ငပြူးငလူး
By TomorrowChen
487K 34.4K 6.9K
ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ် More
Intro & Explanation
Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
New Year Art
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 ( Final Part )
Part 42 ( Extra Part )
Part 5
15.4K 1.1K 165
By TomorrowChen
(Uni)
" ပဲပြုတ်..! ပဲပြုတ်ပူပူလေး ရမယ်! ပဲပြုတ်..! "
တစ်လမ်းဝင်တစ်လမ်းထွက်လို့ ပဲပြုတ်လိုက်ရောင်းရင်းနဲ့ ဘေးဘယ်ညာက တန်ဖိုးကြီးအိမ်ခြံဝန်းတွေ ရှိရာဘက်ဆီလည်း မမေ့မလျော့ဝေ့ဝဲကာ ငေးမောကြည့်နေမိသည်။
လူမှန်းသိတတ်စအရွယ်တည်းက စားနိုင်သောက်နိုင်ရုံ အနေအထားရှိဖို့တောင် မနည်းခဲယဉ်းခဲ့တဲ့ ခညောင်းဦးတို့မိသားစုမှာ ဆင်းရဲချို့တဲ့မှုဒဏ်ကို အလူးအလဲခံစားခဲ့ရသည်။ ရက်စက်လွန်းလှတဲ့ ကံကြမ္မာကို စာဖွဲ့ပြစ်တင်ဖို့တောင် အချိန်မပေးနိုင်သည်အထိ..၊ ခညောင်းဦးခမျာ စားဝတ်နေရေးအတွက် လက်ပြောင်းလွှဲယူလို့ အရွယ်နဲ့တစ်ပြေးညီစွာပင် တတ်စွမ်းနိုင်သလောက်ကို ရုန်းကန်လာရသည်။
တစ်ရပ်ကွက်လုံးကလည်း သူတို့မိသားစုကိုဆို မဖယ်ကြဉ်ရုံလေးသာရှိကြမည်။ အဲ့ဒီအစား မေးထူးခေါ်ပြောဖို့ မဆိုလေနဲ့..၊ မျက်လုံးတောင်မှ ယောင်လို့ဝေ့ကြည့်မလာချင်ကြပေ။ ကျော်မကောင်း ကြားမကောင်းခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ အတိတ်ကာလကဖြစ်ရပ်ဆိုးကြီးကို တစ်ရပ်ကွက်လုံးအနှံ့ ဟိုးဟိုးကျော်အောင် ဝိုင်းဝန်းအပြစ်တင်ကြတာကလွဲလို့ ကမ်းလင့်လာမယ့်လက်တစ်စုံကို တစ်ကြိမ်တစ်ခါမျှမရရှိခဲ့ဖူးပါလေ။
ကလင်..ကလင်..!
ဘဲလ်သံနှစ်ချက်ကြောင့် ပဲပြုတ်တောင်းကြီးကို ဟန်ချက်ထိန်းထားရတဲ့ ခညောင်းဦးရဲ့လည်တိုင်မှာ သမင်ပျိုလေးကဲ့သို့နှယ် လှစ်ခနဲ..။ ထိုအခါ ဆိုက်ကားတစ်စီးကလည်း အရှိန်အသင့်အတင့်နဲ့အတူ သူ့အနားမှာ လာရပ်တန့်လေသည်။
" ရောင်းကုန်တော့မှာလား ငပြူး "
" ဟင့်အင်း.. ကုန်ဖို့ကကျန်သေးတယ် ငလူးရ.. "
" အာ့ဆို ငါဝယ်လိုက်မယ် "
စကားပြောနေရင်းက ခညောင်းဦးရဲ့ခေါင်းပေါ်က ပဲပြုတ်တောင်းကြီးကို ချက်ချင်းလှမ်းယူလိုက်တဲ့ လူးလွန့်မောင်ရယ်။ ခညောင်းဦးအရပ် ဘယ်လောက်ပုသလဲဆိုရင် ဆိုက်ကားပေါ်ထိုင်နေတဲ့ လူးလွန့်မောင်က လက်အသာဆန့်လိုက်ရုံတင်..။
" အများကြီးကို.. မင်း..ဘယ်လိုစားကုန်မှာလဲ ငလူး.. "
" မပူနဲ့.. ဆီရယ်ကြက်သွန်ရယ်နဲ့ ရှယ်သုပ်ပြီး ဂိတ်ကဦးလေးကြီးတွေကို ကျွေးမှာမို့..။ ဒီနေ့က ငါ့အဖေ ငါးနှစ်ပြည့်သွားပြီလေ ငပြူးရ "
အချိန်တွေက ဘာလိုလိုနဲ့ငါးနှစ်တောင် ရှိသွားခဲ့ရပြီပေါ့။ ထွက်သွားခဲ့သူနဲ့ ကျန်ရစ်ခဲ့သူတွေကြားမှာ ဘယ်အရာတွေများ ကွာခြားသွားနိုင်လေမလဲ။
ဘဝသစ်ဆီ ရောက်ရှိသွားသူတစ်ယောက်က အနှောင်အဖွဲ့အသစ်တွေနဲ့ စတင်ရစ်ပတ်နေမိချိန်..၊ ဘဝဟောင်းမှာ ကျန်ရစ်ခဲ့ရသူတွေကတော့ အတူရှိခဲ့ကြတဲ့အတိတ်ကိုတောင် လက်မလွှတ်နိုင်ကြပေ။ ဖက်တွယ်ထားမိသမျှ လျော့တိလျော့ရဲ သံယောဇဉ်ကြိုးတွေခမျာ အမျှင်မပြတ်နိုင်ကြသေးသလို တမ်းတလွမ်းဆွတ်မှုတွေမှာလည်း ကိုယ်စီ မမှေးမှိန်နိုင်ကြသေးပါ။
