The Hunters

By Mahura_Kwann_Thite

10.2K 750 464

လွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook! More

Intro
(Part 1)
(Part 2)⚠
(Part 3)
(Part 4)⚠
(Part 6)
(Part 7)

(Part 5)

771 68 32
By Mahura_Kwann_Thite

"အာ့...နာတယ်Taehyunggie"

" ခဏလေးပြီးရင်မနာတော့ဘူး"

" အာ့..နာပါတယ်ဆို! အီး...ဟီး..."

ဒူးပွန်းသွားတဲ့ဒဏ်ရာကိုအရက်ပျံထည့်ပေးတာကိုတအီအီငိုနေတဲ့အတွက်Taehyungဂွမ်းစကိုပြန်ယူရင်းခေါင်းစောင်းကာစိတ်မရှည်ဟန်ကြည့်လိုက်သည်။

ချော့တစ်ခါချော့တစ်လှည့်လုပ်နေရတာ ခြောက်လို့ကလည်းမဖြစ်...မဟုတ်ရင်သူ့ကိုဆူပါတယ်ဆိုပြီးပိုငိုတော့မှာ!

" ဒါလေးပြီးရင်ပြီးပြီလေ မငိုနဲ့နော်...ဆေးမထည့်ရင်အနာကြီးပြဲလာလိမ့်မယ်"

"အဲဒါကြောင့်Taehyunggieကဥုံဖွလုပ်ပေးပါဆို...ဥုံဖွလုပ်ပေးရင်ပျောက်တယ် ဟင့်"

" ဥုံဖွ ဥုံဖွ"

"အာ့ အား! အီးးဟီးး~"

ပါးစပ်ကလည်းပြောရင်းပွန်းရာသေးသေးလေးပေါ်အရက်ပျံဂွမ်းနဲ့ဖိချလိုက်တော့ အော်ငိုပါလေရော။အတင်းရုန်းနေတုန်းပလာစတာနဲ့ကပ်ပေးလိုက်တာတောင်တရှုံ့ရှုံ့ငိုဆဲပင်။

" အီးးးဟီးးး~~ Taehyunggieကကျွန်တော့်နာအောင်လုပ်တယ်! အဲဒါတမင်လုပ်တာမလား! "

" ဟောဟော မဟုတ်တာတွေပြောပြန်ပါပြီကျွန်တော်တို့သခင်လေး"

"ဟင့်!"

" တိတ်တိတ်~ ကျွန်တော်နဲ့ဖဲဆော့ကြမယ်လေ"

" မဆော့ချင်ဘူး...သခင်ကြီးကိုပြောပေးပါလား...ကျွန်တော်အရုပ်ဝယ်သွားချင်တယ်"

" ကျွန်တော်ပြောကြည့်ပေးပါမယ်"

" ဒါဆိုသွားမယ်...Taehyunggieကျောပိုး"

" တက်ပါဗျာ"

နှာတရှုံ့ရှုံ့နဲ့ဟာလေးကိုကျောပေးထိုင်ချလိုက်သည်။ဝက်ပေါက်က​လေးဖြစ်လာတာကြောင့်ကိုယ်လေးကနင့်ခနဲ။

ကျောပိုးပြီးအိမ်တော်ထဲဝင်သွားတော့ ဧည့်ခန်းမှာJiminရဲ့မြေကြီးနဲ့တရွတ်တိုက်နေတဲ့ညဝတ်ဘောင်းဘီအနားကိုခေါက်ပေးနေသောYoongi။

Taehyung,Jungkookကိုချပေးလိုက်ပြီးနောက်ပြောစရာရှိတာပြောလိုက်သည်။Jungkookကတော့Taehyungနောက်မှာကုပ်ကုပ်ကလေးJiminကိုမျက်စောင်းထိုးနေလေရဲ့။

"Sir"

Yoongiကြားပေမဲ့ပြန်မဖြေပဲနားစွန့်နေသည်။

" သခင်လေးကအရုပ်ဝယ်သွားချင်လို့ပါတဲ့... သွားခွင့်ရှိမလား"

" လုပ်ထားတဲ့အပြစ်တောင်ကျေအောင်မဆပ်ရသေးပဲအရုပ်ဝယ်သွားချင်သေးတာလား"

ထရပ်လာတဲ့YoongiကJimin ပခုံးလေးပေါ်လက်တင်ရင်းပြောလိုက်သည်။

" သခင်လေးကနေမကောင်းလို့ပါSir..."

