ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.2K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၈🍀
၃၈🍀

၃၇

537 49 0
By trollz22

မနတ်ခင်းမှာ ချစ်ရသူကိုဦးစွာမြင်တွေ့ရတာဘယ်လောက်ကြည်နူးဖို့ကောင်းပါသလဲ။ တစ်ညလုံး ဏရီ့ရင်ခွင်ထဲမှာအိပ်စက်ခဲ့တာ။ အိပ်မတ်ဆိုးတောင်မမတ်ခဲ့တဲ့ညတစ်ညပါပဲ။ ဏရီကထိုမျှလောက်ထိ စိုးမိုးထားတာလေ။ တကယ်ဆိုအခုထိမယုံနိုင်သေး၍ မနတ်အိပ်ယာနိုးကထဲက အိပ်မတ်များဖြစ်နေမလားဟု ကိုယ့်အသားကိုဆွဲဆိတ်နေမိသည်အထိ။ ကြာရင်ရူးတော့မယ်ဏရီရေ ဟုသာအော်ပြောလိုက်ချင်ပါသည်။

မျက်ခွံများမိတ်ကာအိပ်ပျော်နေသည့်ဏရီ့ကို အိပ်ယာနိုးကထဲကငေးကြည့်နေမိခဲ့တာ။ ဏရီ့မျက်နှာအချိုးအစားလေးကိုသူတမေ့တမောငေးကြည့်နေခဲ့မိတာ။ ဒီရင်ခွင်ငယ်ကိုသူဘယ်လောက်လွမ်းလိုက်ရသလဲ။ သူ့ဘေးမှာဏရီရှိနေသည်ဆိုတဲ့အသိနဲ့တင် သူ့ဘဝဟာပြည့်စုံနေပြီလို့ခံစားမိသည်အထိ။ ခပ်သာသာလေး ဏရီ့ရင်ခွင်ထဲကထွက်ဖို့လုပ်တော့ ခါးနားကတင်းတင်းဖတ်ခံလိုက်ရတဲ့ခံစားချက်ကြောင့်သူ့မယ် အင့်ခနဲ။

"မထနဲ့အုန်းကွာ တို့တစ်ညလုံးရင်ခုန်နေတာနဲ့တင် ကောင်းကောင်းမအိပ်ရသေးဘူး အခုနေ ဒီအိပ်ယာထဲကထဖို့လုပ်မယ်ဆို နေ့လည်စာပါလွတ်မယ်နော်ကောင်မလေး"

"ဟာ မနတ်ခင်းကြီးဘာတွေပြောနေတာလဲဏရီရယ် ကျွန်မက မနတ်စာလေးလုပ်ပေးမလို့ထမလို့ပါလို့"

ဏရီ့အပြောကြောင့် နိုဝယ့်မျက်နှာမှာထူပူလာသလိုပင်ခံစားလိုက်ရသည်။ ထို့ပြင်ဏရီကသူ့ကိုဖတ်ထားသည်အားလွတ်မပေးသည့်အပြင်သူ့ကိုပါပြန်အိပ်ခိုင်းနေပြန်သည်။

"မသိဘူးကွာ တို့ဒီလိုလေးခဏနေချင်သေးတယ် အချစ်က အစောကြီးနိုးပြီးအငြိမ်မနေဘူးလေ သူများနမ်းလာမလားစောင့်နေတာ အခုတော့ ဒီတိုင်းထားပြီးမနတ်စာကိုဦးစားပေးတော့မယ်ပေါ့"

လူစားလဲခံလိုက်ရတဲ့ဏရီများလား တကယ်ဆို သူကနမ်းချင်လွန်းလို့။ ဏရီနိုးသွားမည်ထင်၍သာမနမ်းဖြစ်ခဲ့တာ။ အခုလိုကြားလိုက်ရတော့ ရင်ထဲပန်းရောင်လှိုင်းလေးတစ်ခုကဖျတ်ပြေးနေလေရဲ့။

ခပ်မြန်မြန်ပဲ ဏရီနှုတ်ခမ်းပါးလေးမှာနွေးသွားရသည်။ အနမ်းခံလိုက်ရခြင်းကြောင့် ဏရီ့မျက်ခွံများပွင့်လာခဲ့ပြီး သူ့အားအပေါ်မှပြန်အုပ်မိုးကာအနမ်းမိုးရွာနေလေရဲ့။