" ကြီးမေ.. အဆင်ပြေရဲ့လား ငလူး "
" ပြေမပြေတော့ ငါလည်းမသိဘူး..။ ဆွမ်းကပ်ပြီးတည်းက အဖေ့ဓာတ်ပုံရှေ့ထိုင်နေတာ.. အခု ငါထွက်လာတဲ့အချိန်ထိပဲ "
" အင်းပေါ့.. ဦးကြီးကိုလွမ်းနေရှာမှာ.. "
ကံကြမ္မာရဲ့စီမံရာအောက်မှာ နေနေကြရတဲ့သူတွေဖြစ်လို့ အများသူငှါကဲ့သို့သော ကံတရားကို မလွန်ဆန်နိုင်တဲ့အထဲမှာ လူးလွန့်မောင်တို့မိသားစုလည်း အပါအဝင်ဖြစ်ခဲ့ရသည်။ ညအချိန်ကြီးမှာ တရားလွန်မောင်းလာတဲ့ ကားတစ်စီးက လမ်းဘေးကပ်လို့ အိမ်အပြန်လမ်းဆိုက်ကားနင်းလာတဲ့ ဦးမင်းနောင်ကို အရှိန်ပြင်းစွာဝင်တိုက်မိရာမှ နေရာမှာတင်ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရသည်။
ဖခင်ဖြစ်သူကို နေ့မြင်ညပျောက်ဆုံးရှုံးခဲ့ရချိန်မှာ လူးလွန့်မောင်အသက်က ၁၃နှစ်အရွယ်လေး..။ ဒေါ်ဖြူဖြူမောင်ကလည်း ယောကျာ်းဖြစ်သူရဲ့အဖြစ်ဆိုးကို ကြားကြားချင်း လှေကားပေါ်ကပြေးဆင်းရာမှ ချော်လဲကျသွားတာကြောင့် ဗိုက်ထဲရှိဒုတိယကလေးမှာ ပျက်ကျသွားခဲ့ရလေသည်။
မကြာမခင်မှာတင် အသက်တစ်ချောင်းကို တန်ကြေးဖြတ်လာကြပြန်တော့..၊ တစ်ဖက်ကပေးလာတဲ့ လျော်ကြေးငွေတွေကို ဒေါ်ဖြူဖြူမောင်က တစ်ပြားတစ်ကျပ်မှမယူဘဲနဲ့ လူပုံအလယ်မှာတင် ငွေစက္ကူအထပ်လိုက်ကို လူ့အရေခြုံတွေရဲ့မျက်နှာတည့်တည့် အားရပါးရပစ်ပေါက်ကာ ပြန်ပေးလိုက်သည်လေ။ အဲ့ဒီအချိန်တုန်းကဆိုရင် တအားရဲရင့်ပြီး စိတ်ဓာတ်သန်မာလွန်းတဲ့ကြီးမေကို ခညောင်းဦးမယုံနိုင်ဖွယ်ပင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
အားနွဲ့ပါတယ်ဆိုတဲ့ မိန်းမသားတစ်ယောက်ရဲ့ စိတ်ဓာတ်ခိုင်မာမှုကိုတော့ ဘယ်ယောကျာ်းသားမှ မယှဉ်သာနိုင်လောက်ပေ။
" ငပြူး! "
" ဟင်.. "
" ငါပြောတာကြားလား.. "
" ဘာကို.. "
" လုပ်ပြီ! အဲ့ဦးနှောက်သေးသေးလေးက ဘာတွေတွေးနေပြန်တာလဲကွာ။ အဟမ်း..! အဖေ့အတွက် အမေကဘုရားမှာ ရွှေသင်္ကန်းကပ်ခိုင်းတာမို့.. အဲ့ဒါ ငါနဲ့အတူလိုက်ချင်လား မေးနေတာ.. "
" ဟင်.. ငါလိုက်လို့ရတာလား.. "
" ..... "
အတူတူသွားချင်လို့ ဉာဏ်ဆင်ပါတယ်ဆိုကာမှပဲ လိုက်လို့ရလားပြန်မေးနေသူကြောင့် လူးလွန့်မောင် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားရလေသည်။
" တက်တက်! အရင်တက်လိုက်တော့.. "
" အင်း.. "
ထိုအခါ လူးလွန့်မောင်လက်ထဲက ပဲပြုတ်တောင်းကြီးကိုလှမ်းယူလျက် ဆိုက်ကားပေါ်မပေါ့မပါးနဲ့ ထိုင်ဖို့လုပ်နေသူကြောင့်..၊ ခညောင်းဦးရင်ခွင်ငယ်ထဲက နှီးတောင်းကြီးကို ချက်ချင်းပြန်ယူလိုက်ပြီး နောက်ခုံမှာသာ ကြိုးနဲ့ပတ်ချည်ထားပေးလိုက်သည်။
" သက်တောင့်သက်သာ ထိုင်စမ်းပါ.. ဥစ္စာခြောက်လေးရ! "
