ရှောင်းကျန်း || မြန်မာဘာသာပြန...

By ilymm_

5.6K 714 138

Unbridled by WuZhe Total 101 Chapters + 3 Extras More

Synopsis
Update Schedule 《Must Read》
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13

Chapter 6

202 38 5
By ilymm_

|| Unicode ||

အပိုင်း ၆ - ကျန်းမာတဲ့လက်ရဲ့ အရောင်က အရောင်မညီဘူး။ လက်ဖဝါးက ပိုဖျော့ပြီး အရင်းပိုင်းတွေက ပိုထင်းတယ်။

တင်းကျိက ဆိတ်ဆိတ်သာ။ သူ့နှလုံးခုန်နှုန်းကတော့ ရုတ်ခြည်း လွဲချော်ကုန်ကြသည်။

သူသည် ပုံမှန်အားဖြင့် သူစိမ်းတို့ကို အကြည့်တစ်ချက်ဖြင့်ပင် ဖတ်နိုင်ပြီး သူတို့၏ “နှလုံးခုန်နှုန်း” တို့ကို အာရုံခံနိုင်သည်။ ယနေ့တွင်တော့ သူသည် ရုတ်တရက် သူစိမ်းတစ်ယောက်ထံ၌ အကြည့်တစ်ချက်တည်းဖြင့် အဖတ်ခံလိုက်ရသည်။ အတိအကျဆိုရပါလျှင် လင်ဝူယွီသည်ကား သူစိမ်းတစ်ယောက်သာ။

ဟုတ်တယ်။

ဒါပေမဲ့ မင်း ဘယ်လိုသိတာလဲ။

တကယ် ငါ့ကို အရှက်ခွဲနေတာပဲ။

“အဲဒီ “ကလေးပါရမီရှင်” ဆိုတဲ့ စကားလုံးနှစ်လုံးအပေါ်မှာ ခြစ်ထားတာ တွေ့လို့”

လင်ဝူယွီက ပြောလိုက်သည်။

“မဟုတ်ပါဘူး။ ဒီတိုင်း ငါ ငယ်ငယ်တုန်းက အရမ်းမဆင်မခြင်နိုင်ပြီး ထောင်လွှားမြောက်ကြွလွန်းခဲ့မှန်း သဘောပေါက်သွားလို့”

တင်းကျိက ဝန်မခံ။

“ဪ”

လင်ဝူယွီက ပြုံးလျက်သာ ဆက်မမေးလိုက်တော့ဘဲ လှည့်ကာ ရှေ့မှ ဆက်လျှောက်သွား၏။

နှုတ်ခမ်းထောင့်စွန်းပေါ်မှ ထိုအပြုံး၏ပုံစံအရ လင်ဝူယွီသည် ထိုငြင်းဆန်မှုကို မယုံကြည်ကြောင်း တင်းကျိ အတပ်သိသည်။ သူ့ငြင်းဆန်မှုက လင်ဝူယွီအား အဖြေကို အတိုင်းအတာတစ်ခုထိ ပို၍ပင် သေချာသွားစေလောက်သည်။

“အဲစာအုပ်က မင်း သိမ်းထားတာ ၁၀ နှစ်လောက် ရှိပြီမလား”

လင်ဝူယွီက လမ်းလျှောက်ရင်း မေးလာသည်။

“အင်း”

တင်းကျိက အင်းသံတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။

“မိသားစုအမွေအနှစ်လုပ်မလို့ စဉ်းစားထားတာ”

“ဘာလို့ အဲလောက်ထိ ပျာပျာသလဲတွေ ဖြစ်ပြီး ပျောက်မှာ ကြောက်နေတာလဲ”

လင်ဝူယွီက မေးသည်။

“အဲစာအုပ်ထဲက အကြောင်းအရာတွေအကုန်လုံး ထုံးလိုချေ၊ ရေလိုနှောက် မှတ်မိနေပြီးသားပဲ မဟုတ်ဘူးလား”

“မမှတ်မိဘူး”

တင်းကျိက ပြောလိုက်သည်။

“နေ့တိုင်း ပြန်ပြန်ဖတ်နေရတာ”

“အဲလောက်ကြီးကျ”

လင်ဝူယွီက ရယ်၏။

“ငါတော့ နှစ်ရက်လောက်ဆိုရင်တောင် မှတ်မိဖို့ လုံလောက်ပြီထင်တာပဲ”

“လေကျယ်ချက်ကြီးက။ ငါ မင်းအတွက် လျှို့ဝှက်ထားပေးပါမယ်”

တင်းကျိက သာမန်ကာလျှံကာပင် ပြောလိုက်သည်။

“ကျန်းမာတဲ့လက်ရဲ့ အရောင်က အရောင်မညီဘူး။ လက်ဖဝါးက ပိုဖျော့ပြီး အရင်းပိုင်းတွေက ပိုထင်းတယ်။”

လင်ဝူယွီက သူ့ဘက် လှည့်ကြည့်လာကာ ဆို၏။

“မပြတ်သားတဲ့သူတွေက ပုံမှန်အားဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ဖို့ ခက်ခဲတတ်ကြတယ်။ လက်သီးဆုပ်တဲ့အခါမှာလဲ လက်မကို လက်ဖဝါးထဲ ဖွက်ပြီး ဆုပ်တတ်ကြတယ်”

တင်းကျိကလည်း သူ့ကို ကြည့်လိုက်သည်။

“အဲစာကြောင်းရဲ့ဘေးမှာ ‘မသေချာ၊ စိတ်ခံစားမှု မလုံခြုံတာလဲ ဖြစ်နိုင်’ လို့ ရေးထားတယ်”

လင်ဝူယွီ၏ မျက်နှာပေါ်မှ အပြုံးက ပြယ်လွင့်သွားခဲ့ပြီး သူ့အမူအရာက လေးနက်လာခဲ့သည်။

“မူလတန်းကျောင်းသားက ဒါတွေ သိတယ်တဲ့။ အတော်လေး အထင်ကြီးစရာပဲ။ မင်း ဘာစာအုပ်တွေ ဖတ်လေ့ရှိလဲ”

“ငါ့လခွမ်း!”

တင်းကျိက ဆို၏။

“အလျားလိုက်မြင့်တက်နေတဲ့ အခုံးတွေက ကျန်းမာရေး အခြေအနေတစ်ခုကြောင့် လက်သည်းကြီးထွားမှု ယာယီရပ်တန့်နေကြောင်း ညွှန်‌ပြနေတယ်။”

လင်ဝူယွီက ပြုံးလိုက်သည်။

“အဲဒါတွေ အကုန်လုံးက မင်း မျဉ်းသားထားတဲ့ စာတွေ”

“လက်ခုပ်တီးပေးရအုံးမလား”

တင်းကျိက မေးလိုက်သည်။

“ရသားပဲ”

လင်ဝူယွီက ခေါင်းညိတ်၏။

“ကြီးထွားမှု ရပ်တန့် ရဲ့နောက်မှာ မျဉ်းသားထားတာမရှိတော့ဘူး”

တင်းကျိက ပြောလိုက်သည်။

“ငါ ပြောလိုက်ရင်”

လင်ဝူယွီက ပြောလာ၏။

“မင်း ချက်ချင်း အတည်ပြုပေးလို့ရလား”

“... မရဘူး”

တင်းကျိက ပြောလိုက်သည်။

“ငါက အကြမ်းဖျင်းလောက်ပဲ မှတ်မိတာ”

“အကြမ်းဖျင်းဆိုလဲ ရတယ်။ ငါလဲ အကြမ်းဖျင်းလောက်ပဲ မှတ်မိတာ”

လင်ဝူယွီက လည်ချောင်းရှင်းလိုက်ပြီး ပြန်လှည့်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

“အခုံးက လက်သည်းထိပ်ထိ ရောက်သွားရင် နေမကောင်းဖြစ်နေပြီ။ အခုံးက လက်သည်းရဲ့အောက်ခြေကနေ လက်သည်းထိပ်ထိ ရှည်လာဖို့က ၆ လလောက်ကြာတယ်။ အဲလိုဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးအခြေအနေကို အထူးဂရုစိုက်သင့်ပြီ။”

လင်ဝူယွီက စကားဆက်ပြောနေခဲ့ပြီး တင်းကျိက ဆက်နားမထောင်လိုက်တော့ပေ။ ယခုအခိုက်အတန့်၌ လင်ဝူယွီကို လေးစားမိသည်ကိုတော့ ဝန်မခံချင်လည်း ဝန်ခံရပေမည်။

ဤသည်မှာကား အကျမ်းဖျင်းမဟုတ်ပါချေ။ သူက အကြမ်းဖျင်းအကြောင်းအရာကိုသာ မှတ်မိသည်ဟု ဆိုသည့်တိုင်အောင် လင်ဝူယွီပြောသွားခဲ့သည်တို့က ၏၊ သည်မရွေ့ အတိအကျမှန်ကန်ကြောင်း သူသိသည်။

လင်ဝူယွီအနေနှင့် သူ၏ တစ်ခါမြင် တစ်သက်မမေ့သောမှတ်ဉာဏ်ပါရမီကို ကြွားလုံးထုတ်ရန် ကြိုတင်ပြင်ဆင်ထားခဲ့လျှင်ပင် အားလုံးက ‌တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက တဖြည်းဖြည်းနီးကပ်လာနေပြီဟု ခံစားနေရသော ဤအချိန်အခါ၌ သူက ထိုကဲ့သို့ ပျင်းစရာကောင်းကာ အားစိုက်ထုတ်ရသော ကိစ္စမျိုးကို အဘယ်အကြောင်းကြောင့်များ ကြိုတင်လုပ်ရသလဲဆိုသည်ကို ထားဦးတော့၊ အချိန်တိုလေးအတွင်း၌ အကြောင်းအရာတို့ကို ၏၊ သည်မရွေ့မှတ်နေနိုင်သည်ကပင်လျှင် အတော်လေးအထင်ကြီးစရာကောင်းလှပြီဖြစ်၏။

ဆိုသော်လည်း ပျင်းစရာကြီးပါပင်။

ဆိုရပါလျှင်လည်း သူသည် အလွတ်ရွတ်ဆိုပြမည်ကိုလည်း ကြိုမသိခဲ့သကဲ့သို့ မည်သည့်အပိုင်းကို အလွတ်ရွတ်ပြရမည်ကိုလည်း မသိခဲ့ပါ။

သူတို့ အဆောင်ဂိတ်ဝသို့ ရောက်တော့ တင်းကျိက ခြေလှမ်းတို့ကို နှေးလိုက်သည်။ အဆောင်မှူးတို့မည်သည် အင်မတန်အံ့ဖွယ်ကောင်းသည့် မျက်နှာကို မှတ်မိနိုင်စွမ်းရှိကြ၏။ အနည်းဆုံးအနေနှင့် သူတို့ကျောင်းမှ ကျောင်းသားဟုတ်၏၊ မဟုတ်၏ကို ခွဲခြားနိုင်သည်။

“ငါ ဒီမှာပဲ စောင့်နေ…”

တင်းကျိက စကားပင် မဆုံးသေး၊ လင်ဝူယွီက သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်၍ ရှေ့သို့ ဆွဲခေါ်သွားခဲ့လေ၏။

တင်းကျိမှာ ယက်ကန်ယက်ကန်နှင့် အဆောင်တံခါးထဲသို့ ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။ သူမှာ တည့်တည့်မတ်မတ်ပင် မရပ်လိုက်ရသေးမီ လင်ဝူယွီက သူ့ခေါင်းနောက်ကို လက်ဖြင့် ဖိလိုက်၏။

“ပြေး”

“ဖာ့ခ်”

တင်းကျိက အံကြိတ်ကာ စကားတစ်ခွန်းဆိုလိုက်ပြီးနောက် ခါးကို ငုံ့ကိုင်းလျက် သူ့နောက်မှ လိုက်ကာ နှစ်ယောက်အတူ လုံခြုံရေးကင်းတဲ၏ ပြတင်းပေါက်အောက်မှ လှေကားဆီသို့ တစ်ဟုန်ထိုး ပြေးသွားခဲ့ကြသည်။

“ငါတို့ အဆောင်ထဲကို အပြင်လူခေါ်ခွင့်မရှိဘူး”

လင်ဝူယွီက ပထမထပ်သို့ရောက်တော့ ရပ်လိုက်သည်။

“ဆောရီး”

“သာ့ကော! ငါ အပြင်‌မှာ စောင့်နေမယ်လို့ ပြောတယ်လေ”

တင်းကျိမှာ ဆွံ့အ။

“ငါ မဝင်တော့ဘူး”

“ငါက မင်း အထဲဝင်ပြီး ကြည့်ချင်တယ် ထင်လို့”

လင်ဝူယွီက ဆို၏။

“ငါ ယောက်ျားလေးအဆောင်ထဲ ဝင်ပြီး ဘာကြည့်ရမှာလဲ”

တင်းကျိက ပြောလိုက်သည်။

“အိုး?”

