Xiao-ရှောင်း

By KrystalMoon8

1.9K 83 7

ဆယ်ကျော်သက်ကနေစခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးကနေ ပြောင်းလဲခဲ့တဲ့အချစ်တေကို သူခိုင်မြဲမယ်လို့ယုံတယ် start date - 28... More

part-1
part-2
part-3
part -5
part -6
part -7
part -8
part -9

part -4

168 8 0
By KrystalMoon8

unicode

  " ဘယ်ကိုသွားမလို့လဲ.. ငါမမြင်ရတော့ဘူး"

  " ခဏလေးပဲနော်..ရောက်တော့မယ်..ခဏပဲ"

ခုရိပေါ်ကရှောင်းကျန့်ကို ဘယ်ခေါ်သွားနေမှန်းမကိုမသိ။ မနက်မိုးလင်းတော့ အိမ်ကိုရောက်လာပြီး ပြစရာရှိသည်ဟုဆိုကာခေါ်လာခြင်းဖြစ်သည်။ ရှောင်းကျန့်မှာ ဘာမှန်း ညာမှန်းမသိပါလာရသည်။ ညအိပ်ဝတ်ထားတဲ့အင်္ကျီတောင်မလဲနိုင်လိုက် မျက်နှာသစ်ပြီးပါလာရသည်။ ခုရက်တေထဲသူ့ရှေ့မှာပေါ်မလာတဲ့ရိပေါ်က ပေါ်လာတော့လဲဗြုန်းစားကြီး။
လူကိုအရူးလုပ်နေတာလားဟုပင် တစ်ခါတစ်လေထင်လာရတော့သည်။

  "မင်းပြောတဲ့ဟာက မရောက်သေးဘူးလား ခုထိ..ဘယ်ချိန်ထိငါက မျက်လုံးမှိတ်ထားရအုံးမှာလဲ"

"ခဏပဲ ရှေ့ဆိုရောက်ပြီ..ခဏပဲသည်းခံပေး"

  ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးမှာ  တစ်ဖြည်းဖြည်းဆူထွက်လာရတော့တယ်။ ​ရောက်ပြီဆိုပြီးမရောက်နိုင်တာကလဲခုထိပဲ။ အက်စကားကိုပြောနေတာဘယ်လောက်ကြာနေပြီလဲ။ ကားရပ်ပါပြီဆိုထဲက ရှောင်းကျန့်မျက်လုံးကို ပုဝါစည်းပြီးခေါ်လာတာ ခုဆိုဘယ်ရောက်လာပြီလဲတောင်မသိတော့ဘူး။  ခုထိပဲ ပုဝါကိုမဖြည်ပေးသေးဘူး။

  " ရောက်ပြီ..စပရိုက်"

ရှောင်းကျန့်မှာမျက်စိမှိတ်ထားရတဲ့အချိန်ကြာမြင့်မှုကြောင့် အလင်းရောင်နဲ့အသားမကျနိုင်သေးသည့်အတွက် မျက်တောင်နှစ်ချက်လောက်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးမှသာ အလင်းနဲ့အသားကျသွားနိုင်ရတော့တယ်။ ရှောင်းကျန့်ပါးစပ်လေးဝလုံးပုံစံလေးဝိုင်းသွားရပြီး အံ့သြမှုနဲ့အတူ ဘာမှပြန်မပြောနိုင်အောင်ဖြစ်နေရသည်။ သူ့ရဲ့ရှေ့ကမြင်ကွင်းက သူ့ကိုတကယ်အံ့အားသင့်သွားစေတယ်။

  " ဝမ်..ဒါ..ဒါတေ..ဒါတေက"

  "ဘယ်လိုလဲ..သဘောကျရဲ့လား..ဟင်"

ဘာပြန်ပြောရမှန်းမသိအောင်ပဲ သူ့ကိုတကယ်ဆွံ့အသွားစေတဲ့အထိ ရိပေါ်ရဲ့စပရိုက်ကတကယ်ထိရောက်တယ်။

  "ဝမ့်..ဟင့်..မင်းကအကောင်းဆုံးပဲ"

  "ဟိတ်..ဟား..ဝမ်းသာလဲငို ဝမ်းနဲလဲငိုနဲ့ မင်းကအရူးလေးလားဟမ်"
 
  ရိပေါ် ရှောင်းကျန့်ကို ချစ်ခြင်းတေယိုဖိတ်နေတဲ့မျက်ဝန်းတေနဲ့ကြည့်နေတယ်။ သူ့ရဲ့မျက်ဝန်းတေထဲမှာ အလိုလိုက်မှုတေ၊ ချစ်မြတ်နိုးမှုတေအပြည့်ပဲ။ ရိပေါ်ကပြုံးလိုက်ပြီး ရှောင်းရဲ့ခေါင်းလေးကို ဖွပစ်လိုက်တယ်။

  "သွားကြည့်လေ မင်းလိုချင်တယ်လို့ပြောလို့ ကိုယ်ရှာဝယ်ထားရတယ် ဘယ်လိုလဲ အကြိုက်တွေ့ရဲ့လား"
 
  "အရမ်း..အရမ်းနဲ့မှပဲ"

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲကိုတိုးဝင်လိုက်တယ်။ သူအရမ်းနဲ့မှဒီလူသားကို သဘောကျရပါသောပဲ။ သူ့ရဲ့စိတ်ကိုဒီလူက ပါပါးနဲ့မာမားထက်ပင်သိသေးသည်မဟုတ်လား။ ခုပဲကြည့်လေ သူဒီချစ်စရာယုန်အသေးလေးတေလိုချင်တယ်လို့ပြောဖူးတာဖြင့် အထက်တန်းနောက်ဆုံးနှစ်ထဲက။ ဒါကိုမှတ်မှတ်ရရဖြည့်ဆည်းပေးတယ်တဲ့။ ရှောင်းကျန့်တောင်မေ့နေပြီမဟုတ်လား။ အက်လိုပဲ တစ်ခါတစ်လေရိပေါ်ကအရမ်းလဲချစ်ဖို့ကောင်းသလို အမြင်ကပ်ဖို့လဲကောင်းပါသေးသည်။

  "ကဲ ကိုယ့်ကိုလွှတ်ပြီးသွားကြည့်ချေ သွား"