________
လူးလွန့်မောင်နဲ့အတူ ဘုရားသွားဖို့ အကြောင်းဖန်လာပြီဖြစ်လို့ အိမ်ကိုပြန်ရောက်တာနဲ့ ရှိစုမဲ့စုပိုင်ဆိုင်ထားသမျှ အဝတ်အစားခပ်နွမ်းနွမ်းတွေထဲမှာမှ အကောင်းဆုံးဖြစ်မယ့်တစ်ထည်ကို ခညောင်းဦး အလျင်ရှာဖွေနေရသည်။
အသက်သာ ၁၈နှစ်ရှိပြီဆိုပေမယ့် အခုချိန်ထိ ရပ်ကွက်အပြင်ဘက်ဆီကို ကားတစ်တန်လှေတစ်တန်နဲ့ ကျော်မထွက်ဖူးသေးတာကြောင့် တန်ခိုးကြီးဘုရားတွေဆီကိုလည်း သူတစ်ခါမှမရောက်ခဲ့ဖူးပေ။ ဒီအသက်အရွယ်ထိ ရပ်ကွက်တကာ ခြေလျင်ပတ်လျှောက်ပြီး ပဲပြုတ်လိုက်ရောင်းတာကလွဲလို့ အိမ်နဲ့ကျောင်း ကျောင်းနဲ့အိမ်ကိုသာ အသွားအပြန်ရှိခဲ့ပါသည်။
ဆိုက်ကားဆိုတာတောင်မှ လူးလွန့်မောင်တို့သားအဖ အလကားပေးစီးခဲ့လို့သာ..။ မဟုတ်လို့ကတော့ ကိုယ့်ခြေထောက်ကိုယ်သုံးဖို့လောက်ပဲ အားသန်နေခဲ့ကြတဲ့ ခညောင်းဦးတို့မြေးအဘွားနှစ်ယောက်ရယ်။
" အယ်အယ်! တယ်လှနေပါလား..! မုန့်ဝယ်ခဲ့နော် သမီးလေး! ဟီးဟီး! "
" ဟုတ်! မေကြီး.. "
အိမ်ပေါက်ဝလေးမှာ ထမင်းအိုးလေးပိုက်ကာထိုင်နေတဲ့ ဒေါ်ကညောင်းမေက သူ့ပါးစပ်ထဲကို တစ်လုပ်ပြီးတစ်လုပ် ပလုပ်ပလောင်းထည့်စားရင်းက အလျင်လိုနေပုံရတဲ့ခညောင်းဦးကို လေချိုသွေးလို့ မုန့်လှမ်းမှာနေသည်။ ခညောင်းဦးခမျာလည်း ခြံပြင်ရောက်ချိန်မှာတောင် ဆံထုံးထက်ရစ်ပတ်ထားမိတဲ့ ခရေပန်းကုံးကို ဖြုတ်ခဲ့ဖို့မေ့သွားတဲ့အထိ စိတ်လှုပ်ရှားနေခဲ့သည်ဆို ယုံနိုင်ပါ့မလား..။
ယောက်ျားလေးတစ်ယောက်ဆိုပေမယ့် သိတတ်စအရွယ်တည်းက မေကြီးရှေ့မှာ အနေအထိုင်ကိုဆင်ခြင်ပြီး သတိလေးနဲ့ပြုမူ လှုပ်ရှားခဲ့ရတာကြောင့် လမ်းလျှောက်ပုံကအစ ညင်သာတိုးလျသလို စကားအပြောအဆိုမှာလည်း ပုံမှန်ယောကျာ်းတစ်ယောက်လိုတောင် မကျယ်လောင်လှပေ။ နွဲ့နှောင်းမှုထက်စာရင် ခညောင်းဦးအသွင်အပြင်က ပျော့ပျောင်းမှုဘက်ကိုတော့ ပိုအလေးသာသည်ပင်။
လူးလွန့်မောင်တို့ အိမ်ရှေ့ကိုရောက်လာတော့ လည်ကတုံးလက်ရှည်အဖြူနဲ့ ပုဆိုးအနက်ကွက်ကို သန့်ပြန့်ခန့်ညားနေအောင် ဝတ်စားထားသူကြီးကြောင့် ခညောင်းဦးမျက်နှာလေးမှာ ဇီးရွက်လောက်သာရှိချင်တော့သည်။ ဂုတ်ထောက်ဆံပင်ရှည်ကို တစ်ဝက်စည်းနှောင်ထားပြီး တအားမိမိုက်လွန်းနေတဲ့ လူးလွန့်မောင်ကို ဇီးရွက်လေးကစေ့စေ့ပင် မကြည့်ရဲတော့ဘူးထင်ရင်တော့ မှားသွားပါလိမ့်မည်။
" ဖြေးဖြေးကြည့်ပါကွ! မျက်လုံးကြီးလည်း ကျွတ်ထွက်သွားပါဦးမယ် "
" ဘယ်..ဘယ်မှာ ကျွတ်ထွက်နေလို့လဲ.. ဟွန့်! "
" ဟွန့်မနေနဲ့! ပုဆိုးလေးပြင်ဝတ်လိုက်ပါဦး ငပြူးရ "
လူးလွန့်မောင် သတိပေးတော့မှသာ တစ်လမ်းလုံးထဘီပုံကြီးနဲ့ လျှောက်လာမိတဲ့သူ့အဖြစ်သူ လျန့်ဖျန့်ပြီး ခညောင်းဦးအလျင်အမြန် ပုဆိုးဖြန့်ဝတ်လိုက်ရသည်။ ပုဆိုးပုံပြောင်းမဝတ်ရသေးတာကို မမေ့မလျော့ လှမ်းပြောမိပေမယ့် ဆံရစ်ဝိုင်းပေါ်က ခရေပန်းကုံးကိုတော့ မမြင်ချင်ယောင်ဆောင်လိုက်တဲ့ လူးလွန့်မောင်ရယ်..။
ကားမှတ်တိုင်ကိုရောက်လာတော့ စူးစမ်းနေတဲ့ကြောင်သူငယ်က ခေါင်းလေးလည်ကာလည်ကာနဲ့ပေါ့..။ ဘဝမှာ bus ကားဆိုတာကြီးကို ပထမဆုံးစစီးဖူးခြင်းဖြစ်လို့ စီးရမယ့်ကားရောက်လာချိန်မှာ ဘယ်အပေါက်ကနေ တက်လို့တက်ရမှန်းမသိတဲ့ ခညောင်းဦးက သူ့ကိုယ်သူမသိလိုက်ချိန်မှာတောင် ခုန်ဆွခုန်ဆွလေးဖြစ်နေပြီ။