"နေမကောင်းတာအရုပ်ဝယ်ရင်ပျောက်သလား Taehyung"

" နေမကောင်းတုန်းအလိုလိုက်ပေးစေချင်ရုံပါ"

" အဟက်!...မင်း...မင်း..."

ခပ်ထေ့ထေ့ရယ်လျက်Taehyungကိုလက်ညိုးထိုးပြီးတွေးစစပြောလာသည်။Taehyungအနားကိုလျှောက်လာ၍မျက်နှာချင်းနီးကပ်လို့အေးစက်စက်အသံဖြင့်ပြောသည်က။

" ယောင့်တက်အောင်ရှေ့ကနေကာစီးကာစီးမလုပ်နဲ့Kim Taehyung...ငါ့အမိန့်မရပဲဘယ်မှမသွားရဘူး"

" သွားခိုင်းလိုက်ပါ"

နောက်ကအသံကြောင့်Yoongiလှညကြည့်လိုက်သော်....

" ကျွန်တော်လည်းအရုပ်ဝယ်လိုက်ချင်တယ်"

" ထွက်ပြေးဖို့အခွင့်ရေးရှာတာဆိုရင်တော့အလကားပဲနော်Baby"

" ထွက်ပြေးချင်တောင်မလွတ်မှန်းသိတယ်...ကျွန်တော်လိုက်သွားချင်တယ်"

Jiminရဲ့အပြောကြောင့်Yoongi,Taehyungကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။

Taehyungက Jungkookကိုစောင့်ရှောက်ရမှာမလို့Jiminကိုပါအတူကြည့်အားမှာမဟုတ်ဘူး....အဲဒါကြောင့်....

" ကောင်းပြီ...Babyလိုက်ချင်လိုက်သွား ဒါပေမဲ့ မင်းအတွက် bodyguardsအယောက် 30ထည့်ပေးလိုက်မယ်"

" လုပ်ချင်သလိုသာလုပ်"

Jiminအရွဲ့တိုက်တော့နှုတ်ခမ်းထောင့်တွေတွန့်ချိုးသွားပြီးအနားလာကာ ပါးတစ်ဖက်ကိုနှာတံနစ်ဝင်သွားတဲ့အထိနမ်းသည်။Jungkook, Taehyungအင်္ကျီလက်ကိုကျစ်ကျစ်ဆုပ်လျက်သဝန်တိုစိတ်ကိုထိန်းတာတော့Taehyungအရှေ့ကနှစ်ယောက်ကိုကြည့်၍အံကြိတ်မိသည်။

" Babyအတွက်မနေ့ကတည်းကအဝတ်အစားတွေမှာထားပေးတယ်...သွားလဲကြရအောင်"

" ကိုယ့်ဟာကိုယ်လဲမယ်"

" ထပ်ငြင်းရင် nippleလေးတွေပြတ်ထွက်တဲ့အထိကိုက်ပစ်မယ်!"

" Fuck! အရှက်မရှိ!!"

ရှက်စရာစကားကြောင့်Taehyungဆီတစ်ချက်ကြည့်လိုက်မိသည်။ သူ့ကိုပွေ့ချီသွားတဲ့Yoongiက စတိုခန်းထဲမှာမှာထားတဲ့အဝတ်စားတွေကိုဝတ်ပေး၏။

Jiminလိုက်သွားခြင်းက Taehyungဆီကဂရုစိုက်မှုကိုခံစားဖူးချင်လို့...Jungkookကိုအလိုလိုက်ယုယသလိုမျိုးသူလည်းယုယခံချင်တာကြောင့်ဖြစ်သည်။

Min Yoongiဆိုတဲ့လူနဲ့တစ်စက္ကန့်လေးမှအတူမနေချင်ဘူး!

