Unicode
ဒေါ်မာယာချိုဆုံးပြီဆိုတာကို စိုင်းဖေဖေ့ဆီလည်း ဖုန်းဆက်ပြောပြီးပြီဖြစ်၏။ ဒယ်ဒီကတော့သူ့စကားကိုမယုံဘူးချည်းငြင်းကာ ဖုန်းချသွားသည်။အသံကတော့ ယူကြုံးမရဖြစ်နေတဲ့သံနဲ့ငိုနေသလားတော့ စိုင်းလည်းမသိ။ သိလည်းမသိချင်ပါ။ ဒယ်ဒီကဒီမိန်းမကိုတော့ အတော်လေးချစ်ပုံရသည်။ သားတစ်ယောက်ရဲ့စကားကိုတောင်မယုံတဲ့အထိတဲ့လေ အဟက်။ ဒီမိန်းမကြီးသေတာစိုင်းအတွက်ပျော်စရာဆိုပေမဲ့ အပြည့်အဝလည်းမပျော်နိုင်ပေ။ မြူဒေါင်းငယ်မှာငဲ့စရာသူ့အမေမှမရှိတော့တာ။ သူ့ဆီကထွက်သွားချင်နေရင် ဘယ်လိုလုပ်ရမလဲ ။
ငါမင်းကို ပေးမသွားနိုင်ဘူး မြူဒေါင်းငယ်။ မင်းကို ငါလိုအပ်နေတုန်းပဲ။
သတိမရသေးတဲ့ မြူဒေါင်းငယ်ကိုတစိမ့်စိမ့်ကြည့်ပြီး စိုင်းမှာရင်မအေးနိုင်သေး ။ သူ့ဆီကထွက်သွားမှာကိုစိုးရိမ်နေရ၏။ ဘာဖြစ်ဖြစ်သူ့ဘက်က အချိုသတ်ခေါ်ထားရင်တော့ရလောက်မှာပါပဲ။ ဒီကောင်လေးသူ့ကိုမလွန်ဆန်နိုင်မှန်း သူအတတ်သိ၏။ ထိုမှသာစိုင်းစိတ်အေးသွားရသည်။
မြူရဲ့နဖူးပြင်ထက်ကဝဲကျနေတဲ့ ဆံသားအိအိတွေကိုအပေါ်သပ်တင်ပေးရင်း စိုင်းဘယ်လိုအကြောင်းပြချက်တွေနဲ့ဆွဲထားရမလည်းတွေးနေလိုက်သည်။ မင်းထွက်သွားလို့မရသေးဘူး မြူဒေါင်းငယ်။ ငါ့စိတ်တွေက မင်းခန္ဓာကိုယ်ကိုအရမ်းကြိုက်နေမိတာတော့ မင်းအပြစ်ပဲလေ။
ကျန်တာတွေစိတ်မဝင်စားဘူး မြူဒေါင်းငယ်။ အဓိကမင်းငါ့အနားရှိနေသေးဖို့ပဲလိုတယ်။ ငါဘယ်လိုနည်းတွေနဲ့ပဲယူတ်မာရယုတ်မာရ မင်းကတော့ငါ့လှောင်အိမ်ထဲမှာရှိနေရမယ့်ငှက်ပဲ။ မင်းဘယ်မှမပျံသန်းနိုင်တော့တဲ့အထိ ငါကအတောင်တွေကိုရိုက်ချိုးထားမှာမလို့။ ကိုယ့်အတွေးနဲ့ကိုယ်စိုင်းနှစ်ကြိုက်စွာပြုံးလျက်။
လှုပ်ယွလာတဲ့လက်ချောင်းသွယ်သွယ်တွေနဲ့ ခပ်ဖြည်းဖြည်းပွင့်လာသည့်မျက်ဝန်းဝိုင်းလေးကိုမြင်တဲ့အခါ စိုင်းထိုအပြုံးကို ရုတ်သိမ်းကာ စိုးရိမ်နေတဲ့လူအဖြစ်ပုံစံပြောင်းသွား၏။
''babe....''
''ကို ကိုကို....''
''သက်သာလား ခေါင်းထဲကိုက်နေသေးလား ကိုယ်ဆရာဝန်ကိုလှမ်းခေါ်လိုက်မယ်''
ဘေးနားက အချက်ပေးခလုတ်ကိုဖိလိုက်ပြီး စိုင်းကမြူအနားပြန်ရောက်လာပြီး လက်ကလေးကို သေချာဖိကိုင်ထားသည်။မြူသတိမမေ့ခင်အခြေအနေကို ပြန်အမှတ်ရသွားပြီး မျက်ရည်အဝိုင်းသားနဲ့ စိုင်းကိုမေးလိုက်တယ်။
''ကိုကို မေမေ မေမေဘာဖြစ်သွားသေးလည်းဟင် ။မေမေဘာမှ မဖြစ်လောက်ဘူးမလားဟင်ကိုကို့''
သူ့အဖြေကိုမျှော်လင့်တကြီးမေးနေတဲ့ကောင်လေးကြောင့် စိုင်းကသက်ပြင်းရှည်ချလျက် မြူပါးပေါ်ကမျက်ရည်တွေကို သုပ်ပေးလိုက်တယ်။
''ကိုယ် စိတ်မကောင်းပါဘူး''
''ဟင်...ဘာ ဘာကိုစိတ်မကောင်းတာလဲကိုကို''
''babe အမေက....။ကျစ်! babe နေအရင်ကောင်းအောင်နေ ကိုယ်ပြီးမှ အကုန်ပြောပြမယ် ''
''အခု အခုပြော။ ကိုကို မေမေက ဘာဖြစ်လို့လဲ ပြောပါကိုကို မေမေဘာဖြစ်တာလဲလို့''
''မင်းအမေဆုံးပြီ''
ငြိမ်ကျသွားတဲ့ လက်တွေ။ သေသွားသလားမသိတော့တဲ့ အာရုံကြောတွေ။ ဟင့်အင်း သူမယုံဘူး ကိုကိုကလိမ်နေတာ။ ကိုကိုကသူ့ကိုညာနေတာ။မေမေက မသေသေးဘူး။တုန်တုန်ယင်ယင်လက်တွေက စိုင်းလက်မောင်းကို အားကိုတကြီးဆုပ်ကိုင်လာပြီး မျက်ဝန်းမှာမျက်ရည်တွေနဲ့မြူ။
''မဟုတ်ဘူး မဟုတ်ဘူးမလား။ ကိုကိုသားကို လိမ်နေတာမလား။''
''အဲ့...အဲ့လိုကြီး မစပါနဲ့ ကိုကို သားမကြိုက်ဘူး။ မေမေကဘာလို့သေရမှာလဲ ကိုကိုညာနေတာ''
''ကျစ်! ဟုတ်တယ် ကိုယ်ညာနေတာ မင်းအမေကမသေဘူး။ နားတော့ စိတ်ကိုအေးအေးထားပြီးနားတော့ babe''
''ဟင့်အင်း....မေမေ့ဆီ လိုက်ပို့ပေး ကိုကိုသားကို မေမေ့ဆီလိုက်ပို့ပေးပါ''