လင်ဝူယွီက သူ့ကို ကြည့်လာသည်။

“မိန်းကလေးအဆောင်လဲ စိတ်မဝင်စားဘူး”

တင်းကျိက ချက်ချင်း စကားကို ဖာထေးလိုက်သည်။

“ဘယ်ကျောင်းအဆောင်ကိုမှ စိတ်မဝင်စားဘူး”

အခန်းထဲ၌ မည်သူမှ မရှိပေ။ လင်ဝူယွီသည် အိပ်ရာခေါင်းရင်းထက်မှ စာအုပ်ကို ယူလိုက်ပြီး ဟိုဟိုသည်သည် နည်းနည်းလှန်လှောလိုက်ကာ တင်းကျိထံ ကမ်းပေးလိုက်သည်။

“မင်း ဒီစာအုပ်ကို ဘယ်တုန်းက ဝယ်ထားတာလဲ”

“မူလတန်း ပထမနှစ်တုန်းက”

တင်းကျိက စာအုပ်ကို ယူလိုက်ပြီး အဖုံးကို ကိုင်လိုက်သည်။

“လမ်းဘေးစာအုပ်ဆိုင်က ဝယ်ခဲ့တာ”

“၁၉၈၈ ခုနှစ်က ထုတ်ထားတဲ့ စာအုပ်”

လင်ဝူယွီက ပြောလိုက်သည်။

“မူလတန်းကျောင်းသားတစ်ယောက်က ဝယ်ခဲ့တယ်။ ပြီးတော့ အဓိကအချက်က အဲစာအုပ်က အရောင်းရှိနေသေးတုန်းပဲ”

“အရမ်း စိတ်ဝင်စားစရာကောင်းတာ။ မင်း နားမလည်ပါဘူး”

တင်းကျိက စာအုပ်ကို ရှေ့နောက်လှန်လှောကြည့်လိုက်သည်။ ရင်းနှီးနေသောခံစားမှုက သူ့အား စိတ်အေးသက်သာရာ ရသွားစေ၏။

“အချိန်နဲ့အမျှ တန်ဖိုးကြီးလာတာ”

“ဟမ်?”

လင်ဝူယွီက နားမလည်။

“မူရင်းဈေး ဘယ်လောက်လဲ သိလား”

တင်းကျိက မေးလိုက်သည်။

“၂ ယွမ်နဲ့ ၉ ဆင့်”

လင်ဝူယွီက ပြောလိုက်သည်။

“... မင်း ဒါတောင် သိတာပဲလား”

တင်းကျိက သက်ပြင်းချ၏။

“ပေါက်ကရတွေပြောတော့မယ်။ ငါက စာအုပ်ထုတ်တဲ့ ခုနှစ်ကို မြင်မှတော့ ဘေးက ဈေးကို မမြင်ဘဲ နေမလား”

လင်ဝူယွီက စာရေးခုံကို မှီလိုက်သည်။

“အခု ၁၀ ဆလောက် တက်သွားပြီ။ အဟောင်းဆိုင်မှာတောင် အနိမ့်ဆုံးဈေးက ၂၉ ယွမ်”

တင်းကျိက စာအုပ်ကို ပုတ်လိုက်၏။

လင်ဝူယွီက မည်သည့်စကားမှမဆိုဘဲ သူ့ကိုသာ ကြည့်နေခဲ့သည်။

တင်းကျိကလည်း သူ့ကို ကြည့်လိုက်သည်။

ခဏအကြာ၍ မထိန်းနိုင်ဘဲ ရယ်လိုက်မိတော့၏။

“တန်းဖိုးမကြီးလာဘူးလာပြော”

လင်ဝူယွီ၏ နှုတ်ခမ်းတို့က အသာတွန့်ချိုးသွားကြသည်။

“ကြီးလာတယ်”

လင်ဝူယွီက လက်မထောင်ပြလိုက်၏။

“ရင်းနှီးမြှုပ်နှံမှုစိတ်ဓာတ်ရှိတယ်”

“ကျေးဇူး”

တင်းကျိက စာအုပ်ကို ပုတ်လိုက်သည်။

“ပြန်ပြီ”

“တကယ်လို့…”

လင်ဝူယွီက ခဏမျှ ချီတုံချတုံဖြစ်နေခဲ့သည်။

“ဒီစာအုပ်ကို ငါ့ကို နောက်ရက်နည်းနည်းလောက် ထပ်ငှားပေးလို့ရမလား”

“ငှား?”

တင်းကျိက သူ့ကို ကြည့်လိုက်သည်။

“မင်းပဲ စာအုပ်က အတော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ ပြောခဲ့တယ်မလား”

လင်ဝူယွီက ပြောသည်။

“ဘယ်လောက်ထိတောင် စိတ်ဝင်စားစရာကောင်းလဲ ကြည့်ကြည့်မလို့”

“မင်းက စကားလုံးတိုင်းကို ၏၊ သည်မရွေ့ ရွတ်နိုင်နေတာာပဲလေ”

တင်းကျိက ဆို၏။

“အဲလောက်ကြီးထိ မဟုတ်ပါဘူး။ ငါက မင်း အကုန်မမှတ်မိနိုင်ဘူးလို့ လောင်းလိုက်ရုံတင်။ ဒါပေမဲ့ မှတ်ချက်ရေးထားတဲ့အပိုင်းတွေကိုတော့ သေချာပေါက် မှတ်မိမှာပဲ။ အဲဒါကြောင့် မှတ်ချက်ရေးထားတဲ့နေရာနားက ရှေ့စာမျက်နှာနဲ့ နောက်စာမျက်နှာက အကြောင်းအရာတွေကိုပဲ ဖတ်လိုက်တာ”

လင်ဝူယွီက အတော်လေးကို ရိုးရိုးသားသားနှင့်။

သို့ရာတွင်မူ တင်းကျိက သူ့စကားလုံးရွေးချယ်မှုကို သတိပြုလိုက်မိသည်။

ဖတ်ရုံသာ။ ကျက်ခြင်းမဟုတ်။ ပြီးလျှင် ရှေ့စာမျက်နှာနှင့် နောက်စာမျက်နှာ နှစ်ရွက်မျှသာ။

ပေါက်ပြီ။

သူသည် စာအုပ်ကို ဖွင့်လိုက်ပြီး သူ့နာမည်ရေးထားသော စာမျက်နှာကို လှန်ကာ စာရွက်ပေါ်မှ စကားလုံးတို့ကို ထိုးပြလိုက်သည်။

“အဲတော့ မင်း ဒါကို မမှတ်မိဘူးပေါ့?”

“ဒီမှာ ရေးထားတယ်”

တင်းကျိက ပြောလိုက်သည်။

“မ ငှား/ပေး ပါ”

တင်းကျိက စာအုပ်ကို ယူကာ အဆောင်ထဲမှ ခေါင်းမော့ရင်ကော့၍ ထွက်သွားခဲ့လေ၏။

“ငါ မင်းကို အပြင်လိုက်ပို့ပေးမယ်”

လင်ဝူယွီက နောက်မှ လိုက်လာသည်။

“အရမ်းတွေ ယဉ်ကျေးနေစရာမလိုပါဘူး”

တင်းကျိက ပြောလိုက်သည်။

လှေကားမှ တက်လာသော လူတစ်ယောက်က တင်းကျိကို မြင်တော့ ရုတ်ခြည်း တောင့်သွားခဲ့၏။ ထို့နောက် ချက်ချင်းဆိုသကဲ့သို့ သူ့နောက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“မင်းသူငယ်ချင်းလား”

“အင်း”

လင်ဝူယွီက အနောက်မှ ပြန်ဖြေလိုက်သည်။
ထိုလူက မည်သို့မှ ထပ်မဆိုလိုက်တော့ဘဲ တင်းကျိကို ပြုံးလျက် ခေါင်းညိတ်ပြကာ ဘေးအခန်းထဲသို့ ဝင်သွားခဲ့၏။

အဘယ်ကြောင့်ရယ်မသိ၊ ရုတ်တရက် ရွှီထျန်းပေါ် ပေါ်လာခဲ့မှုက လင်ဝူယွီကို အနည်းငယ်အနေခက်သည့်ခံစားချက်မျိုး ခံစားမိစေသည်။

ရွှီထျန်းပေါ်က တစ်ခုခုကို အထင်လွဲသွားကြောင်း သူခံစားမိသည်။ သို့သော်လည်း သူ့မှာ ရှင်းပြစရာ အကြောင်းပြချက်ကား ရှိမနေ။ ပြီးလျှင် မည်သည့်အကြောင်းကို ရှင်းပြရမည်ကိုလည်း မသိ။

အဘယ်အဓိပ္ပါယ်ကြောင့်များ ရှင်းပြရပါမည်နည်း။

သူသည် အဓိပ္ပါယ်မရှိသည့်အရာတို့ကို လုပ်ရန် စိတ်မဝင်စားပေ။

သို့သော်…

“ငါ ဘာလို့ အဲလူကို ရင်းနှီးနေသလို ခံစားနေရတာလဲ”

တင်းကျိက လှေကားမှ အောက်သို့ ဆင်းလာရင်း ပြောလိုက်သည်။

ဘာလို့ဆို မင်းတို့နှစ်ယောက်က ရုပ်ဆင်နေလို့လေ… ကလေးပါရမီရှင်လေးရဲ့။ ဒါလေးတောင် မသိဘူးလား။

လင်ဝူယွီက စကားတစ်ခွန်းမဆိုဘဲ နောက်မှ လိုက်လာသည်။

“အာ”

တင်းကျိက လက်ကို မြှောက်၍ လက်ညှိုး ထောင်လိုက်၏။

“ငါ့ထန်းကော*နဲ့ နည်းနည်းဆင်တယ်”

… ကောင်းကွာ

အတော်လေး ဉာဏ်ရည်ထက်မြက်သူတစ်ဦးနှင့် တူသော်ငြားလည်း IQ က offline အဖြစ်မြန်လွန်းပုံကား မထင်မှတ်စရာပါပင်။

“ဟုတ်လား”

လင်ဝူယွီက ပြောလိုက်သည်။

*

“ဟုတ်လား၊ မဟုတ်ဘူးလား ဒီရိုးရိုးရှင်းရှင်းမေးခွန်းလေးတောင် မဖြေနိုင်ဘူးလား”

အဖေက အခန်းတံခါးရှေ့တွင် ရပ်နေသည်။

“အဖေပေးတဲ့ ရွေးချယ်စရာက အရမ်းရိုးရိုးရှင်းရှင်းပါပဲ”

တင်းကျိက နောက်သို့ မလှည့်ဘဲ ခုံပေါ် မှီထိုင်လိုက်ကာ ခေါင်းကိုသာ နောက်သို့လှည့်လိုက်သည်။

“ဒါပေမဲ့ မေးခွန်းကတော့ လုံးဝရိုးရှင်းမနေဘူးလေ”

“ဒီမေးခွန်းက အဲလောက်တောင် ရှုပ်ထွေးနေလို့လား။ မင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ‌လက်လျှော့လိုက်ဖို့ စဉ်းစားနေတာလား”

အဖေက ဆိုသည်။

“မင်းက မင်းဘဝရဲ့ အဆင့်အတန်းကို မင်းလက်နဲ့မင်း ဆွဲချနေတာပဲ”

“အဖေက ဘာလို့ ဘဝကို ၃ဆင့်၊ ၆ဆင့်၊ ၉ ဆင့်တွေ အမျိုးမျိုး ခွဲခြားသတ်မှတ်နေရတာလဲ”

တင်းကျိက မေးလိုက်၏။

“ပြီးတော့ ဘာလို့ အဖေသတ်မှတ်ထားတဲ့ အဆင့်အတန်းသတ်မှတ်ချက်အတိုင်းနေရမှာလဲ။ ကျွန်တော့်ကိုယ်ပိုင် အဆင့်အတန်းသတ်မှတ်ချက်အတိုင်း နေလို့မရဘူးလား”

“ငါ့ကို အာလာမခံနဲ့”

အဖေက ‌ဆို၏။

“မင်းအမေနဲ့ ငါနဲ့သာ မင်းကောင်းဖို့အတွက် အလေးမထားရင် ဒီလိုမျိုး နေ့တိုင်း မင်းနဲ့ တကျက်ကျက်ဖြစ်နေစရာအကြောင်းမရှိဘူး”

“တကယ်ပဲ ကျွန်တော်ကောင်းဖို့အတွက်သာဆိုရင် အဖေတို့ ကျွန်တော့်နေရာက စဉ်းစားပေးလို့ ရမလား”

တင်းကျိက ဒေါသတကြီး ထရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

“အဖေတို့ ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ။ ကျွန်တော်ကရော အဖေတို့ကို ဘယ်လောက်ချစ်လဲ။ နှစ်ယောက်လုံး ပညာတက်ကြီးတွေပဲ။ စိတ်ပညာကို နားမလည်ရင်လဲ စာဖတ်လို့ရနေတာပဲ။ ကျွန်တော့်မှာ အပုံလိုက်ရှိတယ်”

အဖေက သူ့ကို စကားမဆိုဘဲ ကြည့်နေခဲ့သည်။

“အလယ်တန်းမတက်ခင်က ဖေဖေ၊ ဖေမေ ဆိုတာ ကျွန်တော့်အတွက် အမည်ခံသက်သက်ပဲ”

တင်းကျိက ပြောသည်။

“ကျွန်တော့်အတွက် ဘာမှမဟုတ်တဲ့ နာမည်တစ်ခုသက်သက်ပဲ။ အဖေတို့အတွက်လဲ အတူတူပဲ။ ကျွန်တော်၊ တင်းကျိ၊ အဖေတို့သား။ ကလေးပါရမီရှင်လို့ ပြောကြတယ်။ တစ်နှစ်သားအရွယ်မှာ စာဖတ်တတ်နေပြီ။ သုံးနှစ်အရွယ်မှာ ကဗျာတွေ စပ်တတ်နေပြီ။ ပထမနှစ်မှာတင် “သုံးပြည်ထောင်” ကို ကြည့်နေပြီ။ သူ မလုပ်နိုင်ဘူးဆိုတာ မရှိဘူး။ သူ မသင်ရသေးတာပဲ ရှိတယ်”

“မဟုတ်…”

အဖေက မျက်မှောင်ကြုတ်သည်။

“အဲလောက်ကြီးထိကြီးတော့ မဟုတ်မှန်း သိပါတယ်။ ကျွန်တော်က အဖေတို့ ကျွန်တော့်အပေါ်ထားတဲ့ အထင်အမြင်တွေ၊ မျှော်လင့်ချက်တွေကို အကျဉ်းချုံ့ပြတာ”

တင်းကျိက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။

“ဒါပေမဲ့ ပြန်ရတာက ကျတော့ရော? အိုက်ရား… ကလေးပါရမီရှင်က တစ်တန်းလုံးရဲ့ ထိပ်တန်း ၅ ယောက်ထဲပဲ ဝင်တာတဲ့လား။ တစ်ခါတစ်လေကျရင် ထိပ်တန်း ၁၀ ယောက်ထဲပဲတဲ့လား။ အမြဲတမ်း ဒုတိယသမားကို နင်းချထားပြီ ပထမနေရာပဲ ရသင့်တာ မဟုတ်ဘူးလား”

“ပါးစပ်ပိတ်ထား!”

