလမ်းတွေနဲ့ နားထောင်လာအောင်လုပ်လို့ရရဲ့နဲ့ ကိုယ်သားသမီးအသားကို နာအောင်လုပ်ပြီး ကိုယ့်နှလုံးသားကိုယ်ချေမွန်းနေကြတာ။သားသမီးတိုင်းက မလိမ်မာနိုင်သလို မိဘတိုင်းကလဲ ‌မကောင်းနိုင်ကြဘူး
ငယ်ရွယ်တဲ့အရွယ်မှာ ကလေးရဲ့ဘဝတစ်လျှောက်လုံးစွဲမြဲစေမယ့် မှတ်သားထိုက်စရာ စကားတွေပြောရမယ့်အစား သေရာပါအညိုအမဲတွေနဲ့စိတ်ဒဏ်ရာတွေပဲ ချန်ထားကြတာ ကောင်းလား မကောင်းလား အမေ့သားလေးက ဆုံးဖြတ်တတ်မှာပါ။"

ကုတင်ပေါ်က Daeyoung အနားလာထိုင်တဲ့ အမေဖြစ်သူ ရင်ခွင်ထဲ Daeyoung က ကလေးပီပီ ခိုဝင်လိုက်တယ်။

"အမေ့သားလေးလဲ နောင်တစ်ချိန် မိန်းမနဲ့ ကလေးနဲ့ ရှိလာတဲ့အခါ ကိုယ့်မိန်းမကိုဖြစ်စေ ကလေးကိုဖြစ်စေ တစ်ပါးသူကိုဖြစ်‌ေစ လက်နဲ့တောင် မရွယ်မိစေနဲ့ အမေ့ကို ကတိပေးမယ်မို့လား"

Daeyoung က အမေ့ရင်ခွင်ထဲကနေခေါင်းတစ်ချက်ငြိမ့်ပြတယ်။
Daeyoung အမေဟာ ပညာတတ်ပီပီ စကားကို ညက်ညက်ညောညောပြောတယ်။Daeyoungအဖေက မပေးနိုင်ခဲ့တဲ့ မေတ္တာတွေကိုရရှိအောင် Daeyoung အမေက ကြင်နာတတ်တဲ့ဂျပန်အရာရှိနဲ့ အိမ်ဖောင်ပြုလိုက်တယ်ဆိုပေမယ့် Daeyoung က ‌နေသားမကျသေး။အမေတစ်ယောက်ပဲ ရှိရင် ရပြီးဆိုတဲ့ ကလေးအတွေးလေးရှိခဲ့တယ်။တစ်ဖက်မှာရှိတဲ့စီးပွားရေး၊ပညာရေး၊နေထိုင်စားသောက်မှုဆိုတဲ့ကဏ္ဍတွေကို Daeyoung က မတွေးတတ်သေးဘူး။

အခန်းမီးမှိတ်လို့ အိပ်ချိန်မှာ Daeyoung ဟာ မအိပ်နိုင်သေးဘူး။မှိတ်ထားတဲ့မျက်လုံးတွေဟာ အိပ်မပျော်နိုင်ခဲ့ဘူး။Maeda Riku တစ်ယောက် ငိုနေလေမလား တွေးမိတယ်။အလျှိုးရာထင်နေတဲ့ ခြေထောက်ကို ဆေးလိမ်းရဲ့လား တွေးမိတယ်။တစ်ယောက်ထဲ အိမ်ရှေ့တံခါးဝမှာ ထိုင်နေလေမလား တွေးမိတဲ့အဆုံး အိပ်ယာက ချက်ချင်းထလို့ အိမ်ရှေ့တံခါးစီပြေးသွားလိုက်တယ်။

တော်သေးတယ်။Maedaက အိမ်ရှေ့မှာ ငိုမနေဘူး။အခန်းမီးကလဲငြိမ်းသွားပြီမို့ ‌ေကာင်လေးတစ်ယောက် အိပ်ပျော်နေလောက်ပြီ။

Continue Reading

You'll Also Like

10.7K 1K 16
'แ€™แ€ฑแ€แ€นแ€แ€ฌแ€™แ€พแ€ฌ แ€กแ€œแ€ปแ€ฌแ€ธแ€กแ€”แ€ถ แ€™แ€›แ€พแ€ญแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€žแ€ฝแ€ฌแ€ธแ€กแ€•แ€ผแ€”แ€บแ€›แ€พแ€ญแ€แ€šแ€บแ€แ€ฒแ€ท ' Ricky x TaeRae
8.2K 737 11
It's not my own idea. I adapted it from my favourite webtoon.
89.7K 4.9K 53
แ€’แ€ซแ€€แ€แ€ฑแ€ฌแ€ท แ€แ€›แ€ฐแ€แ€ฎแ€•แ€ญแ€ฏแ€„แ€บแ€ธแ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€›แ€ฒแ€ทแ€แ€แ€นแ€‘แ€ฏแ€œแ€ฑแ€ธแ€•แ€ซแ‹ แ€กแ€แ€ฏแ€œแ€€แ€บแ€แ€…แ€บแ€œแ€ฑแ€ฌแ€™แ€พแ€ฌ แ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€แ€…แ€บแ€แ€ฏแ€กแ€”แ€ฑแ€”แ€ฒแ€ท แ€‘แ€ฏแ€แ€บแ€œแ€ฝแ€„แ€บแ€ทแ€”แ€ฑแ€•แ€ซแ€•แ€ผแ€ฎแ‹ ... แ€’แ€ซแ€€แ€ฑแ€แ€ฌแ€ท แ€แ‚แ€ฐแ€แ€ฎแ€•แ€ญแ€ฏแ€„แ€นแ€ธแ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€›แ€ฒแ‚•แ€แ€แณแ€ณแ€ฑแ€œแ€ธแ€•แ€ซแ‹ แ€กแ€แ€ฏแ€œแ€€แ€นแ€แ€…แ€นแ€ฑแ€œแ€ฌแ€™แ€ฝ...
4.1K 140 5
"แ€…แ€ฎแ€ธแ€€แ€›แ€€แ€บแ€บแ€แ€ฝแ€ฑแ€‘แ€€แ€บ แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€€แ€ญแ€ฏ แ€•แ€ญแ€ฏแ€•แ€ผแ€ฎแ€ธ แ€…แ€ญแ€แ€บแ€แ€„แ€บแ€…แ€ฌแ€ธแ€•แ€ฑแ€ธแ€™แ€œแ€ฌแ€ธ "