ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
By KooChimmy58
85.5K 5.7K 376
" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့" More
Note
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39 (final)
2.3K 121 7
By KooChimmy58
Unicode
သူဋ္ဌေး ကားရောက်လာတဲ့အချိန်မှာ အရင်နေ့တွေနဲ့မတူပဲ ဝန်ထမ်းတွေအကုန်လုံး လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ဘေးနားက ကပ်ပါလာတဲ့ အရာလေး ကြောင့်ဆိုတာ အတိအကျပင်။
"ဟဲ့ အဲ့ဒါသူဋ္ဌေးရဲ့အမျိုးသားမလား"
"ဟုတ်တယ်လေ ခုမှပဲသေချာမြင်ဖူးတော့တယ်။
သူဋ္ဌေးက သူ့အပိုင်လေးကို ဥထားတာနော်"
"ဟုတ်ပါ့ သဝန်တိုချင်စရာ ဥထားချင်စရာလေးလေ
မထိရက်မကိုင်ရက်စရာလေးဖြစ်နေတာ ကြည့်ပါအုံး"
"သူဋ္ဌေးရဲ့ မျက်နှာကိုကြည့် အရင်ရက်က အလုပ်လာတဲ့ပုံစံနဲ့ တခြားစီ ပျော်နေတာအသိသာကြီး"
"တကယ်ကို လိုက်ဖက်လွန်းပါတယ်ဟယ်"
"အတော်လေးချစ်ကြတာနော် relationship သက်တမ်းကလည်းအတော်ကြီးကြာမှ လက်ထပ်လိုက်ကြတာတဲ့။အရမ်းအားကျဖို့ကောင်းတာပဲ"
"အမယ်လေး တကယ်ချစ်စရာလေး ဖြူအုနေတာပဲ"
ဝန်ထမ်းအမျိုးသမီးတွေ ဆီကနေ အားကျနေတဲ့ တစ်ယောက်တစ်ပေါက်ထွက်လာကြတဲ့အသံတွေဖြစ်သည်။
"ဝါးးးရုံခန်းတံခါးကိုပါ သူဋ္ဌေးကိုယ်တိုင်ဖွင့်ပေးသွားတာနော် ဂရုစိုက်တတ်လိုက်တာ"
"သူဋ္ဌေးလို လူမျိုးနောက်ထပ်ရှိနိုင်ပါ့အုံးမလား"
"ရှိလည်းမရှိနိုင်သလို နင်တို့တွေရလည်းမရနိုင်တာမို့
အားကျလို့ပြီးရင် အလုပ်ပြန်လုပ်လို့ရပြီ။"
"ဟုတ်ကဲ့!!! ဟုတ် အဖွဲ့မှူး"
အဖွဲ့မှူးရဲ့စကားကြောင့် အားလုံးနေရာတကျပြန်ထိုင်ပြီး အလုပ်ပြန်စဖို့ပြင်ကြ​တော့သည်။
သေချာတာကတော့ သူဋ္ဌေးကဘယ်လိုချစ်တတ်ကြောင်း သူဋ္ဌေးရဲ့အမျိုးသားက ဘယ်လိုချစ်စရာလေးဆိုတဲ့အကြောင်းကို တစ်ပတ်လောက်ပြောနေကြအုံးမှာဖြစ်သည်။
>>>>>>>>>>>>>>>>
February 14
အိမ်ထဲကို နှင်းဆီပန်းနီနီရဲရဲတွေအစည်းလိုက်ကြီးတွေကို တဖြည်းဖြည်းချင်း အိမ်ထဲသယ်နေကြတဲ့ လူငယ်လေးတွေရှိနေသည်။
"Tae Hyung ဖြည်းဖြည်းနော် ပွင့်ဖတ်တွေကြွေကုန်အုံးမယ်။"
"ငါသိတယ် မရှည်နဲ့!! မင်းတို့က ကြိုက်ခါစရည်းစားလည်းမဟုတ်ဘူး။ညားနေပြီပဲကို"
"ညည်းညူမနေနဲ့ မင်းငါ့လို ယောကျာ်းရမှ သိလိမ့်မယ်။"
"Jin Hyung မြန်မြန်ခြွေနော်"
"Yoongi Hyung ဒါလေးကူပေးပါအုံး"
"Nam Joon Hyung နဲ့ Hoseok Hyung ဒီဟာလေးကိုလေ...."
