ဒီနေ့ မြေနီကုန်း ကိုအလုပ်ကိစ္စတစ်ခုဖြင့်ရောက်လာတုန်း နေ့လည်စာမစားရသေး၍ ice berry မှာပဲစားဖို့လုပ်ခဲ့ပြီးနောက် အပေါ်ထပ်အားတက်လာခဲ့လေသည်။ လူရှင်းတဲ့ထိုင်ခုံရှာရင်း သူ့အားမျက်လုံးဝိုင်းများဖြင့်ငေးကြည့်နေသည့်သူကြောင့်လူကရှက်ပါရှက်လာခဲ့ရသည်။ ဟုတ်သည်လေ သူတစ်ယောက်ထဲကိုပဲရွန်းရွန်းဝေသည့်အကြည့်များနှင့်ကြည့်နေတာ ဘေးမှာပါလာတဲ့သူ့သူငယ်ချင်းများထင်ပါရဲ့ သူ့အားကြည့်တာ ငမ်းတာကြည့်ငမ်း ဆိုပြီးတံတောင်တွတ်ပြောနေတာခပ်သဲ့သဲ့လေးကြားလိုက်ရသည်။ နိုဝယ်ရယ်မင်းနဲ့တော့ ခတ်ရချည်ရဲ့။
"ဟဲ့ အခုလေးတင်တက်လာတဲ့အမကြီးကချောလိုက်တာဟယ် tachi type လေးနော် ဒီကောင်မများငမ်းတာမေးရိုးပါပြုတ်ကျတော့မယ်"
"အေးဟယ် ဟိုတနေ့ကများပြောတာ ဘာတဲ့အချစ်ရဆုံးသူကိုတွေ့လိုက်လို့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အခုကျတော့ အခုမှမြင်ဖူးတဲ့သူကိုငမ်းနေလိုက်တာ နှာခေါင်းသွေးပါလျံတော့မယ်"
အဲ့ဒီအချစ်ရဆုံးသူနဲ့အခုသူတို့ပြောသလိုငမ်းနေတဲ့သူကတစ်ယောက်ထဲဆိုတာသိရင် အနှီသူငယ်ချင်းများကသူ့အားနရင်းအုပ်မဲ့အကွက်တွေ။ အရင်ကလူတိုင်းကိုအထက်စီးကနေသာဆက်ဆံပြီး ဏရီတစ်ယောက်ထဲကိုပဲဦးထိပ်ထားတဲ့သူက အခုတော့ စိတ်ကောကိုယ်ပါအသစ်ပြင်ဆင်ပြီး လူတိုင်းကိုအပြုံးနှင့်သာဆက်ဆံခဲ့ပြီးအောက်ကျို့နေတာ။ အရင်ကသူ့ပုံစံသာ ဒီသူငယ်ချင်းတွေသိရင် သူ့အားမည်သို့ဆက်ဆံကျမည်နည်း။ ဒါပေမဲ့လဲစိတ်ထဲသိပ်ထားတဲ့သူမှမဟုတ်ပဲ။ သူသိတာ ဏရီ။ ဏရီသာလျှင် သူသိဖို့လိုအပ်တဲ့အသက်ရှိလူသားလေးတစ်ဦး။ ကျန်တဲ့သူတွေက စကားထဲထည့်ပြောဖို့တောင်မလိုအပ်ပါ။
"ဟဲ့ သိက္ခာလေးဘာလေးထိန်းအုန်း နင်ကဒဲ့ကြီးငမ်းနေတာ ငါတို့ကိုနာဘူးတွေထင်နေအုန်းမယ်"
ဘေးကဘာတွေပြောပြောသူမသိတော့ပါ သူသိတာ ဏရီ။ ဏရီရဲ့လှုပ်ရှားမှုတစ်ခုခြင်းစီတိုင်းကိုသူငေးကြည့်နေမိတာ။ tablet တစ်လုံးနှင့်အလုပ်ရှုပ်နေသည့်ဏရီကိုငေးကြည့်နေမိသည်။ ဒီမြင်ကွင်းကသူအကြိမ်ပေါင်းမနည်းကြည့်မြင်ခဲ့ရတာလေ။ အတိတ်တွေကအရိပ်တွေထင်ကျန်နေဆဲ။ သူ့နှလုံးသားလေးဟာလဲ အရင်လိုနွေးထွေးနေဆဲ။ ဏရီဘယ်ကိုလာတာပါလိမ့်။ သူ့သင်တန်းကဒီဘက်မှာရှိတယ်ဆိုတာကိုတော့ဏရီမသိနိုင်။ ဒါဆိုဏရီအလုပ်နဲ့လာတာပဲဖြစ်ရမည်။