ရှောင်းကျန့်ကပျော်ရွှင်စွာပဲ ဝမ်ရိပေါ်ရဲ့ပါးကိုတစ်ချက်နမ်းပြီး မြက်ခင်းပေါ်မှာပြေးလွှားနေတဲ့ယုန်ပိစိလေးတေဆီ ပြေးသွားလိုက်တယ်။ ခုချိန်မှာသူ့ကိုသူလဲဘာလုပ်မိလိုက်လဲ သတိမထားမိတော့ဘူး။ သူသိတာက အရမ်းအရမ်းနဲ့မှပျော်ရွှင်နေတယ်ဆိုတာပဲ။

  နောက်မှာကျန်ခဲ့တဲ့ဝမ်ရိပေါ်မှာလဲ ရှောင်းနမ်းသွားတဲ့ပါးတစ်ဖတ်ကို အုပ်ကိုင်လိုက်ပြီးတောင့်တောင့်ကြီးရပ်နေမိတယ်။ ခုရှောင်းကသူ့ကို ဘာလုပ်သွားတာတဲ့လဲ။ ဟား ဒီကောင်လေးသူဘာလုပ်မိလိုက်လဲမှသိရဲ့လား သူ့ကိုအရူးရင်အောင်လုပ်နေသလားမှတ်ရတယ်။

  "ရှောင်း အထဲဝင်ကြရအောင် မားကိုကိုယ်ပြောခဲ့တယ် ဒီနေ့အပြင်မှာအိပ်မယ်လို့"

  "ဟင် မာမားကဘာပြောလဲ ခွင့်ပြုတယ်တဲ့လား"

  "အင်း ခွင့်ပြုတယ်"

  "ဝါး ဝမ်ရိပေါ်မင်းအတော်ဆုံးပဲ အက်ဒါနဲ့ဘယ်မှာအိပ်မာလဲ"

  ရှောင်းကျန့်ကပြောနေရင်းနဲ့မှ တစ်ခုခုကိုသတိရသွားဟန်ဖြင့် မျက်ဝန်းတစ်စုံမှာဝိုင်းစက်သွားရပြီး

  "မင်း! မဟုတ်မှလွဲရော..."

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုပြုံး၍သာစိုက်ကြည့်နေပြီး မျက်ခုံးတစ်ဖတ်ပင့်ပြလာသည်။ ပြောချင်တာက ဘာလဲဆက်ပြော ဆိုတဲ့အဓိပ္ပါယ်

  "ဒီအိမ်က မင်းအိမ်လို့တော့မပြောနဲ့နော်"

ရိပေါ်ကပြုံး၍သာဆက်ကြည့်နေသည်မို့

  "တကယ်ကြီးလား တကယ်ကြီးပေါ့ ဝိုး.... ဝမ်ရိပေါ်ကသူဌေးလေးပဲ"

  "အဟွန်း..ဟွန်း... တော်ပြီရှောင်း မဆော့နဲ့တော့ လာအထဲဝင်ရအောင်"

ဝမ်ရိပေါ်ရဲ့ခေါင်းမော့ပြီးရယ်လိုက်ပုံကြောင့် ရှောင်းကျန့်မှာငေးခနဲ

ဝမ်ရိပေါ်ကရှောင်းရဲ့တတွတ်တွတ်အမေးတေကိုမဖြေတော့ပဲ လက်ကဆွဲပြီးသာအိမ်ထဲကိုခေါ်လာခဲ့လိုက်တော့တယ်။ သူရှောင်းကိုပြောစရာတေအများကြီးရှိသေးသည်မဟုတ်လား။

   "ဒီမှာခဏနေခဲ့အုန်း ကိုယ်ပြန်လာခဲ့မယ်"

  ရိပေါ်ကရှောင်းကျန့်ကို ဧည့်ခန်းမှာထိုင်ခိုင်းခဲ့ပြီး အပြင်ကိုပြန်ထွက်သွားသည်မို့ ရှောင်းကျန့်က အိမ်ထဲကိုမျက်စိကစားပြီးလျှောက်ကြည့်နေလိုက်တယ်။ သူစိတ်ဝင်စားစရာတွေ့လို့ တွေ့ငြားပေါ့။ တစ်နေရာအရောက်မှာသူ့အကြည့်တေရပ်တန့်ကုန်ရတော့တယ်။ အက်ဒါကဓာတ်ပုံလေးတစ်ခုပဲ။ တိတိကျကျပြောရရင်  ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ပုံလေး။ ဒီပုံလေးက အရမ်းကိုမှကြာနေပြီ။ ရိပေါ် ဆယ်နှစ်ပြည့်မွေးနေ့တုန်းက ရိပေါ်မားမားကိုယ်တိုင်သူတို့ကိုရိုက်ပေးထားတာလေး။ တစ်ယောက်တစ်ပုံဆီယူထားကြတာ ရှောင်းကျန့်ရဲ့ပုံက သူ့အခန်းထဲမှာရှိတယ်။ ဒါဆိုပျောက်သွားပြီဆိုပြီး ရိပေါ်ဆီမှာမတွေ့တဲ့ဟာက ဒီမှာဘယ်လိုလုပ်ပြီးရောက်နေရတာလဲ။

  ဝမ်ရိပေါ်ကို ရှောင်းကျန့်မှာမေးစရာတေများလာရတော့တယ်။ ဒီအိမ်ကရော သူနဲ့ဘယ်လိုပတ်သက်နေတာလဲ။ နောက်ပြီးသူ့ကိုရောဘယ်လိုသဘောထားလဲဆိုတာကို။ ရှောင်းကျန့်ဓာတ်ပုံလေးကိုကြည့်နေရင်း တစ်အိမ်လုံးမှောင်ပိန်းသွားရတော့တယ်

  "ဟင် မီးပျက်သွားတာလား? "

ရှောင်းကျန့်ရဲ့အတွေးလေးမဆုံးလိုက် ကြားလိုက်ရတဲ့အသံကြောင့် ပျော်ရွှင်မှုအဆိုးမရလိုက်ပေ။

" Happy Birthday To You

Happy birthday Happy birthday Dear Xiao"

အမှောင်ထဲမှာဖယောင်းတိုင်ကလာတဲ့အလင်းရောင်လေးသာမှိန်ပျပျ။ ရှောင်းကျန့်ရဲ့ရှေ့မှာရှိနေတာက ကိတ်မုန့်ကိုင်ထားတဲ့ဝမ်ရိပေါ် ရှောင်းကျန့်မှာပျော်လွန်းလို့ မျက်ဝန်းမှာမျက်ရည်တေဝဲလာရတဲ့အထိပဲ။ မေ့နေပြီထင်နေတာ ဝမ်ရိပေါ်ကသူ့မွေးနေ့ကိုမေ့တေပြီထင်နေခဲ့တာ။ မမေ့တဲ့အပြင်သူ့ကိုသက်သက်တောင်မွေးနေ့လုပ်ပေးသေးသည်တဲ့။

