(Uni)
အစမ်းစာမေးပွဲကြီး ဖြေဆိုရမည့်ရက်မှာ တဖြေးဖြေးချင်း နီးသထက်နီးလာပြီဖြစ်တာကြောင့် ခညောင်းဦးအဖို့ ပဲပြုတ်ထွက်ရောင်းချိန်ကလွဲရင် အချိန်ပြည့်နီးပါး စာအုပ်နဲ့မျက်နှာမခွါစတမ်းသာ ကျက်မှတ်လေ့လာနေရသည်။
ကျောင်းဂုဏ်ဆောင်တဲ့ ထူးချွန်ကျောင်းသားများထဲတွင် ခညောင်းဦးက တစ်ယောက်အပါအဝင်ဖြစ်သလို ဘာသာရပ်အားလုံးထဲတွင် သင်္ချာကို ကျွမ်းကျင်ပိုင်နိုင်ဆုံးဖြစ်တာကြောင့် စာသင်နှစ်တိုင်းလိုလို သင်္ချာထူးချွန်ဝင်ဖြေရသူလည်း ဖြစ်သည်။ သို့သော် ကျက်စာနဲ့ပတ်သက်ရင်တော့ အားနည်းသူတစ်ယောက်သာ..။
ထို့အပြင် အိမ်တွင်လျှပ်စစ်မီးမရှိတာကြောင့် ညဘက်စာကျက်ဖို့ရန်မှာ ခညောင်းဦးအတွက်တော့ လုံးဝမလွယ်ကူလှပါချေ။ ဖယောင်းတိုင်မီးကို အချိန်ပြည့်ထွန်းနိုင်လောက်တဲ့အထိ ပိုလျှံနေသူတွေလည်း မဟုတ်တာကြောင့် ခပ်လှမ်းလှမ်းက လမ်းမီးတိုင်မှိန်ပျပျအောက်မှာပင် ညတိုင်းလိုလို စာသွားကျက်ရသည့်အဖြစ်ရယ်။
ကျူရှင်တက်နိုင်ဖို့ဆိုတာကလည်း အိပ်မက်တမျှရယ်သာမို့ ကျောင်းမှာသင်ပေးသမျှကိုပဲ လိုက်လံမှတ်သားထားရင်းနဲ့ အပတ်တကုပ်လေး ကြိုးစားလာခဲ့သည်။ သို့သော် ကံကောင်းချင်ပြန်တော့ သူ့ထက်နှစ်နှစ်လောက်ငယ်တဲ့ အတန်းဖော်ကလေးမက ကျောင်းမှာအချိန်ရရင်ရသလို စာတွေကူရှင်းပြတတ်တာကြောင့် ခညောင်းဦးအတွက် အတော်လေးအကျိုးရှိသွားရသည်။
အခုလည်း ပန်းရောင်းရင်းနဲ့က ဝယ်သူပါးချိန်လေးတစ်ဖြတ်မှာ ကျောင်းလွယ်အိတ်ခပ်နွမ်းနွမ်းထဲရှိ Bio စာအုပ်လေးကိုထုတ်ယူပြီး စာထိုင်ကျက်နေတဲ့ ခညောင်းဦးရယ်။ Biology ဆိုတာ ခညောင်းဦးအတွက်တော့ အခက်ခဲဆုံးဘာသာရပ်ဖြစ်သည်။
ထိုအချိန် ပါးပြင်ကိုစိမ့်ခနဲ ထိကပ်လာတဲ့ အေးစက်စက်အတွေ့ကြောင့် အနားရောက်လာသူကို ခေါင်းလေးမော့ကြည့်လိုက်ရာ..၊ အပေါ်ကနေအုံ့မိုးထားတဲ့ လူးလွန့်မောင်က ပြုံးလျက်သားကြီး..။
" ခေါင်းကြည်သွားအောင် ကြံရည်အေးအေးလေးသောက်လိုက် ငပြူး! "
" ဘာလို့.. အကုန်ခံနေတာလဲ ငလူးရာ.. "
" အကုန်ခံတာမဟုတ်ဘူးဗျ! အရင်းအနှီးထည့်တယ်လို့ ပြောရတယ်.. "
ကြံရည်ထုပ်ကို လက်ထဲထည့်ပေးပြီး ခညောင်းဦးဘေးမှာ ဝင်ထိုင်လိုက်တဲ့လူးလွန့်မောင်က ခပ်ဆဆလေး မျက်ခုံးပင့်ပြလာသည်။
" အရင်းအနှီး.. ဘာအရင်းအနှီးလဲ.. "
" အဟွန်း! အနာဂတ်အတွက်ပေါ့ "
အနာဂတ်အတွက် အရင်းအနှီးထည့်ဝင်ရအောင်လည်း ခညောင်းဦးရဲ့အနာဂတ်ဆိုတာက အာမခံချက်မဲ့တဲ့ ဝိုးတဝါး ပန်းတိုင်ငယ်လေးတစ်ခုရယ်သာ။
