|| Unicode ||
အပိုင်း ၈ - သူ၏ ဤကဲ့သို့ ပြောသမျှ အယုံလွယ်တတ်သူတစ်ဦးနှယ် တွေးခေါ်ပုံမှာကား တင်းကျိအား အင်မတန် ရင်ထဲထိသွားစေသေးဆဲ။
____________
တင်းကျိ၏ ခန့်မှန်းမှုက သူ့ကို နှလုံးခုန်နှုန်းတို့ စည်းချက်တစ်ချက် လွဲသွားစေခဲ့သည့်တိုင် လင်ဝူယွီက တင်းခံနေသေးဆဲ။
"မင်း တွက်ကြည့်လို့မဘူးလား"
"မမေးဘဲနဲ့ ငါက ဘယ်လို ခန့်မှန်းလို့ရမှာလဲ"
တင်းကျိသည် သူ့ကို ကြည့်ကာ အချိန်ခဏကြာသည်အထိ စောင့်နေခဲ့သော်လည်း လင်ဝူယွီက မည်သည့်စကားမှ ဆိုမလာခဲ့ပေ။ သူက ကျစ်တစ်ချက်သပ်လိုက်သည်။
"ကောင်းပြီလေ။ ငါ တွက်ကြည့်မယ်"
ထို့နောက် သူက ကောင်တာမှ ဘောပင်နှင့် စာရွက် သွားတောင်းသည်။
".... မင်း အခု တွက်တာက"
လင်ဝူယွီက သူ့ကို ကြည့်လိုက်သည်။
"ဖော်မြူလာတွေ သုံးဖို့ လိုတာမျိုးလား။ ဘောပင်နဲ့ စာရွက် လိုတာလား"
"ငါ့ကို လာမနှောင့်ယှက်နဲ့"
တင်းကျိက ပြောလိုက်သည်။
"အွန်း"
လင်ဝူယွီက အင်းသံ တုံ့ပြန်၍ ဘီစကစ်သေးသေးလေးတစ်ချပ်ကို ယူကာ ဖြည်းဖြည်းချင်းစားနေလိုက်သည်။
တင်းကျိက စာရွက်ပေါ်၌ မျဉ်းကြောင်းများ စဆွဲလေ၏။ လင်ဝူယွီ တစ်ချက်ကြည့်လိုက်တော့ သူက ဂမ္ဘီယ ၈ စိတ်အကွက်* ရေးဆွဲနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ မည်သည့်အကွက်အမျိုးအစားမျိုး ဆွဲနေကြောင်းကို အတိအကျမဆိုနိုင်သည့်တိုင် တင်းကျိက အလိမ်အညာတော့ အတော်လေးတော်လှသည်ဟု တွေးလိုက်မိ၏။
"ငါ့အဘွားသာဆို မျက်လုံးလေးတစ်ချက်မှိတ်လိုက်ရုံနဲ့ ရတယ်။ ငါက ဝါသနာရှင်အဆင့်ပဲမို့ ပုံကြမ်းတစ်ခု ဆွဲဖို့လိုတယ်"
ခဏအကြာ၌ တင်းကျိက ဆွဲ၍ပြီးသွားခဲ့ပြီး စာရွက်ကို ခဏမျှ စိုက်ကြည့်နေခဲ့ပြီးနောက် မော့ကြည့်လာခဲ့သည်။
လင်ဝူယွီသည် ဘီစကစ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး အနည်းငယ် စိတ်ဝင်တစားနှင့် မေးလိုက်၏။
"တွက်ပြိီးပြီလား"
"အင်း"
တင်းကျိသည် ခေါင်းငုံ့၍ စာရွက်ကို လုံးခြေကာ အနားရှိ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
"ငါ ဘာလာလုပ်တာလဲ"
လင်ဝူယွီက မေးလိုက်သည်။
"လူတစ်ယောက်ကို လာရှာတာ"
တင်းကျိက ဆို၏။
လင်ဝူယွီက စကားမဆိုဘဲ မစ်တီးနည်းနည်း သောက်လိုက်ပြီးနောက် ရယ်သည်။
ခဏကြာသည်အထိ အရယ်မရပ်။
"မင်းပဲ ငါ့ကို တွက်ခိုင်းတာလေ"
တင်းကျိသည် ခုံပေါ် မှီထိုင်ကာ လက်ပိုက်လိုက်၏။
"တွက်ဖို့မလိုပါဘူးလို့ ငါပြောသားပဲ"
"ကောင်းပြီလေ"
လင်ဝူယွီက အရယ်ကို ထိန်း၍ လည်ချောင်း ရှင်းလိုက်သည်။
"အဲတော့ ဘာတွေ ခန့်မှန်းမိလဲ"
"အဲလူက ၉၅ မှာ မွေးတာ"
တင်းကျိက ပြောလိုက်သည်။
"မင်း အဲနံပါတ်ကို ပြောလိုက်တော့မှ ငါ အတိအကျ သေချာသွားတာ"
"ဟုတ်လား"
လင်ဝူယွီက တဒင်္ဂမျှ စဉ်းစဉ်းစားစားဖြစ်သွားခဲ့သည်။
"အစက ငါက ၁၉၉၅ လို့ ပြောမလို့ပဲ။ ဒါပေမဲ့ အရမ်းသိသာနေတဲ့ပုံပေါက်လို့ ၉၅ လို့ ပြောင်းလိုက်တာ"
"အဲဒါက မင်း တစ်စက္ကန့်ရဲ့ သုညဒသမ သုညသုညသုညသုည အပုံလောက် တွေဝေသွားလို့"
တင်းကျိက လက်ထဲမှ ဘောပင်ကို မွှေ့လိုက်သည်။
"အဲဒါကြောင့် ပို သိသာသွားတာ"
"ဒါပေမဲ့ အဲဒါက မင်းရဲ့ ခန့်မှန်းချက်ပဲ ရှိသေးတာလေ"
လင်ဝူယွီက ဆိုသည်။
"တွက်ကြည့်လိုက်တော့လဲ အဖြေက အတူတူပဲထွက်တယ်လေ!"
တင်းကျိသည် သူ့ကို အော်၍ လှည့်၍ အမှိုက်ပုံးထဲ လက်နှိုက်လိုက်၏။
"လာ လာ လာ။ မင်း လာကြည့်လိုက်။ ငါ မင်းကို ရှင်းပြမယ်"
"ဟေ့ ဟေ့ ဟေ့"
လင်ဝူယွီက သူ့ကို ကပျာကယာ လှမ်းဆွဲလိုက်သည်။
“တွက်တော့လဲ တွက်တယ်ပေါ့။ မင်း ငါ့ကို ရှင်းပြစရာမလိုဘူး။ ငါ ဘာမှ နားမလည်ဘူး”
တင်းကျိသည် သူ့ကို စိုက်ကြည့်လ်ိုက်ပြီးနောက် မတ်မတ် ပြန်ထိုင်လိုက်၏။
လင်ဝူယွီက သူ့မစ်တီးခွက်ကို စားပွဲခုံထက် အသာပုတ်နေခဲ့သည်။
"ငါ့ကို တစ်ခု ကူညီပါလား"
-
"ဒီပေါက်တက်ကရ အယူသီးမှုကို ဘယ်လိုလုပ် ကူညီပေးရမှာတုံး"
အဘွားက အသားကို ခုတ်နေရင်း သူ့ကို ဘေးသို့ တွန်း၍ ခေါင်းခါသည်။
"အဓိကဦးတည်ချက်တစ်ခုကတော့ ရှိရမယ်လေ"
တင်းကျိက ဘေး၌ နေရာဖယ်လိုက်သည်။
"ဘွားဘွား အရင်က အိမ်တစ်အိမ်က ကလေးကို ရှာဖို့ ကူညီပေးခဲ့တယ်မလား "
"အဲဒါက ဒီတိုင်း သာမန်ကာလျှံကာလေး တွက်လို့ ရလို့လား"
ဘွားဘွားက မျက်မှောင်ကြုတ်လိုက်ုက်သည်။
"တွက်လို့ မှန်ရင်တော့ ကောင်းတာပေါ့။ ရလဲ ၁၀၀% မမှန်ဘူး။ မမှန်လို့ရှိရင် တစ်ဖက်သားကို မျှော်လင့်ချက်အမှားတွေပေးပြီး မရေရာတဲ့အပျော်တွေကိုပဲ ပေးမိသွားမှာ မဟုတ်ဘူးလား။ ငါက လမ်းပေါ်က ပိုက်ဆံလိမ်စားနေတဲ့ အကြားအမြင်ဆရာမဟုတ်ဘူး"
တင်းကျိက သက်ပြင်းချလိုက်သည်။
"မင်း အရင်က ဖြစ်ခဲ့တာပဲကို"
အဘိုးက ဧည့်ခန်းထဲ တီဗီကြည့်ရင်း ရယ်လျက် ပြောလာခဲ့၏။
"ရှင် မသိပါဘူး"
အဘွားက လှည့်လိုက်သည်။
"အရင်တုန်းက အသက်ရှင်ရေးအတွက် ဝမ်းကျောင်းဖို့လိုလို့လေ! အခု ရှင်က ဝမ်းကျောင်းနေစရာ လိုသေးလို့လား"
"နှစ်ယောက်သား နောက်မှ ရန်ဖြစ်ကြပါ"
တင်းကျိက နှစ်ယောက်ကြား ဝင်ရပ်လိုက်သည်။
"အဓိကအချက်ကိုပဲ ပြောရအောင်"
"မင်း သဘောတူခဲ့တာလား"
အဘွားက မေးသည်။
"မတူခဲ့ဘူး"
တင်းကျိက ပြောလိုက်သည်။
"အိမ်ရောက်ရင် ကြိုးစားကြည့်ပေးမယ်လို့ပဲ ပြောခဲ့လိုက်တာ"
"မတောက်တခေါက်ပညာလေးနဲ့ မင်းက ကြိုးစားကြည့်မယ်?"
အဘွားက အထင်သေးစွာ နှာခေါင်းရှုံ့သည်။
"မင်းအမေသာ သိလို့ကတော့ ငါတို့ မင်းကို ကောင်းကောင်းမပျိုးထောင်ဘူးလို့ ပြောတော့မှာပဲ... မင်း ဒီည အိမ်မှာ ညစာပြန်မစားမဲ့အကြောင်း သူတို့ကို ပြောခဲ့သေးလား"
"အခု ပြောလိုက်မယ်"
တင်းကျိက ပြောလိုက်သည်။
"ဒီသနားစရာကောင်းလိုက်တဲ့ ကလေးလေး"
အဘွားက သက်ပြင်းချသည်။
"မင်းအဘိုးကို ပြောခိုင်းလိုက်။ အခုနေ မင်း သူတို့ကို သွားပြောရင် ရန်ပဲဖြစ်ကြလိမ့်မယ်"
အဘိုးက ဖုန်းကောက်ကိုင်၍ စာကြည့်မျက်မှန် တပ်ကာ ဖုန်းနံပါတ် စနှိပ်လိုက်လေတော့၏။
-
ယနေ့ ညဘက် ကိုယ်ပိုင်စာကြည့်ချိန်၌ လင်ဝူယွီသည် စာသင်ခန်းထဲ ရောက်နေခဲ့ပြီး စာပွဲခုံတစ်ခုံလုံး စာအုပ်များ၊ မေးခွန်းစာရွက်များ အပုံလိုက်၊ အထပ်လိုက်။ သူသည် ခေါင်းငုံ့ကာ စာကိုသာ စိတ်နှစ်ကိုယ်နှစ် စူးစိုက်လုပ်နေခဲ့၏။ လက်ထဲတွင်တော့ ရသာနှစ်မျိုးရေခဲမုန့်ခွက်တစ်ခွက်ကို စတီးဇွန်းဖြင့် မွှေလျက်။
"မင်း ခဏတော့ အုပ်ထားလိုက်ပါအုံး။ ပျော့သွားရင် ပိုမွှေလို့ မကောင်းဘူးလား"
ချန်မန်က ပြောလိုက်သည်။
"ပုံမှန်ဆို မင်းက ဘရိန်း ရှယ်ပြေးတဲ့သူပါ။ အခုက ဘယ်လိုဖြစ်လို့ မုန်ညင်းဆီလို ဖြစ်နေရတာလဲ"
"အရည်ပျော်နေတာ မစားချင်လို့"
လင်ဝူယွီက ဆို၏။
"ဒါဆိုလဲ ချောကလက်ဘေးက ခရင်မ်ကို ဖယ်လိုက်ပြီး တစ်ကိုက်တည်းနဲ့ စားလိုက်လေ"
ချန်မန်က ပြောသည်။
"ကိုယ်စာကိုယ် အာရုံစိုက်စမ်းပါ"
လင်ဝူယွီသည် သူ့ထံ အကြည့်တစ်ချက်ပို့လိုက်၏။
"အာရုံမစိုက်နိုင်ရင်လဲ ပုစ္ဆာတွက်တာ ပြိုင်ကြမလား"
ချန်မန်က ခုံပေါ် ဖက်ခနဲ ပြန်ထိုင်ချလိုက်သည်။
"ငါ အနိုင်ကျင့်မခံနိုင်ပါဘူး။ မင်း၊ လင်ကော ပြောသလိုပဲ။ အခုလိုအချိန်အခါမျိုးမှာ မလိုအပ်ဘဲ ကိုယ့်ကိုယ်ကိုယ် စိန်မခေါ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပျက်စီးသွားစေနိုင်တယ်"
လင်ဝူယွီက ထရယ်လေတော့ပြီး ရေခဲမုန့်ကို ဆက်မွှေလေ၏။
သူ တင်းကျိအား လူတစ်ယောက်ကို ရှာပေးရန် အကူအညီတောင်းထားခဲ့သည်မှာ ယခုဆိုလျှင် တစ်ရက်နှင့် တစ်ည ရှိသွားခဲ့ပြီဖြစ်သည်။ တင်းကျိထံမှ မည်သည့်သတင်းမှ ရောက်မလာသေး။ အချက်အလက်အတိအကျများ မပါဝင်သောကြောင့် အကြားအမြင်ဆရာတင်းမှာ လိမ်လည်ရန် အခက်တွေ့နေခြင်းဖြစ်လောက်မည်ဟု လင်ဝူယွီ တွေးလိုက်သည်။
ကံကောင်းသည်မှာကား သူက ဗေဒင်အပေါ်၌ လုံးဝ မျှော်လင့်ချက်မထားထားခြင်းပင်။
သို့ရာတွင်မူ အကြားအမြင်ဆရာတင်းသည် နောက်တစ်နေ့ နေ့လယ်ဘက် ဒုတိယအတန်းချိန်အတွင်း၌ သူ့ထံသို့ စာတစ်စောင်ပို့လာခဲ့လေ၏။
- အဲလူက ဒီဒေသတွင်းမှာ မရှိတာ ကျိန်းသေတယ်။ ပြီးခဲ့တဲ့တစ်နှစ်ဝန်းကျင်လုံးလုံး ဒီဒေသတွင်းမှာ မရှိဘူး
ထိုစာနှင့်အတူ ဗီဒိယိုတစ်ခုလည်း တွဲပို့ထားသည်။
လင်ဝူယွီသည် ကော်ရစ်တာ၌ ရပ်၍ ဗီဒီယိုကို နှိပ်လိုက်၏။
ကင်မရာကို ကြမ်းပြင်ပေါ် ချိန်ထားသည်။ သို့သော် ပန်းခြံငယ်လေးထဲ၌ ဖြစ်ကြောင်း သိသာ၏။ ကြမ်းခင်းစီထားပုံမှာ တစ်ပုံစံတည်း။
ထို့နောက် ကင်မရာမြင်ကွင်းထဲသို့ လက်တစ်ဖက်ရောက်လာသည်။ တင်းကျိ၏ အသံပါ ပါလာ၏။
"သေချာကြည့်နော်။ ငါ မင်းကို မလိမ်ဘူး"
လက်ဖဝါးထက်၌ အကြွေစေ့ ၃ စေ့ ရှိသည်။
ထို့နောက် ထိုအကြွေစေ့တို့ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ ကောက်ယူသည်။ ထပ် ပစ်ချသည်။
ကျောင်းသားများ ဖြတ်သွားနေကြသဖြင့် လင်ဝူယွီသည် သေချာအာရုံတစိုက် ကြည့်၍မရ။ မည်သို့ပင်ဆိုစေ ပစ်ချပြီးနောက် ဗီဒီယို ပြီးသွားသည်။
မရှင်းမလင်းနဲ့။
- မေးချင်တာ ရှိသေးလား
တင်းကျိက နောက်ထပ် စာတစ်စောင် ပို့လာသည်။
- မင်း ကျောင်းမတက်ဘူးလား
တင်းကျိသည် သူ့ဖုန်းထဲမှ ထိုစာကို စိုက်ကြည့်နေမိသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင်မှ တုံ့ပြန်လိုက်မိ၏။
- မင်း အဓိကက အချက်ကို အာရုံစိုက်လို့ မရဘူးလား
- အလုပ်လဲ မလုပ်ဘူးလား
တင်းကျိသည် ထိုစာကိုမြင်တော့ ဖုန်းကိုသာ အိတ်ကပ်ထဲ ပြန်ထိုးထည့်လိုက်ပြီး သက်ပြင်းချမိသည်။
လင်ဝူယွီက နောက်ထပ်သာ ဆက်ပို့လာပါက "မင်း ဒီလောက် ဉာဏ်ကောင်းတာကို ဘာလို့ ကျောင်းမတက်တာလဲ" ဟု ဖြစ်လေမလား မပြောတတ်သော်လည်း ထိုပုံစံမျိုးနှင့် ခပ်ဆင်ဆင်ဖြစ်လိမ့်မည်ဟု ခံစားမိနေသည်။ သူက ကျောင်းမတက်ခြင်း မဟုတ်သော်လည်း ရှင်းပြလိုစိတ်လည်း မရှိ။ စိတ်ရှုပ်စရာ။
မင်္ဂလာပါ ဒီက အတန်းဖော်လင်... ကျွန်တော် ကျောင်းတက်ပါတယ်။ စန်းကျုံးမှာ တက်နေပါတယ်။ အဆင့်က ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်ပါတယ်...