''အင်း...ကိုယ်ပြီးရင်လိုက်ပို့ပေးမယ် အခုအရင်နားလိုက်အုံး မင်းအရမ်းပင်ပန်းနေပြီ''
''မနားဘူး မနားချင်ဘူး မေမေ့ကိုပဲတွေ့ချင်တာ လိုက်ပို့ပေးပါ ကျေးဇူးပြုပြီး မေမေ့ဆီပဲပို့ပေးကြပါ''
မျက်ဝန်းအိမ်တွေရဲတက်လာတဲ့အထိငိုယိုနေတော့ စိုင်းရင်ထဲမကောင်းလှပါ။ သူရင်တွေပါအလိုလိုနာကျင်လာရသည်။ မင်းမငိုစမ်းနဲ့ မြူဒေါင်းငယ်ရယ် ကိုယ်ရင်တွေနာတယ်ကွာ။
''မင်းအခုလို ဆိုးနေရင်ကိုယ်မပို့ဘူးနော် မြူဒေါင်းငယ်။ မင်းလိမ်လိမ်မာမာနေမှ မင်းအမေဆီသွားလို့ရမှာ''
''အင့်....ဟင့် မငိုတော့ဘူး သားမငိုတော့ဘူး ဆိုးလည်းမဆိုးတော့ပါဘူး သားလိမ်မာပါ့မယ် ကျေးဇူးပြုပြီး မေမေ့ကိုဘာမှမဖြစ်အောင်ကယ်ပေးကြပါ''
တသိမ့်သိမ့်တုန့ယင်နေတဲ့ကိုယ်ငယ်လေးကို ရင်ခွင်ကျယ်ကြီးထဲထွေးပွေ့ပြီးနှိမ့်သိမ့်နေမိတယ်။ မင်းအမေမရှိတော့ပေမယ့် ကိုယ်ရှိနေသေးတာမလို့ မငိုပါနဲ့တော့ မြူဒေါင်းငယ်။
ခဏအကြာတော့ တာဝန်ရှိဆရာဝန်တွေရောက်လာပြီး ဆေးတစ်လုံးထပ်ထိုးပေးတော့မှ ထပ်အိပ်ပျော်သွားတော့သည်။ စိုင်းလည်းအပြင်ပြန်ထွက်ပြီး နာရေးအတွက်သူဘဲ စီစဥ်ပေးရတော့မှာမို့လို့ ကိုသီဟဆီဖုန်းဆက်အကြောင်းကြားလိုက်တယ်။ သေသူကိုအိမ်သယ်ဖို့ကိစ္စတွေနဲ့ စိုင်းပဲ စီမံပေးရပြန်တယ်။
ညနေစောင်းတော့ ဒယ်ဒီကပြန်ရောက်လာပြီး ရောက်ရောက်ချင်းပဲ ဒေါ်မာယာချိုရဲ့ကိုယ်ကိုဖက်ပြီး ယူကြုံးမရဖြစ်ပြီးငိုတယ်။ သူ့ကိုယ်သူ အပြစ်တွေတင်ရဲ့နဲ့ပေါ့။ဒယ်ဒီက သူတို့အပေါ်မှာကျအပြစ်ရှိတဲ့စိတ်မဝင်ခဲ့ဘူးထင်တယ် ။ဒီမိန်းမကိုကျမကာကွယ်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်တဲ့။ သူတို့ သားမိအပေါ်တာဝန်မကျေပေးတာကိုကျ မသိဟန်ဆောင်နေခဲ့တာ။ ဒယ်ဒီလည်း မတရားဘူး ။စိုင်းရဲ့ဘဝကြီးကလည်းမတရားပါဘူး။ မိခင်ဆုံးတာကိုသိသွားပြီးဖြစ်တဲ့ မြူဒေါင်းငယ်ကတော့ သူ့အမေရဲ့ရုပ်အလောင်းကိုခပ်ဆွေးဆွေးလေးငေးရင်း ငိုနေခဲ့တယ်။
နာရေးသတင်းလာမေးသူတိုင်းကို စိုင်းကပဲ စကားအနည်းကျဥ်းပြောပေးလိုက်ရတယ်။ အဟက်! ဖြစ်ပျက်နေလိုက်ကြတာ သူ့ဒယ်ဒီရဲ့ ဝမ်းနည်းပက်လက်မျက်နှာကိုစိုင်းအရသာခံကြည့်ပေးလိုက်တယ်။ ဒယ်ဒီကျွန်တော်တို့ကိုပြစ်ထားခဲ့တုန်းလည်း ကျွန်တော်ဒီလိုပဲ ခံစားခဲ့ရတာ ဒယ်ဒီ။ ဝဋ်ဆိုတာကိုစိုင်းမယုံပေမဲ့ အခုလိုဒယ်ဒီတို့ဝဋ်လည်နေတာကိုတော့ ကျွန်တော် သိပ်ကျေနပ်တယ်။ မြူဒေါင်းငယ်အတွက်မတရားမှန်းသိပေမဲ့ သူ့အတွက်လည်းမတရားခဲ့တာမို့လို့
''မေမေ.....''
ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့အတိုင်းလေးငြိမ်သက်နေခဲ့တဲ့မေမေ့ကို မြူခပ်တိုးတိုးလေးခေါ်လိုက်တယ်။ သူအတိတ်ကဘာတွေများလုပ်မိလို့ ဒီလောက်ထိဝဋ်ကြွေးကြီးနေရတာပါလည်း။ တခြားဝဋ်ကြွေးဆိုရင်တောင်သူမကြေမချင်းဆပ်ပေးမှာမို့ မေမေ့ကိုတော့မြူ့ဘဝထဲက ဆွဲခေါ်မသွားကြပါနဲ့လား။ မြူဆိုတာ မေမေရဲ့အသက်သွေးကြောလေးပါတဲ့။
မေမေအဲ့လိုပြောခဲ့တယ်နော် အခုမေမေ့ရဲ့အသက်ကလေးဒီမှာလေ မေမေရယ် သားကိုထကြည့်ပါအုံးလားဟင်။ ညတိုင်းမေမေ့ရဲ့ သားချော့တေးလေးနဲ့အိပ်ချင်သေးတယ်လေ။ မေမေမကြိုက်တာလည်းသားမလုပ်တော့ဘူးလေ မေမေရယ်။ သားကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့နော်။ သားလောကကြီးကို တစ်ယောက်ထဲမရပ်တည်နိုင်သေးဘူးမေမေရယ်။ မေမေကသားရဲ့အားဆေးလေးလေ မေမေမရှိတော့ သားကိုဘယ်သူအားပေးစကားတွေပြောပေးတော့မှာလည်းဗျာ။
''မြူလေး....''
''ဟင့်! နိုရာ....''