ခဏအကြာပြန်ထွက်လာတဲ့Jiminက မှင်ပြာရောင်ဟူဒီနဲ့အဖြူရောင် ကြိုးချည်pantအရှည်ကိုဝတ်ထား၍ကွင်းထိုးဖိနပ်အပြာလေးကိုစီးထားသည်။

"Babyကိုလည်းသေချာစောင့်ကြည့်ထား Taehyung...Babyခန္ဓာကိုယ်မှာပွန်းရာတစ်ခုတွေ့တာနဲ့မင်းလက်တစ်ချောင်းပဲ"

" သိပါပြီSir...သွားခွင့်ပြုပါဦး"

Taehyung Yoongiကိုအရိုသေပြုတော့Jiminကချက်ချင်းTaehyungရဲ့ညာဘက်ဘေးသွားရပ်သည်။ Jungkookကဘယ်ဘက်မှာဖြစ်လို့Taehyungလက်မောင်းကိုဖက်ထားသေး၏။

Taehyunggieက ငါ့သူငယ်ချင်း!

________

အရုပ်centerအတွင်းရောက်လာတဲ့ bodyguardsတစ်ဖွဲ့ကြီးနှင့်သူတို့။ လူတွေကအထူးအဆန်းကြည့်ကြပေမဲ့သိတဲ့သူတွေကသိသည်မို့အရမ်းကြီးတော့မဟုတ်ပေ။

JungkookကTaehyungလက်မောင်းကိုဖက်ထားရင်း.....

"Taehyunggieဟိုးကဝက်ရုပ်လေး"

" ဟုတ်ပြီ"

" Hyung ကျွန်တော်က ဟိုးကဝက်ဝံရုပ်"

Jungkookညွှန်ပြတဲ့အရုပ်ရဲ့ဆန့်ကျင်ဘက်နေရာကိုထိုးပြသည့်Jiminကြောင့်ဝက်ရုပ်ကိုသွားယူတော့မယ့်Taehyungလှည့်ကြည့်လာသည်။

" သခင်လေးအတွက်အရင်သွားယူပေးလိုက်ဦးမယ်"

" ဟုတ်တယ် ကျွန်တော့်အတွက်အရင်သွားယူTaehyunggie"

" အင်းပါ သူ့ကိုပြီးမှကျွန်တော့်အတွက်ယူပေး"

ခေါင်းညိတ်ပြ၍Jungkookပြတဲ့ဝက်ရုပ်လေးကိုသွားယူပေးသည်။

" ဒါလေးလား"

"အင်းအင်း အဟီး~"

"ခဏနော်ဟိုဘက်ကအရုပ်သွားယူဦးမယ်"

Jungkookသူ့ရဲ့သွားကြီးကြီးတွေပေါ်တဲ့အထိရယ်ပြတော့Taehyungအသည်းယားဟန်ဖြင့်မျက်နှာရှုံ့ကာ Jiminပြောတဲ့ဝက်ဝံရုပ်ကိုယူပေးလိုက်တော့....

" ကျေးဇူးပါHyung"

" မခံယူဝံ့ပါဘူး"

" ရင်းရင်းနှီးနှီးနေပါHyungရဲ့...ကျွန်တော့်ကိုလည်းJungkookလိုမျိုးပြောပေးပါ"

" အဲဒါက_"

"ဒီမှာ! Taehyunggieနဲ့ငါကခင်လာတာ3နှစ်ကျော်ပြီ မင်းနဲ့အခုမှသိတာကိုဘာလို့ငါ့လိုပြောပေးရမှာလဲ"

" သူပြောချင်ရင်ရတာပဲမဟုတ်လား...မင်းကဘာလို့ဝင်ပြောတာလဲ"

" ဟူး! နှစ်ယောက်လုံးတော်ကြပါတော့"

Taehyungထိုနှစ်ယောက်ကြားလက်နဲ့တားလိုက်သည်။ဒါတောင်တစ်ယောက်နဲ့တစ်ယောက်မျက်စောင်းထိုးတုန်း။

" သခင်လေးလည်းတော်တော့ ဒီဘက်ကတစ်ယောက်လည်းတော်တော့...နှစ်ယောက်လုံးအပေါ်မယဥ်မကျေးလုပ်လို့မရဘူး...ဘာလို့ဆိုကျွန်တော်က bodyguardတစ်ယောက်မလို့အလုပ်သဘောထက်ပိုပြောဆိုလို့မရပါဘူး"

"ဟွန့်~ တွေ့လား"

" သခင်လေး"

" တော်ပြီ ရေခဲမုန့်သွားစားကြမယ်!"

