ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.2K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀

၃၈🍀

1.2K 60 0
By trollz22

သူငယ်ချင်းများနှင့်မိတ်ဆက်ပေးမည်ဟုဏရီ့ကိုပြောသောအခါ ဏရီကလဲသူ့သဘောကျလုပ်စေ၍ ဒိတ်ရန်အလို့ငှာ ကော်ဖီဆိုင်တစ်ဆိုင်သို့ရောက်နေလေသည်။ တစ်ခြားဆိုင်များဆိုလျှင် ဏရီစိတ်အိုက်နေမည်စိုးရိမ်သောကြောင့် အေးအေးဆေးဆေးထိုင်လို့ရမည့် နေရာကိုသာရွေးလိုက်ခြင်းဖြစ်သည်။

"အချစ်သူငယ်ချင်းတွေနဲ့တွေ့ရင် ဒီကောင်မလေးအခုတလောဘာတွေလုပ်တယ်ဆိုတာမေးရမယ်"

"အဟား ဏရီက ကျွန်မကိုမယုံဘူးလား"

"ဟင့်အင်း မဟုတ်ပါဘူး တို့သိချင်လို့လေအချစ်ရဲ့ တို့မသိခဲ့ရတဲ့အချစ်ရဲ့နေ့ရက်တွေအကြောင်းတို့သိချင်လို့"

"ဒါဆို ကျွန်မကိုမေးပေါ့ဏရီရဲ့ ဏရီသိချင်ရင် ကျွန်မကတစ်ခုမကျန်အကုန်ပြောပြမှာ"

ကော်ဖီဆိုင်ထဲ ဏရီတို့ကကြိုရောက်နေ၍ အကြည်စိုက်နေသောကြောင့် သူငယ်ချင်းများဝင်လာသည်ကိုမသိလိုက်။ ဒါကို နိုဝယ့်သူငယ်ချင်းများကစ၍မပြီးနိုင်။

"ဟိုဟာလေ ဒီအမကိုငါတို့မြင်ဖူးနေသလိုပဲနော်"

"မြင်ဖူးမှာပေါ့ နိုဝယ်မ ငမ်းတဲ့ မမလေ"

"ဟယ် ဟုတ်သားပဲ ဘယ်ကနေဘယ်လိုသိပြီး ဘယ်လိုချစ်သူဖြစ်သွားတာလဲ နိုဝယ်မ နင်တကယ်ကြီးငါတို့ကိုအရိပ်အမြွတ်လေးတောင်မပေးတာဟယ် အဲ့တုန်းကထဲကသာသိရင်"

"ငါကဘာလို့ပြောရမှာလဲ ဖြစ်နိုင်ရင် ဏရီ့ကိုဘယ်သူနဲ့မှတွေ့ပေးချင်တာမဟုတ်ဘူး နင်တို့က သူငယ်ချင်းတွေဖြစ်နေလို့"

"အမလေးအူကလဲတိုပ တကယ်ထဲ ဒါနဲ့ အမ အမကိုသူဘယ်ဆေးတွေနဲ့များချုပ်လိုက်လဲ"

"အဟင်း တို့ကို နိုဝယ်က အချစ်ဆေးနဲ့ချုပ်လိုက်တာလေ"

တကယ်လဲ ဏရီဟာ နိုဝယ့်သူငယ်ချင်းများအား နိုဝယ့်အကြောင်းကောင်းကောင်းကြီးမေးခဲ့ပါသည်။ ကာရကံရှင်ပြောတာကော ဘေးလူပြောတာပါ နားထောင်ရတာ ပိုပြီးအမြင်ကျယ်သည်လေ။ တစ်ခါတစ်လေ နှစ်ဖတ်လုံးကပြောတဲ့စကားကိုနားထောင်ချင်မိသည်ကြောင့်။ နိုဝယ့်သူငယ်ချင်းများကခင်ဖို့ကောင်းသည်ဆိုတာသူသိလိုက်ရပါသည်။