" ဒါဆိုရင်.. မင်းရဲ့အရင်းအနှီးတွေ ဆုံးသွားပြီလို့သာ မှတ်ထားလိုက်တော့ ငလူး "
" ဘာမှကြိုမသိသေးဘဲ ဘယ်အရာကိုမှအပိုင်မတွက်ထားနဲ့ ငပြူးရ..! ထမင်းကိုသာ ကုန်အောင်စားစမ်းပါ.. ဟုတ်ပြီလား "
ဆံမြိတ်တွေဖုံးအုပ်ထားတဲ့ သူ့နဖူးလေးကို လူးလွန့်မောင်ကလက်သီးဆုပ်နဲ့ ခပ်ဖွဖွလှမ်းထုလာတာကြောင့် ခညောင်းဦး နှုတ်ခမ်းစူချင်သွားလေသည်။
" ဟွန့်! အာ့ မင်းကိုပြောရမှာလေ..။ ငါက စကားကုန်အောင် ပြောဖို့နေနေသာသာ.. တစ်နေ့တစ်နေ့ နပ်မှန်အောင်တောင်.. မနည်း ရှာဖွေနေရတာပါနော် "
" ကျစ်! မင်းတော်တော်စွာတတ်နေပြီပဲ။ ကျောင်းမှာ ဘယ်သူနဲ့ပေါင်းနေတာလဲ ငပြူး.. ငါ့မှန်မှန်ပြောစမ်း! "
" ဘယ်မှာစွာလို့.. မစွာပါဘူးနော်.. "
" ကြည့်! ငါ့ထပ်စွာရဲရင်လည်း စွာကြည့်လိုက်လေ.. "
ပြောနေရင်းက နှုတ်ခမ်းတထော်ထော်လုပ်ချင်သေးတဲ့ စွာတေးလန်လေးကိုကြည့်ပြီး လူးလွန့်မောင် အသည်းယားလာတာကြောင့် ခညောင်းဦးရဲ့ပါးနှစ်ဖက်အား အသာလေးဖျစ်ညှစ်လိုက်ရာ နှုတ်ခမ်းဖူးလေးမှာ အိခနဲနေအောင် စူထွက်လာလေတော့သည်။
" နျာဒယ်.. နလူး.. "
သူ့လက်တစ်ဖက်ကိုတောင် မဖယ်ရှားနိုင်တဲ့အင်အားလေးနဲ့ မပီကလာပီကလာ ထွက်လာတဲ့အသံကို လူးလွန့်မောင် ယခုချက်ချင်းပင် အရည်ကျိုသောက်ပစ်ချင်တဲ့အထိ အူယားနေမိရှာသည်။
" အဟွန်း! နောက်မစွာတော့ဘူးဆို လွှတ်ပေးမယ် "
" နလူး.. "
" နလူးကဘယ်သူ..။ စွာချင်နေတဲ့အဲ့ပါးစပ်က ငလူးလို့ ပီအောင်ပြောစမ်းပါကွ! "
" ဟေ့..! မောင်လူးရေ..။ ဒီမှာ.. မင့်ပင်တိုင်ခရီးသည်လေး ရောက်နေပြီ "
" ဟုတ်! ကျွန်တော်လာပြီ ဦးလေး! "
ဆိုက်ကားဂိတ်ကနေ လှမ်းအော်ခေါ်လာတဲ့ ဦးထင်ကျော်ဆီကို အပြေးလေးထွက်သွားတဲ့ လူးလွန့်မောင်က သူပြန်လာခဲ့မယ်ဆိုပြီးလည်း ခညောင်းဦးကို အော်ပြောသွားလေသည်။ နေရာမှာတင်ကျန်ခဲ့တဲ့ ခညောင်းဦးကတော့ လူထွားကြီးရဲ့အားကြောင့် အနည်းငယ်နာချင်သွားတဲ့ သူ့ပါးလေးနှစ်ဖက်ကို အသာအယာပွတ်သပ်မိရင်းနဲ့ လက်ထဲကကြံရည်အေးလေးကို စုပ်သောက်လိုက်တော့သည်။
" ဟီး..! ချိုနေတာပဲ.. "
ကြံရည်မွှေးမွှေးလေးက ဘယ်လိုတောင်ချိုမြပြီး အေးစိမ့်နေသလဲတော့မသိ..။ တစ်လုပ်သောက်လိုက်တိုင်း မို့တက်လာတဲ့ပါးမို့လေးကို လက်ကလေးတစ်ဖက်နဲ့ တစ်ခါအုပ်ကိုင်ရင်းက ပြုံးရွှင်နေသူငပြူးအား ဆိုက်ကားဆရာငလူးကြီးက မျက်တောင်မခတ်စတမ်းသာ လှမ်းကြည့်နေမိလေသည်။