စသည်ဖြင့် တစ်ယောက်တစ်မျိုးအကူအညီတောင်းရင်း အိမ်အသစ်လေးထဲ ဆူညံနေသည်။
အိမ်အသစ်ကိုနှစ်ယောက်တည်းပြောင်းနေကြပြီဖြစ်တာမို့ Married life မှာ ပထမဆုံးဖြတ်သန်းကြမဲ့
Valentine ကို အမှတ်တရရှိစေချင်တာကြောင့် အထူးတလည်ပြင်ဆင်နေတာဖြစ်သည်။
"Yoongi Hyung မှန်တယ်သိလား။ အိပ်နေတာပဲကောင်းတယ် အချစ်ရေးအချစ်ရာတွေဆိုတာလေ လုံးဝမကောင်းဘူး။ ဒီလိုနေ့မျိုးလေး ကိုယ့်ချစ်သူနဲ့ romantic ဆန်ဆန် ဖြတ်သန်းနေရမဲ့အစား ဒီလိုမျိုးတွေနဲ့ သူငယ်ချင်းလာဖြစ်နေတော့ မလွှဲသာပဲ လိုက်လုပ်ပေးနေရတယ်။"
"Kim Tae Hyung ငြီးတွားမနေဘဲ မြန်မြန်လေး လုပ်ပေး"
"လုပ်နေတယ်ဟေ့"
တီးတောင်!! တီးတောင်!!
"ဘာလဲ Jimin ပြန်ရောက်လာတာလား။ မင်းသေချာမလုပ်ထားဘူးလား"
"သေချာပြောထားတယ် အလုပ်ကိစ္စအရေးကြီးလို့ ငါ့ကိုယ်စားသွားပေးဖို့ ဒီလောက်စောစောပြီးမှာမဟုတ်တာ သေချာတယ်။"
"ဘယ်လိုလုပ်ကြမလဲ"
"ဘယ်လိုမှမလုပ်ခင် အရင်သွားကြည့်"
"နေအုံး Jimin ဆိုရင် bellမတီးဘဲ အိမ်ထဲကိုတန်းဝင်လာမှာပေါ့ ခုက Jimin မဟုတ်ဘူးထင်တယ်။"
"Nam Joon Hyung ပြောတာဖြစ်နိုင်တာပဲ Jimin ကအိမ်ထဲဝင်ဖို့ bellတီးမှာမဟုတ်ဘူး။"
"Jung Kook မြန်မြန်သွားကြည့်လိုက်"
တံခါးဖွင့်လိုက်တော့ Jimin မဟုတ်ဘဲ ဖေဖေဖြစ်နေသည်။
"ဖေဖေ!! ဘယ်ကနေဘယ်လို.."
"ဒီနားက အသိတစ်ယောက်ဆီကိုလာရင်းလမ်းကြုံတာနဲ့လေ ဝင်ခဲ့တာ"
"ဟုတ်"
"သြော် သားတို့တွေပါရောက်နေကြတာပဲ လူစုံတက်စုံပါလား။ Jimin ရော ဘယ်သွားနေလဲ"
"ဟုတ်ကဲ့ နေကောင်းရဲ့လားခင်ဗျ။"
"ကောင်းပါတယ်ကွာ"
အကုန်လုံးကလည်း Jimin မဟုတ်မှန်းသိတော့မှ
သက်ပြင်းချနိုင်တော့သည်။
"Jimin အလုပ်ကိစ္စ အပြင်ခဏသွားတယ် ဖေဖေ"
"ငါ့သား ပန်းဆိုင်ဖွင့်ဖို့လား ဆိုင်အတွက်ကြိုပြင်ဆင်တာတွေဘာတွေလည်းမကြားမိဘူး"
ခွီ!!