အဖေက သူ့ကို လက်ညိုးတထိုးထိုးနှင့်။

“နှစ်ဖက်လုံး တော်လိုက်ကြရအောင်”

တင်းကျိက ပြောလိုက်သည်။

“ကျွန်တော် စကားမများချင်ဘူး။ ကျွန်တော် အဖေတို့ ပြန်မလာခဲ့တဲ့အတွက်လဲ အပြစ်မတင်ပါဘူး။ တကယ်”

အဖေက သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။ တစ်ခုခုကို ဆက်ပြော‌ချင်နေသေးသည့်ဟန်။

သို့သော်လည်း တင်းကျိက သူ့ကို အခွင့်မပေးခဲ့ပေ။ အဖေအနေနှင့် နယ်ပယ်‌များစွာတို့၌ ကျွမ်းကျင်နှံ့စပ်မှုရှိသော်လည်း သူသည် အခြားသူများနှင့် အချေအတင်စကားမများတတ်သကဲ့သို့ မတိုက်ခိုက်ဘဲနှင့်လည်း အနိုင်ယူလိုစိတ်မရှိပေ။

ထို့ကြောင့် သူက ထရပ်လိုက်ပြီး တံခါးဘက်သို့ လျှောက်သွားကာ မျက်နှာနား ဒုန်းခနဲအသံမြည်အောင် ပိတ်ချလိုက်သည်။

“ဆယ်နှစ်ကျော်လောက် ကျွန်တော့်ကို ဂရုစိုက်ပေးမဲ့သူ မရှိခဲ့ဘူး။ ကိုယ့်အတွက် အရာအားလုံးကို ကိုယ့်ဘာသာပဲ ဆုံးဖြတ်တတ်တဲ့ အကျင့်ဖြစ်လာခဲ့တယ်။ ကလေးတွေကို သွန်သင်ဆုံးမတယ်ဆိုတာက ငယ်တဲ့အရွယ်ကတည်းက စရတယ်။ ဒီအခွင့်အရေးကို လက်လွတ်လိုက်ရတာနဲ့ နောက်တစ်ခါပြန်ရဖို့ဆိုတာ မလွယ်တော့ဘူး”

နှစ်မိနစ်မျှ စောင့်ပြီးနောက် တင်းကျိသည် တံခါးကို ထပ်ဖွင့်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ ဧည့်ခန်းထဲ၌ မည်သူမှ မရှိလိုက်တော့ပေ။ အဖေနှင့် အမေက သူတို့အခန်းသို့ ပြန်သွားကြလေပြီ။

သူစာလုပ်ခြင်းကို အနှောင့်အယှက်မဖြစ်စေရန်  သူ အိမ်၌ ရှိသည့်အချိန်တိုင်း ဧည့်ခန်းထဲမှ တီဗီကို သေချာပေါက် ဖွင့်လိမ့်မည်မဟုတ်။

သူ၏ အစစ်အမှန်လုပ်နိုင်စွမ်းဘောင်ထက် ကျော်လွန်နေသော ဤမမြင်နိုင်သည့် ဖိအားနှင့် မျှော်လင့်ချက်တို့က သူ့အား မွန်းကျပ်စေသည်။

သူ့စာရေးခုံသို့ ပြန်လာခဲ့ပြီးနောက် တင်းကျိသည် ခဏမျှ အကြည့်ဗလာတို့နှင့် စူးစိုက်ကြည့်နေခဲ့သည်။ ပြီးနောက် သူ့စိတ်ခံစားချက်တို့ကို ပြန်လည်စုစည်း၍ အိမ်စာစလုပ်လိုက်၏။

သူသည် အထူးတလည် စာကြိုးစားသောသူမဟုတ်ပေ။ သို့သော် အဓိကနှင့် သာမညကို မခွဲခြားနိုင်သောသူလည်း မဟုတ်ပါချေ။ စာလုပ်ရမည့်အချိန်၌ သူ့ကိုယ်သူ တွန်းအားပေးသည်။ သူသည် စစ်ဆေးမှု‌အသေးစားလေးများ၌ အားစိုက်ထုတ်မှု မရှိလျှင် မရှိမည်။ သို့သော် တကယ့်စာမေးပွဲကြီးများတွင်တော့ သူသည် ကြိုးစားပမ်းစားစာလုပ်သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်လည်း သူသည် စွမ်းအားကုန်ကြိုးစားမည်ဖြစ်သည်။

သူက ဤ တစ်ချိန်လုံး မနားတမ်း မျက်လုံးဒေါက်ထောက်ကြည့်နေခြင်းကို မလိုအပ်ခြင်းသာ။ သူသည် လွတ်လွတ်လပ်လပ်နေခဲ့ရခြင်းကြောင့် ဖြစ်မည်ထင်သည်။ သူ့ကောင်းကျိုးအတွက်ဆိုလျှင်ပင်တောင်မှ သူသည် သူ့အရှိန်အတိုင်းသာ သူသွားချင်သည်။

မစောင့်ကြည့်နေနဲ့။ ဆက်ကြည့်နေရင် ကျတာကိုပဲ မြင်ရလိမ့်မယ်။

အကယ်၍ သူ့နေရာ၌ အတော်ပင် တည်ငြိမ်ကာ ကိုယ်ပိုင်စည်းကမ်းရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိသည့် လင်ဝူယွီနှင့်သာ လှဲ‌ပေးလိုက်ပါက မိဘတို့ အင်မတန် ပျော်ရွှင်ရပေလိမ့်မည်။

… ဒါပေမဲ့လဲ မသေချာပါဘူး။ တကယ်တမ်း အခုအချိန်မှာ လက္ခဏာဗေဒ၏ ဆန်းကြယ်မှုကို ကျက်နေသေးတုန်းဆိုတော့

အာ… ကျက်တာ မဟုတ်ဘူး။ ဒီတိုင်း ဖတ်တာ။

ဖုန်းက အသံမြည်လာခဲ့သည်။ စာဝင်လာခြင်းပင်။

တင်းကျိက မဖတ်။ သူသည် စာစလုပ်ပြီဆိုသည်နှင့် တတ်နိုင်သမျှ စိတ်မပျံ့စေရန် ကြိုးစားသည်။ သူ့စိတ်က ကမ္ဘာပတ်နေလျှင်ပင် သူ့ဘောပင်ကတော့ မေးခွန်းဖြစ်နေရမည်။ အကယ်၍ သူသာ ရပ်လိုက်ပါက သူ့အနေနှင့် ပြန်စရန် အင်မတန်ပျင်းသွားမည်ဖြစ်၏။

– အတည်ပြုပေးလို့ ရမလား။ သူ အခု ဘယ်လိုပုံစံမျိုးရှိမလဲတောင် မသိဘူး။

– မသေချာလို့လေ။ အဲဒါကြောင့် နင့်ကို လာမေးနေတာပေါ့။ သူ ဒီမြို့ထဲမှာ ရှိရော ရှိနေနိုင်အုံးပါ့မလား။ ဒါမှမဟုတ် တကယ်လို့ သူ တခြားတစ်နေရာရာကို ထွက်သွားခဲ့ရင်ရော ဒီ‌တလော သူ့ကို ဒီကို ပြန်လာနိုင်စေမဲ့ ထူးထူးခြားခြားရက်တစ်ခုခုများ ရှိလား။

လင်ဝူယွီသည် ဖုန်းထဲမှ စာတို့ကို စိုက်ကြည့်နေခဲ့သည်။ သူ့လက်ချောင်းတို့က စခရင်ထက်၌ ခိုနားနေသည်။ စခရင်မည်းသွားသည့်တိုင် မရွှေ့သွားခဲ့။

သူသည် ထိုမေးခွန်းတစ်ခုကိုမှ မဖြေနိုင်သကဲ့သို့ ခန့်ပင် မခန့်မှန်းနိုင်ပါချေ။

သို့တည်းမဟုတ် သူက “မင်းအစ်ကို” ဆိုသည်နှင့် ပတ်သတ်သည့် အကြောင်းအရာမှန်သမျှကို မတွေးမိအောင် ရှောင်နေခဲ့၍ ဖြစ်လောက်မည်။ အချိန်အများစု၌ ထိုလူသည် စိစစ်သရုပ်ခွဲရန် မဆိုထားနှင့်၊ ဟိုးအဝေးမှ တမင်စည်းပိတ်ထားသော မှတ်ဉာဏ်တို့ထဲ၌သာ တည်ရှိနေခဲ့သည်။

– နင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာမို့လို့များလား

ဖုန်းထဲသို့ ကုန်းလန်ထံမှ နောက်ထပ်စာတစ်စောင်ဝင်လာခဲ့သည်။

လင်ဝူယွီသည် ခဏမျှ စဉ်းစားနေခဲ့ပြီးနောက် စခရင်ကို ကြိမ်ရေအနည်းငယ် နှိပ်လိုက်သည်။

– ငါတို့ကြားထဲ အဲလို နက်ရှိုင်းတဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး မရှိလောက်ဘူးထင်တာပဲ

– အဲတုန်းက နင်က အရမ်းငယ်သေးတာကို။ သူ နင့်ကို တကယ် ဂရုစိုက်ပါတယ်

– ငါ မနက်ဖြန် တစ်ရက်လုံး သွားထိုင်စောင့်နေမှာ။ သူနဲ့ ဆုံလို ဆုံငြား

– … ငါ့ဘာသာပဲ သွားလိုက်မယ်။ နင် စာမလုပ်တော့ဘူးလား

– ငါက စာလုပ်ဖို့ အချိန်တွေ နေရာတွေ မလိုဘူး။ စိတ်ပေါ်ပဲ မူတည်တယ်

– တကယ် အရိုက်ခံဖို့ တောင်းနေတာပဲ

လင်ဝူယွီက ပြုံးလိုက်ပြီး Goodnight စတေကာတစ်ခုပို့ကာ ဖုန်းကို ဘေးချလိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတောအတွင်း၌ ကုန်းလန်သည် လင်ဝူယွီအား သဲလွန်စများစွာ ပေးပို့ခဲ့သည်။ သို့သော် အကုန်လုံးက ယုံကြည်စိတ်ချရမှုနှုန်း သုညပင်။ ဆိုရပါလျှင် သူ၏သဲလွန်စတို့က ကိုယ်ပိုင်စိတ်ခံစားချက်တို့ အလွန်ပင်ရောထွေးနေကြသည်။

သို့သည့်တိုင် လင်ဝူယွီသည် သူ့ကံကို စမ်းကြည့်ချင်သေးဆဲပင်။ သူ့အပေါ်ထားရှိသော သူ့မိဘတို့၏ မျှော်လင့်ချက်တို့နှင့် စိတ်ပျက်မှုတို့ကို တစ်ပြိုင်နက်တည်း နှိပ်ချလိုက်နိုင်မည့် ထိုခလုတ်ကို ရှာဖွေရန် လိုအပ်သည်။

ပြီးလျှင် ကုန်းလန်ပြောသော ထိုနေရာက သိပ်မဝေးလှ။ စန်းကျုံးနားမှ Business Square လေးတစ်ခုသာ ဖြစ်သည်။

သို့သော် လူသွားလူလာ အလွန်များလှပြီး အမှန်ဆိုလျှင်ပင် ဤလူအုပ်ကြီးထဲ၌ လွန်ခဲ့သောဆယ်နှစ်မှ မျက်နှာတစ်ခုကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်။

အဓိကက ယင်းအချက်ပါပင်။

မနက်စာစားပြီးနောက် လင်ဝူယွီသည် Business Square သို့ ရောက်လာခဲ့ပြီး ၃ နာရီခန့် လျှောက်ပတ်ကြည့်ခဲ့သော်လည်း အချည်းနှီးသာ။

မြောက်မြားစွာသော ဈေးဆိုင်များ၊ တစ်ခုနှင့်တစ်ခု ဆက်နေသော ဈေးတန်းများ၊ ကား၊ စက်ဘီး၊ လျှပ်စစ်စကူတာများနှင့် အင်းဆက်များနှယ် မြေပေါ်၌ ပြန့်ကျဲစွာ သွားလာနေကြသော လမ်းသွားလမ်းလာများ။ တစ်ယောက်ကို သဲသဲကွဲကွဲပင် မမြင်ရသေး ဘေးမှတစ်ယောက်နှင့် ရောကုန်ကြလေပြီ။

လင်ဝူယွီသည် သူက တစ်စုံတစ်ယောက်ကို ရှာရန် ထွက်လာခဲ့ခြင်းမဟုတ်ဘဲ အပြင်လျှောက်ပတ်ကြည့်ရန် ဆင်ခြေတစ်ခု လိုအပ်နေခဲ့ရုံမျှသာဖြစ်မည်ဟုပင် ခံစားလိုက်ရ၏။