ထိုအခါ ဆိုက်ကားပေါ် ကျကျနနထိုင်လို့ပြီးတာတောင်မှ ဆိုက်ကားစမနင်းသေးတဲ့ လူးလွန့်မောင်ကြောင့် ခက်ခက်ဝေအူကြောင်ကြောင်နဲ့ လှမ်းပြောတော့မည့်ဟန်အပြု..။ အမှတ်မထင် မြင်လိုက်ရတဲ့မြင်ကွင်းမှာ သူ့စိတ်ထဲဝယ် အနည်းငယ်ကသိကအောက်တော့ ဖြစ်သွားရရှာသည်။
လူးလွန့်မောင်အနေနဲ့ ခညောင်းဦး ကြံရည်သောက်နေတာကို ဒီလောက်ထိ ငေးမောရတယ်ဆိုတာမျိုးက လုံးဝ မဖြစ်သင့်တဲ့ကိစ္စတစ်ခုအဖြစ် ခက်ခက်ဝေယူဆမိသည်လေ။
" ကိုကိုမောင်..! သွားကြရအောင်လေ။ ခက် အိမ်ပြန်နောက်ကျရင် ဖေဖေကဆူလိမ့်မယ် "
" ဩ.. ဟုတ်သား! ဆိုက်ကားဘီးတစ်ဖက်က လေလျော့နေလို့ သွားမရသေးဘူးဗျ။ ခဏလောက် ပြန်ဆင်းပေးပါလား "
ပြောချင်ရာပြောပြီးနောက် ဆိုက်ကားပေါ်ကနေ လှစ်ခနဲခုန်ဆင်းသွားတဲ့ လူးလွန့်မောင်ကြောင့် ခက်ခက်ဝေ အခက်တွေ့သွားရတော့သည်။
" ရှင်! ဘီးကချက်ချင်းကြီး လေလျော့သွားတာလား "
" ဟုတ်တယ်ဗျ "
" ဪ.. ဟုတ်ဟုတ် "
ဆင်းဆိုတော့လည်း ဆိုက်ကားပေါ်ကနေ ခြင်းတောင်းကြီးမနိုင့်တနိုင်နဲ့ ပြန်ဆင်းလာရတဲ့ ခက်ခက်ဝေရယ်။ ဘီးတစ်ဖက်က တကယ်လေလျော့သလား မလျော့သလားတော့ မသိ။ လူးလွန့်မောင်တစ်ယောက် ဘီးကိုလေထိုးနေတာဖြင့် တော်တော်ကြီးကြာပြီလို့သာ ပြောရတော့မည်ထင်..။
အဘယ်ကြောင့်ဆိုသော် လူးလွန့်မောင်အကြည့်တို့က ခညောင်းဦးဆီမှာသာ ဆက်၍ရှိနေသေးတာကြောင့် သူ့လက်က လေသာထိုးနေတာ..၊ ထင်သလောက် အလုပ်မတွင်ဖြစ်နေရသည်လေ။
" ကိုကိုမောင်.. ကြာဦးမှာလားဟင် "
" ကြာမှာ..။ အစ်မ စောင့်ရတာအဆင်မပြေရင် ဒီနေ့တခြားသူနဲ့ပဲ ပြန်လိုက်ပါလားဗျ "
" အို! မပြေစရာလား..။ ခက်က စောင့်နိုင်ပါတယ် ကိုကိုမောင်ရဲ့ "
မတတ်နိုင်ပေ။ တခြားဆိုက်ကားနဲ့သာ အိမ်ပြန်ရကြေးဆိုရင် ခက်ခက်ဝေလည်း ဆိုက်ကားဂိတ်နဲ့နီးတဲ့ မိခင်ဖြစ်သူ ဒေါ်ငွေခက်ရဲ့အထည်ဆိုင်ရှိရာဆီကို အခုလိုမျိုး ချောင်းပေါက်မတတ် သွားလာနေစရာအကြောင်း မရှိပါလေ။
အခက်တွေ့နေတဲ့ ခက်ခက်ဝေနဲ့အပြိုင် အငေးလွန်နေတဲ့လူးလွန့်မောင်က ခညောင်းဦးအနားကို လူတစ်ယောက်ရောက်လာတာလည်း မြင်ပါရော သူ့ရဲ့မျက်ခုံးထူထူနှစ်တန်းက အလယ်ကိုစိုက်ခနဲနေအောင် တွန့်ချိုးသွားရတော့သည်။
________
" ခညောင်းဦး.. "
ခေါ်သံမတိုးမကျယ်ကြောင့် ခညောင်းဦး စာငုံ့ဖတ်နေရာမှ မော့ကာကြည့်မိလိုက်သော်..၊ ထိုအသံပိုင်ရှင်မှာ မထင်မှတ်ပါဘဲနဲ့ လင်းခန့်ကျော်ဖြစ်နေသည်။ တစ်ကြိမ်တစ်ခါမျှ လင်းခန့်ကျော်နဲ့ ထိပ်တိုက်တွေ့ခြင်းမျိုး ထပ်မရှိတော့ပေမယ့် ယခုလို အနားရောက်လာသည်ကိုလည်း ခညောင်းဦးဘက်က မလိုလားချင်ခဲ့ပေ။