မျင်ဝန်းဒေါင့်ကနေခိုးခိုးကြည့်ရင်း စိတ်ထဲတော့ ကြည်နူးနေမိသည်။ သူ့ကိုမြင်ကထဲက နိုဝယ်ကအကြည့်ကိုမလွှဲပါပဲတောက်လျောက်ကြည့်နေခဲ့တာ။ အခုချိန်ထိ သူဟာ နိုဝယ်ရဲ့အသိအာရုံကိုထိန်းချုပ်ထားနိုင်တုန်းပဲဆိုတော့ နည်းနည်းတော့ ဘဝင်မြင့်မိလေသည်။ ဒီဆိုင်မှာစားဖို့ရွေးလိုက်တာပဲကျေးဇူးတင်မိနေသည်။
ယူနီဖောင်းများဖြင့် ထိုင်ကာ နေ့လည်စာစားနေသည့် သူတို့သူငယ်ချင်းအဖွဲ့လိုက်မှာ လူကလေးယောက် နိုဝယ်အပါအဝင်မိန်းခလေးကျန်တဲ့နှစ်ယောက်နှင့်ကောင်လေးတစ်ယောက်။ စားသာစားနေရတာ ဟိုတနေ့က နိုဝယ်ချက်ပေးတဲ့ ကြက်ချဥ်စပ်လေးကပိုစားကောင်းသည်။ တကယ်ပါပဲ အစားစာခြင်းတူတူတောင်သူအခုကထဲကအရသာကိုခွဲခြားတက်နေပြီ။
ဏရီ့ကြည့်ရတာစားလို့ခံစားတွေ့ရဲ့လားမသိ ထမင်းထက် အအေးကိုသာပိုသောက်နေပြီး စားတာလဲအားမရချေ။ ဏရီရယ် ရှင်နဲ့တော့ခတ်ရချည်ရဲ့။ အခုချက်ချင်းတောင် ရှင့်အတွက်သီးသန့်ချက်ပေးချင်ပါရဲ့။
ဏရီကထိုနေရာမှာပဲထိုင်နေခဲ့ပြီး သူတို့ကတော့အတန်းချိန်ရှိသေး၍ ထိုနေရာမှထွက်လာခဲ့သည်။ တကယ်ဆိုအဲ့အတန်းချိန်ပါဖျတ်ပြီးဏရီ့နောက်ကိုသာလိုက်နေချင်တာလေ။ နိုဝယ်ထွက်သွားသည့်နောက်ကျောဘက်ကိုမျက်ဝန်းများပါသွားသူက ဏရီပါပဲ။
အလုပ်ကပြန်ရောက်တော့ ညနေ ၆နာရီထိုးလုပြီ။ ဗိုက်ကလဲတဂွီဂွီမြည်နေတာနဲ့ ရေချိုးပြီးမှသာ အပြင်မှာတစ်ခုခုစားဖို့လုပ်ရတော့မည်။ ကားပါကင်မှာနိုဝယ့်ကားလေးအားရှာနေမိသေးသည်။ ဟောတွေ့ပါပြီ အခုနောက်ပိုင်းထွက်ကားအသစ်ထင်ပါရဲ့ BMW အမဲလေး။ ခပ်မြန်မြန်ဓာက်လှေကားနှင့်တက်ပြီးနောက် အခန်းထဲရောက်ရောက်ခြင်း ရေချိုးဖို့အရင်ပြင်ရသည်။ ရေချိုးခန်းထဲကမှန်မှာမြင်ရတဲ့ ဏရီ့လည်တိုင်ထက်ကဆွဲကြိုးလေးကအရောင်တလဲ့လဲ့ ။ ဗိုက်ဆန္ဒပြလေပြီလေ။
တီးတောင်။ တီးတောင်။ တီးတောင်။
ဘဲလ်တီးသံကြောင့် နိုဝယ်လားဟူ၍စိတ်လှုပ်ရှားစွာနှင့်တံခါးဖွင့်တော့လူကမရှိ။ ထမင်းဗူးလေးတစ်ဗူးသာတွေ့သည်။ ထို့ပြင် ခပ်ရေးခပ်သော့သော့လေးနှင့်စာလေးနှစ်ကြောင်း။
နေ့လည်ကသေချာမစားဖြစ်ဘူးထင်လို့
ဏရီကြိုက်မယ်ထင်တာလေးလုပ်ပေးထားတာ
သူ့ကိုတစ်ချိန်လုံးထိုင်ကြည့်နေသည့်ကောင်မလေးက သူထမင်းသိပ်မစားတာသတိထားမိသည်ဆိုသောကြောင့်နည်းနည်းတော့ရင်ခုန်သွားပြန်သည်။ ကြာရင် တို့တော့ မင်းလက်ရာမှမဟုတ်ရင်စားမဝင်ပဲနေအောင်လုပ်နေတော့တာပဲ။ အခုချိန်ထိမင်းကပိုင်စိုးနေလိုက်တာ။