မျက်ရည်တွေနဲ့ မြူလေးကိုကြည့်ပြီးနိုရာစိတ်မကောင်းစွာ ဖက်ပြီးချော့ပေးနေမိတယ်။ မြူကသူ့အမေကို ခင်တွယ်ရှာတာ နိုရာသိပါတယ်။ ဘယ်လောက်တောင်မှနာကျင်နေလိုက်မလဲ။
''နိုရာ....မေမေက ငါ့ကို ထားသွားပြီဟာ''
''ကံတရားအတိုင်းပဲ လက်ခံလိုက်ကြတာပေါ့ မြူရယ် ငါလည်းနင့်အတွက်စိတ်မကောင်းပါဘူး ငါရှိပါသေးတယ်ဟာ စိတ်ကိုဖြေလိုက်ပါတော့နော်''
''ငါဘာမှမလိုချင်ပါဘူး ငါ့မေမေရှိနေရင်ပဲငါ့ဘဝကြီးပြည့်စုံနေပြီးသားပါ အခုတော့ ဟင့်!''
''မြူရယ်.....''
''သားမြူ....''
ဦးစိုင်းထည်ဝါက ခါတိုင်းတောက်တောက်ပပနေတတ်ပေမယ့် အခုသူ့ပုံစံက တကယ်ကိုပူဆွေးသောကရောက်နေဟန်။ တစ်ကိုယ်လုံး အနက်ရောင်ဆင်က အရောင်မှိန်သောအပြုံးနှင့် မြူအားပြုံးပြရှာသည်။
''သား....ဖေဖေတို့ စကားခဏပြောရအောင်''
''ဟုတ် ဖေဖေ''
ဦးစိုင်းထည်ဝါနောက် မြူခပ်ကုပ်ကုပ်လေးလိုက်လာခဲ့တယ်။ ဦးက ဆိုဖာပေါ်ထိုင်ကာမြူကိုလည်း ထိုင်ဖို့ပြောတယ်။
''သားမြူ....''
''ဟုတ်ကဲ့ဖေဖေ ပြောပါ''
''ဖေဖေတောင်းပန်ပါတယ်သား၊ သားတို့သားအမိကို စောင့်ရှောက်ပေးမယ်ဂတိပေးထားပြီး ဂတိမတည်နိုင်ခဲ့လို့''
''ဖေဖေရဲ့ အပြစ်မဟုတ်ပါဘူး ၊ ကံတရားကိုပဲ သားအပြစ်တင်နေတာပါ''
''ဒါပေမယ့် စိတ်ချပါ သားကိုတော့ ဖေဖေရဲ့သားအဖြစ် ဖေဖေကာကွယ်သွားမှာပါ''
''သားငြင်းပါရစေ ဖေဖေ၊ သားဒီကိုရောက်လာခဲ့တာ မေမေကြောင့်ပါ။ အခုမေမေလည်းမရှိတော့ဘူးဆိုတော့ သားဖေဖေတို့ကို ထပ်ပြီးကပ်တွယ်မနေသင့်ပါဘူး''
''မဆိုင်တာသားရယ်၊ သားအဖေသိရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး ''
''သားဆုံးဖြတ်ပြီးသွားပါပြီ၊ ကျေးဇူးပြုပြီး သားကိုထွက်သွားခွင့်ပြုပါ''
ဦးစိုင်းထည်ဝါက သက်ပြင်းချလိုက်ပြီး ခေါင်းညိမ့်ရုံသာ။ ဒီကလေးကချိုအတိုင်း ခေါင်းသိပ်မာတယ်။
''ဒါပေမယ့် သားနေဖို့အဆင်ပြေအောင်တော့ ဖေဖေကိုထောက်ပံ့ခွင့်ပြုပါ ဒါကိုတော့မငြင်းနဲ့သား''
မြူက အသက်မပါစွာပြုံးပြပြီး သဘောတူလာတယ်။ သူအဖို့ဒီတိုင်းထွက်သွားလိုက်ရင်လည်း လမ်းဘေးနေရုံပဲရှိတာမို့ အဆင်ပြေလာပြီးမှ ဖေဖေ၏ကျေးဇူးကို ပြန်ဆပ်ပါ့မယ်။
''ဟို....သားတစ်ခုလောက် ထပ်ပြီးတောင်းဆိုလို့ ရမလားဟင်''
''သားပြောပါ ဖေဖေတတ်နိုင်တာဆို အကုန်ဖြည့်ဆည်းပေးမယ် သား''
''ကျေးဇူးပြုပြီး ကိုကို့ကိုပြစ်ပယ်မထားပါနဲ့ ဖေဖေ''
''ဟေ.....ဘာလို့လဲ ''
''ကိုကိုဆိုးနေတယ်ဆိုတာ ဖေဖေရဲ့အာရုံစိုက်မှုကို ရချင်ခဲ့လို့ပါဖေဖေ၊ တယ်တော့ကိုကိုက စိတ်ထားကောင်းတဲ့ လူတစ်ယောက်ပါ၊ ဖေဖေရဲ့မေတ္တာကို ကိုကိုကလိုချင်နေခဲ့မှာပါ၊ သားလူကြီးတွေရဲ့ ပြဿနာကို မသိဘူးဆိုပေမယ့် မိဘချင်းရဲ့ အတ္တတွေအတွက်နဲ့ ကိုကို့ကိုမေတ္တာမထားပဲမနေပါနဲ့ ဖေဖေ''
မြူရဲ့စကားတွေကအမှန်တွေမလို့ သူခေါင်းညိမ့်ပေးမိတယ်။ တကယ်ပဲသူဟာ အတ္တတွေကြီးခဲ့မိတယ် သူ့သားအရင်းအပေါ်မှာလည်းငယ်ငယ်ကတည်းက အတ္တတွေနဲ့ပြစ်ပယ်ထားခဲ့မိသည်။ သူ့သားကသူ့ကို ဘယ်လောက်တောင်စိတ်နာနေလိမ့်မလည်း။ မိခင်ကိုယ်တိုင်က သူနဲ့ပြဿနာကို သားအပေါ်ပုံချနေမှန်းသိနေခဲ့တာတောင်မှ သူမသိချင်ယောင်ဆောင်ပေးခဲ့မိတာ။ သူ့အပြစ်လည်းမကင်းခဲ့ပါဘူး။
ချို မင်းသားကတကယ်သိတတ်တဲ့ကလေးပါဘဲ။ သူ့အပေါ်ကိုယ့်သားဒီလောက်မုန်းတီးနေခဲ့တာတောင် သူ့အတွက်မင်း သားလေးကတွေးပေးနေပြန်တယ်ချိုရယ်။ မင်းစိတ်ချပါ မင်းကလေးကိုကိုယ်ဂရုစိုက်ပေးမှာမို့ စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါချို။
သတင်းလာမေးတဲ့လူတွေလည်း အသီးသီးပြန်သွားကြပြီး မြူကတော့အိမ်ရှေ့မှာ မေမေ့ဓာတ်ပုံလေးပိုက်လို့ အသက်မပါသူတစ်ယောက်လိုငြိမ်သက်လို့။
စိုင်းတခေတ်က အနောက်မှာရပ်ပြီး မြူရဲ့လက်ကိုဆွဲကာ မတ်တပ်ရပ်စေပြီး အေးစက်စက်အကြည့်ပို့သည်။ စိုင်းခုဏ ဒယ်ဒီနဲ့မြူ့စကားတွေကိုအကုန်ကြားခဲ့တာကြောင့် ဒေါသထွက်နေရခြင်းပေ။
''မင်းထွက်သွားလို့ မရဘူး မြူဒေါင်းငယ်''
''ဘာကိုလဲ ကိုကို''
''မင်းဒီအိမ်ကနေ ဘယ်မှထွက်သွားခွင့်မရှိဘူးလို့!''