အနား၌ ကြာဆံကြော်ရောင်းသည့် ဆိုင်တစ်ဆိုင်ရှိသည်။ ဗိုက်ပေါက်ထွက်မတတ် စားကောင်းသည်။ သူဆိုလျှင် တစ်ခါတည်းနှင့် ပန်းကန်းအကြီးကြီး ၃ ပန်းကန်ဆက်တိုက်စားပစ်နိုင်၏။

စောစောရောက်လာသဖြင့် တန်းစီရန် မလိုအပ်လိုက်ပေ။

လင်ဝူယွီသည် ကြာဆံကြော်နှစ်ပန်းကန်ကို သယ်လျက် ပြတင်းပေါက်နားမှ စားပွဲခုံသေးသေးလေးတစ်ခုံကို ရှာကာ ထိုင်လိုက်သည်။

ယခုအချိန်၌ လာစားပါက ခုံလုရန်မလိုအပ်ပေ။

သူက စားရင်းနှင့် ပြတင်းပေါက်အပြင်ဘက်သို့ပင် လှမ်းလှမ်းငေးလိုက်သေးသည်။

လူများကို ကြည့်ရင်း၊ မျက်နှာများကို ကြည့်ရင်းနှင့် မနေ့ညက မေးခွန်းပုစ္ဆာတို့က သူ့အာရုံထဲ ပြေးနေခဲ့သည်။ သူသည် ယူလာခဲ့သော စာအုပ်လေးပေါ် ချရေးလိုက်၏။ ‌မနေ့က အလွန်ပင်ပန်းကာ အိပ်ချင်လာသဖြင့် မေးခွန်းတို့ကို တစ်ကြိမ်တည်းသာ ကြည့်ခဲ့မိလိုက်သည်။ ယခု သူ တွက်ရန် အချိန်ကောင်းပင်။

သို့သော်လည်း ရံဖန်ရံခါဆိုသကဲ့သို့ ပျောက်ဆုံးနေသောကလေးကို ဆယ်နှစ်ကျော် ရှာဖွေနေခဲ့သော မိဘအကြောင်း တွေးတောရင်း သူ့စိတ်တို့က ပျံ့လွင့်သွားတတ်သည်။

ဘယ်လိုအချစ်မျိုးမို့လို့၊ ဘယ်လောက်ထိနက်ရှိုင်းတဲ့ အချစ်မျိုးမို့လို့၊ ဘယ်လောက်ထိတောင် “ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမဲ့စေတဲ့”  အချစ်မျိုးမို့လို့ လူတွေကို ဒီလောက်ထိ ကျားကုတ်ကျားခဲဖြစ်အောင် လုပ်နိုင်ရတာလဲ။

သူ့မိဘတို့ကလည်း လိုက်ရှာနေကြသည်ပါပင်။ သို့သော်လည်း တည်ငြိမ်အေးဆေးစွာပင်။ မည်သည့်မျှော်လင့်ချက်မှလည်း မထား။

သူတို့၏ သားကြီးက အင်မတန်ထက်မြက်သည်။ မထိခိုက်၊ မနာကျင်ရစေဘဲ ပြဿနာပေါင်းများစွာကို ဖြေရှင်းနိုင်သည်။  သူတို့၏ သားကြီးက အင်မတန်ထက်မြက်သည်။ သူသာ ပြန်မလာလိုပါက သူ့ကို မည်သူမှ ရှာတွေ့လိမ့်မည်မဟုတ်။

လင်ဝူယွီက သက်ပြင်းချလိုက်သည်။

ဤသို့နှယ်ထက်မြက်လှသော သားကြီးကို အကြားအမြင်ဆရာကူညီမှသာ ရပေလိမ့်မည်။

ဥပမာ အကြားအမြင်ဆရာတင်း ကဲ့သို့။

အကြားအမြင်ဆရာတင်းအကြောင်း တွေးမိတော့ လင်ဝူယွီသည် ဖုန်းကို ကောက်ကိုင်လိုက်သည်။

တင်းကျိ စာအုပ်လာယူတုန်းက သူတို့သည် WeChat ၌ အချင်းချင်းအပ်ထားခဲ့ကြသော်လည်း တစ်ခါမှ စကားမပြောဖြစ်ခဲ့ကြပေ။

တင်းကျိ၏ WeChat ပရိုဖိုင်းပုံမှာ သူ့ပုံပင်ဖြစ်သည်။ မျက်နှာတည့်တည့်ပုံဖြစ်ပြီး သူ့ရုပ်ရည်နှင့်ပတ်သတ်၍ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပုံကို ပြသနေ၏။

သို့‌သော်လည်း အမှန်ပင် မဆိုးလှပါ။ လေလွင့်ကြောင်အုပ်စု၏ သခင်ကြီးတစ်ပါး အော်ရာနှင့်။

ကျီးကောပဲ

ကျီးကောဟု ခေါ်၍မရ။ မဟုတ်လျှင် သူသည် အလင်းထိန်ဆုံး လျှပ်စစ်ဂျင်ဖြစ်သွားပေလိမ့်မည်။ လင်ဝူယွီသည် နှုတ်ခမ်းတစ်ဖက် တွန့်ချိုးပြုံးကာ သာမန်ကာလျှံကာပင် တင်းကျိ၏ Moments ကို ဖွင့်လိုက်သည်။

သုံးရက်တာအတွင်း မြင်ရသည်။

သို့သော် လင်ဝူယွီသည် နှစ်ကြိမ် ဆွဲလိုက်သော်လည်း အဆုံးထိ မရောက်သေး။ သူမှာ ရုတ်တရက် ဤလေအိုးကို ဘလော့လိုက်သင့်သလားဟုပင် တွေးလိုက်မိသွားခဲ့၏။

နောက်ဆုံးတင်ထားသော Moment ကြောင့် လင်ဝူယွီသည် ခဏမျှ တန့်လိုက်မိသွားသည်။ လွန်ခဲ့သောမိနစ်ပိုင်းကမှ တင်ထားခြင်းပင်။

– ရှင့်ကျားမှာ ဘက်စကတ်ဘော Shooting ပြိုင်ပွဲရှိတယ်။ ပထမဆုက လျှပ်စစ်မီးဖိုတဲ့။

ရှင့်ကျားသည် ဈေးဝင်စင်တာတစ်ခုဖြစ်ပြီး ဘေးလေးတင်ဖြစ်သည်။

လင်ဝူယွီက အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။

စက္ကန့်ပိုင်းမျှ ချီတုံချတုံဖြစ်ပြီးနောက် သူသည် တင်းကျိထံသို့ စာပို့လိုက်၏။

– မင်း ရှန့်ကျားမှာလား

တင်းကျိက ချက်ချင်း စာပြန်သည်။

– ရှန့်ကျားရဲ့ဘေးမှာ။ ဘာလို့လဲ။ မင်းအိမ်မှာ လျှပ်စစ်မီးဖိုလိုလို့လား

– ငါ ကြာဆံကြော်စားနေတာ

တင်းကျိက စာထပ်မပြန်လာခဲ့တော့။ လင်ဝူယွီသည် ပြတင်းပေါက်အပြင်ဘက်သို့သာ ဆက်လက်ငေးကြည့်နေလိုက်သည်။

အများဆုံး တစ်မိနစ်မျှသာ ရှိမည်။ တင်းကျိက Hoverboard စီးလျက် လမ်းတစ်ဖက်ခြမ်း၌ ပေါ်လာခဲ့၏။

ထို့နောက် သူက သူ့ဘက်သို့ Drift ဆွဲလာပြီး လူအုပ်ကြားထဲ ကျွမ်းကျင်ပျော့ပျောင်းစွာ ဝေ့ယမ်းနေသည်မှာ ကြွားဝါနေကြောင်း အမြင်သာကြီးပါပင်။ သူက ပုံမှန်ဆို ဤကဲ့သို့ ‌ပေါ်ပေါ်တင်တင် ပြုမူတတ်လေ့မရှိဘဲ ယခုက ကြွားနေခြင်းသာဖြစ်ကြောင်း လင်ဝူယွီသည် လက္ခဏာဗေဒစာအုပ် ၁၀ အုပ်နှင့် လောင်းရဲသည်။ 

ကလေးဆန်ချက်

လင်ဝူယွီက သူ့အား မှန်နောက်မှ လက်ဝေ့ယမ်းပြလိုက်သည်။

တင်းကျိက အပြင်ဘက်၌ ရပ်လိုက်ပြီး မှန်တစ်ဖက်ခြမ်းမှ တစ်ခုခုပြောလိုက်၏။ သို့သော် လင်ဝူယွီက မကြားရ။

ဆိုင်ထဲ၌ လူများ တသဲသဲရောက်လာကြပြီဖြစ်ပြီး အနည်းငယ် ဆူဆူညံညံဖြစ်လာလေပြီ။

တစ်ယောက်က ဗန်းလေးကိုင်လျက် သူ့စားပွဲခုံနားသို့ လာနေသည်ကို မျက်ဝန်းထောင့်မှ တွေ့လိုက်ရသည်။ လင်ဝူယွီသည် သူ့ရှေ့မှ ကြာဆံကြော်ပန်းကန်ကို မျက်နှာချင်းဆိုင်ဘက်သို့ တွန်းလိုက်၏။

“ဆောရီးပါ… လူရှိတယ်”

တင်းကျိက မျက်နှာထက် လက်ကို ကွေးကာ အုပ်လျက် မှန်ပေါ် ကပ်လိုက်ပြီး အထဲဘက်သို့ ကြည့်လိုက်သည်။

“ဝင်လာခဲ့လေ”

လင်ဝူယွီက သူ့အရှေ့မှ ခုံကို လက်ညှိုးထိုးပြသည်။

“ဘာကြည့်နေတာလဲ”

*

ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။

နေရာ အပြောင်းအရွှေ့နဲ့ နေသားမကျသေးတာရယ်၊ ဝိုင်ဖိုင်ကလဲ အခုထိ မရသေးတာရယ်နဲ့ နည်းနည်းကြာသွားပါတယ်။ သွေ့ပုချိယား။

Arc နဲ့ ပြောရမယ်ဆို လာမဲ့ Arc ကတော့ လျှပ်စစ်မီးဖိုအတွက် ဘတ်စကတ်ဘော ပြိုင်ခန်းဖြစ်ပြီး အဲနောက်က Arc ကတော့ ဖရဲသီးသည်လေး တင်းကျိ ပဲဖြစ်ပါတယ်။

Hoverboard

_________________________________


|| Zawgyi  ||


အပိုင္း ၆ - က်န္းမာတဲ့လက္ရဲ႕ အေရာင္က အေရာင္မညီဘူး။ လက္ဖဝါးက ပိုေဖ်ာ့ၿပီး အရင္းပိုင္းေတြက ပိုထင္းတယ္။


တင္းက်ိက ဆိတ္ဆိတ္သာ။ သူ႕ႏွလုံးခုန္ႏႈန္းကေတာ့ ႐ုတ္ျခည္း လြဲေခ်ာ္ကုန္ၾကသည္။

သူသည္ ပုံမွန္အားျဖင့္ သူစိမ္းတို႔ကို အၾကည့္တစ္ခ်က္ျဖင့္ပင္ ဖတ္နိုင္ၿပီး သူတို႔၏ “ႏွလုံးခုန္ႏႈန္း” တို႔ကို အာ႐ုံခံနိုင္သည္။ ယေန႕တြင္ေတာ့ သူသည္ ႐ုတ္တရက္ သူစိမ္းတစ္ေယာက္ထံ၌ အၾကည့္တစ္ခ်က္တည္းျဖင့္ အဖတ္ခံလိုက္ရသည္။ အတိအက်ဆိဳရပါလွ်င္ လင္ဝူယြီသည္ကား သူစိမ္းတစ္ေယာက္သာ။

ဟုတ္တယ္။

ဒါေပမဲ့ မင္း ဘယ္လိုသိတာလဲ။

တကယ္ ငါ့ကို အရွက္ခြဲေနတာပဲ။

“အဲဒီ “ကေလးပါရမီရွင္” ဆိုတဲ့ စကားလုံးႏွစ္လုံးအေပၚမွာ ျခစ္ထားတာ ေတြ႕လို႔”

လင္ဝူယြီက ေျပာလိုက္သည္။

“မဟုတ္ပါဘူး။ ဒီတိုင္း ငါ ငယ္ငယ္တုန္းက အရမ္းမဆင္မျခင္နိုင္ၿပီး ေထာင္လႊားေျမာက္ႂကြလြန္းခဲ့မွန္း သေဘာေပါက္သြားလို႔”

တင္းက်ိက ဝန္မခံ။

“ဪ”

လင္ဝူယြီက ၿပဳံးလ်က္သာ ဆက္မေမးလိုက္ေတာ့ဘဲ လွည့္ကာ ေရွ႕မွ ဆက္ေလွ်ာက္သြား၏။

ႏႈတ္ခမ္းေထာင့္စြန္းေပၚမွ ထိုအၿပဳံး၏ပုံစံအရ လင္ဝူယြီသည္ ထိုျငင္းဆန္မႈကို မယုံၾကည္ေၾကာင္း တင္းက်ိ အတပ္သိသည္။ သူ႕ျငင္းဆန္မႈက လင္ဝူယြီအား အေျဖကို အတိုင္းအတာတစ္ခုထိ ပို၍ပင္ ေသခ်ာသြားေစေလာက္သည္။

“အဲစာအုပ္က မင္း သိမ္းထားတာ ၁၀ ႏွစ္ေလာက္ ရွိၿပီမလား”

လင္ဝူယြီက လမ္းေလွ်ာက္ရင္း ေမးလာသည္။

“အင္း”