Taehyungလက်မောင်းကိုဆွဲခေါ်သွားတဲ့Jungkookကြောင့်Jiminနောက်မှာကျန်ခဲ့သည်။တခြားbodyguardsတွေအများကြီးရှိတာမို့ထွက်ပြေးလို့မရသော်ငြား ဟိုဟိုဒီဒီပြေးပေါက်တော့ရှာလိုက်သေးသည်။

ပတ်ပတ်လည်ဝိုင်းထားတာမလို့အခွင့်မသာတဲ့အခါTaehyungကိုခေါ်လိုက်သည်။

"Hyung! အခုရပ်လိုက်!"

Taehyungရပ်ပြီးနောက်ကိုလှည့်ကြည့်တော့Jungkookကအော်ပြီးရန်ထောင်သည်။

"ဘာလဲ! ဘာလို့ရပ်ရမှာလဲ!"

" ကျွန်တော်ဟမ်ဘာဂါစားမယ် အခုချက်ချင်းသွားဝယ်ပေး!"

"ဟ! အလာကြီး ဘာကိစ္စTaehyunggieကသွားဝယ်ပေးရမှာလဲ...အနောက်မှာလူတွေတစ်ပုံကြီးကိုသူတို့သွားဝယ်ခိုင်းပေါ့!"

" ငါ့ကိုသေချာစောင့်ရှောက်ဖို့ဟိုလူကမှာလိုက်တယ်...အကယ်၍ငါသာလူနည်းနည်းလျော့တာနဲ့ထွက်ပြေးရင်အပြစ်ပေးခံရမှာကHyungပဲနော်"

"ယား!!"

Jiminဆီသွားလုပ်တော့မယ့်JungkookကိုTaehyungတားလိုက်သည်။

" ကုတ်ဆွဲချင်လို့လွှတ်စမ်းပါ!!"

" သခင်လေးဒီမှာခဏစောင့်နော်"

"ဟင် မစောင့်ဘူးနော်...Taehyunggieကကျွန်တော်နဲ့လိုက်ရမှာ"

" ခဏလေးပဲ ခဏလေး...နော်...သခင်လေးကနတ်သားလေးလိုမျိုးသဘောထားကြီးရမယ်လေ"

Jungkookပါးလေးတစ်ဖက်ကိုဖဲ့ရင်းခေါင်းလေးကိုပုတ်ကာချော့ပြောတော့ မျက်လုံးရွဲကြီးတွေနဲ့ကြည့်လာသည်။

"ဟဟ~ အဲ့လိုကြီးမကြည့်ပါနဲ့ဗျာ...သခင်လေးကိုထားသွားတာမဟုတ်​ပါဘူး "

" ဟွန့်! မခေါ်တော့ဘူး"

အရုပ်ပိုက်ပြီး​ခြေဆောင့်ထွက်သွားတာကြောင့် Jungkookအတွက်ထည့်ပေးနေကျ bodyguards အယောက် 20ကိုနောက်ကလိုက်ခိုင်းလျက် သူကJiminအတွက်ဘာဂါဝယ်ပေးရန်ပြင်လိုက်သည်။

" ဘယ်နားကဆိုင်လဲ"

" လာ ကျွန်တော်ပြမယ်Hyung"

" လက်မကိုင်ပါနဲ့"

Taehyungလက်ကိုချိတ်တွဲတော့မယ့်Jiminလက်ကလေးတွန့်ဆုတ်သွားသည်။ စိတ်ထဲလေးသွားပေမဲ့အပြုံးလေးနဲ့ပဲခေါင်းညိတ်ခဲ့သည်။

ဟမ်ဘာဂါဆိုင်ရောက်တော့Taehyungကပဲဝယ်ပေးခဲ့၏။

" Hyung ဒီမှာပေသွားလို့သုတ်ပေးပါလား"

" No.9...သုတ်ပေးလိုက်"