"ကဲ ထပြီ လာ အတူတူမျက်နှာသစ်မယ် တို့ ရေချိုးခန်းထဲကbox ထဲမှာ သွားတိုက်တံအပိုရှိမယ်ထင်တယ် လာ"

အတူတူမျက်နှာသစ်ပြီးနောက်တွင်တော့ နိုဝယ်မနတ်စာပြင်ပေးနေသည်ကို ဏရီမှစားပွဲမှာနေကာ မေးထောက်ငေးကြည့်နေလေရဲ့။ ဒီလိုအခြေအနေလေးကိုသူဖြင့်သဘောကျမိနေတာ။

"ချစ်တယ်"

"ဟင် ဟာ ဏရီရာ ကျွန်မကိုရှက်အောင်လုပ်နေတာပဲ"

ကိုယ့်ရှေ့တည့်တည့်ထိုင်ကာ ကိုယ့်ကို ချစ်ရည်ရွန်းလဲ့သောမျက်ဝန်းများနှင့်ကြည့်ပြီး ချစ်တယ်ပြောနေသည့်ဏရီပါပဲ။ ကိုယ့်မယ်အခုမှအချစ်ကိုစထိတွေ့ဖူးတဲ့သူလိုရင်ခုန်နေရတာအကြိမ်ကြိမ်။

"မပြောဖြစ်ခဲ့တဲ့နှစ်တွေ မတွေ့ဖြစ်ခဲ့ရတဲ့နေ့တွေအတွက် အတိုးချပြီး တို့က အချစ်ကို ချစ်တယ်ဆိုတာ တနေ့တစ်မျိုးမရိုးရအောင်ပြောပြချင်တာအချစ်ရဲ့"

ထိုအချစ် ဆိုသည့်အခေါ်အဝေါ်ကို ဏရီက ညကထဲကပါးစပ်ဖျားကမချ။ ဒါကိုပဲသူကလဲသဘောတကျကျ။ သူတို့နှစ်ယောက်အတွက်အထူးတလည်အနေနဲ့ အခေါ်အဝေါ်မလုပ်ထား၍ ဏရီရဲ့ အဲ့ဒီ အချစ်ရဲ့ဆိုတဲ့စကားမှာတင် လူကခွေကျပြစ်ချင်နေတာပါပဲ။ ဏရီကလဲ သူ့ကိုယ်ဘယ်လိုခေါ်ပါမပြောလေတော့ ကိုယ်တိုင်လဲ ထွေထွေထူးထူးမစဥ်းစားချင်။ ဒီအတိုင်း ဏရီလို့ခေါ်ရတာကိုသဘောကျသည်။ သူမရဲ့ ဒဏ္ဏာရီလေ။ ဆန်းကြယ်မှုတွေများစွာနဲ့ ဒဏ္ဏာရီ။ ဏရီ့ကို ဏရီလို့ခေါ်ရတာ သဘောကျကြောင်းပြောခဲ့ဖူးတုန်းက ဏရီသည်လဲထိုအချိန်ကစ သူ့နာမည်ကို နိုဝယ်တစ်ယောက်ပဲခေါ်လို့ရရင်ကောင်းမယ်ဆိုပြီးပြောခဲ့ဖူးသေးသည်။

"ကျွန်မလဲ ဏရီ့ကိုချစ်တယ်နော် နောက်ပြီးကျေးဇူးလဲတင်ပါတယ် ဏရီကမပြောစေချင်ပေမဲ့ ကျွန်မကတော့ ပြောမိနေမှာပဲ အခုလိုဏရီ့အနားပြန်နေခွင့်ရတာကိုက ကျွန်မလေတကယ်အားလုံးကိုအနိုင်ရသွားသလိုခံစားမှုကြီးသိလား"

"ဒါဆို တို့ကို တို့ထပ်ပိုချစ်ပေးပေါ့အချစ်ရယ် တို့ကိုအချစ် ချစ်ပေးတာကိုပဲ တို့လက်ခံရင်း အချစ်ကိုချစ်မယ်လေနော်"

"ကျွန်မကအများကြီးပိုချစ်ပေးမှာဏရီ"