ထို့နောက် နားထဲ သူ့အဖေ၏အသံကို ကြားယောင်မိသွားခဲ့သည်။
မင်းက ဒီလောက်ဉာဏ်ထက်တာ။ မင်းက ဒီထက် ပိုကောင်းကောင်းရသင့်တာ။ မင်းက အပြည့်အဝ ကြိုးစားအားထုတ်မှု မရှိတာပဲ ရှိတာ။
အားး
တင်းကျိသည် သက်ပြင်းချလိုက်ပြီး ကျောပိုးအိတ်ထဲမှ ယနေ့တင် ပေးလိုက်သည့် မေးခွန်းစာရွက်ကို ထုတ်ယူ၍ မြေပြင်ပေါ် ဖြန့်ကာ ခေါင်းငုံ့လျက် စာလုပ်လေတော့၏။
"အချိန်ဆိုတာ ရွှေပဲတဲ့"
အနောက်ဘက်မှ တုန်းကြီး၏အသံ ထွက်လာခဲ့သည်။
"မင်းအလုပ်က ည ၈ နာရီ စ၊ မနက် ၂ နာရီ ပြီးတာ မဟုတ်ဘူးလား"
တင်းကျိက ပြောလိုက်သည်။
"ဘယ်လိုလုပ် ဒီအချိန်ကြီး ထွက်လာတာလဲ"
"ငါ ဒီနား ဖြတ်သွားတာ"
တုန်းကြီးက သူ့ဘေး၌ ထိုင်ချလိုက်ပြီး ရသာနှစ်မျိုးရေခဲမုန့်တစ်ခွက် ကမ်းပေးလာသည်။
"ငါ တော်တယ်မလား။ မင်းကို ဒီနား တွေ့လိုက်တာနဲ့ ချက်ချင်း အပြေးသွားပြီး မင်းအကြိုက်ဆုံး..."
"ပြော"
တင်းကျိက မြေပြင်ပေါ်မှ စာရွက်ကို ကြည့်လိုက်သည်။
"ဘာကို ပြောရမှာလဲ"
တုန်းကြီးက မေး၏။
"လာရင်းကိစ္စ"
တင်းကျိက ပြောလိုက်သည်။
"ငါ့လခွမ်း! ငါ့မှာ ကိစ္စရှိမှ မင်းကို ရေခဲမုန့်ဝယ်ကျွေးရမှာလား"
တုန်းကြီးက ရင်နာသွားသည့်ပုံနှင့်။
"မဟုတ်လို့လား"
တင်းကျိက သူ့ကို တစ်ချက် လှည့်ကြည့်လိုက်၏။
"... အဲလိုသဘောမျိုးပါပဲ"
တုန်းကြီးက ခဏမျှ စဉ်းစားလိုက်သည်။
"တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမဖြေခင် မင်းတို့တွေနဲ့အတူ လိုက်ပျော်ပါးနေဖို့ အချိန်မရှိဘူး"
တင်းကျိသည် ရေခဲမုန့်ခွက်ကို ဖွင့်လိုက်ပြီး ဇွန်းသေးသေးလေးဖြင့် အရသာနှစ်မျိုးကို ရောရန် ကြိုးစားလိုက်၏။
"တခြားတစ်ယောက် သွားရှာလိုက်"
"ဘယ်သူက ပျော်ပါးနေလို့လဲ"
တုန်းကြီးက အော်သည်။
"ဘယ်သူက ပျော်ပါးနေလို့လဲ! စကားကို ကောင်းကောင်းပြောလို့ မရဘူးလား မင်း!"
"မင်းတို့က လမ်းဘေးဖျော်ဖြေရေးသမားတွေ မဟုတ်ဘူးလား"
တင်းကျိက မေးလိုက်သည်။
"ဟုတ်တယ်လေ"
တင်းကျိက ပြန်ဖြေ၏။
"မင်းတို့ သီချင်းတောင်းဆိုခ ပိုက်ဆံရတယ်မလား"
တင်းကျိက ထပ်မေးသည်။
"အင်းလေ"
တုန်းကြီးက ဖြေသည်။
"အဲဒါဆို မင်းတို့"
တင်းကျိက စကားဆက်သည်။
တုန်းကြီးက သူ့ကို စကားဖြတ်ပြောလိုက်၏။
"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ မင်းမှာ အချိန်မရှိဘူးဆိုလဲ မရှိဘူးပေါ့။ ငါက ဒီတိုင်း သိချင်ရုံလေးပဲ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရမယ်မှန်းတော့ မင်းကိုယ်မင်း သိသေးသားပဲ။ အရင်ကလဲ မင်း တလေးတနက်ကြီး အာရုံစိုက်နေတာ မမြင်ဖူးလို့။ မသိတဲ့သူဆိုရင် မင်းက အကြားအမြင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်တော့မယ်လို့တောင် အထင်မှားနေကြမှာ"
တင်းကျိက ကျစ်တစ်ချက်သပ်လိုက်သည်။
"မင်း ငါ့ကို နေ့တိုင်း မြင်နေရလို့လား။ စကားက အရမ်း ပစ်စလတ်ခတ်နိုင်ချက်ပဲ"
တုန်းကြီးသည် ညဘက်၌ ပန်းခြံငယ်လေးတွင် ဖျော်ဖြေတင်ဆက်သည်။ ထို့ကြောင့် ဆွဲထည့်ခံရပြီး လူဖြည့်လုပ်ပေးရမည့်ကိစ္စကို ယာယီရှောင်ရှားရန် တင်းကျိသည် ထုပ်ပိုးသိမ်းဆည်း၍ ပန်းခြံထဲမှ ထွက်လာခဲ့လိုက်၏။ လင်ဝူယွီက လူရှာသည့်ကိစ္စနှင့်ပတ်သတ်၍ သူ့ကို ထပ်မမေးလာခဲ့လိုက်တော့ပေ။ မောဘက်မှ မနက်ဖြန် လျှပ်စစ်မီးဖိုလာထုတ်ရမည့် အချိန်ကို ဖုန်းဆက်လာကြောင်းသာ ပြောခဲ့သည်။ သူတို့သည် ညနေ ၆ နာရီ ရှင့်ကျားအပေါက်ဝ၌ ဆုံရန် စီစဉ်လိုက်ကြ၏။
သို့သော်လည်း ဗေဒင်ဟောသည်ပင် ဖြစ်စေ၊ လက္ခဏာတွက်သည်ပင် ဖြစ်စေ တစ်ခါတစ်ရံ၌ အားလုံးက အတော်လေးပင် အံ့ဖွယ်ကောင်းလှ၏။ တင်းကျိသည် ခန့်မှန်းမှုတစ်ဝက်၊ တွက်ချက်မှုတစ်ဝက်ဖြင့် လင်ဝူယွီရှာနေသောသူမှာ အစ်ကို သို့မဟုတ်၊ အစ်မ ဖြစ်လိမ့်မည်ဟု ထင်မိ၏။
သေချာပေါက် သူ့ကို မတွက်ကြည့်လျှင်လည်း ခန့်မှန်း၍ကား ရလုနီးနီးပါပင်။ လင်ဝူယွီ ထိုလူအကြောင်းကို ပြောခဲ့စဉ်က သိမ်မွေ့သော အသေးစိတ်အကြောင်းအရာများမှာ တော်ရုံ သတိပြုမိဖွယ်ရာ မရှိပေ။ ပြီးခဲ့သောတစ်ခေါက်က မောင်နှမအကြောင်းပြောတော့ သူ၏ တုံ့ပြန်ပုံ၌တွင်လည်း အတူတူပင်။ စွန့်ပစ်ခံကလေးများအပေါ် လင်ဝူယွီ၏ တုံဏှိဘာဝေစိတ်နေသဘောထားမှာ ထိုကိစ္စနှင့် သေချာပေါက် ဆက်စပ်နေလိမ့်မည်ဟုပင် တင်းကျိခံစားရသည်။
များများစားစား ထပ်မေး၍ မကောင်း၍သာ။ မည်ကဲ့သို့သော မိသားစုအသိုင်းအဝိုင်းပင် ဖြစ်စေ တစ်ယောက်ယောက် ပျောက်ဆုံးနေသည်မှာကား သူစိမ်းလူတို့ သာမန်ကာလျှံကာ သွားထိ၍ရသော ဒဏ်ရာမျိုး မဟုတ်ပေ။
"ငါ နောက်ကျသွားလား"
လင်ဝူယွီသည် ရှင့်ကျားအပေါက်ဝရှေ့သို့ ရောက်တော့ တင်းကျိက လှေကားထစ်ပေါ်၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ မျက်နှာထက်၌ ပျင်းလွန်း၍ သေတော့မည့် အမူအရာနှင့်။ ဤပုံစံအနေအထားမှာ သူသည် နေရာ၌ စောင့်နေသည်မှာ မိနစ် ၂၀ ခန့် ကြာသွားခဲ့ပြီဖြစ်ဟန်ရှိသည်။
သူက အလျင်အမြန်ပင် အချိန်ကို ကြည့်ကြည့်လိုက်သည်။
"နောက်မကျဘူး"
တင်းကျိက ထရပ်လိုက်သည်။
"ငါ စောရောက်နေတာ"
"ဒါဆို ဝင်ရအောင်လေ"
လင်ဝူယွီက ပြောလိုက်သည်။
"ID ကတ်နဲ့ အဲကူပွန်ပဲ မလား"
"အင်း"
တင်းကျိက ခေါင်းညိတ်၏။
"မင်းအချိန်တွေ ယူမိလို့ ဆောရီး"
"ဘယ်လိုဖြစ်လို့ ရုတ်တရက် ကောက်ကာငင်ကာကြီး အရမ်းတွေ ယဉ်ကျေးသွားရတာတုံး"
လင်ဝူယွီက အနည်းငယ်ဇဝေဇဝါနှင့် သူ့ကို ကြည့်လိုက်သည်။
"အဲနေ့က မင်း ငါ့ကို ကိုလာတစ်ဘူး တိုက်ထားတာပဲလေ"
"စကားကို အမှန်ပြော!"
တင်းကျိက ချက်ချင်းပင် အသံကျယ်သွားခဲ့လေ၏။
"ပြီးတော့ မစ်တီးနဲ့ မုန့်တွေပါ"
လင်ဝူယွီက ထပ်ဖြည့်ပြောလိုက်သည်။
"ပြီးတော့ မင်းအတွက် ကံကြမ္မာဟောကွက်တစ်ခုလဲ တွက်ပေးခဲ့သေးတယ်!"