လူးလွန့်မောင်က စိတ်လှုပ်ရှားနေတဲ့ကြောင်သူငယ်ကို အနောက်ကနေ ပခုံးနှစ်ဖက်လှမ်းထိန်းကိုင်လို့ ကားအရှေ့ပေါက်ဆီ ခြေချစေလိုက်ရသည်။ ကားပေါ်တက်တက်ချင်းတင် 'ယဥစီးခထည့်ရန်' ဆိုတဲ့စာတန်းကိုမြင်ပြီး ခညောင်းဦးမျက်လုံးများ ပြူးကျယ်သွားရတော့သည်။
" ဘာလုပ်နေတာ..။ အထဲထိဆက်လျှောက်သွားလေ ငပြူး "
" အင်း "
ဆက်လျှောက်ဆိုလို့သာ သူ့မှာ လျှောက်လာခဲ့ရသည်။ ခညောင်းဦးခမျာ ဟိုကြည့်ဒီကြည့်နဲ့ ဘာလုပ်ရမှန်းလည်းမသိတာကြောင့် လျှောက်လမ်းအလယ်မှာသာ ထီးထီးကြီးရပ်နေလို့..။ အနောက်ကနေလိုက်တက်လာတဲ့ လူးလွန့်မောင်မှာ နှစ်ယောက်စာယာဉ်စီးခကို ပိုက်ဆံပုံးထဲထည့်နေရင်းက လှမ်းအော်ပြောလိုက်သည်။
" ကိုင်ထားဦး ငပြူး! "
အသိပေးတုန်းရှိသေး..၊ ဝူးခနဲနေအောင် နွားသိုးကြိုးလွှတ်ထွက်ချသွားတဲ့ ကားကြီးရဲ့အရှိန်ကြောင့် ကားအနောက်ဘက်ခြမ်းဆီကို ဝှီးခနဲနေအောင် ကျောကလေးကော့ကာ ကားယားကြီးလွှင့်ထွက်သွားရတဲ့ ခညောင်းဦးရယ်။ လန့်ဖျန့်ပြီးအော်မိသွားသည်ကလည်း သူ့ဘဝမှာ ပထမဆုံးငယ်သံပါအောင် အော်ဖူးခြင်းဖြစ်သလို တစ်ကားလုံးကိုပါ မွေ့ပတ်ဆဲမိသွားသယောင်ပင်။
" ငလူး..! "
ကားပေါ်မှာက ခရီးသည်တွေချောင်ပြီး လမ်းမတန်းကြီးကလည်း ဘယ်ညာရှင်းလင်းနေတာကြောင့် ကားဆရာကြီးအစွမ်းပြလိုက်မိတာ ခညောင်းဦးတစ်ယောက် ဟက်ထိုးမလဲရုံတမယ်ပါပဲ။ ခပ်ဝဝ အမျိုးသမီးကြီးတစ်ယောက်က အရှိန်နဲ့လွှင့်လာတဲ့ သူ့ကိုယ်လုံးခပ်ညှက်ညှက်လေးကို အချိန်မီလှမ်းဖမ်းထားနိုင်လို့သာ တော်တော့မည်။
မထင်လိုက်တဲ့ လူးလွန့်မောင်ခမျာလည်း ကြောင်ကြည့်နေရာက ဖွီးခနဲဆိုသလို ကြိတ်ရယ်မိသွားရလေသည်။ အဲ့ဒီ အူယားစရာနောက်ကျောလေးက ပိန်ပိန်ပါးပါး ဖားပျံလေးတစ်ကောင်လိုမျိုး ကားယားကြီးလွှင့်သွားသည်ကိုး။
ကားလုံးကျွတ်အရှက်ကွဲသွားတဲ့ ခညောင်းဦးက တစ်ကိုယ်လုံးပုစွန်တုပ်လေးလို အချိန်အတော်ကြာအောင် နီရဲနေခဲ့ပြီး တစ်လမ်းလုံးလည်း မျက်နှာကြီးကိုစူပုပ်ထားလေသည်။ ချော့ခွင့်ရဖို့နေနေသာသာ..၊ ထိုင်ဖို့နေရာတောင်မှ တစ်နေရာပဲရတာကြောင့် ခညောင်းဦးကိုဝင်ထိုင်ခိုင်းပြီး လူးလွန့်မောင်က ဘေးမှာမတ်တတ်ကြီး ရပ်နေရတာဖြစ်သည်။
အရပ်အမောင်းက ကားခေါင်မိုးနဲ့တစ်ပြေးညီမို့ ကားတစ်ခါခုန်သွားတိုင်းမှာ လူးလွန့်မောင်ငယ်ထိပ်ကလည်း တဒိန်းဒိန်းပဲ။ လမ်းတစ်ဝက်လောက်ရောက်မှ ခညောင်းဦးခမျာ ကားမူးလာတာကြောင့် မူမနေနိုင်တော့ဘဲနဲ့ လူးလွန့်မောင်ရဲ့ဗိုက်နားကို ခေါင်းလေးခိုမှီလိုက်ရရှာသည်။
" ကားမူးနေပြီလား ငပြူး "
" အင်း.. "
ကြားရတဲ့အသံလေးက အားတောင်မရှိချင်တော့တာကြောင့် လူးလွန့်မောင် လွယ်အိတ်ထဲကိုလက်နှိုက်ယူလို့ ခညောင်းဦးပါးစပ်ထဲကို လှမ်းခွံ့ပေးလိုက်သည်။
" ငုံထားလိုက်.. သက်သာသွားလိမ့်မယ် "