နှစ်ယောက်အတူတူမနတ်စာစားပြီးတော့ နိုဝယ်ကလဲသင်တန်းရှိနေသေး၍ သင်တန်းသွားရသည်။ ဏရီကလဲအလုပ်ရှိနေသေး၍ အလုပ်သွားရသည်။ ဒါတောင် ဏရီက မခွဲချင်သေးဘူးဟုဆိုနေသေး၍ နာရီဝက်လောက်အနမ်းဖြင့်နှစ်သိမ့်လိုက်ရသေးသည်။ တကယ်ကိုအဆိုးလေးဏရီပါပဲ။ တကယ်ပါ ဏရီဟာလူစားလဲခံထားလိုက်ရသလိုပင်။ အရင်ကတည်တည်ငြိမ်ငြိမ်ဏရီက အခုလိုပုံစံမျိုးလေးဖြစ်နေတော့ တစ်မျိုးလေးသဘောကျပြန်သည်။

"ဟဲ့ မျက်နှာက မှိုရထားတဲ့မျက်နှာနဲ့ အူမြူးနေတာ ဘာဖြစ်နေတာ"

"ညက မွေးနေ့လက်ဆောင်အဖြစ် ငါမျော်လင့်ထားတာလေးရလိုက်လို့လေ ပြီးတော့ နင်တို့ကိုငါအသိပေးရအုန်းမယ် ငါ့မှာ ချစ်သူရှိနေပြီ အဲ့လိုပြောလို့အခုမှရတဲ့ချစ်သူမဟုတ်ဘူးနော် အရင်ကထဲက ငါ့ရင်ထဲနှလုံးသားထဲချစ်ရတဲ့အချစ်ဆုံးနဲ့ပြန်အဆင်ပြေသွားတာ"

"ဟဲ့ နိုဝယ်မ မပြောမဆိုနဲ့ ပြောမ်း ဘယ်သူလဲ ဘယ်ကလဲ ချောလား"

"အဟင်း သိချင်ရင် တစ်ရက်နင်တို့ကိုတရားဝင်မိတ်ဆက်ပေးမယ် သူကအလုပ်များတဲ့သူဆိုတော့"

"လျိုထားတာနော် နိုဝယ်မ"

သူငယ်ချင်းများအားထုတ်ပြောရင်း ဏရီ့အားလွမ်းရပြန်သည်။ ထို့ကြောင့်ဖုန်းလေးထုတ်ကာ ဏရီ့ကိုစာပို့လိုက်လေသည်။ 'အရမ်းလွမ်းတယ် ဏရီ' ဟူ၍။ ဏရီ့ဘက်မှလဲ 'တို့လဲအရမ်းလွမ်းတယ်အချစ်ရယ် ချစ်တယ်နော်' ဆိုသည့်စာကချက်ချင်းပင်ပြန်ဝင်လာတော့ သူ့မယ်သဘောကျစွာ။

ဏရီကသင်တန်းလာကြိုမည်ဆိုသောကြောင့် သူ့မယ် သူငယ်ချင်းများအားနှုတ်မဆက်နိုင် ချက်ချင်းပင်အတန်းပြီးသည်နှင့် တိုက်အောက်ကိုပြေးဆင်းကာ ဏရီကားရပ်ထားသည့်နေရာကိုအပြေးသွားမိသည်။

"စောင့်ရတာကြာသွားလားဏရီ"

"မကြာပါဘူး အချစ်ရဲ့ တို့မှာအချစ်အတွက်ဆို အချိန်တွေအများကြီးရှိပါတယ် အခုတော့ တနေရာသွားရအောင်"

"ဟုတ် ဘယ်ကိုလဲ ဏရီ တစ်ခုခုစားဖို့လား"

"မဟုတ်ဘူး တို့အချစ်ကို ဒယ်ဒီနဲ့ပေးတွေးပေးမလို့ နောက်ပြီး အိမ်ကိုလဲ တို့အ​ခြေအနေမှန်ကိုအသိပေးတော့မလို့ ဒါကြောင့် တို့လာစောင့်နေတာ"

ဟုတ်သည်လေ။ ဏရီကသူ့အခြေအနေကိုအသိပေးရမှာပေါ့။ ဒါကိုသူ့မေ့နေတာ။ နောက်ပြီး ဏရီ့ဒယ်ဒီနှင့်တွေ့ရမည်တိုတော့လူက ရင်ပါတုန်လာရသည်။ ကိုယ်ကအရင်တုန်းကဆိုးခဲ့တာလေ။ ကိုယ့်ကြောင့် ဏရီကျန်းမာရေးထိခိုက်ရတာဆိုတော့ သဘောမတူဘူးပြောရင်ဆိုပြီးလူကစိုးရိမ်နေမိတာချက်ချင်းပင်။ ဒါကိုဏရီကရိပ်မိနေသည့်အလား သူ့အားစိတ်မပူနဲ့အဆင်ပြေသွားမှာဟုဖြောင်းဖြပေးလေရဲ့။