တင်းကျိက ပြောလိုက်သည်။
"ပြီးတော့ နောက်ထပ်လဲ တစ်ကွက်ဆွဲပြီး ထပ်တွက်ပေးခဲ့သေးတယ်! ငါ့ဦးနှောက်ဆဲလ်တွေကို ဘယ်လောက်တောင် သုံးခဲ့ရလဲ"
လင်ဝူယွီက စကားဆက်မဆိုလာခဲ့လိုက်တော့။
ထိုနေ့က တင်းကျိ ပို့လာသော စာမှာ အမှန်အတိုင်း ဝန်ခံရလျှင် သူ့အား အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားစေခဲ့မိသည်။
သူသည် ရှာတွေ့ရန် အမှန်ပင် မျှော်လင့်ချက်မထားထားသည့်တိုင် ထိုလူက ဒေသတွင်း၌ မရှိတော့သည်မှာ နှစ်အနည်းငယ်ရှိသွားခဲ့ပြီဖြစ်ကြောင်း တင်းကျိက ပြောလာခဲ့သည်ကို မြင်လိုက်ရချိန်တွင်တော့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ့အား အနည်းငယ် စိတ်အဆင်မပြေဖြစ်သွားစေခဲ့သည်။
မောမှ လျှပ်စစ်မီးဖိုကို ထုတ်ကာ ပြန်ထွက်လာခဲ့တော့ လင်ဝူယွီသည် မနေနိုင်ဘဲ မေးလိုက်မိလေတော့၏။
"မင်းတွက်တာတွေ မှန်လား"
"အဲဒါတော့ သေချာမပြောတတ်ဘူး"
တင်းကျိက လျှပ်စစ်မီးဖိုကို ကိုင်ထားသည်။
"ငါ ပြောနိုင်တာဆိုလို့ ငါတွက်လို့ ထွက်လာတဲ့ အဖြေကတော့ အဲအတိုင်းပဲ။ အဲလူက ဘယ်ရောက်နေလဲ သိချင်သေးတယ်ဆိုရင်တော့ ငါ လုံးဝ မလုပ်တတ်တော့ဘူး။ မင်းဘာသာပဲ လေ့လာလိုက်တော့"
လင်ဝူယွီက ပြုံးလိုက်ပြီး စကားပြောရန် အပြင်၌ တင်းကျိက သူ့ဘက်သို့ ခေါင်းလှည့်ကြည့်လာ၏။
"သွားမယ်။ ရေသွားသောက်ရအောင်"
"ငါ ရေမသောက်ဘူး"
လင်ဝူယွီက ဆိုသည်။
တင်းကျိက သူ့ကို ကိုယ်ပါ လှည့်၍ ကြည့်လိုက်လေ၏။
"တစ်ခုခု သောက်မယ်၊ မစ်တီး သောက်မလား၊ ..."
"ငါ တစ်ခုခု စားချင်တယ်"
လင်ဝူယွီက ပွင့်ပွင့်လင်းလင်းပင် ဖြေသည်။
"မင်းက ငါ့ကို မင်းကို ညစာလိုက်ကျွေးစေချင်တာလား"
တင်းကျိက မေးလိုက်သည်။
"မဟုတ်ဘူး"
လင်ဝူယွီက သက်ပြင်းချ၏။
"ထားလိုက်တော့။ ငါ မင်းကို ကျွေးမယ်။ အကင်ချောင်း... ဒီနား စားကောင်းတာ တစ်ဆိုင်ဆိုင်ရှိလား"
"မေးတဲ့သူ မှန်သွားပြီ"
တင်းကျိက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
"ဒီနေရာက ငါ ပိုင်တယ်။ သွားမယ်!"
"ငါက မင်းကို ပန်းခြံသေးသေးလေးနားတစ်ဝိုက်ပဲ လျှောက်သွားနေတယ် ထင်လိုက်တာ"
လင်ဝူယွီက သူ့နောက်မှ လိုက်လာ၏။
"ငါက နေရာပေါင်းစုံ လျှောက်သွားနေတာ"
တင်းကျိက ပြောလိုက်သည်။
"မင်း တွေးလို့ရသမျှ နေရာတိုင်းမှာ ငါ့အသိမိတ်ဆွေ ရှိတယ်"
"ဟုတ်လား"
လင်ဝူယွီက ပြုံး၏။
တင်းကျိသည် သူ့ကို ဆိုင်ရှေ့မျက်နှာစာ အကျယ်ကြီးရှိသည့် ဆိုင်တစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။ အကင်ချောင်းအနံ့တို့က လေထဲ မွှေးကြိုင်သင်းပျံ့လျက်။
ညစာစားချိန်၌ ဆိုင်ထဲ လူသိပ်မများပေ။ သူတို့သည် စားပွဲဝိုင်းအသေးလေးတစ်ဝိုင်း ရှာကာ ထိုင်လိုက်ကြသည်။ စားပွဲထိုးက အကင်ချောင်းတို့ကို လာချပေးတော့ တင်းကျိက ဘီယာဘူးနည်းနည်း မှာလိုက်ပြီး ငွေချေရန် ဖုန်းထုတ်လိုက်၏။
"ငါပေးလိုက်မယ်"
လင်ဝူယွီက လက်ဆန့်၍ စားပွဲပေါ်မှ QR Code ကို အုပ်လိုက်သည်။
"ငါ ရှင်းနိုင်ပါတယ်"
တင်းကျိက ပြောလိုက်သည်။
"လျှပ်စစ်မီးဖိုတစ်ခုဖိုးလောက်တော့"
"မင်း ဒီလျှပ်စစ်မီးဖိုအတွက် ဝယ်ကျွေးတာက ဝယ်လိုက်တဲ့ သဘောပဲ"
လင်ဝူယွီက ပြောလာသည်။
"မင်းအဘွားက ပိုက်ဆံပေးစရာမလိုဘဲ လိုချင်တာ မဟုတ်ဘူးလား"
တင်းကျိက ရယ်လိုက်လေ၏။
"မင်းမှာလဲ အလုပ်မရှိဘဲနဲ့"
လင်ဝူယွီက ဖုန်းထုတ်၍ QR ကုတ်ကို စကန်ဖတ်လိုက်သည်။
"ပိုက်ဆံကို ချွေတာသုံး"
"အဲတော့ မင်းမှာ အလုပ်ရှိတယ်ပေါ့?"
တင်းကျိက မေးလိုက်သည်။
"ငါက ကျောင်းသား။ တရားဝင် မုန့်ဖိုးရပေါက်ရှိပြီးသား"
လင်ဝူယွီက ဆို၏။
"အချိန်ပိုင်းအလုပ်လဲ ရှိတယ်"
ဆိုရပါလျှင် လင်ဝူယွီသည် သူ့အပေါ် ကြီးကြီးမားမားအထင်လွဲမှားမှုများ ရှိသည့်တိုင်အောင် သူ၏ ဤကဲ့သို့ ပြောသမျှ အယုံလွယ်တတ်သူတစ်ဦးနှယ် တွေးခေါ်ပုံမှာကား တင်းကျိအား အင်မတန် ရင်ထဲထိသွားစေသေးဆဲ။
"ကောင်းပြီလေ"
တင်းကျိက ဖုန်းကို ချလိုက်ပြီး ဘီယာတစ်ဘူးဖောက်၍ လင်ဝူယွီရှေ့ ထားပေးလိုက်သည်။
"ကျေးဇူးပဲ"
"အရက်မသောက်ဘူး"
လင်ဝူယွီက ဆို၏။
"မင်း ကားမောင်းတာလား"
တင်းကျိက မေးလိုက်သည်။
"... ငါ ဒီတိုင်းပဲ မသောက်တာ"
လင်ဝူယွီက သက်ပြင်းချသည်။
"ပြီးတော့ ငါ ဒီည စာလုပ်စရာလဲ ရှိသေးတယ်"
"ပင်ပန်းလိုက်တာနော်"
တင်းကျိက သာမန်ကာလျှံကာပင် ဆိုလိုက်သည်။
"မင်းမှာ အလုပ်တစ်ခုခုလုပ်ဖို့ အချိန်ရှိလား"
လင်ဝူယွီက ဆိုသည်။
"ဒါမှမဟုတ် သင်ယူဖို့ ဖြစ်ဖြစ်"
"ဘာဖြစ်လို့လဲ"
တင်းကျိက ဘူးကို ကောက်ယူ၍ တစ်ငုံသောက်လိုက်သည်။
"အဲတော့ မင်း ပိုက်ဆံ ဘယ်လိုရှာလဲ"
လင်ဝူယွီက မေးလာသည်။
"ရုပ်လက္ခဏာဖတ်ပြီး ဗေဒင်ဟောတာမျိုးနဲ့လား။ အခုခေတ်က လူတွေကို လိမ်ဖို့ မလွယ်တော့ဘူး"
တင်းကျိသည် ရယ်၍ နှုတ်ခမ်းထောင့်မှ ဘီယာအမြှုပ်တို့ကို သုတ်လိုက်၏။
"မင်း မထင်နဲ့နော်။ တစ်ခါတစ်လေကျ အဲဒါက အရမ်းပျော်စရာကောင်းတာ။ ငါ မင်းကို တစ်ခု ပြောပြမယ်။ ငါ ငယ်ငယ်တုန်းက အိမ်နီးနားချင်းတစ်ယောက်အကြောင်း"
"အင်း?"
လင်ဝူယွီက စိတ်ဝင်တစားဟန်နှင့်။
"အဲအဘိုးကြီးက ပြောတယ်။ သူက ရောဂါတွေကုသပေးနိုင်တဲ့ မောင်ရှန်းတောင်က တောက်ဘုန်းတော်ကြီးဖြစ်ခဲ့တာတဲ့။ ငါတို့လမ်းကလေးတစ်ယောက် ခေါင်းကိုက်တော့ သူ့အမေက သူ့ကို အဲအဘိုးကြီးအိမ်ကို ခေါ်သွားတာ"
တင်းကျိက သိုးကင်တစ်ချောင်းကို တတိတိဝါးစားလိုက်သည်။
"အဘိုးကြီးက မြေကြီးပေါ်မှာ လေ၊ မီး၊ မိုးကြိုးဆိုပြီး စာလုံး ၃ လုံး ချရေးလိုက်တယ်။ ပြီးတော့ စာလုံးပေါ် တုတ်ချောင်းတစ်ချောင်းနဲ့ ပုတ်ပြီး သူ့ကို မေးတယ်။ နာသေးလား"
"နာတယ်"
လင်ဝူယွီက ပူးပေါင်းပေးသည်။
တင်းကျိက ခေါင်းညိတ်လိုက်၏။
"အဘိုးကြီးက စာလုံးနောက်တစ်လုံး ပြောင်းပြီး ထပ် ပုတ်တယ်။ နာသေးလား"
"သက်သာလာသလိုပဲ"
လင်ဝူယွီက ဆက်လက်ပူးပေါင်းပေးဆဲ။
"တော်တယ်"
တင်းကျိက သူ့ကို လက်မထောင်ပြလိုက်သည်။
"နောက်ထပ် နည်းနည်း ထပ်ပုတ်ပြီးသွားတော့ တုတ်ချောင်းကို ကိုင်ပြီး မြေကြီးထဲ ထောင်နေအောင် စိုက်လိုက်တယ်။ ကလေးက ပြောတယ်။ မနာတော့ဘူးတဲ့"
"စိတ်ပိုင်းဆိုင်ရာ သွယ်ဝိုက်လွှမ်းမိုးမှုပဲ"
လင်ဝူယွီက ဆိုသည်။
"ကလေးတွေက စိတ်ပိုင်းဆိုင်ရာ သွယ်ဝိုက်လွှမ်းမိုးမှုကို တော်တော်လေး လက်ခံလွယ်ကြတယ်"
"အဲတုန်းက ငါတွေးခဲ့သေးတယ်"
တင်းကျိက မေးထောက်လိုက်သည်။
"တကယ်လို့ ငါ ပြောင်းပြန်လုပ်ခဲ့ရင်ရော?"
"ဘယ်လိုပြောင်းပြန်လုပ်တာလဲ"
လင်ဝူယွီက မေးလာ၏။
"ငါက ကလေးကို ငါလဲ လုပ်တတ်တယ်လို့ ပြောလိုက်တယ်။ ငါက အဘိုးကြီးရဲ့ အထူးတပည့်လို့"
တင်းကျိက ပြောလိုက်သည်။
"သူ့တစ်ဘဝလုံးစာ အထူးပညာရပ်တွေကို ငါ့ကို လက်ဆင့်ကမ်းပေးထားတာ။ အဘိုးကြီးက လျှို့ဝှက်ပညာရပ်တွေကို ငါ့ငယ်ထိပ်ပေါ် ဖိအုပ်ပြီး ထည့်ပေးထားတာလို့တောင် ငါ သူ့ကို ပြောလိုက်သေးတယ်"
လင်ဝူယွီက ကြက်တောင်ပံအကင်ချောင်းတစ်ချောင်းကို ကိုင်လျက် ဝါးလုံးကွဲအော်ရယ်လေတော့သည်မှာ စားပင် မစားနိုင်တော့သည်အထိ။
"ဟောလ်~"
တင်းကျိက လက်ဖြင့် စားပွဲပေါ် ဖိ၍ ပုံစံကို လုပ်ပြသည်။
"ဒီလိုမျိုး အဖိခံရတာလို့။ ကလေးက ငါ့ကို တန်းယုံကြည်သွားရော။ အဲဒါနဲ့ ငါက လာ... ငါ မင်းအတွက် စာလုံးနည်းနည်း ရေးပေးမယ်လို့ ပြောလိုက်တယ်"
"ဘာရေးခဲ့လဲ"
လင်ဝူယွီက ရယ်ရင်း မေးသည်။
"အကြီး၊ အလယ်အလတ်၊ အသေး"
တင်းကျိက ဆို၏။
"အဲတုန်းက ငါက မူကြိုပဲ ရှိသေးတယ်။ စကားလုံး အတော်များများကိုတော့ သိနေပြီဆိုပေမဲ့ ရေးတော့ မရေးတတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် သူလဲ မသိဘူးလေ။ ရေးလို့ပြီးတော့ ငါက စာလုံးတွေကို ပုတ်ပြီး မင်း ခေါင်းနာနေတာလား လို့ မေးလိုက်တယ်"
လင်ဝူယွီမှာ အသံပင်ထွက်သည်အထိ အော်ရယ်လေတော့သည်။
"ကလေးက နည်းနည်းနာတယ် ထင်တယ်လို့ ပြောလား"
တင်းကျိကလည်း ရယ်လိုက်၏။
"ငါ ၃ ခေါက် ပုတ်လိုက်သေးတယ်။ နောက်ဆုံးတစ်ခေါက် ပုတ်လိုက်ပြီးတော့ ငါက မင်း အခု ခေါင်းက ပေါက်ကွဲတော့မတတ် နာတော့မယ် လို့ ပြောလိုက်ရော။ နောက်တော့ တုတ်ချောင်းလေးကို မြေကြီးပေါ် စိုက်ချလိုက်တယ်။ ဟောလ်~ သနားစရာလေး။ အဲကလေးကလေ ခေါင်းကိုင်ပြီး ပြေးသွားတော့တာပဲ"
"နာသွားလား"
လင်ဝူယွီမှာ အရယ်ကို မနည်းထိန်းထားရသည်။
"တစ်ညလုံး နာတာလေ။ သူ့အမေက ငါ့ကို ဆော်ပလော်တီးဖို့ ရောက်လာရော"
တင်းကျိက သိုးကင်တစ်ကိုက် စားလိုက်သည်။
"မင်း သူ့ကို အဲမြေကြီးပေါ်က တုတ်ချောင်းကို ဆွဲနုတ်လိုက်ရင် ပျောက်သွားလိမ့်မယ်လို့ ပြောလိုက်ရမှာ"
လင်ဝူယွီက အတည်ပေါက်ကြီး ဆိုလာခဲ့လေ၏။
"ငါ့လခွမ်း!"