ညနေခင်း ကိုယ်ချစ်ရသူလေးနှင့် အတူရှိရတာဘယ်လောက်ကောင်းလိုက်ပါသလဲ။ ကွန်ဒိုဧရိယာထဲက ပန်းခြံမှာထိုင်ပြီး ညနေခင်းကလေးများဆော့ကစားနေရတာကိုအတူတူငေးရတာလဲကြည်နူးစရာ။

ညစာစားဖို့ပြင်ဆင်ရမည်ဖြစ်သည့်အတွက်ကြောင့် အတူတူ city mart ထဲဝင်ကာစျေးဝယ်လိုက်သေးသည်။ ထို့နောက် နိုဝယ်က ဟင်းချက်နေသည့်အချိန်ဏရီကတော့ ရေအရင်ချိုးလိုက်ပါသည်။ ဏရီရေချိုးပြီးထွက်လာတော့ နိုဝယ်က ဏရီ့အတွက်အဝတ်အစားပင်ထုတ်ထားပေးသေးသည်။ နောက်မှ သူကရေချိုးခန်းဝင်လေသည်။ ညစာစားပြီးအနားယူချိန်မှာလဲ ဏရီဟာ နိုဝယ့်ရင်ခွင်ထဲမှာနေ၍သာ TV ကြည့်လေသည်။

"ဏရီ ကျွန်မကိုပြောစရာများရှိနေသလား"

"အချစ်ကဘယ်လိုသိလဲ တို့ပြောစရာရှိနေတာ"

"ဏရီက ရုပ်ရှင်ကြည့်ပြီး စိတ်ကတစ်ခြားရောက်နေတာလေ အလုပ်ကိစ္စတွေများမပြီးသေးလို့လား ကျွန်မကရပါတယ်ဏရီရဲ့ ပြောနော် တစ်ခုခုဆို ကျွန်မကအရင်ကထဲက ဏရီ့အရိပ်အကဲကိုကြည့်နေမိတဲ့သူလေ ဏရီဘာလိုချင်လဲ ဘာပြောချင်နေလဲသိတာပေါ့"

ရှက်နေဟန်ရှိသည့် ဏရီ့အားအနောက်ကကြည့်ရတာ သူဖြင့်အသဲတယားယား။ ထို့ပြင် ဏရီ့ပါးပြင်ထက်မှာလဲ နီရဲရဲလေးနှင့် နှားရွက်ဖျားလေးမှာလဲ နီရဲရဲ။ ဒါကိုသဘောကျစွာဖြင့် ထိုနီရဲရဲနားရွက်ဖျားလေးအားထွေးငုံလိုက်မိသည်။

ဆက်ခနဲတုန်သွားသော ဏရီ့ကြောင့် ခပ်တင်းတင်းပိုတိုးဖတ်ထားလိုက်မိသည်။ တကယ်ပါ ဏရီနဲ့ပြန်အဆင်ပြေပြီးကထဲက ဏရီပြောင်းလဲလာတာ။ သူတစ်ခုခု skinship လုပ်လိုက်တာနှင့် ဏရီမှာအလန့်တကြား။ ဒါပေမဲ့သူပေးတဲ့ အထိအတွေ့ကိုမှိန်းမောနေတက်သေးတာ။ နားရွက်ဖျားလေးအားခပ်ဖွဖွလေးကိုက်လိုက်တော့အသံခပ်သေးသေးကထွက်ပေါ်လာသေးသည်။

"အချစ်"

"ဟင်ပြောလေ ဏရီ"

"အချစ်နဲ့တို့ တစ်ခါလောက် ဟို ဟိုလိုအတူနေရအောင်"

"ဟင်"

ဏရီပြောချင်တာကိုသူနားလည်သည်။ နားမလည်တာက ဘာလို့အခုလိုပြောရလဲဆိုသည့်အကြောင်းအရင်း။ ချက်ချင်းဆိုသလို ဏရီ့အားဖတ်ထားသည်ကိုခွာလိုက်ပြီးနောက် မျက်နှာချင်းဆိုင်စေသည်။ ဒါကိုပင် ဏရီကရှောင်ဖယ်ကာ ခေါင်းကိုငုံ့ထားသည်ကြောင့် မှေးဖျားလေးအားကိုင်ကာမော့စေလိုက်သည်။