ခံတွင်းထဲရောက်လာသည်မှာ ဘာလီသကြားလုံးရဲ့ ချိုချဉ်အရသာလေးမို့ ခညောင်းဦး အရသာတွေ့သွားလေသည်။
" သက်သာလား ငပြူး "
" အွန်း.. "
" ခဏပဲစီးရတော့မှာ..။ နောက် ငါးမိနစ်လောက်ဆို ငါတို့ရောက်တော့မယ် "
ခေါင်းတညိတ်ညိတ်လုပ်ပြနေတဲ့ ခညောင်းဦးရဲ့အထိအတွေ့လေးက သူ့ဗိုက်ကိုပွတ်သပ်ပေးနေသယောင် ဖြစ်စေတာမို့ လက်တစ်ဖက်နဲ့ အသာလှမ်းထိန်းလိုက်ရတဲ့ လူးလွန့်မောင်ရယ်..။
" ခေါင်းမလှုပ်နဲ့.. မင်းပိုမူးလိမ့်မယ်လေ "
" အင်းအင်း.. "
ကားပေါ်ကဆင်းတော့ တစ်ဖက်ကားလမ်းဖြတ်ကူးရမှာ ကြောက်နေတဲ့ခညောင်းဦးကို လူးလွန့်မောင်ခမျာ မချီပိုးမိရုံတမယ်ပင် ကိုးရိုးကားယားကြီး ဆွဲခေါ်လာခဲ့ရသေးသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးဆီ ပထမဆုံးရောက်ဖူးခြင်းဖြစ်လို့ ခညောင်းဦးတစ်ယောက် ဖိနပ်ချွတ်နေရင်းက ခြင်္သေ့ကြီးနှစ်ကောင်ကို အထူးအဆန်းမော့ကြည့်နေမိသည်။
" ငပြူးရေ! ဖိနပ်ပေးဦး "
" ဟင်.. ဘာလုပ်ဖို့.. "
" ဘာလုပ်ရမှာလဲ! ငါစားမလို့ပေါ့! "
" ..... "
ဖိနပ်နှစ်ရံကို အိမ်ကနေယူလာတဲ့ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး လူးလွန့်မောင်သယ်ဖို့လုပ်တော့ ခညောင်းဦးက အတင်းပြန်ဆွဲယူသည်။
" ပေး.. ငါကိုင်မှာ.. "
" ငါကိုင်တာ ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ဘူး..။ ငါသယ်ချင်လို့.. "
" အေးပါကွာ "
နှစ်ယောက်သား လှေကားထစ်တွေကို ခပ်အေးအေးတက်လာရင်းက ဘေးဘယ်ညာမှာရှိနေတဲ့ စျေးဆိုင်ခန်းတွေဆီကို ခညောင်းဦး ခေါင်းလေးလည်ကာလည်ကာနဲ့ လိုက်ကြည့်နေမိသည်။
" မင်းလိုချင်တာရှိရင်ပြောနော် ငပြူး "
" ဟင့်အင်း.. မလိုချင်ပါဘူး.. "
မလိုချင်ဘူးချည်းပြောနေသူရဲ့ အကြည့်တွေမှာ ဆိုင်ခန်းထဲမှ ပစ္စည်းတချို့ဆီကနေတော့ အမျှင်မပြတ်နိုင်သေးပေ။ ပန်းဆိုင်တွေဆီရောက်လာတော့ လူးလွန့်မောင်က အဖေ့အတွက်ပန်းဝင်ဝယ်ရာမှ တနင်္လာသားလေးအတွက်ပါ နေ့နံပန်းတစ်စည်းဝယ်ပေးလိုက်သည်။
" ရော့! ဟိုဘက်လက်နဲ့ကိုင်ထား ငပြူး "
" အင်း.. "
လူးလွန့်မောင်လှမ်းပေးလာတဲ့ ဘုရားပန်းတွေကို ခညောင်းဦးက သေချာလှမ်းယူထားလေသည်။ ဘုရားရင်ပြင်ပေါ်ရောက်တော့ မနက် ၁၀နာရီတောင်ထိုးပြီးနေပြီ ဖြစ်ပေမယ့် ကံအားလျော်ပြီး မိုးလေးအုံ့နေလို့သာ တော်ရော့မည်။ မဟုတ်လို့ကတော့ ကြွေပြားပူပူကြီးတွေကို နင်းမိကာ ခုန်ဆွခုန်ဆွလုပ်နေမယ့် ကြောင်သူငယ်ကိုမြင်ပြီး လူးလွန့်မောင်လည်းနေရင်းထိုင်ရင်း အသည်းယားနေရဦးမည်လေ။
နေ့နံထောင့်တွေမှာ ရေသပ္ပာယ်ခြင်းအမှုကိုပြုတော့ ခညောင်းဦး တတွတ်တွတ်မေးလာသမျှကို လူးလွန့်မောင်က စိတ်ရှည်လက်ရှည်နဲ့ ပြန်ဖြေပေးနေမိသည်။ သို့ပေမယ့်..၊ အသံကကျယ်တော့ ဘေးကဘုရားဖူးတွေအမြင်မှာ လူးလွန့်မောင်က ညှက်စိလေးခညောင်းဦးကို စိတ်မရှည်တဲ့လူထွားကြီးအဖြစ်သာ..။ တကယ်တမ်းကျ ခညောင်းဦး သေချာမကြားရလို့သာ သူ့ခမျာ အော်ပြောနေရတာပင်။