  "ဆုတောင်းပြီးမီးမှုတ်အုံးလေရှောင်း ကိုယ်မင်းကိုပေးစရာရှိသေးတယ်"

ရှောင်းကျန့်မီးမှုတ်ဆုတောင်းပြီးတာနဲ့ စောစောကမှောင်နေတဲ့အိမ်လေးဟာလဲ ပြန်လဲလင်းထင်းလာရတော့တယ်။ ဝမ်ရိပေါ်ကကိတ်မုန့်ကိုစားပွဲပေါ်တင်လိုက်ပြီး ရှောင်းကျန့်ရဲ့လက်ကိုဆွဲပြီး ထိုင်စေလိုက်တယ်။ ဘေးမှာချထားတဲ့အိတ်ထဲကနေ စာရွက်စာတမ်းတေကိုထုတ်ပြီးရှောင်းကိုပေးလိုက်တယ်။

  " ဝမ် ဒါတေက.."

  "အင်း မင်းမွေ့နေ့အတွက် ကိုယ့်ရဲ့မွေးနေ့လက်ဆောင်"

  "ဟင် ဘာကိုပြောချင်တာလဲ"

  "ဖွင့်ကြည့်လေ သိရမှာပေါ့"

ရှောင်းကျန်ဝမ်ပေးတဲ့အိတ်ကိုဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့အရာတေကြောင့်ရိပေါ်ကိုနားမလည်နိုင်စွာကြည့်လိုက်မိတော့တယ်။ ဘာအဓိပ္ပါယ်လဲဆိုတာ သူတကယ်ကိုနားမလည်တော့ပေ။ ဘာကြောင့်ဝမ်ကသူ့ကို ဒါတေပေးရတာလဲ။ ဒါတေကအဖိုးတန်လွန်းသည်မဟုတ်လား။

  "ကိုယ်မင်းကို ခုပေးတဲ့လက်ဆောင်တေထက်တန်ဖိုးထားတာသိတယ်ဟုတ်။ ကိုယ်ဒီအိမ်ကို​ပြန်ပြင်ခဲ့တဲ့ရည်ရွယ်ချက်ကလဲ မင်းကိုပေးဖို့ပဲ ဒီအတိုင်းပေးရင်လက်မခံမှာဆိုးလို့ မင်းမွေး​ေန့လက်ဆောင်အနေနဲ့ကိုယ်ပေးတာ ငြင်းဖို့တော့မစဥ်းစားနဲ့နော် ကိုယ့်ကိုစိတ်မကောင်းမဖြစ်စေချင်ဘူး ဟုတ်"

  ရှောင်းကျန့်မှာ ဝမ်ရယ်လို့သာ 'တ' နိုင်ယုံသာတက်နိုင်တော့တယ်။ ရိပေါ်ရဲ့ရင်ခွင်ထဲကိုပို၍သာ တိုးဝင်မိတော့တယ်။ သူယုံပါပြီ ဝမ်သူ့ပေါ်မှာထားတဲ့အချစ်တေကို ဖွင့်မပြောပေမယ့်လဲ သိနိုင်နေပြီပဲမဟုတ်လား။ အရင်ကသူဘယ်လိုလုပ်ပြီးများ ဒီလူသားကသူ့ကိုကစားနေတာလို့ထင်ခဲ့ရတာလဲ။

    " ဒါဆို ငါမေးစရာရှိတယ် မင်းကို"

     "အင်း မေးလေ"

    "ဒီရက်ပိုင်းဘာလို့ငါ့ဆီမလာတာလဲ။ ပြီးတော့ဘာလို့အမြဲအချိန်ရှိတိုင်း ဝမ်ချင်းနဲ့ပဲအပြင်တေသွားနေရတာလဲ သူမနဲ့ကဘယ်လိုပတ်သက်တာလဲ"

     "အင်း ကိုယ်ဒီနေ့မင်းကိုအကုန်ရှင်းပြမယ် ကိုယ်ဘာကြောင့်မင်းဆီမလာရတာလဲ သူမနဲ့ဘယ်လိုပတ်သက်လဲဆိုတာတွေ"

ရှောင်းကျန့်ကဝမ်ရိပေါ်သူ့ကိုပြောပြမှာကိုပဲ ရိပေါ်ရဲ့ကိုယ်ငွေ့ကို ခိုလှုံရင်းနဲ့နားထောင်နေလိုက်တယ်။ ရိပေါ်ကသူ့ခေါင်းကဆံပင်တွေထဲ နှာဖျားနှစ်ပြီးတစ်ချက်နမ်းလိုက်တယ်။ ပြီးတော့ဆက်ပြောတယ်။

  "ကိုယ်နဲ့ဝမ်ချင်းနဲ့က မောင်နှမတစ်ဝမ်းကွဲတော်တယ်။ ကိုယ့်ပါးရဲ့ညီမကမွေးတာလေ။ ပါးမှာကမောင်နှမအများကြီးမရှိဘူး ဝမ်ချင်းရဲ့မားနဲ့နှစ်ယောက်ထဲပဲရှိတာ သူကအရင်ကနေဒါမှာနေတာလေ။ အားရီကလဲ သမီးလေးတစ်ယောက်ထဲဆိုတော့အလိုလိုက်ထားတာ။ ခုဘယ်လိုမှမနိုင်တော့လို့ ဒီမှာရှိတဲ့ဖွားဖွားဆီပြန်ပို့လိုက်တာ။ နောက်နားကမင်းဆီမလာနိုင်တာကလဲ ဖွားဖွားနေမကောင်းလို့ ကိုယ်တို့မိသားစုဖွားဖွားဆီမှာသွားနေနေရတာ"

   "ဟင် ခုရောသက်သွားပြီလား အက်ဒါကြောင့်မင်းတို့တစ်အိမ်လုံးတိတ်နေကြတာလား"