တင်းကျိက ရယ်လေတော့သည်။
"မင်း အဲလိုဟာမျိုး လုပ်ဖူးတာလား! သေချာသိလှချည်လား"
"မလုပ်ဖူးဘူး"
လင်ဝူယွီက ခေါင်းခါပြသည်။
"ငါ ငယ်ငယ်တုန်းက မင်းလောက်... ဉာဏ်မကောင်းဘူး"
တင်းကျိက စကားဆက်မဆိုလိုက်တော့ဘဲ ပြုံးရုံသာ ပြုံးလျက် သိုးကင်ကို နောက်တစ်ကိုက်စားလိုက်၏။
လင်ဝူယွီ ဖျပ်ခနဲ တန့်သွားခဲ့ပုံမှာ သူက ကလေးပါရမီရှင် ဟု အခေါ်ခံရသည်ကို မကြိုက်ကြောင်း သူ သိသောကြောင့် "ဉာဏ်ကောင်း" ဆိုသော စကားလုံးကို ရှောင်ရန် ဖြစ်မည်။
သူသည်လည်း ဉာဏ်ကောင်းသည်ဟု ချီးကျူးမခံလိုကြောင်း ခန့်မှန်းလိုက်မိကာ တင်းကျိသည် ဘီယာဘူးကို ကောက်ကိုင်၍ ကြက်တောင်ပံကို ကိုင်ထားသော လင်ဝူယွီ၏လက်ကို အသာတိုက်လိုက်ပြီး တစ်ငုံသောက်လိုက်၏။
-
လင်ဝူယွီ အဆောင်သို့ ပြန်ရောက်တော့ ထုံးစံအတိုင်း အကင်နှစ်ထုပ် သယ်လျက် ကင်းတဲကို လေ၏အလျင်နှင့် အပြေးအလွှား ဖြတ်သည်။ တစ်ခုတည်းသော မတူညီမှုမှာကား ယနေ့ သူသည် လက်ထဲ၌ စာအုပ်တစ်အုပ်ပါ အပိုပါလာခဲ့ခြင်းပင်။
တင်းကျိသည် အဘယ်ကြောင့်ရယ်မသိ၊ ထို လက္ခဏာဗေဒ၏ ဆန်းကြယ်မှုစာအုပ်ကို သွားလေရာနေရာတိုင်း အမြဲ ယူသွားတတ်သည်။
ယနေ့ အကင်စားပြီးသည့်နောက်တော့ ဆန်းကြယ်လှစွာပင် လင်ဝူယွီအား စာအုပ်ကို ကမ်းပေးလာခဲ့၏။
"မင်း ဖတ်ချင်နေတာမလား။ မင်းကို ပေးဖတ်လိုက်မယ်။ ၃ ရက်ပဲ ရမယ်။ မင်း စာလုပ်တာ ထိခိုက်ရင် ငါ့တာဝန်မဟုတ်ဘူးနော်"
လင်ဝူယွီမှာ သူ၏အမူအရာကို ကြည့်ကာ သိုင်းလောက၏ နောက်ဆုံးသော ဒဏ္ဍာရီလာဆရာကြီးထံမှ လျှို့ဝှက်သိုင်းကျမ်းလက်ရေးမူကို ကိုယ်တိုင်ကိုယ်ကျလက်လွှဲပေးအပ်လာမှုကို လက်ခံလိုက်ရသကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ခံစားလိုက်ရ၏။
အကင်နှစ်ထုပ် သယ်လျက် အဆောင်သို့ ပြန်ရောက်ချိန်၌ ကိုယ်ပိုင်စာကြည့်ချိန် ပထမပိုင်း မပြီးသေးပေ။ လင်ဝူယွီသည် တစ်ထုပ် ခွဲသယ်၍ ဘေးခုံပေါ်သို့ ပစ်တင်ရန် ပြင်ကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်ချိန် ဘေးခန်းတံခါးကလည်း ပွင့်လာခဲ့ပြီး ရွှီထျန်းပေါ်က ခေါင်းပြူထွက်လာခဲ့သည်။
"ငါ ညဘက် လူတွေကို ရူးသွားစေနိုင်တဲ့ အနံ့တစ်ခု ရလို့"
"နှာခေါင်းက ကောင်းချက်ပဲ"
လင်ဝူယွီက အကင်တစ်ထုပ် ကမ်းပေးလိုက်သည်။
"ကိုယ်ပိုင်စာကြည့်ချိန် မသွားဘူးလား"
"အခုပဲ သွားမလို့"
ရွှီထျန်းပေါ်က ဆိုသည်။
"အခုမှ ရေချိုးပြီးတာ။ နောက်ပိုင်း လူအုပ်လိုက်ကြီး အလုအယက်ရောက်လာတာနဲ့ မတိုးအောင်... မင်း ကိုယ်ပိုင်စာကြည့်ချိန် သွားတက်တာလား"
"မသွားဘူး။ အခန်းထဲ ခဏလောက် စာအုပ်တစ်အုပ်ဖတ်မလို့"
လင်ဝူယွီက ပြောလိုက်သည်။
"ဘာစာအုပ်လဲ"
ရွှီထျန်းပေါ်က မေးလာ၏။
"လေ့လာစရာ စာအုပ်တစ်အုပ်ပါပဲ"
လင်ဝူယွီက ပြုံးလိုက်သည်။
"ဘယ်အကြောင်းလေ့လာစရာ စာအုပ်လဲ"
ရွှီထျန်းပေါ်ကလည်း ပြုံးလိုက်၏။
"မင်းအသံက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် လေ့လာစရာစာအုပ်တစ်အုပ်နဲ့ မတူဘူး"
"ရုပ်လက္ခဏာဗေဒင်"
လင်ဝူယွီက လည်ချောင်းရှင်းလိုက်သည်။
"... ကောင်းသားပဲ"
ရွှီထျန်းပေါ်က သူ့ကို လက်မထောင်ပြ၏။
"မင်းကတော့ ဒဏ္ဍာရီလာပဲ"
"ပညာရပ်တွေအများကြီးတတ်ထားလို့ အကျိုးမယုတ်ဘူး။ ရွေးချယ်စရာလမ်းတွေ ပိုများတာပေါ့"
လင်ဝူယွီက တည်တည်ကြည်ကြည်ပင် ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ"
ရွှီထျန်းပေါ်က သူ့ပခုံးကို ပုတ်လိုက်ပြီး လှေကားထစ်ဆီသို့ လျှောက်သွားလေ၏။
"ဖွင့်တဲ့အခါကျ ငါ့ကို ၂၀% ဒစ်စကောင့်ပေးဖို့ မမေ့နဲ့နော်"
"စိတ်ချလိုက်"
လင်ဝူယွီက ခေါင်းညိတ်ပြလိုက်သည်။
ရွှီထျန်းပေါ် ထွက်သွားပြီးနောက် အထက်တန်းတတိယနှစ်အဆောင်၏ ကော်ရစ်တာပေါ်၌ လင်ဝူယွီတစ်ဦးတည်းသာ ကျန်ရစ်ခဲ့လိုက်တော့၏။ ပြင်းထန်လှသော ဖိအားကိုပင်လျှင် ခံစားရစေနိုင်သည်အထိ တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ သူသည် လက်ရန်းပေါ် မှီလျက် ရွှီထျန်းပေါ် စာသင်ခန်းသို့ ပြေးသွားသည်ကို ကြည့်နေခဲ့မိသည်။
လုံ့လဝိရိယရှိသော၊ ကိုယ်ပိုင်စည်းကမ်းတင်းကျပ်မှု ရှိသော၊ လေးနက်မှုရှိသော၊ အလျင်လိုနေသည့် ကျောင်းသားကောင်းတစ်ယောက်။
တင်းကျိက မျက်နှာဖတ်ရန် စမ်းကြည့်ဖူးလေသလားတော့ မပြောတတ်ပေ။ ဆင်တူသော လူနှစ်ယောက်သည် ရုပ်လက္ခဏာအားဖြင့်တော့ ကွဲပြားမှုရှိလိမ့်မည်။ ရုပ်ရည်သွင်ပြင်အားဖြင့် ဆင်တူမှုရှိသည့်တိုင် အကျင့်စရိုက်နှင့် ဘဝအခြေအနေတို့ကတော့ အတိကွဲပြားသည်။
လင်ဝူယွီသည် လက်ရန်းပေါ် ခဏမျှ မှီနေခဲ့ပြီးသည့်နောက် အခန်းထဲသို့ ပြန်ရန် လှည့်ရန်အပြင်၌ အိတ်ကပ်ထဲမှ ဖုန်းက တုန်ခါလာခဲ့သည်။
ထုတ်ကာ ကြည့်ကြည့်လိုက်စဉ် ဆရာလင်ထံမှ ဖုန်းခေါ်လာခြင်း ဖြစ်ကြောင်း တွေ့လိုက်ရတော့ အနည်းငယ် အံ့အားသင့်မိသွားခဲ့၏။
"လင်ကော?"
သူ ဖုန်းကိုင်လိုက်သည်။
"မင်း ကျောင်းမှာလား"
ဆရာလင်က မေးလာသည်။
"အဆောင်မှာ"
သူ ပြောလိုက်၏။
"ငါ မင်းဆီ လာခဲ့မယ်"
ဆရာလင်က ဆိုသည်။
"ဘာဖြစ်လို့လဲ"
လင်ဝူယွီ မျက်မှောင်ကြုတ်လိုက်မိ၏။
"နေ့လယ်က မင်းအဖေ ရောက်လာတယ်"
ဆရာလင်က ပြောလာခဲ့သည်။
"ငါ မင်းဆီ အသေးစိတ် လာပြောပြမယ်"
*
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။
တင်းကျိအပေါ် လင်ဝူယွီ၏ ပထမဆုံးအမြင် - လိမ်စား
ဒုတိယမြောက် အမြင် - အိမ်က လျှပ်စစ်မီးဖိုတောင် မဝယ်နိုင်လောက်တဲ့အထိ ခက်ခဲနေရှာသူ
တတိယမြောက်အမြင် - ကျောင်းလဲ မတက်ရရှာ၊ အလုပ်လဲ မရှိရှာသူ
ဆရာသမား တင်းကျိအပေါ် လင်ဝူယွီရဲ့ စတုတ္တမြောက် အမြင်ကရော ဘာဖြစ်လေအုံးမလဲ
_______________________________
|| Zawgyi ||
အပိုင္း ၈ - သူ၏ ဤကဲ့သို႔ ေျပာသမွ် အယုံလြယ္တတ္သူတစ္ဦးႏွယ္ ေတြးေခၚပုံမွာကား တင္းက်ိအား အင္မတန္ ရင္ထဲထိသြားေစေသးဆဲ။
___________
တင္းက်ိ၏ ခန႔္မွန္းမႈက သူ႕ကို ႏွလုံးခုန္သံတို႕ စည္းခ်က္တစ္ခ်က္ လြဲသြားေစခဲ့သည့္တိုင္ လင္ဝူယြီက တင္းခံေနေသးဆဲ။
"မင္း တြက္ၾကည့္လို႔မဘူးလား"
"မေမးဘဲနဲ႕ ငါက ဘယ္လို ခန႔္မွန္းလို႔ရမွာလဲ"
တင္းက်ိသည္ သူ႕ကို ၾကည့္ကာ အခ်ိန္ခဏၾကာသည္အထိ ေစာင့္ေနခဲ့ေသာ္လည္း လင္ဝူယြီက မည္သည့္စကားမွ ဆိုမလာခဲ့ေပ။ သူက က်စ္တစ္ခ်က္သပ္လိုက္သည္။
"ေကာင္းၿပီေလ။ ငါ တြက္ၾကည့္မယ္"
ထို႔ေနာက္ သူက ေကာင္တာမွ ေဘာပင္ႏွင့္ စာ႐ြက္ သြားေတာင္းသည္။
".... မင္း အခု တြက္တာက"
လင္ဝူယြီက သူ႕ကို ၾကည့္လိုက္သည္။
"ေဖာ္ျမဴလာေတြ သုံးဖို႔ လိုတာမ်ိဳးလား။ ေဘာပင္နဲ႕ စာ႐ြက္ လိုတာလား"
"ငါ့ကို လာမေႏွာင့္ယွက္နဲ႕"
တင္းက်ိက ေျပာလိုက္သည္။
"အြန္း"
လင္ဝူယြီက အင္းသံ တုံ႕ျပန္၍ ဘီစကစ္ေသးေသးေလးတစ္ခ်ပ္ကို ယူကာ ျဖည္းျဖည္းခ်င္းစားေနလိုက္သည္။
တင္းက်ိက စာ႐ြက္ေပၚ၌ မ်ဥ္းေၾကာင္းမ်ား စဆြဲေလ၏။ လင္ဝူယြီ တစ္ခ်က္ၾကည့္လိုက္ေတာ့ သူက ဂမၻီယ ၈ စိတ္အကြက္* ေရးဆြဲေနျခင္းျဖစ္ေၾကာင္း သိလိုက္ရသည္။ မည္သည့္အကြက္အမ်ိဳးအစားမ်ိဳး ဆြဲေနေၾကာင္းကို အတိအက်မဆိုနိုင္သည့္တိုင္ တင္းက်ိက အလိမ္အညာေတာ့ အေတာ္ေလးေတာ္လွသည္ဟု ေတြးလိုက္မိ၏။
"ငါ့အဘြားသာဆို မ်က္လုံးေလးတစ္ခ်က္မွိတ္လိုက္႐ုံနဲ႕ ရတယ္။ ငါက ဝါသနာရွင္အဆင့္ပဲမို႔ ပုံၾကမ္းတစ္ခု ဆြဲဖို႔လိုတယ္"
ခဏအၾကာ၌ တင္းက်ိက ဆြဲ၍ၿပီးသြားခဲ့ၿပီး စာ႐ြက္ကို ခဏမွ် စိုက္ၾကည့္ေနခဲ့ၿပီးေနာက္ ေမာ့ၾကည့္လာခဲ့သည္။
လင္ဝူယြီသည္ ဘီစကစ္ကို ပါးစပ္ထဲ ထည့္လိုက္ၿပီး အနည္းငယ္ စိတ္ဝင္တစားႏွင့္ ေမးလိုက္၏။
"တြက္ၿပိီးၿပီလား"
"အင္း"
တင္းက်ိသည္ ေခါင္းငုံ႕၍ စာ႐ြက္ကို လုံးေျခကာ အနားရွိ အမွိုက္ပုံးထဲ ပစ္ထည့္လိုက္သည္။
"ငါ ဘာလာလုပ္တာလဲ"
လင္ဝူယြီက ေမးလိုက္သည္။
"လူတစ္ေယာက္ကို လာရွာတာ"
တင္းက်ိက ဆို၏။
လင္ဝူယြီက စကားမဆိုဘဲ မစ္တီးနည္းနည္း ေသာက္လိုက္ၿပီးေနာက္ ရယ္သည္။
ခဏၾကာသည္အထိ အရယ္မရပ္။
"မင္းပဲ ငါ့ကို တြက္ခိုင္းတာေလ"
တင္းက်ိသည္ ခုံေပၚ မွီထိုင္ကာ လက္ပိုက္လိုက္၏။
"တြက္ဖို႔မလိုပါဘူးလို႔ ငါေျပာသားပဲ"
"ေကာင္းၿပီေလ"
လင္ဝူယြီက အရယ္ကို ထိန္း၍ လည္ေခ်ာင္း ရွင္းလိုက္သည္။
"အဲေတာ့ ဘာေတြ ခန႔္မွန္းမိလဲ"
"အဲလူက ၉၅ မွာ ေမြးတာ"
တင္းက်ိက ေျပာလိုက္သည္။
"မင္း အဲနံပါတ္ကို ေျပာလိုက္ေတာ့မွ ငါ အတိအက် ေသခ်ာသြားတာ"
"ဟုတ္လား"
လင္ဝူယြီက တဒဂၤမွ် စဥ္းစဥ္းစားစားျဖစ္သြားခဲ့သည္။
"အစက ငါက ၁၉၉၅ လို႔ ေျပာမလို႔ပဲ။ ဒါေပမဲ့ အရမ္းသိသာေနတဲ့ပုံေပါက္လို႔ ၉၅ လို႔ ေျပာင္းလိုက္တာ"
"အဲဒါက မင္း တစ္စကၠန႔္ရဲ႕ သုညဒသမ သုညသုညသုညသုည အပုံေလာက္ ေတြေဝသြားလို႔"
တင္းက်ိက လက္ထဲမွ ေဘာပင္ကို ေမႊ႕လိုက္သည္။
"အဲဒါေၾကာင့္ ပို သိသာသြားတာ"
"ဒါေပမဲ့ အဲဒါက မင္းရဲ႕ ခန႔္မွန္းခ်က္ပဲ ရွိေသးတာေလ"
လင္ဝူယြီက ဆိုသည္။
"တြက္ၾကည့္လိုက္ေတာ့လဲ အေျဖက အတူတူပဲထြက္တယ္ေလ!"