တဖြေးဖြေးနဲ့ ၁၁နာရီထိုးပြီးလို့ ခွဲပါကျော်သွားသည်အထိ ဘုရားရင်ပြင်ပေါ်ကနေ နှစ်ယောက်သား ဆင်းမလာရသေးပါ။ အကြောင်းမှာ..၊ သူ့ကိုယ်သူအတွက်ရော သူ့မေကြီးနဲ့ သူ့ဘွားမေအတွက်ပါ တနင်္လာထောင့်မှာတင် ရေကိုသက်စေ့လောင်းပေးနေရုံမက ပုဆစ်တုပ်ထိုင်ပြီး နှုတ်ခမ်းစူစူလေးနဲ့တတွတ်တွတ် တောင်းဆုခြွေနေသေးတဲ့ ခညောင်းဦးကို ထိုင်စောင့်နေရတာကြောင့် ဖြစ်သည်။
တနင်္လာနံမိသားစု သုံးယောက်ပေါင်းအသက်နဲ့တင် ဘုရားရေလည်း တစ်ဂါလံလောက်ကုန်သွားပြီမို့ အလှူငွေပုံးတွေထဲမှာ ရေအလှူတော်သီးသန့်အတွက် လူးလွန့်မောင် ထည့်ဝင်လှူဒါန်းလိုက်ရသေးသည်။
ဘုရားစောင်းတန်းလှေကားထစ်မှာ ဆောင့်ကြောင့်ထိုင်ပြီး အသားကုန်သမ်းဝေနေရတဲ့ လူထွားကြီးခမျာ နေရင်းထိုင်ရင်းက မျက်ရည်နဲ့မျက်ခွက်ကိုဖြစ်လို့..။ ထိုင်ဆုတောင်းလို့ပြီးသွားတဲ့ ခညောင်းဦးက ကျဉ်တက်သွားတဲ့ သူ့ခြေထောက်လေးကို လက်သီးဆုပ်လေးနဲ့အသာထုကာ ခေါင်းကိုလက်ကလေးနဲ့ နေကွယ်ထားရင်း လူးလွန့်မောင်အနားကို အပြေးရောက်လာသည်။
" ပြီးသွားပြီလား ငပြူး! "
" အင်း..။ ဟင်..! မင်းငိုထားလား ငလူး.. "
" အဟွန်း! သေချာတာပေါ့။ သွားရအောင်လေ.. ငါတော်တော်ဗိုက်ဆာနေပြီ ငပြူးရ "
နေ့လယ်စာကို ဒံပေါက်အတူစားဖို့ ကြံရွယ်ထားတာဖြစ်လို့ တက်ကြွစွာနဲ့ လွယ်အိတ်ကောက်လွယ်ပြီး မတ်တတ်ထရပ်လိုက်ချိန်မှာပဲ ခညောင်းဦးဆီက မထင်မှတ်တဲ့အပြုအမူတစ်ခုကြောင့် လူးလွန့်မောင် အသက်ရှူရပ်မတတ် ဖြစ်သွားရလေသည်။ သူ့မျက်ခမ်းစပ်နားမှာ တင်ကျန်နေသေးတဲ့ မျက်ရည်စတချို့ကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွပွတ်သုတ်ပေးလာတဲ့ ခညောင်းဦးပုံစံလေးက ဘယ်လိုပြောရင်ကောင်းမလဲ။
" ဦးကြီးက အခုချိန်ဆို.. ကောင်းရာမွန်ရာရောက်သွားပါပြီ ငလူးရ..။ နောက်ဆို.. စိတ်မကောင်းဖြစ်အောင် မငိုရဘူးနော် "
သူ့လိုလူထွားကြီးကို လည်ပင်းလေးမော့မော့ပြီး ကြည့်နေရတဲ့ ကြောင်ညှက်စိလေးက အခုလိုလူကြီးဆန်ပြနေတော့ ခံစားချက်မှာ မရိုးမယွတွေကိုဖြစ်လို့ပဲ။
" ဘယ်သူက စိတ်မကောင်းဖြစ်တာ.. "
" ငါလေ..။ မင်းငိုတာမြင်ရင်.. ငါတကယ် စိတ်မကောင်းဖြစ်ရတယ် ငလူး.. "
ထိုအခါ အဖေ့ရဲ့အသုဘတုန်းက ချောင်လေးမှာထိုင်ပြီး ကြိတ်ငိုနေတဲ့လူးလွန့်မောင်ကို ရှာတွေ့သွားတဲ့ခညောင်းဦးက ခေါင်းလေးလာပွတ်ပေးရင်း ချော့မော့နေခဲ့တာကို ပြန်အမှတ်ရမိသွားသည်။ အဲ့ဒီအချိန်တုန်းက တတ်သလောက်မှတ်သလောက်လေးနဲ့ တတွတ်တွတ်နှစ်သိမ့်နေတဲ့ ခညောင်းဦးကို လူးလွန့်မောင် တင်းတင်းကျပ်ကျပ်လှမ်းဖက်လို့ ကျနေဆဲမျက်ရည်တွေကို ကွယ်ဝှက်ထားခဲ့သည်လေ။
ဒါကြောင့်လည်း ခညောင်းဦးဆိုတာက လူးလွန့်မောင်မသိလိုက်ချိန်မှာတင် သူ့ရဲ့နှလုံးသားတစ်နေရာထဲမှာ ပိုင်စိုးပိုင်နင်းနဲ့ အခန်းဖွဲ့ပြီးလာနေခဲ့တာလည်း အချိန်တစ်ခုထိတောင် ကြာသွားရပြီဖြစ်သည်။