  "အင်းဟုတ်တယ် နှစ်ရက်လောက်သွားနေလိုက်ရသေးတယ် ပြီးတော့ဒီအိမ်ကိုလဲမင်းကိုလက်ဆောင်ပေးဖို့အတွက်ပြန်ပြင်နေရသေးတယ်လေ ဖိုးဖိုးမဆုံးခင်က ကိုယ့်ကိုလက်ဆောင်အဖြစ်ဝယ်ပေးခဲ့တာ ကိုယ်ကလဲငယ်သေးတော့ဒီအတိုင်းထားလိုက်တာ ပါးကတော့အလုပ်သမားတေငှားပြီး တစ်လတစ်ခါသန့်ရှင်းပေးတယ် ကိုယ်တို့မောင်နှမသုံးယောက်လုံးမှာ ဖိုးဖိုးဝယ်ပေးထားတဲ့ ကိုယ်ပိုင်အိမ်တေရှိကြတယ် နေရာတော့မတူကြဘူး"

"မင်းဖိုးဖိုးရဲ့လက်ဆောင်ကို ငါ့ကိုပေးလိုက်လို့ရပါ့မလား မင်းပါးကဘာမှမပြောဘူးလား"

ရှောင်းကျန့်ရဲ့အမေးကြောင့်ဝမ်ရိပေါ်ကပြုံးလိုက်တယ်။ ဒီကောင့်မှာ ဒီ့ထက်မကတဲ့ပိုင်ဆိုင်မှုတေရှိသေးတယ်ဆိုတာသာသိရင် မေ့လဲသွားနိုင်တယ်။

"ဟင့်အင်း ပါးကကိုယ်တို့ဆုံးဖြတ်ချက်တေကို အလေးပေးတယ် ကိုယ်တို့ကဘယ်တော့မှမဟုတ်တာမလုပ်ဘူးဆိုတာကို ယုံကြည်တယ်လေ။ ကိုယ်ပါးကိုပြောပြီးပြီ ပါးကငါ့သားကောင်းမယ်ထင်လို့ဆုံးဖြတ်တာပဲတဲ့။ အက်ဒါကြောင့်လဲ ကိုယ်တို့မောင်နှမတေက ပါးကိုလေးစားကြတယ်"

  ရိပေါ်ကသူ့ရင်ခွင်ထဲကပေါင်ပေ့ကို အပြင်ထုတ်လိုက်ပြီး ဆိုဖာအောက်မှာဒူးတစ်ဖက်ထောက်ပြီးထိုင်လိုက်တယ်။ ရုတ်တရက်အပြုမူကြောင့် ရှောင်းကျန့်မှာလန့်သွားရတယ်။

  "ဝမ့်! ဘာလုပ်တာလဲ ထ..ခုထလို့"

ရှောင်းကျန့်ဆိုဖာပေါ်ကထတာကို ရိပေါ်ကလုံးဝအထမခံပေ။

  "ကိုယ်ပြောတာကို မင်းသေချာဆုံးဖြတ်ပါ ကိုယ့်အတွက်မငဲ့ပဲမင်းစိတ်ထဲရှိတဲ့အတိုင်း ဆုံးဖြတ်ချက်ချနိုင်တယ်။ မင်းရဲ့ဆုံးဖြတ်ချက်ကို ကိုယ်လေးစားမှာပါ"

  ဝမ်ရိပေါ်ရဲ့ပုံစံကိုကြည့်ပြီးရှောင်းကျန့်မှာ အူကြောင်ကြောင်လေးဖြစ်သွားရတယ်။ ရိပေါ်ရဲ့စကားတေကိုနားလည်အောင်လဲ မနည်းကြိုးစားနေရတယ်။ သူနားမလည်ခင်မှာပဲ သူ့မျက်စိရှေ့ကိုရောက်လာတဲ့လက်စွပ်လေးကြောင့် သူ့ရဲ့ရင်ခုန်နှုန်းတေမှာ ပရမ်းပတာဖြစ်သွားရတော့တယ်။

  "ရှောင်း ကိုယ့်အပိုင်ဖြစ်ပေးနိုင်မလား ကိုယ်မင်းကိုအရမ်းချစ်တယ်"

ရှောင်းကျန့်မှာပျော်လွန်းလို့ ထခုန်မိမတက်။ သူဒီစကားကိုဘယ်လောက်ထိတောင်မျှော်လင့်ထားရတာလဲဆိုတာ သူအသိဆုံးမဟုတ်လား။ ခုတော့ဖြင့်

"ဟင့် ..အင်း..လက်ခံတယ်..လက်ခံတယ်လို့.."

​ရှောင်းကျန့်ကပြောပြီးပြီးချင်း ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲတိုးင်လိုက်တော့တယ်။ သူသိတာဒီလူသားက သူ့အပိုင်ဆိုပဲ။

အိမ်ထဲမှာတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတဲ့ကောင်လေးနှစ်ယောက်ရှိသလို အပြင်ဘက်မြက်ခင်းပြင်ပေါ်မှာလဲ ပြေးလွှားဆော့ကစားနေတယ့် ယုန်လေးတစ်စုလဲရှိနေခဲ့တယ်။ ကောင်လေးတေရဲ့အချစ်တေဟာလဲ ချိုမြိန်နေသလို ကောင်းကင်ကြီးဟာလဲသာယာလျက်

2345 words
Moon
Wang's

အားလုံးပဲကျန်းမာရွှင်လန်း စိတ်ချမ်းမြေ့ကြပါစေရှင် ဘဝအမောတေပြေပျောက်နိုင်ကြပါစေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

zawgi

ဘယ္ကိုသြားမလို႔လဲ.. ငါမျမင္ရေတာ့ဘူး"

" ခဏေလးပဲေနာ္..ေရာက္ေတာ့မယ္..ခဏပဲ"

ခုရိေပၚကေရွာင္းက်န့္ကို ဘယ္ေခၚသြားေနမွန္းမကိုမသိ။ မနက္မိုးလင္းေတာ့ အိမ္ကိုေရာက္လာၿပီး ျပစရာရွိသည္ဟုဆိုကာေခၚလာျခင္းျဖစ္သည္။ ေရွာင္းက်န့္မွာ ဘာမွန္း ညာမွန္းမသိပါလာရသည္။ ညအိပ္ဝတ္ထားတဲ့အကၤ်ီေတာင္မလဲနိုင္လိုက္ မ်က္ႏွာသစ္ၿပီးပါလာရသည္။ ခုရက္ေတထဲသူ႕ေရွ႕မွာေပၚမလာတဲ့ရိေပၚက ေပၚလာေတာ့လဲျဗဳန္းစားႀကီး။
လူကိုအ႐ူးလုပ္ေနတာလားဟုပင္ တစ္ခါတစ္ေလထင္လာရေတာ့သည္။