ဏရီတို့အိမ်ခြံဝန်းထဲရောက်တော့ အရင်ကပုံရိပ်များကိုသတိရမိသည်။ ဏရီ့အားညဘက်သူလာလာချောင်းကြည့်ခဲ့တာလေ။ နောက်ပြီးဏရီ့ဒယ်ဒီနှင့်လဲအပေးအယူတွေလုပ်ခဲ့တာ။ ဒါကိုဏရီကမသိသေးပါဘူး။ ဏရီသိဖို့လဲမလိုတဲ့ကိစ္စများပါပဲ။

"ဟယ် မိုင်းလေး ခဏနေပါအုန်း သားဋီကာကို ခေါ်အုန်းမှ အော် ဧည့်သည်လဲပါနေတာ လာလာသမီးတို့"

ဏရီ့ မာမီမှ တစ်ယောက်ထဲ ဗျာများနေတာကြည့်ပြီး သူပါအားနာမိသွားရသည်။ ဏရီက သူ့အားပြုံးကာငဲ့ကြည့်ပြီး သူဆို့ဆိုဖာမှာသွားထိုင်လိုက်ပါသည်။ ဏရီ့အမေကတော့ ဋီကာကျော်အားခေါ်လေရဲ့။

"သားကြီး မိုင်းနဲ့စကားပြောနှင့်အုန်း မာမီ မင်းဒယ်ဒီကိုသွားခေါ်လိုက်အုန်းမယ်"

ဋီကာမှာ ဏရီနှင့် နိုဝယ်အားနားမလည်သလိုကြည့်နေခဲ့သည်။ ထို့ပြင် ဏရီက နိုဝယ့်လက်အားမလွတ်တမ်းကိုင်ထားတာလေ။ နိုဝယ်ကသာနေရခတ်နေတာ ဏရီကတော့ဂရုတောင်မစိုက်သည့်အလား။

"ဘာတွေလုပ်နေတာလဲ သူ့ကကောဘယ်ကပါလာတာလဲ"

"ဖြေးဖြေးပေါ့ ခဏနေ ဒယ်ဒီလာရင် မိုင်းပြောပြမယ် အခုတော့ ငြိမ်ငြိမ်လေးနေလိုက်အုန်း"

ဘာမှမသိသေးသည့် ဋီကာမှာတော့ ဏရီ့အား sign language ဖြင့်သာပြောနေခဲ့ပါသည်။

ဏရီ့ဒယ်ဒီနှင့်မာမီစာဖတ်ခန်းထဲကထွက်လာတော့ နိုဝယ်မှာ ထိုင်ရမလိုထရမလိုအခြေအနေ။

"မင်းညီမ ဘာလာလုပ်တာတဲ့လဲသားကြီး"

"သိပါဘူးမာမီရယ် ဒယ်ဒီ့ကိုပြောစရာရှိလို့တဲ့"

မိသားစုများစုံတော့ ဏရီက လည်ချောင်းတစ်ချက်ရှင်းပြီးစကားပြောဖို့လုပ်လေသည်။ သို့ပေတည်း မိသားစုကိုအသိပေးရတာက နိုဝယ့်ကိုဖွင့်ပြောရတာတောင်မလွယ်မှန်းအသိမှသိပါတော့သည်။ ထို့နောက် ဏရီက ချက်ချင်းပင် ဆိုဖာကနေ အောက်ကြမ်းပြင်မှာဒူးထောက်ချလိုက်ပါတော့သည်။ ဒါကို တစ်မိသားစုလုံးအပြင် နိုဝယ်ကပါ မျက်လုံးပြူးမျက်စံပြူးနှင့်။ ဘာမဆိုင်ညာမဆိုင်ပါပဲ နိုဝယ်သည်လဲ ဏရီနည်းတူ ကြမ်းပြင်၌ဒူးထောက်ချမိသွားပါရဲ့။

"သမီးတောင်းပန်ပါတယ် ဒယ်ဒီနဲ့မာမီ"

"ဟင်" "မိုင်း"