မြောက်ဘက်မုခ်ကနေပြန်ဆင်းဖို့ လျှောက်လာကြချိန်မှာပဲ ဘုရားပေါ်ကဓာတ်ပုံဆရာတချို့ကို လူးလွန့်မောင်လှမ်းတွေ့တော့ ခညောင်းဦးနဲ့ နှစ်ယောက်အတူဓာတ်ပုံရိုက်ဖို့ရာ အကြံရသွားလေသည်။ ဒါကြောင့် ဓာတ်ပုံဆရာ ဦးလေးကြီးတစ်ယောက်ကို ပုံရိုက်ပေးဖို့ လှမ်းခေါ်လိုက်တော့သည်။
" ပုံက ချက်ချင်းရမှာမလား ဦးလေး "
" ချက်ချင်းရမှာ ချက်ချင်းရမှာ.. ခဏလေးစောင့်ရုံပဲ "
" ဒါဆို နှစ်ပုံရိုက်မယ်ဗျ "
" ဟုတ်ပါပြီဗျ။ ကဲ! ဒီဘက်နားလေး လာရပ်ပေးကြနော် ငါ့တူတို့.. "
ကျောင်းသားကတ်နဲ့ မှတ်ပုံတင်အတွက် ပုံရိုက်ရတာကလွဲပြီး အခုလိုမျိုးဓာတ်ပုံရိုက်ဖူးတာက ပထမဆုံးဖြစ်လို့ လူးလွန့်မောင်ဘေးမှာရပ်နေတဲ့ ခညောင်းဦးပုံစံလေးက ခပ်တောင့်တောင့်လေးသာ..။
" အဟွန်း! ပြုံးဖို့မမေ့နဲ့ဦး ငပြူး "
" အင်း.. "
မိနစ်ပိုင်းအကြာမှာတင် ပုံလေးနှစ်ပုံရလာတာကြောင့် နှစ်ယောက်သား ခေါင်းချင်းဆိုင်မိတုန်းရှိသေး..။ ဓာတ်ပုံကိုကြည့်ပြီး အတောမသတ်နိုင်အောင် ထရယ်လာတဲ့လူးလွန့်မောင်ကြောင့် ခညောင်းဦးမျက်နှာလေးက ချက်ချင်းစူပုပ်သွားရပြန်သည်။ ဒီနေ့တစ်နေ့တည်းနဲ့တင် ခညောင်းဦးရဲ့ ရှိသမျှအရှက်တွေလည်း ကုန်ချင်သလိုတောင် ဖြစ်သွားရပါပြီ။
သေမလိုတွေရယ်နေတဲ့ လူးလွန့်မောင်ကြောင့် ဓာတ်ပုံကိုလှမ်းဆွဲယူပြီး ကြည့်လိုက်မိချိန်မှာတင် တစ်လောကလုံးကို အပြစ်တင်ဖို့တောင်မေ့သွားရတဲ့ ခညောင်းဦးရယ်။ ပုံကိုကိုယ်တိုင်မြင်တော့မှပဲ လူးလွန့်မောင်အော်ရယ်တာ တကယ်မလွန်ကြောင်း လက်ခံလိုက်ရသည်။
ဘယ်လိုတောင် မျက်လုံးကြီးတွေပြူးထားပြီး သွား ၃၂ချောင်းလုံးကို ပြဲနေအောင်ပြူးပြထားသလိုမျိုး ရယ်နေခဲ့မှန်း သူ့ကိုယ်သူလည်း မစဉ်းစားတတ်တော့ချေ။ ဒါကြီးက ဆံရစ်ဝိုင်းနဲ့ဘီလူးကြီးလားလို့တောင် ပြန်မေးချင်မိတဲ့အထိပါပဲ။
" ရုပ်ဆိုးလိုက်တာ.. "
" ဟားဟား! မဆိုးပါဘူး။ သေချာကြည့်ရင် ချစ်စရာကြီးပါကွ "
" မုန်းလိုက်တာ..။ ပိုရုပ်ဆိုးတဲ့ပုံကို ငါပဲယူထားလိုက်မယ်နော် ငလူး.. "
" အဟွန်း! တကယ်ဆို နှစ်ပုံလုံးရုပ်ဆိုးတာချင်းက အတူတူပဲ ငပြူးရ "
" ဟွန့်! ငလူးပဲ "
" ဟ! ငပြူးက ဆဲတတ်တယ်လား..။ မကြောက်မရွံ့.. ဘုရားပေါ်မှာတောင် လာဆဲရဲတယ်ပေါ့လေ "
" ဟင့်! အာ့မင်းကြောင့်လေလို့..။ ကန်တော့ပါဘုရား.. ဒီအမိုက်အမဲလေးကို ခွင့်လွှတ်ပေးပါဗျ "
" ဟားဟားဟား! "
လက်အုပ်လေးချီကာ ချက်ချင်းထိုင်ကန်တော့နေတဲ့ ခညောင်းဦးကိုကြည့်ပြီး လူးလွန့်မောင်ခမျာ ရယ်မဆုံးပင်ဖြစ်နေရတော့သည်။ ဒီညှက်စိလေးက ဘယ်လိုတွေတောင် လုပ်ပြနေတာလားကွာ။
________
ငပြူးငလူးခမျာ တစ်ကြိမ်တစ်ခါလေး အပြင်အတူသွားမိပါသည်။ နှစ်ယောက်သားကြုံလိုက်ရတဲ့ အလွဲပေါင်းများစွာနဲ့ လူကြားထဲအရှက်ကွဲမှုများမှာ ပြန်ပြောင်းမပြောတတ်လောက်အောင်ပင်..။
ဒံပေါက်စားပြီး ဖာလူဒါဆက်သောက်ကြရင်းက အေးလွန်းလို့ကျဉ်တက်သွားတဲ့ ခေါင်းတစ်ခြမ်းကို ခညောင်းဦးတစ်ယောက် သူ့အရိုးထဲကအားနဲ့ အသားကုန်ရိုက်မိလို့ မူးဝေသွားမတတ် ခံစားလိုက်ရသည်လေ။ ဒါကိုမြင်ပြီး ခွက်ထိုးခွက်လန်ထရယ်လာတဲ့ လူးလွန့်မောင်ကလည်း သာကူစေ့နင်သွားလို့ ကျောပြင်ကျယ်ကြီးကို ညှက်စိအရိုးအားနဲ့ ဗြောတင်ခံရပြန်သေးသည်။