"မင္းေျပာတဲ့ဟာက မေရာက္ေသးဘူးလား ခုထိ..ဘယ္ခ်ိန္ထိငါက မ်က္လုံးမွိတ္ထားရအုံးမွာလဲ"

"ခဏပဲ ေရွ႕ဆိုေရာက္ၿပီ..ခဏပဲသည္းခံေပး"

ေရွာင္းက်န့္ရဲ႕ႏႈတ္ခမ္းေလးမွာ တစ္ျဖည္းျဖည္းဆူထြက္လာရေတာ့တယ္။ ေရာက္ၿပီဆိုၿပီးမေရာက္နိုင္တာကလဲခုထိပဲ။ အက္စကားကိုေျပာေနတာဘယ္ေလာက္ၾကာေနၿပီလဲ။ ကားရပ္ပါၿပီဆိုထဲက ေရွာင္းက်န့္မ်က္လုံးကို ပုဝါစည္းၿပီးေခၚလာတာ ခုဆိုဘယ္ေရာက္လာၿပီလဲေတာင္မသိေတာ့ဘူး။  ခုထိပဲ ပုဝါကိုမျဖည္ေပးေသးဘူး။

  " ေရာက္ၿပီ..စပရိုက္"

ေရွာင္းက်န့္မွာမ်က္စိမွိတ္ထားရတဲ့အခ်ိန္ၾကာျမင့္မႈေၾကာင့္ အလင္းေရာင္နဲ႕အသားမက်နိဳင္ေသးသည့္အတြက္ မ်က္ေတာင္ႏွစ္ခ်က္ေလာက္ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီးမွသာ အလင္းနဲ႕အသားက်သြားနိုင္ရေတာ့တယ္။ ေရွာင္းက်န့္ပါးစပ္ေလးဝလုံးပုံစံေလးဝိုင္းသြားရၿပီး အံ့ၾသမႈနဲ႕အတူ ဘာမွျပန္မေျပာနိုင္ေအာင္ျဖစ္ေနရသည္။ သူ႕ရဲ႕ေရွ႕ကျမင္ကြင္းက သူ႕ကိုတကယ္အံ့အားသင့္သြားေစတယ္။

  " ဝမ္..ဒါ..ဒါေတ..ဒါေတက"

  "ဘယ္လိုလဲ..သေဘာက်ရဲ႕လား..ဟင္"

ဘာျပန္ေျပာရမွန္းမသိေအာင္ပဲ သူ႕ကိုတကယ္ဆြံ႕အသြားေစတဲ့အထိ ရိေပၚရဲ႕စပရိုက္ကတကယ္ထိေရာက္တယ္။

  "ဝမ့္..ဟင့္..မင္းကအေကာင္းဆုံးပဲ"

  "ဟိတ္..ဟား..ဝမ္းသာလဲငို ဝမ္းနဲလဲငိုနဲ႕ မင္းကအ႐ူးေလးလားဟမ္"
 
  ရိေပၚ ေရွာင္းက်န့္ကို ခ်စ္ျခင္းေတယိုဖိတ္ေနတဲ့မ်က္ဝန္းေတနဲ႕ၾကည့္ေနတယ္။ သူ႕ရဲ႕မ်က္ဝန္းေတထဲမွာ အလိုလိုက္မႈေတ၊ ခ်စ္ျမတ္နိုးမႈေတအျပည့္ပဲ။ ရိေပၚကၿပဳံးလိုက္ၿပီး ေရွာင္းရဲ႕ေခါင္းေလးကို ဖြပစ္လိုက္တယ္။

  "သြားၾကည့္ေလ မင္းလိုခ်င္တယ္လို႔ေျပာလို႔ ကိုယ္ရွာဝယ္ထားရတယ္ ဘယ္လိုလဲ အႀကိဳက္ေတြ႕ရဲ႕လား"
 
  "အရမ္း..အရမ္းနဲ႕မွပဲ"

ေရွာင္းက်န့္က ဝမ္ရိေပၚရဲ႕ရင္ခြင္ထဲကိုတိုးဝင္လိုက္တယ္။ သူအရမ္းနဲ႕မွဒီလူသားကို သေဘာက်ရပါေသာပဲ။ သူ႕ရဲ႕စိတ္ကိုဒီလူက ပါပါးနဲ႕မာမားထက္ပင္သိေသးသည္မဟုတ္လား။ ခုပဲၾကည့္ေလ သူဒီခ်စ္စရာယုန္အေသးေလးေတလိုခ်င္တယ္လို႔ေျပာဖူးတာျဖင့္ အထက္တန္းေနာက္ဆုံးႏွစ္ထဲက။ ဒါကိုမွတ္မွတ္ရရျဖည့္ဆည္းေပးတယ္တဲ့။ ေရွာင္းက်န့္ေတာင္ေမ့ေနၿပီမဟုတ္လား။ အက္လိုပဲ တစ္ခါတစ္ေလရိေပၚကအရမ္းလဲခ်စ္ဖို႔ေကာင္းသလို အျမင္ကပ္ဖို႔လဲေကာင္းပါေသးသည္။

  "ကဲ ကိုယ့္ကိုလႊတ္ၿပီးသြားၾကည့္ေခ် သြား"

ေရွာင္းက်န့္ကေပ်ာ္႐ႊင္စြာပဲ ဝမ္ရိေပၚရဲ႕ပါးကိုတစ္ခ်က္နမ္းၿပီး ျမက္ခင္းေပၚမွာေျပးလႊားေနတဲ့ယုန္ပိစိေလးေတဆီ ေျပးသြားလိုက္တယ္။ ခုခ်ိန္မွာသူ႕ကိုသူလဲဘာလုပ္မိလိုက္လဲ သတိမထားမိေတာ့ဘူး။ သူသိတာက အရမ္းအရမ္းနဲ႕မွေပ်ာ္႐ႊင္ေနတယ္ဆိုတာပဲ။