Jiminသူ့နှုတ်ခမ်းထောင့်မှာပေသွားတဲ့ချိစ်ကိုသုတ်ခိုင်းပေမဲ့တခြားလူကိုသုတ်ခိုင်းတဲ့Taehyungက စိတ်မကြည်ဟန်မျက်မှောင်တွန့်ချိုးနေသည်။

" တခြားဘာဝယ်စရာရှိသေးလဲ...ကျွန်တော့်တာဝန်ကသခင်လေးကိုစောင့်ရှောက်ဖို့ပါ မင်းခိုင်းသမျှလုပ်ပေးဖို့မဟုတ်တာမလို့ ဝယ်ခိုင်းစရာမရှိရင်သခင်လေးဆီလိုက်သွားခွင့်ပြုပါ"

" သွားချင်သပဆိုလည်းသွားပေါ့...ကျွန်တော်လည်းအတူလိုက်မယ်"

" ဟုတ်ကဲ့ ကျေးဇူးပါ"

စကားကိုပြတ်ပြတ်ပြော၍ရှေ့ကနေထွက်သွားတဲ့TaehyungကJiminကိုလုံးဝကြည့်မပေးချေ။ Jiminလက်ထဲကဝက်ဝံရုပ်ကလေးကိုပိုက်ပြီးခြေလှမ်းကျဲတွေနဲ့သွားဆဲကျောပြင်ကိုပဲငေးကြည့်နေမိ၏။

ကျွန်တော်လည်းအဲဒီလိုHyungဆီကယုယခံချင်တယ်!

Taehyungအနီးနားကရေခဲမုန့်ဆိုင်ကိုရောက်တော့Jungkookကိုရှာပေမဲ့ မတွေ့တာကြောင့် bodyguards တွေနဲ့ဆက်သွယ်တော့ အိမ်ပြန်သွားပြီဆိုတာကြောင့်Jiminကိုခေါ်ပြီးအိမ်ပြန်လာခဲ့သည်။

တစ်လမ်းလုံးJiminဘေးမထိုင်ပဲရှေ့ lover seatမှာထိုင်လာပြီးအိမ်တော်ရောက်ပြန်တော့လည်းအရင်ဆုံးခြေလှမ်းကျဲတွေနဲ့ ဝင်သွားသည်။

Jiminသူ့ကိုငေးကြည့်ဆဲ၌.. 

"Baby ကလိမ္မာသားပဲ ကောင်းကောင်းမွန်မွန်ပြန်ရောက်တယ်"

အိမ်တော်ရှေ့ခုံမှာစာအုပ်ဖတ်နေတဲ့YoongiကထလာပြီးJiminရှေ့မှာလာရပ်သည်။

" ကျွန်တော့်ကိုလည်းအနီးကပ်bodyguardထားပေး"

" Babyကလိုချင်လို့လား...မင်းမှာကိုယ်တစ်ယောက်လုံးရှိတာပဲလုံခြုံပါတယ်"

" ဘယ်ပြောရပါ့မလဲ ကျွန်တော်ကစိန်ဖြူ Fomulitsမှန်းတခြားလူသိတာနဲ့ခင်ဗျားဆီကလုယူမှာပေါ့....ဟိုHyungကိုကျွန်တော့်ရဲ့အနီးကပ်bodyguardအဖြစ်ထားပေး"

" လုံးဝမဖြစ်နိုင်ဘူးBaby...မင်းအနားမှာကိုယ်ကလွဲလို့တခြားလူမရှိရဘူး! မင်းအတွက်အနီးကပ် bodyguardက ကိုယ်ကိုယ်တိုင်ပဲ"

ခါးလေးကဆွဲဖက်ပြီးနားသယ်စဆီဖိကပ်နမ်းလျက်ပြောလာသည်။ Jiminမျက်နှာလွှဲအံကြိတ်လိုက်၏။

ရွံစရာကောင်းလိုက်တာ!

Jungkookအခန်းဆီသွားတော့အခန်းတံခါးပွင့်နေပြီးအထဲမှာ တခြား bodyguards တွေနဲ့ကျားကွက်ဆော့နေတဲ့အတွက်Taehyungဝင်သွားသည်။

" သခင်လေး ကောင်းကောင်းရောက်ပါရဲ့လား"

" ရောက်လို့ကျားကွက်ဆော့နေတာမမြင်ဘူးလား"

အဲဒီ့ထော်နေတဲ့နှုတ်ခမ်း...ယုန်မျက်စောင်းနဲ့ဘုကန့်လန့်အပြောကသေချာပေါက်ကောက်တော်မူပြီပဲ!