တင္းက်ိသည္ သူ႕ကို ေအာ္၍ လွည့္၍ အမွိုက္ပုံးထဲ လက္ႏွိုက္လိုက္၏။
"လာ လာ လာ။ မင္း လာၾကည့္လိုက္။ ငါ မင္းကို ရွင္းျပမယ္"
"ေဟ့ ေဟ့ ေဟ့"
လင္ဝူယြီက သူ႕ကို ကပ်ာကယာ လွမ္းဆြဲလိုက္သည္။
“တြက္ေတာ့လဲ တြက္တယ္ေပါ့။ မင္း ငါ့ကို ရွင္းျပစရာမလိုဘူး။ ငါ ဘာမွ နားမလည္ဘူး”
တင္းက်ိသည္ သူ႕ကို စိုက္ၾကည့္လ္ိုက္ၿပီးေနာက္ မတ္မတ္ ျပန္ထိုင္လိုက္၏။
လင္ဝူယြီက သူ႕မစ္တီးခြက္ကို စားပြဲခုံထက္ အသာပုတ္ေနခဲ့သည္။
"ငါ့ကို တစ္ခု ကူညီပါလား"
-
"ဒီေပါက္တက္ကရ အယူသီးမႈကို ဘယ္လိုလုပ္ ကူညီေပးရမွာတုံး"
အဘြားက အသားကို ခုတ္ေနရင္း သူ႕ကို ေဘးသို႔ တြန္း၍ ေခါင္းခါသည္။
"အဓိကဦးတည္ခ်က္တစ္ခုကေတာ့ ရွိရမယ္ေလ"
တင္းက်ိက ေဘး၌ ေနရာဖယ္လိုက္သည္။
"ဘြားဘြား အရင္က အိမ္တစ္အိမ္က ကေလးကို ရွာဖို႔ ကူညီေပးခဲ့တယ္မလား "
"အဲဒါက ဒီတိုင္း သာမန္ကာလွ်ံကာေလး တြက္လို႔ ရလို႔လား"
ဘြားဘြားက မ်က္ေမွာင္ၾကဳတ္လိုက္ုက္သည္။
"တြက္လို႔ မွန္ရင္ေတာ့ ေကာင္းတာေပါ့။ ရလဲ ၁၀၀% မမွန္ဘူး။ မမွန္လို႔ရွိရင္ တစ္ဖက္သားကို ေမွ်ာ္လင့္ခ်က္အမွားေတြေပးၿပီး မေရရာတဲ့အေပ်ာ္ေတြကိုပဲ ေပးမိသြားမွာ မဟုတ္ဘူးလား။ ငါက လမ္းေပၚက ပိုက္ဆံလိမ္စားေနတဲ့ အၾကားအျမင္ဆရာမဟုတ္ဘူး"
တင္းက်ိက သက္ျပင္းခ်လိဳက္သည္။
"မင္း အရင္က ျဖစ္ခဲ့တာပဲကို"
အဘိုးက ဧည့္ခန္းထဲ တီဗီၾကည့္ရင္း ရယ္လ်က္ ေျပာလာခဲ့၏။
"ရွင္ မသိပါဘူး"
အဘြားက လွည့္လိုက္သည္။
"အရင္တုန္းက အသက္ရွင္ေရးအတြက္ ဝမ္းေက်ာင္းဖို႔လိုလို႔ေလ! အခု ရွင္က ဝမ္းေက်ာင္းေနစရာ လိုေသးလို႔လား"
"ႏွစ္ေယာက္သား ေနာက္မွ ရန္ျဖစ္ၾကပါ"
တင္းက်ိက ႏွစ္ေယာက္ၾကား ဝင္ရပ္လိုက္သည္။
"အဓိကအခ်က္ကိုပဲ ေျပာရေအာင္"
"မင္း သေဘာတူခဲ့တာလား"
အဘြားက ေမးသည္။
"မတူခဲ့ဘူး"
တင္းက်ိက ေျပာလိုက္သည္။
"အိမ္ေရာက္ရင္ ႀကိဳးစားၾကည့္ေပးမယ္လို႔ပဲ ေျပာခဲ့လိုက္တာ"
"မေတာက္တေခါက္ပညာေလးနဲ႕ မင္းက ႀကိဳးစားၾကည့္မယ္?"
အဘြားက အထင္ေသးစြာ ႏွာေခါင္းရႈံ႕သည္။
"မင္းအေမသာ သိလို႔ကေတာ့ ငါတို႔ မင္းကို ေကာင္းေကာင္းမပ်ိဳးေထာင္ဘူးလို႔ ေျပာေတာ့မွာပဲ... မင္း ဒီည အိမ္မွာ ညစာျပန္မစားမဲ့အေၾကာင္း သူတို႔ကို ေျပာခဲ့ေသးလား"
"အခု ေျပာလိုက္မယ္"
တင္းက်ိက ေျပာလိုက္သည္။
"ဒီသနားစရာေကာင္းလိုက္တဲ့ ကေလးေလး"
အဘြားက သက္ျပင္းခ်သည္။
"မင္းအဘိုးကို ေျပာခိုင္းလိုက္။ အခုေန မင္း သူတို႔ကို သြားေျပာရင္ ရန္ပဲျဖစ္ၾကလိမ့္မယ္"
အဘိုးက ဖုန္းေကာက္ကိုင္၍ စာၾကည့္မ်က္မွန္ တပ္ကာ ဖုန္းနံပါတ္ စႏွိပ္လိုက္ေလေတာ့၏။
-
ယေန႕ ညဘက္ ကိုယ္ပိုင္စာၾကည့္ခ်ိန္၌ လင္ဝူယြီသည္ စာသင္ခန္းထဲ ေရာက္ေနခဲ့ၿပီး စာပြဲခုံတစ္ခုံလုံး စာအုပ္မ်ား၊ ေမးခြန္းစာ႐ြက္မ်ား အပုံလိုက္၊ အထပ္လိုက္။ သူသည္ ေခါင္းငုံ႕ကာ စာကိုသာ စိတ္ႏွစ္ကိုယ္ႏွစ္ စူးစိုက္လုပ္ေနခဲ့၏။ လက္ထဲတြင္ေတာ့ ရသာႏွစ္မ်ိဳးေရခဲမုန႔္ခြက္တစ္ခြက္ကို စတီးဇြန္းျဖင့္ ေမႊလ်က္။
"မင္း ခဏေတာ့ အုပ္ထားလိုက္ပါအုံး။ ေပ်ာ့သြားရင္ ပိုေမႊလို႔ မေကာင္းဘူးလား"
ခ်န္မန္က ေျပာလိုက္သည္။
"ပုံမွန္ဆို မင္းက ဘရိန္း ရွယ္ေျပးတဲ့သူပါ။ အခုက ဘယ္လိုျဖစ္လို႔ မုန္ညင္းဆီလို ျဖစ္ေနရတာလဲ"
"အရည္ေပ်ာ္ေနတာ မစားခ်င္လို႔"
လင္ဝူယြီက ဆို၏။
"ဒါဆိုလဲ ေခ်ာကလက္ေဘးက ခရင္မ္ကို ဖယ္လိုက္ၿပီး တစ္ကိုက္တည္းနဲ႕ စားလိုက္ေလ"
ခ်န္မန္က ေျပာသည္။
"ကိုယ္စာကိုယ္ အာ႐ုံစိုက္စမ္းပါ"
လင္ဝူယြီသည္ သူ႕ထံ အၾကည့္တစ္ခ်က္ပို႔လိုက္၏။
"အာ႐ုံမစိုက္နိုင္ရင္လဲ ပုစာၦတြက္တာ ၿပိဳင္ၾကမလား"
ခ်န္မန္က ခုံေပၚ ဖက္ခနဲ ျပန္ထိုင္ခ်လိဳက္သည္။
"ငါ အနိုင္က်င့္မခံနိုင္ပါဘူး။ မင္း၊ လင္ေကာ ေျပာသလိုပဲ။ အခုလိုအခ်ိန္အခါမ်ိဳးမွာ မလိုအပ္ဘဲ ကိုယ့္ကိုယ္ကိုယ္ စိန္မေခၚဘူး။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေတြ ပ်က္စီးသြားေစနိုင္တယ္"
လင္ဝူယြီက ထရယ္ေလေတာ့ၿပီး ေရခဲမုန႔္ကို ဆက္ေမႊေလ၏။
သူ တင္းက်ိအား လူတစ္ေယာက္ကို ရွာေပးရန္ အကူအညီေတာင္းထားခဲ့သည္မွာ ယခုဆိုလွ်င္ တစ္ရက္ႏွင့္ တစ္ည ရွိသြားခဲ့ၿပီျဖစ္သည္။ တင္းက်ိထံမွ မည္သည့္သတင္းမွ ေရာက္မလာေသး။ အခ်က္အလက္အတိအက်မ်ား မပါဝင္ေသာေၾကာင့္ အၾကားအျမင္ဆရာတင္းမွာ လိမ္လည္ရန္ အခက္ေတြ႕ေနျခင္းျဖစ္ေလာက္မည္ဟု လင္ဝူယြီ ေတြးလိုက္သည္။
ကံေကာင္းသည္မွာကား သူက ေဗဒင္အေပၚ၌ လုံးဝ ေမွ်ာ္လင့္ခ်က္မထားထားျခင္းပင္။
သို႔ရာတြင္မူ အၾကားအျမင္ဆရာတင္းသည္ ေနာက္တစ္ေန႕ ေန႕လယ္ဘက္ ဒုတိယအတန္းခ်ိန္အတြင္း၌ သူ႕ထံသို႔ စာတစ္ေစာင္ပို႔လာခဲ့ေလ၏။
- အဲလူက ဒီေဒသတြင္းမွာ မရွိတာ က်ိန္းေသတယ္။ ၿပီးခဲ့တဲ့တစ္ႏွစ္ဝန္းက်င္လုံးလုံး ဒီေဒသတြင္းမွာ မရွိဘူး
ထိုစာႏွင့္အတူ ဗီဒိယိုတစ္ခုလည္း တြဲပို႔ထားသည္။
လင္ဝူယြီသည္ ေကာ္ရစ္တာ၌ ရပ္၍ ဗီဒီယိုကို ႏွိပ္လိုက္၏။
ကင္မရာကို ၾကမ္းျပင္ေပၚ ခ်ိန္ထားသည္။ သို႔ေသာ္ ပန္းၿခံငယ္ေလးထဲ၌ ျဖစ္ေၾကာင္း သိသာ၏။ ၾကမ္းခင္းစီထားပုံမွာ တစ္ပုံစံတည္း။
ထို႔ေနာက္ ကင္မရာျမင္ကြင္းထဲသို႔ လက္တစ္ဖက္ေရာက္လာသည္။ တင္းက်ိ၏ အသံပါ ပါလာ၏။
"ေသခ်ာၾကည့္ေနာ္။ ငါ မင္းကို မလိမ္ဘူး"
လက္ဖဝါးထက္၌ အေႂကြေစ့ ၃ ေစ့ ရွိသည္။
ထို႔ေနာက္ ထိုအေႂကြေစ့တို႔ကို ေျမျပင္ေပၚ ပစ္ခ်လိဳက္သည္။ ေကာက္ယူသည္။ ထပ္ ပစ္ခ်သည္။
ေက်ာင္းသားမ်ား ျဖတ္သြားေနၾကသျဖင့္ လင္ဝူယြီသည္ ေသခ်ာအာ႐ုံတစိုက္ ၾကည့္၍မရ။ မည္သို႔ပင္ဆိုေစ ပစ္ခ်ၿပီးေနာက္ ဗီဒီယို ၿပီးသြားသည္။
မရွင္းမလင္းနဲ႕။
- ေမးခ်င္တာ ရွိေသးလား
တင္းက်ိက ေနာက္ထပ္ စာတစ္ေစာင္ ပို႔လာသည္။
- မင္း ေက်ာင္းမတက္ဘူးလား
တင္းက်ိသည္ သူ႕ဖုန္းထဲမွ ထိုစာကို စိုက္ၾကည့္ေနမိသည္။ အခ်ိန္အေတာ္ၾကာၿပီးသည့္ေနာက္တြင္မွ တုံ႕ျပန္လိုက္မိ၏။
- မင္း အဓိကက အခ်က္ကို အာ႐ုံစိုက္လို႔ မရဘူးလား
- အလုပ္လဲ မလုပ္ဘူးလား
တင္းက်ိသည္ ထိုစာကိုျမင္ေတာ့ ဖုန္းကိုသာ အိတ္ကပ္ထဲ ျပန္ထိုးထည့္လိုက္ၿပီး သက္ျပင္းခ်မိသည္။
လင္ဝူယြီက ေနာက္ထပ္သာ ဆက္ပို႔လာပါက "မင္း ဒီေလာက္ ဉာဏ္ေကာင္းတာကို ဘာလို႔ ေက်ာင္းမတက္တာလဲ" ဟု ျဖစ္ေလမလား မေျပာတတ္ေသာ္လည္း ထိုပုံစံမ်ိဳးႏွင့္ ခပ္ဆင္ဆင္ျဖစ္လိမ့္မည္ဟု ခံစားမိေနသည္။ သူက ေက်ာင္းမတက္ျခင္း မဟုတ္ေသာ္လည္း ရွင္းျပလိုစိတ္လည္း မရွိ။ စိတ္ရႈပ္စရာ။
မဂၤလာပါ ဒီက အတန္းေဖာ္လင္... ကြၽန္ေတာ္ ေက်ာင္းတက္ပါတယ္။ စန္းက်ဳံးမွာ တက္ေနပါတယ္။ အဆင့္က ထိပ္ဆုံး ၁၀ ေယာက္ထဲ ဝင္ပါတယ္...