သူ့ကို စိတ်ဆိုးမာန်ဆိုးနဲ့လာအော်နေသည့်ကိုကိုအား ယေးယေးလေးပြုံးပြမိသည်။ ဆုပ်ကိုင်ခံထားရတဲ့လက်ကို အသားလေးရုန်းထွက်လိုက်ပြီး။
''သားက အပြင်လူပါကိုကို၊ ကိုကိုပြောခဲ့ဖူးတယ်မလား သားတို့သားအမိက ကိုကို့ဘဝကိုဖျက်ဆီးခဲ့တာလို့လေ။ အခုကိုကိုပျော်ဖို့ သားထွက်သွားပေးမို့ပါ
ကိုကိုလိုချင်တဲ့ မိသားစုဘဝလေးကို ကိုကိုပြန်ကြိုးစားယူလို့လည်းရပြီလေ ကိုကိုမပျော်ဘူးလားဟင်''
''မလိုဘူး! မင်းငါ့အတွက် စဥ်းစားပေးစရာမလိုဘူး မြူဒေါင်းငယ်။ မင်းဒီလိုလုပ်ပေးလို့ ငါမင်းတို့ကိုခွင့်လွှတ်ပေးမယ်ထင်နေတာလား''
''ဒါဆို သားကဘယ်လိုလုပ်ပေးရမှာလည်းကိုကို! သားဘယ်လိုလုပ်ပေးမှ ကိုကိုပျော်နိုင်မှာလည်း''
''မင်းငါ့အနားမှာနေပြီး ငါ့ကို အရင်လိုဂရုစိုက်ပေး!''
''ဗျာ......''
ကိုကိုက သူ့ကိုအနားမှာနေဖို့တောင်းဆိုလိုက်တာလား....။မဖြစ်နိုင်တာ။
''ဟုတ်တယ် မင်းငါ့အနားမှာဆက်ရှိနေပေး မြူဒေါင်းငယ်၊ ငါ့မိဘတွေကတောင်မပေးနိုင်တဲ့ နွေးထွေးမှု၊ မေတ္တာတွေကို ပထမဆုံးငါမင်းဆီကရဖူးတာမို့လို့ မင်းကပါငါ့ကိုထားမသွားပါနဲ့လားကွာ....''
ကိုကိုက သူ့ကိုထားမသွားဖို့ပြောနေခဲ့တာ သူသိပ်ချစ်တဲ့ကိုကိုကလေ....သူ့ကို။ မြူမေမေပြီးရင် အချစ်ရဆုံးကိုကိုက သူ့ကိုအလိုရှိတုန်းပဲတဲ့လား။ ကိုကို မြူမှာမေမေလည်းမရှိတော့ဘူး ကိုကိုပဲမြူဘဝထဲမှာကျန်ရှိနေတဲ့ တစ်ဦးတည်းသောခင်တွယ်ရာပါ။ ကိုကိုအဝေးကိုထွက်သွားရတော့မယ် ထင်ခဲ့တာ။ကိုကိုမြူမရှိမှ ပျော်နိုင်မယ်ထင်ပြီးထွက်သွားဖို့ ဆုံးဖြတ်ခဲ့ရတာ ။သူ့ရင်ထဲမှာ နင့်နေအောင်နာကျင်နေလည်းကိုကိုအတွက်ဆုံးဖြတ်ခဲ့ရတာပါ။
''ကိုကို.....ကိုကိုကတကယ် သားကိုအနားမှာရှိပေးစေချင်တာလားဟင်''
''အင်း....။ မင်းထွက်မသွားဘူးမလား မြူဒေါင်းငယ်''
မျက်ဝန်းပြာလေးတွေကမျက်ရည်တွေ ပြိုကျလာပြီးခေါင်းတငြမ့်ငြိမ့်လုပ်ပြ၏။ ကိုကိုထွက်မသွားစေချင်ရင် မြူကသေတဲ့အထိ အနားမှာ ကပ်တွယ်ပေးနေမှာပါ ကိုကိုရယ်။
#TBC
မနေ့ကတင်ပေးမို့ကို မီးပျက်တော့ ဘေလ်မရှိအားလည်းမရှိနဲ့တင်မပေးနိုင်တာပါရှင့်။
စိတ်ညစ်စရာတွေနဲ့ ကြုံနေရပေမဲ့ နန်းလည်းဘယ်လိုနှိမ့်သိမ့်ရမလည်းတောင် စကားရှာမရတော့ပါဘူး။ အနာဂါတ်တွေကပျက်စီးနေပြီ နောင်ဘဝမှာ ဒီနိုင်ငံမှာပြန်မမွေးဖွားပါရစေနဲ့ဆုတောင်းမိတယ်။ ကိုယ်တွေလိုမျိုး နောက်မျိုးဆက်တွေကိုဒီလိုအနာဂါတ်မမဲ့စေချင်တော့ဘူး။ လိုင်းပေါ်မှာ ဟာသလုပ်ပီးတင်နေတဲ့ကလေးတေကိုလည်းအပြစ်မတင်မိဘူး။ သူတို့လည်းမပျော်နိုင်ကြပါဘူး စိတ်ပြေလို့ပြေငြှားဟာသအဖြစ်တင်ပေးကြတာပါ နန်းဆို ဟိုနေ့ကအိပ်လို့တောင်မပျော်ဘူး ကြောက်နေမိတာ ဒါပေမယ့် fbပေါ်မှာ ဟာသလုပ်ပီးvdတေတင်ထားတာမြင်တော့ ရီမိတယ် စိတ်ညစ်တာတေလည်းပြေသွားတယ် မရီရတဲ့ဟာသတွေဆိုပေမဲ့လည်း နည်းနည်းစိတ်ဖြေနိုင်တာပေါ့ကွယ်။
Zawgyi
ေဒၚမာယာခ်ိဳဆုံးၿပီဆိုတာကို စိုင္းေဖေဖ့ဆီလည္း ဖုန္းဆက္ေျပာၿပီးၿပီျဖစ္၏။ ဒယ္ဒီကေတာ့သူ႕စကားကိုမယုံဘူးခ်ည္းျငင္းကာ ဖုန္းခ်သြားသည္။အသံကေတာ့ ယူႀကဳံးမရျဖစ္ေနတဲ့သံနဲ႕ငိုေနသလားေတာ့ စိုင္းလည္းမသိ။ သိလည္းမသိခ်င္ပါ။ ဒယ္ဒီကဒီမိန္းမကိုေတာ့ အေတာ္ေလးခ်စ္ပုံရသည္။ သားတစ္ေယာက္ရဲ႕စကားကိုေတာင္မယုံတဲ့အထိတဲ့ေလ အဟက္။ ဒီမိန္းမႀကီးေသတာစိုင္းအတြက္ေပ်ာ္စရာဆိုေပမဲ့ အျပည့္အဝလည္းမေပ်ာ္နိုင္ေပ။ ျမဴေဒါင္းငယ္မွာငဲ့စရာသူ႕အေမမွမရွိေတာ့တာ။ သူ႕ဆီကထြက္သြားခ်င္ေနရင္ ဘယ္လိုလုပ္ရမလဲ ။