တင္းက်ိက အင္းသံတစ္ခ်က္ျဖင့္ တုံ႕ျပန္လိုက္သည္။

“မိသားစုအေမြအႏွစ္လုပ္မလို႔ စဥ္းစားထားတာ”

“ဘာလို႔ အဲေလာက္ထိ ပ်ာပ်ာသလဲေတြ ျဖစ္ၿပီး ေပ်ာက္မွာ ေၾကာက္ေနတာလဲ”

လင္ဝူယြီက ေမးသည္။

“အဲစာအုပ္ထဲက အေၾကာင္းအရာေတြအကုန္လုံး ထုံးလိုေခ်၊ ေရလိုေႏွာက္ မွတ္မိေနၿပီးသားပဲ မဟုတ္ဘူးလား”

“မမွတ္မိဘူး”

တင္းက်ိက ေျပာလိုက္သည္။

“ေန႕တိုင္း ျပန္ျပန္ဖတ္ေနရတာ”

“အဲေလာက္ႀကီးက်”

လင္ဝူယြီက ရယ္၏။

“ငါေတာ့ ႏွစ္ရက္ေလာက္ဆိုရင္ေတာင္ မွတ္မိဖို႔ လုံေလာက္ၿပီထင္တာပဲ”

“ေလက်ယ္ခ်က္ႀကီးက။ ငါ မင္းအတြက္ လွ်ို႔ဝွက္ထားေပးပါမယ္”

တင္းက်ိက သာမန္ကာလွ်ံကာပင္ ေျပာလိုက္သည္။

“က်န္းမာတဲ့လက္ရဲ႕ အေရာင္က အေရာင္မညီဘူး။ လက္ဖဝါးက ပိုေဖ်ာ့ၿပီး အရင္းပိုင္းေတြက ပိုထင္းတယ္။”

လင္ဝူယြီက သူ႕ဘက္ လွည့္ၾကည့္လာကာ ဆို၏။

“မျပတ္သားတဲ့သူေတြက ပုံမွန္အားျဖင့္ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ဖို႔ ခက္ခဲတတ္ၾကတယ္။ လက္သီးဆုပ္တဲ့အခါမွာလဲ လက္မကို လက္ဖဝါးထဲ ဖြက္ၿပီး ဆုပ္တတ္ၾကတယ္”

တင္းက်ိကလည္း သူ႕ကို ၾကည့္လိုက္သည္။

“အဲစာေၾကာင္းရဲ႕ေဘးမွာ ‘မေသခ်ာ၊ စိတ္ခံစားမႈ မလုံၿခဳံတာလဲ ျဖစ္နိုင္’ လို႔ ေရးထားတယ္”

လင္ဝူယြီ၏ မ်က္ႏွာေပၚမွ အၿပဳံးက ျပယ္လြင့္သြားခဲ့ၿပီး သူ႕အမူအရာက ေလးနက္လာခဲ့သည္။

“မူလတန္းေက်ာင္းသားက ဒါေတြ သိတယ္တဲ့။ အေတာ္ေလး အထင္ႀကီးစရာပဲ။ မင္း ဘာစာအုပ္ေတြ ဖတ္ေလ့ရွိလဲ”

“ငါ့လခြမ္း!”

တင္းက်ိက ဆို၏။

“အလ်ားလိုက္ျမင့္တက္ေနတဲ့ အခုံးေတြက က်န္းမာေရး အေျခအေနတစ္ခုေၾကာင့္ လက္သည္းႀကီးထြားမႈ ယာယီရပ္တန႔္ေနေၾကာင္း ၫႊန္‌ျပေနတယ္။”

လင္ဝူယြီက ၿပဳံးလိုက္သည္။

“အဲဒါေတြ အကုန္လုံးက မင္း မ်ဥ္းသားထားတဲ့ စာေတြ”

“လက္ခုပ္တီးေပးရအုံးမလား”

တင္းက်ိက ေမးလိုက္သည္။

“ရသားပဲ”

လင္ဝူယြီက ေခါင္းညိတ္၏။

“ႀကီးထြားမႈ ရပ္တန႔္ ရဲ႕ေနာက္မွာ မ်ဥ္းသားထားတာမရွိေတာ့ဘူး”

တင္းက်ိက ေျပာလိုက္သည္။

“ငါ ေျပာလိုက္ရင္”

လင္ဝူယြီက ေျပာလာ၏။

“မင္း ခ်က္ခ်င္း အတည္ျပဳေပးလို႔ရလား”

“... မရဘူး”

တင္းက်ိက ေျပာလိုက္သည္။

“ငါက အၾကမ္းဖ်င္းေလာက္ပဲ မွတ္မိတာ”

“အၾကမ္းဖ်င္းဆိုလဲ ရတယ္။ ငါလဲ အၾကမ္းဖ်င္းေလာက္ပဲ မွတ္မိတာ”

လင္ဝူယြီက လည္ေခ်ာင္းရွင္းလိုက္ၿပီး ျပန္လွည့္ကာ ေရွ႕သို႔ ဆက္ေလွ်ာက္သြားသည္။

“အခုံးက လက္သည္းထိပ္ထိ ေရာက္သြားရင္ ေနမေကာင္းျဖစ္ေနၿပီ။ အခုံးက လက္သည္းရဲ႕ေအာက္ေျခကေန လက္သည္းထိပ္ထိ ရွည္လာဖို႔က ၆ လေလာက္ၾကာတယ္။ အဲလိုျဖစ္လာၿပီဆိုရင္ေတာ့ က်န္းမာေရးအေျခအေနကို အထူးဂ႐ုစိုက္သင့္ၿပီ။”

လင္ဝူယြီက စကားဆက္ေျပာေနခဲ့ၿပီး တင္းက်ိက ဆက္နားမေထာင္လိုက္ေတာ့ေပ။ ယခုအခိုက္အတန႔္၌ လင္ဝူယြီကို ေလးစားမိသည္ကိုေတာ့ ဝန္မခံခ်င္လည္း ဝန္ခံရေပမည္။

ဤသည္မွာကား အက်မ္းဖ်င္းမဟုတ္ပါေခ်။ သူက အၾကမ္းဖ်င္းအေၾကာင္းအရာကိုသာ မွတ္မိသည္ဟု ဆိုသည့္တိုင္ေအာင္ လင္ဝူယြီေျပာသြားခဲ့သည္တို႔က ၏၊ သည္မေ႐ြ႕ အတိအက်မွန္ကန္ေၾကာင္း သူသိသည္။

လင္ဝူယြီအေနႏွင့္ သူ၏ တစ္ခါျမင္ တစ္သက္မေမ့ေသာမွတ္ဉာဏ္ပါရမီကို ႂကြားလုံးထုတ္ရန္ ႀကိဳတင္ျပင္ဆင္ထားခဲ့လွ်င္ပင္ အားလုံးက ‌တကၠသိုလ္ဝင္ခြင့္စာေမးပြဲက တျဖည္းျဖည္းနီးကပ္လာေနၿပီဟု ခံစားေနရေသာ ဤအခ်ိန္အခါ၌ သူက ထိုကဲ့သို႔ ပ်င္းစရာေကာင္းကာ အားစိုက္ထုတ္ရေသာ ကိစၥမ်ိဳးကို အဘယ္အေၾကာင္းေၾကာင့္မ်ား ႀကိဳတင္လုပ္ရသလဲဆိုသည္ကို ထားဦးေတာ့၊ အခ်ိန္တိုေလးအတြင္း၌ အေၾကာင္းအရာတို႔ကို ၏၊ သည္မေ႐ြ႕မွတ္ေနနိုင္သည္ကပင္လွ်င္ အေတာ္ေလးအထင္ႀကီးစရာေကာင္းလွၿပီျဖစ္၏။

ဆိုေသာ္လည္း ပ်င္းစရာႀကီးပါပင္။

ဆိုရပါလွ်င္လည္း သူသည္ အလြတ္႐ြတ္ဆိုျပမည္ကိုလည္း ႀကိဳမသိခဲ့သကဲ့သို႔ မည္သည့္အပိုင္းကို အလြတ္႐ြတ္ျပရမည္ကိုလည္း မသိခဲ့ပါ။

သူတို႔ အေဆာင္ဂိတ္ဝသို႔ ေရာက္ေတာ့ တင္းက်ိက ေျခလွမ္းတို႔ကို ေႏွးလိုက္သည္။ အေဆာင္မႉးတို႔မည္သည္ အင္မတန္အံ့ဖြယ္ေကာင္းသည့္ မ်က္ႏွာကို မွတ္မိနိုင္စြမ္းရွိၾက၏။ အနည္းဆုံးအေနႏွင့္ သူတို႔ေက်ာင္းမွ ေက်ာင္းသားဟုတ္၏၊ မဟုတ္၏ကို ခြဲျခားနိုင္သည္။

“ငါ ဒီမွာပဲ ေစာင့္ေန…”

တင္းက်ိက စကားပင္ မဆုံးေသး၊ လင္ဝူယြီက သူ႕လက္ေကာက္ဝတ္ကို ဆြဲကိုင္၍ ေရွ႕သို႔ ဆြဲေခၚသြားခဲ့ေလ၏။

တင္းက်ိမွာ ယက္ကန္ယက္ကန္ႏွင့္ အေဆာင္တံခါးထဲသို႔ ဆြဲေခၚသြားျခင္းခံလိုက္ရသည္။ သူမွာ တည့္တည့္မတ္မတ္ပင္ မရပ္လိုက္ရေသးမီ လင္ဝူယြီက သူ႕ေခါင္းေနာက္ကို လက္ျဖင့္ ဖိလိုက္၏။

“ေျပး”

“ဖာ့ခ္”

တင္းက်ိက အံႀကိတ္ကာ စကားတစ္ခြန္းဆိုလိုက္ၿပီးေနာက္ ခါးကို ငုံ႕ကိုင္းလ်က္ သူ႕ေနာက္မွ လိုက္ကာ ႏွစ္ေယာက္အတူ လုံၿခဳံေရးကင္းတဲ၏ ျပတင္းေပါက္ေအာက္မွ ေလွကားဆီသို႔ တစ္ဟုန္ထိုး ေျပးသြားခဲ့ၾကသည္။

“ငါတို႔ အေဆာင္ထဲကို အျပင္လူေခၚခြင့္မရွိဘူး”

လင္ဝူယြီက ပထမထပ္သို႔ေရာက္ေတာ့ ရပ္လိုက္သည္။

“ေဆာရီး”

“သာ့ေကာ! ငါ အျပင္‌မွာ ေစာင့္ေနမယ္လို႔ ေျပာတယ္ေလ”

တင္းက်ိမွာ ဆြံ႕အ။

“ငါ မဝင္ေတာ့ဘူး”

“ငါက မင္း အထဲဝင္ၿပီး ၾကည့္ခ်င္တယ္ ထင္လို႔”

လင္ဝူယြီက ဆို၏။

“ငါ ေယာက္်ားေလးအေဆာင္ထဲ ဝင္ၿပီး ဘာၾကည့္ရမွာလဲ”

တင္းက်ိက ေျပာလိုက္သည္။

“အိုး?”

လင္ဝူယြီက သူ႕ကို ၾကည့္လာသည္။

“မိန္းကေလးအေဆာင္လဲ စိတ္မဝင္စားဘူး”

တင္းက်ိက ခ်က္ခ်င္း စကားကို ဖာေထးလိုက္သည္။

“ဘယ္ေက်ာင္းအေဆာင္ကိုမွ စိတ္မဝင္စားဘူး”

အခန္းထဲ၌ မည္သူမွ မရွိေပ။ လင္ဝူယြီသည္ အိပ္ရာေခါင္းရင္းထက္မွ စာအုပ္ကို ယူလိုက္ၿပီး ဟိုဟိုသည္သည္ နည္းနည္းလွန္ေလွာလိုက္ကာ တင္းက်ိထံ ကမ္းေပးလိုက္သည္။

“မင္း ဒီစာအုပ္ကို ဘယ္တုန္းက ဝယ္ထားတာလဲ”

“မူလတန္း ပထမႏွစ္တုန္းက”

တင္းက်ိက စာအုပ္ကို ယူလိုက္ၿပီး အဖုံးကို ကိုင္လိုက္သည္။

“လမ္းေဘးစာအုပ္ဆိုင္က ဝယ္ခဲ့တာ”

“၁၉၈၈ ခုႏွစ္က ထုတ္ထားတဲ့ စာအုပ္”

လင္ဝူယြီက ေျပာလိုက္သည္။

“မူလတန္းေက်ာင္းသားတစ္ေယာက္က ဝယ္ခဲ့တယ္။ ၿပီးေတာ့ အဓိကအခ်က္က အဲစာအုပ္က အေရာင္းရွိေနေသးတုန္းပဲ”

“အရမ္း စိတ္ဝင္စားစရာေကာင္းတာ။ မင္း နားမလည္ပါဘူး”

တင္းက်ိက စာအုပ္ကို ေရွ႕ေနာက္လွန္ေလွာၾကည့္လိုက္သည္။ ရင္းႏွီးေနေသာခံစားမႈက သူ႕အား စိတ္ေအးသက္သာရာ ရသြားေစ၏။

“အခ်ိန္နဲ႕အမွ် တန္ဖိုးႀကီးလာတာ”

“ဟမ္?”