အခုလည်း အိမ်အပြန် air con bus ကားပေါ်မှာ ခုံနေရာမရလို့ လူးလွန့်မောင်ရင်ခွင်ကျယ်ကြီးထဲ ဝင်မြှုပ်နေရတဲ့ ခညောင်းဦးခမျာ ချွေးသီးချွေးပေါက်တွေကို ကျလို့ပဲ။ ကားမူးတာကတစ်မျိုး၊ လူကျပ်တာကနှစ်မျိုးနဲ့ သူ့မှာချာချာလည်ချင်နေပြီ။ အဲ့ဒီနေရာမှာ ခညောင်းဦးတစ်ယောက်တည်း ကမ္ဘာပျက်နေတာတော့ မဟုတ်..။
လူးလွန့်မောင်ခမျာလည်း လူကြားထဲမှာမို့သာ ဟန်ကိုယ့်နေရပေမယ့်..၊ ရင်ခွင်ထဲကခရေပန်းရနံ့ကြောင့် ဘာသာမသိလိုက်ချိန်မှာတောင် သူ့လည်စလုတ်ကြီးက အပေါ်တက်အောက်ဆင်း လေ့ကျင့်ခန်းတွေလုပ်ရလွန်းလို့ ဝိတ်ပင်ကျချင်နေရပြီ။
အခုလိုမျိုး သူငယ်ချင်းဆက်ဆံရေးလေးတစ်ခုက ဘယ်လောက်အချိန်ထိတိုင်အောင် ခံနိုင်ရည်ရှိပါဦးမလဲဆိုတာကို လူးလွန့်မောင်လည်း အတပ်မပြောတတ်တော့ပါ။ သူတို့နှစ်ယောက် ဘယ်လောက်ပဲ ရင်းနှီးကြတယ်ပြောပြော..၊ ခန္ဓာကိုယ်နှစ်ခုက တစ်ခုတည်းဖြစ်သွားအောင် တစ်ထပ်တည်းကျရလောက်တဲ့အထိ တစ်ခါမှမရင်းနှီးခဲ့ဖူးကြပေ။
ဒီနေ့အဖို့တော့ ဘယ်လိုပဲအလွဲတွေနဲ့ ဂယက်ထနေမိပါစေ..၊ ဟန်ဆောင်ပန်ဆောင်နဲ့တောင် ဖြေမဆည်နိုင်ခဲ့တဲ့ အတိတ်နေ့ရက်အတွက် သူ့အမောပြေလေးက အစွမ်းကုန်ကုစားပေးခဲ့ပါပြီ။
(ZawG)
ကလင်..ကလင်..!
" အာ့ဆို ငါဝယ်လိုက်မယ် "
" ဟင်.. "
" ငါပြောတာကြားလား.. "
" ဘာကို.. "
" ..... "
" အင်း.. "
________
" ဟုတ်! မေကြီး.. "
" အင်း "
" ကိုင်ထားဦး ငပြူး! "
" ငလူး..! "
" အင်း.. "
" သက်သာလား ငပြူး "
" အွန်း.. "
" အင်းအင်း.. "
" ငပြူးရေ! ဖိနပ်ပေးဦး "
" ဟင်.. ဘာလုပ်ဖို့.. "
" ..... "
" ပေး.. ငါကိုင်မှာ.. "
" ဘာမှမဖြစ်ဘူး..။ ငါသယ်ချင်လို့.. "
" အေးပါကွာ "
နှစ်ယောက်သား လှေကားထစ်တွေကို ခပ်အေးအေးတက်လာရင်းက ဘေးဘယ်ညာမှာရှိနေတဲ့ ဈေးဆိုင်ခန်းတွေဆီကို ခညောင်းဦး ခေါင်းလေးလည်ကာလည်ကာနဲ့ လိုက်ကြည့်နေမိသည်။
" အင်း.. "
" အင်း.. "
" ရုပ်ဆိုးလိုက်တာ.. "
" ဟွန့်! ငလူးပဲ "
" ဟားဟားဟား! "
________
2024 / Feb / 9
TomorrowChen (_ _).。o○
♪───O(≧∇≦)O────♪
Continue Reading
You'll Also Like
60.5K 216 9
Just some fanfiction I came up with from random fandoms I'm into. I ship way too many characters, cannon and non canon😂 favorite fandoms are OnceUpo...
5.7K 289 6
Last Christmas I Gave You My Heart...❄️ သောမတ်စ်ခန့်ရှိန်+ကုဋာမိုးဇက် {mini fiction} [ Christmas Special⛄🎄 ]
Gentle touch By K
General Fiction
54.2K 1.3K 33
It had been mere months after her eighteen birthday, when she was pulled from the safe haven of her life and forced into the fantasy the women had cr...
7.2K 343 35
jikook AI edits (◕ᴗ◕✿) cause I don't have space on my phone