ဒယ်ဒီနှင့်မာမီ့ရဲ့ အာမေဋိတ်အသံများကချက်ချင်းဆိုသလိုထွက်လာခဲ့ပြီး သူသည်လဲ ခေါင်းတွင်တွင်ငုံထားလေရဲ့။

"သမီး အသံတွေလဲပြန်ကြားနေရတာကြာပြီ စကားလဲပြောနိုင်နေပါပြီ ဒါကို ကိုဋီကာရဲ့ချစ်သူကို မိုင်း မပြောခိုင်းခဲ့တာပါ မိုင်းစိတ်ထဲအတင်ပြေတဲ့တနေ့ ဒယ်ဒီတို့ကို ကိုယ်တိုင်ပြောချင်မိလို့ အဲ့တာကြောင့် ဒီနေ့ မိုင်းဖွင့်ပြောတာပါ အခုလို ဖုံးကွယ်ထားမိလို့လဲ ဒယ်ဒီနဲ့မာမီ့ကိုတောင်းပန်ပါတယ် မိုင်း လူတွေနဲ့မဆက်ဆံချင်တာမို့ မိုင်းဆက်ပြီးဖုံးကွယ်ခဲ့မိတာပါ အဲ့လိုမှမလုပ်ရင် မိုင်းစိတ်ထဲအမြဲလိုလိုထွက်ပြေးနေမိမှာမို့လို့ မိုင်းတောင်းပန်ပါတယ်နော်"

မာမီကိုမော့ကြည့်လိုက်တော့မာမီကမျက်ရည်အဝိုင်းသားနှင့်သူ့အားဖတ်ဖို့လုပ်တော့ သူသည်လဲ မာမီ့အနားသွားကာ ကြမ်းပြင်ကနေဒူးထောက်ပြီးမာမီ့ကိုပြန်ဖတ်ထားလိုက်လေသည်။ ဋီကာသည်လဲ ချက်ချင်းပင် ဏရီနှင့်သူတို့အဖေဖြစ်သူအားထွေးပွေ့ထားလေရဲ့။

"တော်တယ် ငါ့ညီမလေး တော်တယ်"

"ဝမ်းသာလိုက်တာသမီးငယ်လေးရယ် မာမီလေ သမီးလေးဒီတသက်ပြန်ကောင်းပါတော့မလားဆိုတဲ့စိတ်နဲ့နေနေရတာ အခုလို မိုင်းလေးအဆင်ပြေနေတာကိုမြင်ရတာ မာမီကျေးဇူးလဲတင်တယ်"

ဦးဉာဏကျော်ကတော့ အမြဲတမ်းခံစားချက်ကိုဖုံးကွယ်ထားတဲ့သူဖြစ်၍ ထိုစကားဝိုင်းထဲတွင်ဝင်မပြောခဲ့ပေ။ ဒါပေမဲ့ ဏရီ့ဦးခေါင်းထက်သို့ခပ်ဖွဖွလေးပွတ်ပေးခဲ့တာကိုတော့နိုဝယ်မြင်ခဲ့ပါသည်။

"နိုဝယ် အန်ကယ်နဲ့စကားခဏလောက်ပြောရအောင်"

သားမိသုံးယောက်ဖတ်ငိုနေရင်းမှ ဦးဉာဏကျော်က နိုဝယ့်အားစကားလှမ်းပြော၍ သားမိသုံးယောက်မှာ နိုဝယ့်အားတလှည့် ဦးဉာဏကျော်အားတလှည့်နေလေရဲ့။ ဏရီကလဲ ဘာဖြစ်လို့လဲဆိုသည့်အကြည့်ဖြင့်။

"တို့လိုက်ခဲ့ပေးရမလားအချစ်"

"ရတယ် ဏရီ ကျွန်မပဲသွားလိုက်ပါ့မယ် ဏရီ့မာမီနဲ့အတူနေလိုက်ပါအုန်း ပြီးတော့ ကျွန်မတို့အကြောင်း ဏရီ့မာမီမသိသေးဘူးမဟုတ်လား ပြောလိုက်ပါတစ်ခါထဲ"