ငါမင္းကို ေပးမသြားနိုင္ဘူး ျမဴေဒါင္းငယ္။ မင္းကို ငါလိုအပ္ေနတုန္းပဲ။
သတိမရေသးတဲ့ ျမဴေဒါင္းငယ္ကိုတစိမ့္စိမ့္ၾကည့္ၿပီး စိုင္းမွာရင္မေအးနိုင္ေသး ။ သူ႕ဆီကထြက္သြားမွာကိုစိုးရိမ္ေနရ၏။ ဘာျဖစ္ျဖစ္သူ႕ဘက္က အခ်ိဳသတ္ေခၚထားရင္ေတာ့ရေလာက္မွာပါပဲ။ ဒီေကာင္ေလးသူ႕ကိုမလြန္ဆန္နိုင္မွန္း သူအတတ္သိ၏။ ထိုမွသာစိုင္းစိတ္ေအးသြားရသည္။
ျမဴရဲ႕နဖူးျပင္ထက္ကဝဲက်ေနတဲ့ ဆံသားအိအိေတြကိုအေပၚသပ္တင္ေပးရင္း စိုင္းဘယ္လိုအေၾကာင္းျပခ်က္ေတြနဲ႕ဆြဲထားရမလည္းေတြးေနလိုက္သည္။ မင္းထြက္သြားလို႔မရေသးဘူး ျမဴေဒါင္းငယ္။ ငါ့စိတ္ေတြက မင္းခႏၶာကိုယ္ကိုအရမ္းႀကိဳက္ေနမိတာေတာ့ မင္းအျပစ္ပဲေလ။
က်န္တာေတြစိတ္မဝင္စားဘူး ျမဴေဒါင္းငယ္။ အဓိကမင္းငါ့အနားရွိေနေသးဖို႔ပဲလိုတယ္။ ငါဘယ္လိုနည္းေတြနဲ႕ပဲယူတ္မာရယုတ္မာရ မင္းကေတာ့ငါ့ေလွာင္အိမ္ထဲမွာရွိေနရမယ့္ငွက္ပဲ။ မင္းဘယ္မွမပ်ံသန္းနိုင္ေတာ့တဲ့အထိ ငါကအေတာင္ေတြကိုရိုက္ခ်ိဳးထားမွာမလို႔။ ကိုယ့္အေတြးနဲ႕ကိုယ္စိုင္းႏွစ္ႀကိဳက္စြာၿပဳံးလ်က္။
လႈပ္ယြလာတဲ့လက္ေခ်ာင္းသြယ္သြယ္ေတြနဲ႕ ခပ္ျဖည္းျဖည္းပြင့္လာသည့္မ်က္ဝန္းဝိုင္းေလးကိုျမင္တဲ့အခါ စိုင္းထိုအၿပဳံးကို ႐ုတ္သိမ္းကာ စိုးရိမ္ေနတဲ့လူအျဖစ္ပုံစံေျပာင္းသြား၏။
''babe....''
''ကို ကိုကို....''
''သက္သာလား ေခါင္းထဲကိုက္ေနေသးလား ကိုယ္ဆရာဝန္ကိုလွမ္းေခၚလိုက္မယ္''
ေဘးနားက အခ်က္ေပးခလုတ္ကိုဖိလိုက္ၿပီး စိုင္းကျမဴအနားျပန္ေရာက္လာၿပီး လက္ကေလးကို ေသခ်ာဖိကိုင္ထားသည္။ျမဴသတိမေမ့ခင္အေျခအေနကို ျပန္အမွတ္ရသြားၿပီး မ်က္ရည္အဝိုင္းသားနဲ႕ စိုင္းကိုေမးလိုက္တယ္။
''ကိုကို ေမေမ ေမေမဘာျဖစ္သြားေသးလည္းဟင္ ။ေမေမဘာမွ မျဖစ္ေလာက္ဘူးမလားဟင္ကိုကို႔''
သူ႕အေျဖကိုေမွ်ာ္လင့္တႀကီးေမးေနတဲ့ေကာင္ေလးေၾကာင့္ စိုင္းကသက္ျပင္းရွည္ခ်လ်က္ ျမဴပါးေပၚကမ်က္ရည္ေတြကို သုပ္ေပးလိုက္တယ္။
''ကိုယ္ စိတ္မေကာင္းပါဘူး''
''ဟင္...ဘာ ဘာကိုစိတ္မေကာင္းတာလဲကိုကို''
''babe အေမက....။က်စ္! babe ေနအရင္ေကာင္းေအာင္ေန ကိုယ္ၿပီးမွ အကုန္ေျပာျပမယ္ ''
''အခု အခုေျပာ။ ကိုကို ေမေမက ဘာျဖစ္လို႔လဲ ေျပာပါကိုကို ေမေမဘာျဖစ္တာလဲလို႔''
''မင္းအေမဆုံးၿပီ''
ၿငိမ္က်သြားတဲ့ လက္ေတြ။ ေသသြားသလားမသိေတာ့တဲ့ အာ႐ုံေၾကာေတြ။ ဟင့္အင္း သူမယုံဘူး ကိုကိုကလိမ္ေနတာ။ ကိုကိုကသူ႕ကိုညာေနတာ။ေမေမက မေသေသးဘူး။တုန္တုန္ယင္ယင္လက္ေတြက စိုင္းလက္ေမာင္းကို အားကိုတႀကီးဆုပ္ကိုင္လာၿပီး မ်က္ဝန္းမွာမ်က္ရည္ေတြနဲ႕ျမဴ။
''မဟုတ္ဘူး မဟုတ္ဘူးမလား။ ကိုကိုသားကို လိမ္ေနတာမလား။''
''အဲ့...အဲ့လိုႀကီး မစပါနဲ႕ ကိုကို သားမႀကိဳက္ဘူး။ ေမေမကဘာလို႔ေသရမွာလဲ ကိုကိုညာေနတာ''
''က်စ္! ဟုတ္တယ္ ကိုယ္ညာေနတာ မင္းအေမကမေသဘူး။ နားေတာ့ စိတ္ကိုေအးေအးထားၿပီးနားေတာ့ babe''
''ဟင့္အင္း....ေမေမ့ဆီ လိုက္ပို႔ေပး ကိုကိုသားကို ေမေမ့ဆီလိုက္ပို႔ေပးပါ''
''အင္း...ကိုယ္ၿပီးရင္လိုက္ပို႔ေပးမယ္ အခုအရင္နားလိုက္အုံး မင္းအရမ္းပင္ပန္းေနၿပီ''