ထို႔ေနာက္ နားထဲ သူ႕အေဖ၏အသံကို ၾကားေယာင္မိသြားခဲ့သည္။
မင္းက ဒီေလာက္ဉာဏ္ထက္တာ။ မင္းက ဒီထက္ ပိုေကာင္းေကာင္းရသင့္တာ။ မင္းက အျပည့္အဝ ႀကိဳးစားအားထုတ္မႈ မရွိတာပဲ ရွိတာ။
အားး
တင္းက်ိသည္ သက္ျပင္းခ်လိဳက္ၿပီး ေက်ာပိုးအိတ္ထဲမွ ယေန႕တင္ ေပးလိုက္သည့္ ေမးခြန္းစာ႐ြက္ကို ထုတ္ယူ၍ ေျမျပင္ေပၚ ျဖန႔္ကာ ေခါင္းငုံ႕လ်က္ စာလုပ္ေလေတာ့၏။
"အခ်ိန္ဆိုတာ ေ႐ႊပဲတဲ့"
အေနာက္ဘက္မွ တုန္းႀကီး၏အသံ ထြက္လာခဲ့သည္။
"မင္းအလုပ္က ည ၈ နာရီ စ၊ မနက္ ၂ နာရီ ၿပီးတာ မဟုတ္ဘူးလား"
တင္းက်ိက ေျပာလိုက္သည္။
"ဘယ္လိုလုပ္ ဒီအခ်ိန္ႀကီး ထြက္လာတာလဲ"
"ငါ ဒီနား ျဖတ္သြားတာ"
တုန္းႀကီးက သူ႕ေဘး၌ ထိုင္ခ်လိဳက္ၿပီး ရသာႏွစ္မ်ိဳးေရခဲမုန႔္တစ္ခြက္ ကမ္းေပးလာသည္။
"ငါ ေတာ္တယ္မလား။ မင္းကို ဒီနား ေတြ႕လိုက္တာနဲ႕ ခ်က္ခ်င္း အေျပးသြားၿပီး မင္းအႀကိဳက္ဆုံး..."
"ေျပာ"
တင္းက်ိက ေျမျပင္ေပၚမွ စာ႐ြက္ကို ၾကည့္လိုက္သည္။
"ဘာကို ေျပာရမွာလဲ"
တုန္းႀကီးက ေမး၏။
"လာရင္းကိစၥ"
တင္းက်ိက ေျပာလိုက္သည္။
"ငါ့လခြမ္း! ငါ့မွာ ကိစၥရွိမွ မင္းကို ေရခဲမုန႔္ဝယ္ေကြၽးရမွာလား"
တုန္းႀကီးက ရင္နာသြားသည့္ပုံႏွင့္။
"မဟုတ္လို႔လား"
တင္းက်ိက သူ႕ကို တစ္ခ်က္ လွည့္ၾကည့္လိုက္၏။
"... အဲလိုသေဘာမ်ိဳးပါပဲ"
တုန္းႀကီးက ခဏမွ် စဥ္းစားလိုက္သည္။
"တကၠသိုလ္ဝင္ခြင့္စာေမးပြဲမေျဖခင္ မင္းတို႔ေတြနဲ႕အတူ လိုက္ေပ်ာ္ပါးေနဖို႔ အခ်ိန္မရွိဘူး"
တင္းက်ိသည္ ေရခဲမုန႔္ခြက္ကို ဖြင့္လိုက္ၿပီး ဇြန္းေသးေသးေလးျဖင့္ အရသာႏွစ္မ်ိဳးကို ေရာရန္ ႀကိဳးစားလိုက္၏။
"တျခားတစ္ေယာက္ သြားရွာလိုက္"
"ဘယ္သူက ေပ်ာ္ပါးေနလို႔လဲ"
တုန္းႀကီးက ေအာ္သည္။
"ဘယ္သူက ေပ်ာ္ပါးေနလို႔လဲ! စကားကို ေကာင္းေကာင္းေျပာလို႔ မရဘူးလား မင္း!"
"မင္းတို႔က လမ္းေဘးေဖ်ာ္ေျဖေရးသမားေတြ မဟုတ္ဘူးလား"
တင္းက်ိက ေမးလိုက္သည္။
"ဟုတ္တယ္ေလ"
တင္းက်ိက ျပန္ေျဖ၏။
"မင္းတို႔ သီခ်င္းေတာင္းဆိုခ ပိုက္ဆံရတယ္မလား"
တင္းက်ိက ထပ္ေမးသည္။
"အင္းေလ"
တုန္းႀကီးက ေျဖသည္။
"အဲဒါဆို မင္းတို႔"
တင္းက်ိက စကားဆက္သည္။
တုန္းႀကီးက သူ႕ကို စကားျဖတ္ေျပာလိုက္၏။
"ဟုတ္ၿပီ ဟုတ္ၿပီ ဟုတ္ၿပီ။ မင္းမွာ အခ်ိန္မရွိဘူးဆိုလဲ မရွိဘူးေပါ့။ ငါက ဒီတိုင္း သိခ်င္႐ုံေလးပဲ။ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေျဖရမယ္မွန္းေတာ့ မင္းကိုယ္မင္း သိေသးသားပဲ။ အရင္ကလဲ မင္း တေလးတနက္ႀကီး အာ႐ုံစိုက္ေနတာ မျမင္ဖူးလို႔။ မသိတဲ့သူဆိုရင္ မင္းက အၾကားအျမင္ဆရာအျဖစ္ အသက္ေမြးဝမ္းေက်ာင္းလုပ္ေတာ့မယ္လို႔ေတာင္ အထင္မွားေနၾကမွာ"
တင္းက်ိက က်စ္တစ္ခ်က္သပ္လိုက္သည္။
"မင္း ငါ့ကို ေန႕တိုင္း ျမင္ေနရလို႔လား။ စကားက အရမ္း ပစ္စလတ္ခတ္နိုင္ခ်က္ပဲ"
တုန္းႀကီးသည္ ညဘက္၌ ပန္းၿခံငယ္ေလးတြင္ ေဖ်ာ္ေျဖတင္ဆက္သည္။ ထို႔ေၾကာင့္ ဆြဲထည့္ခံရၿပီး လူျဖည့္လုပ္ေပးရမည့္ကိစၥကို ယာယီေရွာင္ရွားရန္ တင္းက်ိသည္ ထုပ္ပိုးသိမ္းဆည္း၍ ပန္းၿခံထဲမွ ထြက္လာခဲ့လိုက္၏။ လင္ဝူယြီက လူရွာသည့္ကိစၥႏွင့္ပတ္သတ္၍ သူ႕ကို ထပ္မေမးလာခဲ့လိုက္ေတာ့ေပ။ ေမာဘက္မွ မနက္ျဖန္ လွ်ပ္စစ္မီးဖိုလာထုတ္ရမည့္ အခ်ိန္ကို ဖုန္းဆက္လာေၾကာင္းသာ ေျပာခဲ့သည္။ သူတို႔သည္ ညေန ၆ နာရီ ရွင့္က်ားအေပါက္ဝ၌ ဆုံရန္ စီစဥ္လိုက္ၾက၏။
သို႔ေသာ္လည္း ေဗဒင္ေဟာသည္ပင္ ျဖစ္ေစ၊ လကၡဏာတြက္သည္ပင္ ျဖစ္ေစ တစ္ခါတစ္ရံ၌ အားလုံးက အေတာ္ေလးပင္ အံ့ဖြယ္ေကာင္းလွ၏။ တင္းက်ိသည္ ခန႔္မွန္းမႈတစ္ဝက္၊ တြက္ခ်က္မႈတစ္ဝက္ျဖင့္ လင္ဝူယြီရွာေနေသာသူမွာ အစ္ကို သို႔မဟုတ္၊ အစ္မ ျဖစ္လိမ့္မည္ဟု ထင္မိ၏။
ေသခ်ာေပါက္ သူ႕ကို မတြက္ၾကည့္လွ်င္လည္း ခန႔္မွန္း၍ကား ရလုနီးနီးပါပင္။ လင္ဝူယြီ ထိုလူအေၾကာင္းကို ေျပာခဲ့စဥ္က သိမ္ေမြ႕ေသာ အေသးစိတ္အေၾကာင္းအရာမ်ားမွာ ေတာ္႐ုံ သတိျပဳမိဖြယ္ရာ မရွိေပ။ ၿပီးခဲ့ေသာတစ္ေခါက္က ေမာင္ႏွမအေၾကာင္းေျပာေတာ့ သူ၏ တုံ႕ျပန္ပုံ၌တြင္လည္း အတူတူပင္။ စြန႔္ပစ္ခံကေလးမ်ားအေပၚ လင္ဝူယြီ၏ တုံဏွိဘာေဝစိတ္ေနသေဘာထားမွာ ထိုကိစၥႏွင့္ ေသခ်ာေပါက္ ဆက္စပ္ေနလိမ့္မည္ဟုပင္ တင္းက်ိခံစားရသည္။
မ်ားမ်ားစားစား ထပ္ေမး၍ မေကာင္း၍သာ။ မည္ကဲ့သို႔ေသာ မိသားစုအသိုင္းအဝိုင္းပင္ ျဖစ္ေစ တစ္ေယာက္ေယာက္ ေပ်ာက္ဆုံးေနသည္မွာကား သူစိမ္းလူတို႔ သာမန္ကာလွ်ံကာ သြားထိ၍ရေသာ ဒဏ္ရာမ်ိဳး မဟုတ္ေပ။
"ငါ ေနာက္က်သြားလား"
လင္ဝူယြီသည္ ရွင့္က်ားအေပါက္ဝေရွ႕သို႔ ေရာက္ေတာ့ တင္းက်ိက ေလွကားထစ္ေပၚ၌ ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။ မ်က္ႏွာထက္၌ ပ်င္းလြန္း၍ ေသေတာ့မည့္ အမူအရာႏွင့္။ ဤပုံစံအေနအထားမွာ သူသည္ ေနရာ၌ ေစာင့္ေနသည္မွာ မိနစ္ ၂၀ ခန႔္ ၾကာသြားခဲ့ၿပီျဖစ္ဟန္ရွိသည္။
သူက အလ်င္အျမန္ပင္ အခ်ိန္ကို ၾကည့္ၾကည့္လိုက္သည္။
"ေနာက္မက်ဘဴး"
တင္းက်ိက ထရပ္လိုက္သည္။
"ငါ ေစာေရာက္ေနတာ"
"ဒါဆို ဝင္ရေအာင္ေလ"
လင္ဝူယြီက ေျပာလိုက္သည္။
"ID ကတ္နဲ႕ အဲကူပြန္ပဲ မလား"
"အင္း"
တင္းက်ိက ေခါင္းညိတ္၏။
"မင္းအခ်ိန္ေတြ ယူမိလို႔ ေဆာရီး"
"ဘယ္လိုျဖစ္လို႔ ႐ုတ္တရက္ ေကာက္ကာငင္ကာႀကီး အရမ္းေတြ ယဥ္ေက်းသြားရတာတုံး"
လင္ဝူယြီက အနည္းငယ္ဇေဝဇဝါႏွင့္ သူ႕ကို ၾကည့္လိုက္သည္။
"အဲေန႕က မင္း ငါ့ကို ကိုလာတစ္ဘူး တိုက္ထားတာပဲေလ"
"စကားကို အမွန္ေျပာ!"
တင္းက်ိက ခ်က္ခ်င္းပင္ အသံက်ယ္သြားခဲ့ေလ၏။
"ၿပီးေတာ့ မစ္တီးနဲ႕ မုန႔္ေတြပါ"
လင္ဝူယြီက ထပ္ျဖည့္ေျပာလိုက္သည္။
"ၿပီးေတာ့ မင္းအတြက္ ကံၾကမၼာေဟာကြက္တစ္ခုလဲ တြက္ေပးခဲ့ေသးတယ္!"