အကုန်လုံးက ပါးစပ်တွေပိတ်ပြီး တစ်ဖက်လှည့်ကာ ကြိတ်ရီနေကြပြန်သည်။
ဖေဖေ မေးလည်းမေးချင်စရာဖြစ်နေခဲ့သည်။ပန်းတွေက ခြွေထားတာတွေရော အစည်းတွေလိုက်ရော
တစ်ပွင့်ချင်း ချထားတာတွေရော အတော်လေးများနေသည်။
"မဟုတ်ပါဘူး ဒီနေ့က Valentine Day လေ အဲ့ဒါ Jimin အတွက်"
"အေးပေါ့ကွာ လူငယ်တွေများ လုပ်ကြပါ ကောင်းတယ်။ ဖေဖေ Toilet ခဏသွားလိုက်အုံးမယ်"
"ဟင့်အင်း!! ဖေဖေ မဖြစ်ဘူး"
"ဘာလဲကွ အိမ်သာတက်လို့တောင်မဖြစ်ဘူးလား"
"ဘာလို့ ဒီနေ့မှလဲ ဖေဖေကလည်း"
"အိမ်သာကို ဘယ်နေ့မှ သွားရမယ်လို့သတ်မှတ်ထားတာရှိလို့လား ဖယ်စမ်းပါ ရှေ့က ကိုးလို့ကန့်လန့်နဲ့"
Romantic ဆန်ချင်လွန်းလို့ ရေချိုးတဲ့ bath tub တွေထဲပါ နှင်းဆီပွင့်ဖတ်တွေခြွေထည့်ထားတာဖြစ်သည်။
"ရေချိုးခန်းနဲ့ အိမ်သာထဲအထိပါ ဒီနှင်းဆီပွင့်ဖတ်တွေကဘာတုန်းဟ"
"ရေပဲချိုးချိုး အိမ်သာပဲတက်တက် ကျွန်တော့်အချစ်ခံတွေခံစားလို့ရအောင်လို့လေ ဘယ်လိုလဲ romantic ဆန်သွားတယ်မလား"
"သောက်ကျိုးနည်းကွာ မင်းဟာက
ကြားမကြားဖူးပါဘူး။ အိမ်သာထဲအထိပါ ပွင့်ဖက်တွေနဲ့ တော်ပြီ ငါ့အိမ်ပဲပြန်တော့မယ်။"
"နေပါအုံး ဖေဖေကလည်း"
"တော်ပါပြီကွာ ငါလည်းမင်းအမေနဲ့ Valentine Day ကိုဖြတ်သန်းရမယ်လေ"
"ကောင်းကောင်းဖြတ်သန်းပါ ဖေဖေ"
အကုန်လုံးကို နှုတ်ဆက်ပြီးဖေဖေလည်း ပြန်သွားပြီဖြစ်သည်။
ဖေဖေပြန်သွားမှ ကျန်တဲ့အစီအစဥ်တွေအကုန်လုံးကို အမြန်ဆက်စီစဥ်ရသည်။နောက်ဆုံး တစ်နာရီခွဲလောက်ကြာပြီးတဲ့နောက်မှာတော့ အကုန်လုံးပြီးသွားခဲ့သည်။
ပြင်ဆင်လို့ပြီးသွားတဲ့နောက်တော့ အသီးသီး ပြန်သွားကြပြီဖြစ်သည်။ ပါးစပ်ကနေ ဘယ်လိုပဲပြောနေနေ တကယ်စိတ်ရင်းနဲ့ကူညီပေးကြတာကို သိနေတဲ့အတွက်လည်း တကယ်ကျေးဇူးတင်ရသည်။
>>>>>>>>>>>>>>>>