ထိုနောက် နိုဝယ်က ဦးဉာဏကျော်နှင့်အတူ စာထတ်ခန်းထဲဝင်သွားလေသည်။ ဏရီကတော့ အပြင်မှာသာလျှင် သူ့အမေဖြစ်သူနှင့်ကျန်ခဲ့လေရဲ့။ ဋီကာကျော်မှာတော့ ဖုံးကွယ်ထားပေးသည့်သူကိုဖုန်းဆက်ကာပြောအုန်းမယ်ဆိုကာ ဖုန်းသွားဆက်လေရဲ့။

"အခုတစ်ခေါက်ကကော ဘာအကြောင်းပြချက်နဲ့ဒီအိမ်ကိုလာခဲ့တာလဲ"

"ဒီတစ်ခေါက်က ဏရီ့ချစ်သူအနေနဲ့ပါအန်ကယ် နောက်ပြီး ကျွန်မဒီနေရာကနေပဲ တရားဝင်တောင်းပန်ပါတယ် ဏရီ့ကိုအခုလိုအခြေအနေမျိုးဖြစ်သွားရလိမ့်မယ်လို့ ကျွန်မမထင်ထားခဲ့လို့ပါ နောက်ပြီး ကျေးဇူးတင်ပါတယ် ဏရီနဲ့ကျွန်မကို မကန့်ကွက်ပေးလို့"

"ကျေးဇူးတင်မယ်ဆိုရင် မင်းဒယ်ဒီကိုသာကျေးဇူးသွားတင်လဲ့ပါ သူ​ပြောပြလို့ မင်းအ​ခြေအနေကိုသိပြီး ခွင့်လွတ်ပေးနိုင်ခဲ့တာ"

"ဒယ်ဒီကအန်ကယ်နဲ့တွေ့ခဲ့တာလား"

ဒီကိစ္စကိုတော့ သူမသိခဲ့တာအမှန်ပါ။ ဘယ်တုန်းကလဲ ဘာတွေပြောသွားခဲ့တာလဲ ဆိုတဲ့မေးခွန်းများသာပေါ်လာရသည့်အသိစိတ်။

"ဟုတ်တယ် မင်းဒယ်ဒီနဲ့အန်ကယ်တွေ့ပြီးပါပြီ သူကမင်းကိုခွင့်လွတ်ပေးဖို့လာပြောတာမဟုတ်ပေမဲ့ သူကြောင့်သာ မင်းအကြောင်းတွေသိခွင့်ရတာ နောက်ပြီး မင်းကြောင့်ပဲ အန်ကယ်ဒီနေ့ဒီလိုနေရာမှရပ်တည်နေနိုင်တာလေ အန်ကယ်ကလဲမင်းကိုကျေးဇူးတင်ပါတယ် အန်ကယ့်သမီးကိုမစွန့်ပစ်သွားလို့"

"အဲ့ကိစ္စကဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးအန်ကယ် ဏရီ့ကို ကျွန်မအသက်ထပ်ပိုပြီးမြတ်နိုးမိလို့ပါ"

သူထိုစာဖတ်ခန်းကထွက်လာတော့ ဏရီကသိချင်စိတ်ဖြစ်နေသည့်မျက်ဝန်းများနှင့်သူ့အားစောင့်ကြိုနေလေရဲ့။ ပြုံး၍သာခေါင်းငြိမ့်ပြတော့ ဏရီမှာသူ့အား နှုတ်ခမ်းအားဖျတ်ခနဲနမ်းလေသည်။ ဘေးဘီဝဲကြည့်တော့ဘယ်သူမှမရှိ၍တော်သေးသည်။ တကယ်လက်ရဲဇာက်ရဲဏရီပါပဲ။

ဏရီတို့မိသာစုနှင့်အတူညစာစားပြီးနောက် ဏရီအမေက ဒီအိမ်မှာပဲအိပ်သွားပါဟုပြောသောကြောင့် ပထမဆုံးအနေဖြင့် ဒီအိမ်ရဲ့ဏရီ့အခန်းထဲသို့သူရောက်ဖူးခဲ့လေသည်။ ဏရီ့အခန်းကရိုးရိုးရှင်းရှင်းဖြစ်လေသည်။ ကူတင်တစ်လုံးနှင့် စာကြည့်စားပွဲတစ်လုဲး။ အဝတ်စားဗီဒိုမှာလဲ နှစ်လုံးမျှသာ။ အကုန်လုံးကရိုးရိုးရှင်းရှင်း။

"ဒီညအိပ်ဝတ်စုံဝတ်မလားအချစ် အသစ်ပဲရှိသေးတာ"