စားသောက်ပြီးနောက် ထိုဗူးလေးအားသေချာဆေးကြောပေးပြီးနောက် ဒီနေ့အပြီးဖျတ်ရမည့်အလုပ်များကိုလုပ်ရန် ပြင်ရပြန်သည်။ အရင်က သူ့အတွင်းရေးမှုးကို ကိုကိုက သူ့အနားပင်ထားတော့သည်။ ဟုတ်သည်လေ ဆက်ပိုင်က ယောကျ်ားလေးဖြစ်တယ် သူနဲ့လဲညီကိုလိုပေါင်းသင်း၍ရတယ် နောက် အလုပ်လုပ်တာလဲတိကျတာကို။ အခုတော့သူ့ကိုယ်ပိုင်အတွင်းရေးမှုးက သူနဲ့အတူတူလုပ်တွဲလုပ်တာကြာနေတဲ့သူ့ထက် ဋီကာ့အတွင်းရေးမှုးအဖြစ်သို့။
အလုပ်လုပ်နေရင်း mail တစ်စောင်ဝင်နေ၍ သူမျက်နှာမှာအပြုံးတစ်ခုဖြစ်ထွန်းလာရသည်။ ထို့နောက် face call app တစ်ခုထဲသို့ဝင်ကာ ဖုန်းခေါ်ဆိုလိုက်သည်။ screen မှာဦးဆုံးမြင်လိုက်ရသည်ကတော့ သူ့အားခပ်ပြုံးပြုံးကြည့်နေသည့် နယူးဇီလန်မှာတုန်းက သူ့အားအစစအရာရာကူညီခဲ့သည့်မိန်းခလေး။
"အိမ်တောင်ပြန်ရောက်နေပြီလား ဏရီ"
"ဟုတ်တယ် ဆုဝေ ရ ဘာလဲ ကိုဋီကာအကြောင်းသိချင်လို့များ ကျွန်မကိုဖုန်းခေါ်တော်မူသလား"
"တွေ့လား ဏရီက တို့ကိုဆိုစဖို့ပဲ"
အံသြသွားကျလား။ အသံလဲကြားနိုင်ပြီး စကားလဲပြောနိုင်နေလို့လေ။ တကယ်တော့ သူအသံတွေပြန်ကြားနေရတာကြာခဲ့ပါပြီ။ စကားလဲပြန်ပြောနေနိုင်ပါပြီ။ ဒါပေမဲ့ ဒီအကြောင်းကို ဒီ screen ထဲမှာ မိန်းခလေးကလွဲရင်ဘယ်သူမှသိအုန်းမယ်မထင်ဘူး။ တကယ်တော့ သူနယူးဇီလန်မှာရှိတုန်း ဘွဲ့လွန်ယူနေတဲ့ ကိုကို့သူငယ်ချင်း ဆုဝေလင်းထက် ဆိုသည့် ဆရာဝန်မလေးဆီမှာဆေးကုသမှုခံယူရသည်လေ။ ကိုကို့လိုပဲ ဒီကောင်မလေးက စိတ်ပညာလောကမှ ပါရဂူတစ်ယောက်။ ကိုကိုကသာ ဆေးလောကကိုစွန့်ခွာပြီးတော့စီးပွားရေးလုပ်နေတာ။ ဒီကောင်မလေးက ကိုကို့ကိုသဘောကျနေတာ သူသိတာပေါ့။ သိဆို ကိုကို သူ့အားလာတွေ့ရင် မူပျက်နေတဲ့နှစ်ယောက်ကိုကြည့်ပြီးသိသွားတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်စိတ်ဝင်စားနေရဲ့သားနဲ့မပွင့်မလင်းဖြစ်နေကျတာ။ ဖြစ်နိုင်ရင် နှစ်ယောက်သားမျက်နှာချင်းသာဆိုင်ပေးလိုက်ချင်သည်။
"ဏရီ တို့နောက်တစ်ပတ်ထဲ ရန်ကုန်ပြန်လာဖို့ရှိတယ် မိဘတွေအိမ်ခဏပြန်လာမလို့"
"ဟုတ်လား ဘယ်လောက်ကြာမလဲ ဆုဝေ ဒါပေမဲ့ တို့အကြောင်းတွေကိုတော့အိမ်ကသူတွေကိုမပြောနဲ့နော်"
"သိပါတယ် အမတော်ရဲ့ ရှင်လေးပြောချင်လာတဲ့အချိန်ရောက်မှသာကိုယ်တိုင်ပြောယူ အဲ့ကိုပြန်လာတယ်ဆိုတာကလဲ ဖြစ်နိုင်ရင် ကိုယ့်နိုင်ငံပဲပြန်နေတော့မလားလို့လေ မိဘတွေနဲ့ခွဲနေတာ ကျောင်းပြီးထဲကဆိုတော့"
"ဟုတ်လားအာ့ဆို ဏရီအကူအညီတစ်ခုလောက်တောင်းချင်လို့ ဆုဝေရန်ကုန်မှာရှိတုန်းလေး"