Jimin အလုပ်ကနေပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာ ယောကျာ်းလေးမိန်းကလေး ကိုယ်စီပန်းစည်းတွေ လက်ဆောင်ပစ္စည်းတွေနဲ့ တွေ့ရတာမို့ ဖုန်းကနေ ရက်စွဲကို ထုတ်ကြည့်လိုက်တော့ February 14ရက်နေ့ဖြစ်နေသည်။
အရမ်းထူးဆန်းတဲ့ရက်မျိုးမဟုတ်ပေမဲ့ Jungkook ဆီကနေ အနည်းဆုံးတော့ သတိတရပြောလာတာလေးကို မသိစိတ်ကလိုချင်မိသည်။
ခုကတော့ တစ်နေ့လုံး ဖုန်းလည်းမဆက်သေးတာမို့ အနည်းငယ်တော့ စိတ်ကကောက်ချင်လာသည်။
ကားကခြံထဲကို ကွေ့ဝင်လာပြီးပေါ်တီအောက်မှာရပ်လိုက်တဲ့အထိ Jeon Jung Kook ရဲ့ အရိပ်အယောင်တောင်မတွေ့ရသေး။
ပြန်လာပြီဆိုတဲ့အကြောင်း စာပို့ထား​တာကိုတောင် အရေးမလုပ်တော့ စိတ်ကအတည်ကောက်ပစ်လိုက်ပြီ။
အိမ်ထဲဝင်သွားလိုက်တော့မှ ကောက်နေတဲ့စိတ်ကို ဘယ်ကိုရောက်သွားလဲ ပြန်လာပါလို့ လိုက်ခေါ်ရတော့မလို ဖြစ်သွားသည်။
နှင်းဆီပန်းစည်းကိုင်ထားပြီးတော့ ရေချိုးပြီးခါစပုံစံနဲ့ သာမန်ရိုးရိုးရှင်းရှင်း shirt အဖြူတစ်ထည်ပဲဝတ်ထားတဲ့ပုံစံကတောင် ရင်ထဲကအကောင်ပေါက်ကို ဝုန်းဒိုင်းကြဲသွားစေသည်။
"Happy Valentine Day Jeon Jimin!!"
"Jung Kook..."
"အခြေအနေတွေအများကြီးဖြတ်ကျော်ပြီး ဒီလိုအချိန်ထိကိုယ့်အနားရှိနေပေးလို့ ကျေးဇူးတင်ပြီး ချစ်တယ်။ အစပိုင်းတွေတုန်းက မင်းအချစ်ကိုသေချာမမြင်နိုင်ခဲ့တာတွေအတွက် ခုထိအားနာရတုန်းပဲ ကိုယ်ကသေချာလေး အများကြီးပိုချစ်ပေးမယ်နော်"
"ငါ..ငါလည်း ချစ်တယ်"
"ကိုယ်က ပိုချစ်တာ"
"ဒါနဲ့ ဒါတွေအကုန်လုံးမင်းတစ်ယောက်တည်းပြင်ဆင်ထားတာလား"
"မဟုတ်ဘူး Tae Hyung နဲ့ Jin Hyung တို့အကုန်လုံးကို အကူအညီတောင်းထားရတာ"
"အားနာစရာ မင်းကလည်း"
"ကဲပါ ရော့!! ကိုယ့်အချစ်တွေလောက်မများပေမဲ့ နှင်းဆီတွေကိုလည်း လက်ခံပေးပါအုံး"
"ကျေးဇူးပါပဲ"
"ကျေးဇူးတင်ရင် ဒီည,  ညစာမစားနဲ့တော့"
ဖြန်းး!!!.
"အာ့ !!"
"မင်းနော်"
"ဟားး နောက်တာပါကွာ Jeon Jimin တို့ကတကယ် အသည်းယားစရာလေး"
ပြွတ်!!