"ဏရီအဆင်ပြေတာပေးလေ ကျွန်မကအဆင်ပြေပါတယ်ဏရီ့ရဲ့"

"အဲ့လိုသာ တို့သဘောလုပ်နေရင် ကြာရင်တို့တော့ အကျင့်ပျက်တော့မှာပဲကွာ"

"ဘာဖြစ်လို့လဲဏရီရဲ့"

"အချစ်ကအဲ့လိုအလိုလိုက်လေ တို့ကဆိုးချင်လာကောလေကွာ"

"အဟင်း ဒါဆို ကျွန်မကဆိုးတာခံမှာပေါ့ ဏရီရဲ့ ဏရီဆိုးတာလေးကျွန်မလဲခံချင်လွန်းလို့ပါနော်"

ဏရီ ခလေးဆန်လာသည်ဟုပြောရင် သူလွန်မယ်မထင်ပါ။ ဒါကပဲဏရီ့ကိုပိုပြီးတိုးချစ်မိလာရပြန်သည်။ အတူတူအိပ်ခါနီးမျက်နှာသစ်ပြီးနောက် night cream လူးပေးတာကို ဏရီကမျက်ဝန်းများမိတ်ကာဇိမ်ခံနေသေးသည်။

"အချစ်ဆေးလိပ်သောက်သေးလားဟင်"

"မသောက်ဖြစ်တော့ပါဘူးဏရီရယ် စိတ်အရမ်းရှုပ်မှသာသောက်ဖြစ်တာပါ အရင်လိုတော့ စွဲမသောက်ဖြစ်တော့ဘူး ဘာလို့လဲဏရီ"

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး အချစ်ရဲ့ကိုယ်နံ့လေးမှာ တစ်ခုခုလိုနေသလိုဖြစ်နေလို့လေ တို့က အချစ်ရဲ့ ကိုယ်သင်းနံ့ကအစမှတ်မိပါတယ်အချစ်ရဲ့"

ဏရီမှသူ့အားဖတ်ထားပေးဟုဆိုလေသောကြောင့် ဏရီ့အားနောက်ကျောဘက်မှနေဖတ်ထားလေတော့ ဏရီ့ခါးထက်မှလက်အားယူကာ လက်ဖမိုးကိုခပ်ဖွဖွလေးနမ်းလေရဲ့။ သူသည်လဲ ဏရီ့အားပို၍တိုးဖတ်လိုက်ပြီးနောက် ဏရီ့ပုခုံးသားလေးအားနှာခေါင်းနှစ်ဝင်အောင်နမ်းလိုက်လေသည်။

"အိပ်ရအောင်ဏရီ ဒီထက်ရှေ့ဆက်တိုးရင် ကျွန်မကိုယ်ကျွန်မမထိန်းနိုင်ဖြစ်လိမ့်မယ်"

"ဒါဆိုလဲမထိန်းနဲ့ပေါ့အချစ်ရဲ့ တို့အချစ်ကိုမတားပါဘူး"

ဏရီကသူ့ကိုလမ်းဖောက်ပေးနေသည့်အလား သူ၏လက်ချောင်းလေးများကို ဏရီကသူကိုယ်တိုင် အသားဆိုင်ခပ်မို့မို့ပေါ်တင်ပေးနေတာလေ။ ထိုအထိအတွေ့မှတစ်ဆင့် သူ့နှလုံးခုန်သံတွေမြန်လာရတာ။ အရင်ကအတူနေကျချိန်မှာ သူ့ဘက်ကစမှဏရီကပြန်တုံ့ပြန်တာပေမဲ့အခုကျ ဏရီကိုယ်တိုင်က လိုလိုလားလားပေးအပ်နေခဲ့တာ။ ပြောပါတယ် ဏရီကအကုန်လုံးပြောင်းလဲသွားပါတယ်လို့။

"နောက်မှ နောင်တမရနဲ့နော် ဏရီ ကျွန်မကစပြီးရင်ရပ်လို့မရတော့ဘူးဆိုတာသိတယ်မဟုတ်လား"

"ဒါဆိုလဲအဲ့ဒီနောင်တ လှလှလေးကိုတို့ကကြည်ကြည်ဖြူဖြူလက်ခံမှာပေါ့အချစ်ရဲ့ တို့ အချစ်ကိုလိုချင်တယ် ဟင့်အင်း မဟုတ်သေးဘူး တို့ကိုအချစ် ချစ်ပေးတာကိုတို့လိုချင်တယ်"