ဒါကြောင့်မျက်နှာချင်းဆိုင်မှာကျားကွက်ဆော့နေသည့် bodyguardဘေးသွားကာ သူ့ပခုံးပေါ်လက်တင်ရင်းJungkookမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေလိုက်သည်။

ဘေးနဲ့အနောက်ကတခြား bodyguardsတွေကTaehyungခါးကိုတို့ပြီး 'ကြည့်လှချည်လား'ဆိုပြီးခပ်တိုးတိုးစကြ၏။

သူ့ကိုမမှိတ်မသုန်ကြည့်နေမှန်းသိလို့မနေတတ်ပဲမျက်တောင်ရှည်ကြီးတွေတဖျတ်ဖျတ်ခပ်ရင်းလက်ထဲပိုက်ထားတဲ့ဝက်ရုပ်ကိုဆွဲကုပ်သည့်ဟာလေးက ကျားကွက်ပေါ်မဲပါတော့သည်။

"ရှုံးနေလိုက်! တစ်သက်လုံးနိုင်မလာခဲ့နဲ့!...Kyo Shin Hyungကလည်းကျွန်တော့်ကိုနည်းနည်းလေးမှအနိုင်မပေးဘူး"

" အေးလေ မင်းကဘာလို့ငါတို့သခင်လေးအနိုင်မပေးတာလဲ...နတ်သားလေးနဲ့တူတဲ့သခင်လေးကအတူဆော့ပေးထားတာကိုမင်းကအာခံလို့"

"ဟာ Kim Taehyung သခင်လေးကအရှုံးမပေးပဲဆော့ဆိုလို့အနိုင်ယူတာလေ...ဒါတောင်သခင်လေးမသိအောင်5ကွက်ကြီးတောင်အကျောပေးထားတာဟိတ်ကောင်"

"လျှာအရှည်နဲ့ပြန်တောင်းပန်"

Kyo Shinရဲ့ခေါင်းကိုပုတ်ပြောတော့.....

" တောင်းပန်ပါတယ်သခင်လေး"

" Kyo Shin Hyungတောင်းပန်စရာမလိုပါဘူး...သူများတောင်းပန်ခိုင်းတိုင်းမတောင်းပန်နဲ့"

" ကျွန်တော်ကသူများလား"

Taehyungရဲ့စကားကြောင့်တစ်ခန်းလုံးတိတ်ဆိတ်သွားသည်။ တခြား bodyguardsတွေကတဝိုးဝိုးတဝါးဝါးနဲ့အသံတိတ်ကြိတ်အားပေးနေသော်လည်း... Taehyungသူ့ရှေ့ကဒေါသကြောင့်နှာထိတ်လေးတွေနီရဲတက်လာတဲ့အကောင်ပေါက်လေးကိုပဲလျှာထိုးရင်းစိုက်ကြည့်နေသည်။

" သူများပေါ့! ကျွန်တော်ခေါ်တာကျမလိုက်ဘူး! နောက်မှတွေ့တဲ့ဟိုကောင်လေးနောက်ကျလိုက်သွားတယ်! အဲဒါစိတ်ဆိုးတယ်သိလား!"

" ဆိုတော့ကျွန်တော်ဘယ်လိုချော့ရင်စိတ်ဆိုးပြေမှာလဲ"

" ဒိုက်အခါ100ထိုး"

"ဝိုးးးးသခင်လေး ဒီကောင့်အတွက်အခါ100က မျက်စိတစ်မှိတ်အတွင်းနော်"

" 300လောက်တော့လုပ်လိုက်သခင်လေး"

" ဟုတ်ပြီလေ အခုချက်ချင်းအခါ300ဒိုက်ထိုး! အဲဒါဆိုစိတ်ဆိုးပြေမယ်"

ဝိုးးးးTaehyung!! Taehyung!!!Taehyung!! Taehyung!!!