''မနားဘူး မနားခ်င္ဘူး ေမေမ့ကိုပဲေတြ႕ခ်င္တာ လိုက္ပို႔ေပးပါ ေက်းဇူးျပဳၿပီး ေမေမ့ဆီပဲပို႔ေပးၾကပါ''
မ်က္ဝန္းအိမ္ေတြရဲတက္လာတဲ့အထိငိုယိုေနေတာ့ စိုင္းရင္ထဲမေကာင္းလွပါ။ သူရင္ေတြပါအလိုလိုနာက်င္လာရသည္။ မင္းမငိုစမ္းနဲ႕ ျမဴေဒါင္းငယ္ရယ္ ကိုယ္ရင္ေတြနာတယ္ကြာ။
''မင္းအခုလို ဆိုးေနရင္ကိုယ္မပို႔ဘူးေနာ္ ျမဴေဒါင္းငယ္။ မင္းလိမ္လိမ္မာမာေနမွ မင္းအေမဆီသြားလို႔ရမွာ''
''အင့္....ဟင့္ မငိုေတာ့ဘူး သားမငိုေတာ့ဘူး ဆိုးလည္းမဆိုးေတာ့ပါဘူး သားလိမ္မာပါ့မယ္ ေက်းဇူးျပဳၿပီး ေမေမ့ကိုဘာမွမျဖစ္ေအာင္ကယ္ေပးၾကပါ''
တသိမ့္သိမ့္တုန႕ယင္ေနတဲ့ကိုယ္ငယ္ေလးကို ရင္ခြင္က်ယ္ႀကီးထဲေထြးေပြ႕ၿပီးႏွိမ့္သိမ့္ေနမိတယ္။ မင္းအေမမရွိေတာ့ေပမယ့္ ကိုယ္ရွိေနေသးတာမလို႔ မငိုပါနဲ႕ေတာ့ ျမဴေဒါင္းငယ္။
ခဏအၾကာေတာ့ တာဝန္ရွိဆရာဝန္ေတြေရာက္လာၿပီး ေဆးတစ္လုံးထပ္ထိုးေပးေတာ့မွ ထပ္အိပ္ေပ်ာ္သြားေတာ့သည္။ စိုင္းလည္းအျပင္ျပန္ထြက္ၿပီး နာေရးအတြက္သူဘဲ စီစဥ္ေပးရေတာ့မွာမို႔လို႔ ကိုသီဟဆီဖုန္းဆက္အေၾကာင္းၾကားလိုက္တယ္။ ေသသူကိုအိမ္သယ္ဖို႔ကိစၥေတြနဲ႕ စိုင္းပဲ စီမံေပးရျပန္တယ္။
ညေနေစာင္းေတာ့ ဒယ္ဒီကျပန္ေရာက္လာၿပီး ေရာက္ေရာက္ခ်င္းပဲ ေဒၚမာယာခ်ိဳရဲ႕ကိုယ္ကိုဖက္ၿပီး ယူႀကဳံးမရျဖစ္ၿပီးငိုတယ္။ သူ႕ကိုယ္သူ အျပစ္ေတြတင္ရဲ႕နဲ႕ေပါ့။ဒယ္ဒီက သူတို႔အေပၚမွာက်အျပစ္ရွိတဲ့စိတ္မဝင္ခဲ့ဘူးထင္တယ္ ။ဒီမိန္းမကိုက်မကာကြယ္ေပးနိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္တဲ့။ သူတို႔ သားမိအေပၚတာဝန္မေက်ေပးတာကိုက် မသိဟန္ေဆာင္ေနခဲ့တာ။ ဒယ္ဒီလည္း မတရားဘူး ။စိုင္းရဲ႕ဘဝႀကီးကလည္းမတရားပါဘူး။ မိခင္ဆုံးတာကိုသိသြားၿပီးျဖစ္တဲ့ ျမဴေဒါင္းငယ္ကေတာ့ သူ႕အေမရဲ႕႐ုပ္အေလာင္းကိုခပ္ေဆြးေဆြးေလးေငးရင္း ငိုေနခဲ့တယ္။
နာေရးသတင္းလာေမးသူတိုင္းကို စိုင္းကပဲ စကားအနည္းက်ဥ္းေျပာေပးလိုက္ရတယ္။ အဟက္! ျဖစ္ပ်က္ေနလိုက္ၾကတာ သူ႕ဒယ္ဒီရဲ႕ ဝမ္းနည္းပက္လက္မ်က္ႏွာကိုစိုင္းအရသာခံၾကည့္ေပးလိုက္တယ္။ ဒယ္ဒီကြၽန္ေတာ္တို႔ကိုျပစ္ထားခဲ့တုန္းလည္း ကြၽန္ေတာ္ဒီလိုပဲ ခံစားခဲ့ရတာ ဒယ္ဒီ။ ဝဋ္ဆိုတာကိုစိုင္းမယုံေပမဲ့ အခုလိုဒယ္ဒီတို႔ဝဋ္လည္ေနတာကိုေတာ့ ကြၽန္ေတာ္ သိပ္ေက်နပ္တယ္။ ျမဴေဒါင္းငယ္အတြက္မတရားမွန္းသိေပမဲ့ သူ႕အတြက္လည္းမတရားခဲ့တာမို႔လို႔
''ေမေမ.....''
ကုတင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့အတိုင္းေလးၿငိမ္သက္ေနခဲ့တဲ့ေမေမ့ကို ျမဴခပ္တိုးတိုးေလးေခၚလိုက္တယ္။ သူအတိတ္ကဘာေတြမ်ားလုပ္မိလို႔ ဒီေလာက္ထိဝဋ္ေႂကြးႀကီးေနရတာပါလည္း။ တျခားဝဋ္ေႂကြးဆိုရင္ေတာင္သူမေၾကမခ်င္းဆပ္ေပးမွာမို႔ ေမေမ့ကိုေတာ့ျမဴ႕ဘဝထဲက ဆြဲေခၚမသြားၾကပါနဲ႕လား။ ျမဴဆိုတာ ေမေမရဲ႕အသက္ေသြးေၾကာေလးပါတဲ့။
ေမေမအဲ့လိုေျပာခဲ့တယ္ေနာ္ အခုေမေမ့ရဲ႕အသက္ကေလးဒီမွာေလ ေမေမရယ္ သားကိုထၾကည့္ပါအုံးလားဟင္။ ညတိုင္းေမေမ့ရဲ႕ သားေခ်ာ့ေတးေလးနဲ႕အိပ္ခ်င္ေသးတယ္ေလ။ ေမေမမႀကိဳက္တာလည္းသားမလုပ္ေတာ့ဘူးေလ ေမေမရယ္။ သားကိုတစ္ေယာက္ထဲမထားခဲ့ပါနဲ႕ေနာ္။ သားေလာကႀကီးကို တစ္ေယာက္ထဲမရပ္တည္နိုင္ေသးဘူးေမေမရယ္။ ေမေမကသားရဲ႕အားေဆးေလးေလ ေမေမမရွိေတာ့ သားကိုဘယ္သူအားေပးစကားေတြေျပာေပးေတာ့မွာလည္းဗ်ာ။
''ျမဴေလး....''
''ဟင့္! နိုရာ....''