  ေနာက္မွာက်န္ခဲ့တဲ့ဝမ္ရိေပၚမွာလဲ ေရွာင္းနမ္းသြားတဲ့ပါးတစ္ဖတ္ကို အုပ္ကိုင္လိုက္ၿပီးေတာင့္ေတာင့္ႀကီးရပ္ေနမိတယ္။ ခုေရွာင္းကသူ႕ကို ဘာလုပ္သြားတာတဲ့လဲ။ ဟား ဒီေကာင္ေလးသူဘာလုပ္မိလိုက္လဲမွသိရဲ႕လား သူ႕ကိုအ႐ူးရင္ေအာင္လုပ္ေနသလားမွတ္ရတယ္။

  "ေရွာင္း အထဲဝင္ၾကရေအာင္ မားကိုကိုယ္ေျပာခဲ့တယ္ ဒီေန႕အျပင္မွာအိပ္မယ္လို႔"

  "ဟင္ မာမားကဘာေျပာလဲ ခြင့္ျပဳတယ္တဲ့လား"

  "အင္း ခြင့္ျပဳတယ္"

  "ဝါး ဝမ္ရိေပၚမင္းအေတာ္ဆုံးပဲ အက္ဒါနဲ႕ဘယ္မွာအိပ္မာလဲ"

  ေရွာင္းက်န့္ကေျပာေနရင္းနဲ႕မွ တစ္ခုခုကိုသတိရသြားဟန္ျဖင့္ မ်က္ဝန္းတစ္စုံမွာဝိုင္းစက္သြားရၿပီး

  "မင္း! မဟုတ္မွလြဲေရာ..."

ဝမ္ရိေပၚကေရွာင္းက်န့္ကိုၿပဳံး၍သာစိုက္ၾကည့္ေနၿပီး မ်က္ခုံးတစ္ဖတ္ပင့္ျပလာသည္။ ေျပာခ်င္တာက ဘာလဲဆက္ေျပာ ဆိုတဲ့အဓိပ္ပါယ်

  "ဒီအိမ္က မင္းအိမ္လို႔ေတာ့မေျပာနဲ႕ေနာ္"

ရိေပၚကၿပဳံး၍သာဆက္ၾကည့္ေနသည္မို႔

  "တကယ္ႀကီးလား တကယ္ႀကီးေပါ့ ဝိုး.... ဝမ္ရိေပၚကသူေဌးေလးပဲ"

  "အဟြန္း..ဟြန္း... ေတာ္ၿပီေရွာင္း မေဆာ့နဲ႕ေတာ့ လာအထဲဝင္ရေအာင္"

ဝမ္ရိေပၚရဲ႕ေခါင္းေမာ့ၿပီးရယ္လိုက္ပုံေၾကာင့္ ေရွာင္းက်န့္မွာေငးခနဲ

ဝမ္ရိေပၚကေရွာင္းရဲ႕တတြတ္တြတ္အေမးေတကိုမေျဖေတာ့ပဲ လက္ကဆြဲၿပီးသာအိမ္ထဲကိုေခၚလာခဲ့လိုက္ေတာ့တယ္။ သူေရွာင္းကိုေျပာစရာေတအမ်ားႀကီးရွိေသးသည္မဟုတ္လား။

   "ဒီမွာခဏေနခဲ့အုန္း ကိုယ္ျပန္လာခဲ့မယ္"

  ရိေပၚကေရွာင္းက်န့္ကို ဧည့္ခန္းမွာထိုင္ခိုင္းခဲ့ၿပီး အျပင္ကိုျပန္ထြက္သြားသည္မို႔ ေရွာင္းက်န့္က အိမ္ထဲကိုမ်က္စိကစားၿပီးေလွ်ာက္ၾကည့္ေနလိုက္တယ္။ သူစိတ္ဝင္စားစရာေတြ႕လို႔ ေတြ႕ျငားေပါ့။ တစ္ေနရာအေရာက္မွာသူ႕အၾကည့္ေတရပ္တန့္ကုန္ရေတာ့တယ္။ အက္ဒါကဓာတ္ပုံေလးတစ္ခုပဲ။ တိတိက်က်ေျပာရရင္  ရိေပၚနဲ႕ေရွာင္းက်န့္ရဲ႕ပုံေလး။ ဒီပုံေလးက အရမ္းကိုမွၾကာေနၿပီ။ ရိေပၚ ဆယ္ႏွစ္ျပည့္ေမြးေန႕တုန္းက ရိေပၚမားမားကိုယ္တိုင္သူတို႔ကိုရိုက္ေပးထားတာေလး။ တစ္ေယာက္တစ္ပုံဆီယူထားၾကတာ ေရွာင္းက်န့္ရဲ႕ပုံက သူ႕အခန္းထဲမွာရွိတယ္။ ဒါဆိုေပ်ာက္သြားၿပီဆိုၿပီး ရိေပၚဆီမွာမေတြ႕တဲ့ဟာက ဒီမွာဘယ္လိုလုပ္ၿပီးေရာက္ေနရတာလဲ။

  ဝမ္ရိေပၚကို ေရွာင္းက်န့္မွာေမးစရာေတမ်ားလာရေတာ့တယ္။ ဒီအိမ္ကေရာ သူနဲ႕ဘယ္လိုပတ္သက္ေနတာလဲ။ ေနာက္ၿပီးသူ႕ကိုေရာဘယ္လိုသေဘာထားလဲဆိုတာကို။ ေရွာင္းက်န့္ဓာတ္ပုံေလးကိုၾကည့္ေနရင္း တစ္အိမ္လုံးေမွာင္ပိန္းသြားရေတာ့တယ္

  "ဟင္ မီးပ်က္သြားတာလား? "

ေရွာင္းက်န့္ရဲ႕အေတြးေလးမဆုံးလိုက္ ၾကားလိုက္ရတဲ့အသံေၾကာင့္ ေပ်ာ္႐ႊင္မႈအဆိုးမရလိုက္ေပ။

" Happy Birthday To You

Happy birthday Happy birthday Dear Xiao"

အေမွာင္ထဲမွာဖေယာင္းတိုင္ကလာတဲ့အလင္းေရာင္ေလးသာမွိန္ပ်ပ်။ ေရွာင္းက်န့္ရဲ႕ေရွ႕မွာရွိေနတာက ကိတ္မုန့္ကိုင္ထားတဲ့ဝမ္ရိေပၚ ေရွာင္းက်န့္မွာေပ်ာ္လြန္းလို႔ မ်က္ဝန္းမွာမ်က္ရည္ေတဝဲလာရတဲ့အထိပဲ။ ေမ့ေနၿပီထင္ေနတာ ဝမ္ရိေပၚကသူ႕ေမြးေန႕ကိုေမ့ေတၿပီထင္ေနခဲ့တာ။ မေမ့တဲ့အျပင္သူ႕ကိုသက္သက္ေတာင္ေမြးေန႕လုပ္ေပးေသးသည္တဲ့။