ဏရီဒီစကားတွေဘယ်ကနေဘယ်လိုတက်လာလဲသူသိချင်မိသည်။ ဒီနူးနူးညံ့ညံ့ဏရီက သူ့အားစကားလုံးမျာနှင့်ခြွေနေတာလေ။ ခတ်တော့တာပဲဏရီ။ ကျွန်မက ဏရီ့ကိုဘယ်လိုအခြေအနေမျိူးနဲ့မဆိုလိုအပ်နေခဲ့တာလေ။ တဖြေဖြေးမိတ်ကျသွားတဲ့မျက်ခွံများကိုသူအကြည့်မလွဲနိုင်။

ဏရီ့အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက ကြွေသားလေးလိုထိလိုက်သည်နှင့် ကွဲကြေသွားမည်ဆိုးရသည်။ အနမ်းတစ်ချက်ပြင်းပြင်းပေးလိုက်တိုင်းပေါ်လာတဲ့အမှတ်အသားတစ်ခုချင်းစီတိုင်းကိုသူမှတ်တေးထားမိသည်။ အောက်နှုတ်ခမ်ကိုကိုက်ကာအသံမထွက်စေရန်ထိန်းချုပ်ထားသည့်ကြားက တစ်ချက်တစ်ချက်ထွက်ပေါ်လာသည့်အသံကိုသူသိပ်သဘောကျမိသည်။ သူ့ကျောပြင်ပေါ်က ဏရီ့ပေးတဲ့ဒဏ်ရာလှလှလေးကစပ်ဖြင်းဖြင်း။ ခပ်ရေးရေးပေါ်နေသည့် abs ဝမ်းဗိုက်ကြွက်သားလေးအားသူသိပ်သဘောကျပါရဲ့။ လက်ချင်းယှက်လို့အနမ်းပေးသည့်အခါ ဏရီ့ရင်ခုန်သံများအားသူ့ရင်ဘက်မှတစ်ဆင့်ခံစားနေရတာ။

ဦးဆောင်ရတာကြိုက်တဲ့ဏရီ သူ့အောက်မှာ ပြားပြားဝပ်နေသည်ကိုသဘောကျသည်။ သူပေးတဲ့ အမှတ်အသားနှင့် ဏရီ့ကိုသူသဘောကျသည်။ မောဟိုက်နေသည့်ကြားထဲကပင် သူ့အားမျက်ဝန်းများမှေးကာပြုံးပြနေသည့်ဏရီ့ကိုသဘောကျသည်။ သူတစ်ခါတိုးဝင်လိုက်တိုင်း ထွက်ပေါ်လာသည့်ဏရီ့အသံခပ်တိုးတိုးအားသဘောကျသည်။ သူ့ကျောပြင်အားဖတ်တွယ်ထားသည့် ဏရီ့အားသဘောကျသည်။ သူ့ပုခုံးအားခဲကာ နာကျင်မှုကိုအံတုနေသည့်ဏရီ့ကိုသဘောကျသည်။ နောက်ဆုံး သူ့လက်ထဲမှာပင် ခါးလေးကော့ကာ အိပ်ယာခင်းနှင့်ကိုယ်ခန္ဒာလွတ်သွားပြီးနောက် ပြီးမြောက်သွားသည့်ဏရီ့အလှကိုသူ့မယ်ကြည့်မဝ။ ဒါက သူရုန်းမထွက်ချင်တဲ့ ဒဏ္ဏာရီစက်ဝန်းတစ်ခုပါပဲ။

×

tbc

trollZ

Continue Reading

You'll Also Like

9.8K 494 18
သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေနဲ့မောင်'' မင်းထိုက်ဝဿန်: ''မောင် နည်းနည...
988 88 10
တတိယမြောက် ficတစ်ပုဒ်ပါ။ နေရီ့ရဲ့ ဇာတ်လမ်းတွေက အငြိမ်လေးနဲ့ ချစ်ခြင်းမေတ္တာကို အဓိကထားပြီး ဖော်ပြရေးသားတာမို့ တစ်ချို့ အလင်းရောင်မကြိုက်တဲ့သူတွေအတွက်...
1.1M 27.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
10.5K 323 18
Cynder learns that Even being raised by Pure Ones she will be accepted and train to be a Guardian.