မ်က္ရည္ေတြနဲ႕ ျမဴေလးကိုၾကည့္ၿပီးနိုရာစိတ္မေကာင္းစြာ ဖက္ၿပီးေခ်ာ့ေပးေနမိတယ္။ ျမဴကသူ႕အေမကို ခင္တြယ္ရွာတာ နိုရာသိပါတယ္။ ဘယ္ေလာက္ေတာင္မွနာက်င္ေနလိုက္မလဲ။
''နိုရာ....ေမေမက ငါ့ကို ထားသြားၿပီဟာ''
''ကံတရားအတိုင္းပဲ လက္ခံလိုက္ၾကတာေပါ့ ျမဴရယ္ ငါလည္းနင့္အတြက္စိတ္မေကာင္းပါဘူး ငါရွိပါေသးတယ္ဟာ စိတ္ကိုေျဖလိုက္ပါေတာ့ေနာ္''
''ငါဘာမွမလိုခ်င္ပါဘူး ငါ့ေမေမရွိေနရင္ပဲငါ့ဘဝႀကီးျပည့္စုံေနၿပီးသားပါ အခုေတာ့ ဟင့္!''
''ျမဴရယ္.....''
''သားျမဴ....''
ဦးစိုင္းထည္ဝါက ခါတိုင္းေတာက္ေတာက္ပပေနတတ္ေပမယ့္ အခုသူ႕ပုံစံက တကယ္ကိုပူေဆြးေသာကေရာက္ေနဟန္။ တစ္ကိုယ္လုံး အနက္ေရာင္ဆင္က အေရာင္မွိန္ေသာအၿပဳံးႏွင့္ ျမဴအားၿပဳံးျပရွာသည္။
''သား....ေဖေဖတို႔ စကားခဏေျပာရေအာင္''
''ဟုတ္ ေဖေဖ''
ဦးစိုင္းထည္ဝါေနာက္ ျမဴခပ္ကုပ္ကုပ္ေလးလိုက္လာခဲ့တယ္။ ဦးက ဆိုဖာေပၚထိုင္ကာျမဴကိုလည္း ထိုင္ဖို႔ေျပာတယ္။
''သားျမဴ....''
''ဟုတ္ကဲ့ေဖေဖ ေျပာပါ''
''ေဖေဖေတာင္းပန္ပါတယ္သား၊ သားတို႔သားအမိကို ေစာင့္ေရွာက္ေပးမယ္ဂတိေပးထားၿပီး ဂတိမတည္နိုင္ခဲ့လို႔''
''ေဖေဖရဲ႕ အျပစ္မဟုတ္ပါဘူး ၊ ကံတရားကိုပဲ သားအျပစ္တင္ေနတာပါ''
''ဒါေပမယ့္ စိတ္ခ်ပါ သားကိုေတာ့ ေဖေဖရဲ႕သားအျဖစ္ ေဖေဖကာကြယ္သြားမွာပါ''
''သားျငင္းပါရေစ ေဖေဖ၊ သားဒီကိုေရာက္လာခဲ့တာ ေမေမေၾကာင့္ပါ။ အခုေမေမလည္းမရွိေတာ့ဘူးဆိုေတာ့ သားေဖေဖတို႔ကို ထပ္ၿပီးကပ္တြယ္မေနသင့္ပါဘူး''
''မဆိုင္တာသားရယ္၊ သားအေဖသိရင္လည္း စိတ္ေကာင္းမွာ မဟုတ္ဘူး ''
''သားဆုံးျဖတ္ၿပီးသြားပါၿပီ၊ ေက်းဇူးျပဳၿပီး သားကိုထြက္သြားခြင့္ျပဳပါ''
ဦးစိုင္းထည္ဝါက သက္ျပင္းခ်လိဳက္ၿပီး ေခါင္းညိမ့္႐ုံသာ။ ဒီကေလးကခ်ိဳအတိုင္း ေခါင္းသိပ္မာတယ္။
''ဒါေပမယ့္ သားေနဖို႔အဆင္ေျပေအာင္ေတာ့ ေဖေဖကိုေထာက္ပံ့ခြင့္ျပဳပါ ဒါကိုေတာ့မျငင္းနဲ႕သား''
ျမဴက အသက္မပါစြာၿပဳံးျပၿပီး သေဘာတူလာတယ္။ သူအဖို႔ဒီတိုင္းထြက္သြားလိုက္ရင္လည္း လမ္းေဘးေန႐ုံပဲရွိတာမို႔ အဆင္ေျပလာၿပီးမွ ေဖေဖ၏ေက်းဇူးကို ျပန္ဆပ္ပါ့မယ္။
''ဟို....သားတစ္ခုေလာက္ ထပ္ၿပီးေတာင္းဆိုလို႔ ရမလားဟင္''
''သားေျပာပါ ေဖေဖတတ္နိုင္တာဆို အကုန္ျဖည့္ဆည္းေပးမယ္ သား''
''ေက်းဇူးျပဳၿပီး ကိုကို႔ကိုျပစ္ပယ္မထားပါနဲ႕ ေဖေဖ''
''ေဟ.....ဘာလို႔လဲ ''
''ကိုကိုဆိုးေနတယ္ဆိုတာ ေဖေဖရဲ႕အာ႐ုံစိုက္မႈကို ရခ်င္ခဲ့လို႔ပါေဖေဖ၊ တယ္ေတာ့ကိုကိုက စိတ္ထားေကာင္းတဲ့ လူတစ္ေယာက္ပါ၊ ေဖေဖရဲ႕ေမတၱာကို ကိုကိုကလိုခ်င္ေနခဲ့မွာပါ၊ သားလူႀကီးေတြရဲ႕ ျပႆနာကို မသိဘူးဆိုေပမယ့္ မိဘခ်င္းရဲ႕ အတၱေတြအတြက္နဲ႕ ကိုကို႔ကိုေမတၱာမထားပဲမေနပါနဲ႕ ေဖေဖ''
ျမဴရဲ႕စကားေတြကအမွန္ေတြမလို႔ သူေခါင္းညိမ့္ေပးမိတယ္။ တကယ္ပဲသူဟာ အတၱေတြႀကီးခဲ့မိတယ္ သူ႕သားအရင္းအေပၚမွာလည္းငယ္ငယ္ကတည္းက အတၱေတြနဲ႕ျပစ္ပယ္ထားခဲ့မိသည္။ သူ႕သားကသူ႕ကို ဘယ္ေလာက္ေတာင္စိတ္နာေနလိမ့္မလည္း။ မိခင္ကိုယ္တိုင္က သူနဲ႕ျပႆနာကို သားအေပၚပုံခ်ေနမွန္းသိေနခဲ့တာေတာင္မွ သူမသိခ်င္ေယာင္ေဆာင္ေပးခဲ့မိတာ။ သူ႕အျပစ္လည္းမကင္းခဲ့ပါဘူး။
ခ်ိဳ မင္းသားကတကယ္သိတတ္တဲ့ကေလးပါဘဲ။ သူ႕အေပၚကိုယ့္သားဒီေလာက္မုန္းတီးေနခဲ့တာေတာင္ သူ႕အတြက္မင္း သားေလးကေတြးေပးေနျပန္တယ္ခ်ိဳရယ္။ မင္းစိတ္ခ်ပါ မင္းကေလးကိုကိုယ္ဂ႐ုစိုက္ေပးမွာမို႔ စိတ္ေျဖာင့္ေျဖာင့္နဲ႕ သြားပါခ်ိဳ။
သတင္းလာေမးတဲ့လူေတြလည္း အသီးသီးျပန္သြားၾကၿပီး ျမဴကေတာ့အိမ္ေရွ႕မွာ ေမေမ့ဓာတ္ပုံေလးပိုက္လို႔ အသက္မပါသူတစ္ေယာက္လိုၿငိမ္သက္လို႔။
စိုင္းတေခတ္က အေနာက္မွာရပ္ၿပီး ျမဴရဲ႕လက္ကိုဆြဲကာ မတ္တပ္ရပ္ေစၿပီး ေအးစက္စက္အၾကည့္ပို႔သည္။ စိုင္းခုဏ ဒယ္ဒီနဲ႕ျမဴ႕စကားေတြကိုအကုန္ၾကားခဲ့တာေၾကာင့္ ေဒါသထြက္ေနရျခင္းေပ။
''မင္းထြက္သြားလို႔ မရဘူး ျမဴေဒါင္းငယ္''
''ဘာကိုလဲ ကိုကို''
''မင္းဒီအိမ္ကေန ဘယ္မွထြက္သြားခြင့္မရွိဘူးလို႔!''