နှုတ်ခမ်းကို တစ်ချက်ဖိကပ်နမ်းလာပြီး ပြောသွားတာက "ငါ့ရဲ့ Valentine Day လက်ဆောင်" တဲ့လေ။
"ဒီလောက်နဲ့မရဘူးဆိုတာ သိတယ်နော်"
"မသိဘူးလို့"
ပျော်ရွှင်မှုအစစ်အမှန်တွေကို ခံစားခဲ့ကြရသည်။
စိတ်အပြောင်းအလဲမြန်တတ်လွန်းတဲ့ ဆယ်ကျော်သက်အရွယ်မှာ​တောင် နေရာအကွာအဝေးတွေကို စိတ်ရှည်သည်းခံပြီး နားလည်မှုတွေနဲ့ စောင့်ဆိုင်းနေရလည်း အချစ်တွေလျော့သွားတာမျိုးတွေမရှိခဲ့ကြတဲ့ သူတို့တည်ဆောက်ထားတဲ့ healthy relationship တစ်ခုက ပျော်ရွှင်စရာတွေအဖြစ်နဲ့သာ အဆုံးသတ်ခဲ့သည်။
ပထမဆုံးအချစ်နဲ့ နောက်ဆုံးအချစ်က ထပ်တူကျသွားခဲ့ပြီး နောက်ဆုံး​တော့ သူတို့ရဲ့ ချစ်ခြင်းတွေလည်း ထပ်တူကျသွားခဲ့ပါသည်။
.................ပြီးပါပြီ။.................
>>>>>>>>>>>><<<<<<<<<<<<
Note_ယောတောဘွန်းးး ဒီနေ့တော့
"ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်" ကိုဇာတ်သိမ်းပေးနိုင်ခဲ့ပါပြီ။ဒါလေးကိုစရေးကတည်းက ဒီနေ့အထိ ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းကို စိတ်ရင်းနဲ့ ထပ်ပြီးကျေးဇူးတင်ပါတယ်။
Extra နဲ့ New Fic လေးကိုလည်း သိပ်မကြာခင်တင်ပေးမယ်နော်။ချစ်ပါတယ် 💕
(အခြေအနေတွေကြောင့် အားလုံးလည်းဂရုစိုက်ကြပါ။)
KooChimmy58
Zawgyi
>>>>>>>>>>>>>>>>
February 14
"လုပ်နေတယ်ဟေ့"
တီးတောင်!! တီးတောင်!!
"ဘယ်လိုလုပ်ကြမလဲ"
"ဖေဖေ!! ဘယ်ကနေဘယ်လို.."
"ဟုတ်"
"ကောင်းပါတယ်ကွာ"
ခွီ!!
"နေပါအုံး ဖေဖေကလည်း"
>>>>>>>>>>>>>>>>
"Jung Kook..."
"ငါ..ငါလည်း ချစ်တယ်"
"ကိုယ်က ပိုချစ်တာ"
"အားနာစရာ မင်းကလည်း"
"ကျေးဇူးပါပဲ"
ဖြန်းး!!!.
"အာ့ !!"
"မင်းနော်"
ပြွတ်!!
"မသိဘူးလို့"
.................ပြီးပါပြီ။.................
>>>>>>>>>>>><<<<<<<<<<<<
KooChimmy58
Continue Reading
You'll Also Like
169K 4.8K 65
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
126K 9K 21
ကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။
370K 19.9K 22
Katsuki Bakugou was almost completely deaf. He could barely hear his own explosions anymore, but that didn't stop him from trying to become a pro her...
12K 1.4K 6
Jimin x Jungkook (မြန်မာမှု၀တ္ထုတို) သူကြီးသမက်လို့ဘဲခေါ်ပါ ရင်းရင်းနှီးနှီးပေါ့...။ [၅ပိုင်းတည်း အပြီးပါဗျာ]