  "ဆုေတာင္းၿပီးမီးမႈတ္အုံးေလေရွာင္း ကိုယ္မင္းကိုေပးစရာရွိေသးတယ္"

ေရွာင္းက်န့္မီးမႈတ္ဆုေတာင္းၿပီးတာနဲ႕ ေစာေစာကေမွာင္ေနတဲ့အိမ္ေလးဟာလဲ ျပန္လဲလင္းထင္းလာရေတာ့တယ္။ ဝမ္ရိေပၚကကိတ္မုန့္ကိုစားပြဲေပၚတင္လိုက္ၿပီး ေရွာင္းက်န့္ရဲ႕လက္ကိုဆြဲၿပီး ထိုင္ေစလိုက္တယ္။ ေဘးမွာခ်ထားတဲ့အိတ္ထဲကေန စာ႐ြက္စာတမ္းေတကိုထုတ္ၿပီးေရွာင္းကိုေပးလိုက္တယ္။

  " ဝမ္ ဒါေတက.."

  "အင္း မင္းေမြ႕ေန႕အတြက္ ကိုယ့္ရဲ႕ေမြးေန႕လက္ေဆာင္"

  "ဟင္ ဘာကိုေျပာခ်င္တာလဲ"

  "ဖြင့္ၾကည့္ေလ သိရမွာေပါ့"

ေရွာင္းက်န္ဝမ္ေပးတဲ့အိတ္ကိုဖြင့္ၾကည့္လိုက္ေတာ့ ျမင္လိုက္ရတဲ့အရာေတေၾကာင့္ရိေပၚကိုနားမလည္နိုင္စြာၾကည့္လိုက္မိေတာ့တယ္။ ဘာအဓိပ္ပါယ်လဲဆိုတာ သူတကယ္ကိုနားမလည္ေတာ့ေပ။ ဘာေၾကာင့္ဝမ္ကသူ႕ကို ဒါေတေပးရတာလဲ။ ဒါေတကအဖိုးတန္လြန္းသည္မဟုတ္လား။

  "ကိုယ္မင္းကို ခုေပးတဲ့လက္ေဆာင္ေတထက္တန္ဖိုးထားတာသိတယ္ဟုတ္။ ကိုယ္ဒီအိမ္ကိုျပန္ျပင္ခဲ့တဲ့ရည္႐ြယ္ခ်က္ကလဲ မင္းကိုေပးဖို႔ပဲ ဒီအတိုင္းေပးရင္လက္မခံမွာဆိုးလို႔ မင္းေမြးေန့လက်ဆောင်အနေနဲ့ကိုယ်ပေးတာ ျငင္းဖို႔ေတာ့မစဥ္းစားနဲ႕ေနာ္ ကိုယ့္ကိုစိတ္မေကာင္းမျဖစ္ေစခ်င္ဘူး ဟုတ္"

  ေရွာင္းက်န့္မွာ ဝမ္ရယ္လို႔သာ 'တ' နိုင္ယုံသာတက္နိုင္ေတာ့တယ္။ ရိေပၚရဲ႕ရင္ခြင္ထဲကိုပို၍သာ တိုးဝင္မိေတာ့တယ္။ သူယုံပါၿပီ ဝမ္သူ႕ေပၚမွာထားတဲ့အခ်စ္ေတကို ဖြင့္မေျပာေပမယ့္လဲ သိနိုင္ေနၿပီပဲမဟုတ္လား။ အရင္ကသူဘယ္လိုလုပ္ၿပီးမ်ား ဒီလူသားကသူ႕ကိုကစားေနတာလို႔ထင္ခဲ့ရတာလဲ။

    " ဒါဆို ငါေမးစရာရွိတယ္ မင္းကို"

     "အင္း ေမးေလ"

    "ဒီရက္ပိုင္းဘာလို႔ငါ့ဆီမလာတာလဲ။ ၿပီးေတာ့ဘာလို႔အၿမဲအခ်ိန္ရွိတိုင္း ဝမ္ခ်င္းနဲ႕ပဲအျပင္ေတသြားေနရတာလဲ သူမနဲ႕ကဘယ္လိုပတ္သက္တာလဲ"

     "အင္း ကိုယ္ဒီေန႕မင္းကိုအကုန္ရွင္းျပမယ္ ကိုယ္ဘာေၾကာင့္မင္းဆီမလာရတာလဲ သူမနဲ႕ဘယ္လိုပတ္သက္လဲဆိုတာေတြ"

ေရွာင္းက်န့္ကဝမ္ရိေပၚသူ႕ကိုေျပာျပမွာကိုပဲ ရိေပၚရဲ႕ကိုယ္ေငြ႕ကို ခိုလႈံရင္းနဲ႕နားေထာင္ေနလိုက္တယ္။ ရိေပၚကသူ႕ေခါင္းကဆံပင္ေတြထဲ ႏွာဖ်ားႏွစ္ၿပီးတစ္ခ်က္နမ္းလိုက္တယ္။ ၿပီးေတာ့ဆက္ေျပာတယ္။

  "ကိုယ္နဲ႕ဝမ္ခ်င္းနဲ႕က ေမာင္ႏွမတစ္ဝမ္းကြဲေတာ္တယ္။ ကိုယ့္ပါးရဲ႕ညီမကေမြးတာေလ။ ပါးမွာကေမာင္ႏွမအမ်ားႀကီးမရွိဘူး ဝမ္ခ်င္းရဲ႕မားနဲ႕ႏွစ္ေယာက္ထဲပဲရွိတာ သူကအရင္ကေနဒါမွာေနတာေလ။ အားရီကလဲ သမီးေလးတစ္ေယာက္ထဲဆိုေတာ့အလိုလိုက္ထားတာ။ ခုဘယ္လိုမွမနိုင္ေတာ့လို႔ ဒီမွာရွိတဲ့ဖြားဖြားဆီျပန္ပို႔လိုက္တာ။ ေနာက္နားကမင္းဆီမလာနိုင္တာကလဲ ဖြားဖြားေနမေကာင္းလို႔ ကိုယ္တို႔မိသားစုဖြားဖြားဆီမွာသြားေနေနရတာ"