နာမည်ခေါ်ပြီးမြှောက်ပေးနေကြတဲ့ bidyguardsများ... coatအင်္ကျီနဲ့အတွင်းက shirtအဖြူကိုချွတ်လိုက်တော့ထိုကောင်တွေကသခင်လေးကိုကြည့်လိုက်လူကိုကြည့်လိုက်နဲ့ပိုအော်တော့တာ....

" အခါ300...3မိနစ်ပဲ"

ဒီလိုပြောတော့မေးလေးငေါ့ပြသည်။ ဆိုလိုရင်းက'လက်တွေ့လုပ်စမ်းပါ'ပေါ့။

ဒိုက်စထိုးတော့ တခြား bodyguards တွေကနံပတ်စဥ်ရေပေးကြသည်။ တောင့်တင်းတဲ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကမြန်ဆန်လွန်း၏။

အညိုရောင်အသားရေနှင့်ကျောဘက်ကကြွက်သားအဖုထစ်တွေမှာချွေးစလေးတွေခိုတွဲတဲ့အခါ Jungkookကြည့်ကောင်းကောင်းနဲ့ကြည့်နေလိုက်တာများ....

"298! 299! 300!!!!"

Ti~~~~

Timerမှတ်ထားတဲ့ Kyo Shinရဲ့ဖုန်းကထအမြည်နဲ့အရေအတွက်အပြည့်ကကွက်တိဖြစ်သော်Jungkook ပါးစပ်လေးဟသွားသည်။

ဒီအတွက်Taehyungထရပ်ပြီးလက်နှစ်ဖက်ကိုခါလိုက်၏။

" စိတ်ဆိုးပြေပြီလားသခင်လေး"

" အ..အင်း"

" ဟေး ဒါကမတရားတာမဟုတ်လားသခင်လေး...နည်းနည်းထပ်ခိုင်းသင့်တယ်"

" ငါဆောင့်ကန်မှမင်းပါးစပ်ပိတ်မှာလားKyo Shin...ငါတို့သခင်လေးကသဘောထားကြီးကြီးနဲ့သက်ညှာပေးလိုက်တာကွ"

" ဟိတ်ကောင် ငဖား"

" ဟုတ်တယ် ငဖား...ငဖားဗျို့"

"Shit!! သွားကြစမ်းပါ"

coatအင်္ကျီနဲ့ရိုက်ဟန်ရွယ်လိုက်တော့တစ်ဖွဲ့လုံးရယ်ပြီးပြေးလိုက်တာများတန်းလို့။သူတို့ကိုကြည့်ပြီးTaehyungရယ်လိုက်ကာJungkookရှေ့ရပ်လိုက်သည်။

" စိတ်ဆိုးပြေတော့လေ...ဘာလို့မျက်နှာလေးကဆူပုပ်နေရတာလဲ"

"ကျွန်တော့်သူငယ်ချင်းပဲလုပ်နော် အဲဒီကောင်လေးနဲ့သူငယ်ချင်းမလုပ်နဲ့"

" ကျွန်တော်ကဘယ်သူနဲ့မှသူငယ်ချင်းမလုပ်ဘူး...သခင်လေးကတော့ချွင်းချက်"

" ဒီလိုပဲဖြစ်မှာပေါ့....နောက်ဆိုသူTaehyunggieအပေါ်ဗိုလ်ကျရင်ကျွန်တော့်ကိုလာတိုင်"

" ဟုတ်ပါပြီသခင်လေး ကျွန်တော်မှတ်ထားပါ့မယ်"

" မောနေပြီလား...ဒီမှာလာထိုင်လေ"

သူထိုင်နေတဲ့အိပ်ရာဘေးကိုပုပ်ပြရင်းပြောတော့Taehyungခေါင်းခါလိုက်သည်။

" မသင့်တော်ပါဘူးသခင်လေး"

" အာအီဂူး~ သူငယ်ချင်းကိုအိပ်ရာပေါ်ခေါ်တာအပြစ်လား"

"ဒါပေမဲ့"

" လာလာ ငြင်းရင်စိတ်ဆိုးပစ်မယ်"

'စိတ်ဆိုးပစ်မယ်' ဆိုတဲ့စကားကြောင့်သက်ပြင်းချကာဘေးမှာဝင်ထိုင်လိုက်သည်။ ထိုစဥ်ဘေးကိုဝှစ်ခနဲကပ်လာတဲ့Jungkookက လက်ညိုးလေးနဲ့Taehyung absတွေကိုထိကြည့်လာ၏။

" သခင်လေး ဒါဘာလုပ်တာလဲ"

အမြန်ပဲထိုလက်ကလေးကိုဖမ်းဆွဲလိုက်တော့....