" ဟို.. စံပယ်ပန်း တစ်ထောင်ဖိုးဝယ်ချင်လို့.. "
" အင်း.. "
ကျက်လက်စ Bio စာအုပ်ကို လွယ်အိတ်ပေါ်ပြန်တင်ထားပြီး ဓားသေးလေးနဲ့ စံပယ်ပန်းကုံးတွေဖြတ်ယူနေတဲ့ ခညောင်းဦးကို လင်းခန့်ကျော်စကားစပြောနိုင်ဖို့ အခွင့်အရေးချောင်းနေမိသည်။ မကြာခင်မှာပဲ စံပယ်ပန်းကုံးတွေထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကို ခညောင်းဦးလှမ်းပေးလာတော့ လင်းခန့်ကျော် ယောင်နနနဲ့လှမ်းယူရင်းက သူပြောချင်တဲ့စကားကို အစပျိုးမိလေသည်။
" တကယ်တော့.. ငါမင်းကို ဒီစကားပြောချင်နေခဲ့တာ တော်တော်ကြာပြီ "
" ဟင်.. "
" တောင်းပန်ပါတယ်။ မင်းအပေါ် ငယ်ငယ်တုန်းကလုပ်ခဲ့မိတဲ့ အပြုအမူတွေအတွက် ငါတကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ် ခညောင်းဦး..။ ငါ့ကိုခွင့်လွှတ်ပေးစရာ မလိုဘူးသိလား.. ဒီအတိုင်း ငါ့ဘက်ကမဖြစ်မနေ တောင်းပန်ချင်တဲ့ကိစ္စ ဖြစ်နေတာမို့လေ "
ရုတ်ချည်းဆိုသလိုပင် လင်းခန့်ကျော်ဆီကနေ တောင်းပန်စကားကြားရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့တဲ့ ခညောင်းဦးခမျာ မည်သို့မည်ပုံပြန်၍ တုံ့ပြန်ပေးရမှန်းမသိ ဖြစ်နေရှာတော့သည်။ တကယ်တမ်းကျ ကလေးအရွယ်မှာဖြစ်ခဲ့တဲ့ ကိစ္စများဖြစ်တာကြောင့် ခညောင်းဦးစိတ်ထဲတွင် လင်းခန့်ကျော်ကို အမှတ်အတေးထားတာမျိုးလည်း မရှိခဲ့ဖူးချေ။
" အင်း.. ရပါတယ် "
" ဟင်! တကယ်ကြီးရတာလား..။ ဟာကွာ.. ဒါမှန်းသိရင် ငါအစောကြီးတည်းက မင်းကိုလာပြောပါတယ်။ မှန်တာပြောရရင်.. မင်းနဲ့မျက်နှာချင်းဆိုင်ဖို့ကိုတောင် ငါတော်တော်လေး ရှက်မိနေခဲ့တာလေ "
" ..... "
စကားအရာမှာ အပြောများလွန်းတဲ့အခါ အမှားပါသွားသလိုပင်..၊ ယခုလည်း ရှင်းနေရင်းက ပိုရှုပ်သွားရတာကြောင့် ခညောင်းဦးအထင်လွဲမှာစိုးပြီး လင်းခန့်ကျော်ပျာပျာသလဲနဲ့ ဆက်ပြောလာသည်။
" မင်းကိုရှက်တာ မဟုတ်ဘူးနော်! ငါပြောချင်တာ.. အရင်ကလုပ်ခဲ့မိတာကို ပြန်စဉ်းစားမိတိုင်း ငါ့ကိုယ်ငါဒေါသတွေထွက်ပြီး ရှက်မိနေတာမျိုးကွာ။ အဲ့ဒါကြောင့် မင်းငါ့ကိုမမြင်ချင်တာတွေလည်း ဖြစ်မှာစိုးတာနဲ့.. အခုမှအရဲစွန့်ပြီး လာပြောလိုက်တာ.. "
" အင်း "