   "ဟင္ ခုေရာသက္သြားၿပီလား အက္ဒါေၾကာင့္မင္းတို႔တစ္အိမ္လုံးတိတ္ေနၾကတာလား"

  "အင္းဟုတ္တယ္ ႏွစ္ရက္ေလာက္သြားေနလိုက္ရေသးတယ္ ၿပီးေတာ့ဒီအိမ္ကိုလဲမင္းကိုလက္ေဆာင္ေပးဖို႔အတြက္ျပန္ျပင္ေနရေသးတယ္ေလ ဖိုးဖိုးမဆုံးခင္က ကိုယ့္ကိုလက္ေဆာင္အျဖစ္ဝယ္ေပးခဲ့တာ ကိုယ္ကလဲငယ္ေသးေတာ့ဒီအတိုင္းထားလိုက္တာ ပါးကေတာ့အလုပ္သမားေတငွားၿပီး တစ္လတစ္ခါသန့္ရွင္းေပးတယ္ ကိုယ္တို႔ေမာင္ႏွမသုံးေယာက္လုံးမွာ ဖိုးဖိုးဝယ္ေပးထားတဲ့ ကိုယ္ပိုင္အိမ္ေတရွိၾကတယ္ ေနရာေတာ့မတူၾကဘူး"

"မင္းဖိုးဖိုးရဲ႕လက္ေဆာင္ကို ငါ့ကိုေပးလိုက္လို႔ရပါ့မလား မင္းပါးကဘာမွမေျပာဘူးလား"

ေရွာင္းက်န့္ရဲ႕အေမးေၾကာင့္ဝမ္ရိေပၚကၿပဳံးလိုက္တယ္။ ဒီေကာင့္မွာ ဒီ့ထက္မကတဲ့ပိုင္ဆိုင္မႈေတရွိေသးတယ္ဆိုတာသာသိရင္ ေမ့လဲသြားနိုင္တယ္။

"ဟင့္အင္း ပါးကကိုယ္တို႔ဆုံးျဖတ္ခ်က္ေတကို အေလးေပးတယ္ ကိုယ္တို႔ကဘယ္ေတာ့မွမဟုတ္တာမလုပ္ဘူးဆိုတာကို ယုံၾကည္တယ္ေလ။ ကိုယ္ပါးကိုေျပာၿပီးၿပီ ပါးကငါ့သားေကာင္းမယ္ထင္လို႔ဆုံးျဖတ္တာပဲတဲ့။ အက္ဒါေၾကာင့္လဲ ကိုယ္တို႔ေမာင္ႏွမေတက ပါးကိုေလးစားၾကတယ္"

  ရိေပၚကသူ႕ရင္ခြင္ထဲကေပါင္ေပ့ကို အျပင္ထုတ္လိုက္ၿပီး ဆိုဖာေအာက္မွာဒူးတစ္ဖက္ေထာက္ၿပီးထိုင္လိုက္တယ္။ ႐ုတ္တရက္အျပဳမူေၾကာင့္ ေရွာင္းက်န့္မွာလန့္သြားရတယ္။

  "ဝမ့္! ဘာလုပ္တာလဲ ထ..ခုထလို႔"

ေရွာင္းက်န့္ဆိုဖာေပၚကထတာကို ရိေပၚကလုံးဝအထမခံေပ။

  "ကိုယ္ေျပာတာကို မင္းေသခ်ာဆုံးျဖတ္ပါ ကိုယ့္အတြက္မငဲ့ပဲမင္းစိတ္ထဲရွိတဲ့အတိုင္း ဆုံးျဖတ္ခ်က္ခ်နိဳင္တယ္။ မင္းရဲ႕ဆုံးျဖတ္ခ်က္ကို ကိုယ္ေလးစားမွာပါ"

  ဝမ္ရိေပၚရဲ႕ပုံစံကိုၾကည့္ၿပီးေရွာင္းက်န့္မွာ အူေၾကာင္ေၾကာင္ေလးျဖစ္သြားရတယ္။ ရိေပၚရဲ႕စကားေတကိုနားလည္ေအာင္လဲ မနည္းႀကိဳးစားေနရတယ္။ သူနားမလည္ခင္မွာပဲ သူ႕မ်က္စိေရွ႕ကိုေရာက္လာတဲ့လက္စြပ္ေလးေၾကာင့္ သူ႕ရဲ႕ရင္ခုန္ႏႈန္းေတမွာ ပရမ္းပတာျဖစ္သြားရေတာ့တယ္။

  "ေရွာင္း ကိုယ့္အပိုင္ျဖစ္ေပးနိုင္မလား ကိုယ္မင္းကိုအရမ္းခ်စ္တယ္"

ေရွာင္းက်န့္မွာေပ်ာ္လြန္းလို႔ ထခုန္မိမတက္။ သူဒီစကားကိုဘယ္ေလာက္ထိေတာင္ေမွ်ာ္လင့္ထားရတာလဲဆိုတာ သူအသိဆုံးမဟုတ္လား။ ခုေတာ့ျဖင့္

"ဟင့္ ..အင္း..လက္ခံတယ္..လက္ခံတယ္လို႔.."

ေရွာင္းက်န့္ကေျပာၿပီးၿပီးခ်င္း ဝမ္ရိေပၚရဲ႕ရင္ခြင္ထဲတိုးင္လိုက္ေတာ့တယ္။ သူသိတာဒီလူသားက သူ႕အပိုင္ဆိုပဲ။

အိမ္ထဲမွာတင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ထားတဲ့ေကာင္ေလးႏွစ္ေယာက္ရွိသလို အျပင္ဘက္ျမက္ခင္းျပင္ေပၚမွာလဲ ေျပးလႊားေဆာ့ကစားေနတယ့္ ယုန္ေလးတစ္စုလဲရွိေနခဲ့တယ္။ ေကာင္ေလးေတရဲ႕အခ်စ္ေတဟာလဲ ခ်ိဳၿမိန္ေနသလို ေကာင္းကင္ႀကီးဟာလဲသာယာလ်က္

2345 words
Moon
Wang's

အားလုံးပဲက်န္းမာ႐ႊင္လန္း စိတ္ခ်မ္းေျမ့ၾကပါေစရွင္ ဘဝအေမာေတေျပေပ်ာက္နိုင္ၾကပါေစ

Continue Reading

You'll Also Like

1.4M 123K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.4M 34K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
14.3K 1.1K 30
Zhanyi no drama , romance only💕💕
847K 70.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...