"ဘာလို့အဲ့လိုလုပ်ချင်ရတာလဲဏရီ ကျွန်မကိုအခုထိမယုံသေးတာလားဟင် ကျွန်မအဲ့တာတွေစွန့်လွတ်လိုက်ပြီဆိုတာဏရီ့ကိုပြောပြီးပြီလေဏရီရဲ့ ကျွန်မလေ ဏရီ့ကိုစိတ်နဲ့တောင်ထိခိုက်နာကျင်စေဖို့မလုပ်ရက်ဘူးဏရီရဲ့ ဏရီသိလား အဲ့တုန်းက ကျွန်မဘာကြောင့်လုပ်မိခဲ့လဲဆိုတာ ဏရီတစ်စွန်းတစ်စတော့သိလောက်မှာပါ ဒါပေမဲ့အခုချိန်မှာ ကျွန်မအဲ့လိုတွေမလုပ်တော့ဘူးဏရီရယ် ဏရီနဲ့အဆင်မပြေဖြစ်ရမဲ့ကိစ္စတွေကျွန်မဘာတစ်ခုမှထပ်မလုပ်တော့ဘူးလို့ကျွန်မသစ္စာဆိုထားတာဏရီရဲ့"

"အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးအချစ်ရယ် တို့လေ တို့အချစ်ကို တို့ကြောင့်ဆိုတာမျိုးမဖြစ်စေချင်ဘူး တို့အဲ့တာမျိုးကို လေ့လာကြည့်ပြီး တို့ကြောင့်နဲ့အချစ်ဘယ်လောက်ထိန်းချုပ်ခဲ့ရလဲဆိုတာတို့နားလည်လာတယ် အချစ် တို့ကိုမထိခိုက်စေချင်တာနားလည်ပါတယ်အချစ်ရယ် ဒါပေမဲ့အချစ်စိတ်ကျေနပ်ပါ့မလားဟင် အမြဲထိန်းချုပ်နေရတာဆိုတော့ တို့အချစ်ကိုချစ်တယ် အဲ့တာကြောင့် တို့လေ အချစ်ကို အချစ်စိတ်တိုင်းကျနေစေချင်ခဲ့တာ တို့အပေါ် တစ်ခါလောက် အချစ်မထိန်းချုပ်ပဲစိတ်လွတ်လက်လွတ်ခံစားကြည့်စေချင်တယ် တို့နဲ့အချစ်နဲ့အတူနေတဲ့အခါ တို့အပေါ်ဘယ်လောက်ထိန်းချုပ်ထားရလဲဆိုတာခန့်မှန်းနိုင်တယ်"

"ဘာလို့အဲ့လောက်စိတ်အားထပ်သန်နေရတာလဲဟင် ကျွန်မတို့ကြားမှာ အဲ့တာပါမှအချစ်ဖြစ်တာမဟုတ်တာဏရီရဲ့ ဏရီနဲ့စသိတဲ့အချိန်ကထဲက ကျွန်မစိတ်ထဲနှလုံးသားထဲဏရီရောက်တဲ့အချိန်ကထဲက ဏရီ့ကိုလေ ကျွန်မကနူးနူးညံ့ညံ့ပဲပုံဖော်ခဲ့တာ တစ်ခါမှအဲ့လိုမျိုးလုပ်မယ်ဆိုပြီးမရည်ရွယ်ခဲ့ဘူးဏရီရဲ့"

ဏရီနဲ့နိုဝယ် role များချိန်းကုန်လေသလား။ တကယ်ကြီး ဏရီက ယုန်ပေါက်စလေးတစ်ကောင်လိုဖြစ်နေပြီး နိုဝယ်က ကျားရိုင်းမလေးတစ်ကောင်လိုဖြစ်နေတာလေ။ အခုအနေအထားအရ ဏရီက နိုဝယ့်လက်မောင်းကြားထဲထိန်းချုပ်ခံထားရတာ။ ဏရီ့မယ် နိုဝယ့်အားမော့ကြည့်နေရတာ။