"အံမယ် ကျွန်မက အဲ့ကိုအလည်ပြန်တာပါနော် ရှင်လေးအရှုပ်တွေရှင်းပေးဖို့ပြန်လာတာမဟုတ်ဘူး"
"ဟုတ်လို့လား ကိုဋီကာ ကိုလွမ်းလို့နောက်ကလိုက်လာမှာမဟုတ်ဘူးလား"
"ဟာတော်ပြီကွာ ဏရီကတို့ကိုစပဲစနေတာပဲ ဒီကသူ့ကိုအကောင်းပြောနေတာကို တော်ပြီဖုန်းချလိုက်တော့မယ်"
"အမလေးကောင်မလေးရှက်ရမ်းတွေရမ်းမနေနဲ့ ဒီက လူကသူ့ကိုအကူညီပေးဖို့ကိုများ"
ထိုအခါမှ ချက်ချင်းကြီးမျက်နှာကလိုချင်တာရသွားတဲ့ရုပ်ဖြစ်နေသည့်သူပါပဲ။ ဒယ်ဒီ့ကိုချွန်ပေးပြီး သူတို့နှစ်ယောက်ကြားဝင်ခိုင်းအုန်းမယ်ဟူ၍စိတ်ထဲမှာတော့ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ဆုဝေက ကိုကို့ကိုချစ်နေတာဘေးလူကြည့်တောင်သိနေတာ။ ဒါကို ဋီကာကျော်ဆိုတဲ့ သူ့အကိုကမူနေတာ။
"ဒါနဲ့ ဏရီမျက်နှာလေးပိုပြီးလန်းလာတယ်နော် မျက်လုံးတွေလဲအရောင်တောက်လာတယ်"
"ဟ အဲ့ screen ထဲကမြင်ရလို့လား လျောက်ပြောနေတယ်"
"တို့က psychiatrist ဆိုတာမေ့သွားတာလား တို့လျောက်ပြောနေတာမဟုတ်ဘူး တကယ်ပြောနေတာဏရီ"
"အဟင်း အဲ့လောက်တောင်လား တို့ ဆုဝေကိုပြောစရာရှိသေးတယ်.."
ထိုနေ့ညက သူတို့နှစ်ယောက်အတော်ကြာ face call ပြောခဲ့ကျသည်။ video call ပြောတာအချိန်ကြာသွားပြီး လုပ်ရမဲ့အလုပ်ကိုပြန်လုပ်တော့ မိုးကအတော်လေးချုပ်နေပါပြီ။ မနတ်အိပ်ယာထနောက်ကျမဲ့အဖြစ်ပါပဲ။
သေချာပေါက်ပဲပေါ့ မနတ်အိပ်ယာထနောက်ကျတာပါပဲ။ မြန်မြန်ရေမိုးချိုးပြီး အလုပ်သွားဖို့လုပ်တော့ တံခါးလက်ကိုင်မှာ ထပ်ပြီးအထုတ်လေးတစ်ထုတ်။
ဏရီ့အတွက်မနတ်စာ sandwich လေးလုပ်ပေးထားတာ
ဟိုတနေ့ ညကအတွက်ကျေးဇူးတင်ပါတယ်နော်
ဟို ဒါက ကျွန်မဖုန်းနံပါတ်ပါ တစ်ခုခုလိုအပ်ရင်ဖုန်းဆက်လို့ရအောင်
ဒီတိုင်းအသိတစ်ယောက်အနေနဲ့ကူညီလို့ရအောင်ပါ
094++++++++
"အရူးမလေး"
ထိုသို့ပြောပေမဲ့ သူ့နှုတ်ခမ်းမှာတော့အပြုံးလေးကထင်းနေတာ။ ကုမ္ပဏီသွားတဲ့လမ်းတစ်ယောက်လဲထိုအပြုံးကရပ်မသွား။ ကားမောင်းနေရင်းနဲ့ပင် နိုဝယ်လုပ်ပေးတဲ့မုန့်ကိုစားပြီးဗိုက်ဖြည့်ရလေသည်။ မဟုတ်ရင် သူ့အစာအိမ်ရောဂါပြန်ထတော့မည်လေ။
ဏရီ့ဖုန်း contacts list ထဲမှာတော့ အရူးမလေး ဆိုသည့်နာမည်လှလှလေးကနေရာယူထားပြီးပြီဖြစ်ပါသည်။ ဒါသူတို့နှစ်ယောက်အတွက်ကောင်းမွန်သောအခြေအနေတစ်ခုဖြစ်ဖို့မျော်လင့်ရမဲ့အခြေအနေပါပဲ။
×
tbc
trollZ