ထိုအချင်းအရာတို့ကို တစ်ဖက်ဆိုက်ကားဂိတ်ကနေ အခုချိန်ထိတိုင် ဘီးလေထိုးလို့မပြီးသေးတဲ့ လူးလွန့်မောင်က စူးစူးရဲရဲသာ စိုက်ကြည့်လို့နေခဲ့လေသည်။ ခညောင်းဦးက သတိမထားမိပေမယ့် လင်းခန့်ကျော်ကတော့ မျက်မှောင်ကြီးကြုတ်ပြီး အကဲခတ်နေသူတစ်ဦးကြောင့် နောက်ကျောမလုံဖြစ်ပြီး မသိမသာလေး လှမ်းခိုးကြည့်နေရသေးသည်။
လူးလွန့်မောင်ဘက်မှ လှမ်းမြင်နေပုံအရဆိုရင်..၊ သွားကျိုးကောင်က သူ့လည်ပင်းကိုချေးတွန်းနေသလို မနားတမ်းပွတ်ပြီး မျက်လုံးပြူးပြူးလေးနဲ့ မော့ကြည့်နေတဲ့ငပြူးကို အသာအယာငုံ့ကြည့်လျက် စကားပြောနေဟန်ဖြစ်သည်လေ။ ထိုအခါ ခညောင်းဦးပုံစံလေးမှာ ဘယ်လောက်ထိအသည်းယားဖို့ ကောင်းနေလိမ့်မလဲဆိုပြီး လူးလွန့်မောင် တွေးကြည့်ရုံနဲ့တင် အလိုမကျဖြစ်လာရတော့သည်။
မလိုချင်ပါ။ လုံးဝကို မလိုချင်တာပါ။
" ဟေ့ဟေ့! ဘယ်တွေကြည့်နေတာတုံး မောင်လူးရေ..။ မင်းဘီးကြီးလည်း လေတင်းပြီး ကွဲထွက်သွားတော့မယ်ဟ! "
အနောက်ကနေ ဦးထင်ကျော် သတိပေးလာတော့မှသာ လူးလွန့်မောင်ရဲ့လေထိုးခြင်းအမှုမှာ အပြီးတိုင်ရပ်နားသွားရှာသည်။ ထိုအခါ စောင့်ရတာကြာလို့ဆိုပြီး မုန့်ဟင်းခါးခေါက်ဆွဲဆိုင်မှာ သွားထိုင်စားနေတဲ့ ခက်ခက်ဝေတစ်ယောက်လည်း အိုးဘဲဥကြီးကိုက်ရင်းတန်းလန်းနဲ့ ပိုက်ဆံအမြန်ရှင်းပြုပြီး အပြေးထလာခဲ့တော့သည်။
" ပြီးသွားပြီလား ကိုကိုမောင် "
" ပြီးတာကတော့ ပြီးသွားပြီ အစ်မ "
" ဟုတ်လား..။ ဒါဆို ဘာကျန်သေးလို့လဲဟင် "
" ငပြူး "
" ရှင် "
ဟုတ်သည်လေ။ ခက်ခက်ဝေကို အိမ်ပြန်ပို့နေရတဲ့အချိန်မှာ ခညောင်းဦးက လင်းခန့်ကျော်နဲ့ ကျန်ခဲ့မှာကိုတော့ လူးလွန့်မောင် သဘောမတွေ့လှပေ။ ထို့အပြင် ခညောင်းဦးအနားမှာ အခုချိန်ထိ ဘာရပ်လုပ်နေမှန်းမသိတဲ့ လင်းခန့်ကျော်ကိုလည်း လူးလွန့်မောင်ကိုယ်တိုင် ဂုတ်ကဆွဲပြီး အိမ်အရောက်နင်းပို့ချင်နေပြီလေ။ တခြားတော့မဟုတ်..၊ ဆိုက်ကားနင်းတာကို ပြောခြင်းဖြစ်သည်။
" ကဲ! ငါ့တူမရေ.. မောင်လူးက နေမကောင်းဘူးထင်တယ်။ ဒီနေ့အဖို့ ဦးလေးပဲလိုက်ပို့ပေးတော့မယ် ဟုတ်ပြီလား.. "
လူးလွန့်မောင်ကိုကြည့်ရသည်မှာ ယနေ့ကျမှပဲ ဆိုက်ကားဂိတ်ကနေ တစ်ဖဝါးမှမခွါချင်ပုံရတာကြောင့် ဦးထင်ကျော်က ကျားထိုးနေရင်းတန်းလန်းနဲ့ သူ့ဆိုက်ကားကို ဆွဲထုတ်လာခဲ့တော့သည်။ သို့ပေမယ့်လည်း ခက်ခက်ဝေကတော့ ရသလောက်နဲ့သာ အင်တင်တင်လေး လုပ်ချင်မိသေးသည်။
" ဒါမဲ့.. "
" တက်တက်.. မဟုတ်ရင် အိမ်ပြန်နောက်ကျလို့ဆိုပြီး ဦးမြင့်ဝေကဆူတော့မယ် "