သူ႕ကို စိတ္ဆိုးမာန္ဆိုးနဲ႕လာေအာ္ေနသည့္ကိုကိုအား ေယးေယးေလးၿပဳံးျပမိသည္။ ဆုပ္ကိုင္ခံထားရတဲ့လက္ကို အသားေလး႐ုန္းထြက္လိုက္ၿပီး။
''သားက အျပင္လူပါကိုကို၊ ကိုကိုေျပာခဲ့ဖူးတယ္မလား သားတို႔သားအမိက ကိုကို႔ဘဝကိုဖ်က္ဆီးခဲ့တာလို႔ေလ။ အခုကိုကိုေပ်ာ္ဖို႔ သားထြက္သြားေပးမို႔ပါ
ကိုကိုလိုခ်င္တဲ့ မိသားစုဘဝေလးကို ကိုကိုျပန္ႀကိဳးစားယူလို႔လည္းရၿပီေလ ကိုကိုမေပ်ာ္ဘူးလားဟင္''
''မလိုဘူး! မင္းငါ့အတြက္ စဥ္းစားေပးစရာမလိုဘူး ျမဴေဒါင္းငယ္။ မင္းဒီလိုလုပ္ေပးလို႔ ငါမင္းတို႔ကိုခြင့္လႊတ္ေပးမယ္ထင္ေနတာလား''
''ဒါဆို သားကဘယ္လိုလုပ္ေပးရမွာလည္းကိုကို! သားဘယ္လိုလုပ္ေပးမွ ကိုကိုေပ်ာ္နိုင္မွာလည္း''
''မင္းငါ့အနားမွာေနၿပီး ငါ့ကို အရင္လိုဂ႐ုစိုက္ေပး!''
''ဗ်ာ......''
ကိုကိုက သူ႕ကိုအနားမွာေနဖို႔ေတာင္းဆိုလိုက္တာလား....။မျဖစ္နိုင္တာ။
''ဟုတ္တယ္ မင္းငါ့အနားမွာဆက္ရွိေနေပး ျမဴေဒါင္းငယ္၊ ငါ့မိဘေတြကေတာင္မေပးနိုင္တဲ့ ႏြေးေထြးမႈ၊ ေမတၱာေတြကို ပထမဆုံးငါမင္းဆီကရဖူးတာမို႔လို႔ မင္းကပါငါ့ကိုထားမသြားပါနဲ႕လားကြာ....''
ကိုကိုက သူ႕ကိုထားမသြားဖို႔ေျပာေနခဲ့တာ သူသိပ္ခ်စ္တဲ့ကိုကိုကေလ....သူ႕ကို။ ျမဴေမေမၿပီးရင္ အခ်စ္ရဆုံးကိုကိုက သူ႕ကိုအလိုရွိတုန္းပဲတဲ့လား။ ကိုကို ျမဴမွာေမေမလည္းမရွိေတာ့ဘူး ကိုကိုပဲျမဴဘဝထဲမွာက်န္ရွိေနတဲ့ တစ္ဦးတည္းေသာခင္တြယ္ရာပါ။ ကိုကိုအေဝးကိုထြက္သြားရေတာ့မယ္ ထင္ခဲ့တာ။ကိုကိုျမဴမရွိမွ ေပ်ာ္နိုင္မယ္ထင္ၿပီးထြက္သြားဖို႔ ဆုံးျဖတ္ခဲ့ရတာ ။သူ႕ရင္ထဲမွာ နင့္ေနေအာင္နာက်င္ေနလည္းကိုကိုအတြက္ဆုံးျဖတ္ခဲ့ရတာပါ။
''ကိုကို.....ကိုကိုကတကယ္ သားကိုအနားမွာရွိေပးေစခ်င္တာလားဟင္''
''အင္း....။ မင္းထြက္မသြားဘူးမလား ျမဴေဒါင္းငယ္''
မ်က္ဝန္းျပာေလးေတြကမ်က္ရည္ေတြ ၿပိဳက်လာၿပီးေခါင္းတျငမ့္ၿငိမ့္လုပ္ျပ၏။ ကိုကိုထြက္မသြားေစခ်င္ရင္ ျမဴကေသတဲ့အထိ အနားမွာ ကပ္တြယ္ေပးေနမွာပါ ကိုကိုရယ္။
#TBC
မေန႕ကတင္ေပးမို႔ကို မီးပ်က္ေတာ့ ေဘလ္မရွိအားလည္းမရွိနဲ႕တင္မေပးနိုင္တာပါရွင့္။
စိတ္ညစ္စရာေတြနဲ႕ ႀကဳံေနရေပမဲ့ နန္းလည္းဘယ္လိုႏွိမ့္သိမ့္ရမလည္းေတာင္ စကားရွာမရေတာ့ပါဘူး။ အနာဂါတ္ေတြကပ်က္စီးေနၿပီ ေနာင္ဘဝမွာ ဒီနိုင္ငံမွာျပန္မေမြးဖြားပါရေစနဲ႕ဆုေတာင္းမိတယ္။ ကိုယ္ေတြလိုမ်ိဳး ေနာက္မ်ိဳးဆက္ေတြကိုဒီလိုအနာဂါတ္မမဲ့ေစခ်င္ေတာ့ဘူး။ လိုင္းေပၚမွာ ဟာသလုပ္ပီးတင္ေနတဲ့ကေလးေတကိုလည္းအျပစ္မတင္မိဘူး။ သူတို႔လည္းမေပ်ာ္နိုင္ၾကပါဘူး စိတ္ေျပလို႔ေျပျငႇားဟာသအျဖစ္တင္ေပးၾကတာပါ နန္းဆို ဟိုေန႕ကအိပ္လို႔ေတာင္မေပ်ာ္ဘူး ေၾကာက္ေနမိတာ ဒါေပမယ့္ fbေပၚမွာ ဟာသလုပ္ပီးvdေတတင္ထားတာျမင္ေတာ့ ရီမိတယ္ စိတ္ညစ္တာေတလည္းေျပသြားတယ္ မရီရတဲ့ဟာသေတြဆိုေပမဲ့လည္း နည္းနည္းစိတ္ေျဖနိုင္တာေပါ့ကြယ္။