တင္းက်ိက ေျပာလိုက္သည္။
"ၿပီးေတာ့ ေနာက္ထပ္လဲ တစ္ကြက္ဆြဲၿပီး ထပ္တြက္ေပးခဲ့ေသးတယ္! ငါ့ဦးေႏွာက္ဆဲလ္ေတြကို ဘယ္ေလာက္ေတာင္ သုံးခဲ့ရလဲ"
လင္ဝူယြီက စကားဆက္မဆိုလာခဲ့လိုက္ေတာ့။
ထိုေန႕က တင္းက်ိ ပို႔လာေသာ စာမွာ အမွန္အတိုင္း ဝန္ခံရလွ်င္ သူ႕အား အနည္းငယ္ စိတ္ပ်က္လက္ပ်က္ျဖစ္သြားေစခဲ့မိသည္။
သူသည္ ရွာေတြ႕ရန္ အမွန္ပင္ ေမွ်ာ္လင့္ခ်က္မထားထားသည့္တိုင္ ထိုလူက ေဒသတြင္း၌ မရွိေတာ့သည္မွာ ႏွစ္အနည္းငယ္ရွိသြားခဲ့ၿပီျဖစ္ေၾကာင္း တင္းက်ိက ေျပာလာခဲ့သည္ကို ျမင္လိုက္ရခ်ိန္တြင္ေတာ့ မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ သူ႕အား အနည္းငယ္ စိတ္အဆင္မေျပျဖစ္သြားေစခဲ့သည္။
ေမာမွ လွ်ပ္စစ္မီးဖိုကို ထုတ္ကာ ျပန္ထြက္လာခဲ့ေတာ့ လင္ဝူယြီသည္ မေနနိုင္ဘဲ ေမးလိုက္မိေလေတာ့၏။
"မင္းတြက္တာေတြ မွန္လား"
"အဲဒါေတာ့ ေသခ်ာမေျပာတတ္ဘူး"
တင္းက်ိက လွ်ပ္စစ္မီးဖိုကို ကိုင္ထားသည္။
"ငါ ေျပာနိုင္တာဆိုလို႔ ငါတြက္လို႔ ထြက္လာတဲ့ အေျဖကေတာ့ အဲအတိုင္းပဲ။ အဲလူက ဘယ္ေရာက္ေနလဲ သိခ်င္ေသးတယ္ဆိုရင္ေတာ့ ငါ လုံးဝ မလုပ္တတ္ေတာ့ဘူး။ မင္းဘာသာပဲ ေလ့လာလိုက္ေတာ့"
လင္ဝူယြီက ၿပဳံးလိုက္ၿပီး စကားေျပာရန္ အျပင္၌ တင္းက်ိက သူ႕ဘက္သို႔ ေခါင္းလွည့္ၾကည့္လာ၏။
"သြားမယ္။ ေရသြားေသာက္ရေအာင္"
"ငါ ေရမေသာက္ဘူး"
လင္ဝူယြီက ဆိုသည္။
တင္းက်ိက သူ႕ကို ကိုယ္ပါ လွည့္၍ ၾကည့္လိုက္ေလ၏။
"တစ္ခုခု ေသာက္မယ္၊ မစ္တီး ေသာက္မလား၊ ..."
"ငါ တစ္ခုခု စားခ်င္တယ္"
လင္ဝူယြီက ပြင့္ပြင့္လင္းလင္းပင္ ေျဖသည္။
"မင္းက ငါ့ကို မင္းကို ညစာလိုက္ေကြၽးေစခ်င္တာလား"
တင္းက်ိက ေမးလိုက္သည္။
"မဟုတ္ဘူး"
လင္ဝူယြီက သက္ျပင္းခ်၏။
"ထားလိုက္ေတာ့။ ငါ မင္းကို ေကြၽးမယ္။ အကင္ေခ်ာင္း... ဒီနား စားေကာင္းတာ တစ္ဆိုင္ဆိုင္ရွိလား"
"ေမးတဲ့သူ မွန္သြားၿပီ"
တင္းက်ိက မ်က္ခုံးတစ္ဖက္ ပင့္လိုက္သည္။
"ဒီေနရာက ငါ ပိုင္တယ္။ သြားမယ္!"
"ငါက မင္းကို ပန္းၿခံေသးေသးေလးနားတစ္ဝိုက္ပဲ ေလွ်ာက္သြားေနတယ္ ထင္လိုက္တာ"
လင္ဝူယြီက သူ႕ေနာက္မွ လိုက္လာ၏။
"ငါက ေနရာေပါင္းစုံ ေလွ်ာက္သြားေနတာ"
တင္းက်ိက ေျပာလိုက္သည္။
"မင္း ေတြးလို႔ရသမွ် ေနရာတိုင္းမွာ ငါ့အသိမိတ္ေဆြ ရွိတယ္"
"ဟုတ္လား"
လင္ဝူယြီက ၿပဳံး၏။
တင္းက်ိသည္ သူ႕ကို ဆိုင္ေရွ႕မ်က္ႏွာစာ အက်ယ္ႀကီးရွိသည့္ ဆိုင္တစ္ဆိုင္သို႔ ေခၚသြားခဲ့သည္။ အကင္ေခ်ာင္းအနံ႕တို႔က ေလထဲ ေမႊးႀကိဳင္သင္းပ်ံ့လ်က္။
ညစာစားခ်ိန္၌ ဆိုင္ထဲ လူသိပ္မမ်ားေပ။ သူတို႔သည္ စားပြဲဝိုင္းအေသးေလးတစ္ဝိုင္း ရွာကာ ထိုင္လိုက္ၾကသည္။ စားပြဲထိုးက အကင္ေခ်ာင္းတို႔ကို လာခ်ေပးေတာ့ တင္းက်ိက ဘီယာဘူးနည္းနည္း မွာလိုက္ၿပီး ေငြေခ်ရန္ ဖုန္းထုတ္လိုက္၏။
"ငါေပးလိုက္မယ္"
လင္ဝူယြီက လက္ဆန႔္၍ စားပြဲေပၚမွ QR Code ကို အုပ္လိုက္သည္။
"ငါ ရွင္းနိုင္ပါတယ္"
တင္းက်ိက ေျပာလိုက္သည္။
"လွ်ပ္စစ္မီးဖိုတစ္ခုဖိုးေလာက္ေတာ့"
"မင္း ဒီလွ်ပ္စစ္မီးဖိုအတြက္ ဝယ္ေကြၽးတာက ဝယ္လိုက္တဲ့ သေဘာပဲ"
လင္ဝူယြီက ေျပာလာသည္။
"မင္းအဘြားက ပိုက္ဆံေပးစရာမလိုဘဲ လိုခ်င္တာ မဟုတ္ဘူးလား"
တင္းက်ိက ရယ္လိုက္ေလ၏။
"မင္းမွာလဲ အလုပ္မရွိဘဲနဲ႕"
လင္ဝူယြီက ဖုန္းထုတ္၍ QR ကုတ္ကို စကန္ဖတ္လိုက္သည္။
"ပိုက္ဆံကို ေခြၽတာသုံး"
"အဲေတာ့ မင္းမွာ အလုပ္ရွိတယ္ေပါ့?"
တင္းက်ိက ေမးလိုက္သည္။
"ငါက ေက်ာင္းသား။ တရားဝင္ မုန႔္ဖိုးရေပါက္ရွိၿပီးသား"
လင္ဝူယြီက ဆို၏။
"အခ်ိန္ပိုင္းအလုပ္လဲ ရွိတယ္"
ဆိုရပါလွ်င္ လင္ဝူယြီသည္ သူ႕အေပၚ ႀကီးႀကီးမားမားအထင္လြဲမွားမႈမ်ား ရွိသည့္တိုင္ေအာင္ သူ၏ ဤကဲ့သို႔ ေျပာသမွ် အယုံလြယ္တတ္သူတစ္ဦးႏွယ္ ေတြးေခၚပုံမွာကား တင္းက်ိအား အင္မတန္ ရင္ထဲထိသြားေစေသးဆဲ။
"ေကာင္းၿပီေလ"
တင္းက်ိက ဖုန္းကို ခ်လိဳက္ၿပီး ဘီယာတစ္ဘူးေဖာက္၍ လင္ဝူယြီေရွ႕ ထားေပးလိုက္သည္။
"ေက်းဇူးပဲ"
"အရက္မေသာက္ဘူး"
လင္ဝူယြီက ဆို၏။
"မင္း ကားေမာင္းတာလား"
တင္းက်ိက ေမးလိုက္သည္။
"... ငါ ဒီတိုင္းပဲ မေသာက္တာ"
လင္ဝူယြီက သက္ျပင္းခ်သည္။
"ၿပီးေတာ့ ငါ ဒီည စာလုပ္စရာလဲ ရွိေသးတယ္"
"ပင္ပန္းလိုက္တာေနာ္"
တင္းက်ိက သာမန္ကာလွ်ံကာပင္ ဆိုလိုက္သည္။
"မင္းမွာ အလုပ္တစ္ခုခုလုပ္ဖို႔ အခ်ိန္ရွိလား"
လင္ဝူယြီက ဆိုသည္။
"ဒါမွမဟုတ္ သင္ယူဖို႔ ျဖစ္ျဖစ္"
"ဘာျဖစ္လို႔လဲ"
တင္းက်ိက ဘူးကို ေကာက္ယူ၍ တစ္ငုံေသာက္လိုက္သည္။
"အဲေတာ့ မင္း ပိုက္ဆံ ဘယ္လိုရွာလဲ"
လင္ဝူယြီက ေမးလာသည္။
"႐ုပ္လကၡဏာဖတ္ၿပီး ေဗဒင္ေဟာတာမ်ိဳးနဲ႕လား။ အခုေခတ္က လူေတြကို လိမ္ဖို႔ မလြယ္ေတာ့ဘူး"
တင္းက်ိသည္ ရယ္၍ ႏႈတ္ခမ္းေထာင့္မွ ဘီယာအျမႇုပ္တို႔ကို သုတ္လိုက္၏။
"မင္း မထင္နဲ႕ေနာ္။ တစ္ခါတစ္ေလက် အဲဒါက အရမ္းေပ်ာ္စရာေကာင္းတာ။ ငါ မင္းကို တစ္ခု ေျပာျပမယ္။ ငါ ငယ္ငယ္တုန္းက အိမ္နီးနားခ်င္းတစ္ေယာက္အေၾကာင္း"
"အင္း?"
လင္ဝူယြီက စိတ္ဝင္တစားဟန္ႏွင့္။
"အဲအဘိုးႀကီးက ေျပာတယ္။ သူက ေရာဂါေတြကုသေပးနိုင္တဲ့ ေမာင္ရွန္းေတာင္က ေတာက္ဘုန္းေတာ္ႀကီးျဖစ္ခဲ့တာတဲ့။ ငါတို႔လမ္းကေလးတစ္ေယာက္ ေခါင္းကိုက္ေတာ့ သူ႕အေမက သူ႕ကို အဲအဘိုးႀကီးအိမ္ကို ေခၚသြားတာ"
တင္းက်ိက သိုးကင္တစ္ေခ်ာင္းကို တတိတိဝါးစားလိုက္သည္။
"အဘိုးႀကီးက ေျမႀကီးေပၚမွာ ေလ၊ မီး၊ မိုးႀကိဳးဆိုၿပီး စာလုံး ၃ လုံး ခ်ေရးလိုက္တယ္။ ၿပီးေတာ့ စာလုံးေပၚ တုတ္ေခ်ာင္းတစ္ေခ်ာင္းနဲ႕ ပုတ္ၿပီး သူ႕ကို ေမးတယ္။ နာေသးလား"
"နာတယ္"
လင္ဝူယြီက ပူးေပါင္းေပးသည္။
တင္းက်ိက ေခါင္းညိတ္လိုက္၏။
"အဘိုးႀကီးက စာလုံးေနာက္တစ္လုံး ေျပာင္းၿပီး ထပ္ ပုတ္တယ္။ နာေသးလား"
"သက္သာလာသလိုပဲ"
လင္ဝူယြီက ဆက္လက္ပူးေပါင္းေပးဆဲ။
"ေတာ္တယ္"
တင္းက်ိက သူ႕ကို လက္မေထာင္ျပလိုက္သည္။
"ေနာက္ထပ္ နည္းနည္း ထပ္ပုတ္ၿပီးသြားေတာ့ တုတ္ေခ်ာင္းကို ကိုင္ၿပီး ေျမႀကီးထဲ ေထာင္ေနေအာင္ စိုက္လိုက္တယ္။ ကေလးက ေျပာတယ္။ မနာေတာ့ဘူးတဲ့"
"စိတ္ပိုင္းဆိုင္ရာ သြယ္ဝိုက္လႊမ္းမိုးမႈပဲ"
လင္ဝူယြီက ဆိုသည္။
"ကေလးေတြက စိတ္ပိုင္းဆိုင္ရာ သြယ္ဝိုက္လႊမ္းမိုးမႈကို ေတာ္ေတာ္ေလး လက္ခံလြယ္ၾကတယ္"
"အဲတုန္းက ငါေတြးခဲ့ေသးတယ္"
တင္းက်ိက ေမးေထာက္လိုက္သည္။
"တကယ္လို႔ ငါ ေျပာင္းျပန္လုပ္ခဲ့ရင္ေရာ?"