ဦးမြင့်ဝေဆိုသူမှာ ခက်ခက်ဝေရဲ့ဖခင်ဖြစ်ပြီး ယခင်က အထည်အလိပ်စက်ရုံတစ်ခုရဲ့ ပိုင်ရှင်ဟောင်းတစ်ယောက်ဖြစ်သည်။ ခက်ခက်ဝေခမျာလည်း အဆူခံရမှာကြောက်တာကြောင့် မတတ်သာစွာနဲ့ပဲ လိုက်သွားရပါတော့သည်။ ဒီနေ့အဖို့တော့ ခက်ခက်ဝေဘဝက ခက်ရချည်ရဲ့မမခက်အဖြစ်နဲ့သာ..။
ဦးထင်ကျော်ပြောသလို နေမကောင်းတဲ့သူကဖြင့် စွပ်ကျယ်ချိုင်းပြတ်ကြီး ဝတ်ထားလျက်နဲ့ ခညောင်းဦးတို့ရှိရာဆီကို သိသိသာသာပင် ခါးကြီးထောက်ပြီး ရပ်ကြည့်နေသတဲ့..။ တစ်ဖက်မှာလည်း ပန်းဝယ်ပြီးတည်းက ပြန်ဖို့အစီအစဉ်မရှိသေးပုံရတဲ့ လင်းခန့်ကျော်ကြောင့် စာဆက်ကျက်ဖို့ရာ အဆင်မပြေဖြစ်နေရတဲ့ ခညောင်းဦးရယ်။
" ဟို.. စာမေးပွဲနီးနေပြီလား ခညောင်းဦး "
" အင်း.. "
" ဟုတ်လား..။ နားမလည်တာရှိရင် ငါ့ကိုမေးလို့ရတယ်နော် "
" အင်း "
နှစ်နဲ့ချီပြီး ထမ်းပိုးထားခဲ့ရတဲ့ အပြစ်ကြီးတစ်ခုက ချက်ချင်းလက်ငင်း လျော့ပေါ့သွားခဲ့တာကြောင့်ထင်..၊ စိတ်အေးလက်အေးဖြစ်သွားရတဲ့ လင်းခန့်ကျော်က ဝစီရွန်းရွန်းဝေနေသလောက် ခညောင်းဦးကတော့ ပုတ်သင်ညိုလေးသာ လုပ်နေမိသည်။
ဘာသိဘာသာပင် စာဆက်ကျက်နေမိရင်းက ယနေ့အဖို့ လူးလွန့်မောင်ဆီမှ ' ကလင်ကလင် ' အသံကိုမကြားရသေးမှန်း သတိပြုမိသွားရတာကြောင့် ခညောင်းဦးရဲ့ခေါင်းလေးမှာ ဆိုက်ကားဂိတ်ထံသို့ ချာခနဲနေအောင် လည်သွားလေသည်။ ထိုအခါ ခါးကြီးထောက်ပြီး စူပုပ်ပုပ်နဲ့လှမ်းကြည့်နေတဲ့ လူးလွန့်မောင်ကို ထိတ်လန့်ဖွယ်ကောင်းစွာပင် မြင်တွေ့လိုက်ရပါတော့သည်။
လူးလွန့်မောင် ဘာကိုအလိုမကျဖြစ်နေမှန်း မရိပ်မိတဲ့ခညောင်းဦးက သူ့အနေနဲ့အမှားဆိုရအောင်လည်း အကြောင်းအရင်းမယ်မယ်ရရ မလုပ်မိထားတာကြောင့် မျက်လုံးကြီးပြူးလို့သာ ပြန်ကြည့်နေရှာသည်။
ထိုအချိန် မှန်အလုံပိတ်ထားတဲ့ ကားအမည်းတစ်စီးက ပန်းရောင်းနေတဲ့ရှေ့မှာတင် ငြိမ့်ခနဲ ထိုးရပ်သွားတာကြောင့် ခညောင်းဦး အူကြောင်ကြောင်လေးနဲ့ လှည့်ကြည့်မိသွားရပြန်သည်။ အနီးအနားရှိစျေးသွားစျေးလာ စျေးရောင်းနေသူများကလည်း ကားအကောင်းစားကြီးကို လှမ်းမြင်လိုက်ကြတာနဲ့ ကိုယ်စီမျက်လုံးများ ကလယ်ကလယ်လုပ်ပြီး စပ်စုနေကြလေသည်။
ကားမှန်အမည်းကြီးပွင့်လာချိန်တွင် မြင်တွေ့လိုက်ရသည်မှာ..၊ ယာဉ်မောင်းနေရာတွင် ထိုင်နေသူက အရွယ်ခပ်ငယ်ငယ်သာရှိပါဦးမည့် ယောကျာ်းလေးတစ်ယောက်ရယ်။
" ကလေးမ! "
" ..... "
တစ်ဖက်လူက လှမ်းခေါ်လာတဲ့အသုံးအနှုန်းကို ခညောင်းဦးအနေနဲ့ ဘာမှမတုံ့ပြန်မိပေမယ့် သူ့ဘေးမှာရပ်နေတဲ့ လင်းခန့်ကျော်ကတော့ မျက်နှာကြီးရှစ်ခေါက်ချိုးချင်သွားရပြီ။