"ဒါပေမဲ့ တို့ ပေးချင်တယ် အချစ်ကို တို့နဲ့ပတ်သက်ပြီးအဆုံးထိခံစားမှုပေးချင်တယ် အချစ်ကတို့ကို နူးနူးညံ့ညံ့လေးခံစားရအောင်လုပ်ပေးပေါ့အချစ်ရဲ့ တို့ကိုနာကျင်အောင်မလုပ်နိုင်ရင် ဟင်အချစ်"

"တစ်ခါပဲနော် ဏရီ ကျွန်မ ဏရီ့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးအလိုလိုက်တာ ပထမဆုံးနဲ့နောက်ဆုံးအချိန်ပဲ နောက်ပြီးရင်အခုထဲကတစ်ခါထဲပြောထားမယ် အဲ့ဒီ့အချိန် စကားပြောဆိုတဲ့နေရာမှာ ကျွန်မဘက်ကရိုင်းခဲ့ရင် ကိစ္စပြီးသွားတဲ့အခါ ဏရီ ကျွန်မကိုကြိုက်တဲ့အပြစ်ပေးလို့ရတယ် တစ်ခုခုအဆင်မပြေတာ နာကျင်ရတာမျိုးဆိုရင် ကျွန်မနာမည်သာခေါ်လိုက် ကျွန်မအားလုံးရပ်ပစ်မယ် ဏရီ့ကိုတကယ်ကျွန်မအပွန်းအပဲ့မခံနိုင်ဘူး ဏရိဒဏ်ရာသေးသေးလေးရရင်တောင် ကျွန်မရင်တွေနာလို့ အားလုံးပြီးသွားတာနဲ့ဏရီအဲ့ကိစ္စတွေကိုအကုန်မေ့ပစ်ရမယ် ကျွန်မတို့ကြားမှာမရှိခဲ့တဲ့အဖြစ်အပျက်တစ်ခုလိုမျိုး အဲ့တာတွေလိုက်လျောမယ်ဆိုကာမှ ခွင့်ပြုပေးမယ်ဏရီ"

ကွန်ဒိုမှာမဟုတ်ပါပဲ သူစိတ်အဆင်ပြေမည့် အရင်က သူ play နေကျအခန်းမှာသာ။ အဘယ်ကြောင့်ဆိုသော် ထိုအခန်းကသူ့အတွက်သီးသန့်လုပ်ပေးထားသည်ကြောင့်အသံပိုလုံသည်။ ယခင်ကပစ္စည်းများမှာ အကုန်လွင့်ပစ်လိုက်၍ ဏရီ့အတွက်သီးသန့် သာယာမှုသာပေးနိုင်မည့်ပစ္စည်းများကိုပြန်ဝယ်စေသည်။

"ဒါလေးသောက်လိုက်ဏရီ"

"ဘာကြီးလဲအချစ်"

"စိတ်ကြွဆေးတစ်မျိုးပါပဲ ဒါမှဏရီနာကျင်မှုတွေမခံစားရမှာ"

"ဟင့်အင်း တို့မသောက်ချင်ဘူး အချစ်နဲ့တို့နဲ့ နှစ်ယောက်လုံးအတူတူကိုယ်ပိုင်စိတ်နဲ့ပဲနေကျမယ် တို့ကိုချစ်ရင်လိုက်ရောပေးနော်"

ဆေးသောက်လိုက်လျှင်ပိုပြီးခံစားမှုကောင်းနိုင်ပေမဲ့ဏရီကမသောက်ချင်ဘူးဟုဆိုလာသောကြောင့် နှစ်ယောက်လုံးကိုယ်ပိုင်အသိစိတ်ဖြင့်သာ။ အစကထဲကသူကတော့မသောက်ပဲနေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူပါအသိစိတ်လွတ်သွားလျှင် ရှေ့ဆက်ဘာဆက်ဖြစ်နိုင်မည်မသိဘူးလေ။