"ဘယ္လိုေျပာင္းျပန္လုပ္တာလဲ"
လင္ဝူယြီက ေမးလာ၏။
"ငါက ကေလးကို ငါလဲ လုပ္တတ္တယ္လို႔ ေျပာလိုက္တယ္။ ငါက အဘိုးႀကီးရဲ႕ အထူးတပည့္လို႔"
တင္းက်ိက ေျပာလိုက္သည္။
"သူ႕တစ္ဘဝလုံးစာ အထူးပညာရပ္ေတြကို ငါ့ကို လက္ဆင့္ကမ္းေပးထားတာ။ အဘိုးႀကီးက လွ်ို႔ဝွက္ပညာရပ္ေတြကို ငါ့ငယ္ထိပ္ေပၚ ဖိအုပ္ၿပီး ထည့္ေပးထားတာလို႔ေတာင္ ငါ သူ႕ကို ေျပာလိုက္ေသးတယ္"
လင္ဝူယြီက ၾကက္ေတာင္ပံအကင္ေခ်ာင္းတစ္ေခ်ာင္းကို ကိုင္လ်က္ ဝါးလုံးကြဲေအာ္ရယ္ေလေတာ့သည္မွာ စားပင္ မစားနိုင္ေတာ့သည္အထိ။
"ေဟာလ္~"
တင္းက်ိက လက္ျဖင့္ စားပြဲေပၚ ဖိ၍ ပုံစံကို လုပ္ျပသည္။
"ဒီလိုမ်ိဳး အဖိခံရတာလို႔။ ကေလးက ငါ့ကို တန္းယုံၾကည္သြားေရာ။ အဲဒါနဲ႕ ငါက လာ... ငါ မင္းအတြက္ စာလုံးနည္းနည္း ေရးေပးမယ္လို႔ ေျပာလိုက္တယ္"
"ဘာေရးခဲ့လဲ"
လင္ဝူယြီက ရယ္ရင္း ေမးသည္။
"အႀကီး၊ အလယ္အလတ္၊ အေသး"
တင္းက်ိက ဆို၏။
"အဲတုန္းက ငါက မူႀကိဳပဲ ရွိေသးတယ္။ စကားလုံး အေတာ္မ်ားမ်ားကိုေတာ့ သိေနၿပီဆိုေပမဲ့ ေရးေတာ့ မေရးတတ္ေသးဘူး။ ဘာပဲျဖစ္ျဖစ္ သူလဲ မသိဘူးေလ။ ေရးလို႔ၿပီးေတာ့ ငါက စာလုံးေတြကို ပုတ္ၿပီး မင္း ေခါင္းနာေနတာလား လို႔ ေမးလိုက္တယ္"
လင္ဝူယြီမွာ အသံပင္ထြက္သည္အထိ ေအာ္ရယ္ေလေတာ့သည္။
"ကေလးက နည္းနည္းနာတယ္ ထင္တယ္လို႔ ေျပာလား"
တင္းက်ိကလည္း ရယ္လိုက္၏။
"ငါ ၃ ေခါက္ ပုတ္လိုက္ေသးတယ္။ ေနာက္ဆုံးတစ္ေခါက္ ပုတ္လိုက္ၿပီးေတာ့ ငါက မင္း အခု ေခါင္းက ေပါက္ကြဲေတာ့မတတ္ နာေတာ့မယ္ လို႔ ေျပာလိုက္ေရာ။ ေနာက္ေတာ့ တုတ္ေခ်ာင္းေလးကို ေျမႀကီးေပၚ စိုက္ခ်လိဳက္တယ္။ ေဟာလ္~ သနားစရာေလး။ အဲကေလးကေလ ေခါင္းကိုင္ၿပီး ေျပးသြားေတာ့တာပဲ"
"နာသြားလား"
လင္ဝူယြီမွာ အရယ္ကို မနည္းထိန္းထားရသည္။
"တစ္ညလုံး နာတာေလ။ သူ႕အေမက ငါ့ကို ေဆာ္ပေလာ္တီးဖို႔ ေရာက္လာေရာ"
တင္းက်ိက သိုးကင္တစ္ကိုက္ စားလိုက္သည္။
"မင္း သူ႕ကို အဲေျမႀကီးေပၚက တုတ္ေခ်ာင္းကို ဆြဲႏုတ္လိုက္ရင္ ေပ်ာက္သြားလိမ့္မယ္လို႔ ေျပာလိုက္ရမွာ"
လင္ဝူယြီက အတည္ေပါက္ႀကီး ဆိုလာခဲ့ေလ၏။
"ငါ့လခြမ္း!"
တင္းက်ိက ရယ္ေလေတာ့သည္။
"မင္း အဲလိုဟာမ်ိဳး လုပ္ဖူးတာလား! ေသခ်ာသိလွခ်ည္လား"
"မလုပ္ဖူးဘူး"
လင္ဝူယြီက ေခါင္းခါျပသည္။
"ငါ ငယ္ငယ္တုန္းက မင္းေလာက္... ဉာဏ္မေကာင္းဘူး"
တင္းက်ိက စကားဆက္မဆိုလိုက္ေတာ့ဘဲ ၿပဳံး႐ုံသာ ၿပဳံးလ်က္ သိုးကင္ကို ေနာက္တစ္ကိုက္စားလိုက္၏။
လင္ဝူယြီ ဖ်ပ္ခနဲ တန႔္သြားခဲ့ပုံမွာ သူက ကေလးပါရမီရွင္ ဟု အေခၚခံရသည္ကို မႀကိဳက္ေၾကာင္း သူ သိေသာေၾကာင့္ "ဉာဏ္ေကာင္း" ဆိုေသာ စကားလုံးကို ေရွာင္ရန္ ျဖစ္မည္။
သူသည္လည္း ဉာဏ္ေကာင္းသည္ဟု ခ်ီးက်ဴးမခံလိုေၾကာင္း ခန႔္မွန္းလိုက္မိကာ တင္းက်ိသည္ ဘီယာဘူးကို ေကာက္ကိုင္၍ ၾကက္ေတာင္ပံကို ကိုင္ထားေသာ လင္ဝူယြီ၏လက္ကို အသာတိုက္လိုက္ၿပီး တစ္ငုံေသာက္လိုက္၏။
-
လင္ဝူယြီ အေဆာင္သို႔ ျပန္ေရာက္ေတာ့ ထုံးစံအတိုင္း အကင္ႏွစ္ထုပ္ သယ္လ်က္ ကင္းတဲကို ေလ၏အလ်င္ႏွင့္ အေျပးအလႊား ျဖတ္သည္။ တစ္ခုတည္းေသာ မတူညီမႈမွာကား ယေန႕ သူသည္ လက္ထဲ၌ စာအုပ္တစ္အုပ္ပါ အပိုပါလာခဲ့ျခင္းပင္။
တင္းက်ိသည္ အဘယ္ေၾကာင့္ရယ္မသိ၊ ထို လကၡဏာေဗဒ၏ ဆန္းၾကယ္မႈစာအုပ္ကို သြားေလရာေနရာတိုင္း အၿမဲ ယူသြားတတ္သည္။
ယေန႕ အကင္စားၿပီးသည့္ေနာက္ေတာ့ ဆန္းၾကယ္လွစြာပင္ လင္ဝူယြီအား စာအုပ္ကို ကမ္းေပးလာခဲ့၏။
"မင္း ဖတ္ခ်င္ေနတာမလား။ မင္းကို ေပးဖတ္လိုက္မယ္။ ၃ ရက္ပဲ ရမယ္။ မင္း စာလုပ္တာ ထိခိုက္ရင္ ငါ့တာဝန္မဟုတ္ဘူးေနာ္"
လင္ဝူယြီမွာ သူ၏အမူအရာကို ၾကည့္ကာ သိုင္းေလာက၏ ေနာက္ဆုံးေသာ ဒ႑ာရီလာဆရာႀကီးထံမွ လွ်ို႔ဝွက္သိုင္းက်မ္းလက္ေရးမူကို ကိုယ္တိုင္ကိုယ္က်လက္လႊဲေပးအပ္လာမႈကို လက္ခံလိုက္ရသကဲ့သို႔ ကိုယ့္ကိုယ္ကိုယ္ ခံစားလိုက္ရ၏။
အကင္ႏွစ္ထုပ္ သယ္လ်က္ အေဆာင္သို႔ ျပန္ေရာက္ခ်ိန္၌ ကိုယ္ပိုင္စာၾကည့္ခ်ိန္ ပထမပိုင္း မၿပီးေသးေပ။ လင္ဝူယြီသည္ တစ္ထုပ္ ခြဲသယ္၍ ေဘးခုံေပၚသို႔ ပစ္တင္ရန္ ျပင္ကာ အခန္းတံခါးကို ဆြဲဖြင့္လိုက္ခ်ိန္ ေဘးခန္းတံခါးကလည္း ပြင့္လာခဲ့ၿပီး ႐ႊီထ်န္းေပၚက ေခါင္းျပဴထြက္လာခဲ့သည္။
"ငါ ညဘက္ လူေတြကို ႐ူးသြားေစနိုင္တဲ့ အနံ႕တစ္ခု ရလို႔"
"ႏွာေခါင္းက ေကာင္းခ်က္ပဲ"
လင္ဝူယြီက အကင္တစ္ထုပ္ ကမ္းေပးလိုက္သည္။
"ကိုယ္ပိုင္စာၾကည့္ခ်ိန္ မသြားဘူးလား"
"အခုပဲ သြားမလို႔"
႐ႊီထ်န္းေပၚက ဆိုသည္။
"အခုမွ ေရခ်ိဳးၿပီးတာ။ ေနာက္ပိုင္း လူအုပ္လိုက္ႀကီး အလုအယက္ေရာက္လာတာနဲ႕ မတိုးေအာင္... မင္း ကိုယ္ပိုင္စာၾကည့္ခ်ိန္ သြားတက္တာလား"
"မသြားဘူး။ အခန္းထဲ ခဏေလာက္ စာအုပ္တစ္အုပ္ဖတ္မလို႔"
လင္ဝူယြီက ေျပာလိုက္သည္။
"ဘာစာအုပ္လဲ"
႐ႊီထ်န္းေပၚက ေမးလာ၏။
"ေလ့လာစရာ စာအုပ္တစ္အုပ္ပါပဲ"
လင္ဝူယြီက ၿပဳံးလိုက္သည္။
"ဘယ္အေၾကာင္းေလ့လာစရာ စာအုပ္လဲ"
႐ႊီထ်န္းေပၚကလည္း ၿပဳံးလိုက္၏။
"မင္းအသံက တကၠသိုလ္ဝင္ခြင့္စာေမးပြဲအတြက္ ေလ့လာစရာစာအုပ္တစ္အုပ္နဲ႕ မတူဘူး"
"႐ုပ္လကၡဏာေဗဒင္"
လင္ဝူယြီက လည္ေခ်ာင္းရွင္းလိုက္သည္။
"... ေကာင္းသားပဲ"
႐ႊီထ်န္းေပၚက သူ႕ကို လက္မေထာင္ျပ၏။
"မင္းကေတာ့ ဒ႑ာရီလာပဲ"
"ပညာရပ္ေတြအမ်ားႀကီးတတ္ထားလို႔ အက်ိဳးမယုတ္ဘူး။ ေ႐ြးခ်ယ္စရာလမ္းေတြ ပိုမ်ားတာေပါ့"
လင္ဝူယြီက တည္တည္ၾကည္ၾကည္ပင္ ျပန္ေျဖလိုက္သည္။
"ေကာင္းပါၿပီ"
႐ႊီထ်န္းေပၚက သူ႕ပခုံးကို ပုတ္လိုက္ၿပီး ေလွကားထစ္ဆီသို႔ ေလွ်ာက္သြားေလ၏။
"ဖြင့္တဲ့အခါက် ငါ့ကို ၂၀% ဒစ္စေကာင့္ေပးဖို႔ မေမ့နဲ႕ေနာ္"
"စိတ္ခ်လိဳက္"
လင္ဝူယြီက ေခါင္းညိတ္ျပလိုက္သည္။
႐ႊီထ်န္းေပၚ ထြက္သြားၿပီးေနာက္ အထက္တန္းတတိယႏွစ္အေဆာင္၏ ေကာ္ရစ္တာေပၚ၌ လင္ဝူယြီတစ္ဦးတည္းသာ က်န္ရစ္ခဲ့လိုက္ေတာ့၏။ ျပင္းထန္လွေသာ ဖိအားကိုပင္လွ်င္ ခံစားရေစနိုင္သည္အထိ တိတ္ဆိတ္မႈက ႀကီးစိုးေနသည္။ သူသည္ လက္ရန္းေပၚ မွီလ်က္ ႐ႊီထ်န္းေပၚ စာသင္ခန္းသို႔ ေျပးသြားသည္ကို ၾကည့္ေနခဲ့မိသည္။
လုံ႕လဝိရိယရွိေသာ၊ ကိုယ္ပိုင္စည္းကမ္းတင္းက်ပ္မႈ ရွိေသာ၊ ေလးနက္မႈရွိေသာ၊ အလ်င္လိုေနသည့္ ေက်ာင္းသားေကာင္းတစ္ေယာက္။
တင္းက်ိက မ်က္ႏွာဖတ္ရန္ စမ္းၾကည့္ဖူးေလသလားေတာ့ မေျပာတတ္ေပ။ ဆင္တူေသာ လူႏွစ္ေယာက္သည္ ႐ုပ္လကၡဏာအားျဖင့္ေတာ့ ကြဲျပားမႈရွိလိမ့္မည္။ ႐ုပ္ရည္သြင္ျပင္အားျဖင့္ ဆင္တူမႈရွိသည့္တိုင္ အက်င့္စရိုက္ႏွင့္ ဘဝအေျခအေနတို႔ကေတာ့ အတိကြဲျပားသည္။
လင္ဝူယြီသည္ လက္ရန္းေပၚ ခဏမွ် မွီေနခဲ့ၿပီးသည့္ေနာက္ အခန္းထဲသို႔ ျပန္ရန္ လွည့္ရန္အျပင္၌ အိတ္ကပ္ထဲမွ ဖုန္းက တုန္ခါလာခဲ့သည္။
ထုတ္ကာ ၾကည့္ၾကည့္လိုက္စဥ္ ဆရာလင္ထံမွ ဖုန္းေခၚလာျခင္း ျဖစ္ေၾကာင္း ေတြ႕လိုက္ရေတာ့ အနည္းငယ္ အံ့အားသင့္မိသြားခဲ့၏။
"လင္ေကာ?"
သူ ဖုန္းကိုင္လိုက္သည္။
"မင္း ေက်ာင္းမွာလား"
ဆရာလင္က ေမးလာသည္။
"အေဆာင္မွာ"
သူ ေျပာလိုက္၏။
"ငါ မင္းဆီ လာခဲ့မယ္"
ဆရာလင္က ဆိုသည္။
"ဘာျဖစ္လို႔လဲ"
လင္ဝူယြီ မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။
"ေန႕လယ္က မင္းအေဖ ေရာက္လာတယ္"
ဆရာလင္က ေျပာလာခဲ့သည္။
"ငါ မင္းဆီ အေသးစိတ္ လာေျပာျပမယ္"
*
ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္။
တင္းက်ိအေပၚ လင္ဝူယြီ၏ ပထမဆုံးအျမင္ - လိမ္စား
ဒုတိယေျမာက္ အျမင္ - အိမ္က လွ်ပ္စစ္မီးဖိုေတာင္ မဝယ္နိုင္ေလာက္တဲ့အထိ ခက္ခဲေနရွာသူ
တတိယေျမာက္အျမင္ - ေက်ာင္း မတက္ရရွာ၊ အလုပ္လဲ မရွိရွာသူ
ဆရာသမား တင္းက်ိအေပၚ လင္ဝူယြီရဲ႕ စတုတၱေျမာက္ အျမင္ကေရာ ဘာျဖစ္ေလအုံးမလဲ
______________________________