လင္ဝူယြီက နားမလည္။

“မူရင္းေဈး ဘယ္ေလာက္လဲ သိလား”

တင္းက်ိက ေမးလိုက္သည္။

“၂ ယြမ္နဲ႕ ၉ ဆင့္”

လင္ဝူယြီက ေျပာလိုက္သည္။

“... မင္း ဒါေတာင္ သိတာပဲလား”

တင္းက်ိက သက္ျပင္းခ်၏။

“ေပါက္ကရေတြေျပာေတာ့မယ္။ ငါက စာအုပ္ထုတ္တဲ့ ခုႏွစ္ကို ျမင္မွေတာ့ ေဘးက ေဈးကို မျမင္ဘဲ ေနမလား”

လင္ဝူယြီက စာေရးခုံကို မွီလိုက္သည္။

“အခု ၁၀ ဆေလာက္ တက္သြားၿပီ။ အေဟာင္းဆိုင္မွာေတာင္ အနိမ့္ဆုံးေဈးက ၂၉ ယြမ္”

တင္းက်ိက စာအုပ္ကို ပုတ္လိုက္၏။

လင္ဝူယြီက မည္သည့္စကားမွမဆိုဘဲ သူ႕ကိုသာ ၾကည့္ေနခဲ့သည္။

တင္းက်ိကလည္း သူ႕ကို ၾကည့္လိုက္သည္။

ခဏအၾကာ၍ မထိန္းနိုင္ဘဲ ရယ္လိုက္မိေတာ့၏။

“တန္းဖိုးမႀကီးလာဘူးလာေျပာ”

လင္ဝူယြီ၏ ႏႈတ္ခမ္းတို႔က အသာတြန႔္ခ်ိဳးသြားၾကသည္။

“ႀကီးလာတယ္”

လင္ဝူယြီက လက္မေထာင္ျပလိုက္၏။

“ရင္းႏွီးျမႇုပ္ႏွံမႈစိတ္ဓာတ္ရွိတယ္”

“ေက်းဇူး”

တင္းက်ိက စာအုပ္ကို ပုတ္လိုက္သည္။

“ျပန္ၿပီ”

“တကယ္လို႔…”

လင္ဝူယြီက ခဏမွ် ခ်ီတုံခ်တဳံျဖစ္ေနခဲ့သည္။

“ဒီစာအုပ္ကို ငါ့ကို ေနာက္ရက္နည္းနည္းေလာက္ ထပ္ငွားေပးလို႔ရမလား”

“ငွား?”

တင္းက်ိက သူ႕ကို ၾကည့္လိုက္သည္။

“မင္းပဲ စာအုပ္က အေတာ္ေလးစိတ္ဝင္စားစရာေကာင္းတယ္လို႔ ေျပာခဲ့တယ္မလား”

လင္ဝူယြီက ေျပာသည္။

“ဘယ္ေလာက္ထိေတာင္ စိတ္ဝင္စားစရာေကာင္းလဲ ၾကည့္ၾကည့္မလို႔”

“မင္းက စကားလုံးတိုင္းကို ၏၊ သည္မေ႐ြ႕ ႐ြတ္နိုင္ေနတာာပဲေလ”

တင္းက်ိက ဆို၏။

“အဲေလာက္ႀကီးထိ မဟုတ္ပါဘူး။ ငါက မင္း အကုန္မမွတ္မိနိုင္ဘူးလို႔ ေလာင္းလိုက္႐ုံတင္။ ဒါေပမဲ့ မွတ္ခ်က္ေရးထားတဲ့အပိုင္းေတြကိုေတာ့ ေသခ်ာေပါက္ မွတ္မိမွာပဲ။ အဲဒါေၾကာင့္ မွတ္ခ်က္ေရးထားတဲ့ေနရာနားက ေရွ႕စာမ်က္ႏွာနဲ႕ ေနာက္စာမ်က္ႏွာက အေၾကာင္းအရာေတြကိုပဲ ဖတ္လိုက္တာ”

လင္ဝူယြီက အေတာ္ေလးကို ရိုးရိုးသားသားႏွင့္။

သို႔ရာတြင္မူ တင္းက်ိက သူ႕စကားလုံးေ႐ြးခ်ယ္မႈကို သတိျပဳလိုက္မိသည္။

ဖတ္႐ုံသာ။ က်က္ျခင္းမဟုတ္။ ၿပီးလွ်င္ ေရွ႕စာမ်က္ႏွာႏွင့္ ေနာက္စာမ်က္ႏွာ ႏွစ္႐ြက္မွ်သာ။

ေပါက္ၿပီ။

သူသည္ စာအုပ္ကို ဖြင့္လိုက္ၿပီး သူ႕နာမည္ေရးထားေသာ စာမ်က္ႏွာကို လွန္ကာ စာ႐ြက္ေပၚမွ စကားလုံးတို႔ကို ထိုးျပလိုက္သည္။

“အဲေတာ့ မင္း ဒါကို မမွတ္မိဘူးေပါ့?”

“ဒီမွာ ေရးထားတယ္”

တင္းက်ိက ေျပာလိုက္သည္။

“မ ငွား/ေပး ပါ”

တင္းက်ိက စာအုပ္ကို ယူကာ အေဆာင္ထဲမွ ေခါင္းေမာ့ရင္ေကာ့၍ ထြက္သြားခဲ့ေလ၏။

“ငါ မင္းကို အျပင္လိုက္ပို႔ေပးမယ္”

လင္ဝူယြီက ေနာက္မွ လိုက္လာသည္။

“အရမ္းေတြ ယဥ္ေက်းေနစရာမလိုပါဘူး”

တင္းက်ိက ေျပာလိုက္သည္။

ေလွကားမွ တက္လာေသာ လူတစ္ေယာက္က တင္းက်ိကို ျမင္ေတာ့ ႐ုတ္ျခည္း ေတာင့္သြားခဲ့၏။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသကဲ့သို႔ သူ႕ေနာက္သို႔ လွည့္ၾကည့္ကာ ေျပာလိုက္သည္။

“မင္းသူငယ္ခ်င္းလား”

“အင္း”

လင္ဝူယြီက အေနာက္မွ ျပန္ေျဖလိုက္သည္။
ထိုလူက မည္သို႔မွ ထပ္မဆိုလိုက္ေတာ့ဘဲ တင္းက်ိကို ၿပဳံးလ်က္ ေခါင္းညိတ္ျပကာ ေဘးအခန္းထဲသို႔ ဝင္သြားခဲ့၏။

အဘယ္ေၾကာင့္ရယ္မသိ၊ ႐ုတ္တရက္ ႐ႊီထ်န္းေပၚ ေပၚလာခဲ့မႈက လင္ဝူယြီကို အနည္းငယ္အေနခက္သည့္ခံစားခ်က္မ်ိဳး ခံစားမိေစသည္။

႐ႊီထ်န္းေပၚက တစ္ခုခုကို အထင္လြဲသြားေၾကာင္း သူခံစားမိသည္။ သို႔ေသာ္လည္း သူ႕မွာ ရွင္းျပစရာ အေၾကာင္းျပခ်က္ကား ရွိမေန။ ၿပီးလွ်င္ မည္သည့္အေၾကာင္းကို ရွင္းျပရမည္ကိုလည္း မသိ။

အဘယ္အဓိပၸါယ္ေၾကာင့္မ်ား ရွင္းျပရပါမည္နည္း။

သူသည္ အဓိပၸါယ္မရွိသည့္အရာတို႔ကို လုပ္ရန္ စိတ္မဝင္စားေပ။

သို႔ေသာ္…

“ငါ ဘာလို႔ အဲလူကို ရင္းႏွီးေနသလို ခံစားေနရတာလဲ”

တင္းက်ိက ေလွကားမွ ေအာက္သို႔ ဆင္းလာရင္း ေျပာလိုက္သည္။

ဘာလို႔ဆို မင္းတို႔ႏွစ္ေယာက္က ႐ုပ္ဆင္ေနလို႔ေလ… ကေလးပါရမီရွင္ေလးရဲ႕။ ဒါေလးေတာင္ မသိဘူးလား။

လင္ဝူယြီက စကားတစ္ခြန္းမဆိုဘဲ ေနာက္မွ လိုက္လာသည္။

“အာ”

တင္းက်ိက လက္ကို ျမႇောက္၍ လက္ညွိုး ေထာင္လိုက္၏။

“ငါ့ထန္းေကာ*နဲ႕ နည္းနည္းဆင္တယ္”

… ေကာင္းကြာ

အေတာ္ေလး ဉာဏ္ရည္ထက္ျမက္သူတစ္ဦးႏွင့္ တူေသာ္ျငားလည္း IQ က offline အျဖစ္ျမန္လြန္းပုံကား မထင္မွတ္စရာပါပင္။

“ဟုတ္လား”

လင္ဝူယြီက ေျပာလိုက္သည္။

*

“ဟုတ္လား၊ မဟုတ္ဘူးလား ဒီရိုးရိုးရွင္းရွင္းေမးခြန္းေလးေတာင္ မေျဖနိုင္ဘူးလား”

အေဖက အခန္းတံခါးေရွ႕တြင္ ရပ္ေနသည္။

“အေဖေပးတဲ့ ေ႐ြးခ်ယ္စရာက အရမ္းရိုးရိုးရွင္းရွင္းပါပဲ”

တင္းက်ိက ေနာက္သို႔ မလွည့္ဘဲ ခုံေပၚ မွီထိုင္လိုက္ကာ ေခါင္းကိုသာ ေနာက္သို႔လွည့္လိုက္သည္။

“ဒါေပမဲ့ ေမးခြန္းကေတာ့ လုံးဝရိုးရွင္းမေနဘူးေလ”

“ဒီေမးခြန္းက အဲေလာက္ေတာင္ ရႈပ္ေထြးေနလို႔လား။ မင္း တကၠသိုလ္ဝင္ခြင့္စာေမးပြဲကို ‌လက္ေလွ်ာ့လိုက္ဖို႔ စဥ္းစားေနတာလား”

အေဖက ဆိုသည္။

“မင္းက မင္းဘဝရဲ႕ အဆင့္အတန္းကို မင္းလက္နဲ႕မင္း ဆြဲခ်ေနတာပဲ”

“အေဖက ဘာလို႔ ဘဝကို ၃ဆင့္၊ ၆ဆင့္၊ ၉ ဆင့္ေတြ အမ်ိဳးမ်ိဳး ခြဲျခားသတ္မွတ္ေနရတာလဲ”

တင္းက်ိက ေမးလိုက္၏။

“ၿပီးေတာ့ ဘာလို႔ အေဖသတ္မွတ္ထားတဲ့ အဆင့္အတန္းသတ္မွတ္ခ်က္အတိုင္းေနရမွာလဲ။ ကြၽန္ေတာ့္ကိုယ္ပိုင္ အဆင့္အတန္းသတ္မွတ္ခ်က္အတိုင္း ေနလို႔မရဘူးလား”

“ငါ့ကို အာလာမခံနဲ႕”

အေဖက ‌ဆို၏။

“မင္းအေမနဲ႕ ငါနဲ႕သာ မင္းေကာင္းဖို႔အတြက္ အေလးမထားရင္ ဒီလိုမ်ိဳး ေန႕တိုင္း မင္းနဲ႕ တက်က္က်က္ျဖစ္ေနစရာအေၾကာင္းမရွိဘူး”

“တကယ္ပဲ ကြၽန္ေတာ္ေကာင္းဖို႔အတြက္သာဆိုရင္ အေဖတို႔ ကြၽန္ေတာ့္ေနရာက စဥ္းစားေပးလို႔ ရမလား”

တင္းက်ိက ေဒါသတႀကီး ထရပ္လိုက္ၿပီး သူ႕ကို လွည့္ၾကည့္လိုက္သည္။

“အေဖတို႔ ကြၽန္ေတာ့္ကို ဘယ္ေလာက္ခ်စ္လဲ။ ကြၽန္ေတာ္ကေရာ အေဖတို႔ကို ဘယ္ေလာက္ခ်စ္လဲ။ ႏွစ္ေယာက္လုံး ပညာတက္ႀကီးေတြပဲ။ စိတ္ပညာကို နားမလည္ရင္လဲ စာဖတ္လို႔ရေနတာပဲ။ ကြၽန္ေတာ့္မွာ အပုံလိုက္ရွိတယ္”

အေဖက သူ႕ကို စကားမဆိုဘဲ ၾကည့္ေနခဲ့သည္။

“အလယ္တန္းမတက္ခင္က ေဖေဖ၊ ေဖေမ ဆိုတာ ကြၽန္ေတာ့္အတြက္ အမည္ခံသက္သက္ပဲ”

တင္းက်ိက ေျပာသည္။

“ကြၽန္ေတာ့္အတြက္ ဘာမွမဟုတ္တဲ့ နာမည္တစ္ခုသက္သက္ပဲ။ အေဖတို႔အတြက္လဲ အတူတူပဲ။ ကြၽန္ေတာ္၊ တင္းက်ိ၊ အေဖတို႔သား။ ကေလးပါရမီရွင္လို႔ ေျပာၾကတယ္။ တစ္ႏွစ္သားအ႐ြယ္မွာ စာဖတ္တတ္ေနၿပီ။ သုံးႏွစ္အ႐ြယ္မွာ ကဗ်ာေတြ စပ္တတ္ေနၿပီ။ ပထမႏွစ္မွာတင္ “သုံးျပည္ေထာင္” ကို ၾကည့္ေနၿပီ။ သူ မလုပ္နိုင္ဘူးဆိုတာ မရွိဘူး။ သူ မသင္ရေသးတာပဲ ရွိတယ္”

“မဟုတ္…”

အေဖက မ်က္ေမွာင္ၾကဳတ္သည္။

“အဲေလာက္ႀကီးထိႀကီးေတာ့ မဟုတ္မွန္း သိပါတယ္။ ကြၽန္ေတာ္က အေဖတို႔ ကြၽန္ေတာ့္အေပၚထားတဲ့ အထင္အျမင္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကို အက်ဥ္းခ်ဳံ႕ျပတာ”

တင္းက်ိက သူ႕လက္ကို ေဝ့ယမ္းလိုက္သည္။

“ဒါေပမဲ့ ျပန္ရတာက က်ေတာ့ေရာ? အိုက္ရား… ကေလးပါရမီရွင္က တစ္တန္းလုံးရဲ႕ ထိပ္တန္း ၅ ေယာက္ထဲပဲ ဝင္တာတဲ့လား။ တစ္ခါတစ္ေလက်ရင္ ထိပ္တန္း ၁၀ ေယာက္ထဲပဲတဲ့လား။ အၿမဲတမ္း ဒုတိယသမားကို နင္းခ်ထားၿပီ ပထမေနရာပဲ ရသင့္တာ မဟုတ္ဘူးလား”

“ပါးစပ္ပိတ္ထား!”