ယခုတောင် ဏရီ့အသားဖွေးဖွေးလေး၌ လက်ထိပ်ယာနီရဲရဲပေါ်လာခဲ့သည်။ သူနှစ်သက်သည့်ပစ္စည်းတစ်ချို့ဖြစ်၍ ဏရီကတော့ဘာတွေလဲဟုသာတစ်ခုခြင်းလိုက်မေးနေ၍ သူသည်လဲတစ်ခွန်းမကျန်ပြန်ဖြေပေးနေမိသည်။

"အခုကစပြီး ကျွန်မကို moon လို့ပဲခေါ်ရမယ် ကျွန်မနာမည်ကိုလုံးဝမခေါ်ရဘူး အချစ်ဆိုတာလဲမသုံးရဘူး အကယ်၍ တစ်ခြားနာမည်တစ်လုံးထွက်လာတာနဲ့ အပြစ်ပေးခံရမယ်"

လည်ပင်း၌ကြိုးချည်ထား၍ နောက်ကျောဘက်မှနေဆွဲကိုင်ကာ ခေါင်းကိုမော့၍ပြောသည့်အတွက် ဏရီ့မျက်ဝန်းထဲ၌အကြောက်တရားခပ်ရေးရေးလေးအားမြင်လိုက်ရသည်။ ဒါကြောင့် ဏရီ့အတွက်ပြင်ဆင်ပေးထားသည်ထဲက မျက်လုံးမျာအုပ်သည့်eye mask အားတပ်ပေးလိုက်လေသည်။ ထို့နောက် နားဖျားလေးအားခပ်ဖွဖွအနမ်းပေးလိုက်မိသည်။

"အခုကစပြီး ကျွန်မစိတ်ကြိုက်လုပ်တော့မှာ စိတ်ကိုလျော့ထားနော်"

အရင်ကစိတ်နဲ့ဆို ဏရီ့နေရာမှာတစ်ခြားသူသာဆို သူကြမ်းတမ်းမိတော့မှာဖြစ်သည်။ ဒါပေမဲ့ အခုချိန်မှာ ဏရီဖြစ်နေ၍သူတအားသတိထားနေရသည်။ သူပုံဖော်ထားသည့်အတိုင်းလေးဖြစ်နေသည့်ဏရီ့အားကြည့်ရင်း သူ့စိတ်များအားရိုင်းမသွားအောင်အတော်လေးထိန်းချုပ်ထားရသည်။

ဝမ်းဗိုက်ချပ်ချပ်လေးအား တစ်ချက်ရိုက်လိုက်တိုင်း ထွက်ပေါ်လာသည့်အသံမှာသူ၏စိတ်ကိုပိုမိုဆွနေခဲ့သည်။ ဒီမြင်ကွင်းဟာသူ့ဘဝမှာတစ်ခါပဲမြင်ရှုရမည့်မြင်ကွင်းဖြစ်၍မျက်တောင်မခတ်တမ်းကြည့်နေမိသည်။ တစ်ချက်တစ်ချက်တုန်သွားသည့် ကိုယ်ခန္ဓာလေးကြောင့်အရှိန်ပြန်လျော့ရသေးတာအခါခါ။ ပါးစပ်ထဲက ball gag ကြောင့် သူတစ်ချက်ရိုက်လိုက်တိုင်းမှာ ဝူးဝူးဝါးဝါးဝါ။ မျက်လုံးကာထားသည်ကိုဖြုတ်ပေးလိုက်တာတောင်ဏရီကမျက်ဝန်းများမှိတ်ထားခဲ့တာ။

မျက်ခမ်းနားမှမျက်ရည်စီးကြောင်းလေးက နာကျင်မှုကြောင့်ပဲလား။ မှိန်းမောနေသည့်မျက်ခွံများက သာယာမှုကြောင့်ပဲလား။ အထိအတွေ့တိုင်းမှာ လည်ပင်းကြောများထောင်သည်အထိခံစားနေမိတာ ဘာကြောင့်များပါလဲ။ ခါးလေးကော့ကာ သူပေးတဲ့သာယာမှုကောနာကျင်မှုပါခံစားနေသည့်ဏရီ။ ပါးစပ်အားထိန်းထားသည်ကိုဖြုတ်ပေးလိုက်သည့်နောက် ဏရီဟာသူပြောသလို moon ဆိုသည့်နာမ်စားအားတွင်တွင်အော်ကြူးနေခဲ့တာ။ ထိုအသံကြောင့်ပင်သူ့စိတ်များဟာအစိုးမရ။ ဏရီ့ဘက်ကနေ သူ့နာမည်ကိုအော်ငြီးသည့်အချိန်ကိုသူဘယ်လောက်တောင်နစ်မြောနေခဲ့ပါသလဲ။