" ဟီး....ကိုင်ကြည့်တာပါ မနှမြောပါနဲ့။ သခင်ကြီးမှာလည်းအဲဒီလိုabsတွေ ရှိရင်ကောင်းမှာ အဲဒါကကျွန်တော့်styleလေ...ငယ်ငယ်ကစိတ်ကူးယဥ်ဖူးတယ်သိလား...ကြီးရင်ပေါင်မုန့်8ထုပ်ရှိတဲ့ရည်းစားရပါရစေဆိုပြီး"

" ပေါက်ပေါက်ရှာရှာသခင်လေးရယ်...အဲဒါကဘာများထူးခြားလို့လဲ...လူတိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်ရင်ရတာပဲ"

" မတူဘူး...ဘာကမတူတာမှန်းမသိပေမဲ့မတူတာကတော့မတူဘူး..."

" ဟမ်"

" ဘာကမတူမှန်းသိသွားအောင် ကိုင်ကြည့်ချင်တယ်"

" မရပါဘူးသခင်လေး...အန္တရာယ်များပါတယ်"

" ဘာလို့လဲ~ ကိုင်ချင်တာကို ကိုင်ခိုင်းလေနော်....သူများသူငယ်ချင်းတွေကအလိုလိုက်ပြီးဘာလို့ကျွန်တော့်သူငယ်ချင်းကအလိုမလိုက်ရတာလဲ~"

" အန္တရာယ်အလွန့်အလွန်များတဲ့ကိစ္စရပ်မလို့တားမြစ်ပါတယ်သခင်လေး"

" ကိုင်ကြည့်ရုံနဲ့မသေပါဘူး"

ဒါပေမဲ့မင်းထိလိုက်တာနဲ့ကိုယ်နှလုံးရပ်ပြီးသေတော့မှာ လို့အော်ပြောလိုက်ချင်တယ်!!

" မကိုင်ခိုင်းဘူးလားပြော!"

" ဟုတ်ကဲ့"

" ရတယ်လေ ဒါဆိုလည်းKyo Shin Hyung ကိုပဲသွားကိုင်မယ်...သူ့မှာ8ခုမရှိပေမဲ့ 6ခုတော့ရှိတယ်__အင့်!"

ပြောပြောဆိုဆိုနဲ့ထသွားတဲ့Jungkookကြောင့်Taehyungနှုတ်ခမ်းတွေတည်တင်းလျက် လက်ကနေဆောင့်ဆွဲချသည်။

အောက်နှုတ်ခမ်းလေးထော်ပြီးကြည့်လာတဲ့အခါ ပန်းရောင်သန်းသည့်လက်ကလေးတစ်ဖက်ကိုဆွဲကိုင်၍ဗိုက်ကြွက်သားတွေပေါ်တင်ပေးလိုက်သည်။

ထို့နောက်စပ်စုစိန်လေးရဲ့ bling bling တောက်နေသောမျက်ဝန်းများကိုစေ့စေ့ကြည့်ပြောလိုက်သည်မှာ......

" ကိုင်ချင်ရင်ကျွန်တော့်ကိုပဲကိုင်...သခင်လေးကြိုက်ရင်ဒါတွေအကုန်သခင်လေးအပိုင်!"



















(AN/ မနက်ဖြန်မာဖီးယားလေးလာမယ်နော်သဲတို့ရေ😘💖)

Continue Reading

You'll Also Like

116K 6.4K 24
to love and be loved is to feel the sun from both sides. ━━ love island usa 2024, s6 ━━ kordell beckham x oc
170K 9K 57
Abandoned and ignored by her father, Princess Vaella remained at her mother's side. Forced to watch as life went on for those around her, while her...
288K 13.8K 93
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
814K 32.6K 38
On that fateful Halloween night, Lily and James survived while Voldemort apparently 'marked' Harry Potter as his equal. Aria Potter, twin sister of...