" ပန်းတွေက စံပယ်ပဲရှိတာလား "
" ဟုတ်ကဲ့.. "
" ဪ.. အားလုံးဝယ်ရင် ဘယ်လောက်ကျမလဲ ကလေးမ "
" ဟုတ်.. ခဏနော် "
ပန်းများရောင်းကုန်တာနဲ့ အိမ်စောစောပြန်ရတော့မည်မို့ လက်ကျန်ပန်းကုံးအရေအတွက်ကို ခညောင်းဦး ခပ်မြန်မြန်လေးရေတွက်ကြည့်ပြီး ကျသင့်ငွေကို လှမ်းပြောလိုက်သည်။
" သုံးထောင်ငါးရာပါဗျ "
" ဝိုး! တန်လိုက်တာ..။ ရော့! ငါးထောင်.. ပိုတာပြန်မအမ်းနဲ့တော့နော် ကလေးမ "
" အဲ့လို မလုပ်ပါနဲ့ဗျ။ ကျွန်တော်ချက်ချင်း အကြွေသွားလဲလိုက်ပါ့မယ် "
" ရပါတယ်ဆို..။ အကြွေလဲရတာ အလုပ်ရှုပ်တယ်လေ ကလေးမရဲ့.. "
" မရှုပ်ပါဘူး! ခညောင်းဦး.. ငါ့ဆီမှာအကြွေရှိတယ်။ ရော့! ခင်ဗျားပိုတဲ့ပိုက်ဆံ ထောင့်ငါးရာ "
ရုတ်တရက် သူတို့ကြားထဲဝင်လာပြီး ဇိုးဇိုးဇတ်ဇတ်နဲ့ အကြွေဝင်လဲပေးနေတဲ့ လင်းခန့်ကျော်ကြောင့် မင်းသန့်ပိုင်လည်း ကြောင်နနဖြစ်သွားလေသည်။ သူ့လက်ထဲကိုဆောင့်အောင့်ပြီး အတင်းထိုးထည့်ပေးလာတဲ့ ပိုက်ဆံထောင့်ငါးရာရယ်၊ အကြောင်းအရင်းမရှိ ဒေါသကြီးချင်နေတဲ့ လင်းခန့်ကျော်ရယ်ကို တစ်လှည့်စီကြည့်အပြီးမှာပဲ မင်းသန့်ပိုင် ပြုံးတုံ့တုံ့ဖြစ်လာရတော့သည်။
" ဟက်! လိုလို့လားကွ "
" ဘာကိုလိုတာ..။ အဲ့မှာ မင်းလက်ထဲအတိအကျ ထောင့်ငါးရာထည့်ပေးထားတယ်လေ "
" Ok..Ok! စိတ်လျော့စမ်းပါကွ။ ဒီကလေးမရဲ့ပန်းတွေက ပေးရတဲ့စျေးထက် အများကြီးတန်တယ်ယူဆမိလို့ ငါက ဒီအတိုင်းပိုပေးချင်ရုံလေးပဲ။ တခြားဘာသဘောမှမရှိဘူး.. Ok? "
" ဘာကိုကလေးမ..။ သူကယောကျာ်းလေးကွ! မင်းလိုငါလို ယောကျာ်းစစ်စစ်..။ ရှေ့မကြည့်နောက်မကြည့်.. ထင်ရာဇွတ်ခေါ်မနေနဲ့! "
" ..... "
လင်းခန့်ကျော် ပြောပြလာတော့မှပဲ ပန်းရောင်းနေသူကို ယောကျာ်းလေးမှန်း လုံးဝမထင်လိုက်တဲ့ မင်းသန့်ပိုင်ခမျာ အသေအချာကို ပြန်ကြည့်ယူရတော့သည်။ ထိုအခါမှသာ ပုဆိုးနွမ်းနွမ်းလေးနဲ့ ရှပ်အင်္ကျီအဟောင်းလေးကို ဝတ်ဆင်ထားတဲ့ ခညောင်းဦးကိုမြင်ပြီး မင်းသန့်ပိုင် အားတုံ့အားနာဖြစ်မိသွားချိန်..။
" မင်းတို့ ဘာတွေဖြစ်နေကြတာလဲ! "
" ဟာ! လူးလွန့်မောင်..။ ငါပြောပြမယ်.. ဒီကောင်ကလေ ခညောင်းဦးကို ကလေးမလို့အတင်းခေါ်နေတာ သိလား..။ တစ်လက်စတည်း မင်းသူ့ခေါင်းကိုအပီသာ ထိပ်ကွက်ပေးလိုက်တော့.. "