အေဖက သူ႕ကို လက္ညိုးတထိုးထိုးႏွင့္။

“ႏွစ္ဖက္လုံး ေတာ္လိုက္ၾကရေအာင္”

တင္းက်ိက ေျပာလိုက္သည္။

“ကြၽန္ေတာ္ စကားမမ်ားခ်င္ဘူး။ ကြၽန္ေတာ္ အေဖတို႔ ျပန္မလာခဲ့တဲ့အတြက္လဲ အျပစ္မတင္ပါဘူး။ တကယ္”

အေဖက သက္ျပင္းရွည္ႀကီးတစ္ခ်က္ကို ခ်လိဳက္သည္။ တစ္ခုခုကို ဆက္ေျပာ‌ခ်င္ေနေသးသည့္ဟန္။

သို႔ေသာ္လည္း တင္းက်ိက သူ႕ကို အခြင့္မေပးခဲ့ေပ။ အေဖအေနႏွင့္ နယ္ပယ္‌မ်ားစြာတို႔၌ ကြၽမ္းက်င္ႏွံ႕စပ္မႈရွိေသာ္လည္း သူသည္ အျခားသူမ်ားႏွင့္ အေခ်အတင္စကားမမ်ားတတ္သကဲ့သို႔ မတိုက္ခိုက္ဘဲႏွင့္လည္း အနိုင္ယူလိုစိတ္မရွိေပ။

ထို႔ေၾကာင့္ သူက ထရပ္လိုက္ၿပီး တံခါးဘက္သို႔ ေလွ်ာက္သြားကာ မ်က္ႏွာနား ဒုန္းခနဲအသံျမည္ေအာင္ ပိတ္ခ်လိဳက္သည္။

“ဆယ္ႏွစ္ေက်ာ္ေလာက္ ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေပးမဲ့သူ မရွိခဲ့ဘူး။ ကိုယ့္အတြက္ အရာအားလုံးကို ကိုယ့္ဘာသာပဲ ဆုံးျဖတ္တတ္တဲ့ အက်င့္ျဖစ္လာခဲ့တယ္။ ကေလးေတြကို သြန္သင္ဆုံးမတယ္ဆိုတာက ငယ္တဲ့အ႐ြယ္ကတည္းက စရတယ္။ ဒီအခြင့္အေရးကို လက္လြတ္လိုက္ရတာနဲ႕ ေနာက္တစ္ခါျပန္ရဖို႔ဆိုတာ မလြယ္ေတာ့ဘူး”

ႏွစ္မိနစ္မွ် ေစာင့္ၿပီးေနာက္ တင္းက်ိသည္ တံခါးကို ထပ္ဖြင့္လိုက္ၿပီး အျပင္ဘက္သို႔ ၾကည့္လိုက္သည္။ ဧည့္ခန္းထဲ၌ မည္သူမွ မရွိလိုက္ေတာ့ေပ။ အေဖႏွင့္ အေမက သူတို႔အခန္းသို႔ ျပန္သြားၾကေလၿပီ။

သူစာလုပ္ျခင္းကို အေႏွာင့္အယွက္မျဖစ္ေစရန္  သူ အိမ္၌ ရွိသည့္အခ်ိန္တိုင္း ဧည့္ခန္းထဲမွ တီဗီကို ေသခ်ာေပါက္ ဖြင့္လိမ့္မည္မဟုတ္။

သူ၏ အစစ္အမွန္လုပ္နိုင္စြမ္းေဘာင္ထက္ ေက်ာ္လြန္ေနေသာ ဤမျမင္နိုင္သည့္ ဖိအားႏွင့္ ေမွ်ာ္လင့္ခ်က္တို႔က သူ႕အား မြန္းက်ပ္ေစသည္။

သူ႕စာေရးခုံသို႔ ျပန္လာခဲ့ၿပီးေနာက္ တင္းက်ိသည္ ခဏမွ် အၾကည့္ဗလာတို႔ႏွင့္ စူးစိုက္ၾကည့္ေနခဲ့သည္။ ၿပီးေနာက္ သူ႕စိတ္ခံစားခ်က္တို႔ကို ျပန္လည္စုစည္း၍ အိမ္စာစလုပ္လိုက္၏။

သူသည္ အထူးတလည္ စာႀကိဳးစားေသာသူမဟုတ္ေပ။ သို႔ေသာ္ အဓိကႏွင့္ သာမညကို မခြဲျခားနိုင္ေသာသူလည္း မဟုတ္ပါေခ်။ စာလုပ္ရမည့္အခ်ိန္၌ သူ႕ကိုယ္သူ တြန္းအားေပးသည္။ သူသည္ စစ္ေဆးမႈ‌အေသးစားေလးမ်ား၌ အားစိုက္ထုတ္မႈ မရွိလွ်င္ မရွိမည္။ သို႔ေသာ္ တကယ့္စာေမးပြဲႀကီးမ်ားတြင္ေတာ့ သူသည္ ႀကိဳးစားပမ္းစားစာလုပ္သည္။ တကၠသိုလ္ဝင္ခြင့္စာေမးပြဲအတြက္လည္း သူသည္ စြမ္းအားကုန္ႀကိဳးစားမည္ျဖစ္သည္။

သူက ဤ တစ္ခ်ိန္လုံး မနားတမ္း မ်က္လုံးေဒါက္ေထာက္ၾကည့္ေနျခင္းကို မလိုအပ္ျခင္းသာ။ သူသည္ လြတ္လြတ္လပ္လပ္ေနခဲ့ရျခင္းေၾကာင့္ ျဖစ္မည္ထင္သည္။ သူ႕ေကာင္းက်ိဳးအတြက္ဆိုလွ်င္ပင္ေတာင္မွ သူသည္ သူ႕အရွိန္အတိုင္းသာ သူသြားခ်င္သည္။

မေစာင့္ၾကည့္ေနနဲ႕။ ဆက္ၾကည့္ေနရင္ က်တာကိုပဲ ျမင္ရလိမ့္မယ္။

အကယ္၍ သူ႕ေနရာ၌ အေတာ္ပင္ တည္ၿငိမ္ကာ ကိုယ္ပိုင္စည္းကမ္းရွိၿပီး ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအျပည့္ရွိသည့္ လင္ဝူယြီႏွင့္သာ လွဲ‌ေပးလိုက္ပါက မိဘတို႔ အင္မတန္ ေပ်ာ္႐ႊင္ရေပလိမ့္မည္။

… ဒါေပမဲ့လဲ မေသခ်ာပါဘူး။ တကယ္တမ္း အခုအခ်ိန္မွာ လကၡဏာေဗဒ၏ ဆန္းၾကယ္မႈကို က်က္ေနေသးတုန္းဆိုေတာ့

အာ… က်က္တာ မဟုတ္ဘူး။ ဒီတိုင္း ဖတ္တာ။

ဖုန္းက အသံျမည္လာခဲ့သည္။ စာဝင္လာျခင္းပင္။

တင္းက်ိက မဖတ္။ သူသည္ စာစလုပ္ၿပီဆိုသည္ႏွင့္ တတ္နိုင္သမွ် စိတ္မပ်ံ့ေစရန္ ႀကိဳးစားသည္။ သူ႕စိတ္က ကမာၻပတ္ေနလွ်င္ပင္ သူ႕ေဘာပင္ကေတာ့ ေမးခြန္းျဖစ္ေနရမည္။ အကယ္၍ သူသာ ရပ္လိုက္ပါက သူ႕အေနႏွင့္ ျပန္စရန္ အင္မတန္ပ်င္းသြားမည္ျဖစ္၏။

– အတည္ျပဳေပးလို႔ ရမလား။ သူ အခု ဘယ္လိုပုံစံမ်ိဳးရွိမလဲေတာင္ မသိဘူး။

– မေသခ်ာလို႔ေလ။ အဲဒါေၾကာင့္ နင့္ကို လာေမးေနတာေပါ့။ သူ ဒီၿမိဳ႕ထဲမွာ ရွိေရာ ရွိေနနိုင္အုံးပါ့မလား။ ဒါမွမဟုတ္ တကယ္လို႔ သူ တျခားတစ္ေနရာရာကို ထြက္သြားခဲ့ရင္ေရာ ဒီ‌တေလာ သူ႕ကို ဒီကို ျပန္လာနိုင္ေစမဲ့ ထူးထူးျခားျခားရက္တစ္ခုခုမ်ား ရွိလား။

လင္ဝူယြီသည္ ဖုန္းထဲမွ စာတို႔ကို စိုက္ၾကည့္ေနခဲ့သည္။ သူ႕လက္ေခ်ာင္းတို႔က စခရင္ထက္၌ ခိုနားေနသည္။ စခရင္မည္းသြားသည့္တိုင္ မေ႐ႊ႕သြားခဲ့။

သူသည္ ထိုေမးခြန္းတစ္ခုကိုမွ မေျဖနိုင္သကဲ့သို႔ ခန႔္ပင္ မခန႔္မွန္းနိုင္ပါေခ်။

သို႔တည္းမဟုတ္ သူက “မင္းအစ္ကို” ဆိုသည္ႏွင့္ ပတ္သတ္သည့္ အေၾကာင္းအရာမွန္သမွ်ကို မေတြးမိေအာင္ ေရွာင္ေနခဲ့၍ ျဖစ္ေလာက္မည္။ အခ်ိန္အမ်ားစု၌ ထိုလူသည္ စိစစ္သ႐ုပ္ခြဲရန္ မဆိုထားႏွင့္၊ ဟိုးအေဝးမွ တမင္စည္းပိတ္ထားေသာ မွတ္ဉာဏ္တို႔ထဲ၌သာ တည္ရွိေနခဲ့သည္။

– နင္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေျဖရေတာ့မွာမို႔လို႔မ်ားလား

ဖုန္းထဲသို႔ ကုန္းလန္ထံမွ ေနာက္ထပ္စာတစ္ေစာင္ဝင္လာခဲ့သည္။

လင္ဝူယြီသည္ ခဏမွ် စဥ္းစားေနခဲ့ၿပီးေနာက္ စခရင္ကို ႀကိမ္ေရအနည္းငယ္ ႏွိပ္လိုက္သည္။

– ငါတို႔ၾကားထဲ အဲလို နက္ရွိုင္းတဲ့ ညီအစ္ကိုဆက္ဆံေရးမ်ိဳး မရွိေလာက္ဘူးထင္တာပဲ

– အဲတုန္းက နင္က အရမ္းငယ္ေသးတာကို။ သူ နင့္ကို တကယ္ ဂ႐ုစိုက္ပါတယ္

– ငါ မနက္ျဖန္ တစ္ရက္လုံး သြားထိုင္ေစာင့္ေနမွာ။ သူနဲ႕ ဆုံလို ဆုံျငား

– … ငါ့ဘာသာပဲ သြားလိုက္မယ္။ နင္ စာမလုပ္ေတာ့ဘူးလား

– ငါက စာလုပ္ဖို႔ အခ်ိန္ေတြ ေနရာေတြ မလိုဘူး။ စိတ္ေပၚပဲ မူတည္တယ္

– တကယ္ အရိုက္ခံဖို႔ ေတာင္းေနတာပဲ

လင္ဝူယြီက ၿပဳံးလိုက္ၿပီး Goodnight စေတကာတစ္ခုပို႔ကာ ဖုန္းကို ေဘးခ်လိဳက္သည္။

လြန္ခဲ့ေသာ ႏွစ္အနည္းငယ္အေတာအတြင္း၌ ကုန္းလန္သည္ လင္ဝူယြီအား သဲလြန္စမ်ားစြာ ေပးပို႔ခဲ့သည္။ သို႔ေသာ္ အကုန္လုံးက ယုံၾကည္စိတ္ခ်ရမႈႏႈန္း သုညပင္။ ဆိုရပါလွ်င္ သူ၏သဲလြန္စတို႔က ကိုယ္ပိုင္စိတ္ခံစားခ်က္တို႔ အလြန္ပင္ေရာေထြးေနၾကသည္။

သို႔သည့္တိုင္ လင္ဝူယြီသည္ သူ႕ကံကို စမ္းၾကည့္ခ်င္ေသးဆဲပင္။ သူ႕အေပၚထားရွိေသာ သူ႕မိဘတို႔၏ ေမွ်ာ္လင့္ခ်က္တို႔ႏွင့္ စိတ္ပ်က္မႈတို႔ကို တစ္ၿပိဳင္နက္တည္း ႏွိပ္ခ်လိဳက္နိုင္မည့္ ထိုခလုတ္ကို ရွာေဖြရန္ လိုအပ္သည္။

ၿပီးလွ်င္ ကုန္းလန္ေျပာေသာ ထိုေနရာက သိပ္မေဝးလွ။ စန္းက်ဳံးနားမွ Business Square ေလးတစ္ခုသာ ျဖစ္သည္။