နာကျင်နေသည့် လက်ကောက်ဝတ် လိုသလိုမလှုပ်ရှားနိုင်သည့် ခြေကျင်းဝှစ်။ တင်းကြပ်နေသည့် ကိုယ်ခန္ဓာအနေအထား။ ဒါတွေအားလုံးဟာ ဏရီ့အတွက် နိုဝယ်သီးသန့်ဖော်ထုတ်ထားသည့် အလှ။ တကယ်ပါ ဏရီဟာ ဒဏ္ဏာရီ ဆိုသည့်နာမည်နှင့်လိုက်အောင် ဒဏ္ဏာရီဆန်ပြီးလှရက်နေတာ။

အားလုံးပြီးမြောက်သွားတဲ့အချိန် ချုပ်ထားသည်များကိုဖြည်ပေးလိုက်တော့ အနီရောင်အရာများက ဏရီ့ကိုယ်ခန္ဓာပေါ်မှာအထင်းသား။ ပင်ပန်းကာအိပ်ပျော်လုမတက်ဖြစ်နေသည့်ဏရီ့အားသူ့ရင်ခွင်ထဲ၌ထွေးပွေ့ထားမိလေသည်။

"နောက်ဆို တို့ပဲဦးဆောင်တော့မှာနော် အချစ်ကိုချစ်လို့ အခုလိုလုပ်ချင်ခဲ့တာ"

"သိပါတယ်ဏရီရဲ့ ကျွန်မလဲနောက်ဆိုမလုပ်တော့ပါဘူး အခုဏရီ့ကိုယ်ပေါ်ကအနီရောင်အချိုးရာတွေကိုကြည့်ပြီး ဘယ်လောက်နာကျင်ရလဲဏရီသိလား"

နိုဝယ် ဘယ်လောက် ဏရီ့ကိုချစ်လဲ။ ဏရီကကော နိုဝယ့်အားဘယ်လောက်အတိုင်းအတာထိချစ်ပါသည်လဲ။ သူမကြိုက်သည့်ကစားနည်းဖြင့်တောင် ဆက်ဆံမှုဖြင့်တောင် ကစားပြီးတော့ နိုဝယ့်အားစိတ်ကျေနပ်မှုပေးနိုင်သည်အထိသူ့စိတ်ကိုဘယ်လောက်ပြင်ဆင်ခဲ့ရတယ်လို့ထင်ပါသလဲ။

တစ်ယောက်က မနာကျင်စေဖို့ရွေးသလို တစ်ယောက်က နောက်တစ်ယောက်အတွက် ခံစားမှုအမြင့်ဆုံးရောက်စေဖို့တွေးပေးနေသည်။

နိုဝယ်နှင့်အဆင်ပြေတော့ နိုဝယ့်ကွန်ဒိုတလှည့် ဏရီ့ကွန်ဒိုအခန်းတလှည့်အိပ်သည့်အချိန့၌ ဏရီသည် နိုဝယ့်အခန်းစာအုပ်စင်မှစာအုပ်များကိုလိုက်လံကြည့်ရှုတက်သည်။ တရက် နိုဝယ့်ဒိုင်ယာရီဟုထင်ရသည့်စာအုပ်သုံးအုပ်အားသူတွေ့ခဲ့လေသည်။

ပထမတစ်အုပ်က သူအတိတ်ခလေးဘဝမှနေ သူစိတ်ဓာက်ရာရသည့်အချိန်ထိရေးထားသည့်စာအုပ်။ တစ်အုပ်ကတော့ သူနှင့်နိုဝယ်စတွေ့သည့်အချိန်ကထဲက နိုဝယ့်ခံစားချက်တွေ။ နောက်ဆုံးကတော့ သူနှင့်နိုဝယ်ကွဲကွာချိန်၌ နိုဝယ်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်များ။