သူတို့အနား ဘောက်ဆတ်ဘောက်ဆတ် ရောက်ချလာတဲ့ လူးလွန့်မောင်ကို ကယ်တင်ရှင်ငလူးဇိုးကြီး ရောက်လာပြီအမှတ်နဲ့ လင်းခန့်ကျော်က အားတက်သရောပြန်တိုင်ပြောပြီး အောင်နိုင်သူအထာ ဖမ်းလိုက်ပါတော့သည်။ ယခုအကြိမ်မှာဖြင့် ခညောင်းဦးကို သူတတ်နိုင်သလောက်လေးနဲ့ ကာကွယ်လိုက်နိုင်ပြီဆိုပြီးလည်း လင်းခန့်ကျော်ကကြိတ်ကာ ဝမ်းသာနေပြန်သည်လေ။ သို့သော်..။
" ဟာ.. ဟျောင့်! ငလူးကြီး.. မတွေ့တာကြာပြီ "
" ဘောကို ငလူးကြီး.. "
" မိုက်ရိုင်းတာ ဆယ်ခါပြန်..။ ငါ့လာဆဲရအောင် မင်းနာမည်ကိုက မဟုတ်တာလေ "
လူးလွန့်မောင်ကိုမြင်တာနဲ့ ကားထဲကလူမှာ ဝမ်းသာအားရ ဆဲဆိုနှုတ်ဆက်လာတာကြောင့် ကြိတ်ပျော်နေခဲ့တဲ့ လင်းခန့်ကျော်ခမျာ ရုတ်ချည်းဆိုသလိုပင် ဆွံ့အသွားရရှာသည်။ ခညောင်းဦးကိုယ်တိုင်လည်း မထင်လိုက်မိတဲ့ အနေအထားဖြစ်လို့ လူးလွန့်မောင်ရဲ့မျက်နှာရိပ်ကိုသာ တိတ်တဆိတ်မော့ကြည့်နေမိသည်။
" ဟမ်! မင်းတို့က သိနေကြတာလား "
" မသိရဘူးလား "
" ဟုတ်ဘူးလေ "
နဂိုတည်းကမှ ခညောင်းဦးအနားမှာပဲ မခွါတမ်းကပ်နေတဲ့ လင်းခန့်ကျော်ကို အလုံးစုံမကြည်တာနဲ့ပေါင်းပြီး လူးလွန့်မောင် ပက်ခနဲသာ ပြန်ပြောလိုက်မိသည်။
" ငလူး.. "
လူရှေ့သူရှေ့မှာလည်းဖြစ်လို့ အနည်းငယ်အားနာသွားတဲ့ ခညောင်းဦးက လက်လှမ်းမီရာပုဆိုးစကို အသာလာဆွဲနေတာနဲ့ လူးလွန့်မောင်အမြန် လှမ်းတားရတော့သည်။
" ဟေး! ပုဆိုးကျွတ်တော့မယ် ငပြူးရ "
" ..... "
သူလှမ်းပြောလိုက်တဲ့စကားကြောင့် ဖျန်းခနဲရဲတွတ်သွားတဲ့ ခညောင်းဦးမျက်နှာလေးကို အမိအရလှမ်းမြင်လိုက်တာမို့ လူးလွန့်မောင်တစ်ယောက် ပုဆိုးဝတ်နေရင်းက ပြုံးတုံ့တုံ့ပြန်ဖြစ်သွားလေသည်။ ခညောင်းဦးနှုတ်ကနေ ငလူးလို့ခေါ်သံကို လှမ်းကြားလိုက်တဲ့မင်းသန့်ပိုင်ကလည်း လူးလွန့်မောင်ရဲ့ ခပ်ပြုံးပြုံးမျက်နှာကြောင့် အထူးအဆန်းဖြစ်နေရတော့သည်။
AN : လင်းခန့်ကျော်ဆိုတာ သွားကျိုးလေးပါနော်။ သူ့ကို မမှတ်မိကြမှာစိုးလို့ရယ်။
(ZawG)
" နျာဒယ်.. နလူး.. "
" နလူး.. "
" ဟီး..! ချိုနေတာပဲ.. "
" ဟုတ်တယ်ဗျ "
" ဪ.. ဟုတ်ဟုတ် "
________
" ခညောင်းဦး.. "
" အင်း.. "
" ဟင်.. "
" အင်း.. ရပါတယ် "
" ..... "
" အင်း "
" ရှင် "
" ဒါမဲ့.. "
" အင်း.. "
" အင်း "
" ကလေးမ! "
" ..... "
" ဟုတ်ကဲ့.. "
" ဟုတ်.. ခဏနော် "
" သုံးထောင်ငါးရာပါဗျ "
" ဟက်! လိုလို့လားကွ "
" ..... "
" ဘောကို ငလူးကြီး.. "
" မသိရဘူးလား "
" ဟုတ်ဘူးလေ "
" ငလူး.. "
" ..... "
2024 / Feb / 17
TomorrowChen (_ _).。o○
♪───O(≧∇≦)O────♪