သို႔ေသာ္ လူသြားလူလာ အလြန္မ်ားလွၿပီး အမွန္ဆိုလွ်င္ပင္ ဤလူအုပ္ႀကီးထဲ၌ လြန္ခဲ့ေသာဆယ္ႏွစ္မွ မ်က္ႏွာတစ္ခုကို ရွာေတြ႕နိုင္လိမ့္မည္ မဟုတ္။

အဓိကက ယင္းအခ်က္ပါပင္။

မနက္စာစားၿပီးေနာက္ လင္ဝူယြီသည္ Business Square သို႔ ေရာက္လာခဲ့ၿပီး ၃ နာရီခန႔္ ေလွ်ာက္ပတ္ၾကည့္ခဲ့ေသာ္လည္း အခ်ည္းႏွီးသာ။

ေျမာက္ျမားစြာေသာ ေဈးဆိုင္မ်ား၊ တစ္ခုႏွင့္တစ္ခု ဆက္ေနေသာ ေဈးတန္းမ်ား၊ ကား၊ စက္ဘီး၊ လွ်ပ္စစ္စကူတာမ်ားႏွင့္ အင္းဆက္မ်ားႏွယ္ ေျမေပၚ၌ ျပန႔္က်ဲစြာ သြားလာေနၾကေသာ လမ္းသြားလမ္းလာမ်ား။ တစ္ေယာက္ကို သဲသဲကြဲကြဲပင္ မျမင္ရေသး ေဘးမွတစ္ေယာက္ႏွင့္ ေရာကုန္ၾကေလၿပီ။

လင္ဝူယြီသည္ သူက တစ္စုံတစ္ေယာက္ကို ရွာရန္ ထြက္လာခဲ့ျခင္းမဟုတ္ဘဲ အျပင္ေလွ်ာက္ပတ္ၾကည့္ရန္ ဆင္ေျခတစ္ခု လိုအပ္ေနခဲ့႐ုံမွ်သာျဖစ္မည္ဟုပင္ ခံစားလိုက္ရ၏။

အနား၌ ၾကာဆံေၾကာ္ေရာင္းသည့္ ဆိုင္တစ္ဆိုင္ရွိသည္။ ဗိုက္ေပါက္ထြက္မတတ္ စားေကာင္းသည္။ သူဆိုလွ်င္ တစ္ခါတည္းႏွင့္ ပန္းကန္းအႀကီးႀကီး ၃ ပန္းကန္ဆက္တိုက္စားပစ္နိုင္၏။

ေစာေစာေရာက္လာသျဖင့္ တန္းစီရန္ မလိုအပ္လိုက္ေပ။

လင္ဝူယြီသည္ ၾကာဆံေၾကာ္ႏွစ္ပန္းကန္ကို သယ္လ်က္ ျပတင္းေပါက္နားမွ စားပြဲခုံေသးေသးေလးတစ္ခုံကို ရွာကာ ထိုင္လိုက္သည္။

ယခုအခ်ိန္၌ လာစားပါက ခုံလုရန္မလိုအပ္ေပ။

သူက စားရင္းႏွင့္ ျပတင္းေပါက္အျပင္ဘက္သို႔ပင္ လွမ္းလွမ္းေငးလိုက္ေသးသည္။

လူမ်ားကို ၾကည့္ရင္း၊ မ်က္ႏွာမ်ားကို ၾကည့္ရင္းႏွင့္ မေန႕ညက ေမးခြန္းပုစာၦတို႔က သူ႕အာ႐ုံထဲ ေျပးေနခဲ့သည္။ သူသည္ ယူလာခဲ့ေသာ စာအုပ္ေလးေပၚ ခ်ေရးလိုက္၏။ ‌မေန႕က အလြန္ပင္ပန္းကာ အိပ္ခ်င္လာသျဖင့္ ေမးခြန္းတို႔ကို တစ္ႀကိမ္တည္းသာ ၾကည့္ခဲ့မိလိုက္သည္။ ယခု သူ တြက္ရန္ အခ်ိန္ေကာင္းပင္။

သို႔ေသာ္လည္း ရံဖန္ရံခါဆိုသကဲ့သို႔ ေပ်ာက္ဆုံးေနေသာကေလးကို ဆယ္ႏွစ္ေက်ာ္ ရွာေဖြေနခဲ့ေသာ မိဘအေၾကာင္း ေတြးေတာရင္း သူ႕စိတ္တို႔က ပ်ံ့လြင့္သြားတတ္သည္။

ဘယ္လိုအခ်စ္မ်ိဳးမို႔လို႔၊ ဘယ္ေလာက္ထိနက္ရွိုင္းတဲ့ အခ်စ္မ်ိဳးမို႔လို႔၊ ဘယ္ေလာက္ထိေတာင္ “က်ိဳးေၾကာင္းဆင္ျခင္နိုင္စြမ္းမဲ့ေစတဲ့”  အခ်စ္မ်ိဳးမို႔လို႔ လူေတြကို ဒီေလာက္ထိ က်ားကုတ္က်ားခဲျဖစ္ေအာင္ လုပ္နိုင္ရတာလဲ။

သူ႕မိဘတို႔ကလည္း လိုက္ရွာေနၾကသည္ပါပင္။ သို႔ေသာ္လည္း တည္ၿငိမ္ေအးေဆးစြာပင္။ မည္သည့္ေမွ်ာ္လင့္ခ်က္မွလည္း မထား။

သူတို႔၏ သားႀကီးက အင္မတန္ထက္ျမက္သည္။ မထိခိုက္၊ မနာက်င္ရေစဘဲ ျပႆနာေပါင္းမ်ားစြာကို ေျဖရွင္းနိုင္သည္။  သူတို႔၏ သားႀကီးက အင္မတန္ထက္ျမက္သည္။ သူသာ ျပန္မလာလိုပါက သူ႕ကို မည္သူမွ ရွာေတြ႕လိမ့္မည္မဟုတ္။

လင္ဝူယြီက သက္ျပင္းခ်လိဳက္သည္။

ဤသို႔ႏွယ္ထက္ျမက္လွေသာ သားႀကီးကို အၾကားအျမင္ဆရာကူညီမွသာ ရေပလိမ့္မည္။

ဥပမာ အၾကားအျမင္ဆရာတင္း ကဲ့သို႔။

အၾကားအျမင္ဆရာတင္းအေၾကာင္း ေတြးမိေတာ့ လင္ဝူယြီသည္ ဖုန္းကို ေကာက္ကိုင္လိုက္သည္။

တင္းက်ိ စာအုပ္လာယူတုန္းက သူတို႔သည္ WeChat ၌ အခ်င္းခ်င္းအပ္ထားခဲ့ၾကေသာ္လည္း တစ္ခါမွ စကားမေျပာျဖစ္ခဲ့ၾကေပ။

တင္းက်ိ၏ WeChat ပရိုဖိုင္းပုံမွာ သူ႕ပုံပင္ျဖစ္သည္။ မ်က္ႏွာတည့္တည့္ပုံျဖစ္ၿပီး သူ႕႐ုပ္ရည္ႏွင့္ပတ္သတ္၍ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိပုံကို ျပသေန၏။

သို႔‌ေသာ္လည္း အမွန္ပင္ မဆိုးလွပါ။ ေလလြင့္ေၾကာင္အုပ္စု၏ သခင္ႀကီးတစ္ပါး ေအာ္ရာႏွင့္။

က်ီးေကာပဲ

က်ီးေကာဟု ေခၚ၍မရ။ မဟုတ္လွ်င္ သူသည္ အလင္းထိန္ဆုံး လွ်ပ္စစ္ဂ်င္ျဖစ္သြားေပလိမ့္မည္။ လင္ဝူယြီသည္ ႏႈတ္ခမ္းတစ္ဖက္ တြန႔္ခ်ိဳးၿပဳံးကာ သာမန္ကာလွ်ံကာပင္ တင္းက်ိ၏ Moments ကို ဖြင့္လိုက္သည္။

သုံးရက္တာအတြင္း ျမင္ရသည္။

သို႔ေသာ္ လင္ဝူယြီသည္ ႏွစ္ႀကိမ္ ဆြဲလိုက္ေသာ္လည္း အဆုံးထိ မေရာက္ေသး။ သူမွာ ႐ုတ္တရက္ ဤေလအိုးကို ဘေလာ့လိုက္သင့္သလားဟုပင္ ေတြးလိုက္မိသြားခဲ့၏။

ေနာက္ဆုံးတင္ထားေသာ Moment ေၾကာင့္ လင္ဝူယြီသည္ ခဏမွ် တန႔္လိုက္မိသြားသည္။ လြန္ခဲ့ေသာမိနစ္ပိုင္းကမွ တင္ထားျခင္းပင္။

– ရွင့္က်ားမွာ ဘက္စကတ္ေဘာ Shooting ၿပိဳင္ပြဲရွိတယ္။ ပထမဆုက လွ်ပ္စစ္မီးဖိုတဲ့။

ရွင့္က်ားသည္ ေဈးဝင္စင္တာတစ္ခုျဖစ္ၿပီး ေဘးေလးတင္ျဖစ္သည္။

လင္ဝူယြီက အျပင္ဘက္ကို တစ္ခ်က္ၾကည့္လိုက္သည္။

စကၠန႔္ပိုင္းမွ် ခ်ီတုံခ်တဳံျဖစ္ၿပီးေနာက္ သူသည္ တင္းက်ိထံသို႔ စာပို႔လိုက္၏။

– မင္း ရွန႔္က်ားမွာလား

တင္းက်ိက ခ်က္ခ်င္း စာျပန္သည္။

– ရွန႔္က်ားရဲ႕ေဘးမွာ။ ဘာလို႔လဲ။ မင္းအိမ္မွာ လွ်ပ္စစ္မီးဖိုလိုလို႔လား

– ငါ ၾကာဆံေၾကာ္စားေနတာ

တင္းက်ိက စာထပ္မျပန္လာခဲ့ေတာ့။ လင္ဝူယြီသည္ ျပတင္းေပါက္အျပင္ဘက္သို႔သာ ဆက္လက္ေငးၾကည့္ေနလိုက္သည္။

အမ်ားဆုံး တစ္မိနစ္မွ်သာ ရွိမည္။ တင္းက်ိက Hoverboard စီးလ်က္ လမ္းတစ္ဖက္ျခမ္း၌ ေပၚလာခဲ့၏။

ထို႔ေနာက္ သူက သူ႕ဘက္သို႔ Drift ဆြဲလာၿပီး လူအုပ္ၾကားထဲ ကြၽမ္းက်င္ေပ်ာ့ေပ်ာင္းစြာ ေဝ့ယမ္းေနသည္မွာ ႂကြားဝါေနေၾကာင္း အျမင္သာႀကီးပါပင္။ သူက ပုံမွန္ဆို ဤကဲ့သို႔ ‌ေပၚေပၚတင္တင္ ျပဳမူတတ္ေလ့မရွိဘဲ ယခုက ႂကြားေနျခင္းသာျဖစ္ေၾကာင္း လင္ဝူယြီသည္ လကၡဏာေဗဒစာအုပ္ ၁၀ အုပ္ႏွင့္ ေလာင္းရဲသည္။ 

ကေလးဆန္ခ်က္

လင္ဝူယြီက သူ႕အား မွန္ေနာက္မွ လက္ေဝ့ယမ္းျပလိုက္သည္။

တင္းက်ိက အျပင္ဘက္၌ ရပ္လိုက္ၿပီး မွန္တစ္ဖက္ျခမ္းမွ တစ္ခုခုေျပာလိုက္၏။ သို႔ေသာ္ လင္ဝူယြီက မၾကားရ။

ဆိုင္ထဲ၌ လူမ်ား တသဲသဲေရာက္လာၾကၿပီျဖစ္ၿပီး အနည္းငယ္ ဆူဆူညံညံျဖစ္လာေလၿပီ။

တစ္ေယာက္က ဗန္းေလးကိုင္လ်က္ သူ႕စားပြဲခုံနားသို႔ လာေနသည္ကို မ်က္ဝန္းေထာင့္မွ ေတြ႕လိုက္ရသည္။ လင္ဝူယြီသည္ သူ႕ေရွ႕မွ ၾကာဆံေၾကာ္ပန္းကန္ကို မ်က္ႏွာခ်င္းဆိုင္ဘက္သို႔ တြန္းလိုက္၏။

“ေဆာရီးပါ… လူရွိတယ္”

တင္းက်ိက မ်က္ႏွာထက္ လက္ကို ေကြးကာ အုပ္လ်က္ မွန္ေပၚ ကပ္လိုက္ၿပီး အထဲဘက္သို႔ ၾကည့္လိုက္သည္။

“ဝင္လာခဲ့ေလ”

လင္ဝူယြီက သူ႕အေရွ႕မွ ခုံကို လက္ညွိုးထိုးျပသည္။

“ဘာၾကည့္ေနတာလဲ”

*

ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္။

ေနရာ အေျပာင္းအေ႐ႊ႕နဲ႕ ေနသားမက်ေသးတာရယ္၊ ဝိုင္ဖိုင္ကလဲ အခုထိ မရေသးတာရယ္နဲ႕ နည္းနည္းၾကာသြားပါတယ္။ ေသြ႕ပုခ်ိယား။

Arc နဲ႕ ေျပာရမယ္ဆို လာမဲ့ Arc ကေတာ့ လွ်ပ္စစ္မီးဖိုအတြက္ ဘတ္စကတ္ေဘာ ၿပိဳင္ခန္းျဖစ္ၿပီး အဲေနာက္က Arc ကေတာ့ ဖရဲသီးသည္ေလး တင္းက်ိ ပဲျဖစ္ပါတယ္။

Hoverboard

______________________________

Continue Reading

You'll Also Like

398K 24.9K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
2.8M 183K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
10.1K 1.4K 30
Title : Replacing the Evil Way | 置换凶途 Author : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)
3M 250K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...