ထိုအကြောင်းအရာများအားသိလိုက်ရချိန်မှာ ဏရီဟာအသံတိတ်ကြေကွဲနေယုံမှအပတခြားမတက်နိုင်ခဲ့။ နိုဝယ်ဟာအမြဲတမ်းတစ်ခြားသူများနှင့်စိတ်ဖြေလျှင့်သူ့အာတမ်းတနေတက်သည်ဆိုတာကိုစာအုပ်ထဲဖတ်လိုက်ရ၍ နိုဝယ့်အတွက်တစ်ကြိမ်တစ်ခါတော့သူဖြည့်စည်းပေးချင်သည်။ အခုချိန်ထိ နိုဝယ်ကသူ့အားရယူခဲ့တာ ၂ ကြိမ်ပဲရှိနေခဲ့တာ။ ထိုအကြိမ်များတိုင်းလဲ နိုဝယ်ဟာဘယ်တုန်းကမှမကြမ်းတမ်း။ သူ့အားကြွေရုပ်ခလေးကဲ့သို့သက်မှတ်ထားဟန်ရှိသည်။

ထို့ကြောင့်နိုဝယ့်အတွက် သူစိတ်ကိုအတက်နိုင်ဆုံးပြင်ဆင်ကာ အရဲစွန့်ပြောခဲ့လေသည်။ အခုတော့ သူဖြစ်ချင်သလို နိုဝယ်စိတ်ဆန္ဒရှိသလိုမျိုး အတူနေဖြစ်ခဲ့ကျသည်။ သူ့ကိုယ်ပေါ်က အချိုးရာ ဒဏ်ရာများကြောင့်နိုဝယ်ဟာမျက်ရည်ကျခဲ့သေးတာ။ အိပ်မောကျနေသည့် နိုဝယ်မျက်နှာပြင်အား ခိုးကြည့်နေခဲ့သည်။ ပင်ပန်း၍မှိန်းမောနေရင်းက နိုဝယ်ဟာအရင်အိပ်ပျော်သွား၍တော်သေးသည်။ မဟုတ်ရင်သူ့အားမအိပ်ရကောင်းလားဟုဆူနေအုန်းမယ်လေ။

"ချစ်တယ် တို့ရဲ့အချစ်ကလေး ကောင်းသောညပါ"

ဏရီဟာ နိုဝယ် ဆန္ဒရှိသည်များကို တစ်နည်းနည်းဖြင့်ဖြည့်စည်းပေးနေအုန်းမည်ဖြစ်သလို။ နိုဝယ်သည်လဲ ဏရီ့အားကတိပေးထားသည့်အတိုင်း ဏရီထပ်ပိုပြီးချစ်ပေးနေအုန်းမည်ဖြစ်သည်။

×

END

trollZ22

15.2.2024

Continue Reading

You'll Also Like

18.4K 1.1K 16
ဘဝပေးအခြေနေကြောင့်အရမ်းရှုပ်ပွေတဲ့...ညို့ဆိုတဲ့ကောင်မလေးနဲ့ အေးစက်တည်ငြိမ်တဲ့သာသာဆိုတဲ့....သူငယ်ချင်းကောင်မလေးနှစ်ဦးရဲ့ချစ်ခြင်းလေး....ဟာ.....
9.8K 494 18
သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေနဲ့မောင်'' မင်းထိုက်ဝဿန်: ''မောင် နည်းနည...
988 88 10
တတိယမြောက် ficတစ်ပုဒ်ပါ။ နေရီ့ရဲ့ ဇာတ်လမ်းတွေက အငြိမ်လေးနဲ့ ချစ်ခြင်းမေတ္တာကို အဓိကထားပြီး ဖော်ပြရေးသားတာမို့ တစ်ချို့ အလင်းရောင်မကြိုက်တဲ့သူတွေအတွက်...
1.9K 144 19
🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါ‌ကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်‌...